​ေရ​ေျမျခား၍ ခ်စ္​မိ​ေသာ္​လည္...

By Park_Byun_6104

533K 72.4K 6.1K

လူမ်ိဳး​ေရးခြဲျခားတတ္​သည္​့ မင္​းရထာဆိုတ့ဲ​ေကာင္​​ေလးႏွင္​့ အဂၤလန္​သား song တို႔..​ေတြ႔ဆံုခ်စ္​ႀကိဳက္​မိ​ေသာအ... More

1
2
3
4
5
6
7
8
9
10
11
12
13
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40
41
42
43
44
45
46
47
48
49
50
51
52
53
54
55
56
57
58
59
ဇာတ္​သိမ္​းပိုင္​း
​ေက်းဇူးတင္​လႊာ

14

9.2K 1.5K 75
By Park_Byun_6104

စကားေျပာသံေတာင္ မလာေတာ့သည့္ တစ္ဖက္က ခ်စ္ရတဲ့သူေၾကာင့္ ေနေစာ ရင္နာနာၿပဳံးမိသည္။ songေၾကာင့္ ရည္းစားေဟာင္းျဖစ္ခဲ့တဲ့ ကိုယ့္ကိုေတာင္ ေရွာင္ဖယ္ေနၿပီတဲ့လား ရထာ။ ရင္နာလိုက္တာကြာ ရထာရာ။ ဖုန္းကို လက္တစ္ဖက္က ကိုင္ထားလ်က္ပင္ 

အရက္တစ္ခြက္ကို ေနေစာ ေမာ့ေသာက္လိုက္သည္။ ပူရွိန္းရွိန္း အရက္အရသာက ရင္ထဲက အပူကိုမမွီ။

"စကားျပန္ေျပာဦးေလ အခ်စ္"

"မင္းမူးေနၿပီ ေနေစာ အိမ္ေကာင္းေကာင္းျပန္ ဒါပဲေနာ္"

"ဖုန္းမခ်ပါနဲ႕ ေတာင္းပန္ပါတယ္"

ခ်ဖိဳ႕ ျပင္ေနေသာ ရထာ့လက္ ေလထဲမွာ ရပ္တန႔္သြားသည္။ သက္ျပင္းခ်လ်က္ နားသို႔ ဖုန္းျပန္ကပ္လိုက္မိသည္။

"မူးေန...ၿပီ...ရထာ...night barက VIPအခန္းထဲမွာ...ကိုယ့္..ကို...လာေခၚ..ပါ... "   

"မရဘူးေလ ေနေစာရာ ညႀကီးကို"       "မင္းမလာ..မခ်င္း...မျပန္ဘူးမို႔....ႀကိဳက္သ..လို..လုပ္ပါ"

"ဟယ္လို ေနေစာ! ေနေစာ! က်စ္!"

စိတ္ရႈပ္ရႈပ္နဲ႕ ရထာ ေခါင္းကုတ္ေနမိသည္။ ေတာ္ေတာ္ ဒုကၡေပးတဲ့ ေနေစာေပ။ ျပန္ခ်င္ျပန္ မျပန္ခ်င္ေနဆိုကာ မသြားဘူးဟုဆုံးျဖတ္ၿပီး အိပ္ရာထဲ ျပန္ေကြးေနလိုက္သည္။ အေတာ္တန္ၾကာသည္အထိ  အိပ္ဖို႔ ႀကိဳးစားေပမယ့္ barမွာပဲ တကယ္ေနေနတယ္ဆိုရင္ ဘယ္လိုလုပ္မလဲ။ ထို႔အျပင္ စိတ္ညစ္ညစ္နဲ႕ ရန္ေတြေလွ်ာက္ျဖစ္ေနရင္ေကာ ဘယ္လိုလုပ္ရမည္နည္း။ ေနာက္ဆုံး မတတ္နိုင္သည့္အတြက္ အိပ္ရာထဲမွ အျမန္ထကာ အေပၚဂ်ာကင္ကို ယူခဲ့ၿပီး အခန္းထဲက ထြက္လာကာ songအခန္းေရွ႕အေရာက္ အခန္းတံခါးကိုထုလိုက္သည္။

"song! song! အိပ္ၿပီလား တံခါးဖြင့္ဦး!"

"လာၿပီ!!"

song အသံၾကားမွ တံခါးကို ထုေနတာ ရပ္လိုက္သည္။ အိပ္ခ်င္မူးတူးႏွင့္ တံခါးဖြင့္လာသည့္ songကို ျမင္ေတာ့ ရထာၿပဳံးလိုက္မိေသးသည္၊

"ဘာလို႔လဲ"

"ငါနဲ႕barကို လိုက္ခဲ့ပါလား။ ေနေစာ မူးေနလို႔"

"အင္း လိုက္ခဲ့မယ္ေလ သြားစို႔"

"ေက်းဇူး"

songၿပဳံးျပလိုက္သည္။ ဒီလုပ္ရပ္အတြက္ ေမးခြန္းထပ္ေမးစရာမလိုေအာင္ အေျဖရွိၿပီးသား ျဖစ္သည္။  ေနေစာအေပၚ စိတ္မရွိေတာ့၍ အထင္မလြဲေစရန္ ေနာက္ကြယ္ကမျပဳဘဲ အတူလိုက္ေစေၾကာင္း ထင္ရွားလွသည္။ songက ဗီဒိုထဲက အေႏြးထည္ပါးတစ္ထည္ကို ျပန္သြားယူၿပီး ရထာနဲ႕အတူ ၿခံထဲဆင္းလာခဲ့သည္။

"ၿခံေရွ႕မွာ သြားေစာင့္ေန "

ၿခံမွာ ဆိုင္ကယ္စက္ႏွိုးပါက အေဖနိုးသြားနိုင္သျဖင့္ ၿခံေစာင့္ေရာက္မွ ႏွိုးရမည္။ songကို ၿခံေရွ႕အရင္သြားခိုင္းလိုက္ၿပီး ဆိုင္ကယ္ထုတ္ရသည္။ ၿပီးေနာက္ ႏွစ္ေယာက္သား ဘားကို ဦးတည္လ်က္ ။

မီးေရာင္စုံမ်ားက လမင္း၏ ဝင္းဝါဝါအေရာင္ႏွင့္အၿပိဳင္ ေတာက္ပလ်က္ရွိသည့္ ဤေနရာဘားအဝင္၌ ရထာ စိတ္ေတြ ေလးလံလ်က္ရွိသည္။ ရထာက သြားေနတာကို ရပ္ၿပီး ေနာက္ကို လွည့္လိုက္ကာ...

"အျပင္မွာပဲ ေနခဲ့လိုက္ေလ ေနေစာျပႆနာရွာမွာမလို႔"

"မဟုတ္လည္း အျပင္ထြက္လာရင္ ေတြ႕ရမွာပဲကို။ လာပါ အတူသြားက်စိဳ႕"

ရထာ့ခါးကေန ဖက္လ်က္ ႏွစ္ေယာက္သား ဘားထဲဝင္လာၿပီး ဝန္ထမ္းအကူအညီနဲ႕ ေနေစာရွိရာ အခန္းသို႔ သြားရသည္။ အခန္းထဲကိုလည္း songက ဝင္မလို႔ျပင္ေနတာေၾကာင့္ ေနေစာေဒါသကိုရထာသိသျဖင့္ မလိုက္ခဲ့ဖို႔ ရထာတားမိသည္။

"အျပင္မွာ ေနခဲ့ပါ"

"အိုေက"

songက ၿပဳံးျပရင္း က်န္ခဲ့သည္။ အခန္းထဲကို ဝင္ဝင္ခ်င္း စားပြဲေပၚမွာထိုင္ရင္း ပုလင္းလိုက္ေမ့ာေနသည့္ ေနေစာကို ေတြ႕ရသည့္အခါ ရထာမ်က္ေမွာင္ႀကဳံ႕မိသည္။

ေတာ္ေတာ္ေလး ပ်က္စီးေနၿပီပဲ။ အနားကိုသြားလိုက္ၿပီး ေမာ့ေနသည့္ပုလင္းကို ရထာဆြဲယူလိုက္သည္။ 

"လာသား...အင့္...ပဲ...စိတ္ပူ..ေနတာ"

ယိုင္နဲ႕ေနသည့္ ခႏၶာကိုယ္ကို မနည္းအားယူထကာ ေရွ႕မွာ ရပ္ေနသည့္ ရထာ့ကို ခပ္တင္းတင္းေပြ႕ဖက္ထားလိုက္သည္။

"ေနေစာ"

"ျပန္တြဲ..ေပးပါ...ကိုယ္နဲ႕...ျပန္ေနေပးပါ"

"အိမ္ျပန္ရေအာင္ ေနေစာ"

ေနေစာ ရင္ဘက္ကို တြန္းေတာ့ မဖယ္ေပးဘဲ ပို၍ တင္းတင္း ဖက္ထားသည္။ ရထာဆက္၍ တြန္းသည္။ သို႔ေသာ္လည္း ေနေစာက လြတ္သြားသည့္ ရထာ့ကို ဆြဲယူၿပီး ျပန္ဖက္သည္။ 

"ေနေစာ!!"

"ကိုယ္ဖက္တာေတာင္ မခံခ်င္ေတာ့ဘူးလား!!!!!"

ရထာ့လက္ေမာင္းကေန ဆြဲကိုင္ကာ ကိုယ္ကိုလႈပ္ယမ္းၿပီးေမးေတာ့ ေၾကာက္လန႔္သလိုၾကည့္လာသည္။ ဒါဘာသေဘာလဲ အခုကိုယ့္အသားနဲ႕ ထိေတြ႕ရမွာကိုေတာင္ ေၾကာက္လန႔္ေနၿပီတဲ့လား။ 

"ေနေစာ မင္း...မင္း...မူးေနၿပီ."

"ကိုယ္မမူးဘူး!!"

လက္ေမာင္းကို မကိုင္ေတာ့ဘဲ ဘယ္ဘက္လက္ေကာက္ဝတ္ကို ဆြဲကိုင္ေတာ့ က်ဴးေက်ာ္ေနရာယူထားသည့္ ဝါးလက္ေကာက္တစ္ခုကို ေတြ႕လိုက္ရသည္။ ဒါအရင္က ရထာဝတ္တာ မျမင္ဖူးပါဘူး။ ဘာလဲဆိုတာ သိရေအာင္ လက္ကို ပိုၿပီး နီးနီးကပ္ကပ္ဆြဲယူလိုက္သည္။

"အာ့!! ေနေစာ!!"

"ဒါ..ဒါ.."

ဝါးလက္ေကာက္ေပၚမွာ ေရးဆြဲထားသည့္ ပန္းခ်ီက ေနေစာရင္ကို အက်ည္းတန္႐ုပ္ဆိုးေစသည္။ မယုံျခင္းမ်ားစြာ ထိုဝါးလက္ေကာက္အား စိုက္ၾကည့္ေနၿပီး

အံႀကိတ္ထားေနမိသည္။ 

"ငါနာေနၿပီ ေနေစာ လႊတ္ေတာ့ကြာ!!"

"songကို လက္ခံလိုက္ၿပီလား ရထာ။ ငါအကုန္ျမင္တယ္ ရထာ လက္ခံလိုက္ၿပီလား ဟမ္ လက္ခံလိုက္ၿပီလားလို႔!!!"

"ေနေစာ!! မင္းလြန္ေနၿပီေနာ္!!"

"ခြၽတ္ပစ္ အဲ့ဒါကို ခြၽတ္ပစ္လို႔!!!"

"ေနေစာ!!"

ေနေစာက ဝါးလက္ေကာက္ကို အတင္းဆြဲျဖဳတ္ေနတာေၾကာင့္ သူလက္ထဲက လက္ကို ရထာ႐ုန္းသည္။ ေနေစာက ဂ်ိဳင္းၾကားထဲ ရထာ့လက္ကို ညွပ္ထားၿပီး လက္ေကာက္ကို 

အတင္းအၾကပ္ မရမကျဖဳတ္ေနသည္။ ႏွစ္ဦးသား ႐ုန္းရင္းဆန္ခတ္ျဖစ္ေနၾကသည္မို႔ လက္ေကာက္ဝတ္ႏွင့္ ဝါးအသားတို႔ ပြတ္ဆြဲသည့္အခါ ရထာနာက်င္လာသည္။ ထို႔ထက္ songကိုယ္တိုင္ ကြၽန္းနက္နဲ႕ ထုလုပ္ေပးထားသည့္ ႀကိမ္လက္ပတ္ေလး က်ိဳးသြားမွာ စိုးရိမ္လွသည္။

"ေနေစာ!!!!"

ေနာက္ေက်ာကို အားျပင္းျပင္းနဲ႕ တြန္းထည့္လိုက္ေတာ့ စားပြဲေပၚ ဝ႐ုန္းသုန္းကား ေနေစာက်သြားရသည္။ ဒီပစၥည္းတစ္ခုအတြက္ လုပ္ရက္ေလသလားလို႔ ရထာ့ကိုၾကည့္မိေတာ့ မုန္းတီး႐ြံရွာေနသည့္ မ်က္ဝန္းအၾကည့္မ်ားက ခရီးႀကိဳသည္။ ဟင့္အင္း 

အဲ့လိုမၾကည့္ပါနဲ႕ မခံနိုင္လို႔ပါ ေတာင္းပန္ပါတယ္။

"ေတာင္း...ေတာင္းပန္..ပါတယ္..."

"ငါမင္းကို သူငယ္ခ်င္းသံေယာဇဥ္ရွိလို႔ ဒီထိလာေခၚတာ ေနေစာ ငါ့ကို သံေယာဇဥ္ျပတ္ေအာင္ မလုပ္ပါနဲ႕ ေရွ႕မွာ songေစာင့္ေနတယ္။ သြားစို႔"

"သူ႕ကိုပါေခၚလာတဲ့အထိ ငါ့စိတ္ကိုေတာင္ မငဲ့ကြက္ေတာ့ဘူးလား"

ေနေစာလည္း အမူးေျပေနၿပီဟု ရထာထင္မိသည္။ စိတ္တိုတစ္လွည့္ စိတ္အားငယ္တစ္ခါ ျဖစ္ေနေသာ ေနေစာသည္ မည္သို႔ျဖစ္ေနသနည္း။ အခုလည္း စူးစူးရဲရဲမ်က္လုံးေတြႏွင့္ ကိုယ့္ကိုအမဲဖ်က္ေတာ့မလို စိုက္ၾကည့္ေနသည္။

"မင္းေတာင္ ငါ့အေပၚငဲ့ကြက္ခဲ့ဖူးသလား ေနေစာ။ ငါ မင္းအေပၚ ျဖစ္ခဲ့ဖူးတယ့္ သံေယာဇဥ္ေၾကာင့္ ဒီေလာက္ထိ ငဲ့ကြက္ေနတာ"

"ဘာကိုငဲ့ကြက္တာလဲ ကိုယ့္ခံစားခ်က္ေတြကို သိရက္နဲ႕ မသိဟန္ေဆာင္တာ ငဲ့ကြက္တာလား!!! ဟင္!! ငဲ့ကြက္တာလား!!!"

မတ္တပ္ရပ္လိုက္ကာ သူ႕ရင္ဘက္ကို တဒုန္းဒုန္း လက္နဲ႕ပုတ္ရင္း ေနေစာက ေမးလာသည္။ အရင္ကအခ်ိန္ေတြကို ျပန္ေတြးမိတိုင္း ရထာ့ရင္ဘက္တစ္ခုလုံး စုတ္ျပတ္သြားသလို နာက်င္ရသည္။ ဝဲတက္လာသည့္မ်က္ရည္ေတြကို က်မလာေအာင္ ရထာထိန္းလိုက္သည္။

"မင္းက်မွ ခံစားတတ္ခ်ည္ဆိုပါ့လား ေနေစာ ။ ဒါေတာင္ ငါမင္းကို ပစ္ပစ္ခါခါ ရွိသမွ် သံေယာဇဥ္အကုန္မျဖတ္ခဲ့ဘူးေနာ္ ေနေစာ။ မင္းတုန္းက လုပ္ခဲ့တာကို ျပန္စဥ္းစားၾကည့္စမ္း ေနေစာ ဟမ္! ႏွစ္လြန္တဲ့ ခ်စ္သူသံေယာဇဥ္ကို မိန္းမတစ္ေယာက္အတြက္ျဖတ္ခဲ့တာ။ ျဖတ္တာေတာင္ ငါတို႔ရဲ႕ႏွစ္ျပည့္မွာ အဲ့မိန္းမလက္ကို ဆြဲကိုင္လာၿပီး ငါ့ကိုနင္းေျခခဲ့တာ။ မင္းေျခရင္းမွာ ငါ့မာနမွမေထာက္ ျပားျပားဝပ္ေနတယ့္ ငါ့ကို နင္းေျခသြားခဲ့တာ။ မိန္းမတစ္ေယာက္ရဲ႕ အထင္ေသးတဲ့အၾကည့္ေတြၾကားထဲ မင္းကို  ျပန္ပါလာမလားဆိုတဲ့ အသိနဲ႕ နာမွန္းသိပါရဲ႕ ဆြဲထားခဲ့တာ။ မင္းပဲငါ့ကို ေက်ာခိုင္းထြက္သြားခဲ့တာ!!!!"

ေနေစာမ်က္ႏွာေပၚ ရထာ့ရဲ႕ မေက်နပ္ခ်က္အျဖစ္ လက္သီးတစ္ခ်က္ က်လာသည္။ ေနေစာ မေရွာင္ျဖစ္ပါ။ ထိုးပါ ႀကိဳက္သေလာက္ ခံစားရသေလာက္။ ၿပီးရင္ေတာ့ ရွင္သန္ေနဆဲ အခ်စ္ကို ျပန္လက္ခံေပးပါ။

"မင္းငါ့ဆီျပန္လာတာေတာင္ လုပ္ခဲ့တာေတြအတြက္ အားနာမႈရွိရဲ႕လာ ေနေစာ ဟမ္!!! မင္းသာ အားနာရင္ ငါ့ကိုခ်စ္တယ္လို႔ ေျပာမွာမဟုတ္ဘူး မင္းရဲ႕ မာနကို မေလ်ာ့ဘဲ ငါ့ကို အထက္စီးက လာမဆက္ဆံနဲ႕ ေနေစာ ငါမင္းကို မခ်စ္ဘူး!! ငါခ်စ္တာsongကို ဒါေၾကာင့္မို႔ ငါ့ရင္ခြင္ကဇရပ္မဟုတ္တဲ့အတြက္ ထပ္ၿပီးလာမနားနဲ႕!!! ငါ့ရင္ခြင္က တကယ္ခ်စ္ရတဲ့သူကို ေႏြးေထြးမႈေပးမယ့္ အိမ္တစ္အိမ္မို႔ ေက်ာခိုင္းထြက္သြားတဲ့ သူေတြကို ျပန္မလိုလားဘူး!!

ဒါေၾကာင့္မို႔ ေနာက္တစ္ခါ မင္းေပးခဲ့တဲ့ ငါ့ဒဏ္ရာေတြကိုျပန္မေဖာ္နဲ႕ ငါ့ကိုခ်စ္ရင္ေပါ့..မင္းလည္း အမူးေျပၿပီထင္ပါတယ္ ကိုယ့္ဘာသာျပန္လိုက္ေတာ့"

ပါးျပင္ေပၚ ေနရာယူထားသည့္ မ်က္ရည္ေတြကို လက္ဖဝါးနဲ႕ ပြတ္ဆြဲကာ ေနေစာကို ရထာေက်ာခိုင္းလိုက္သည္။ 

"လက္မေလ်ာ့ဘူးမို႔ မင္းကိုရေအာင္ယူမွာပါ"

တံခါးဆီ လွမ္းေနသည့္ ရထာ့ေျခလွမ္းေတြ ရပ္တန႔္သြားသည္။ ရထာ နာနာက်င္က်င္ၿပဳံးမိသည္။ မင္းက သိပ္ကိုတစ္ကိုယ္ေကာင္းဆန္လြန္းတယ္ ေနေစာ။

"မင္းလုပ္ခ်င္တာလုပ္ပါ။ ဒါေပမယ့္ songကိုေတာ့ အႏၲရာယ္မေပးနဲ႕။ မဟုတ္ရင္ မင္းရထာရဲ႕ မုန္းတီးမႈကို မင္းတစ္သက္လုံးခံစားေစရမယ္ ေနေစာ။ ေကာင္းေကာင္းျပန္"

ရထာထြက္သြားတာႏွင့္ စားပြဲကို မွီကာ အားမရွိေတာ့သလို ၾကမ္းျပင္ေပၚ ထိုင္ခ်လိဳက္သည္။ ခံလိုက္စမ္း ခံလိုက္စမ္းပါ ေနေစာ။ မင္းရဲ႕ အျပစ္ေတြအတြက္ ခံလိုက္စမ္းပါ။ ခံလိုက္စမ္းပါ။

"ခံလိုက္စမ္းပါ ခံလိုက္!!"

စားပြဲေစာင္းနဲ႕ ကိုယ့္ေနာက္စိကိုယ္ ေနေစာ တိုက္ေနမိသည္။ နာက်င္လိုက္စမ္းပါ။ရင္ထဲက ေသြးထြက္သံယိုျဖစ္ေနတဲ့ ႏွလုံးသားနာက်င္မႈထက္ ပိုၿပီးနာက်င္လိုက္စမ္းပါ။ ဒါမွ နာက်င္လွတယ့္ ႏွလုံးသားတစ္စုံကို ေမ့နိုင္မွာမို႔ နာက်င္လိုက္စမ္းပါ။ 

"ရထာ ေတာင္းပန္ပါတယ္!!! အား!!! ရထာရာ..."

ေမွာက္လ်က္ေနလိုက္ၿပီး နဖူးနဲ႕ ၾကမ္းျပင္ကိုေဆာင့္ေနမိသည္။နာက်င္လိုက္စမ္းပါ။ နာက်င္လိုက္စမ္းပါ။ ရင္တြင္းဒဏ္ရာထက္ ပိုၿပီး နာက်င္လိုက္စမ္းပါ။

အခန္းထဲက ထြက္လာတဲ့ရထာက ဘားအျပင္ကို ေျပးထြက္သြားသည္မို႔ song အျမန္လိုက္ရသည္။

"ရထာ"

ေရွ႕ကေန မေျပး႐ုံတမယ္ လမ္းေလွ်ာက္သြားေနသည့္ ရထာ့ကို အမွီလိုက္ကာ လက္ေမာင္းကို ဆြဲလိုက္ေတာ့ ရင္ခြင္ထဲ တန္းတိုးဝင္သည္။ ေနေစာ ပါမလာပုံအရ ျပႆနာတက္ခဲ့သည္ ထင္သျဖင့္ သက္ျပင္းခ်လွ်က္သာ ရထာ့အားေပြ႕ဖက္ထားလိုက္မိသည္။

"မင္းလည္း ငါ့ကို မိန္းမတစ္ေယာက္အတြက္ ထားသြားခဲ့ရင္ ငါေသမယ္ထင္တယ္"

"ကိုယ္အခ်စ္ရဆုံး မိန္းမက ကိုယ့္ကို ေမြးထုတ္ေပးတဲ့ အေမအျပင္ မရွိပါဘူးကြာ။ ဒီလိုပဲ ကိုယ္ခ်စ္ရတဲ့သူက ေယာက်ာ္းေလးျဖစ္ေပမယ့္လည္း လက္ခံထားတဲ့သူပါ"

"ငါေၾကာက္တယ္"

"အျပန္က် က်ဳံးေဘးလမ္းႀကဳံတယ္မလား။ ၁၂မေက်ာ္ေသးေတာ့ ေနလို႔ရမယ္ထင္တယ္။ စိတ္ေျဖရေအာင္ေလ။ ကိုယ္ေမာင္းမယ္ ေသာ့ေပး။ "

အိတ္ေထာင္ထဲက ေသာ့ကို songဆီေပးလိုက္သည္။ ရထာ့ကိုဒီေနရာမွာပဲ ေစာင့္ခိုင္းခဲ့ကာ

ဆိုင္ကယ္ထားတဲ့ေနရာဆီ songသြားရသည္။ အငိုရပ္သြားေပမယ့္မခ်မ္းသာတဲ့စိတ္ေၾကာင့္ 

ခပ္ငိုင္ငိုင္သာ songကိုရပ္ေစာင့္ေနလိုက္သည္။ မၾကာပါ ရထာ့ေရွ႕လာရပ္သည့္ ဆိုင္ကယ္တစ္စီး။ ေနာက္မွာဝင္ထိုင္လိုက္ၿပီး songေက်ာျပင္ေပၚ ပါးအပ္ကာ ခါးကိုဖက္ထားလိုက္မိသည္။ မႏၲေလးေႏြညမွာ ဆိုင္ကယ္စီးရသည့္ အခ်ိန္သည္ ေအးခ်မ္းလွသည္။

"စိတ္မညစ္ပါနဲ႕ မင္ရန္ထာ"

"မေခၚတတ္ရင္ မေခၚနဲ႕လို႔ ေျပာေနတာကို"

႐ုတ္တရက္ ဗိုက္ေခါက္ကို လာဆြဲသည့္ လက္ကေလးေၾကာင့္ songၿပဳံးမိလိုက္သည္။ ခါးကိုဖက္လ်က္ ဗိုက္ေရွ႕မွာ ခ်ိတ္တြယ္ထားသည့္ ရထာ့လက္ေလးကို ဆိုင္ကယ္အား ဘယ္ဘက္လက္လႊတ္၍ ဆုပ္ကိုင္ထားမိလိုက္သည္။

"ေသခ်ာေမာင္းပါ"

"ရပါတယ္ လူနည္းနည္းရွင္းေတာ့ အဆင္ေျပတယ္"

ရထာ့ရဲ႕ ညာဘက္လက္ဖဝါးကို songက သူ႔ဘယ္လက္ဖဝါးျဖင္​့ ယွက္သြယ္လိုက္သည္။ ရထာၿပဳံးလိုက္ၿပီး ေနာက္ေက်ာျပင္ေပၚ နဖူးအပ္လိုက္ကာ songရဲ႕ လက္ကို ျပန္ဆုပ္ကိုင္လိုက္သည္။ မင္းရဲ႕ အထိအေတြ႕ကကို ငါ့ကိုႏူးညံ့ေစပါတယ္။ 

 

က်ဳံးလမ္းမႀကီးေပၚမွာ ဆိုင္ကယ္တစ္စ ကားတစ္စရွိေနေသးသည္။ ၁၀နာရီေက်ာ္ေက်ာ္ဆိုေတာ့ မႏၲေလးၿမိဳ႕ႀကီးက သိပ္ေတာ့မတိတ္ေသးပါ။ မႏၲေလးစည္ပင္႐ုံးေရွ႕က ေရပန္းအနားမွာ ခဏရပ္လ်က္ ႏွစ္ဦးသား က်ဳံးေဘာင္ဆီ ေလွ်ာက္လာခဲ့သည္။

"လွလိုက္တာ.."

မႏၲေလးနန္းၿမိဳ႕ႀကီးေနာက္တြင္ရွိသည့္ ကတၱီပါနက္ျပာေရာင္အစေပၚတြင္ စိန္ပြင့္ေရးထိုးထားသလိုေကာင္းကင္ႀကီးသည္ ျမင္ရသူ ရင္သပ္ဖြယ္ျဖစ္သည္။ 

မ်က္ႏွာကို တိုက္ခိုက္လာသည့္ ေလႏုေအးေအးေၾကာင့္ လက္ႏွစ္ဖက္ကို ဆန႔္တန္းကာ ရထာလက္ခံမိသည္။ songကေတာ့ ေဘးမွာ နန္းၿမိဳ႕ရိုးရဲ႕ ညျမင္ကြင္းကို ဓာတ္ပုံရိုက္လ်က္ရွိသည္။

"နာက်င္ရဲ႕သားနဲ႕ ဘာလို႔ေဘးမွာထားထားရတာလဲ"

songဘက္က စကားစေျပာလာသည္။ စတီးတို႔ျဖင့္ လုပ္ထားေသာ ကန္ေဘာင္ေပၚ လက္ေထာက္၍ ရထာၿပဳံးလိုက္မိသည္။

"ငါဘယ္ေလာက္ထိ နာက်င္ခဲ့ရသလဲဆိုတာ ငါအသိဆုံးပါ။ အဲ့လိုမ်ိဳး ေနေစာကို မခံစားေစခ်င္ဘူး။ ဒါဟာ ငါသူ႕အေပၚစိတ္ယိုင္ေနလို႔ မဟုတ္ဘူး song။ ထပ္ၿပီး မပတ္သတ္ခင္ကတည္းက ငါ့အခ်စ္ထပ္ရဖို႔ မေမွ်ာ္လင့္ပါနဲ႕လို႔ ေျပာၿပီးသား။ သူက ထပ္ေမွ်ာ္လင့္ေတာ့ သူသာနာက်င္ရတာေပါ့"

"ဒါေပမယ့္ မင္းရဲ႕စိတ္ထဲမွာ ခုခ်ိန္ထိ အဲ့အျဖစ္အပ်က္ကို ဒဏ္ရာအျဖစ္ေမြးထားတုန္းမလား။"

"ေမြးထားတာ မဟုတ္ပါဘူး။ မေမ့နိုင္ေလာက္တဲ့ အိပ္မက္ဆိုးမလို႔ အၿမဲသတိရေနတာပါ။ ဒါေၾကာင့္ ငါမင္းကိုလြယ္လြယ္နဲ႕ အေျဖျပန္မေပးနိုင္ေသးတာေပါ့ song"

"ဒါဟာ ကိုယ့္စိတ္ကို သတ္တာလို႔ ေဝဖန္ပါရေစ ရထာ"

songကို ရထာလွည့္ၾကည့္လိုက္သည္။ songက ထပ္ေျပာသည္။

"မင္းနဲ႕ ေလေဆာ ခ်စ္သူျဖစ္တဲ့အခ်ိန္ သူေျပာင္းလဲလာတာကို အနည္းနဲ႕အမ်ားေတာ့ မင္းရိပ္မိမွာပါ။ အဲ့အခ်ိန္မွာ သူ႕ကိုခ်စ္တဲ့ စိတ္နဲ႕ မဟုတ္ေလာက္ပါဘူး မဟုတ္ေလာက္ပါဘူးဆိုၿပီး တင္းခံေနေနခဲ့ေပမယ့္ တကယ္တမ္း အဟုတ္ျဖစ္လာတဲ့အခ်ိန္မွာ တင္းခံသမွ်ေတြက ပြင့္ထြက္ကုန္ၿပီး နာက်င္လာရတာပါ။ အမွန္ကို သိရဲ႕နဲ႕ မဟုတ္ေလာက္ပါဘူးေလဆိုတဲ့ ေမွ်ာ္လင့္ခ်က္မထားပါနဲ႕ရထာ

နာက်င္ရပါတယ္"

"ဒါဆို ငါမင္းကိုယုံသင့္လား"

"မင္းစိတ္ေဆာင္ရာကိုသာ လိုက္ခဲ့ပါ။ "

"စကားေတြတတ္ေနတာ"

ႏွစ္ေယာက္သား ရယ္မိၾကသည္။ ဟုတ္သည္ songေျပာတာ မွန္သည္။ ေနေစာရဲ႕ ေျပာင္းလဲမႈေတြကို ရိပ္မိခဲ့ေပမယ့္ မဟုတ္ေလာက္ပါဘူးဆိုၿပီး သိသိရဲ႕ ေမွ်ာ္လင့္ခဲ့တာ။ ဒါေပမယ့္ songကေတာ့ ေနေစာလို မျဖစ္နိုင္ပါဘူးဆိုတာသိေပမယ့္ ယုံခ်င္ရဲ႕နဲ႕ မယုံရဲေသးတာ။ အခုေတာ့ ရွင္းရွင္းလင္းလင္းသိပါၿပီေလ။ ေလးေနသည့္ မိမိစိတ္သည္လည္း သူ႕ရဲ႕ေျဖရွင္းစကားေနာက္ ေတာ္ေတာ္ေလး လန္းဆန္းလာသည္။

"ျပန္စို႔ေလ အရမ္းေနာက္က်လိမ့္မယ္"

"ဟုတ္ၿပီ"

အျပန္လမ္းကို songပဲေမာင္းသည္။ အိမ္ျပန္သည့္ လမ္းတစ္ေလွ်ာက္ ေနာက္ကေန songခါးကိုဖက္ ပါးအပ္ထားလိုက္ၿပီး သူကေတာ့ ညာလက္ဖဝါးႏွင့္ သူ႕ဘယ္လက္ဖဝါးကို ဆုတ္ကိုင္ထားသည္။ မႏၲေလးၿမိဳ႕ က်ဳံးလမ္းႀကီးမွ ဖယ္ခြာခ်ိန္၌ ေအးစက္စက္ ေလေအးကို မခံစားရေတာ့ဘဲ ေလပူသာ တိုက္ခိုက္လာေတာ့သည္။စကိုဖီးလ္ဆိုင္ကယ္ေလးသည္ မႏၲေလးလမ္းထက္ တစ္ေ႐ြ႕ေ႐ြ႕။

......................................................................
ေဈးခ်ိဳကိုပဲ ဦးတည္သြားေသာ ခရီးမဟုတ္သည့္အတြက္ ေဘာင္းဘီႏွင့္ရွပ္အကၤ်ီေတာ့ ဝတ္ခြင့္မရခဲ့ပါ။ ေဈးခ်ိဳအနီးအနားမွာ ရွိသည့္ ဘုရားေတြကို ဝင္ဖူးမည္ျဖစ္သည့္အတြက္ အကၤ်ီအျဖဴလက္ရွည္ႏွင့္ ပုဆိုးသာ ဝတ္ခဲ့ရသည္။ 

"ဘယ္သြားသြား ဒီက်ဳံးကို ျဖတ္ရတယ္ေနာ္"

ေဈးခ်ိဳကို က်ဳံးလမ္းကေန သြားသျဖင့္ songက အံံ့ၾသသလိုေမးသည္။

"အင္း အရင္မင္းေတြက သူတို႔မ်က္ႏွာမူလိုက္တဲ့ အရပ္တိုင္းမွာ ဘုရားရွိရမယ္ဆိုၿပီး တည္ထားက်တာေလ။ အမ်ားႀကီးက်န္ေသးတယ္။ မင္းတို႔ နိုင္ငံျခားသားေတြ 

မသိတဲ့ေနရာ။"

"ဝိုး တကယ္လား"

"အင္း မင္းတို႔ေတြက ခရီးစဥ္ဆြဲရင္ မႏၲေလးေတာင္ ကုသိုလ္ေတာ္ ဘုရားႀကီး မင္းကြန္းဒါေတြပဲ ထပ္ေနတာ။ ဒီေဈးခ်ိဳဘက္က ဘုရားေတြထဲမွာေတာင္ အေရာက္အေပါက္နည္းတဲ့ ဘုရားေတြ အမ်ားႀကီးရွိတယ္"

ဆိုင္ကယ္ေမာင္းရင္း ေျပာရတာျဖစ္သျဖင့္ လိုအပ္သည္ထက္ အသံကို က်ယ္က်ယ္ ေျပာရသည္။

"ေတာ္လိုက္တာ"

 

"ငါအရမ္းခ်စ္ရတဲ့ ၿမိဳ႕ကို"

"ကိုယ္အရမ္းခ်စ္ရတဲ့ သူရွိရာ ၿမိဳ႕ေလး"

"ေျပာျပန္ၿပီ"

အေနာက္က songရဲ႕ ရယ္သံေၾကာင့္ ရထာပါ ၿပဳံးမိသည္။ ထပ္၍ ထပ္၍ လမ္းအသြယ္သြယ္ကို ျဖတ္ၿပီးေနာက္ ေဈးခ်ိဳေတာင္ ေရာက္ၿပီ။ ဆိုင္ကယ္ကို အပ္ထားခဲ့ၿပီးေနာက္ songက နာရီစင္နဲ႕ ဓာတ္ပုံရိုက္ခ်င္သည္ဆိုသျဖင့္ မီးပြိုင့္ႀကီးနဲ႕ကို ယာဥ္ထိန္းရဲရွိမရွိ စစ္ကာ မရွိတာေသခ်ာမွ ရိုက္ေပးရသည္။ေဈးခ်ိဳ႐ုံႀကီးထဲ အရင္ဝင္ေပးၿပီး songဝယ္ခ်င္တာ ရွိတာ ဝယ္ရေအာင္ စီစဥ္ေပးရသည္။ ေဈး႐ုံထဲ လမ္းေလွ်ာက္ေနရင္းမွ...

"အခုေခတ္အေဝၚက ေဈးခ်ိဳေပါ့ေနာ္။ ဒါေပမယ့္ တကယ့္အေခၚအေဝၚက ေဈးႀကိဳ 'ႀကိဳ´ဆိုတဲ့စကားလုံးနဲ႕ သုံးတာ။ ဘာေၾကာင့္ သုံးသလဲ ေသေသခ်ာခ်ာ မသိေပမယ့္ 

သက်သီဟဘုရားအနားမွာ ရွိခဲ့ဖူးတဲ့ မလြန္ေဈးႀကီးဆိုတဲ့ ေနရာမွာ လာေရာင္းက်မယ့္ ေဈးသည္ေတြကို ႀကိဳတဲ့အရပ္လို႔ မီသူေတြက ေျပာတယ္။ ဆိုေတာ့ လက္ရွိေပါ့ေနာ္ ေရဆိုးေျမာင္းေ႐ႊတေခ်ာင္းက အရင္က ေလွေတြဝင္ထြက္နိုင္တဲ့ ေခ်ာင္းဆိုေတာ့ အဲ့ေခ်ာင္းကေန မလြန္ေဈးကို ေလွေတြနဲ႕ လာေရာက္ေရာင္းဝယ္က်တဲ့ ေဈးသည္ေဈးဝယ္ေတြကို ဒီအရပ္မွာ ႀကိဳခဲ့က်တယ္တဲ့။ တစ္ခ်ိဳ႕စာအုပ္ထဲမွာက် ေဈးႀကိဳအရပ္ဆိုတာ ၿမိဳ႕ခံေဈးသည္ေတြက တစ္ဆင့္ျပန္ေရာင္းဖို႔ အျခားနယ္ေတြက လာတဲ့ ေဈးေရာင္းသူေတြဆီက ေဈးမေရာက္ခင္ ဆီးႀကိဳေရာင္းဝယ္တဲ့ ေနရာလို႔ေျပာက်တယ္။ မႏၲေလးေဈးခ်ိဳက် ေ႐ႊတေခ်ာင္းႀကီး ေကာသြားတဲ့ ေနာက္ ေလွအေရာက္နည္းေတာ့ မလြန္ေဈးကို ကုန္သည္ေတြ မေရာက္ေတာ့ဘဲ ဒီေဈးႀကိဳရွိတဲ့အရပ္မွာ စည္ကားလာတယ္လို႔ ဆိုၾကတယ္။ စကားဆိုတာ ေခတ္နဲ႕အညီေျပာင္းတတ္ေတာ့ 'ေဈးႀကိဳ´ကေန 'ေဈးဂ်ိဳ´၊ 

'ေဈးဂ်ိဳ´ကေန 'ေဈးခ်ိဳ´လို႔ ေျပာင္းၿပီး ေခၚလာက်တာေပါ့၊"

"ဪ...ရန္ထာ ဒါဝယ္ခ်င္ေသးတယ္"

ျမန္မာအကၤ်ီဆိုင္ေတြကို လက္ညိုးထိုးၿပီး ေျပာလာသည္။ ကိုယ့္ကို ေခၚတာလည္း တစ္ခါတစ္ေလ ရထာျဖစ္လိုက္ ရန္ထာျဖစ္လိုက္နဲ႕ 'ရန္´ေလးကို ေခၚဖို႔ သူတို႔လွ်ာမွာ ျပႆနာ ေတာ္ေတာ္ျဖစ္သြားသည္ ထင္ပါသည္။ သို႔ေပမယ့္လည္း စိတ္ထိန္း။ သူက နိုင္ငံျခားသား။ သူလက္ညိုးထိုးရာ ဆိုင္ထဲကို ဝင္ေပးလိုက္ၿပီးေနာက္ သူႀကိဳက္တဲ့ ပုဆိုးေတြ သူ႕သူငယ္ခ်င္းမေလးအတြက္ ရင္ဖုံးအကၤ်ီေတြ ထဘီေတြကို အေရအတြက္အေတာ္မ်ားသည္အထိ ယူသည္။

"မင္းလည္း မြဲေတာ့မယ္"

"မင္းတို႔ဆီက ေဈးႏႈန္းေတြက ကိုယ္တို႔ ေဈးႏႈန္းထက္စာရင္ နည္းတယ္ေလ"

အမွန္တရားဆိုေတာ့လည္း ရထာ ပခုံးသာတြန႔္ျပလိုက္သည္။ ထို႔ေနာက္ ေဈးလွည့္ၾကည့္ျခင္းအား ဆက္၍.....

"ေဈးခ်ိဳကို ၁၈၇၆ခုႏွစ္ ဒီဇင္ဘာလမွာ ေ႐ႊတိုက္အတြင္းဝန္ ဦးသိုင္းနဲ႕ ေ႐ႊျပည္ဝန္ႀကီး ဦးဖိုးလွိုင္တို႔က ဦးစီးၿပီး  အုပ္တိုက္ေဈးတိုက္ေတြအျဖစ္ ေဆာက္ခဲ့တာ။ ေဈးအလယ္မွာ 

ေဈးဥယ်ာဥ္လည္း ေဆာက္ခဲ့တယ္တဲ့။သီေပါမင္း ပါေတာ္မူၿပီး အဂၤလိပ္အစိုးရလက္ထက္ထိ မီးအႀကိမ္ႀကိမ္ေလာင္ခဲ့တာမို႔ ၁၉၀၃ခုႏွစ္မွာ ပထမမႏၲေလးျမဴနီစပါယ္အတြင္းေရးမႉး အီတလီလူမ်ိဳး ေကာက္ကာဒါရီက အသစ္ျပန္ေဆာက္ခဲ့တယ္။ ၿပီးစီးတဲ့အခ်ိန္က သကၠရာဇ္ ၁၂၆၅ခုႏွစ္။ စားခ်ိဳးစပ္ေတာ္ၾကတဲ့ ျမန္မာေတြကေတာ့ 'အုတ္ကာသြပ္မိုး´ဆိုၿပီး မွတ္ခဲ့က်တာေပါ့၊ ဝမ္းနည္းစရာက ဒီေခတ္ကေလးေတြက ေဈးခ်ိဳဆိုတာ ေဈးေရာင္းတဲ့ေနရာ၊ ဆင္ျဖဴ ေတာ္ႀကီးက ေမေမေတြ ဝူးဝူးဆိုၿပီး ျမဴ ေအာ္ျပ႐ုံကလြဲရင္ ကိုယ့္ေျမရဲ႕ သမိုင္းအလုံးစုံမေျပာနဲ႕ အနည္းငယ္ေတာင္ မသိက်ေတာ့ပါဘူး။ ရင္နာလိုက္တာ"

"ရထာကလည္း"

"ထားပါေလ၊ ဒီမွာ ဥပုသ္ေန႕ ေစ်းပိတ္တဲ့အက်င့္ရွိတယ္၊ ဘာလို႔ဆို ဥပုသ္ေန႕က် ျမန္မာေတြက သူတစ္ပါးအသက္မသတ္ခ်င္ဘူးေလ၊အဲ့တာနဲ႕ ငါးပိေရာင္းက်တဲ့ ျမန္မာေတြက ဥပုတ္ေန႕ပိတ္ေပးဖို႔ အႀကံျပဳလို႔ ေဈးခ်ိဳက အခုခ်ိန္ထိ ဥပုသ္ေန႕ဆို ပိတ္က်ရတာေလ။ ဒါေပမယ့္ ေကာက္ကာဒါရီ ေဆာက္ေပးတဲ့ ေဈး႐ုံေတြကို ၁၉၉၈ခုႏွစ္မွာ ဖ်က္လိုက္ၿပီး အသစ္ျပန္ျပင္ေဆာက္လိုက္က်တယ္တဲ့ ဘယ္ေလာက္ေတာင္ ႏွေျမာဖို႔ေကာင္းလိုက္သလဲ။ ကံေကာင္းေထာက္မစြာ နာရီစင္ေလးေတာ့ က်န္ခဲ့ပါတယ္"

"နာရီစင္ကေကာ ေဈးခ်ိဳနဲ႕အတူ ေဆာက္ခဲ့တာလား"

"မဟုတ္ဘူး နာရီစင္ကို ၁၈၉၇ခုႏွစ္မွာ ၿဗိတိသွ်အင္ပါယာကို အုပ္ခ်ဳပ္ေနတဲ့ ဝိတိုရိယဘုရင္မႀကီး နန္းစံသက္ ၆၀ျပည့္ႏွစ္အျဖစ္ေဆာက္လုပ္ခဲ့တာ။"

ၿဗိတိသွ်ဆိုတာနဲ႕ ရထာ့ရဲ႕ မ်က္ေစာင္းက်ေရာက္လာခ်ိန္မွာေတာ့ songႏႈတ္ခမ္းဆူၿပီး ေျခေစာင့္ေနလိုက္သည္။

"ကိုယ္မွ အဲ့အခ်ိန္မေမြးေသးတာကိုး ရထာကလည္း အဲ့လိုမၾကည့္ပါနဲ႕ ကြာ...ေနာ္..ေနာ္..ေနာ္.....ေနာ္"

 

လက္ေမာင္းကို လႈပ္ကိုင္ၿပီး ကေလးေတြပူဆာသလို ေျပာေနတာေၾကာင့္ ရထာၿပဳံးေနမိသည္။ ကိုယ္က စလိုက္တာကို။ လက္ေမာင္းကို ႐ုန္းလိုက္ၿပီး..

"ေအးပါကြာ သိပါတယ္...ဘာလိုခ်င္ေသးလဲ"

"ဝါးခေမာက္ေတြေလ အဲ့တာေလးေတြလိုခ်င္တယ္"

"အဲ့တာကေတာ့ ဒီေဈး႐ုံႀကီးမွာ မရွိဘူး ေအာက္ထပ္ေတြမွာပဲရွိမယ္။ ဆက္သြားရင္ မုန႔္စုံ၊အ႐ုပ္ေတြ ေရာင္းတာပဲ ရွိမွာ ေအာက္ဆင္းၿပီး မုန႔္စားမလား"

"အိုေက"

"သြားစို႔"

ေဈး႐ုံႀကီးရဲ႕ ေအာက္ထပ္ကို ဆင္းကာ သူစားခ်င္သည္ေျပာတဲ့ မုန႔္ေတြကို အားရပါးရစားခိုင္းရေတာ့သည္။ ပထမဆုံး နို႔ထမင္းသည္ဆီ သြားသည္။ သူကေတာ့ လက္နဲ႕ကင္မရာနဲ႕ မျပတ္ဘဲ ဓာတ္ပုံရိုက္ေနသည္။

"ဒါက နို႔ထမင္း။ နို႔ကို အဓိကထားၿပီး လုပ္ထားတဲ့မုန႔္၊ ႏွစ္ပြဲေပးပါ"

အရင္ဆုံးနို႔ထမင္းကို မွာလိုက္သည္။ ေတာင္း႐ြက္သည္ဆိုေတာ့ ထိုင္ခုံအေသးေလး ငါးခုံသာပါသျဖင့္ အရင္ေဈးဝယ္ေတြ ထိုင္ထားကာ ထိုင္စရာေနရာမရွိေတာ့။ songက ဖိနပ္ကို ဖင္ခု၍ တင္ပလႅင္ထိုင္ၿပီး ေဈးသည္ကို ဓာတ္ပုံရိုက္ခြင့္ေတာင္းကာ အနီးကပ္ဓာတ္ပုံရိုက္ေနသည္။ နို႔ထမင္း ႏွစ္ပြဲကမ္းေပးေတာ့မွ ကင္မရာကို လည္ပင္းမွာ ခ်ိတ္ထားလိုက္သည္။ ရထာလည္း ရပ္ရတာ 

ေညာင္းလာသျဖင့္ songရဲ႕ ေပါင္တစ္ဖက္ေပၚ ထိုင္လိုက္သည္။

"ရင္ခြင္ထဲ ထိုင္ခ်င္လည္းရတယ္ေနာ္"

"စားစမ္းပါကြာ"

သူ႕ကို ေနာက္ေက်ာေပးၿပီး ေပါင္ေပၚထိုင္ထားတာျဖစ္သျဖင့္ ရင္ခြင္ထဲမေရာက္ေပ။ အခြင့္ထူးခံခ်င္သည့္ songရဲ႕လက္ေမာင္းအား တံေတာင္နဲ႕ သြက္ထည့္လိုက္သည္။ သူစားခ်င္သည့္ ငွက္ေပ်ာေပါင္းေတြ၊သာကူယိုေတြ၊ေက်ာက္ေက်ာေတြ စသည္ စသည္ကို စုံေအာင္စားသည္။

ျမန္မာလက္ရာေတြကို ႀကိဳက္သူမို႔ မ်က္လုံးျပဴးမ်က္စံျပဴးနဲ႕ မစားဖူးသမွ် အကုန္စားသည္။ ရထာရယ္လိုက္ကာ ပါးေဖာင္းကားေအာင္စားေနသည့္ songအား ဓာတ္ပုံရိုက္ယူေတာ့ လက္ႏွစ္ေခ်ာင္းေထာင္ျပသည္။

"ႀကိဳက္တယ္လား"

"အခ်ိဳဆို ႀကိဳက္တယ္"

"ေအးပါကြာ "

ၿပီးရင္ေတာ့ မုန႔္ကြၽဲသည္းသည္မွာပါသည့္ ပဲဆုတ္၊ထန္းရည္ႀကိဳမုန႔္ ၊ဂ်ဳံလုံးႀကီး၊ ထာပနာထုတ္နဲ႕ ေကာက္ညွင္းထုတ္ သည္ဆီဝယ္ကာ တစ္ျပည္အိတ္ႀကီး ႏွစ္အိတ္ႏွင့္ ေပါင္းထည့္လာၿပီး သူတစ္လွည့္ ငါတစ္ခါ ႏွိုက္စားၾကသည္။ ေရဘူးႏွင့္ကင္မရာအျပင္ songက ဘာမွမယူခဲ့ဘဲ ဝယ္သည့္ပစၥည္းေတြ ထည္ဖို႔ ေက်ာပိုးအိတ္အလြတ္ယူလာသျဖင့္ ဝယ္လာသည့္ပစၥည္းေတြကိုလည္း ဘုန္းကံမယုံသည့္ songက လြယ္အိတ္ထဲအတူထည့္ၿပီး လြယ္ထားသည္။ သူလိုခ်င္သည့္ ဝါးခေမာက္သည္ဆီ ေလွ်ာက္သြားေနတုန္း ႏွစ္ေယာက္သား မုန႔္ပဲဆုတ္စားလိုက္ မုန႔္ကြၽဲလဲ စားလိုက္စားေနၾကသည္။ 

သူက ခြန႔္ေကြၽးခိုင္းလွ်င္ေတာ့ မ်က္ေစာင္းထိုးလိုက္ၿပီး ခြန႔္ေကြၽးရသည္။

"ရထာ ဟိုက ဘာသယ္လဲ"

မုန႔္လက္ေဆာင္းသယ္ႏွင့္ အသုတ္သယ္ကို လက္ညိုးထိုးျပသည္။ ကံေကာင္းခ်င္ေတာ့ ထိုအသည္ေဘးမွာ ဝါးခေမာက္သည္ ရွိသျဖင့္ ထိုေနရာကိုပဲ သြားလိုက္ၾကသည္။ songက ဝါးခေမာက္ေတြကို သူ႕သယ္ခ်င္းေတြအတြက္ပါ ဝယ္ၿပီး လြယ္အိတ္မွာ ခ်ိတ္ထားသည္။ ရထာကေတာ့ အသုတ္သည္ဆီက အသုတ္တစ္ပြဲမွာေပးေနရသည္။ 

"ဝတ္ထား ပူတယ္"

ဝါးခေမာက္တစ္လုံးကို ရထာ့အား ေဆာင္းေပးလိုက္ၿပိး ပါးကို ႀကိဳးသိုင္းလိုက္သည္။ ထိုသို႔ႀကိဳးခ်ည္လိုက္သည့္အခါ ထြက္လာသည့္ ရထာ့ပါးေလးကို ဖ်စ္လိုက္မိသည္။

"အစပ္မထည့္ထားဘူး မုန႔္တီသုတ္၊ၿပီးရင္ မုန႔္လက္ေဆာင္း ေသာက္မယ္"

"ဂ်င္းထည့္ရင္ နမ္းမွာေနာ္"

"ထိုးလိုက္ရ"

လက္႐ြယ္ေတာ့ အေနာက္ကို ယို႔သြားသည္။ မထူးဇာတ္အတိုင္းပါဘဲ အသုတ္ေတာ့ တစ္ပြဲဘဲစားၿပီး မုန႔္လက္ေဆာင္းခ်ည္း ငါးခြက္ေသာက္သြားသည္။ အခ်ိဳကို ေတာ္ေတာ္ႀကိဳက္တယ္ ထင္သည္။ 

"ဆင္ျဖဴ ေတာ္ တံတားကေန အိမ္ေတာ္ရာဘုရားကို သြားရမယ္"

            ထို႔ေနာက္ႏွစ္ေယာက္အတူ ဆင္ျဖဴေတာ္တံတားဆီသို႔ ေလွ်ာက္လွမ္းလာခဲ့ပါေတာ့သည္။

...........................................................

စကားပြောသံတောင် မလာတော့သည့် တစ်ဖက်က ချစ်ရတဲ့သူကြောင့် နေစော ရင်နာနာပြုံးမိသည်။ songကြောင့် ရည်းစားဟောင်းဖြစ်ခဲ့တဲ့ ကိုယ့်ကိုတောင် ရှောင်ဖယ်နေပြီတဲ့လား ရထာ။ ရင်နာလိုက်တာကွာ ရထာရာ။ ဖုန်းကို လက်တစ်ဖက်က ကိုင်ထားလျက်ပင် 

အရက်တစ်ခွက်ကို နေစော မော့သောက်လိုက်သည်။ ပူရှိန်းရှိန်း အရက်အရသာက ရင်ထဲက အပူကိုမမှီ။

"စကားပြန်ပြောဦးလေ အချစ်"

"မင်းမူးနေပြီ နေစော အိမ်ကောင်းကောင်းပြန် ဒါပဲနော်"

"ဖုန်းမချပါနဲ့ တောင်းပန်ပါတယ်"

ချဖို့ ပြင်နေသော ရထာ့လက် လေထဲမှာ ရပ်တန့်သွားသည်။ သက်ပြင်းချလျက် နားသို့ ဖုန်းပြန်ကပ်လိုက်မိသည်။

"မူးနေ...ပြီ...ရထာ...night barက VIPအခန်းထဲမှာ...ကိုယ့်..ကို...လာခေါ်..ပါ... "   

"မရဘူးလေ နေစောရာ ညကြီးကို"       "မင်းမလာ..မချင်း...မပြန်ဘူးမို့....ကြိုက်သ..လို..လုပ်ပါ"

"ဟယ်လို နေစော! နေစော! ကျစ်!"

စိတ်ရှုပ်ရှုပ်နဲ့ ရထာ ခေါင်းကုတ်နေမိသည်။ တော်တော် ဒုက္ခပေးတဲ့ နေစောပေ။ ပြန်ချင်ပြန် မပြန်ချင်နေဆိုကာ မသွားဘူးဟုဆုံးဖြတ်ပြီး အိပ်ရာထဲ ပြန်ကွေးနေလိုက်သည်။ အတော်တန်ကြာသည်အထိ  အိပ်ဖို့ ကြိုးစားပေမယ့် barမှာပဲ တကယ်နေနေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ ထို့အပြင် စိတ်ညစ်ညစ်နဲ့ ရန်တွေလျှောက်ဖြစ်နေရင်ကော ဘယ်လိုလုပ်ရမည်နည်း။ နောက်ဆုံး မတတ်နိုင်သည့်အတွက် အိပ်ရာထဲမှ အမြန်ထကာ အပေါ်ဂျာကင်ကို ယူခဲ့ပြီး အခန်းထဲက ထွက်လာကာ songအခန်းရှေ့အရောက် အခန်းတံခါးကိုထုလိုက်သည်။

"song! song! အိပ်ပြီလား တံခါးဖွင့်ဦး!"

"လာပြီ!!"

song အသံကြားမှ တံခါးကို ထုနေတာ ရပ်လိုက်သည်။ အိပ်ချင်မူးတူးနှင့် တံခါးဖွင့်လာသည့် songကို မြင်တော့ ရထာပြုံးလိုက်မိသေးသည်၊

"ဘာလို့လဲ"

"ငါနဲ့barကို လိုက်ခဲ့ပါလား။ နေစော မူးနေလို့"

"အင်း လိုက်ခဲ့မယ်လေ သွားစို့"

"ကျေးဇူး"

songပြုံးပြလိုက်သည်။ ဒီလုပ်ရပ်အတွက် မေးခွန်းထပ်မေးစရာမလိုအောင် အဖြေရှိပြီးသား ဖြစ်သည်။  နေစောအပေါ် စိတ်မရှိတော့၍ အထင်မလွဲစေရန် နောက်ကွယ်ကမပြုဘဲ အတူလိုက်စေကြောင်း ထင်ရှားလှသည်။ songက ဗီဒိုထဲက အနွေးထည်ပါးတစ်ထည်ကို ပြန်သွားယူပြီး ရထာနဲ့အတူ ခြံထဲဆင်းလာခဲ့သည်။

"ခြံရှေ့မှာ သွားစောင့်နေ "

ခြံမှာ ဆိုင်ကယ်စက်နှိုးပါက အဖေနိုးသွားနိုင်သဖြင့် ခြံစောင့်ရောက်မှ နှိုးရမည်။ songကို ခြံရှေ့အရင်သွားခိုင်းလိုက်ပြီး ဆိုင်ကယ်ထုတ်ရသည်။ ပြီးနောက် နှစ်ယောက်သား ဘားကို ဦးတည်လျက် ။

မီးရောင်စုံများက လမင်း၏ ဝင်းဝါဝါအရောင်နှင့်အပြိုင် တောက်ပလျက်ရှိသည့် ဤနေရာဘားအဝင်၌ ရထာ စိတ်တွေ လေးလံလျက်ရှိသည်။ ရထာက သွားနေတာကို ရပ်ပြီး နောက်ကို လှည့်လိုက်ကာ...

"အပြင်မှာပဲ နေခဲ့လိုက်လေ နေစောပြဿနာရှာမှာမလို့"

"မဟုတ်လည်း အပြင်ထွက်လာရင် တွေ့ရမှာပဲကို။ လာပါ အတူသွားကျစို့"

ရထာ့ခါးကနေ ဖက်လျက် နှစ်ယောက်သား ဘားထဲဝင်လာပြီး ဝန်ထမ်းအကူအညီနဲ့ နေစောရှိရာ အခန်းသို့ သွားရသည်။ အခန်းထဲကိုလည်း songက ဝင်မလို့ပြင်နေတာကြောင့် နေစောဒေါသကိုရထာသိသဖြင့် မလိုက်ခဲ့ဖို့ ရထာတားမိသည်။

"အပြင်မှာ နေခဲ့ပါ"

"အိုကေ"

songက ပြုံးပြရင်း ကျန်ခဲ့သည်။ အခန်းထဲကို ဝင်ဝင်ချင်း စားပွဲပေါ်မှာထိုင်ရင်း ပုလင်းလိုက်မေ့ာနေသည့် နေစောကို တွေ့ရသည့်အခါ ရထာမျက်မှောင်ကြုံ့မိသည်။

တော်တော်လေး ပျက်စီးနေပြီပဲ။ အနားကိုသွားလိုက်ပြီး မော့နေသည့်ပုလင်းကို ရထာဆွဲယူလိုက်သည်။ 

"လာသား...အင့်...ပဲ...စိတ်ပူ..နေတာ"

ယိုင်နဲ့နေသည့် ခန္ဓာကိုယ်ကို မနည်းအားယူထကာ ရှေ့မှာ ရပ်နေသည့် ရထာ့ကို ခပ်တင်းတင်းပွေ့ဖက်ထားလိုက်သည်။

"နေစော"

"ပြန်တွဲ..ပေးပါ...ကိုယ်နဲ့...ပြန်နေပေးပါ"

"အိမ်ပြန်ရအောင် နေစော"

နေစော ရင်ဘက်ကို တွန်းတော့ မဖယ်ပေးဘဲ ပို၍ တင်းတင်း ဖက်ထားသည်။ ရထာဆက်၍ တွန်းသည်။ သို့သော်လည်း နေစောက လွတ်သွားသည့် ရထာ့ကို ဆွဲယူပြီး ပြန်ဖက်သည်။ 

"နေစော!!"

"ကိုယ်ဖက်တာတောင် မခံချင်တော့ဘူးလား!!!!!"

ရထာ့လက်မောင်းကနေ ဆွဲကိုင်ကာ ကိုယ်ကိုလှုပ်ယမ်းပြီးမေးတော့ ကြောက်လန့်သလိုကြည့်လာသည်။ ဒါဘာသဘောလဲ အခုကိုယ့်အသားနဲ့ ထိတွေ့ရမှာကိုတောင် ကြောက်လန့်နေပြီတဲ့လား။ 

"နေစော မင်း...မင်း...မူးနေပြီ."

"ကိုယ်မမူးဘူး!!"

လက်မောင်းကို မကိုင်တော့ဘဲ ဘယ်ဘက်လက်ကောက်ဝတ်ကို ဆွဲကိုင်တော့ ကျူးကျော်နေရာယူထားသည့် ဝါးလက်ကောက်တစ်ခုကို တွေ့လိုက်ရသည်။ ဒါအရင်က ရထာဝတ်တာ မမြင်ဖူးပါဘူး။ ဘာလဲဆိုတာ သိရအောင် လက်ကို ပိုပြီး နီးနီးကပ်ကပ်ဆွဲယူလိုက်သည်။

"အာ့!! နေစော!!"

"ဒါ..ဒါ.."

ဝါးလက်ကောက်ပေါ်မှာ ရေးဆွဲထားသည့် ပန်းချီက နေစောရင်ကို အကျည်းတန်ရုပ်ဆိုးစေသည်။ မယုံခြင်းများစွာ ထိုဝါးလက်ကောက်အား စိုက်ကြည့်နေပြီး

အံကြိတ်ထားနေမိသည်။ 

"ငါနာနေပြီ နေစော လွှတ်တော့ကွာ!!"

"songကို လက်ခံလိုက်ပြီလား ရထာ။ ငါအကုန်မြင်တယ် ရထာ လက်ခံလိုက်ပြီလား ဟမ် လက်ခံလိုက်ပြီလားလို့!!!"

"နေစော!! မင်းလွန်နေပြီနော်!!"

"ချွတ်ပစ် အဲ့ဒါကို ချွတ်ပစ်လို့!!!"

"နေစော!!"

နေစောက ဝါးလက်ကောက်ကို အတင်းဆွဲဖြုတ်နေတာကြောင့် သူလက်ထဲက လက်ကို ရထာရုန်းသည်။ နေစောက ဂျိုင်းကြားထဲ ရထာ့လက်ကို ညှပ်ထားပြီး လက်ကောက်ကို 

အတင်းအကြပ် မရမကဖြုတ်နေသည်။ နှစ်ဦးသား ရုန်းရင်းဆန်ခတ်ဖြစ်နေကြသည်မို့ လက်ကောက်ဝတ်နှင့် ဝါးအသားတို့ ပွတ်ဆွဲသည့်အခါ ရထာနာကျင်လာသည်။ ထို့ထက် songကိုယ်တိုင် ကျွန်းနက်နဲ့ ထုလုပ်ပေးထားသည့် ကြိမ်လက်ပတ်လေး ကျိုးသွားမှာ စိုးရိမ်လှသည်။

"နေစော!!!!"

နောက်ကျောကို အားပြင်းပြင်းနဲ့ တွန်းထည့်လိုက်တော့ စားပွဲပေါ် ဝရုန်းသုန်းကား နေစောကျသွားရသည်။ ဒီပစ္စည်းတစ်ခုအတွက် လုပ်ရက်လေသလားလို့ ရထာ့ကိုကြည့်မိတော့ မုန်းတီးရွံရှာနေသည့် မျက်ဝန်းအကြည့်များက ခရီးကြိုသည်။ ဟင့်အင်း 

အဲ့လိုမကြည့်ပါနဲ့ မခံနိုင်လို့ပါ တောင်းပန်ပါတယ်။

"တောင်း...တောင်းပန်..ပါတယ်..."

"ငါမင်းကို သူငယ်ချင်းသံယောဇဉ်ရှိလို့ ဒီထိလာခေါ်တာ နေစော ငါ့ကို သံယောဇဉ်ပြတ်အောင် မလုပ်ပါနဲ့ ရှေ့မှာ songစောင့်နေတယ်။ သွားစို့"

"သူ့ကိုပါခေါ်လာတဲ့အထိ ငါ့စိတ်ကိုတောင် မငဲ့ကွက်တော့ဘူးလား"

နေစောလည်း အမူးပြေနေပြီဟု ရထာထင်မိသည်။ စိတ်တိုတစ်လှည့် စိတ်အားငယ်တစ်ခါ ဖြစ်နေသော နေစောသည် မည်သို့ဖြစ်နေသနည်း။ အခုလည်း စူးစူးရဲရဲမျက်လုံးတွေနှင့် ကိုယ့်ကိုအမဲဖျက်တော့မလို စိုက်ကြည့်နေသည်။

"မင်းတောင် ငါ့အပေါ်ငဲ့ကွက်ခဲ့ဖူးသလား နေစော။ ငါ မင်းအပေါ် ဖြစ်ခဲ့ဖူးတယ့် သံယောဇဉ်ကြောင့် ဒီလောက်ထိ ငဲ့ကွက်နေတာ"

"ဘာကိုငဲ့ကွက်တာလဲ ကိုယ့်ခံစားချက်တွေကို သိရက်နဲ့ မသိဟန်ဆောင်တာ ငဲ့ကွက်တာလား!!! ဟင်!! ငဲ့ကွက်တာလား!!!"

မတ်တပ်ရပ်လိုက်ကာ သူ့ရင်ဘက်ကို တဒုန်းဒုန်း လက်နဲ့ပုတ်ရင်း နေစောက မေးလာသည်။ အရင်ကအချိန်တွေကို ပြန်တွေးမိတိုင်း ရထာ့ရင်ဘက်တစ်ခုလုံး စုတ်ပြတ်သွားသလို နာကျင်ရသည်။ ဝဲတက်လာသည့်မျက်ရည်တွေကို ကျမလာအောင် ရထာထိန်းလိုက်သည်။

"မင်းကျမှ ခံစားတတ်ချည်ဆိုပါ့လား နေစော ။ ဒါတောင် ငါမင်းကို ပစ်ပစ်ခါခါ ရှိသမျှ သံယောဇဉ်အကုန်မဖြတ်ခဲ့ဘူးနော် နေစော။ မင်းတုန်းက လုပ်ခဲ့တာကို ပြန်စဉ်းစားကြည့်စမ်း နေစော ဟမ်! နှစ်လွန်တဲ့ ချစ်သူသံယောဇဉ်ကို မိန်းမတစ်ယောက်အတွက်ဖြတ်ခဲ့တာ။ ဖြတ်တာတောင် ငါတို့ရဲ့နှစ်ပြည့်မှာ အဲ့မိန်းမလက်ကို ဆွဲကိုင်လာပြီး ငါ့ကိုနင်းခြေခဲ့တာ။ မင်းခြေရင်းမှာ ငါ့မာနမှမထောက် ပြားပြားဝပ်နေတယ့် ငါ့ကို နင်းခြေသွားခဲ့တာ။ မိန်းမတစ်ယောက်ရဲ့ အထင်သေးတဲ့အကြည့်တွေကြားထဲ မင်းကို  ပြန်ပါလာမလားဆိုတဲ့ အသိနဲ့ နာမှန်းသိပါရဲ့ ဆွဲထားခဲ့တာ။ မင်းပဲငါ့ကို ကျောခိုင်းထွက်သွားခဲ့တာ!!!!"

နေစောမျက်နှာပေါ် ရထာ့ရဲ့ မကျေနပ်ချက်အဖြစ် လက်သီးတစ်ချက် ကျလာသည်။ နေစော မရှောင်ဖြစ်ပါ။ ထိုးပါ ကြိုက်သလောက် ခံစားရသလောက်။ ပြီးရင်တော့ ရှင်သန်နေဆဲ အချစ်ကို ပြန်လက်ခံပေးပါ။

"မင်းငါ့ဆီပြန်လာတာတောင် လုပ်ခဲ့တာတွေအတွက် အားနာမှုရှိရဲ့လာ နေစော ဟမ်!!! မင်းသာ အားနာရင် ငါ့ကိုချစ်တယ်လို့ ပြောမှာမဟုတ်ဘူး မင်းရဲ့ မာနကို မလျော့ဘဲ ငါ့ကို အထက်စီးက လာမဆက်ဆံနဲ့ နေစော ငါမင်းကို မချစ်ဘူး!! ငါချစ်တာsongကို ဒါကြောင့်မို့ ငါ့ရင်ခွင်ကဇရပ်မဟုတ်တဲ့အတွက် ထပ်ပြီးလာမနားနဲ့!!! ငါ့ရင်ခွင်က တကယ်ချစ်ရတဲ့သူကို နွေးထွေးမှုပေးမယ့် အိမ်တစ်အိမ်မို့ ကျောခိုင်းထွက်သွားတဲ့ သူတွေကို ပြန်မလိုလားဘူး!!

ဒါကြောင့်မို့ နောက်တစ်ခါ မင်းပေးခဲ့တဲ့ ငါ့ဒဏ်ရာတွေကိုပြန်မဖော်နဲ့ ငါ့ကိုချစ်ရင်ပေါ့..မင်းလည်း အမူးပြေပြီထင်ပါတယ် ကိုယ့်ဘာသာပြန်လိုက်တော့"

ပါးပြင်ပေါ် နေရာယူထားသည့် မျက်ရည်တွေကို လက်ဖဝါးနဲ့ ပွတ်ဆွဲကာ နေစောကို ရထာကျောခိုင်းလိုက်သည်။ 

"လက်မလျော့ဘူးမို့ မင်းကိုရအောင်ယူမှာပါ"

တံခါးဆီ လှမ်းနေသည့် ရထာ့ခြေလှမ်းတွေ ရပ်တန့်သွားသည်။ ရထာ နာနာကျင်ကျင်ပြုံးမိသည်။ မင်းက သိပ်ကိုတစ်ကိုယ်ကောင်းဆန်လွန်းတယ် နေစော။

"မင်းလုပ်ချင်တာလုပ်ပါ။ ဒါပေမယ့် songကိုတော့ အန္တရာယ်မပေးနဲ့။ မဟုတ်ရင် မင်းရထာရဲ့ မုန်းတီးမှုကို မင်းတစ်သက်လုံးခံစားစေရမယ် နေစော။ ကောင်းကောင်းပြန်"

ရထာထွက်သွားတာနှင့် စားပွဲကို မှီကာ အားမရှိတော့သလို ကြမ်းပြင်ပေါ် ထိုင်ချလိုက်သည်။ ခံလိုက်စမ်း ခံလိုက်စမ်းပါ နေစော။ မင်းရဲ့ အပြစ်တွေအတွက် ခံလိုက်စမ်းပါ။ ခံလိုက်စမ်းပါ။

"ခံလိုက်စမ်းပါ ခံလိုက်!!"

စားပွဲစောင်းနဲ့ ကိုယ့်နောက်စိကိုယ် နေစော တိုက်နေမိသည်။ နာကျင်လိုက်စမ်းပါ။ရင်ထဲက သွေးထွက်သံယိုဖြစ်နေတဲ့ နှလုံးသားနာကျင်မှုထက် ပိုပြီးနာကျင်လိုက်စမ်းပါ။ ဒါမှ နာကျင်လှတယ့် နှလုံးသားတစ်စုံကို မေ့နိုင်မှာမို့ နာကျင်လိုက်စမ်းပါ။ 

"ရထာ တောင်းပန်ပါတယ်!!! အား!!! ရထာရာ..."

မှောက်လျက်နေလိုက်ပြီး နဖူးနဲ့ ကြမ်းပြင်ကိုဆောင့်နေမိသည်။နာကျင်လိုက်စမ်းပါ။ နာကျင်လိုက်စမ်းပါ။ ရင်တွင်းဒဏ်ရာထက် ပိုပြီး နာကျင်လိုက်စမ်းပါ။

အခန်းထဲက ထွက်လာတဲ့ရထာက ဘားအပြင်ကို ပြေးထွက်သွားသည်မို့ song အမြန်လိုက်ရသည်။

"ရထာ"

ရှေ့ကနေ မပြေးရုံတမယ် လမ်းလျှောက်သွားနေသည့် ရထာ့ကို အမှီလိုက်ကာ လက်မောင်းကို ဆွဲလိုက်တော့ ရင်ခွင်ထဲ တန်းတိုးဝင်သည်။ နေစော ပါမလာပုံအရ ပြဿနာတက်ခဲ့သည် ထင်သဖြင့် သက်ပြင်းချလျှက်သာ ရထာ့အားပွေ့ဖက်ထားလိုက်မိသည်။

"မင်းလည်း ငါ့ကို မိန်းမတစ်ယောက်အတွက် ထားသွားခဲ့ရင် ငါသေမယ်ထင်တယ်"

"ကိုယ်အချစ်ရဆုံး မိန်းမက ကိုယ့်ကို မွေးထုတ်ပေးတဲ့ အမေအပြင် မရှိပါဘူးကွာ။ ဒီလိုပဲ ကိုယ်ချစ်ရတဲ့သူက ယောကျာ်းလေးဖြစ်ပေမယ့်လည်း လက်ခံထားတဲ့သူပါ"

"ငါကြောက်တယ်"

"အပြန်ကျ ကျုံးဘေးလမ်းကြုံတယ်မလား။ ၁၂မကျော်သေးတော့ နေလို့ရမယ်ထင်တယ်။ စိတ်ဖြေရအောင်လေ။ ကိုယ်မောင်းမယ် သော့ပေး။ "

အိတ်ထောင်ထဲက သော့ကို songဆီပေးလိုက်သည်။ ရထာ့ကိုဒီနေရာမှာပဲ စောင့်ခိုင်းခဲ့ကာ

ဆိုင်ကယ်ထားတဲ့နေရာဆီ songသွားရသည်။ အငိုရပ်သွားပေမယ့်မချမ်းသာတဲ့စိတ်ကြောင့် 

ခပ်ငိုင်ငိုင်သာ songကိုရပ်စောင့်နေလိုက်သည်။ မကြာပါ ရထာ့ရှေ့လာရပ်သည့် ဆိုင်ကယ်တစ်စီး။ နောက်မှာဝင်ထိုင်လိုက်ပြီး songကျောပြင်ပေါ် ပါးအပ်ကာ ခါးကိုဖက်ထားလိုက်မိသည်။ မန္တလေးနွေညမှာ ဆိုင်ကယ်စီးရသည့် အချိန်သည် အေးချမ်းလှသည်။

"စိတ်မညစ်ပါနဲ့ မင်ရန်ထာ"

"မခေါ်တတ်ရင် မခေါ်နဲ့လို့ ပြောနေတာကို"

ရုတ်တရက် ဗိုက်ခေါက်ကို လာဆွဲသည့် လက်ကလေးကြောင့် songပြုံးမိလိုက်သည်။ ခါးကိုဖက်လျက် ဗိုက်ရှေ့မှာ ချိတ်တွယ်ထားသည့် ရထာ့လက်လေးကို ဆိုင်ကယ်အား ဘယ်ဘက်လက်လွှတ်၍ ဆုပ်ကိုင်ထားမိလိုက်သည်။

"သေချာမောင်းပါ"

"ရပါတယ် လူနည်းနည်းရှင်းတော့ အဆင်ပြေတယ်"

ရထာ့ရဲ့ ညာဘက်လက်ဖဝါးကို songက သူ့ဘယ်လက်ဖဝါးဖြင့် ယှက်သွယ်လိုက်သည်။ ရထာပြုံးလိုက်ပြီး နောက်ကျောပြင်ပေါ် နဖူးအပ်လိုက်ကာ songရဲ့ လက်ကို ပြန်ဆုပ်ကိုင်လိုက်သည်။ မင်းရဲ့ အထိအတွေ့ကကို ငါ့ကိုနူးညံ့စေပါတယ်။ 

 

ကျုံးလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တစ်စ ကားတစ်စရှိနေသေးသည်။ ၁၀နာရီကျော်ကျော်ဆိုတော့ မန္တလေးမြို့ကြီးက သိပ်တော့မတိတ်သေးပါ။ မန္တလေးစည်ပင်ရုံးရှေ့က ရေပန်းအနားမှာ ခဏရပ်လျက် နှစ်ဦးသား ကျုံးဘောင်ဆီ လျှောက်လာခဲ့သည်။

"လှလိုက်တာ.."

မန္တလေးနန်းမြို့ကြီးနောက်တွင်ရှိသည့် ကတ္တီပါနက်ပြာရောင်အစပေါ်တွင် စိန်ပွင့်ရေးထိုးထားသလိုကောင်းကင်ကြီးသည် မြင်ရသူ ရင်သပ်ဖွယ်ဖြစ်သည်။ 

မျက်နှာကို တိုက်ခိုက်လာသည့် လေနုအေးအေးကြောင့် လက်နှစ်ဖက်ကို ဆန့်တန်းကာ ရထာလက်ခံမိသည်။ songကတော့ ဘေးမှာ နန်းမြို့ရိုးရဲ့ ညမြင်ကွင်းကို ဓာတ်ပုံရိုက်လျက်ရှိသည်။

"နာကျင်ရဲ့သားနဲ့ ဘာလို့ဘေးမှာထားထားရတာလဲ"

songဘက်က စကားစပြောလာသည်။ စတီးတို့ဖြင့် လုပ်ထားသော ကန်ဘောင်ပေါ် လက်ထောက်၍ ရထာပြုံးလိုက်မိသည်။

"ငါဘယ်လောက်ထိ နာကျင်ခဲ့ရသလဲဆိုတာ ငါအသိဆုံးပါ။ အဲ့လိုမျိုး နေစောကို မခံစားစေချင်ဘူး။ ဒါဟာ ငါသူ့အပေါ်စိတ်ယိုင်နေလို့ မဟုတ်ဘူး song။ ထပ်ပြီး မပတ်သတ်ခင်ကတည်းက ငါ့အချစ်ထပ်ရဖို့ မမျှော်လင့်ပါနဲ့လို့ ပြောပြီးသား။ သူက ထပ်မျှော်လင့်တော့ သူသာနာကျင်ရတာပေါ့"

"ဒါပေမယ့် မင်းရဲ့စိတ်ထဲမှာ ခုချိန်ထိ အဲ့အဖြစ်အပျက်ကို ဒဏ်ရာအဖြစ်မွေးထားတုန်းမလား။"

"မွေးထားတာ မဟုတ်ပါဘူး။ မမေ့နိုင်လောက်တဲ့ အိပ်မက်ဆိုးမလို့ အမြဲသတိရနေတာပါ။ ဒါကြောင့် ငါမင်းကိုလွယ်လွယ်နဲ့ အဖြေပြန်မပေးနိုင်သေးတာပေါ့ song"

"ဒါဟာ ကိုယ့်စိတ်ကို သတ်တာလို့ ဝေဖန်ပါရစေ ရထာ"

songကို ရထာလှည့်ကြည့်လိုက်သည်။ songက ထပ်ပြောသည်။

"မင်းနဲ့ လေဆော ချစ်သူဖြစ်တဲ့အချိန် သူပြောင်းလဲလာတာကို အနည်းနဲ့အများတော့ မင်းရိပ်မိမှာပါ။ အဲ့အချိန်မှာ သူ့ကိုချစ်တဲ့ စိတ်နဲ့ မဟုတ်လောက်ပါဘူး မဟုတ်လောက်ပါဘူးဆိုပြီး တင်းခံနေနေခဲ့ပေမယ့် တကယ်တမ်း အဟုတ်ဖြစ်လာတဲ့အချိန်မှာ တင်းခံသမျှတွေက ပွင့်ထွက်ကုန်ပြီး နာကျင်လာရတာပါ။ အမှန်ကို သိရဲ့နဲ့ မဟုတ်လောက်ပါဘူးလေဆိုတဲ့ မျှော်လင့်ချက်မထားပါနဲ့ရထာ

နာကျင်ရပါတယ်"

"ဒါဆို ငါမင်းကိုယုံသင့်လား"

"မင်းစိတ်ဆောင်ရာကိုသာ လိုက်ခဲ့ပါ။ "

"စကားတွေတတ်နေတာ"

နှစ်ယောက်သား ရယ်မိကြသည်။ ဟုတ်သည် songပြောတာ မှန်သည်။ နေစောရဲ့ ပြောင်းလဲမှုတွေကို ရိပ်မိခဲ့ပေမယ့် မဟုတ်လောက်ပါဘူးဆိုပြီး သိသိရဲ့ မျှော်လင့်ခဲ့တာ။ ဒါပေမယ့် songကတော့ နေစောလို မဖြစ်နိုင်ပါဘူးဆိုတာသိပေမယ့် ယုံချင်ရဲ့နဲ့ မယုံရဲသေးတာ။ အခုတော့ ရှင်းရှင်းလင်းလင်းသိပါပြီလေ။ လေးနေသည့် မိမိစိတ်သည်လည်း သူ့ရဲ့ဖြေရှင်းစကားနောက် တော်တော်လေး လန်းဆန်းလာသည်။

"ပြန်စို့လေ အရမ်းနောက်ကျလိမ့်မယ်"

"ဟုတ်ပြီ"

အပြန်လမ်းကို songပဲမောင်းသည်။ အိမ်ပြန်သည့် လမ်းတစ်လျှောက် နောက်ကနေ songခါးကိုဖက် ပါးအပ်ထားလိုက်ပြီး သူကတော့ ညာလက်ဖဝါးနှင့် သူ့ဘယ်လက်ဖဝါးကို ဆုတ်ကိုင်ထားသည်။ မန္တလေးမြို့ ကျုံးလမ်းကြီးမှ ဖယ်ခွာချိန်၌ အေးစက်စက် လေအေးကို မခံစားရတော့ဘဲ လေပူသာ တိုက်ခိုက်လာတော့သည်။စကိုဖီးလ်ဆိုင်ကယ်လေးသည် မန္တလေးလမ်းထက် တစ်ရွေ့ရွေ့။

......................................................................
ဈေးချိုကိုပဲ ဦးတည်သွားသော ခရီးမဟုတ်သည့်အတွက် ဘောင်းဘီနှင့်ရှပ်အင်္ကျီတော့ ဝတ်ခွင့်မရခဲ့ပါ။ ဈေးချိုအနီးအနားမှာ ရှိသည့် ဘုရားတွေကို ဝင်ဖူးမည်ဖြစ်သည့်အတွက် အင်္ကျီအဖြူလက်ရှည်နှင့် ပုဆိုးသာ ဝတ်ခဲ့ရသည်။ 

"ဘယ်သွားသွား ဒီကျုံးကို ဖြတ်ရတယ်နော်"

ဈေးချိုကို ကျုံးလမ်းကနေ သွားသဖြင့် songက အံံ့သြသလိုမေးသည်။

"အင်း အရင်မင်းတွေက သူတို့မျက်နှာမူလိုက်တဲ့ အရပ်တိုင်းမှာ ဘုရားရှိရမယ်ဆိုပြီး တည်ထားကျတာလေ။ အများကြီးကျန်သေးတယ်။ မင်းတို့ နိုင်ငံခြားသားတွေ 

မသိတဲ့နေရာ။"

"ဝိုး တကယ်လား"

"အင်း မင်းတို့တွေက ခရီးစဉ်ဆွဲရင် မန္တလေးတောင် ကုသိုလ်တော် ဘုရားကြီး မင်းကွန်းဒါတွေပဲ ထပ်နေတာ။ ဒီဈေးချိုဘက်က ဘုရားတွေထဲမှာတောင် အရောက်အပေါက်နည်းတဲ့ ဘုရားတွေ အများကြီးရှိတယ်"

ဆိုင်ကယ်မောင်းရင်း ပြောရတာဖြစ်သဖြင့် လိုအပ်သည်ထက် အသံကို ကျယ်ကျယ် ပြောရသည်။

"တော်လိုက်တာ"

 

"ငါအရမ်းချစ်ရတဲ့ မြို့ကို"

"ကိုယ်အရမ်းချစ်ရတဲ့ သူရှိရာ မြို့လေး"

"ပြောပြန်ပြီ"

အနောက်က songရဲ့ ရယ်သံကြောင့် ရထာပါ ပြုံးမိသည်။ ထပ်၍ ထပ်၍ လမ်းအသွယ်သွယ်ကို ဖြတ်ပြီးနောက် ဈေးချိုတောင် ရောက်ပြီ။ ဆိုင်ကယ်ကို အပ်ထားခဲ့ပြီးနောက် songက နာရီစင်နဲ့ ဓာတ်ပုံရိုက်ချင်သည်ဆိုသဖြင့် မီးပွိုင့်ကြီးနဲ့ကို ယာဉ်ထိန်းရဲရှိမရှိ စစ်ကာ မရှိတာသေချာမှ ရိုက်ပေးရသည်။ဈေးချိုရုံကြီးထဲ အရင်ဝင်ပေးပြီး songဝယ်ချင်တာ ရှိတာ ဝယ်ရအောင် စီစဉ်ပေးရသည်။ ဈေးရုံထဲ လမ်းလျှောက်နေရင်းမှ...

"အခုခေတ်အဝေါ်က ဈေးချိုပေါ့နော်။ ဒါပေမယ့် တကယ့်အခေါ်အဝေါ်က ဈေးကြို 'ကြို´ဆိုတဲ့စကားလုံးနဲ့ သုံးတာ။ ဘာကြောင့် သုံးသလဲ သေသေချာချာ မသိပေမယ့် 

သကျသီဟဘုရားအနားမှာ ရှိခဲ့ဖူးတဲ့ မလွန်ဈေးကြီးဆိုတဲ့ နေရာမှာ လာရောင်းကျမယ့် ဈေးသည်တွေကို ကြိုတဲ့အရပ်လို့ မီသူတွေက ပြောတယ်။ ဆိုတော့ လက်ရှိပေါ့နော် ရေဆိုးမြောင်းရွှေတချောင်းက အရင်က လှေတွေဝင်ထွက်နိုင်တဲ့ ချောင်းဆိုတော့ အဲ့ချောင်းကနေ မလွန်ဈေးကို လှေတွေနဲ့ လာရောက်ရောင်းဝယ်ကျတဲ့ ဈေးသည်ဈေးဝယ်တွေကို ဒီအရပ်မှာ ကြိုခဲ့ကျတယ်တဲ့။ တစ်ချို့စာအုပ်ထဲမှာကျ ဈေးကြိုအရပ်ဆိုတာ မြို့ခံဈေးသည်တွေက တစ်ဆင့်ပြန်ရောင်းဖို့ အခြားနယ်တွေက လာတဲ့ ဈေးရောင်းသူတွေဆီက ဈေးမရောက်ခင် ဆီးကြိုရောင်းဝယ်တဲ့ နေရာလို့ပြောကျတယ်။ မန္တလေးဈေးချိုကျ ရွှေတချောင်းကြီး ကောသွားတဲ့ နောက် လှေအရောက်နည်းတော့ မလွန်ဈေးကို ကုန်သည်တွေ မရောက်တော့ဘဲ ဒီဈေးကြိုရှိတဲ့အရပ်မှာ စည်ကားလာတယ်လို့ ဆိုကြတယ်။ စကားဆိုတာ ခေတ်နဲ့အညီပြောင်းတတ်တော့ 'ဈေးကြို´ကနေ 'ဈေးဂျို´၊ 

'ဈေးဂျို´ကနေ 'ဈေးချို´လို့ ပြောင်းပြီး ခေါ်လာကျတာပေါ့၊"

"ဪ...ရန်ထာ ဒါဝယ်ချင်သေးတယ်"

မြန်မာအင်္ကျီဆိုင်တွေကို လက်ညိုးထိုးပြီး ပြောလာသည်။ ကိုယ့်ကို ခေါ်တာလည်း တစ်ခါတစ်လေ ရထာဖြစ်လိုက် ရန်ထာဖြစ်လိုက်နဲ့ 'ရန်´လေးကို ခေါ်ဖို့ သူတို့လျှာမှာ ပြဿနာ တော်တော်ဖြစ်သွားသည် ထင်ပါသည်။ သို့ပေမယ့်လည်း စိတ်ထိန်း။ သူက နိုင်ငံခြားသား။ သူလက်ညိုးထိုးရာ ဆိုင်ထဲကို ဝင်ပေးလိုက်ပြီးနောက် သူကြိုက်တဲ့ ပုဆိုးတွေ သူ့သူငယ်ချင်းမလေးအတွက် ရင်ဖုံးအင်္ကျီတွေ ထဘီတွေကို အရေအတွက်အတော်များသည်အထိ ယူသည်။

"မင်းလည်း မွဲတော့မယ်"

"မင်းတို့ဆီက ဈေးနှုန်းတွေက ကိုယ်တို့ ဈေးနှုန်းထက်စာရင် နည်းတယ်လေ"

အမှန်တရားဆိုတော့လည်း ရထာ ပခုံးသာတွန့်ပြလိုက်သည်။ ထို့နောက် ဈေးလှည့်ကြည့်ခြင်းအား ဆက်၍.....

"ဈေးချိုကို ၁၈၇၆ခုနှစ် ဒီဇင်ဘာလမှာ ရွှေတိုက်အတွင်းဝန် ဦးသိုင်းနဲ့ ရွှေပြည်ဝန်ကြီး ဦးဖိုးလှိုင်တို့က ဦးစီးပြီး  အုပ်တိုက်ဈေးတိုက်တွေအဖြစ် ဆောက်ခဲ့တာ။ ဈေးအလယ်မှာ 

ဈေးဥယျာဉ်လည်း ဆောက်ခဲ့တယ်တဲ့။သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်အစိုးရလက်ထက်ထိ မီးအကြိမ်ကြိမ်လောင်ခဲ့တာမို့ ၁၉၀၃ခုနှစ်မှာ ပထမမန္တလေးမြူနီစပါယ်အတွင်းရေးမှူး အီတလီလူမျိုး ကောက်ကာဒါရီက အသစ်ပြန်ဆောက်ခဲ့တယ်။ ပြီးစီးတဲ့အချိန်က သက္ကရာဇ် ၁၂၆၅ခုနှစ်။ စားချိုးစပ်တော်ကြတဲ့ မြန်မာတွေကတော့ 'အုတ်ကာသွပ်မိုး´ဆိုပြီး မှတ်ခဲ့ကျတာပေါ့၊ ဝမ်းနည်းစရာက ဒီခေတ်ကလေးတွေက ဈေးချိုဆိုတာ ဈေးရောင်းတဲ့နေရာ၊ ဆင်ဖြူ တော်ကြီးက မေမေတွေ ဝူးဝူးဆိုပြီး မြူ အော်ပြရုံကလွဲရင် ကိုယ့်မြေရဲ့ သမိုင်းအလုံးစုံမပြောနဲ့ အနည်းငယ်တောင် မသိကျတော့ပါဘူး။ ရင်နာလိုက်တာ"

"ရထာကလည်း"

"ထားပါလေ၊ ဒီမှာ ဥပုသ်နေ့ ဈေးပိတ်တဲ့အကျင့်ရှိတယ်၊ ဘာလို့ဆို ဥပုသ်နေ့ကျ မြန်မာတွေက သူတစ်ပါးအသက်မသတ်ချင်ဘူးလေ၊အဲ့တာနဲ့ ငါးပိရောင်းကျတဲ့ မြန်မာတွေက ဥပုတ်နေ့ပိတ်ပေးဖို့ အကြံပြုလို့ ဈေးချိုက အခုချိန်ထိ ဥပုသ်နေ့ဆို ပိတ်ကျရတာလေ။ ဒါပေမယ့် ကောက်ကာဒါရီ ဆောက်ပေးတဲ့ ဈေးရုံတွေကို ၁၉၉၈ခုနှစ်မှာ ဖျက်လိုက်ပြီး အသစ်ပြန်ပြင်ဆောက်လိုက်ကျတယ်တဲ့ ဘယ်လောက်တောင် နှမြောဖို့ကောင်းလိုက်သလဲ။ ကံကောင်းထောက်မစွာ နာရီစင်လေးတော့ ကျန်ခဲ့ပါတယ်"

"နာရီစင်ကကော ဈေးချိုနဲ့အတူ ဆောက်ခဲ့တာလား"

"မဟုတ်ဘူး နာရီစင်ကို ၁၈၉၇ခုနှစ်မှာ ဗြိတိသျှအင်ပါယာကို အုပ်ချုပ်နေတဲ့ ဝိတိုရိယဘုရင်မကြီး နန်းစံသက် ၆၀ပြည့်နှစ်အဖြစ်ဆောက်လုပ်ခဲ့တာ။"

ဗြိတိသျှဆိုတာနဲ့ ရထာ့ရဲ့ မျက်စောင်းကျရောက်လာချိန်မှာတော့ songနှုတ်ခမ်းဆူပြီး ခြေစောင့်နေလိုက်သည်။

"ကိုယ်မှ အဲ့အချိန်မမွေးသေးတာကိုး ရထာကလည်း အဲ့လိုမကြည့်ပါနဲ့ ကွာ...နော်..နော်..နော်.....နော်"

 

လက်မောင်းကို လှုပ်ကိုင်ပြီး ကလေးတွေပူဆာသလို ပြောနေတာကြောင့် ရထာပြုံးနေမိသည်။ ကိုယ်က စလိုက်တာကို။ လက်မောင်းကို ရုန်းလိုက်ပြီး..

"အေးပါကွာ သိပါတယ်...ဘာလိုချင်သေးလဲ"

"ဝါးခမောက်တွေလေ အဲ့တာလေးတွေလိုချင်တယ်"

"အဲ့တာကတော့ ဒီဈေးရုံကြီးမှာ မရှိဘူး အောက်ထပ်တွေမှာပဲရှိမယ်။ ဆက်သွားရင် မုန့်စုံ၊အရုပ်တွေ ရောင်းတာပဲ ရှိမှာ အောက်ဆင်းပြီး မုန့်စားမလား"

"အိုကေ"

"သွားစို့"

ဈေးရုံကြီးရဲ့ အောက်ထပ်ကို ဆင်းကာ သူစားချင်သည်ပြောတဲ့ မုန့်တွေကို အားရပါးရစားခိုင်းရတော့သည်။ ပထမဆုံး နို့ထမင်းသည်ဆီ သွားသည်။ သူကတော့ လက်နဲ့ကင်မရာနဲ့ မပြတ်ဘဲ ဓာတ်ပုံရိုက်နေသည်။

"ဒါက နို့ထမင်း။ နို့ကို အဓိကထားပြီး လုပ်ထားတဲ့မုန့်၊ နှစ်ပွဲပေးပါ"

အရင်ဆုံးနို့ထမင်းကို မှာလိုက်သည်။ တောင်းရွက်သည်ဆိုတော့ ထိုင်ခုံအသေးလေး ငါးခုံသာပါသဖြင့် အရင်ဈေးဝယ်တွေ ထိုင်ထားကာ ထိုင်စရာနေရာမရှိတော့။ songက ဖိနပ်ကို ဖင်ခု၍ တင်ပလ္လင်ထိုင်ပြီး ဈေးသည်ကို ဓာတ်ပုံရိုက်ခွင့်တောင်းကာ အနီးကပ်ဓာတ်ပုံရိုက်နေသည်။ နို့ထမင်း နှစ်ပွဲကမ်းပေးတော့မှ ကင်မရာကို လည်ပင်းမှာ ချိတ်ထားလိုက်သည်။ ရထာလည်း ရပ်ရတာ 

ညောင်းလာသဖြင့် songရဲ့ ပေါင်တစ်ဖက်ပေါ် ထိုင်လိုက်သည်။

"ရင်ခွင်ထဲ ထိုင်ချင်လည်းရတယ်နော်"

"စားစမ်းပါကွာ"

သူ့ကို နောက်ကျောပေးပြီး ပေါင်ပေါ်ထိုင်ထားတာဖြစ်သဖြင့် ရင်ခွင်ထဲမရောက်ပေ။ အခွင့်ထူးခံချင်သည့် songရဲ့လက်မောင်းအား တံတောင်နဲ့ သွက်ထည့်လိုက်သည်။ သူစားချင်သည့် ငှက်ပျောပေါင်းတွေ၊သာကူယိုတွေ၊ကျောက်ကျောတွေ စသည် စသည်ကို စုံအောင်စားသည်။

မြန်မာလက်ရာတွေကို ကြိုက်သူမို့ မျက်လုံးပြူးမျက်စံပြူးနဲ့ မစားဖူးသမျှ အကုန်စားသည်။ ရထာရယ်လိုက်ကာ ပါးဖောင်းကားအောင်စားနေသည့် songအား ဓာတ်ပုံရိုက်ယူတော့ လက်နှစ်ချောင်းထောင်ပြသည်။

"ကြိုက်တယ်လား"

"အချိုဆို ကြိုက်တယ်"

"အေးပါကွာ "

ပြီးရင်တော့ မုန့်ကျွဲသည်းသည်မှာပါသည့် ပဲဆုတ်၊ထန်းရည်ကြိုမုန့် ၊ဂျုံလုံးကြီး၊ ထာပနာထုတ်နဲ့ ကောက်ညှင်းထုတ် သည်ဆီဝယ်ကာ တစ်ပြည်အိတ်ကြီး နှစ်အိတ်နှင့် ပေါင်းထည့်လာပြီး သူတစ်လှည့် ငါတစ်ခါ နှိုက်စားကြသည်။ ရေဘူးနှင့်ကင်မရာအပြင် songက ဘာမှမယူခဲ့ဘဲ ဝယ်သည့်ပစ္စည်းတွေ ထည်ဖို့ ကျောပိုးအိတ်အလွတ်ယူလာသဖြင့် ဝယ်လာသည့်ပစ္စည်းတွေကိုလည်း ဘုန်းကံမယုံသည့် songက လွယ်အိတ်ထဲအတူထည့်ပြီး လွယ်ထားသည်။ သူလိုချင်သည့် ဝါးခမောက်သည်ဆီ လျှောက်သွားနေတုန်း နှစ်ယောက်သား မုန့်ပဲဆုတ်စားလိုက် မုန့်ကျွဲလဲ စားလိုက်စားနေကြသည်။ 

သူက ခွန့်ကျွေးခိုင်းလျှင်တော့ မျက်စောင်းထိုးလိုက်ပြီး ခွန့်ကျွေးရသည်။

"ရထာ ဟိုက ဘာသယ်လဲ"

မုန့်လက်ဆောင်းသယ်နှင့် အသုတ်သယ်ကို လက်ညိုးထိုးပြသည်။ ကံကောင်းချင်တော့ ထိုအသည်ဘေးမှာ ဝါးခမောက်သည် ရှိသဖြင့် ထိုနေရာကိုပဲ သွားလိုက်ကြသည်။ songက ဝါးခမောက်တွေကို သူ့သယ်ချင်းတွေအတွက်ပါ ဝယ်ပြီး လွယ်အိတ်မှာ ချိတ်ထားသည်။ ရထာကတော့ အသုတ်သည်ဆီက အသုတ်တစ်ပွဲမှာပေးနေရသည်။ 

"ဝတ်ထား ပူတယ်"

ဝါးခမောက်တစ်လုံးကို ရထာ့အား ဆောင်းပေးလိုက်ပြိး ပါးကို ကြိုးသိုင်းလိုက်သည်။ ထိုသို့ကြိုးချည်လိုက်သည့်အခါ ထွက်လာသည့် ရထာ့ပါးလေးကို ဖျစ်လိုက်မိသည်။

"အစပ်မထည့်ထားဘူး မုန့်တီသုတ်၊ပြီးရင် မုန့်လက်ဆောင်း သောက်မယ်"

"ဂျင်းထည့်ရင် နမ်းမှာနော်"

"ထိုးလိုက်ရ"

လက်ရွယ်တော့ အနောက်ကို ယို့သွားသည်။ မထူးဇာတ်အတိုင်းပါဘဲ အသုတ်တော့ တစ်ပွဲဘဲစားပြီး မုန့်လက်ဆောင်းချည်း ငါးခွက်သောက်သွားသည်။ အချိုကို တော်တော်ကြိုက်တယ် ထင်သည်။ 

"ဆင်ဖြူ တော် တံတားကနေ အိမ်တော်ရာဘုရားကို သွားရမယ်"

            ထို့နောက်နှစ်ယောက်အတူ ဆင်ဖြူတော်တံတားဆီသို့ လျှောက်လှမ်းလာခဲ့ပါတော့သည်။

...........................................................

Continue Reading

You'll Also Like

228K 8.4K 49
[BABY SERIES • BOOK I] [first title: melting his icy heart] "fine give it" he mumbled before biting unto the cookie she was holding. [Gakkuen babysit...
4M 168K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...