မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82.1K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၁၉

11.8K 1.6K 81
By Thawdar_Y






Unicode



A/N:တစ်ရှူးကြိုဆောင်ထားကြပါဘေဘီတို့ ಥ_ಥ


____________________________

သူ့ရဲ့အနမ်းတွေကိုပြန်တုံ့ပြန်လာတဲ့သူ့နတ်သားလေးကြောင့်ဝမ်ရိပေါ်နှလုံးသားလေးကအပျော်တွေနဲ့ပြည့်နှက်လာသည်။ဝမ်ရိပေါ်ကသူနမ်းလိုက်ရင်သူ့နတ်သားလေးစိတ်ဆိုးသွားမယ်ဆိုပြီးကိုင်ပေါက်ခံရဖို့တောင်ပြင်ထားခဲ့တာ။ရှောင်းကျန့်ရဲ့ခါးလေးကိုဆွဲယူလိုက်ပြီးအနမ်းတွေကိုပိုနက်ရှိုင်းစေလိုက်သည်။အပေါ်နှုတ်ခမ်းလေးကိုတစ်လှည့် အောက်နှုတ်ခမ်းလေးကိုတစ်လှည့်စုပ်ယူနမ်းရှိုက်ပြီး နှုတ်ခမ်းအောက်ကမှဲ့လေးကိုတစ်ချက်နမ်းကာ အနမ်းတွေကိုအဆုံးသတ်လိုက်သည်။သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းလှလှလေးတွေကိုဝမ်ရိပေါ်စိုက်ကြည့်လိုက်သည်။သူ့နတ်သားလေးကတစ်ခုခုကိုသတိရသွားတဲ့ပုံနဲ့ခါးကိုဖက်ထားတဲ့လက်တွေကိုဖယ်ထုတ်လိုက်သည်။ပြီးတာနဲ့ဝမ်ရိပေါ်ရှေ့ကနေလှည့်ထွက်သွားသည်။

ရှောင်းကျန့်ဝမ်ရိပေါ်ရှေ့ကနေလှည့်ထွက်လာလိုက်သည်။အခုသူဘာလုပ်မိသွားတာလဲ။ဝမ်ရိပေါ်သူ့ကိုနမ်းတာကိုစိတ်မဆိုးတဲ့အပြင်သူကပါပြန်နမ်းလိုက်သေးသည်။ရှောင်းကျန့်စိတ်ထဲမှာရေရွတ်လိုက်မိသည်။ငါကကြင်ယာတော်....ငါကကြင်ယာတော်....။လှည့်ထွက်သွားတဲ့ကျောပြင်သေးသေးလေးကိုကြည့်ရင်းဝမ်ရိပေါ်အော်ပြောလိုက်သည်။

"ကိုယ်မင်းကိုသဘောကျတယ်။ကိုယ်မင်းကိုမြတ်နိုးတယ်။ကိုယ်မင်းကိုချစ်တယ်"

ဝမ်ရိပေါ်စကားကြောင့်ရှောင်းကျန့်ရဲ့ခြေလှမ်းတွေရပ်သွားရသည်။ဟင့်အင်း....ငါ့ကိုမချစ်နဲ့....ရိပေါ်။သူနဲ့သာပတ်သက်မိရင်နောက်ဆုံးမှာဒုက္ခရောက်ရမယ့်လူကရိပေါ်ပဲဖြစ်မှာ။ရိပေါ်ကိုသူ့ကြောင့်ဒုက္ခမရောက်စေချင်ဘူး။ရှောင်းကျန့်စိတ်ကိုတင်းလိုက်သည်။

"မင်းကိုသင်ပေးခဲ့တဲ့လူကို ကျေးဇူးပြန်ဆပ်တဲ့နည်းကဒါလား။ဒီနေ့ဖြစ်ခဲ့တာတွေအကုန်မေ့လိုက်။နောက်လည်းမင်းငါ့ကိုလာတွေ့စရာမလိုတော့ဘူး"

စကားလုံးတိုင်းကဝမ်ရိပေါ်ရဲ့နှလုံးသားကိုဓားချက်ပေါင်းများစွာနဲ့ထိုးစိုက်နေသည့်အလားနာကျင်စေသည်။မေ့ပစ်ရမယ်တဲ့လား။ဟင့်အင်း....မေ့ဖို့ချစ်ခဲ့တာမှမဟုတ်တာ။သူ့ကိုကျောပေးထားတဲ့သူ့နတ်သားလေးကိုထပ်မေးလိုက်သည်။

"ကိုယ့်အနမ်းတွေကိုဘာလို့လက်ခံခဲ့တာလဲ"

ရှောင်းကျန့်မျက်ရည်မကျမိအောင်အောက်နှုတ်ခမ်းကိုနာနာလေးဖိကိုက်လိုက်သည်။နာကျင်ရသည်။သူ့ရဲ့ရင်ဘတ်ထဲကအရမ်းကိုနာကျင်ရပါသည်။ဝမ်ရိပေါ်ရဲ့မျှော်လင့်ချက်တွေအပြည့်နဲ့မျက်ဝန်းကိုမြင်ယောင်မိတော့ဝဲဘက်ရင်အုံကနှလုံးသားကအောင့်တက်လာသည်။သူ့ရဲ့စိတ်ကိုတည်ငြိမ်အောင်ထားလ်ုက်ပြီးခပ်တည်တည်မျက်နှာထားနဲ့ရိပေါ်ကိုမျက်နှာချင်းဆိုင်လိုက်သည်။

"မင်းနေရာမှာတခြားလူဆိုရင်လည်းငါလက်ခံခဲ့မှာ..."

သူ့နတ်သားလေးရဲ့စကားအဆုံးမှာဝမ်ရိပေါ်ရဲ့ကမ္ဘာပြိုကျခဲ့ပါသည်။တခြားလူဆိုရင်လည်းလက်ခံခဲ့မှာတဲ့။သူ့နတ်သားလေးရဲ့စိတ်ထဲမှာသူကတခြားသူတွေထက်ထူးခြားနေမယ်လို့ထင်ခဲ့မိတာ။အခုတော့သူသိလိုက်ရပြီ။သူကသူ့နတ်သားလေးအတွက်တော့ဘာမှမဆိုင်တဲ့တခြားလူတစ်ယောက်ပဲ။ကိုယ့်ကိုကိုယ်အထင်ကြီးခဲ့မိတာပဲ။ဝမ်ရိပေါ်ရဲ့ပါးပေါ်သို့မျက်ရည်ပူတွေစီးကျသွားသည်။ပထမဆုံးပဲ။ဒါသူပထမဆုံးငိုမိတာပဲ။ဝမ်ရိပေါ်ယွီပင်းကိုအမြဲပြောနေကျစကားတစ်ခွန်းရှိသည်။ယောက်ျားဆိုရင်မငိုရဘူးလို့။ထိုစကားကိုပြောခဲ့တဲ့ရိပေါ်အခုတော့မျက်လုံးထဲကစီးကျလာတဲ့မျက်ရည်တွေကိုမတားဆီးမိတော့ပါ။

ဝမ်ရိပေါ်ရဲ့မျက်ရည်တွေကိုကြည့်နိုင်စွမ်းမရှိတော့တဲ့ရှောင်းကျန့်ဟာထိုနေရာကနေအမြန်ပြေးထွက်လာခဲ့သည်။တောင်းပန်ပါတယ်....ရိပေါ်....ငါတို့နှစ်ယောက်ကမဖြစ်နိုင်ဘူး။နန်းဆောင်ကိုဘယ်လိုပြန်ရောက်လာခဲ့လည်းရှောင်းကျန့်မသိပါ။ရှောင်းကျန့်သိတာကသူ့နှလုံးသားတွေဆုတ်ဖြဲခံရသလိုနာကျင်နေပါသည်။အသက်မရှိတဲ့လူတစ်ယောက်လိုပြန်ရောက်လာတဲ့သူ့ကိုကြည့်ပြီးဖေးဖေးကစိတ်ပူသလိုမေးသည်။

"ကြင်ယာတော်လေး....မင်းအဆင်ပြေရဲ့လား..."

သူ့ကိုဘာမှပြန်မဖြေဘဲအထဲဝင်သွားတဲ့ကြင်ယာတော်လေးကြောင့်ဖေးဖေးစိတ်ပူသွားသည်။ဘယ်အရာမဆိုအေးဆေးတည်ငြိမ်စွာဖြေရှင်းတတ်တဲ့ကြင်ယာတော်လေးရဲ့အခုလိုပုံစံကိုတစ်ခါမှမမြင်ဖူးပါ။သူမအတွေးထဲနနစ်မြောနေတုန်းမှာပဲကြင်ယာတော်လေးကနန်းဆောင်ထဲဝင်သွားခဲ့ပြီ။ဒုက္ခပဲ။အထဲမှာမင်းသားသုံးရောက်နေတာကိုမပြောလိုက်ရဘူး။

___________________________

ခြေသံဖွဖွလေးကိုကြားလိုက်တာကြောင့်ရှောင်းကျန့်ရောက်လာမှန်းကျီရွှမ်းသိလိုက်သည်။

"ရှောင်းကျန့်....မင်းပြန်ရောက်...."

သူ့ကိုမော့ကြည့်လာတဲ့မျက်ဝန်းလေးမှာဝေ့သီနေတဲ့မျက်ရည်တွေကြောင့်ကျီရွှမ်းစကားတောင်ဆုံးအောင်မပြောနိုင်ခဲ့ပါ။ရှောင်းကျန့်ရဲ့အနားကိုသွားလိုက်ကာကျီရွှမ်းဒေါသတကြီးမေးလိုက်သည်။

"ဘာဖြစ်လို့ငိုနေတာလဲ....ရှောင်းကျန့်....မင်းကိုငိုအောင်ဘယ်သူလုပ်တာလဲ....ကိုယ့်ကိုပြော...."

ရှောင်းကျန့်ကဘာမှပြန်မဖြေပေ။အသက်မရှိတဲ့လူတစ်ယောက်လိုသာငူငူလေးရပ်နေသည်။လက်သီးကိုဆုပ်နှုတ်ခမ်းကိုကိုက်ပြီးမငိုမိအောင်အတင်းထိန်းထားတဲ့ရှောင်းကျန့်ကြောင့်ကျီရွှမ်းစိတ်ပူသွားသည်။ငိုချင်တဲ့အချိန်မှာငိုချလိုက်တာကအကောင်းဆုံးပဲ။ထိန်းချုပ်ထားလိုက်ရင်ရှောင်းကျန့်အတွက်အန္တရာယ်ရှိသည်။ရှောင်းကျန့်ရဲ့ခန္တာကိုယ်သေးသေးလေးကိုကျီရွှမ်းဆွဲဖက်လိုက်သည်။

"ကိုယ့်ကိုမပြောပြချင်လည်းရတယ်။အခုတော့ငိုလိုက်။ဝအောင်ငိုလိုက်နော်"

ကျီရွှမ်းရဲ့စကားကိုကြားတာနဲ့ခွင့်ပြုချက်ရသွားတဲ့ကလေးတစ်ယောက်လိုရှောင်းကျန့်ငိုတော့သည်။

"ဒီကနာတယ်...အဟင့်...နာတယ်...."

ဘယ်ဘက်ရင်ဘတ်လေးကိုဆုပ်ကိုင်ပြီးပြောလာတဲ့ရှောင်းကျန့်ရဲ့ခေါင်းလေးကိုကျီရွှမ်းပွတ်သပ်ပေးလိုက်သည်။

"အဆင်ပြေသွားမှာ.....အားလုံးအဆင်ပြေသွားမှာ..."

ဝအောင်ငိုပြီးအိပ်ပျော်သွားတဲ့ရှောင်းကျန့်ကိုပွေ့ချီလိုက်ပြီးကုတင်ပေါ်ကိုအသာချပေးလိုက်သည်။ရှောင်းကျန့်ရဲ့ဒီလိုအားနည်းတဲ့ပုံစံကိုကျီရွှမ်းတစ်ခါမှမမြင်ဖူးပါ။ဘယ်အရာကများရှောင်းကျန့်ကိုဒီလိုဖြစ်စေရတာလဲ။

__________________________

အရက်ပုလင်းကိုဆွဲပြီးအဆောင်ထဲဝင်လာတဲ့ဝမ်ရိပေါ်ကြောင့် ချန်းမင်ခေါင်းပူသွားရသည်။ဘာလို့ဆိုဒီအဆောင်မှာအရက်သောက်တာကိုတားမြစ်ထားတယ်။မိသွားရင်ဝမ်ရိပေါ်အပြစ်ပေးခံရလိမ့်မယ်။

"ရိပေါ်...ဘာလို့အရက်တွေသောက်နေတာလဲ..."

ချန်းမင်ရဲ့အမေးကိုရိပေါ်ကဘာမှပြန်မဖြေဘဲလက်ထဲကအရက်ကိုသာပုလင်းလိုက်မော့သောက်နေသည်။

"ရိပေါ်...."

"လွှတ်ထားပေး....အပြစ်ပေးလည်းခံလိုက်မှာမို့ငါ့ကိုလွှတ်ထားပေး"

ချန်းမင်ကိုပြောလိုက်ပြီးလက်ထဲကအရက်ပုလင်းကိုသာမော့သောက်လိုက်သည်။အရက်ကလည်းဝမ်ရိပေါ်ရဲ့နှလုံးသားထဲကဒဏ်ရာကိုမသက်သာစေပါ။ထိုနေ့မှစပြီးရိပေါ်ဟာအရက်နဲ့သာအဖော်ပြုနေတတ်သည်။ချန်းမင်ပြောလည်းမရပါပေ။ထမင်းကိုဟုတ်တိပတ်တိမစားတာကြောင့်အရင်ကထက်စာရင်ရိပေါ်ဟာအများကြီးပိန်ကျသွားသည်။ညဘက်ဆိုရင်လည်းအဆောင်မှာမနေဘဲရှောင်းကျန့်နဲ့တွေ့နေကျနေရာကိုသွားတတ်သည်။ဒါပေမယ့်သူ့နတ်သားလေးကတော့ဘယ်တုန်းကမှရောက်မလာခဲ့ပါ။

ဒီနေ့မှာကိုယ်ရံတော်တပ်ဖွဲ့အတွက်လေ့ကျင့်ရေးတွေလုပ်ရမှာကြောင့်သင်ကြားပြသပေးမယ့်အကြီးအကဲတွေရောက်လာကြသည်။အကြီးအကဲတွေကသူတို့ဆယ့်တစ်ယောက်ကိုတန်းစီခိုင်းသည်။ဒါပေမယ့်တန်းစီဖို့ရောက်လာတာကဆယ်ယောက်သာရှိသည်။အကြီးအကဲရဲ့မျက်နှာကအလိုမကျမှုကြောင့်မျက်ခုံးတွေတွန့်ချိုးသွားရသည်။

"ကျန်တဲ့တစ်ယောက်ကဘယ်မှာလဲ...."

"ဟို...."

ချန်းမင်လည်းမတတ်သာတဲ့အဆုံးအခန်းထဲမှာအလဲလဲအကွဲကွဲဖြစ်နေတဲ့ဝမ်ရိပေါ်ကိုပြလိုက်ရသည်။အရက်ပုလင်းကြားမှာခေါင်းမှောက်နေတဲ့ဝမ်ရိပေါ်ကိုမြင်တာနဲ့အကြီးအကဲရဲ့မျက်နှာဟာဒေါသကြောင့်နီသွားရသည်။

"ကိုယ်ရံတော်တစ်ယောက်လုပ်မယ့်သူကဘာလို့အလဲလဲအကွဲကွဲဖြစ်နေရတာလဲ။လာကြစမ်း....စည်းကမ်းဖောက်ဖျက်တဲ့သူ့ကိုကြိမ်ဒဏ်အချက်တစ်ရာအပြစ်ပေးလိုက်ကြ"

အကြီးအကဲရဲ့စကားကြောင့်ချန်းမင်မျက်လုံးပြူးသွားရသည်။ကြိမ်ဒဏ်အချက်တစ်ရာဆိုတာနည်းတဲ့ပြစ်ဒဏ်မှမဟုတ်တာ။အစေခံတွေဟာရိပေါ်ကိုအပြစ်ပေးတဲ့နေရာကိုဆွဲခေါ်သွားကြသည်။

"စတော့..."

အကြီးအကဲရဲ့စကားဆုံးတာနဲ့ရိပေါ်ရဲ့ကျောပေါ်သို့အားပြင်းလွန်းတဲ့ကြိမ်ဒဏ်တွေကျရောက်လာသည်။ဘယ်လောက်ထိတောင်အားပြင်းလဲဆိုရင်ရိပေါ်ရဲ့အဝတ်တွေကြိမ်ဒဏ်ကြောင့်ပြဲထွက်ကုန်တဲ့အထိပဲ။ဘေးကကြည့်နေတဲ့ချန်းမင်တို့တောင်လန့်မိပေမယ့်ကာယကံရှင်ဝမ်ရိပေါ်ကတော့အသံတစ်စက်မှမထွက်ပါပေ။ကျောပေါ်ကိုရောက်လာတဲ့ကြိမ်ဒဏ်တွေထက်သူ့နှလုံးသားကဒဏ်ရာကပို၍နာလှပါသည်။

"ဒီနေ့ဖြစ်ခဲ့တာတွေအကုန်မေ့လိုက်။နောက်လည်းမင်းငါ့ကိုလာတွေ့စရာမလိုတော့ဘူး"

ရှောင်းကျန့်ရဲ့စကားတွေကိုပြန်ကြားယောင်မိတဲ့အခါမှာတော့ ဒေါသထွက်မှုကြောင့်ရိပေ့ါ်မျက်နှာကသွေးကြောတွေထောင်လာရသည်။ဝမ်ရိပေါ်လက်သီးတွေကိုတင်းတင်းဆုပ်ထားလိုက်သည်။ဘယ်သူ့သဘောနဲ့မေ့ပစ်ရမှာလဲ။လုံးဝမမေ့ပစ်နိုင်ဘူး....ရှောင်းကျန့်.....။

အပြစ်ပေးခံရပြီးနောက်ပိုင်းရိပေါ်ဟာအရက်ကိုမသောက်တော့။ဒါပေမယ့်အရင်ကထက်ပိုဆိုးသွားသည်။ရိပေါ်ရဲ့မျက်နှာမှာအပြုံးအရယ်ဆိုတာမရှိတော့။ကြိမ်ဒဏ်ကြောင့်ရတဲ့ဒဏ်ရာတွေကိုလည်းဆေးမထည့်ဘဲလေ့ကျင့်ရေးတွေကိုသာဖိပြီးလုပ်သည်။ဆေးမထည့်တာကြောင့်ဒဏ်ရာတွေကမကျက်ဘဲ လေ့ကျင့်မိတဲ့အခါတိုင်းရိပေါ်ရဲ့ကျောပြင်မှာသွေးတွေနဲ့ရွှဲနစ်နေတတ်သည်။တစ်ခါတစ်လေကျ ချန်းမင်စဉ်းစားမိသည်။ဝမ်ရိပေါ်ကလူရောဟုတ်ရဲ့လား။

_________________________

အချိန်တွေကုန်လွန်ပြီးနောက်မှာတော့ကျိုးပြည်သူတွေစောင့်စားနေကြတဲ့အိမ်ရှေ့စံရွေးပွဲသို့ရောက်ရှိလာသည်။မင်းသားတွေရဲ့တိုက်ရည်ခိုက်ရည်ကိုမြင်တွေ့ချင်ကြတဲ့လူအုပ်ကြီးဟာပြိုင်ပွဲမစခင်တည်းကရောက်ရှိနေကြသည်။အုန်းအုန်းကြပ်ကြပ်ဖြစ်နေတဲ့လူအုပ်ကြီးဟာ"ဘုရင်မင်းမြတ်ကြွချီလာပြီ"ဟူတဲ့အသံကြားတာနဲ့တိတ်ဆိတ်သွားကြသည်။ဘုရင်ရဲ့နောက်မှာတော့မိဖုရားတွေနဲ့ကြင်ယာတော်တွေဟာလိုက်လာကြသည်။

လူအုပ်ကြီးရဲ့အာရုံတွေကတော့ဘုရင်မင်းမြတ်နဲ့အလှဆုံးပြင်ဆင်ထားကြတဲ့မိဖုရားတွေဆီမှာမရှိပေ။နောက်‌ဆုံးကမျက်နှာလေးကိုအုပ်ထားပြီးဖြည်းညှင်းစွာလျှောက်လာတဲ့အရိပ်ကလေးဆီမှာသာရှိနေကြသည်။ဆံပင်ကိုတစ်လွှာစည်းထုံးကာကျောက်စိမ်းဆံထိုးလေးတစ်ခုကိုတပ်ဆင်ထားပြီးရိုးရှင်းလှတဲ့ဝတ်ရုံဖြူလေးကိုသာဝတ်ဆင်ထားသည်။လမ်းလျှောက်တာတဲ့ပုံလေးကပင်ကျက်သရေရှိလွန်းနေတာကြောင့်အကြည့်တွေကိုမလွှဲနိုင်ကြ။

ဒီနေ့ပြိုင်ပွဲမှာရိပေါ်တို့ကိုယ်ရံတော်တပ်ဖွဲ့ဟာလည်းရှိနေသည်။ဘေးကချန်းမင်ကတော့မိဖုရားတွေဘယ်လောက်လှကြောင်းချီးမွမ်းခန်းဖွင့်နေသည်။ဘေးကဝမ်ရိပေါ်ကတော့ကျောက်ရုပ်တစ်ရုပ်လိုသာရပ်နေသောကြောင့်သူ့ကိုလွမ်းဆွတ်မှုအပြည့်နဲ့ကြည့်နေတဲ့မျက်ဝန်းလေးတစ်စုံကိုမမြင်ခဲ့ပါ။

__________________________

26.5.2020

သာသာ့ကိုချောင်းမရိုက်ကြပါနဲ့ಥ‿ಥ
မုန်တိုင်းပြီးရင်လေပြည်လာမှာပါ။အဓိကကလေပြည်လာတဲ့အချိန်ထိမုန်တိုင်းကိုတောင့်တောင့်ခံနိုင်ဖို့ပါပဲ။ဝမ်ရိပေါ်၊ရှောင်းကျန့်နဲ့အတူတူမုန်တိုင်းတွေကိုတောင့်ခံကြတာပေါ့။ကိုယ်တို့ရဲ့ဝမ်ပေါက်စလေးကနေဝမ်ကျောက်ရုပ်ကြီးဖြစ်သွားပြီ။ဝမ်ကျောက်ရုပ်ကြီးကအလှလေးရှောင်းကျန့်ကိုဘယ်လိုရအောင်ယူမယ်လို့ထင်လဲ။Voteတစ်ရာကျော်ရင်ပြန်လာခဲ့ပါ့မယ်♥️









Zawgyi




















A/N:တစ္ရႉးႀကိဳေဆာင္ထားၾကပါေဘဘီတို႔ ಥ_ಥ


____________________________

သူ႔ရဲ႕အနမ္းေတြကိုျပန္တုံ႔ျပန္လာတဲ့သူ႔နတ္သားေလးေၾကာင့္ဝမ္ရိေပၚႏွလုံးသားေလးကအေပ်ာ္ေတြနဲ႔ျပည့္ႏွက္လာသည္။ဝမ္ရိေပၚကသူနမ္းလိုက္ရင္သူ႔နတ္သားေလးစိတ္ဆိုးသြားမယ္ဆိုၿပီးကိုင္ေပါက္ခံရဖို႔ေတာင္ျပင္ထားခဲ့တာ။ေရွာင္းက်န႔္ရဲ႕ခါးေလးကိုဆြဲယူလိုက္ၿပီးအနမ္းေတြကိုပိုနက္ရႈိင္းေစလိုက္သည္။အေပၚႏႈတ္ခမ္းေလးကိုတစ္လွည့္ ေအာက္ႏႈတ္ခမ္းေလးကိုတစ္လွည့္စုပ္ယူနမ္းရႈိက္ၿပီး ႏႈတ္ခမ္းေအာက္ကမွဲ႔ေလးကိုတစ္ခ်က္နမ္းကာ အနမ္းေတြကိုအဆုံးသတ္လိုက္သည္။သူ႔ကိုေမာ့ၾကည့္လာတဲ့မ်က္ဝန္းလွလွေလးေတြကိုဝမ္ရိေပၚစိုက္ၾကည့္လိုက္သည္။သူ႔နတ္သားေလးကတစ္ခုခုကိုသတိရသြားတဲ့ပုံနဲ႔ခါးကိုဖက္ထားတဲ့လက္ေတြကိုဖယ္ထုတ္လိုက္သည္။ၿပီးတာနဲ႔ဝမ္ရိေပၚေရွ႕ကေနလွည့္ထြက္သြားသည္။

ေရွာင္းက်န႔္ဝမ္ရိေပၚေရွ႕ကေနလွည့္ထြက္လာလိုက္သည္။အခုသူဘာလုပ္မိသြားတာလဲ။ဝမ္ရိေပၚသူ႔ကိုနမ္းတာကိုစိတ္မဆိုးတဲ့အျပင္သူကပါျပန္နမ္းလိုက္ေသးသည္။ေရွာင္းက်န႔္စိတ္ထဲမွာေရ႐ြတ္လိုက္မိသည္။ငါကၾကင္ယာေတာ္....ငါကၾကင္ယာေတာ္....။လွည့္ထြက္သြားတဲ့ေက်ာျပင္ေသးေသးေလးကိုၾကည့္ရင္းဝမ္ရိေပၚေအာ္ေျပာလိုက္သည္။

"ကိုယ္မင္းကိုသေဘာက်တယ္။ကိုယ္မင္းကိုျမတ္ႏိုးတယ္။ကိုယ္မင္းကိုခ်စ္တယ္"

ဝမ္ရိေပၚစကားေၾကာင့္ေရွာင္းက်န႔္ရဲ႕ေျခလွမ္းေတြရပ္သြားရသည္။ဟင့္အင္း....ငါ့ကိုမခ်စ္နဲ႔....ရိေပၚ။သူနဲ႔သာပတ္သက္မိရင္ေနာက္ဆုံးမွာဒုကၡေရာက္ရမယ့္လူကရိေပၚပဲျဖစ္မွာ။ရိေပၚကိုသူ႔ေၾကာင့္ဒုကၡမေရာက္ေစခ်င္ဘူး။ေရွာင္းက်န႔္စိတ္ကိုတင္းလိုက္သည္။

"မင္းကိုသင္ေပးခဲ့တဲ့လူကို ေက်းဇူးျပန္ဆပ္တဲ့နည္းကဒါလား။ဒီေန႔ျဖစ္ခဲ့တာေတြအကုန္ေမ့လိုက္။ေနာက္လည္းမင္းငါ့ကိုလာေတြ႕စရာမလိုေတာ့ဘူး"

စကားလုံးတိုင္းကဝမ္ရိေပၚရဲ႕ႏွလုံးသားကိုဓားခ်က္ေပါင္းမ်ားစြာနဲ႔ထိုးစိုက္ေနသည့္အလားနာက်င္ေစသည္။ေမ့ပစ္ရမယ္တဲ့လား။ဟင့္အင္း....ေမ့ဖို႔ခ်စ္ခဲ့တာမွမဟုတ္တာ။သူ႔ကိုေက်ာေပးထားတဲ့သူ႔နတ္သားေလးကိုထပ္ေမးလိုက္သည္။

"ကိုယ့္အနမ္းေတြကိုဘာလို႔လက္ခံခဲ့တာလဲ"

ေရွာင္းက်န႔္မ်က္ရည္မက်မိေအာင္ေအာက္ႏႈတ္ခမ္းကိုနာနာေလးဖိကိုက္လိုက္သည္။နာက်င္ရသည္။သူ႔ရဲ႕ရင္ဘတ္ထဲကအရမ္းကိုနာက်င္ရပါသည္။ဝမ္ရိေပၚရဲ႕ေမွ်ာ္လင့္ခ်က္ေတြအျပည့္နဲ႔မ်က္ဝန္းကိုျမင္ေယာင္မိေတာ့ဝဲဘက္ရင္အုံကႏွလုံးသားကေအာင့္တက္လာသည္။သူ႔ရဲ႕စိတ္ကိုတည္ၿငိမ္ေအာင္ထားလ္ုက္ၿပီးခပ္တည္တည္မ်က္ႏွာထားနဲ႔ရိေပၚကိုမ်က္ႏွာခ်င္းဆိုင္လိုက္သည္။

"မင္းေနရာမွာတျခားလူဆိုရင္လည္းငါလက္ခံခဲ့မွာ..."

သူ႔နတ္သားေလးရဲ႕စကားအဆုံးမွာဝမ္ရိေပၚရဲ႕ကမာၻၿပိဳက်ခဲ့ပါသည္။တျခားလူဆိုရင္လည္းလက္ခံခဲ့မွာတဲ့။သူ႔နတ္သားေလးရဲ႕စိတ္ထဲမွာသူကတျခားသူေတြထက္ထူးျခားေနမယ္လို႔ထင္ခဲ့မိတာ။အခုေတာ့သူသိလိုက္ရၿပီ။သူကသူ႔နတ္သားေလးအတြက္ေတာ့ဘာမွမဆိုင္တဲ့တျခားလူတစ္ေယာက္ပဲ။ကိုယ့္ကိုကိုယ္အထင္ႀကီးခဲ့မိတာပဲ။ဝမ္ရိေပၚရဲ႕ပါးေပၚသို႔မ်က္ရည္ပူေတြစီးက်သြားသည္။ပထမဆုံးပဲ။ဒါသူပထမဆုံးငိုမိတာပဲ။ဝမ္ရိေပၚယြီပင္းကိုအၿမဲေျပာေနက်စကားတစ္ခြန္းရွိသည္။ေယာက္်ားဆိုရင္မငိုရဘူးလို႔။ထိုစကားကိုေျပာခဲ့တဲ့ရိေပၚအခုေတာ့မ်က္လုံးထဲကစီးက်လာတဲ့မ်က္ရည္ေတြကိုမတားဆီးမိေတာ့ပါ။

ဝမ္ရိေပၚရဲ႕မ်က္ရည္ေတြကိုၾကည့္ႏိုင္စြမ္းမရွိေတာ့တဲ့ေရွာင္းက်န႔္ဟာထိုေနရာကေနအျမန္ေျပးထြက္လာခဲ့သည္။ေတာင္းပန္ပါတယ္....ရိေပၚ....ငါတို႔ႏွစ္ေယာက္ကမျဖစ္ႏိုင္ဘူး။နန္းေဆာင္ကိုဘယ္လိုျပန္ေရာက္လာခဲ့လည္းေရွာင္းက်န႔္မသိပါ။ေရွာင္းက်န႔္သိတာကသူ႔ႏွလုံးသားေတြဆုတ္ၿဖဲခံရသလိုနာက်င္ေနပါသည္။အသက္မရွိတဲ့လူတစ္ေယာက္လိုျပန္ေရာက္လာတဲ့သူ႔ကိုၾကည့္ၿပီးေဖးေဖးကစိတ္ပူသလိုေမးသည္။

"ၾကင္ယာေတာ္ေလး....မင္းအဆင္ေျပရဲ႕လား..."

သူ႔ကိုဘာမွျပန္မေျဖဘဲအထဲဝင္သြားတဲ့ၾကင္ယာေတာ္ေလးေၾကာင့္ေဖးေဖးစိတ္ပူသြားသည္။ဘယ္အရာမဆိုေအးေဆးတည္ၿငိမ္စြာေျဖရွင္းတတ္တဲ့ၾကင္ယာေတာ္ေလးရဲ႕အခုလိုပုံစံကိုတစ္ခါမွမျမင္ဖူးပါ။သူမအေတြးထဲနနစ္ေျမာေနတုန္းမွာပဲၾကင္ယာေတာ္ေလးကနန္းေဆာင္ထဲဝင္သြားခဲ့ၿပီ။ဒုကၡပဲ။အထဲမွာမင္းသားသုံးေရာက္ေနတာကိုမေျပာလိုက္ရဘူး။

___________________________

ေျခသံဖြဖြေလးကိုၾကားလိုက္တာေၾကာင့္ေရွာင္းက်န႔္ေရာက္လာမွန္းက်ီ႐ႊမ္းသိလိုက္သည္။

"ေရွာင္းက်န႔္....မင္းျပန္ေရာက္...."

သူ႔ကိုေမာ့ၾကည့္လာတဲ့မ်က္ဝန္းေလးမွာေဝ့သီေနတဲ့မ်က္ရည္ေတြေၾကာင့္က်ီ႐ႊမ္းစကားေတာင္ဆုံးေအာင္မေျပာႏိုင္ခဲ့ပါ။ေရွာင္းက်န႔္ရဲ႕အနားကိုသြားလိုက္ကာက်ီ႐ႊမ္းေဒါသတႀကီးေမးလိုက္သည္။

"ဘာျဖစ္လို႔ငိုေနတာလဲ....ေရွာင္းက်န႔္....မင္းကိုငိုေအာင္ဘယ္သူလုပ္တာလဲ....ကိုယ့္ကိုေျပာ...."

ေရွာင္းက်န႔္ကဘာမွျပန္မေျဖေပ။အသက္မရွိတဲ့လူတစ္ေယာက္လိုသာငူငူေလးရပ္ေနသည္။လက္သီးကိုဆုပ္ႏႈတ္ခမ္းကိုကိုက္ၿပီးမငိုမိေအာင္အတင္းထိန္းထားတဲ့ေရွာင္းက်န႔္ေၾကာင့္က်ီ႐ႊမ္းစိတ္ပူသြားသည္။ငိုခ်င္တဲ့အခ်ိန္မွာငိုခ်လိုက္တာကအေကာင္းဆုံးပဲ။ထိန္းခ်ဳပ္ထားလိုက္ရင္ေရွာင္းက်န႔္အတြက္အႏၲရာယ္ရွိသည္။ေရွာင္းက်န႔္ရဲ႕ခႏၲာကိုယ္ေသးေသးေလးကိုက်ီ႐ႊမ္းဆြဲဖက္လိုက္သည္။

"ကိုယ့္ကိုမေျပာျပခ်င္လည္းရတယ္။အခုေတာ့ငိုလိုက္။ဝေအာင္ငိုလိုက္ေနာ္"

က်ီ႐ႊမ္းရဲ႕စကားကိုၾကားတာနဲ႔ခြင့္ျပဳခ်က္ရသြားတဲ့ကေလးတစ္ေယာက္လိုေရွာင္းက်န႔္ငိုေတာ့သည္။

"ဒီကနာတယ္...အဟင့္...နာတယ္...."

ဘယ္ဘက္ရင္ဘတ္ေလးကိုဆုပ္ကိုင္ၿပီးေျပာလာတဲ့ေရွာင္းက်န႔္ရဲ႕ေခါင္းေလးကိုက်ီ႐ႊမ္းပြတ္သပ္ေပးလိုက္သည္။

"အဆင္ေျပသြားမွာ.....အားလုံးအဆင္ေျပသြားမွာ..."

ဝေအာင္ငိုၿပီးအိပ္ေပ်ာ္သြားတဲ့ေရွာင္းက်န႔္ကိုေပြ႕ခ်ီလိုက္ၿပီးကုတင္ေပၚကိုအသာခ်ေပးလိုက္သည္။ေရွာင္းက်န႔္ရဲ႕ဒီလိုအားနည္းတဲ့ပုံစံကိုက်ီ႐ႊမ္းတစ္ခါမွမျမင္ဖူးပါ။ဘယ္အရာကမ်ားေရွာင္းက်န႔္ကိုဒီလိုျဖစ္ေစရတာလဲ။

__________________________

အရက္ပုလင္းကိုဆြဲၿပီးအေဆာင္ထဲဝင္လာတဲ့ဝမ္ရိေပၚေၾကာင့္ ခ်န္းမင္ေခါင္းပူသြားရသည္။ဘာလို႔ဆိုဒီအေဆာင္မွာအရက္ေသာက္တာကိုတားျမစ္ထားတယ္။မိသြားရင္ဝမ္ရိေပၚအျပစ္ေပးခံရလိမ့္မယ္။

"ရိေပၚ...ဘာလို႔အရက္ေတြေသာက္ေနတာလဲ..."

ခ်န္းမင္ရဲ႕အေမးကိုရိေပၚကဘာမွျပန္မေျဖဘဲလက္ထဲကအရက္ကိုသာပုလင္းလိုက္ေမာ့ေသာက္ေနသည္။

"ရိေပၚ...."

"လႊတ္ထားေပး....အျပစ္ေပးလည္းခံလိုက္မွာမို႔ငါ့ကိုလႊတ္ထားေပး"

ခ်န္းမင္ကိုေျပာလိုက္ၿပီးလက္ထဲကအရက္ပုလင္းကိုသာေမာ့ေသာက္လိုက္သည္။အရက္ကလည္းဝမ္ရိေပၚရဲ႕ႏွလုံးသားထဲကဒဏ္ရာကိုမသက္သာေစပါ။ထိုေန႔မွစၿပီးရိေပၚဟာအရက္နဲ႔သာအေဖာ္ျပဳေနတတ္သည္။ခ်န္းမင္ေျပာလည္းမရပါေပ။ထမင္းကိုဟုတ္တိပတ္တိမစားတာေၾကာင့္အရင္ကထက္စာရင္ရိေပၚဟာအမ်ားႀကီးပိန္က်သြားသည္။ညဘက္ဆိုရင္လည္းအေဆာင္မွာမေနဘဲေရွာင္းက်န႔္နဲ႔ေတြ႕ေနက်ေနရာကိုသြားတတ္သည္။ဒါေပမယ့္သူ႔နတ္သားေလးကေတာ့ဘယ္တုန္းကမွေရာက္မလာခဲ့ပါ။

ဒီေန႔မွာကိုယ္ရံေတာ္တပ္ဖြဲ႕အတြက္ေလ့က်င့္ေရးေတြလုပ္ရမွာေၾကာင့္သင္ၾကားျပသေပးမယ့္အႀကီးအကဲေတြေရာက္လာၾကသည္။အႀကီးအကဲေတြကသူတို႔ဆယ့္တစ္ေယာက္ကိုတန္းစီခိုင္းသည္။ဒါေပမယ့္တန္းစီဖို႔ေရာက္လာတာကဆယ္ေယာက္သာရွိသည္။အႀကီးအကဲရဲ႕မ်က္ႏွာကအလိုမက်မႈေၾကာင့္မ်က္ခုံးေတြတြန႔္ခ်ိဳးသြားရသည္။

"က်န္တဲ့တစ္ေယာက္ကဘယ္မွာလဲ...."

"ဟို...."

ခ်န္းမင္လည္းမတတ္သာတဲ့အဆုံးအခန္းထဲမွာအလဲလဲအကြဲကြဲျဖစ္ေနတဲ့ဝမ္ရိေပၚကိုျပလိုက္ရသည္။အရက္ပုလင္းၾကားမွာေခါင္းေမွာက္ေနတဲ့ဝမ္ရိေပၚကိုျမင္တာနဲ႔အႀကီးအကဲရဲ႕မ်က္ႏွာဟာေဒါသေၾကာင့္နီသြားရသည္။

"ကိုယ္ရံေတာ္တစ္ေယာက္လုပ္မယ့္သူကဘာလို႔အလဲလဲအကြဲကြဲျဖစ္ေနရတာလဲ။လာၾကစမ္း....စည္းကမ္းေဖာက္ဖ်က္တဲ့သူ႔ကိုႀကိမ္ဒဏ္အခ်က္တစ္ရာအျပစ္ေပးလိုက္ၾက"

အႀကီးအကဲရဲ႕စကားေၾကာင့္ခ်န္းမင္မ်က္လုံးျပဴးသြားရသည္။ႀကိမ္ဒဏ္အခ်က္တစ္ရာဆိုတာနည္းတဲ့ျပစ္ဒဏ္မွမဟုတ္တာ။အေစခံေတြဟာရိေပၚကိုအျပစ္ေပးတဲ့ေနရာကိုဆြဲေခၚသြားၾကသည္။

"စေတာ့..."

အႀကီးအကဲရဲ႕စကားဆုံးတာနဲ႔ရိေပၚရဲ႕ေက်ာေပၚသို႔အားျပင္းလြန္းတဲ့ႀကိမ္ဒဏ္ေတြက်ေရာက္လာသည္။ဘယ္ေလာက္ထိေတာင္အားျပင္းလဲဆိုရင္ရိေပၚရဲ႕အဝတ္ေတြႀကိမ္ဒဏ္ေၾကာင့္ၿပဲထြက္ကုန္တဲ့အထိပဲ။ေဘးကၾကည့္ေနတဲ့ခ်န္းမင္တို႔ေတာင္လန႔္မိေပမယ့္ကာယကံရွင္ဝမ္ရိေပၚကေတာ့အသံတစ္စက္မွမထြက္ပါေပ။ေက်ာေပၚကိုေရာက္လာတဲ့ႀကိမ္ဒဏ္ေတြထက္သူ႔ႏွလုံးသားကဒဏ္ရာကပို၍နာလွပါသည္။

"ဒီေန႔ျဖစ္ခဲ့တာေတြအကုန္ေမ့လိုက္။ေနာက္လည္းမင္းငါ့ကိုလာေတြ႕စရာမလိုေတာ့ဘူး"

ေရွာင္းက်န႔္ရဲ႕စကားေတြကိုျပန္ၾကားေယာင္မိတဲ့အခါမွာေတာ့ ေဒါသထြက္မႈေၾကာင့္ရိေပ့ၚမ်က္ႏွာကေသြးေၾကာေတြေထာင္လာရသည္။ဝမ္ရိေပၚလက္သီးေတြကိုတင္းတင္းဆုပ္ထားလိုက္သည္။ဘယ္သူ႔သေဘာနဲ႔ေမ့ပစ္ရမွာလဲ။လုံးဝမေမ့ပစ္ႏိုင္ဘူး....ေရွာင္းက်န႔္.....။

အျပစ္ေပးခံရၿပီးေနာက္ပိုင္းရိေပၚဟာအရက္ကိုမေသာက္ေတာ့။ဒါေပမယ့္အရင္ကထက္ပိုဆိုးသြားသည္။ရိေပၚရဲ႕မ်က္ႏွာမွာအၿပဳံးအရယ္ဆိုတာမရွိေတာ့။ႀကိမ္ဒဏ္ေၾကာင့္ရတဲ့ဒဏ္ရာေတြကိုလည္းေဆးမထည့္ဘဲေလ့က်င့္ေရးေတြကိုသာဖိၿပီးလုပ္သည္။ေဆးမထည့္တာေၾကာင့္ဒဏ္ရာေတြကမက်က္ဘဲ ေလ့က်င့္မိတဲ့အခါတိုင္းရိေပၚရဲ႕ေက်ာျပင္မွာေသြးေတြနဲ႔႐ႊဲနစ္ေနတတ္သည္။တစ္ခါတစ္ေလက် ခ်န္းမင္စဥ္းစားမိသည္။ဝမ္ရိေပၚကလူေရာဟုတ္ရဲ႕လား။

_________________________

အခ်ိန္ေတြကုန္လြန္ၿပီးေနာက္မွာေတာ့က်ိဳးျပည္သူေတြေစာင့္စားေနၾကတဲ့အိမ္ေရွ႕စံေ႐ြးပြဲသို႔ေရာက္ရွိလာသည္။မင္းသားေတြရဲ႕တိုက္ရည္ခိုက္ရည္ကိုျမင္ေတြ႕ခ်င္ၾကတဲ့လူအုပ္ႀကီးဟာၿပိဳင္ပြဲမစခင္တည္းကေရာက္ရွိေနၾကသည္။အုန္းအုန္းၾကပ္ၾကပ္ျဖစ္ေနတဲ့လူအုပ္ႀကီးဟာ"ဘုရင္မင္းျမတ္ႂကြခ်ီလာၿပီ"ဟူတဲ့အသံၾကားတာနဲ႔တိတ္ဆိတ္သြားၾကသည္။ဘုရင္ရဲ႕ေနာက္မွာေတာ့မိဖုရားေတြနဲ႔ၾကင္ယာေတာ္ေတြဟာလိုက္လာၾကသည္။

လူအုပ္ႀကီးရဲ႕အာ႐ုံေတြကေတာ့ဘုရင္မင္းျမတ္နဲ႔အလွဆုံးျပင္ဆင္ထားၾကတဲ့မိဖုရားေတြဆီမွာမရွိေပ။ေနာက္‌ဆုံးကမ်က္ႏွာေလးကိုအုပ္ထားၿပီးျဖည္းညႇင္းစြာေလွ်ာက္လာတဲ့အရိပ္ကေလးဆီမွာသာရွိေနၾကသည္။ဆံပင္ကိုတစ္လႊာစည္းထုံးကာေက်ာက္စိမ္းဆံထိုးေလးတစ္ခုကိုတပ္ဆင္ထားၿပီး႐ိုးရွင္းလွတဲ့ဝတ္႐ုံျဖဴေလးကိုသာဝတ္ဆင္ထားသည္။လမ္းေလွ်ာက္တာတဲ့ပုံေလးကပင္က်က္သေရရွိလြန္းေနတာေၾကာင့္အၾကည့္ေတြကိုမလႊဲႏိုင္ၾက။

ဒီေန႔ၿပိဳင္ပြဲမွာရိေပၚတို႔ကိုယ္ရံေတာ္တပ္ဖြဲ႕ဟာလည္းရွိေနသည္။ေဘးကခ်န္းမင္ကေတာ့မိဖုရားေတြဘယ္ေလာက္လွေၾကာင္းခ်ီးမြမ္းခန္းဖြင့္ေနသည္။ေဘးကဝမ္ရိေပၚကေတာ့ေက်ာက္႐ုပ္တစ္႐ုပ္လိုသာရပ္ေနေသာေၾကာင့္သူ႔ကိုလြမ္းဆြတ္မႈအျပည့္နဲ႔ၾကည့္ေနတဲ့မ်က္ဝန္းေလးတစ္စုံကိုမျမင္ခဲ့ပါ။

__________________________

26.5.2020

သာသာ့ကိုေခ်ာင္းမ႐ိုက္ၾကပါနဲ႔ಥ‿ಥ
မုန္တိုင္းၿပီးရင္ေလျပည္လာမွာပါ။အဓိကကေလျပည္လာတဲ့အခ်ိန္ထိမုန္တိုင္းကိုေတာင့္ေတာင့္ခံႏိုင္ဖို႔ပါပဲ။ဝမ္ရိေပၚ၊ေရွာင္းက်န႔္နဲ႔အတူတူမုန္တိုင္းေတြကိုေတာင့္ခံၾကတာေပါ့။ကိုယ္တို႔ရဲ႕ဝမ္ေပါက္စေလးကေနဝမ္ေက်ာက္႐ုပ္ႀကီးျဖစ္သြားၿပီ။ ဝမ္ေက်ာက္႐ုပ္ႀကီးကအလွေလးေရွာင္းက်န႔္ကိုဘယ္လိုရေအာင္ယူမယ္လို႔ထင္လဲ။Voteတစ္ရာေက်ာ္ရင္ျပန္လာခဲ့ပါ့မယ္♥️










Continue Reading

You'll Also Like

22.4K 1K 12
"လှပတဲ့ကြာပန်းလေးဝယ် နာခိုးမိတဲ့ပုစဥ်းငယ် အို....မိုက်ရူးရဲဆန်သော ပုစဥ်းငယ် ဤကြာပန်းကို သင်မပိုင်လော" "လွပတဲ့ၾကာပန္းေလးဝယ္ နာခိုးမိတဲ့ပုစဥ္းငယ္ အို...
37.8M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
56.1K 2.9K 13
Fanfiction of Wei Wuxian as he embarks on the journey of life as the original MDZS book. But WAIT, He has a secret identity?! He is the son of Flower...
21.3K 745 32
Sequel to "Struggles In The Dark" "He is dead and dead people no longer matter." With Luke presumably dead, Carl has to learn to start over. He has...