အပိုင်း ၆ ( ဝတ်ရုံနက်နှင့် လုပ်ကြံသူ)
အန်းလုက ချီရှန်းကိုပြန်ဆိုက်ကြည့်နေရင်းပင် တံတွေးတစ်ချက်မြိုချမိသည်။ ချီရှန်း၏ပုံစံက သူ့ကို ယခုချက်ချင်းပင် ဝါးစားတော့မည့်ပုံစံဖြစ်နေလေ၏။
အန်းလုက စိတ်ကိုပြန်တင်းလိုက်ပြီးနောက် ထိုရပ်နေသော နေရာက၌ပင် ချီရှန်းကိုခေါ်ရန်ပြင်သည်။
"ဟို...ကျွန်တော်က..."
သိူ့သော်လည်း သူ၏အသံက လည်ချောင်းထဲ၌ပင် တစ်နေသည့်အလား အပြင်သို့ကျယ်လောင်စွာထွက်မလာချေ။ ထို့အပြင် ချီရှန်းကလည်း ထိုစကားပင်မကြားလိုက်သည့်ပုံစံ၊ သို့မဟုတ် တမင်ပင်ဂရုမစိုက်လေသလားမသိ၊ တချက်ပင်လှည့်မကြည့်ပဲ အဆောင်အတွင်း သို့ပြန်ဝင်သွားလေ၏။ အပေါက်ဝတွင် ရပ်နေသူတစ်ယောက်က ရှောင်ရှင်းပင်။ သူ၏ဘေးမလှမ်းမကမ်းတွင်ရှိနေသည့် မိန်းကလေးတစ်ချို့ကလည်း ခေါင်းကိုသာအသေငုံ့ထားသည်။ ထိုထဲတွင် အားလော့လည်းအပါအဝင်ဖြစ်၏။ ချီရှန်းက သွေးစွန်းနေသော ဓားရှည်ကို ရှောင်ရှင်း၏ရင်ဘတ်အား ပစ်ပေးလိုက်သည်။ ရှောင်ရှင်းက ထိုဓားအားဖမ်းလိုက်ပြီး ချီရှန်းအား ခေါင်းကိုငုံ့ကာ ဂါရဝပြုလိုက်သည်။
(သူတို့အကုန်လုံး ဒီမှာရှိနေကြတာပဲ။)
တခဏကြာတော့ ရှောင်ရှင်းက အမတ်တစ်ချို့အား ပြန်ရန်ပြောလိုက်ပြီး တစ်ချို့နန်းတွင်းသူများကိုမူ အဆောင်အား သန့်ရှင်းရေးလုပ်ရန် စေခိုင်းနေသည်။အန်းလုက ထိုအဆောင်အနားသိူ့ရောက်လာလိုက်ပြီး သူကအားလော့ကိုအရင်ခေါ်လိုက်သည်။
"အားလော့....."
အဆောင်တော်၏တိုင်တစ်တိုင်အား အဝတ်စဖြင့်သုတ်နေသော အားလော့ကသူ့အား လှည့်ကြည့်ကာလာသည်။ အန်းလုက အားလော့အားပြုံးကာပြလိုက်၏။ အားလော့က ခေါင်းကိုငုံ့ကာ ဂါရဝပြုလိုက်ပြီးနောက် ပြန်လှည့်သွားကာ လုပ်စရာရှိသည်ကိုသာ ဆက်လုပ်နေလိုက်သည်။ အန်းလုက ချက်ချင်းပင် ထပ်ခေါ်မည်အလူပ်
"အားလော့.... ငါက...."
"ကိုယ်လုပ်တော်ကျင့် ဒီမှာနေလို့မရပါဘူး။"
အန်းလုက အားလော့ကိုပြောရန်ပြင်လိုက်စဥ်တွင်ပဲ နောက်မှရောက်ချလာသည့် ကျင့်ချီပင်။ အန်းလုက လှည့်ကြည့်လိုက်လေတော့ ထိုသူကသူ့အနားရောက်နေလေချေပြီ။ သူက အန်းလုအနားထိကပ်လိုက်ပြီး
"တစ်ရက်တောင်မပြည့်သေးပဲ သေချင်နေတာတော့မဟုတ်ပါဘူးနော်။ အခုအဆောင်ပြန်ရအောင်။"
ကျင့်ချီက အန်းလု၏လက်ဝတ်ရုံရှည်အစအား ဆုပ်ကိုင်လိုက်ပြီး အတင်းဆွဲခေါ်သွားလေတော့သည်။
"ခဏလေး...ခဏလေး...ကျွန်တော်..."
ကျင့်ချီက သူ့ကိုလုံးဝပင်ပြောခွင့်မပေးတော့သည့်ပုံစံဖြင့် ဆွဲခေါ်လာခဲ့လိုက်သည်။ အားလော့က သူ့အားကြောင်ကြည့်နေလေ၏။ ကျင့်ချီက အန်းလုအားအသံမထွက်စေရန် ပါးစပ်ကိုလက်ဖြင့် ပိတ်ချပစ်လိူက်ပြီး ဆွဲခေါ်လာခဲ့လိုက်တော့သည်။
........................
" ဒီနေ့ပဲ သူလျိုတစ်ယောက် ဝူရှဲ့အဆောင်မှာအသတ်ခံလိုက်ရတယ်။ ဒီပုံစံအတိုင်းဆို ဘုရင်ချီရှန်းက အန်းလုဆီကိုလာနိုင်တယ်။ ယွဲ့တိုင်းပြည်က ကိုယ်လုပ်တော်ကိုလည်း သူစစ်ဆေးဖို့လုပ်မှာပဲ"
အန်းလုက အဆောင်ထဲရှိ ကုတင်စွန်းနားတွင် ထိုင်နေသည်။ ခေါင်းကိုငုံ့ကာ လက်နှစ်ဖက်ကမူ အငြိမ်မနေပဲ တဖက်ကိုတစ်ဖက်ပွတ်သက်ကာနေလေ၏။ 'သူလျို'ဟူသော စကားကိုကြားလေတော့ အန်းလုကခေါင်းထောင်လာပြီး
"သူလျိုဟုတ်လား။ အဲ့တူန်းကသေနေတဲ့တယောက်က ခင်ဗျားနဲ့ ပတ်သတ်နေတာလား။
ဘာလို့လဲ။ ခင်ဗျား ဘာတွေကြံစည်နေတာလဲ။"
ကျင့်ချီက အန်းလုကိုကြည့်ပြီးသက်ပြင်းချလိုက်သည်။
"ဟင်း.....ကျွန်တော်တို့ဘက်မှာ လူတစ်ယောက်ထပ်မနည်းရှိနေမှ ဒီနေရာမှာဆက်အသက်ရှင်နိုင်မှာပေါ့။ နန်းတွင်းဆိုတာ ထင်သလောက်မရိုးရှင်းဘူး။ အချိန်မရွေးသေနိုင်တယ်။ လည်ပင်းမှာခေါင်းမြဲနေဖို့ဘာမဆိုလုပ်ရမှာပဲ။"
"ဘုရင်ကိုလူပ်ကြံဖို့တော့..........မဟုတ်ဘူးမလား။"
"ရှူး...တိုးတိုး"
ကျင့်ချီက သူ၏လက်ညိုးအား နှုတ်ခမ်းပေါ်တင်ကာ အန်းလုကိုအသံတိတ်စေလိုက်သည်။
"ဘယ်လိုဖြစ်လို့ အန္တာရယ်များတဲ့ စကားတွေကိုပြောဖို့တွေးနေရတာလဲ။ ဒီစကားလေးနဲ့တင် ဘာမှမလုပ်လိုက်ရပဲ ခေါင်းဖြတ်ခံရနိုင်တယ်ဆိုတာ သိရဲ့လား။
ဖြစ်နိုင်ရင် ဒီအဆောင်ကနေ တစ်လှမ်းမှမလှမ်းပါနဲ့။ အပြင်ကလူတွေကကိုလည်း စောင့်ကြည့်ခိုင်းထားမှာမလို့ လုံးဝမထွက်ရင်အကောင်းဆုံးပါ။"
"ဘာလို့ ကျွန်တော်ကခင်ဗျားပြောတဲ့အတိုင်း လူပ်ရမှာလဲ။ မလုပ်နိုင်ဘူးဆိုရင်ရော။"
(ငါ ရှန်းရှန်းနဲ့ မျက်နှာချင်းဆိုင်တွေ့ရမှကိုဖြစ်မှာ။)
ကျင့်ချီကသူ့အားစူးစိုက်ကြည့်လိုက်သည်။ ခနဲ့သည့်အပြုံးတစ်ခုကိုပြုံးလိုက်ပြီးနောက်
"ကျွန်တော် ကလေးတွေကိုသတ်ခိုင်းလိုက်မယ်။"
"မင်း....."
အန်းလုကအသံကိုအနည်းငယ်မြှင့်ကာ အော်ရန်ပြင်လိုက်ပြီးမှ စိတ်ကိုပြန်လျော့ချလိုက်သည်။ စစချင်းဤအလုပ်ကိုလက်ခံခဲ့စဉ်ကလည်း ကလေးတွေရှိရာသိူ့ လိုက်သွားက အတည်ပြုစစ်ဆေးခဲ့သည်။ အိမ်တစ်အိမ်ထဲတွင် သေချာခေါ်ထားပြီး အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ချို့ကိုပင် သင်ကြားပေးနေခဲ့သည်ကို သူတွေ့ခဲ့ရသည်။
ဤသိူ့သော သူမျိုးက ကလေးတွေကိုသတ်မည်ဟု မိမိအား ခဏခဏခြိမ်းခြောက်နေသည်ကိုတော့ အန်းလုအမှန်တကယ်ပင်ခံပြင်းသည်။ ကလေးတွေက သူ့အတွက်နှင့် ဓားစာခံများဖြစ်နေကြရ၏။
"ကောင်းပြီ။ ငါဒီမှာငြိမ်ငြိမ်လေးနေပေးမယ်။"
"ဒီလိူမှပေါ့။"
.......................
"ရှန်းရှန်း....."
ချွေးစေးများပြန်ကာနေပြီး အိပ်ယာခင်းတွင်ပင် ချွေးများနှင့် အနည်းငယ်စိုရွဲကာနေသေးသည်။ အန်းလုက ညလည်ခေါင်နားရောက်တော့ အိမ်မက်ဆိုးတစ်ခုကြောင့် လန့်နိုးလာခဲ့ခြင်းပင်။
မလှမ်းမကမ်းတွင်ရှိသောမီးပုံးအလင်းရောင်က မှိန်ပြပြရှိနေသည့်အတွက် သူ့အတွက်အဆင်ပြေသည်။ အန်းလုကသက်ပြင်းချလိုက်ပြီး ထထိုင်ရန်ပြင်လိုက်စဉ်တွင်ပင် အခန်းအပြင်ဘက်တစ်နေရာမှ ဖြတ်သွားသည့်အရိပ်တစ်ခုကို လျှပ်ကနဲမြင်လိုက်ရသောကြောင့် လှမ်းအော်လိုက်သည်။
"အပြင်မှာ တစ်ယောက်ယောက်ရှိလား။ ကျင့်ချီလား။ ဟုတ်လား။"
အန်းလုက လှမ်းအော်လိုက်သည်။ မီးရောင်ကရှိသည်ဆိုရုံသာထွန်းထားသည့်အတွက် အဝေးနေရာများကတော့ မှောင်မဲနေလေ၏။ မည်သူမျှအသံမပြုလာသည့်အတွက် အန်းလုကနောက်တခေါက်ထပ်မံအော်လိုက်သည်။
"ကျင့်ချီ....အ့......"
ရုတ်တရက် နောက်ဘက်မှနေ၍ လည်ပင်းအားအဝတ်စကဲ့သိူ့သောအရာနှင့် ဆွဲကာချည်နှောင်ခံလိူက်ရသည်။ လက်နှစ်ဖက်သည်လည်း အမြန်ပင် ထိုတင်းကျပ်လာသော အဝတ်စအား ဖယ်ရန်ကြိုးစားနေလေ၏။
တစ်ဖြည်းဖြည်း အသက်ရှုရခက်လာပြီး မျက်လုံးများပင်ပြာဝေလာတော့၏။ ကိုယ်ခန္တာတစ်ခုလုံး ရှိသမျှအားကုန်သုံးကာ ရုန်းကန်နေသော်လည်း နောက်ဖက်ရှိသူက ပို၍အားကြီးနေသောကြောင့် အန်းလုမှာမရုန်းနိုင် ဖြစ်နေတော့သည်။ လက်များကလည်း ထိုနောက်ဘက်ရှိလူ၏အား တတ်နိုင်သမျှမှီရန် လှမ်းကုတ်နေသော်လည်း ထိုလူက အန်းလု၏လက်များကိူ အသာလေးပင်ရှောင်နေ၏။
အသက်ရှုရပိုမိုခက်ခဲလာပြီးနောက် အန်းလု၏အားအင်တို့သည်လည်း ကုန်ခန်းလုနီးပါးဖြစ်သွားလေသည်။ တဖြည်းဖြည်းအောက်သိူ့ ကျလာသောလက်နှစ်ဖက်အပြင် မျက်လုံးနှစ်ဖက်သည်လည်း မျက်ဖြူပင်ဆိုက်လုနီးပါးဖြစ်သွားလေတော့၏။
*ဒုန်း.....*
ထိုစဥ်တွင်ပဲ ကျယ်လောင်ကာသွားသော တံခါးဖွင့်သံပြီးတဲ့နောက် ဝင်လာသူက ကျင့်ချီပင်။ ကျင့်ချီက အသက်ငွေ့ငွေ့သာကျန်တော့ပုံရသော အန်းလုကိုကြည့်လိုက်ပြီးနောက် သူ၏နောက်ဘက်ရှိ လည်ပင်းကိုရစ်ပတ်ကာ အဝတ်စကိုတင်းကျပ်စွာကိုင်ထားသော ဝတ်ရုံအမဲနှင့်လူအားကြည့်လိုက်သည်။
"ကိုယ်လုပ်တော်ကျင့်!!!"
ချက်ချင်းပင် ပြေးလာလိုက်ပြီး ထိုလူအား တားဆီးရန်ကြိုးစားလိုက်သည်။ အန်းလုအားအသေ သတ်ရန်ကြံစည်ထားပုံရသော ထိုသူက ကျင့်ချီ၏ တိုက်ကွက်များအား ပြန်လည်ခုခံရန်အတွက် မတတ်သာသည့်ပုံစံဖြင့် အန်းလုအားလွှတ်ပေးလိုက်ရသည်။
အန်းလုကတော့ ထိုလူလွှတ်လိုက်သည်နှင့်တပြိုင်နက် ကုတင်ပေါ်၌ပင် လဲကျကာငြိမ်သက်သွားလေသည်။ ကျင့်ချီကမူ ထိုသူနှင့် ဆက်လက်တိုက်ခိုက်နေ၏။ အတော်ကြာတိူက်ခိုက်ပြီးနောက် ဝတ်ရုံအမဲနှင့်လူက ပြတင်းပေါက်မှတစ်ဆင့်အပြင်သို့ထွက်ပြေးသွားသည်။ ကျင့်ချီက မလိုက်တော့ဘဲ အန်းလုကို ဂရုစိုက်ရန်သာ အာရုံစိုက်လိုက်လေသည်။
"ကိုယ်လုပ်တော်ကျင့် ကိုယ်လုပ်တော်ကျင့်....အဆင်ပြေရဲ့လား။"
ကုတင်ပေါ်တွင် အပုံသားလဲကျနေသော အန်းလုကို အတင်းလှုပ်နှိုးလိုက်သည်။ လည်ပင်းထက်ရစ်ပတ်နေသော အဝတ်စကို အရင်ဖယ်လိုက်သည့်အခါ နီရဲနေသော အရာကြီးကအထင်းသားကျန်နေခဲ့လေ၏။ ကျင့်ချီက အသက်ရှုသေးသည်ကိုသိလေတော့ သက်ပြင်းတစ်ချက်ချလိူက်သည်။
"ဟူး..... ငါထင်ပြီးသားဆိုပေမဲ့ နည်းနည်းနောက်ကျသွားလိူ့ တောင်းပန်ပါတယ် အန်းလု။
သမားတော် ခေါ်ပေးပါမယ်။"
ကျင့်ချီက အန်းလုကို ကုတင်ပေါ်တွင်သေချာနေရာချလိုက်ပြီးတဲ့နောက် အပြင်ဘက်သို့ထွက်သွားလေတော့သည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီနောက်ပိုင်းကစပြီး တချို့နေရာလေးတွေ ပြန်လည်ပြင်ဆင်ထားပါတယ်။ အရမ်းကြီးကွဲနေတာမျိုးမရှိပါဘူး။ အခုမှစဖတ်သူတွေမတွက်တော့ အေးဆေးပါပဲ။ ဖတ်ပြီးသားလူတွေလည်း ပုံစံတမျိုးထပ်ဖတ်ရတယ်လို့ တွေးပေးပါ။ 😁😁❤❤
အပိုင္း ၆ ( ဝတ္႐ုံနက္ႏွင့္ လုပ္ႀကံသူ)
အန္းလုက ခ်ီရွန္းကိုျပန္ဆိုက္ၾကည့္ေနရင္းပင္ တံေတြးတစ္ခ်က္ၿမိဳခ်မိသည္။ ခ်ီရွန္း၏ပုံစံက သူ႔ကို ယခုခ်က္ခ်င္းပင္ ဝါးစားေတာ့မည့္ပုံစံျဖစ္ေနေလ၏။
အန္းလုက စိတ္ကိုျပန္တင္းလိုက္ၿပီးေနာက္ ထိုရပ္ေနေသာ ေနရာက၌ပင္ ခ်ီရွန္းကိုေခၚရန္ျပင္သည္။
"ဟို...ကၽြန္ေတာ္က..."
သိူ႔ေသာ္လည္း သူ၏အသံက လည္ေခ်ာင္းထဲ၌ပင္ တစ္ေနသည့္အလား အျပင္သို႔က်ယ္ေလာင္စြာထြက္မလာေခ်။ ထို႔အျပင္ ခ်ီရွန္းကလည္း ထိုစကားပင္မၾကားလိုက္သည့္ပုံစံ၊ သို႔မဟုတ္ တမင္ပင္ဂ႐ုမစိုက္ေလသလားမသိ၊ တခ်က္ပင္လွည့္မၾကည့္ပဲ အေဆာင္အတြင္း သို႔ျပန္ဝင္သြားေလ၏။ အေပါက္ဝတြင္ ရပ္ေနသူတစ္ေယာက္က ေရွာင္ရွင္းပင္။ သူ၏ေဘးမလွမ္းမကမ္းတြင္ရွိေနသည့္ မိန္းကေလးတစ္ခ်ိဳ႕ကလည္း ေခါင္းကိုသာအေသငုံ႔ထားသည္။ ထိုထဲတြင္ အားေလာ့လည္းအပါအဝင္ျဖစ္၏။ ခ်ီရွန္းက ေသြးစြန္းေနေသာ ဓားရွည္ကို ေရွာင္ရွင္း၏ရင္ဘတ္အား ပစ္ေပးလိုက္သည္။ ေရွာင္ရွင္းက ထိုဓားအားဖမ္းလိုက္ၿပီး ခ်ီရွန္းအား ေခါင္းကိုငုံ႔ကာ ဂါရဝျပဳလိုက္သည္။
(သူတို႔အကုန္လုံး ဒီမွာရွိေနၾကတာပဲ။)
တခဏၾကာေတာ့ ေရွာင္ရွင္းက အမတ္တစ္ခ်ိဳ႕အား ျပန္ရန္ေျပာလိုက္ၿပီး တစ္ခ်ိဳ႕နန္းတြင္းသူမ်ားကိုမူ အေဆာင္အား သန႔္ရွင္းေရးလုပ္ရန္ ေစခိုင္းေနသည္။အန္းလုက ထိုအေဆာင္အနားသိူ႔ေရာက္လာလိုက္ၿပီး သူကအားေလာ့ကိုအရင္ေခၚလိုက္သည္။
"အားေလာ့....."
အေဆာင္ေတာ္၏တိုင္တစ္တိုင္အား အဝတ္စျဖင့္သုတ္ေနေသာ အားေလာ့ကသူ႔အား လွည့္ၾကည့္ကာလာသည္။ အန္းလုက အားေလာ့အားျပဳံးကာျပလိုက္၏။ အားေလာ့က ေခါင္းကိုငုံ႔ကာ ဂါရဝျပဳလိုက္ၿပီးေနာက္ ျပန္လွည့္သြားကာ လုပ္စရာရွိသည္ကိုသာ ဆက္လုပ္ေနလိုက္သည္။ အန္းလုက ခ်က္ခ်င္းပင္ ထပ္ေခၚမည္အလူပ္
"အားေလာ့.... ငါက...."
"ကိုယ္လုပ္ေတာ္က်င့္ ဒီမွာေနလို႔မရပါဘူး။"
အန္းလုက အားေလာ့ကိုေျပာရန္ျပင္လိုက္စဥ္တြင္ပဲ ေနာက္မွေရာက္ခ်လာသည့္ က်င့္ခ်ီပင္။ အန္းလုက လွည့္ၾကည့္လိုက္ေလေတာ့ ထိုသူကသူ႔အနားေရာက္ေနေလေခ်ၿပီ။ သူက အန္းလုအနားထိကပ္လိုက္ၿပီး
"တစ္ရက္ေတာင္မျပည့္ေသးပဲ ေသခ်င္ေနတာေတာ့မဟုတ္ပါဘူးေနာ္။ အခုအေဆာင္ျပန္ရေအာင္။"
က်င့္ခ်ီက အန္းလု၏လက္ဝတ္႐ုံရွည္အစအား ဆုပ္ကိုင္လိုက္ၿပီး အတင္းဆြဲေခၚသြားေလေတာ့သည္။
"ခဏေလး...ခဏေလး...ကၽြန္ေတာ္..."
က်င့္ခ်ီက သူ႔ကိုလုံးဝပင္ေျပာခြင့္မေပးေတာ့သည့္ပုံစံျဖင့္ ဆြဲေခၚလာခဲ့လိုက္သည္။ အားေလာ့က သူ႔အားေၾကာင္ၾကည့္ေနေလ၏။ က်င့္ခ်ီက အန္းလုအားအသံမထြက္ေစရန္ ပါးစပ္ကိုလက္ျဖင့္ ပိတ္ခ်ပစ္လိူက္ၿပီး ဆြဲေခၚလာခဲ့လိုက္ေတာ့သည္။
........................
" ဒီေန႔ပဲ သူလ်ိဳတစ္ေယာက္ ဝူရွဲ႕အေဆာင္မွာအသတ္ခံလိုက္ရတယ္။ ဒီပုံစံအတိုင္းဆို ဘုရင္ခ်ီရွန္းက အန္းလုဆီကိုလာနိုင္တယ္။ ယြဲ႕တိုင္းျပည္က ကိုယ္လုပ္ေတာ္ကိုလည္း သူစစ္ေဆးဖို႔လုပ္မွာပဲ"
အန္းလုက အေဆာင္ထဲရွိ ကုတင္စြန္းနားတြင္ ထိုင္ေနသည္။ ေခါင္းကိုငုံ႔ကာ လက္ႏွစ္ဖက္ကမူ အၿငိမ္မေနပဲ တဖက္ကိုတစ္ဖက္ပြတ္သက္ကာေနေလ၏။ 'သူလ်ိဳ'ဟူေသာ စကားကိုၾကားေလေတာ့ အန္းလုကေခါင္းေထာင္လာၿပီး
"သူလ်ိဳဟုတ္လား။ အဲ့တူန္းကေသေနတဲ့တေယာက္က ခင္ဗ်ားနဲ႔ ပတ္သတ္ေနတာလား။
ဘာလို႔လဲ။ ခင္ဗ်ား ဘာေတြႀကံစည္ေနတာလဲ။"
က်င့္ခ်ီက အန္းလုကိုၾကည့္ၿပီးသက္ျပင္းခ်လိုက္သည္။
"ဟင္း.....ကၽြန္ေတာ္တို႔ဘက္မွာ လူတစ္ေယာက္ထပ္မနည္းရွိေနမွ ဒီေနရာမွာဆက္အသက္ရွင္နိုင္မွာေပါ့။ နန္းတြင္းဆိုတာ ထင္သေလာက္မရိုးရွင္းဘူး။ အခ်ိန္မေရြးေသနိုင္တယ္။ လည္ပင္းမွာေခါင္းျမဲေနဖို႔ဘာမဆိုလုပ္ရမွာပဲ။"
"ဘုရင္ကိုလူပ္ႀကံဖို႔ေတာ့..........မဟုတ္ဘူးမလား။"
"ရွူး...တိုးတိုး"
က်င့္ခ်ီက သူ၏လက္ညိဳးအား ႏွုတ္ခမ္းေပၚတင္ကာ အန္းလုကိုအသံတိတ္ေစလိုက္သည္။
"ဘယ္လိုျဖစ္လို႔ အႏၲာရယ္မ်ားတဲ့ စကားေတြကိုေျပာဖို႔ေတြးေနရတာလဲ။ ဒီစကားေလးနဲ႔တင္ ဘာမွမလုပ္လိုက္ရပဲ ေခါင္းျဖတ္ခံရနိုင္တယ္ဆိုတာ သိရဲ့လား။
ျဖစ္နိုင္ရင္ ဒီအေဆာင္ကေန တစ္လွမ္းမွမလွမ္းပါနဲ႔။ အျပင္ကလူေတြကကိုလည္း ေစာင့္ၾကည့္ခိုင္းထားမွာမလို႔ လုံးဝမထြက္ရင္အေကာင္းဆုံးပါ။"
"ဘာလို႔ ကၽြန္ေတာ္ကခင္ဗ်ားေျပာတဲ့အတိုင္း လူပ္ရမွာလဲ။ မလုပ္နိုင္ဘူးဆိုရင္ေရာ။"
(ငါ ရွန္းရွန္းနဲ႔ မ်က္ႏွာခ်င္းဆိုင္ေတြ႕ရမွကိုျဖစ္မွာ။)
က်င့္ခ်ီကသူ႔အားစူးစိုက္ၾကည့္လိုက္သည္။ ခနဲ႔သည့္အျပဳံးတစ္ခုကိုျပဳံးလိုက္ၿပီးေနာက္
"ကၽြန္ေတာ္ ကေလးေတြကိုသတ္ခိုင္းလိုက္မယ္။"
"မင္း....."
အန္းလုကအသံကိုအနည္းငယ္ျမႇင့္ကာ ေအာ္ရန္ျပင္လိုက္ၿပီးမွ စိတ္ကိုျပန္ေလ်ာ့ခ်လိုက္သည္။ စစခ်င္းဤအလုပ္ကိုလက္ခံခဲ့စဥ္ကလည္း ကေလးေတြရွိရာသိူ႔ လိုက္သြားက အတည္ျပဳစစ္ေဆးခဲ့သည္။ အိမ္တစ္အိမ္ထဲတြင္ ေသခ်ာေခၚထားၿပီး အသက္ေမြးဝမ္းေက်ာင္းပညာရပ္တစ္ခ်ိဳ႕ကိုပင္ သင္ၾကားေပးေနခဲ့သည္ကို သူေတြ႕ခဲ့ရသည္။
ဤသိူ႔ေသာ သူမ်ိဳးက ကေလးေတြကိုသတ္မည္ဟု မိမိအား ခဏခဏၿခိမ္းေျခာက္ေနသည္ကိုေတာ့ အန္းလုအမွန္တကယ္ပင္ခံျပင္းသည္။ ကေလးေတြက သူ႔အတြက္ႏွင့္ ဓားစာခံမ်ားျဖစ္ေနၾကရ၏။
"ေကာင္းၿပီ။ ငါဒီမွာၿငိမ္ၿငိမ္ေလးေနေပးမယ္။"
"ဒီလိူမွေပါ့။"
.......................
"ရွန္းရွန္း....."
ေခၽြးေစးမ်ားျပန္ကာေနၿပီး အိပ္ယာခင္းတြင္ပင္ ေခၽြးမ်ားႏွင့္ အနည္းငယ္စိုရြဲကာေနေသးသည္။ အန္းလုက ညလည္ေခါင္နားေရာက္ေတာ့ အိမ္မက္ဆိုးတစ္ခုေၾကာင့္ လန႔္နိုးလာခဲ့ျခင္းပင္။
မလွမ္းမကမ္းတြင္ရွိေသာမီးပုံးအလင္းေရာင္က မွိန္ျပျပရွိေနသည့္အတြက္ သူ႔အတြက္အဆင္ေျပသည္။ အန္းလုကသက္ျပင္းခ်လိုက္ၿပီး ထထိုင္ရန္ျပင္လိုက္စဥ္တြင္ပင္ အခန္းအျပင္ဘက္တစ္ေနရာမွ ျဖတ္သြားသည့္အရိပ္တစ္ခုကို လၽွပ္ကနဲျမင္လိုက္ရေသာေၾကာင့္ လွမ္းေအာ္လိုက္သည္။
"အျပင္မွာ တစ္ေယာက္ေယာက္ရွိလား။ က်င့္ခ်ီလား။ ဟုတ္လား။"
အန္းလုက လွမ္းေအာ္လိုက္သည္။ မီးေရာင္ကရွိသည္ဆို႐ုံသာထြန္းထားသည့္အတြက္ အေဝးေနရာမ်ားကေတာ့ ေမွာင္မဲေနေလ၏။ မည္သူမၽွအသံမျပဳလာသည့္အတြက္ အန္းလုကေနာက္တေခါက္ထပ္မံေအာ္လိုက္သည္။
"က်င့္ခ်ီ....အ့......"
႐ုတ္တရက္ ေနာက္ဘက္မွေန၍ လည္ပင္းအားအဝတ္စကဲ့သိူ႔ေသာအရာႏွင့္ ဆြဲကာခ်ည္ေႏွာင္ခံလိူက္ရသည္။ လက္ႏွစ္ဖက္သည္လည္း အျမန္ပင္ ထိုတင္းက်ပ္လာေသာ အဝတ္စအား ဖယ္ရန္ႀကိဳးစားေနေလ၏။
တစ္ျဖည္းျဖည္း အသက္ရွုရခက္လာၿပီး မ်က္လုံးမ်ားပင္ျပာေဝလာေတာ့၏။ ကိုယ္ခႏၲာတစ္ခုလုံး ရွိသမၽွအားကုန္သုံးကာ ႐ုန္းကန္ေနေသာ္လည္း ေနာက္ဖက္ရွိသူက ပို၍အားႀကီးေနေသာေၾကာင့္ အန္းလုမွာမ႐ုန္းနိုင္ ျဖစ္ေနေတာ့သည္။ လက္မ်ားကလည္း ထိုေနာက္ဘက္ရွိလူ၏အား တတ္နိုင္သမၽွမွီရန္ လွမ္းကုတ္ေနေသာ္လည္း ထိုလူက အန္းလု၏လက္မ်ားကိူ အသာေလးပင္ေရွာင္ေန၏။
အသက္ရွုရပိုမိုခက္ခဲလာၿပီးေနာက္ အန္းလု၏အားအင္တို႔သည္လည္း ကုန္ခန္းလုနီးပါးျဖစ္သြားေလသည္။ တျဖည္းျဖည္းေအာက္သိူ႔ က်လာေသာလက္ႏွစ္ဖက္အျပင္ မ်က္လုံးႏွစ္ဖက္သည္လည္း မ်က္ျဖဴပင္ဆိုက္လုနီးပါးျဖစ္သြားေလေတာ့၏။
*ဒုန္း.....*
ထိုစဥ္တြင္ပဲ က်ယ္ေလာင္ကာသြားေသာ တံခါးဖြင့္သံၿပီးတဲ့ေနာက္ ဝင္လာသူက က်င့္ခ်ီပင္။ က်င့္ခ်ီက အသက္ေငြ႕ေငြ႕သာက်န္ေတာ့ပုံရေသာ အန္းလုကိုၾကည့္လိုက္ၿပီးေနာက္ သူ၏ေနာက္ဘက္ရွိ လည္ပင္းကိုရစ္ပတ္ကာ အဝတ္စကိုတင္းက်ပ္စြာကိုင္ထားေသာ ဝတ္႐ုံအမဲႏွင့္လူအားၾကည့္လိုက္သည္။
"ကိုယ္လုပ္ေတာ္က်င့္!!!"
ခ်က္ခ်င္းပင္ ေျပးလာလိုက္ၿပီး ထိုလူအား တားဆီးရန္ႀကိဳးစားလိုက္သည္။ အန္းလုအားအေသ သတ္ရန္ႀကံစည္ထားပုံရေသာ ထိုသူက က်င့္ခ်ီ၏ တိုက္ကြက္မ်ားအား ျပန္လည္ခုခံရန္အတြက္ မတတ္သာသည့္ပုံစံျဖင့္ အန္းလုအားလႊတ္ေပးလိုက္ရသည္။
အန္းလုကေတာ့ ထိုလူလႊတ္လိုက္သည္ႏွင့္တၿပိဳင္နက္ ကုတင္ေပၚ၌ပင္ လဲက်ကာၿငိမ္သက္သြားေလသည္။ က်င့္ခ်ီကမူ ထိုသူႏွင့္ ဆက္လက္တိုက္ခိုက္ေန၏။ အေတာ္ၾကာတိူက္ခိုက္ၿပီးေနာက္ ဝတ္႐ုံအမဲႏွင့္လူက ျပတင္းေပါက္မွတစ္ဆင့္အျပင္သို႔ထြက္ေျပးသြားသည္။ က်င့္ခ်ီက မလိုက္ေတာ့ဘဲ အန္းလုကို ဂ႐ုစိုက္ရန္သာ အာ႐ုံစိုက္လိုက္ေလသည္။
"ကိုယ္လုပ္ေတာ္က်င့္ ကိုယ္လုပ္ေတာ္က်င့္....အဆင္ေျပရဲ့လား။"
ကုတင္ေပၚတြင္ အပုံသားလဲက်ေနေသာ အန္းလုကို အတင္းလွုပ္ႏွိုးလိုက္သည္။ လည္ပင္းထက္ရစ္ပတ္ေနေသာ အဝတ္စကို အရင္ဖယ္လိုက္သည့္အခါ နီရဲေနေသာ အရာႀကီးကအထင္းသားက်န္ေနခဲ့ေလ၏။ က်င့္ခ်ီက အသက္ရွုေသးသည္ကိုသိေလေတာ့ သက္ျပင္းတစ္ခ်က္ခ်လိူက္သည္။
"ဟူး..... ငါထင္ၿပီးသားဆိုေပမဲ့ နည္းနည္းေနာက္က်သြားလိူ႔ ေတာင္းပန္ပါတယ္ အန္းလု။
သမားေတာ္ ေခၚေပးပါမယ္။"
က်င့္ခ်ီက အန္းလုကို ကုတင္ေပၚတြင္ေသခ်ာေနရာခ်လိုက္ၿပီးတဲ့ေနာက္ အျပင္ဘက္သို႔ထြက္သြားေလေတာ့သည္။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီေနာက္ပိုင္းကစၿပီး တခ်ိဳ႕ေနရာေလးေတြ ျပန္လည္ျပင္ဆင္ထားပါတယ္။ အရမ္းႀကီးကြဲေနတာမ်ိဳးမရွိပါဘူး။ အခုမွစဖတ္သူေတြမတြက္ေတာ့ ေအးေဆးပါပဲ။ ဖတ္ၿပီးသားလူေတြလည္း ပုံစံတမ်ိဳးထပ္ဖတ္ရတယ္လို႔ ေတြးေပးပါ။ 😁😁❤❤