မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

757K 82.7K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၁၇

12.1K 1.7K 39
By Thawdar_Y





Unicode



ရိပေါ်ရဲ့နူးညံ့မှုအပြည့်နဲ့အကြည့်တွေကိုရှောင်းကျန့်ရှောင်လွှဲလိုက်မိသည်။ရှောင်းကျန့်ရဲ့အကြည့်တွေကဗျပ်စောင်းဆီကိုရောက်သွားပေမယ့် ရိပေါ်ရဲ့အကြည့်တွေကတော့ရှောင်းကျန့်ရဲ့မျက်နှာလေးကနေမခွာသေးပေ။ရိပေါ်စိတ်ထင်လို့လားတော့မသိပါ။ရှောင်းကျန့်ရဲ့ပါးနုနုလေးတွေရဲနေခဲ့ပါသည်။

"ဇောက်ထိုးကြီးနဲ့ဘာအဆန်းတွေလုပ်ပြန်ပြီလဲ"

ခြေထောက်နဲ့ချိတ်ထားတဲ့သစ်ကိုင်းပေါ်ကနေမြေကြီးပေါ်ကိုရိပေါ်ခုန်ဆင်းလိုက်ပြီးသူ့နတ်သားလေးရဲ့ဘေးကိုကပ်ကာမေးလိုက်သည်။

"ကိုယ်ပျောက်သွားတော့လန့်သွားတယ်မလား"

"မလန့်ဘူး..."

ရှောင်းကျန့်ရဲ့အဖြေကိုကြားတော့ဝမ်ရိပေါ်ကရယ်သည်။

"ဝေ့....မင်းသင်ပေးတာကို ခနလေးနဲ့တတ်တာကိုယ်တော်တယ်မလား"

"အရင်တည်းက ဓားကိုကျွမ်းကျွမ်းကျင်ကျင်သုံးတတ်တဲ့လူတစ်ယောက်က အခုလိုအချိန်လေးအတွင်းမှာငါသင်တာကိုတတ်သွားတာမထူးဆန်းပါဘူး။မတတ်မှသာထူးဆန်းနေမှာ"

"ဘာပဲဖြစ်ဖြစ်ကိုယ်တော်တယ်မလား..."

ရိပေါ်ရဲ့အမေးကိုရှောင်းကျန့်ကဘာမှပြန်မဖြေပေ။လက်ထဲကဗျပ်စောင်းကိုသာအာရုံစိုက်လို့နေသည်။ရိပေါ်အခုမှသတိထားမိပြီးသူ့နတ်သားလေးရဲ့မျက်နှာကပုဝါလေးကိုလိုက်ရှာမိသည်။သစ်ပင်ရဲ့တခြားတစ်ဖက်မှာကျနေတဲ့ပုဝါလေးကိုကောက်ယူလိုက်သည်။ဗျပ်စောင်းကိုအာရုံစိုက်နေတဲ့သူ့နတ်သားလေးရဲ့မျက်နှာလှလှလေးကိုပုဝါလေးနဲ့ပြန်အုပ်ပေးလိုက်သည်။ထိုအခိုက်အတန့်မှာ သူ့ရဲ့လက်နဲ့ထိုပါးနုနုလေးတို့ခနတာမျှထိတွေ့သွားရသည်။တကယ်ကိုနူးညံ့လွန်းတယ်။အံ့ဩသလိုလေးကြည့်လာတဲ့သူ့နတ်သားလေးကိုရိပေါ်ပြုံးပြလိုက်သည်။

"စိတ်မပူပါနဲ့ ကိုယ်သေချာခါပေးပြီးပါပြီ။ဖုန်မရှိတော့ဘူး"

ရိပေါ်ဆီကအကြည့်လွှဲသွားပြီးသွယ်လျလျလက်ချောင်းလေးတွေကသံစဉ်တစ်ခုကိုဖန်တီးလိုက်တယ်။လရောင်ဖြာနေတဲ့ကောင်းကင်အောက်မှာဗျပ်စောင်းကိုကျက်သရေရှိစွာတီးခတ်နေတဲ့ကောင်လေးနဲ့ထိုကောင်လေးကိုမျက်တောင်မခတ်ဘဲထိုင်ကြည့်နေတဲ့လူငယ်လေးတစ်ဦးရှိခဲ့ဖူးသည်။

____________________________

အခုရက်ပိုင်းမှာဆိုရင် ရှောင်းကျန့်ရဲ့အကူအညီနဲ့ရိပေါ်ဟာအရင်ကထက်အများကြီးတိုးတက်လာပြီဖြစ်တယ်။အရင်ကမလုနိုင်ခဲ့တဲ့ရှောင်းကျန့်ရဲ့လက်ထဲကယပ်တောင်ကိုလည်းလုနိုင်လာပြီဖြစ်တယ်။ရိပေါ်ဟာရှောင်းကျန့်ကိုမထိတထိလုပ်လွန်းတာကြောင့်ရှောင်းကျန့်ရဲ့အပြစ်ပေးခြင်းကိုခံရမြဲ။ဒါပေမယ့်လည်းရိပေါ်ကမမှတ်ပါ။လုပ်မြဲလုပ်ဆဲ။သူအကြိုက်ဆုံးအချိန်ကတော့သူတို့လေ့ကျင့်ပြီးလို့ရှောင်းကျန့်ဗျပ်စောင်းတီးပြတဲ့အချိန်ကိုပဲ။အဲ့အချိန်မှပဲသူကသူ့နတ်သားလေးကိုကြိုက်သလောက်ငေးကြည့်လို့ရသည်လေ။အခုလည်းဗျပ်စောင်းတီးနေတဲ့သူ့နတ်သားလေးကိုရိပေါ်မေးလိုက်သည်။

"မနက်ဖြန်ဆို ဒုတိယအဆင့်ပြိုင်ပွဲစပြီ။ကိုယ့်ကိုစိတ်မပူဘူးလား။အားပေးစကားလေးမပြောချင်ဘူးလား"

"နိုင်အောင်လုပ်ခဲ့...."

သူ့နတ်သားလေးပြောလိုက်တာကစကားလေးလုံးတည်း။ဒါပေမယ့်သူ့အတွက်ကတော့မနက်ဖြန်ပြိုင်ပွဲအတွက်အားတွေပြည့်ဝသွားပြီ။သူ့နတ်သားလေးပြောတဲ့အတိုင်း မနက်ဖြန်ပြိုင်ပွဲမှာနိုင်အောင်လုပ်မည်။အခုတော့ဗျပ်စောင်းတီးနေတဲ့သူ့နတ်သားလေးကိုသာထိုင်ငေးနေခဲ့ပါသည်။

_________________________

ဒီနေ့ဟာရိပေါ်တို့ဒုတိယအဆင့်ကိုယှဉ်ပြိုင်ရမယ့်နေ့။ပထမအဆင့်တုန်းကအကြီးအကဲကရောက်လာပြီး သူတို့ကိုတောအုပ်တစ်နေရာကိုခေါ်သွားတယ်။ပြီးတာနဲ့သူတို့တစ်ယောက်ချင်းစီတိုင်းကိုလူတစ်ရပ်စာရှိတဲ့အဝတ်ရုပ်တစ်ခုစီပေးတယ်။

"ဒီအရုပ်ကအခုကစပြီးမင်းတို့ရဲ့အိမ်ရှေ့စံမင်းသားပဲ။အိမ်ရှေ့စံမင်းသားကိုအနာတရမရှိဘဲဒီတောအုပ်ထဲကပြန်ထွက်လာတဲ့သူတွေကပထမအဆင့်ကိုတက်လှမ်းနိုင်မယ်။အခုကစပြီးသွားလို့ရပြီ"

ရိပေါ်ထိုအရုပ်ကိုသူ့ကျောပေါ်ပိုးလိုက်တယ်။ပြီးတာနဲ့အရုပ်ပြုတ်မကျအောင်လို့သူ့ခါးနဲ့ထိုအရုပ်ကိုကြိုးနဲ့တွဲချည်လိုက်တယ်။ချန်းမင်ကသူ့အနားကိုရောက်လာပြီးရိပေ့ါ်ကိုအားပေးစကားပြောတယ်။

"ကံကောင်းပါစေ ရိပေါ်"

"အင်း....မင်းရော"

ပြီးတာနဲ့ရိပေါ်တောအုပ်ထဲကိုဝင်လာခဲ့တယ်။တောအုပ်ဆိုတာတိရိစ္ဆာန်တွေရဲ့ပျော်စံရာမြေဖြစ်တဲ့အတွက် တိရိစ္ဆာန်တွေရဲ့အသံတွေနဲ့ပြည့်နှက်နေသင့်တာ။ဒါပေမယ့်ဒီတောအုပ်ကတော့တကယ်ကိုထူးဆန်းနေတယ်။ကျေးငှက်အော်မြည်တဲ့အသံတောင်မကြားရပေ။တောနက်လာလေ ပိုတိတ်ဆိတ်လာလေပဲ။ဒါကိုရိပေါ်တင်မကတခြားပြိုင်ပွဲဝင်တွေပါသတိထားမိကြတယ်။

တောအုပ်ရဲ့တစ်နေရာအရောက်မှာတော့လေးဘက်လေးတန်ကနေမြှားအစင်းပေါင်းမြောက်များစွာကသူတို့ဆီကိုပျံသန်းလာတော့တယ်။ထိုမြှားတွေကြောင့်ပြိုင်ပွဲဝင်အုပ်ကြီးဟာချက်ချင်းကိုလူနည်းစုလောက်သာကျန်ခဲ့တော့တယ်။မြှားတွေကိုရှောင်နေရင်းနဲ့မှရိပေါ်ဟာသူ့နတ်သားလေးသင်ပေးတာကိုသတိရသွားတယ်။

"တကယ်လို့မြှားနဲ့တိုက်ခိုက်ခံရရင်ဘယ်လိုလုပ်သင့်တယ်လို့မင်းထင်လဲ"

သူ့နတ်သားလေးအမေးကြောင့်ရိပေါ်ခနလောက်စဉ်းစားသွားရသည်။စဉ်းစားပြီးတာနဲ့အဖြေကိုပြန်ပေးလိုက်သည်။

"ရှောင်ရမှာပေါ့..."

သူ့နတ်သားလေးကထိုအဖြေကိုအလိုမကျဘူးထင်ပါရဲ့။မျက်မှောင်လေးကြုံ့လို့သွားသည်။

"ရှောင်မယ်။ဘယ်လိုရှောင်မှာလဲ..."

"လွယ်လွယ်လေးပေါ့။ဒီဘက်ပစ်ဟိုဘက်ရှောင်...ဟိုဘက်ကပစ်ဒီဘက်ရှောင်မှာပေါ့။ဘာခက်တာမှတ်လို့...အ့..."

ရိပေါ်စကားဆုံးတာနဲ့ရှောင်းကျန့်ရဲ့ယပ်တောင်လေးကရိပေ့ါ်ခေါင်းပေါ်ရောက်လာသည်။ဒါကိုဝမ်ရိပေါ်ကစိတ်မဆိုးတဲ့အပြင်ပျော်ပါပျော်နေသေးသည်။သူငယ်ငယ်ကဆိုသူ့ကိုဂရုဏာဒေါသောနဲ့ဆူမယ့်သူဘယ်သူမှမရှိခဲ့။တခြားကလေးတွေလိုဆိုဆုံးမပေးမယ့်မိဘလည်းမရှိခဲ့။ဒါကြောင့်သူ့နတ်သားလေးကသူ့ကိုဆူတာကိုတကယ်သဘောကျသည်။

"ဘယ်လိုတောင်အဓိပ္ပာယ်မရှိလိုက်တဲ့စကားလဲ။ဟိုဘက်ရှောင်ဒီဘက်ရှောင်လုပ်ရအောင်မင်းကတန်ခိုးရှင်လား။တကယ်လို့မင်းကချုံခိုတိုက်ခံရပြီပဲထား။မင်းဆီကိုဘက်ပေါင်းစုံကနေမြှားတွေဝင်လာမယ်။သူတို့ရှိမယ့်နေရာကိုမင်းမသိနိုင်ဘူး။အဲ့လိုအခြေအနေမျိုးမှာဟိုဘက်ရှောင်ဒီဘက်ရှောင်လုပ်လို့ရမယ်ထင်လား"

"အဲ့ဒါဆိုဘယ်လိုလုပ်ရမလဲ..."

"ပုန်းခိုတတ်ရမယ်။မြှားတွေငြိမ်ကျသွားတဲ့အချိန်မှပုန်းနေရာကထွက်ပြီးမင်းရန်သူကိုအပြတ်ရှင်းသင့်တယ်"

"အင်း...ကိုယ်နားလည်ပါပြီ"

သူ့နတ်သားလေးပြောထားတာကိုသတိရသွားပြီးမြှားတွေကြားထဲအရုပ်တစ်ရုပ်နဲ့ယက်ကန်ယက်ကန်ဖြစ်နေတဲ့ချန်းမင်ကိုဆွဲလိုက်ပြီးဘေးကသစ်ပင်နောက်မှာဝင်ပုန်းလိုက်သည်။ခနအကြာမြှားတွေရပ်သွားတော့မှရိပေါ်နဲ့ချန်းမင်ပုန်းနေရာကထွက်လာလိုက်သည်။ခုနကမြှားတွေထွက်လာတဲ့နေရာတွေကိုလိုက်ကြည့်ချိန်မှာတော့ဘာမှမရှိတော့။မသိရင်သရဲခြောက်ခံလိုက်ရတဲ့အတိုင်းပဲ။ခုနကပြိုင်ပွဲဝင်လူအုပ်ကြီးဟာဆယ်ယောက်ကျော်ကျော်လောက်သာကျန်ခဲ့တော့တယ်။ရိပေါ်တို့အားလုံးမိုးမချုပ်ခင်တောအုပ်ထဲကနေထွက်ခဲ့ကြသည်။

တောအုပ်ရဲ့အပြင်ဘက်မှာကိုရောက်ချိန်မှာတော့အနည်းငယ်ပင်မှောင်စပြုနေပြီ။

"ဂုဏ်ယူပါတယ်။မင်းတို့ပထမအဆင့်ကိုတက်လှမ်းနိုင်သွားပြီ"

အကြီးအကဲရဲ့စကားကိုကြားမှရိပေါ်သက်ပြင်းချနိုင်သည်။

____________________________

ညရောက်တာနဲ့သူ့နတ်သားလေးနဲ့တွေ့နေကျနေရာကိုရိပေါ်အပြေးသွားလိုက်သည်။ထင်တဲ့အတိုင်းပဲ။သူ့နတ်သားလေးဟာထိုနေရာမှာရှိနေသည်။ရိပေါ်သူ့နတ်သားလေးဘေးမှာဝင်ထိုင်လိုက်သည်။

"ကိုယ်ဒုတိယအဆင့်ကိုအောင်သွားပြီ.."

"ဒါဆိုဘာလို့မင်းကဒီမှာရှိနေတာလဲ"

သူ့နတ်သားလေးအပြောကြောင့်ရိပေါ်ကြောင်သွားရသည်။ပြိုင်ပွဲမှာနိုင်လာတဲ့သူကိုဂုဏ်ပြုတဲ့စကားကဒါလား။ပြီးတော့ဒီနေရာကသူတို့နှစ်ယောက်ရဲ့နေရာလေးလေ။သူကဘာလို့မလာရမှာလဲ။

"ဒါကကိုယ်တို့နေရာလေ။ကိုယ်ရှိနေတာဆန်းလို့လား"

"မင်းနေရာလို့ဘယ်သူပြောလဲ။မင်းကငါ့ကိုပြိုင်ပွဲမှာနိုင်အောင်သင်ခိုင်းတယ်။ငါကသင်ပေးတယ်။အခုမင်းနိုင်သွားပြီလေ။ဒီကိုလာစရာအကြောင်းရှိသေးလို့လား"

နားမလည်သလိုလေးမေးလာတဲ့သူ့နတ်သားလေးကိုကြည့်ပြီးရိပေါ်အသည်းယားလာရသည်။လာစရာအကြောင်းရှိတာပေါ့။ခင်ဗျားလေးကြောင့်လေ။

"ကိုယ်ပြောတာကနောက်ဆုံးပြိုင်ပွဲမှာအနိုင်ရဖို့လေ။ဒါ့ကြောင့်မင်းထပ်သင်ပေးရအုံးမှာ"

"ငါအခုသင်ပေးထားတာကအကုန်ပဲလေ။ငါ့မှာထပ်ပြီးသင်ပေးစရာမရှိတော့ဘူး"

"အဲ့ဒါတွေကကိုယ်မေ့သွားပြီ။အခုဘာမှမမှတ်မိတော့ဘူး။ဒီမှာကြည့် ဓားတောင်မကိုင်တတ်တော့ဘူး"

ဓားကိုဇောက်ထိုးကိုင်ပြီးပြောနေတဲ့ဝမ်ရိပေါ်ကိုကြည့်ပြီးရှောင်းကျန့်ပြုံးလိုက်မိသည်။မျက်နှာကိုအုပ်ထားလို့ထိုအပြုံးလေးကိုမမြင်ရပေမယ့်မျက်လုံးလေးကိုကြည့်ပြီးပြုံးနေမှန်းရိပေါ်ရိပ်မိလိုက်သည်။

"ထ....ကိုယ်နဲ့လိုက်ခဲ့..."

"ဘယ်ကိုလဲ..."

"နန်းတော်အပြင်ကို...."

ရိပေါ်ရဲ့အတင်းဆွဲခေါ်မှုကြောင့်ရှောင်းကျန့်လိုက်သွားရသည်။ရိပေါ်ဟာရှောင်းကျန့်ကိုနန်းတော်အပြင်ဘက်ကိုခေါ်သွားသည်။သူတို့နှစ်ယောက်လုံးသိုင်းပညာကျွမ်းတဲ့လူတွေဖြစ်တဲ့အတွက်အစောင့်တွေကိုရှောင်ပြီးနန်းတော်အပြင်ဘက်ကိုထွက်တာကသူတို့အတွက်မခက်ခဲပေ။

နန်းတော်အပြင်ဘက်မြို့ထဲကိုရောက်တာနဲ့ရိပေါ်ကရှောင်းကျန့်လက်ကိုဆွဲကာ ညဘက်မှာ‌တောင်စည်ကားနေတဲ့ကျိုးမြို့ရဲ့ညဈေးတန်းကိုလျှောက်ပတ်တော့တယ်။သူ့နတ်သားလေးရဲ့လက်သေးသေးလေးကိုကိုင်ထားရတဲ့အတွက်ရိပေါ်ရဲ့မျက်နှာကတစ်ကမ္ဘာလုံးကိုအပိုင်ရထားသလိုမော်ချီနေတော့တယ်။လက်ကောက်လေးတွေရောင်းတဲ့ဆိုင်ကိုတွေ့တော့ထိုဆိုင်နားကိုရှောင်းကျန့်ကိုဆွဲခေါ်သွားပြန်တယ်။ချောမောခန့်ညားတဲ့ကောင်လေးတစ်ယောက်နဲ့မျက်နှာအုပ်ထားတဲ့ခပ်သေးသေးလူတစ်ယောက်လက်တွဲပြီးဝင်လာတာကိုမြင်လိုက်တာနဲ့ဆိုင်ရှင်ကသူ့ပစ္စည်းတွေရောင်းထွက်အောင်အရွှန်းဖောက်တော့တယ်။

"လူလေး....ကောင်မလေးအတွက်ဝယ်ပေးမလို့လား"

ဝမ်ရိပေါ်ကိုကြည့်ပြီးပြောလိုက်တဲ့စကားကြောင့်ရှောင်းကျန့်ဟာကြောင်အသွားရတယ်။အခုဝမ်ရိပေါ်ကိုကြည့်ပြီးပြောလိုက်တာဆိုတော့ကောင်မလေးဆိုတာဘယ်သူ့ကိုပြောလိုက်တာလဲ။ရှောင်းကျန့်ရဲ့မျက်ခုံးလေးဟာအလိုမကျမှုကြောင့်တွန့်ချိုးသွားရသည်။ဒီဆိုင်ရှင်ကိုသူကြည့်မရတော့ဘူး။ဒါ့ကြောင့်ဝမ်ရိပေါ်ကိုင်ထားတဲ့လက်ကိုဖြုတ်ကာဆိုင်ပြင်မှာသာစောင့်နေလိုက်သည်။ထွက်သွားတဲ့ရှောင်းကျန့်ကိုကြည့်လိုက်ပြီးဆိုင်ရှင်ကဝမ်ရိပေါ်ကိုတီးတိုးပြောသည်။

"မင်းကောင်မလေးကစိတ်ကောက်နေတာလား.."

"အင်း...အဲ့လိုပဲ...သူကနည်းနည်းဆိုးတယ်။ဆိုင်ရှင်..ဆင်တူဝတ်လို့ရတာလေးမရှိဘူးလား"

"ရှိတယ်...ရှိတယ်..."

ဆိုင်ရှင်ကအပြာရောင်ကျောက်လေးတွေနဲ့လုပ်ထားတဲ့လက်ပတ်လေးကိုထုတ်ပြသည်။

"ဒီလက်ကောက်လေးရဲ့နာမည်က သက်ဆုံးတိုင်တဲ့။ဒီလက်‌ပတ်ကိုဆင်တူဝတ်ထားတဲ့လူနှစ်ဦးကသက်ဆုံးတိုင်ပေါင်းဖက်ရတတ်တယ်တဲ့"

ဆိုင်ရှင်ရဲ့အပြောကိုရိပေါ်သဘောကျသွားပြီးထိုလက်ကောက်လေးကိုသာယူလိုက်သည်။တစ်ကွင်းကိုသူ့လက်မှာဝတ်လိုက်ပြီးနောက်တစ်ကွင်းကိုတော့သူ့နတ်သားလေးရဲ့လက်မှာဝတ်ခိုင်းရမည်။ရိပေါ်ဆိုင်ရှေ့မှာရပ်နေတဲ့ရှောင်းကျန့်ရဲ့လက်လေးကိုဆွဲကာလက်ပတ်လေးကိုဝတ်ပေးလိုက်သည်။သူ့နတ်သားလေးကလက်ပတ်လေးကိုကိုင်ရင်းသူ့ကိုမေးသည်။

"ဒါကဘာလဲ..."

"ကိုယ်ပေးတဲ့လက်ဆောင်လေ...မပျောက်စေနဲ့နော်...လာ....တစ်ခုခုသွားစားကြရအောင်။ကိုယ်စားနေကျဆိုင်ရှိတယ်။မင်းကြိုက်သွားစေရမယ်"

ရှောင်းကျန့်ငြင်းချိန်တောင်မရလိုက်။ရှောင်းကျန့်ကိုရိပေါ်ဟာခေါက်ဆွဲဆိုင်တစ်ခုကိုခေါ်သွားပြန်သည်။သူတို့နှစ်ယောက်ကိုမြင်တော့စားပွဲထိုးလေးကရောက်လာပြီး

"လူကြီးမင်းတို့ဘာစားကြမလဲ..."

"အသားလုံးခေါက်ဆွဲနှစ်ပွဲ..."

ခေါက်ဆွဲရတာနဲ့ရိပေါ်ကအားပါးတရစားနေပေမယ့်သူ့နတ်သားလေးကထိတောင်မထိပေ။

"ဘာလို့လဲ...မကြိုက်လို့လား..."

"ငါ....စားဖို့အဆင်မပြေဘူး.."

ရှောင်းကျန့်သာစားမယ်ဆိုရင်မျက်နှာကပုဝါကိုချွတ်မှရမည်။သူချွတ်လိုက်တာနဲ့လူတွေရဲ့အာရုံကသူ့ဆီကိုရောက်လာလိမ့်မည်။မျက်နှာမှာအုပ်ထားတဲ့ပုဝါလေးကြောင့်သူ့နတ်သားလေးစားဖို့အဆင်မပြေတာကိုသိသွားတဲ့ရိပေါ်ဟာစားပွဲထိုးလေးကိုပိုက်ဆံပစ်ပေးလိုက်ပြီးသူ့နတ်သားလေးရဲ့မထိရသေးတဲ့ခေါက်ဆွဲပန်းကန်လေးကိုယူလိုက်သည်။

"ပိုက်ဆံပိုပေးထားတယ်။ဒီခေါက်ဆွဲပြုတ်ကိုပန်းကန်ပါယူသွားပြီ"

စားပွဲထိုးလေးဟာပြန်ပြောချိန်တောင်မရလိုက်ပါပေ။ခေါက်ဆွဲပန်းကန်တစ်ဖက်နဲ့ရှောင်းကျန့်ကိုဆွဲပြီးထွက်သွားတဲ့ရိပေါ်ဟာအဝေးကိုရောက်သွားလေပြီ။ဝမ်ရိ‌ပေါ်ဟာရေတွေတသွင်သွင်စီးဆင်းနေတဲ့ရေတံခွန်ကြီးအနားကိုရောက်တာနဲ့ခေါက်ဆွဲပန်းကန်ကိုချလိုက်တယ်။

"ဒီမှာဘယ်သူမှမရှိဘူး။စားလို့ရပြီ"

"ဒါကဘယ်နေရာလဲ..."

"ဒါကကိုယ်ငယ်ငယ်တည်းကလာနေကျနေရာ...ဘယ်လိုလဲ...လှတယ်မလား"

ရိပေါ်ကိုဘာမှပြန်မပြောဘဲရှောင်းကျန့်ဟာမျက်နှာကပုဝါလေးကိုချွတ်ပြီးခေါက်ဆွဲကိုထိုင်စားတော့တယ်။ရိပေါ်ပြောတာမှန်တယ်။ခေါက်ဆွဲကတကယ်ကိုကောင်းလွန်းတယ်။ရိပေါ်ကတော့ခေါက်ဆွဲကိုသာအာရုံစိုက်နေတဲ့သူ့နတ်သားလေးရဲ့မျက်နှာလှလှလေးကိုငေးကြည့်နေမိတယ်။

"ကိုယ်စိတ်ညစ်နေတဲ့အချိန်တို့၊တစ်ယောက်တည်းနေချင်တဲ့အချိန်မျိုးဆိုဒီမှာလာအိပ်လေ့ရှိတယ်။ပြီးတော့...အိုက်ယိုး..."

အနောက်မှာမြေပြင်ရှိတယ်အထင်နဲ့လက်ထောက်မိတဲ့ဝမ်ရိပေါ်ဟာရေထဲကိုပလုံခနဲပြုတ်ကျသွားရတယ်။ရိပေါ်ပြုတ်ကျသွားတဲ့ပုံဟာတအားရယ်ရလွန်းလို့ရှောင်းကျန့်မထိန်းနိုင်ဘဲရယ်လိုက်မိတော့တယ်။ရိပေါ်ရေထဲကပြန်ထလိုက်တဲ့အချိန်မှာသူ့ကိုအလှဆုံးမြင်ကွင်းတစ်ခုကဆီးကြိုလို့နေတယ်။သူ့နတ်သားလေးကရယ်နေတာ။ပြုံးတာတောင်မဟုတ်။ယုန်သွားလေးတွေပေါ်ပြီးမျက်လုံးလေးတွေပိတ်သွားတဲ့အထိကိုအားရပါးရရယ်နေတာ။

"မင်းရယ်တာ တကယ်ကိုလှလွန်းတယ်..."

ရိပေါ်ရဲ့စကားကိုကြားလိုက်တဲ့ရှောင်းကျန့်အရယ်ရပ်သွားရတယ်။ဒီတစ်ခါတော့ရိပေါ်စိတ်ထင်တာမဟုတ်ခဲ့ပါ။ရှောင်းကျန့်ရဲ့ပါးနုနုလေးတွေကတကယ်ကိုနီ‌နေခဲ့ပါသည်။

___________________________

23.5.2020

ဒီအပိုင်းရေးတာတကယ်ကိုအားမရဘူး။တွေးထားတာကအကြီးကြီး...အခုတော့ဘာတွေရေးမိလိုက်မှန်းတောင်မသိဘူးಥ╭╮ಥ
Voteတစ်ရာကျော်ရင်ပြန်လာခဲ့ပါ့မယ်။













Zawgyi









ရိေပၚရဲ႕ႏူးညံ့မႈအျပည့္နဲ႔အၾကည့္ေတြကိုေရွာင္းက်န႔္ေရွာင္လႊဲလိုက္မိသည္။ေရွာင္းက်န႔္ရဲ႕အၾကည့္ေတြကဗ်ပ္ေစာင္းဆီကိုေရာက္သြားေပမယ့္ ရိေပၚရဲ႕အၾကည့္ေတြကေတာ့ေရွာင္းက်န႔္ရဲ႕မ်က္ႏွာေလးကေနမခြာေသးေပ။ရိေပၚစိတ္ထင္လို႔လားေတာ့မသိပါ။ေရွာင္းက်န႔္ရဲ႕ပါးႏုႏုေလးေတြရဲေနခဲ့ပါသည္။

"ေဇာက္ထိုးႀကီးနဲ႔ဘာအဆန္းေတြလုပ္ျပန္ၿပီလဲ"

ေျခေထာက္နဲ႔ခ်ိတ္ထားတဲ့သစ္ကိုင္းေပၚကေနေျမႀကီးေပၚကိုရိေပၚခုန္ဆင္းလိုက္ၿပီးသူ႔နတ္သားေလးရဲ႕ေဘးကိုကပ္ကာေမးလိုက္သည္။

"ကိုယ္ေပ်ာက္သြားေတာ့လန႔္သြားတယ္မလား"

"မလန႔္ဘူး..."

ေရွာင္းက်န႔္ရဲ႕အေျဖကိုၾကားေတာ့ဝမ္ရိေပၚကရယ္သည္။

"ေဝ့....မင္းသင္ေပးတာကို ခနေလးနဲ႔တတ္တာကိုယ္ေတာ္တယ္မလား"

"အရင္တည္းက ဓားကိုကြၽမ္းကြၽမ္းက်င္က်င္သုံးတတ္တဲ့လူတစ္ေယာက္က အခုလိုအခ်ိန္ေလးအတြင္းမွာငါသင္တာကိုတတ္သြားတာမထူးဆန္းပါဘူး။မတတ္မွသာထူးဆန္းေနမွာ"

"ဘာပဲျဖစ္ျဖစ္ကိုယ္ေတာ္တယ္မလား..."

ရိေပၚရဲ႕အေမးကိုေရွာင္းက်န႔္ကဘာမွျပန္မေျဖေပ။လက္ထဲကဗ်ပ္ေစာင္းကိုသာအာ႐ုံစိုက္လို႔ေနသည္။ရိေပၚအခုမွသတိထားမိၿပီးသူ႔နတ္သားေလးရဲ႕မ်က္ႏွာကပုဝါေလးကိုလိုက္ရွာမိသည္။သစ္ပင္ရဲ႕တျခားတစ္ဖက္မွာက်ေနတဲ့ပုဝါေလးကိုေကာက္ယူလိုက္သည္။ဗ်ပ္ေစာင္းကိုအာ႐ုံစိုက္ေနတဲ့သူ႔နတ္သားေလးရဲ႕မ်က္ႏွာလွလွေလးကိုပုဝါေလးနဲ႔ျပန္အုပ္ေပးလိုက္သည္။ထိုအခိုက္အတန႔္မွာ သူ႔ရဲ႕လက္နဲ႔ထိုပါးႏုႏုေလးတို႔ခနတာမွ်ထိေတြ႕သြားရသည္။တကယ္ကိုႏူးညံ့လြန္းတယ္။အံ့ဩသလိုေလးၾကည့္လာတဲ့သူ႔နတ္သားေလးကိုရိေပၚၿပဳံးျပလိုက္သည္။

"စိတ္မပူပါနဲ႔ ကိုယ္ေသခ်ာခါေပးၿပီးပါၿပီ။ဖုန္မရွိေတာ့ဘူး"

ရိေပၚဆီကအၾကည့္လႊဲသြားၿပီးသြယ္လ်လ်လက္ေခ်ာင္းေလးေတြကသံစဥ္တစ္ခုကိုဖန္တီးလိုက္တယ္။လေရာင္ျဖာေနတဲ့ေကာင္းကင္ေအာက္မွာဗ်ပ္ေစာင္းကိုက်က္သေရရွိစြာတီးခတ္ေနတဲ့ေကာင္ေလးနဲ႔ထိုေကာင္ေလးကိုမ်က္ေတာင္မခတ္ဘဲထိုင္ၾကည့္ေနတဲ့လူငယ္ေလးတစ္ဦးရွိခဲ့ဖူးသည္။

____________________________

အခုရက္ပိုင္းမွာဆိုရင္ ေရွာင္းက်န႔္ရဲ႕အကူအညီနဲ႔ရိေပၚဟာအရင္ကထက္အမ်ားႀကီးတိုးတက္လာၿပီျဖစ္တယ္။အရင္ကမလုႏိုင္ခဲ့တဲ့ေရွာင္းက်န႔္ရဲ႕လက္ထဲကယပ္ေတာင္ကိုလည္းလုႏိုင္လာၿပီျဖစ္တယ္။ရိေပၚဟာေရွာင္းက်န႔္ကိုမထိတထိလုပ္လြန္းတာေၾကာင့္ေရွာင္းက်န႔္ရဲ႕အျပစ္ေပးျခင္းကိုခံရၿမဲ။ဒါေပမယ့္လည္းရိေပၚကမမွတ္ပါ။လုပ္ၿမဲလုပ္ဆဲ။သူအႀကိဳက္ဆုံးအခ်ိန္ကေတာ့သူတို႔ေလ့က်င့္ၿပီးလို႔ေရွာင္းက်န႔္ဗ်ပ္ေစာင္းတီးျပတဲ့အခ်ိန္ကိုပဲ။အဲ့အခ်ိန္မွပဲသူကသူ႔နတ္သားေလးကိုႀကိဳက္သေလာက္ေငးၾကည့္လို႔ရသည္ေလ။အခုလည္းဗ်ပ္ေစာင္းတီးေနတဲ့သူ႔နတ္သားေလးကိုရိေပၚေမးလိုက္သည္။

"မနက္ျဖန္ဆို ဒုတိယအဆင့္ၿပိဳင္ပြဲစၿပီ။ကိုယ့္ကိုစိတ္မပူဘူးလား။အားေပးစကားေလးမေျပာခ်င္ဘူးလား"

"ႏိုင္ေအာင္လုပ္ခဲ့...."

သူ႔နတ္သားေလးေျပာလိုက္တာကစကားေလးလုံးတည္း။ဒါေပမယ့္သူ႔အတြက္ကေတာ့မနက္ျဖန္ၿပိဳင္ပြဲအတြက္အားေတြျပည့္ဝသြားၿပီ။သူ႔နတ္သားေလးေျပာတဲ့အတိုင္း မနက္ျဖန္ၿပိဳင္ပြဲမွာႏိုင္ေအာင္လုပ္မည္။အခုေတာ့ဗ်ပ္ေစာင္းတီးေနတဲ့သူ႔နတ္သားေလးကိုသာထိုင္ေငးေနခဲ့ပါသည္။

_________________________

ဒီေန႔ဟာရိေပၚတို႔ဒုတိယအဆင့္ကိုယွဥ္ၿပိဳင္ရမယ့္ေန႔။ပထမအဆင့္တုန္းကအႀကီးအကဲကေရာက္လာၿပီး သူတို႔ကိုေတာအုပ္တစ္ေနရာကိုေခၚသြားတယ္။ၿပီးတာနဲ႔သူတို႔တစ္ေယာက္ခ်င္းစီတိုင္းကိုလူတစ္ရပ္စာရွိတဲ့အဝတ္႐ုပ္တစ္ခုစီေပးတယ္။

"ဒီအ႐ုပ္ကအခုကစၿပီးမင္းတို႔ရဲ႕အိမ္ေရွ႕စံမင္းသားပဲ။အိမ္ေရွ႕စံမင္းသားကိုအနာတရမရွိဘဲဒီေတာအုပ္ထဲကျပန္ထြက္လာတဲ့သူေတြကပထမအဆင့္ကိုတက္လွမ္းႏိုင္မယ္။အခုကစၿပီးသြားလို႔ရၿပီ"

ရိေပၚထိုအ႐ုပ္ကိုသူ႔ေက်ာေပၚပိုးလိုက္တယ္။ၿပီးတာနဲ႔အ႐ုပ္ျပဳတ္မက်ေအာင္လို႔သူ႔ခါးနဲ႔ထိုအ႐ုပ္ကိုႀကိဳးနဲ႔တြဲခ်ည္လိုက္တယ္။ခ်န္းမင္ကသူ႔အနားကိုေရာက္လာၿပီးရိေပ့ၚကိုအားေပးစကားေျပာတယ္။

"ကံေကာင္းပါေစ ရိေပၚ"

"အင္း....မင္းေရာ"

ၿပီးတာနဲ႔ရိေပၚေတာအုပ္ထဲကိုဝင္လာခဲ့တယ္။ေတာအုပ္ဆိုတာတိရိစာၦန္ေတြရဲ႕ေပ်ာ္စံရာေျမျဖစ္တဲ့အတြက္ တိရိစာၦန္ေတြရဲ႕အသံေတြနဲ႔ျပည့္ႏွက္ေနသင့္တာ။ဒါေပမယ့္ဒီေတာအုပ္ကေတာ့တကယ္ကိုထူးဆန္းေနတယ္။ေက်းငွက္ေအာ္ျမည္တဲ့အသံေတာင္မၾကားရေပ။ေတာနက္လာေလ ပိုတိတ္ဆိတ္လာေလပဲ။ဒါကိုရိေပၚတင္မကတျခားၿပိဳင္ပြဲဝင္ေတြပါသတိထားမိၾကတယ္။

ေတာအုပ္ရဲ႕တစ္ေနရာအေရာက္မွာေတာ့ေလးဘက္ေလးတန္ကေနျမႇားအစင္းေပါင္းေျမာက္မ်ားစြာကသူတို႔ဆီကိုပ်ံသန္းလာေတာ့တယ္။ထိုျမႇားေတြေၾကာင့္ၿပိဳင္ပြဲဝင္အုပ္ႀကီးဟာခ်က္ခ်င္းကိုလူနည္းစုေလာက္သာက်န္ခဲ့ေတာ့တယ္။ျမႇားေတြကိုေရွာင္ေနရင္းနဲ႔မွရိေပၚဟာသူ႔နတ္သားေလးသင္ေပးတာကိုသတိရသြားတယ္။

"တကယ္လို႔ျမႇားနဲ႔တိုက္ခိုက္ခံရရင္ဘယ္လိုလုပ္သင့္တယ္လို႔မင္းထင္လဲ"

သူ႔နတ္သားေလးအေမးေၾကာင့္ရိေပၚခနေလာက္စဥ္းစားသြားရသည္။စဥ္းစားၿပီးတာနဲ႔အေျဖကိုျပန္ေပးလိုက္သည္။

"ေရွာင္ရမွာေပါ့..."

သူ႔နတ္သားေလးကထိုအေျဖကိုအလိုမက်ဘူးထင္ပါရဲ႕။မ်က္ေမွာင္ေလးႀကဳံ႕လို႔သြားသည္။

"ေရွာင္မယ္။ဘယ္လိုေရွာင္မွာလဲ..."

"လြယ္လြယ္ေလးေပါ့။ဒီဘက္ပစ္ဟိုဘက္ေရွာင္...ဟိုဘက္ကပစ္ဒီဘက္ေရွာင္မွာေပါ့။ဘာခက္တာမွတ္လို႔...အ့..."

ရိေပၚစကားဆုံးတာနဲ႔ေရွာင္းက်န႔္ရဲ႕ယပ္ေတာင္ေလးကရိေပ့ၚေခါင္းေပၚေရာက္လာသည္။ဒါကိုဝမ္ရိေပၚကစိတ္မဆိုးတဲ့အျပင္ေပ်ာ္ပါေပ်ာ္ေနေသးသည္။သူငယ္ငယ္ကဆိုသူ႔ကိုဂ႐ုဏာေဒါေသာနဲ႔ဆူမယ့္သူဘယ္သူမွမရွိခဲ့။တျခားကေလးေတြလိုဆိုဆုံးမေပးမယ့္မိဘလည္းမရွိခဲ့။ဒါေၾကာင့္သူ႔နတ္သားေလးကသူ႔ကိုဆူတာကိုတကယ္သေဘာက်သည္။

"ဘယ္လိုေတာင္အဓိပၸာယ္မရွိလိုက္တဲ့စကားလဲ။ဟိုဘက္ေရွာင္ဒီဘက္ေရွာင္လုပ္ရေအာင္မင္းကတန္ခိုးရွင္လား။တကယ္လို႔မင္းကခ်ဳံခိုတိုက္ခံရၿပီပဲထား။မင္းဆီကိုဘက္ေပါင္းစုံကေနျမႇားေတြဝင္လာမယ္။သူတို႔ရွိမယ့္ေနရာကိုမင္းမသိႏိုင္ဘူး။အဲ့လိုအေျခအေနမ်ိဳးမွာဟိုဘက္ေရွာင္ဒီဘက္ေရွာင္လုပ္လို႔ရမယ္ထင္လား"

"အဲ့ဒါဆိုဘယ္လိုလုပ္ရမလဲ..."

"ပုန္းခိုတတ္ရမယ္။ျမႇားေတြၿငိမ္က်သြားတဲ့အခ်ိန္မွပုန္းေနရာကထြက္ၿပီးမင္းရန္သူကိုအျပတ္ရွင္းသင့္တယ္"

"အင္း...ကိုယ္နားလည္ပါၿပီ"

သူ႔နတ္သားေလးေျပာထားတာကိုသတိရသြားၿပီးျမႇားေတြၾကားထဲအ႐ုပ္တစ္႐ုပ္နဲ႔ယက္ကန္ယက္ကန္ျဖစ္ေနတဲ့ခ်န္းမင္ကိုဆြဲလိုက္ၿပီးေဘးကသစ္ပင္ေနာက္မွာဝင္ပုန္းလိုက္သည္။ခနအၾကာျမႇားေတြရပ္သြားေတာ့မွရိေပၚနဲ႔ခ်န္းမင္ပုန္းေနရာကထြက္လာလိုက္သည္။ခုနကျမႇားေတြထြက္လာတဲ့ေနရာေတြကိုလိုက္ၾကည့္ခ်ိန္မွာေတာ့ဘာမွမရွိေတာ့။မသိရင္သရဲေျခာက္ခံလိုက္ရတဲ့အတိုင္းပဲ။ခုနကၿပိဳင္ပြဲဝင္လူအုပ္ႀကီးဟာဆယ္ေယာက္ေက်ာ္ေက်ာ္ေလာက္သာက်န္ခဲ့ေတာ့တယ္။ရိေပၚတို႔အားလုံးမိုးမခ်ဳပ္ခင္ေတာအုပ္ထဲကေနထြက္ခဲ့ၾကသည္။

ေတာအုပ္ရဲ႕အျပင္ဘက္မွာကိုေရာက္ခ်ိန္မွာေတာ့အနည္းငယ္ပင္ေမွာင္စျပဳေနၿပီ။

"ဂုဏ္ယူပါတယ္။မင္းတို႔ပထမအဆင့္ကိုတက္လွမ္းႏိုင္သြားၿပီ"

အႀကီးအကဲရဲ႕စကားကိုၾကားမွရိေပၚသက္ျပင္းခ်ႏိုင္သည္။

____________________________

ညေရာက္တာနဲ႔သူ႔နတ္သားေလးနဲ႔ေတြ႕ေနက်ေနရာကိုရိေပၚအေျပးသြားလိုက္သည္။ထင္တဲ့အတိုင္းပဲ။သူ႔နတ္သားေလးဟာထိုေနရာမွာရွိေနသည္။ရိေပၚသူ႔နတ္သားေလးေဘးမွာဝင္ထိုင္လိုက္သည္။

"ကိုယ္ဒုတိယအဆင့္ကိုေအာင္သြားၿပီ.."

"ဒါဆိုဘာလို႔မင္းကဒီမွာရွိေနတာလဲ"

သူ႔နတ္သားေလးအေျပာေၾကာင့္ရိေပၚေၾကာင္သြားရသည္။ၿပိဳင္ပြဲမွာႏိုင္လာတဲ့သူကိုဂုဏ္ျပဳတဲ့စကားကဒါလား။ၿပီးေတာ့ဒီေနရာကသူတို႔ႏွစ္ေယာက္ရဲ႕ေနရာေလးေလ။သူကဘာလို႔မလာရမွာလဲ။

"ဒါကကိုယ္တို႔ေနရာေလ။ကိုယ္ရွိေနတာဆန္းလို႔လား"

"မင္းေနရာလို႔ဘယ္သူေျပာလဲ။မင္းကငါ့ကိုၿပိဳင္ပြဲမွာႏိုင္ေအာင္သင္ခိုင္းတယ္။ငါကသင္ေပးတယ္။အခုမင္းႏိုင္သြားၿပီေလ။ဒီကိုလာစရာအေၾကာင္းရွိေသးလို႔လား"

နားမလည္သလိုေလးေမးလာတဲ့သူ႔နတ္သားေလးကိုၾကည့္ၿပီးရိေပၚအသည္းယားလာရသည္။လာစရာအေၾကာင္းရွိတာေပါ့။ခင္ဗ်ားေလးေၾကာင့္ေလ။

"ကိုယ္ေျပာတာကေနာက္ဆုံးၿပိဳင္ပြဲမွာအႏိုင္ရဖို႔ေလ။ဒါ့ေၾကာင့္မင္းထပ္သင္ေပးရအုံးမွာ"

"ငါအခုသင္ေပးထားတာကအကုန္ပဲေလ။ငါ့မွာထပ္ၿပီးသင္ေပးစရာမရွိေတာ့ဘူး"

"အဲ့ဒါေတြကကိုယ္ေမ့သြားၿပီ။အခုဘာမွမမွတ္မိေတာ့ဘူး။ဒီမွာၾကည့္ ဓားေတာင္မကိုင္တတ္ေတာ့ဘူး"

ဓားကိုေဇာက္ထိုးကိုင္ၿပီးေျပာေနတဲ့ဝမ္ရိေပၚကိုၾကည့္ၿပီးေရွာင္းက်န႔္ၿပဳံးလိုက္မိသည္။မ်က္ႏွာကိုအုပ္ထားလို႔ထိုအၿပဳံးေလးကိုမျမင္ရေပမယ့္မ်က္လုံးေလးကိုၾကည့္ၿပီးၿပဳံးေနမွန္းရိေပၚရိပ္မိလိုက္သည္။

"ထ....ကိုယ္နဲ႔လိုက္ခဲ့..."

"ဘယ္ကိုလဲ..."

"နန္းေတာ္အျပင္ကို...."

ရိေပၚရဲ႕အတင္းဆြဲေခၚမႈေၾကာင့္ေရွာင္းက်န႔္လိုက္သြားရသည္။ရိေပၚဟာေရွာင္းက်န႔္ကိုနန္းေတာ္အျပင္ဘက္ကိုေခၚသြားသည္။သူတို႔ႏွစ္ေယာက္လုံးသိုင္းပညာကြၽမ္းတဲ့လူေတြျဖစ္တဲ့အတြက္အေစာင့္ေတြကိုေရွာင္ၿပီးနန္းေတာ္အျပင္ဘက္ကိုထြက္တာကသူတို႔အတြက္မခက္ခဲေပ။

နန္းေတာ္အျပင္ဘက္ၿမိဳ႕ထဲကိုေရာက္တာနဲ႔ရိေပၚကေရွာင္းက်န႔္လက္ကိုဆြဲကာ ညဘက္မွာ‌ေတာင္စည္ကားေနတဲ့က်ိဳးၿမိဳ႕ရဲ႕ညေဈးတန္းကိုေလွ်ာက္ပတ္ေတာ့တယ္။သူ႔နတ္သားေလးရဲ႕လက္ေသးေသးေလးကိုကိုင္ထားရတဲ့အတြက္ရိေပၚရဲ႕မ်က္ႏွာကတစ္ကမာၻလုံးကိုအပိုင္ရထားသလိုေမာ္ခ်ီေနေတာ့တယ္။လက္ေကာက္ေလးေတြေရာင္းတဲ့ဆိုင္ကိုေတြ႕ေတာ့ထိုဆိုင္နားကိုေရွာင္းက်န႔္ကိုဆြဲေခၚသြားျပန္တယ္။ေခ်ာေမာခန႔္ညားတဲ့ေကာင္ေလးတစ္ေယာက္နဲ႔မ်က္ႏွာအုပ္ထားတဲ့ခပ္ေသးေသးလူတစ္ေယာက္လက္တြဲၿပီးဝင္လာတာကိုျမင္လိုက္တာနဲ႔ဆိုင္ရွင္ကသူ႔ပစၥည္းေတြေရာင္းထြက္ေအာင္အ႐ႊန္းေဖာက္ေတာ့တယ္။

"လူေလး....ေကာင္မေလးအတြက္ဝယ္ေပးမလို႔လား"

ဝမ္ရိေပၚကိုၾကည့္ၿပီးေျပာလိုက္တဲ့စကားေၾကာင့္ေရွာင္းက်န႔္ဟာေၾကာင္အသြားရတယ္။အခုဝမ္ရိေပၚကိုၾကည့္ၿပီးေျပာလိုက္တာဆိုေတာ့ေကာင္မေလးဆိုတာဘယ္သူ႔ကိုေျပာလိုက္တာလဲ။ေရွာင္းက်န႔္ရဲ႕မ်က္ခုံးေလးဟာအလိုမက်မႈေၾကာင့္တြန႔္ခ်ိဳးသြားရသည္။ဒီဆိုင္ရွင္ကိုသူၾကည့္မရေတာ့ဘူး။ဒါ့ေၾကာင့္ဝမ္ရိေပၚကိုင္ထားတဲ့လက္ကိုျဖဳတ္ကာဆိုင္ျပင္မွာသာေစာင့္ေနလိုက္သည္။ထြက္သြားတဲ့ေရွာင္းက်န႔္ကိုၾကည့္လိုက္ၿပီးဆိုင္ရွင္ကဝမ္ရိေပၚကိုတီးတိုးေျပာသည္။

"မင္းေကာင္မေလးကစိတ္ေကာက္ေနတာလား.."

"အင္း...အဲ့လိုပဲ...သူကနည္းနည္းဆိုးတယ္။ဆိုင္ရွင္..ဆင္တူဝတ္လို႔ရတာေလးမရွိဘူးလား"

"ရွိတယ္...ရွိတယ္..."

ဆိုင္ရွင္ကအျပာေရာင္ေက်ာက္ေလးေတြနဲ႔လုပ္ထားတဲ့လက္ပတ္ေလးကိုထုတ္ျပသည္။

"ဒီလက္ေကာက္ေလးရဲ႕နာမည္က သက္ဆုံးတိုင္တဲ့။ဒီလက္‌ပတ္ကိုဆင္တူဝတ္ထားတဲ့လူႏွစ္ဦးကသက္ဆုံးတိုင္ေပါင္းဖက္ရတတ္တယ္တဲ့"

ဆိုင္ရွင္ရဲ႕အေျပာကိုရိေပၚသေဘာက်သြားၿပီးထိုလက္ေကာက္ေလးကိုသာယူလိုက္သည္။တစ္ကြင္းကိုသူ႔လက္မွာဝတ္လိုက္ၿပီးေနာက္တစ္ကြင္းကိုေတာ့သူ႔နတ္သားေလးရဲ႕လက္မွာဝတ္ခိုင္းရမည္။ရိေပၚဆိုင္ေရွ႕မွာရပ္ေနတဲ့ေရွာင္းက်န႔္ရဲ႕လက္ေလးကိုဆြဲကာလက္ပတ္ေလးကိုဝတ္ေပးလိုက္သည္။သူ႔နတ္သားေလးကလက္ပတ္ေလးကိုကိုင္ရင္းသူ႔ကိုေမးသည္။

"ဒါကဘာလဲ..."

"ကိုယ္ေပးတဲ့လက္ေဆာင္ေလ...မေပ်ာက္ေစနဲ႔ေနာ္...လာ....တစ္ခုခုသြားစားၾကရေအာင္။ကိုယ္စားေနက်ဆိုင္ရွိတယ္။မင္းႀကိဳက္သြားေစရမယ္"

ေရွာင္းက်န႔္ျငင္းခ်ိန္ေတာင္မရလိုက္။ေရွာင္းက်န႔္ကိုရိေပၚဟာေခါက္ဆြဲဆိုင္တစ္ခုကိုေခၚသြားျပန္သည္။သူတို႔ႏွစ္ေယာက္ကိုျမင္ေတာ့စားပြဲထိုးေလးကေရာက္လာၿပီး

"လူႀကီးမင္းတို႔ဘာစားၾကမလဲ..."

"အသားလုံးေခါက္ဆြဲႏွစ္ပြဲ..."

ေခါက္ဆြဲရတာနဲ႔ရိေပၚကအားပါးတရစားေနေပမယ့္သူ႔နတ္သားေလးကထိေတာင္မထိေပ။

"ဘာလို႔လဲ...မႀကိဳက္လို႔လား..."

"ငါ....စားဖို႔အဆင္မေျပဘူး.."

ေရွာင္းက်န႔္သာစားမယ္ဆိုရင္မ်က္ႏွာကပုဝါကိုခြၽတ္မွရမည္။သူခြၽတ္လိုက္တာနဲ႔လူေတြရဲ႕အာ႐ုံကသူ႔ဆီကိုေရာက္လာလိမ့္မည္။မ်က္ႏွာမွာအုပ္ထားတဲ့ပုဝါေလးေၾကာင့္သူ႔နတ္သားေလးစားဖို႔အဆင္မေျပတာကိုသိသြားတဲ့ရိေပၚဟာစားပြဲထိုးေလးကိုပိုက္ဆံပစ္ေပးလိုက္ၿပီးသူ႔နတ္သားေလးရဲ႕မထိရေသးတဲ့ေခါက္ဆြဲပန္းကန္ေလးကိုယူလိုက္သည္။

"ပိုက္ဆံပိုေပးထားတယ္။ဒီေခါက္ဆြဲျပဳတ္ကိုပန္းကန္ပါယူသြားၿပီ"

စားပြဲထိုးေလးဟာျပန္ေျပာခ်ိန္ေတာင္မရလိုက္ပါေပ။ေခါက္ဆြဲပန္းကန္တစ္ဖက္နဲ႔ေရွာင္းက်န႔္ကိုဆြဲၿပီးထြက္သြားတဲ့ရိေပၚဟာအေဝးကိုေရာက္သြားေလၿပီ။ဝမ္ရိ‌ေပၚဟာေရေတြတသြင္သြင္စီးဆင္းေနတဲ့ေရတံခြန္ႀကီးအနားကိုေရာက္တာနဲ႔ေခါက္ဆြဲပန္းကန္ကိုခ်လိုက္တယ္။

"ဒီမွာဘယ္သူမွမရွိဘူး။စားလို႔ရၿပီ"

"ဒါကဘယ္ေနရာလဲ..."

"ဒါကကိုယ္ငယ္ငယ္တည္းကလာေနက်ေနရာ...ဘယ္လိုလဲ...လွတယ္မလား"

ရိေပၚကိုဘာမွျပန္မေျပာဘဲေရွာင္းက်န႔္ဟာမ်က္ႏွာကပုဝါေလးကိုခြၽတ္ၿပီးေခါက္ဆြဲကိုထိုင္စားေတာ့တယ္။ရိေပၚေျပာတာမွန္တယ္။ေခါက္ဆြဲကတကယ္ကိုေကာင္းလြန္းတယ္။ရိေပၚကေတာ့ေခါက္ဆြဲကိုသာအာ႐ုံစိုက္ေနတဲ့သူ႔နတ္သားေလးရဲ႕မ်က္ႏွာလွလွေလးကိုေငးၾကည့္ေနမိတယ္။

"ကိုယ္စိတ္ညစ္ေနတဲ့အခ်ိန္တို႔၊တစ္ေယာက္တည္းေနခ်င္တဲ့အခ်ိန္မ်ိဳးဆိုဒီမွာလာအိပ္ေလ့ရွိတယ္။ၿပီးေတာ့...အိုက္ယိုး..."

အေနာက္မွာေျမျပင္ရွိတယ္အထင္နဲ႔လက္ေထာက္မိတဲ့ဝမ္ရိေပၚဟာေရထဲကိုပလုံခနဲျပဳတ္က်သြားရတယ္။ရိေပၚျပဳတ္က်သြားတဲ့ပုံဟာတအားရယ္ရလြန္းလို႔ေရွာင္းက်န႔္မထိန္းႏိုင္ဘဲရယ္လိုက္မိေတာ့တယ္။ရိေပၚေရထဲကျပန္ထလိုက္တဲ့အခ်ိန္မွာသူ႔ကိုအလွဆုံးျမင္ကြင္းတစ္ခုကဆီးႀကိဳလို႔ေနတယ္။သူ႔နတ္သားေလးကရယ္ေနတာ။ၿပဳံးတာေတာင္မဟုတ္။ယုန္သြားေလးေတြေပၚၿပီးမ်က္လုံးေလးေတြပိတ္သြားတဲ့အထိကိုအားရပါးရရယ္ေနတာ။

"မင္းရယ္တာ တကယ္ကိုလွလြန္းတယ္..."

ရိေပၚရဲ႕စကားကိုၾကားလိုက္တဲ့ေရွာင္းက်န႔္အရယ္ရပ္သြားရတယ္။ဒီတစ္ခါေတာ့ရိေပၚစိတ္ထင္တာမဟုတ္ခဲ့ပါ။ေရွာင္းက်န႔္ရဲ႕ပါးႏုႏုေလးေတြကတကယ္ကိုနီ‌ေနခဲ့ပါသည္။

___________________________

23.5.2020

ဒီအပိုင္းေရးတာတကယ္ကိုအားမရဘူး။ေတြးထားတာကအႀကီးႀကီး...အခုေတာ့ဘာေတြေရးမိလိုက္မွန္းေတာင္မသိဘူးಥ╭╮ಥ
Voteတစ္ရာေက်ာ္ရင္ျပန္လာခဲ့ပါ့မယ္။







Continue Reading

You'll Also Like

870K 57.3K 34
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တယ်.. ဒါပေမယ့်သူဝန်ခံတဲ့နေ့မ...
983K 30.4K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
61.6K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙
26.6K 1K 21
'𝑺𝒖𝒊𝒄𝒊𝒅𝒂𝒍' [𝑴𝒆𝒂𝒏𝒊𝒏𝒈: 'Deeply unhappy or depressed and likely to commit suicide'] "𝚂𝚊𝚢 𝚌𝚑𝚞𝚞𝚢𝚊-𝚜𝚊𝚗 𝚑𝚊𝚟𝚎 𝚢𝚘𝚞 𝚊𝚌𝚌𝚎�...