ေႁခြ (ခြွေ) (Completed)

By shanemann622

1.3M 131K 4.3K

သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ... More

Author
part 1(Z+U)
part 2(Z+U)
part 3(Z+U)
part 4(Z+U)
part 5(Z+U)
part 6(Z+U)
part 7(Z+U)
part 8(Z+U)
part 9 (Z+U)
part 10(z+u)
part 11(Z+U)
part 12 (Z+ U)
part 13(Z+U)
part 14(z+u)
part 15(z+u)
part 16(Z+U)
part 17(z+u)
part 18(z+u)
Part 19(Z+U)
part 20 (Z+ U)
part 21(Z+U)
part 22(Z+U)
part 23(z+u)
part 24(Z+U)
part 25(Z+U)
part 25(2)[Z+U]
part 26(Z+U)
part 27(z+u)
part 28(Z+U)
part 29(Z+U)
part 30(Z+U)
part 31(z+u)
part 32(z+u)
part 33(z+u)
part 34(z+u)
part 35(z+u)
part 36(z+u)
part 37(z+u)
part 38(z+u)
part 39(z+u)
part 40(z+u)
part 41(z+u)
part 42(z+u)
part 43(z+u)
part 44/B(z+u)
part 45(z+u)
part 46(z+u)
part 47(z+u)
part 48(z+u)
part 49(z+u)
part 50(z+u)
part 51(z+u)
Final (z+u)
Extra 1(z+u)
Extra 2(z+u)
Extra 3(z+u)
Extra 4(z+u)
Extra End(z+u)
ေက်းဇူးတင္လႊာ(ေက်းဇူးတင္လႊာ)
Book Detail
အနူးအညွှန့်တောင်းပန်ခြင်း
special extra 1
special extra 2

part 44/A(z+u)

14.7K 1.7K 96
By shanemann622

သရက္ပင္ႀကီး၏ သစ္ရိပ္ေအာက္တြင္ စၾကႍေလ်ွာက္ကာ တရားမွတ္ေနသည့္ ဦးဇငး္ေလးသည္ ေက်ာဘက္ျခမ္း၌ လက္အုပ္ခ်ီကာ ရပ္ေနသည့္ ရိပ္ထင္ကိုျမင္လ်ွင္ ဤသို႔ေမးပါသည္။

"လာျပန္ၿပီလား တကာႀကီးရယ္"

" တင္ပါ့ အခ်ိဳရည္လာကပ္တာပါဘုရား ၿပီးေတာ့ ဒီေန႔က ငါးရက္ေျမာက္ေန႔ေလဘုရား ေနာက္ ေျခာက္ရက္ပဲ က်န္ေတာ့တာမို္ တပည့္ေတာ္ စိတ္ရႊင္ေနပါတယ္ဘုရား "

ခန္႔ညားေသာ မ်က္ႏွာထပ္ဝယ္ ရႊင္လန္းေတာက္ပေနေသာ အျပံဳးႀကီးတစ္ခုကိုဆင္ျမန္းကာ တက္ႂကြစြာ ေျပာေသာ ရိပ္ထင္သည္ ဦးဇင္းစဝတ္သည့္ ေန႔မွ စ၍ အနည္းဆုံး တစ္ေန႔ ႏွစ္ေခါက္ေတာ့ ဘုန္းႀကီးေက်ာင္းကို လာသည္။ ယခုလည္း ေန႔ခင္းဆြမ္းကပ္ၿပီးေနာက္ ညေနခင္အခ်ိန္တြင္ အေအး လာကပ္သည္တဲ့ ။ အၾကာင္းမ႐ွိ အေၾကာင္း႐ွာကာ ဘုန္းႀကီးေက်ာင္းလာ၍ သူ႔မ်က္ႏွာ လာလာျပသည့္ ရိပ္ထင္မွာ အေၾကာင္း႐ွိေလသည္။ ထိုသည္ကား ဦးဇင္းေလးသည္ တရားဓမၼတြင္ ေပ်ာ္ေမြ႔၍ သူ႔ကိုေမ့ကာ ရာသက္ပန္ပင္ ဘုန္းႀကီးဝတ္မည္ဆိုး၍ ျဖစ္သည္ ။ အခုေတာင္ ငါးရက္ေလးနဲ႔တင္ ဦးဇင္းေလး မ်က္ႏွာက ၾကည္လင္၍ ေအးခ်မ္းေနသည္။ ကိေလသာအပူမီးမ်ား ကင္းစင္ေနသည္ႏွယ္ မ်က္ႏွာေလးသည္ တည္ၿငိမ္ေအးခ်မ္း၍ ၾကည္ညိဳစရာပင္ေကာင္းလွသည္။ စိတ္ဆင္းရဲ ပူပင္မႈမ်ားကင္းသည့္ထင္ပါ့ရဲ႕........မ်က္ႏွာနဲ႔ ခနၶာမွာ အရင္ကထက္ပင္ ျပည့္လာသည္။

ဦးဇင္းေလးသည္ ရိပ္ထင္ ကပ္သည့္ စပ်စ္ အခ်ိဳရည္အား ဘုန္းေပးၿပီးေသာအခါ

" ကဲ တကာႀကီးျပန္ေတာ့ေလ ခုနေနရင္ ဦးဇင္းေရခ်ိဳးၿပီး ဘုရားဝတ္ျပဳရအုံးမယ္ ေနာက္လည္း ခဏခဏ မလာပါနဲ႔ ဦးဇင္း တရားပ်က္လို႔ပါ "

ဦးဇင္းေလးက ထိုသို႔ဆိုေတာ့ ရိပ္ထင္ မ်က္ႏွာသည္ မိႈင္က်သြားေလသည္။ ထို႔ေနာက္ ဦးခ်ကာ မတ္တပ္ထရပ္လိုက္သည္။

" တပည့္ေတာ္ မနက္ျဖန္က်ရင္ ဘန္ေကာက္မွာ အလုပ္ကိစၥ႐ွိလို႔ ခရီးသြားရမယ္ ဒါေၾကာင့္ တပည့္ေတာ္ကိုမလာျဖစ္ရင္ စိတ္မပူပါနဲ႔ေနာ္ ဝသာန္ကို ညေနတိုင္း အေအးကပ္ဖို႔ မွာထားပါတယ္ ၿပီးေတာ့ ၁၁ရက္ထက္ပိုမဝတ္ပါနဲ႔ "

' လြမ္းလွပါၿပီ ' ဟူေသာ စကားကိုေတာ့ ဝတ္ထားတဲ့ သကၤန္းႏွင့္ ဆံပင္မ႐ွိ၍ စိမ္းဖန္႔ေနေသာ ဦးဇင္းေလး၏ ဦးေခါင္းကိုၾကည့္ကာ မ်ိဳသိပ္လိုက္ပါသည္။ အင္း......မသင့္ေတာ္ေပဘူး.......။

မ်က္ႏွာ ညိဳးညိဳးႏွင့္ ေက်ာခိုင္းထြက္သြားသည့္ ရိပ္ထင္ကို ၾကည့္ကာ ဦးဇင္းေလးသည္ ေခါင္းခါ၍ ျပံဳးလိုက္ပါသည္။ တယ္လည္း ကေလးဆန္တဲ့ ရိပ္ထင္။

............................

ဒီလိုျဖင့္ ဘန္ေကာက္တြင္ ရိပ္ထင္ အလုပ္ကိစၥမ်ားျဖင့္ အေတာ္ပင္ အလုပ္မ်ားခဲ့သည္။ အေၾကာင္းမွာ ေနာက္တစ္ခါ ထပ္၍ မလာရေအာင္ ကုမၼဏီခြဲကို အစည္းေဝးေတြေခၚ၊ စရင္းေတြစစ္ ၊ ေျပာစရာ႐ွိတာေတြ ေျပာႏွင့္ ရိပ္ထင္သည္ ခ်စ္သူအား လြမ္းသည့္ စိတ္ကို ေျဖေဖ်ာက္ႏိုင္ရန္အတြက္လည္ျဖစ္ေအာင္ ဘန္ေကာက္ကအလုပ္မ်ားကိုအၿပီးျဖတ္ေလသည္။ ဝန္ထမ္းမ်ားသည္လည္း နင္းကန္ အလုပ္လုပ္ေနသည့္ သူေဌးေၾကာင့္ သူတို႔လည္း အေတာ္ပင္ ၿပိဳင္းေနၾကသည္။ မန္ေနဂ်ာကစ၍ စိတ္ထဲတြင္ ဒီ သူေဌးျမန္ျမန္ ျပန္ပါေတာ့ဟူ၍ ႀကိတ္ဆုေတာင္းေနမိ၏။ သူတို႔ သူေဌးက ရည္းစားပူမိ၍ စက္႐ုပ္တစ္႐ုပ္လို အလုပ္လုပ္ႏိုင္ေပမယ့္ သူတို႔ကေတာ့ မလုပ္ႏိုင္ဘူးေလ ဒါေၾကာင့္ ျမန္မာကိုသာ ျပန္ပါဟူ၍ အကုန္လုံး ညီးတြားေနၾကသည္။ထို႔ေၾကာင့္ ႐ွိ႐ွိသမ်ွ အလုပ္ေတြ အကုန္က်ံဳးလုပ္ေန၍ ရိပ္ထင္သည္ ဘန္ေကာက္၌ ၈ရက္ေလာက္ပင္ ၾကာသြားေလသည္။ တစ္ေနကုန္ အလုပ္ထဲ ေခါင္းစိုက္ေနၿပီး ဟိုတယ္ ျပန္ေရာက္ေသာအခါ ည၇နာရီ ထိုးေနၿပီျဖစ္သည္။ ဒါေၾကာင့္ ပင္ပန္းႏြမ္းနယ္ေနသည့္ စိတ္မ်ားကို ေျဖေလ်ာ့ရန္ ေရခ်ိဳးရန္ျပင္လိုက္သည္။ ၿပီးေနာက္ ဝသာန္႔ဆီ ဖုန္းဆက္၍ သူ၏ ဦးဇင္းေလး လူထြက္လာၿပီလားဆိုၿပီး ေမးရန္ ေတးထားလိုက္သည္။ ယခုပင္ ၁၁ရက္ေက်ာ္၍ ၁၃ရက္ထဲပင္ေရာက္ေနမည္မဟုတ္ပါလား ။ အခုထိ လူမထြက္ေသးဘူးဆိုရင္ေတာ့ မနက္ျဖန္ အစည္းေဝးၿပီးတာနဲ႔ ျမန္မာကို ျပန္၍ ခ်က္ခ်င္းလူထြက္ခိုင္းမည္ ဟူ၍ ေတြးေတာေနေတာ့သည္။

" တီးေတာင္! ! "

Bathtub ထဲတြင္ ေရစိမ္ေနတုန္း အခန္းေ႐ွ႕မွ လူေခၚbell ေၾကာင့္ ရိပ္ထင္ ဇေဝဇဝါျဖင့္ ထကာ ခါး၌ သဘက္အျဖဴေလးပတ္၍ တံခါးသြားဖြင့္လိုက္ေလသည္။

" ဒီအခ်ိန္ႀကီး ဘယ္သူပါလိမ့္ ။ ငါ စားစရာမွာထားမိလို႔လား "

တစ္ကိုယ္တည္း ေရရြတ္ရင္း ေရစို၍ နဖူးျပင္ေပၚသို႔ အေခ်ာင္းလိုက္က်ေနေသာ ဆံပင္မ်ားကို သပ္တင္ကာ တံခါးဆြဲဖြင့္လိုက္ေလသည္။

"အင့္ "

တံခါးဖြင့္ဖြင့္ခ်င္းမွာပင္ ရင္ခြင္ထဲပစ္ဝင္လာသည့္ ခနၶာကိုယ္တစ္ခုေၾကာင့္ ရိပ္ထင္ အင့္ခနဲပင္ေအာ္တာ ေနာက္သို႔ ေျခလွမ္းသုံးလွမ္းေလာက္ ဆုတ္ထား၏။

" ဟားး ေမႊးေနတာပဲ "

မိမိအား တင္းက်ပ္စြာဖက္၍ လည္ပင္းစပ္နားသို္ ႏွာေခါင္းေတ့ကာ ေမႊး႐ွဴလိုက္သည့္ ေလေငြ႔ေႏြးေႏြ႔ႏွင့္ နင့္နင့္သည္းသည္းအသံေၾကာင့္ ရိပ္ထင္၏ မ်က္ဝန္းမ်ားသည္ ျပဴးက်ယ္လာကာ ရင္ခြင္ထဲမွ မ်က္ႏွာေလးကို အတင္းဆြဲေမာ့ေလသည္။

" ေႁခြ! !"

ဦးထုပ္ အနက္ေရာင္ေလးေစာင္းထားကာ သူ႔အား ေမာ့ၾကည့္လာသည့္ မ်က္ႏွာေခ်ာေခ်ာေလးက အျပံဳးပန္းမ်ား ေဝဆာလ်က္ပါ။ ရိပ္ထင္ အံ႔ျသဝမ္းသာ၍ သူ႔အား ျပံဳးလ်က္ၾကည့္ေနသၫ့္ ေႁခြ႕ မ်က္ႏွာအား မခြဲႏိုင္မခြာႏိုင္ ပါးစပ္အေဟာင္းသားႏွင့္ စိုက္ၾကည့္ေနမိသည္။

...............................

#အရမ္းတိုပါတယ္ စာလုံးေရ တစ္ေထာင္ေက်ာ္ပဲ႐ွိပါတယ္ ။ က်ေနာ္ အစာအိမ္နာၿပီး အူေရာင္ေနလို႔ ေနျပန္ေကာင္းမွ အဆက္တင္ေပးပါမယ္ ။

Unicode



သရက်ပင်ကြီး၏ သစ်ရိပ်အောက်တွင် စင်္ကြံလျှောက်ကာ တရားမှတ်နေသည့် ဦးဇင်းလေးသည် ကျောဘက်ခြမ်း၌ လက်အုပ်ချီကာ ရပ်နေသည့် ရိပ်ထင်ကိုမြင်လျှင် ဤသို့မေးပါသည်။

"လာပြန်ပြီလား တကာကြီးရယ်"

" တင်ပါ့ အချိုရည်လာကပ်တာပါဘုရား ပြီးတော့ ဒီနေ့က ငါးရက်မြောက်နေ့လေဘုရား နောက် ခြောက်ရက်ပဲ ကျန်တော့တာမို တပည့်တော် စိတ်ရွှင်နေပါတယ်ဘုရား "

ခန့်ညားသော မျက်နှာထပ်ဝယ် ရွှင်လန်းတောက်ပနေသော အပြုံးကြီးတစ်ခုကိုဆင်မြန်းကာ တက်ကြွစွာ ပြောသော ရိပ်ထင်သည် ဦးဇင်းစဝတ်သည့် နေ့မှ စ၍ အနည်းဆုံး တစ်နေ့ နှစ်ခေါက်တော့ ဘုန်းကြီးကျောင်းကို လာသည်။ ယခုလည်း နေ့ခင်းဆွမ်းကပ်ပြီးနောက် ညနေခင်အချိန်တွင် အအေး လာကပ်သည်တဲ့ ။ အကြာင်းမရှိ အကြောင်းရှာကာ ဘုန်းကြီးကျောင်းလာ၍ သူ့မျက်နှာ လာလာပြသည့် ရိပ်ထင်မှာ အကြောင်းရှိလေသည်။ ထိုသည်ကား ဦးဇင်းလေးသည် တရားဓမ္မတွင် ပျော်မွေ့၍ သူ့ကိုမေ့ကာ ရာသက်ပန်ပင် ဘုန်းကြီးဝတ်မည်ဆိုး၍ ဖြစ်သည် ။ အခုတောင် ငါးရက်လေးနဲ့တင် ဦးဇင်းလေး မျက်နှာက ကြည်လင်၍ အေးချမ်းနေသည်။ ကိလေသာအပူမီးများ ကင်းစင်နေသည်နှယ် မျက်နှာလေးသည် တည်ငြိမ်အေးချမ်း၍ ကြည်ညိုစရာပင်ကောင်းလှသည်။ စိတ်ဆင်းရဲ ပူပင်မှုများကင်းသည့်ထင်ပါ့ရဲ့........မျက်နှာနဲ့ ခန္ဓာမှာ အရင်ကထက်ပင် ပြည့်လာသည်။

ဦးဇင်းလေးသည် ရိပ်ထင် ကပ်သည့် စပျစ် အချိုရည်အား ဘုန်းပေးပြီးသောအခါ

" ကဲ တကာကြီးပြန်တော့လေ ခုနနေရင် ဦးဇင်းရေချိုးပြီး ဘုရားဝတ်ပြုရအုံးမယ် နောက်လည်း ခဏခဏ မလာပါနဲ့ ဦးဇင်း တရားပျက်လို့ပါ "

ဦးဇင်းလေးက ထိုသို့ဆိုတော့ ရိပ်ထင် မျက်နှာသည် မှိုင်ကျသွားလေသည်။ ထို့နောက် ဦးချကာ မတ်တပ်ထရပ်လိုက်သည်။

" တပည့်တော် မနက်ဖြန်ကျရင် ဘန်ကောက်မှာ အလုပ်ကိစ္စရှိလို့ ခရီးသွားရမယ် ဒါကြောင့် တပည့်တော်ကိုမလာဖြစ်ရင် စိတ်မပူပါနဲ့နော် ဝသာန်ကို ညနေတိုင်း အအေးကပ်ဖို့ မှာထားပါတယ် ပြီးတော့ ၁၁ရက်ထက်ပိုမဝတ်ပါနဲ့ "

' လွမ်းလှပါပြီ ' ဟူသော စကားကိုတော့ ဝတ်ထားတဲ့ သင်္ကန်းနှင့် ဆံပင်မရှိ၍ စိမ်းဖန့်နေသော ဦးဇင်းလေး၏ ဦးခေါင်းကိုကြည့်ကာ မျိုသိပ်လိုက်ပါသည်။ အင်း......မသင့်တော်ပေဘူး.......။

မျက်နှာ ညိုးညိုးနှင့် ကျောခိုင်းထွက်သွားသည့် ရိပ်ထင်ကို ကြည့်ကာ ဦးဇင်းလေးသည် ခေါင်းခါ၍ ပြုံးလိုက်ပါသည်။ တယ်လည်း ကလေးဆန်တဲ့ ရိပ်ထင်။

............................

ဒီလိုဖြင့် ဘန်ကောက်တွင် ရိပ်ထင် အလုပ်ကိစ္စများဖြင့် အတော်ပင် အလုပ်များခဲ့သည်။ အကြောင်းမှာ နောက်တစ်ခါ ထပ်၍ မလာရအောင် ကုမ္မဏီခွဲကို အစည်းဝေးတွေခေါ်၊ စရင်းတွေစစ် ၊ ပြောစရာရှိတာတွေ ပြောနှင့် ရိပ်ထင်သည် ချစ်သူအား လွမ်းသည့် စိတ်ကို ဖြေဖျောက်နိုင်ရန်အတွက်လည်ဖြစ်အောင် ဘန်ကောက်ကအလုပ်များကိုအပြီးဖြတ်လေသည်။ ဝန်ထမ်းများသည်လည်း နင်းကန် အလုပ်လုပ်နေသည့် သူဌေးကြောင့် သူတို့လည်း အတော်ပင် ပြိုင်းနေကြသည်။ မန်နေဂျာကစ၍ စိတ်ထဲတွင် ဒီ သူဌေးမြန်မြန် ပြန်ပါတော့ဟူ၍ ကြိတ်ဆုတောင်းနေမိ၏။ သူတို့ သူဌေးက ရည်းစားပူမိ၍ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နိုင်ပေမယ့် သူတို့ကတော့ မလုပ်နိုင်ဘူးလေ ဒါကြောင့် မြန်မာကိုသာ ပြန်ပါဟူ၍ အကုန်လုံး ညီးတွားနေကြသည်။ထို့ကြောင့် ရှိရှိသမျှ အလုပ်တွေ အကုန်ကျုံးလုပ်နေ၍ ရိပ်ထင်သည် ဘန်ကောက်၌ ၈ရက်လောက်ပင် ကြာသွားလေသည်။ တစ်နေကုန် အလုပ်ထဲ ခေါင်းစိုက်နေပြီး ဟိုတယ် ပြန်ရောက်သောအခါ ည၇နာရီ ထိုးနေပြီဖြစ်သည်။ ဒါကြောင့် ပင်ပန်းနွမ်းနယ်နေသည့် စိတ်များကို ဖြေလျော့ရန် ရေချိုးရန်ပြင်လိုက်သည်။ ပြီးနောက် ဝသာန့်ဆီ ဖုန်းဆက်၍ သူ၏ ဦးဇင်းလေး လူထွက်လာပြီလားဆိုပြီး မေးရန် တေးထားလိုက်သည်။ ယခုပင် ၁၁ရက်ကျော်၍ ၁၃ရက်ထဲပင်ရောက်နေမည်မဟုတ်ပါလား ။ အခုထိ လူမထွက်သေးဘူးဆိုရင်တော့ မနက်ဖြန် အစည်းဝေးပြီးတာနဲ့ မြန်မာကို ပြန်၍ ချက်ချင်းလူထွက်ခိုင်းမည် ဟူ၍ တွေးတောနေတော့သည်။

" တီးတောင်! ! "

Bathtub ထဲတွင် ရေစိမ်နေတုန်း အခန်းရှေ့မှ လူခေါ်bell ကြောင့် ရိပ်ထင် ဇဝေဇဝါဖြင့် ထကာ ခါး၌ သဘက်အဖြူလေးပတ်၍ တံခါးသွားဖွင့်လိုက်လေသည်။

" ဒီအချိန်ကြီး ဘယ်သူပါလိမ့် ။ ငါ စားစရာမှာထားမိလို့လား "

တစ်ကိုယ်တည်း ရေရွတ်ရင်း ရေစို၍ နဖူးပြင်ပေါ်သို့ အချောင်းလိုက်ကျနေသော ဆံပင်များကို သပ်တင်ကာ တံခါးဆွဲဖွင့်လိုက်လေသည်။

"အင့် "

တံခါးဖွင့်ဖွင့်ချင်းမှာပင် ရင်ခွင်ထဲပစ်ဝင်လာသည့် ခန္ဓာကိုယ်တစ်ခုကြောင့် ရိပ်ထင် အင့်ခနဲပင်အော်တာ နောက်သို့ ခြေလှမ်းသုံးလှမ်းလောက် ဆုတ်ထား၏။

" ဟားး မွှေးနေတာပဲ "

မိမိအား တင်းကျပ်စွာဖက်၍ လည်ပင်းစပ်နားသို နှာခေါင်းတေ့ကာ မွှေးရှူလိုက်သည့် လေငွေ့နွေးနွေ့နှင့် နင့်နင့်သည်းသည်းအသံကြောင့် ရိပ်ထင်၏ မျက်ဝန်းများသည် ပြူးကျယ်လာကာ ရင်ခွင်ထဲမှ မျက်နှာလေးကို အတင်းဆွဲမော့လေသည်။

" ခြွေ! !"

ဦးထုပ် အနက်ရောင်လေးစောင်းထားကာ သူ့အား မော့ကြည့်လာသည့် မျက်နှာချောချောလေးက အပြုံးပန်းများ ဝေဆာလျက်ပါ။ ရိပ်ထင် အံ့သြဝမ်းသာ၍ သူ့အား ပြုံးလျက်ကြည့်နေသည့် ခြွေ့ မျက်နှာအား မခွဲနိုင်မခွာနိုင် ပါးစပ်အဟောင်းသားနှင့် စိုက်ကြည့်နေမိသည်။

...............................

#အရမ်းတိုပါတယ် စာလုံးရေ တစ်ထောင်ကျော်ပဲရှိပါတယ် ။ ကျနော် အစာအိမ်နာပြီး အူရောင်နေလို့ နေပြန်ကောင်းမှ အဆက်တင်ပေးပါမယ် ။

Continue Reading

You'll Also Like

448K 16.8K 45
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
676K 41.8K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
44.8K 2.4K 26
အချစ်ဦးမို့ အရူးအမူး ချစ်မိတယ်။ ညိမ်းခေါင်ဝေ + ခရာဝန်း