မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

742K 82K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၁၃

12.6K 1.7K 80
By Thawdar_Y







Unicode





တက်ကြွနေကြတဲ့ပြိုင်ပွဲဝင်တွေဟာခြင်္သေ့တွေကိုတွေ့တာနဲ့ကြောက်လန့်တကြားနဲ့သူတို့ဝင်လာခဲ့တဲ့သံတံခါးကြီးဆီကိုထွက်ပြေးကြတယ်။သံတံခါးကြီးကိုထုရိုက်ပြီးဒီနေရာကနေထုတ်ပေးဖို့အော်ဟစ်တောင်းဆိုနေကြတယ်။ဝမ်ရိပေါ်နဲ့နောက်တစ်ယောက်ကလွဲရင်အကုန်လုံးဟာ စာခြောက်ရုပ်ကိုကာကွယ်ဖို့စိတ်ထဲမှာရှိမနေကြဘူး။ဒီနေရာကနေ သူတို့လွတ်မြောက်ဖို့အတွက်သာကြိုးပမ်းနေကြတယ်။ခြင်္သေ့တွေကတော့ထိုလူတွေအပေါ်ကို အာရုံရှိမနေဘူး။သူတို့အချင်းချင်းသာရန်စောင်နေကြတယ်။

အဲ့အချိန်မှာပဲ အပေါ်ကအစောင့်တွေဟာသွေးရည်တွေကိုပုံးလိုက်လောင်းချကြတယ်။ထိုအရာတွေအကုန်လုံးဟာဝမ်ရိပေါ်တို့တင်မက စာခြောက်ရုပ်ကိုပါရွှဲရွှဲစိုသွားစေတယ်။သွေးနံ့ရသွားကြတဲ့ခြင်္သေ့တွေဟာမြင်မြင်သမျှစတင်တိုက်ခိုက်ကြတော့တယ်။ကြောက်လန့်နေကြတဲ့လူတွေဟာပြန်လည်မခုခံနိုင်ဘဲခြင်္သေ့တွေရဲ့ကိုက်ဖြတ်သတ်ဖြတ်ခြင်းကိုသာခံကြရတယ်။ခြင်္သေ့တစ်ကောင်ဟာတော့သွေးရည်တွေပေနေတဲ့စာခြောက်ရုပ်ကိုကိုက်ဖြတ်ရန်ဟန်ပြင်လို့နေတယ်။ဝမ်ရိပေါ်ဟာစာခြောက်ရုပ်ကိုသူ့ရဲ့နောက်ကိုပို့လိုက်တယ်။အစာအလုခံလိုက်ရတဲ့ခြင်္သေ့ဟာ ဒေါသထွက်စွာနဲ့ဝမ်ရိပေါ်ကိုတိုက်ခိုက်တော့တယ်။

သူ့ကိုအသည်းအသန်တိုက်ခိုက်နေတဲ့ခြင်္သေ့ကိုဝမ်ရိပေါ်မနည်းခုခံနေရလေတယ်။ခြင်္သေ့ဟာသူ့ကိုမခုန်အုပ်နိုင်ခင်မှာပဲဝမ်ရိပေါ်ဟာဓားကိုခြင်္သေ့ရဲ့‌ဝမ်းဗိုက်ကိုထိုးချလိုက်တယ်။ခုနကဒေါသတကြီးထွက်နေတဲ့ခြင်္သေ့ဟာအခုချိန်မှာတော့ မြေပြင်ပေါ်မှာငြိမ်သက်သွားပြီဖြစ်တယ်။သူတို့အဖွဲ့မှာဆိုရင်အသက်ရှင်ကျန်တဲ့လူဟာ လေးယောက်လောက်သာရှိတော့တယ်။အဲ့လေးယောက်ထဲမှာအထူးခြားဆုံးသူတစ်ယောက်ရှိတယ်။ဝမ်ရိပေါ်ဟာခြင်္သေ့တစ်ကောင်သတ်ပြီးတဲ့အချိန်မှာသူကသုံးကောင်လောက်ကိုသတ်ပြီးနေပြီ။ပြီးတော့ထိုလူရဲ့ဓားချက်တွေကထိုးမိထိုးရာရမ်းသမ်းထိုးနေတာမဟုတ်ဘဲ ခြင်္သေ့တွေကိုသေစေနိုင်တဲ့အဓိကနေရာတွေကိုတိတိကျကျထိစေတယ်။ဒါ့ကြောင့်ဒီလူဟာ ကျွမ်းကျင်သူတစ်ယောက်ပဲဖြစ်ရမယ်။

ထိုလူကိုအကဲခတ်နေတုန်းမှာပဲ သူဟာခြင်္သေ့တစ်ကောင်ရဲ့အုပ်မိုးခြင်းကိုခံလိုက်ရတယ်။ဝမ်ရိပေါ်ရဲ့လက်ထဲကဓားဟာလည်းလွင့်ထွက်လို့သွားတယ်။ထိုခြင်္သေ့ဟာဝမ်ရိပေါ်ရဲ့လက်ကိုငုံခဲလို့ထားတယ်။ဘေးနားမှာကျနေတဲ့ဓားကိုယူရန်လှမ်းလိုက်သော်လည်း မမှီပေ။ခြင်္သေ့ဟာသူ့ရဲ့လက်ကိုမလွတ်တမ်းကိုက်ခဲထားတာကြောင့်သူ့လက်တစ်ချောင်းလုံးသွေးတွေနဲ့ရွှဲလို့နေတယ်။ဝမ်ရိပေါ်တကယ်ကိုလက်လျှော့ချင်နေပြီ။ဒါပေမယ့်အဲ့အချိန်သူ့မျက်လုံးထဲပေါ်လာတာကအရည်လဲ့နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေ၊ဒေါသထွက်တိုင်းရှုံ့ပွရှုံ့ပွဖြစ်တတ်တဲ့နှာတံစင်းစင်းလေး၊ရှက်သွေးဖြာတိုင်းရဲလာတတ်တဲ့ ပါးလေးတွေ၊သူ့ကိုနှာဘူးကောင်လို့ခေါ်တတ်တဲ့ နှုတ်ခမ်းရဲရဲလေးတွေ၊အဲ့နှုတ်ခမ်းရဲလေးကိုအလှဆင်ပေးထားတဲ့ နှုတ်ခမ်းအောက်ကမှဲ့လေး...။ထိုမျက်နှာလေးကိုမြင်ယောင်လိုက်တာနဲ့ဝမ်ရိပေါ်အားတွေပြည့်လာသည်။

သူလက်လျှော့လို့မဖြစ်ဘူး။သူ့နတ်သားလေးဆီကျိန်းသေရောက်အောင်သွားမည်။နောက်တစ်ခါဓားကိုယူရန်ကြိုးစားလိုက်သည်။ဓားလက်ကိုင်ကိုအနည်းငယ်ကိုင်လို့မိသွားတာနဲ့ ဓားကိုဆွဲကာခြင်္သေ့ရဲ့လည်မျိုတည့်တည့်ကိုထိုးစိုက်လိုက်သည်။သူ့ပေါ်ကိုအသက်မဲ့လျက်လဲကျလာတဲ့ခြင်္သေ့ကိုဘေးတွန်းထုတ်လိုက်ကာ ဓားကိုအားပြုရင်းဝမ်ရိပေါ်ထလိုက်သည်။လူတစ်ယောက်ပေါ်ကိုအုပ်မိုးထားတဲ့ခြင်္သေ့ကိုလည်ပင်းကနေခုတ်ဖြတ်ပစ်လိုက်သည်။ခြင်္သေ့တွေကသူ့နတ်သားလေးနဲ့မတွေ့နိုင်အောင်လုပ်မယ့်အရာတွေလို့တွေးလိုက်တာနဲ့ ဝမ်ရိပေါ်ဓားကိုတင်းတင်းဆုပ်ကိုင်လိုက်မိသည်။သူ့ရဲ့မျက်လုံးတွေကတော့သိမ်းငှက်တစ်ကောင်လိုစူးရှလို့နေသည်။သူ့ကိုတားဆီးတဲ့အရာမှန်သမျှအကုန်သေရမည်။

နောက်ဆုံးသောခြင်္သေ့ကိုသတ်ပြီးတဲ့အခါမှာတော့ ဝမ်ရိပေါ်မြေကြီးပေါ်ကိုပစ်လှဲလိုက်သည်။သူ့မှာတကယ်အားမရှိတော့။သူတို့အဖွဲ့မှာတော့သူအပါအဝင်သုံးယောက်သာအသက်ရှင်သည်။ထူးခြားတယ်ဆိုတဲ့တစ်ယောက်ရယ်၊သူရယ်၊နောက်တစ်ယောက်ရယ်သာကျန်တော့သည်။
သုံးယောက်လုံးဒဏ်ရာဗလပွနဲ့။စာခြောက်ရုပ်ကိုကြည့်လိုက်တော့အကောင်းအတိုင်းရှိနေသေးသည်။ဒါဆိုသူတို့ပထမအဆင့်ကိုအောင်သွားပြီပေါ့။ထိုအချိန်မှာပဲသံတံခါးကြီးကပွင့်သွားပြီး အကြီးအကဲဆိုတဲ့လူကြီးကဝင်လာသည်။

"မင်းတို့သုံးယောက်ငါနဲ့လိုက်ခဲ့"

ထိုလူကြီးကသူတို့သုံးယောက်ကိုအဆောင်တစ်ခုကိုခေါ်သွားသည်။ထိုအဆောင်ထဲမှာတော့သူတို့လိုဒဏ်ရာရနေတဲ့လူတွေရှိနေသည်။အစကတက်ကြွနေတဲ့ပြိုင်ပွဲဝင်အယောက်နှစ်ရာကျော်လောက်က အခုတော့ဒဏ်ရာဗလပွနဲ့အယောက်ငါးဆယ်ကျော်လောက်သာကျန်တော့သည်။

"ဂုဏ်ယူပါတယ်။မင်းတို့အားလုံးပထမအဆင့်ကိုအောင်မြင်သွားပြီ။ဒုတိယအဆင့်ကိုနောက်လေးပတ်အကြာမှာပြိုင်ရမယ်။အဲ့‌လေးပတ်အတွင်းမှာမင်းတို့ဒုတိယအဆင့်အတွက်ပြင်ဆင်ချိန်ရှိမယ်။လေးပတ်ကြာလို့မှဒဏ်ရာမပျောက်ကင်းဘူး၊ဒုတိယအဆင့်ပြိုင်ဖို့အတွက်အဆင်သင့်မဖြစ်ဘူးဆိုရင်အလိုအလျောက်ပြိုင်ပွဲကနေထုတ်ပယ်ခံရမှာဖြစ်တယ်။အခုတော့ငါတို့ပြင်ပေးထားတဲ့အဆောင်မှာမင်းတို့နေရမယ်။ကြိုတော့ပြောထားမယ်။အဲ့အဆောင်ကလွဲပြီးကျန်တဲ့အဆောင်တွေကိုလျှောက်သွားခွင့်မရှိဘူး။စည်းကမ်းချိုးဖောက်ရင်ပြိုင်ပွဲကနေအထုတ်ခံရမယ်။နောက်လေးပတ်နေရင်ပြန်တွေ့ကြတာပေါ့"

ဝမ်ရိပေါ်သက်ပြင်းကိုအသာချလိုက်သည်။သူပထမအဆင့်အောင်သွားပြီ။သူ့နတ်သားလေးကိုတွေ့ဖို့ခြေတစ်လှမ်းနီးစပ်လာပြီ။

____________________________

အခုရက်ပိုင်းလျိုချန်ယန်းကိုစုံစမ်းနေဆဲဖြစ်တာကြောင့်ရှောင်းကျန့်ဟာ အားယားလို့နေတယ်။သူတကယ်ပျင်းနေပြီ။ကျန်းနိုင်ငံမှာဆိုရင် အခုချိန်ဆိုခမည်းတော်နဲ့အတူအမဲလိုက်ထွက်နေကြ။ဒီမှာတော့ကြင်ယာတော်မိဖုရားတွေဟာနူးနူးညံ့ညံ့နေရမယ်ဆိုတဲ့ သတ်မှတ်ချက်တွေကြောင့်သူဟာဘာမှလုပ်လို့မရ။ဓားတောင်မှကျီရွှမ်းခွင့်ပြုထားလို့ကိုင်ခွင်တောင်မှကျီရွှမ်းခွင့်ပြုထားလို့ကိုင်ခွင့်ရှိတာ။

"ကြင်ယာတော်လေး..."

"ဘာဖြစ်လို့လဲ....ဖေးဖေး"

"ခုနကမိဖုရားလီဟွာရဲ့အစေခံကပြောသွားတယ်။ကြင်ယာတော်လေးကိုမိဖုရားလီဟွာကလက်ဖက်ရည်သောက်ဖို့ဖိတ်လိုက်တယ်တဲ့။ကြင်ယာတော်လေး....သွားမှာလား"

မိဖုရားလီဟွာ.....မင်းသားတစ်ရဲ့မိန်းမ...။သူမကရှောင်းကျန့်ကိုဘာလုပ်ဖို့ဖိတ်ရတာလဲ။

"ငါလည်းပျင်းနေတာနဲ့အတော်ပဲ။သွားကြတာပေါ့"

____________________________

ရှောင်းကျန့်ရောက်တဲ့အချိန်မှာတော့ လီဟွာရဲ့နန်းဆောင်မှာချင်းယွဲ့နဲ့ လွီမေအော်ကိုပါတွေ့လိုက်ရတယ်။သူရောက်လာတာနဲ့လီဟွာကအပြုံးလေးနဲ့ကြိုဆိုလေတယ်။

"ကြင်ယာတော်ရှောင်း....ရောက်လာပြီလား။ကြင်ယာတော်ရှောင်းပျင်းနေမှာစိုးလို့ကျွန်မတို့နဲ့စကားစမြည်ပြောရအောင်ဖိတ်လိုက်တာပါ"

"မိဖုရားရဲ့ပူပန်မှုကိုကျေးဇူးတင်ပါတယ်။အမှန်တော့ကျွန်တော်လည်းပျင်းနေတာ"

ရှောင်းကျန့်ရဲ့အဖြေကိုလီဟွာကသဘောကျသလိုပြုံးတယ်။

"ဒါဆိုတော်သေးတာပေါ့"

"အခုဆိုကိုယ်ရံတော်ရွေးပွဲကစနေပြီ။မကြာခင်မှာအိမ်ရှေ့စံရွေးပွဲကလာတော့မှာ။ကြင်ယာတော်ရှောင်းစိတ်မလှုပ်ရှားဘူးလား"

ချင်းယွဲ့ရဲ့အမေးကိုရှောင်းကျန့်အပြုံးလေးနဲ့ဖြေသည်။မျက်နှာကိုဖုံးထားလို့အပြုံးလေးကိုတော့ဘယ်သူမှမမြင်ရ။

"ကျွန်တော်ကဝင်ပြိုင်ရမယ့်သူမှမဟုတ်တာ။စိတ်မလှုပ်ရှားပါဘူး"

ရှောင်းကျန့်ရဲ့အဖြေကိုကြားတော့ချင်းယွဲ့ကမျက်နှာကိုမဲ့လိုက်သည်။လီဟွာကတော့ရှောင်းကျန့်ကိုပြန်မေးလိုက်သည်။

"ဒါဆိုကြင်ယာတော်ရှောင်းက ဘယ်သူအိမ်ရှေ့စံဖြစ်ဖြစ်စိတ်မဝင်စားဘူးပေါ့"

"ဘယ်သူအိမ်ရှေ့စံဖြစ်မလဲဆိုတာကိုတော့ ကျွန်တော်စိတ်ဝင်စားပါတယ်။စိတ်မလှုပ်ရှားတာပဲရှိတာ"

"ဘယ်သူအိမ်ရှေ့စံဖြစ်မလဲသိသာနေတာပဲလေ။မင်းသားတစ်ပဲ အိမ်ရှေ့စံနေရာကိုရမှာလို့ချင်းယွဲ့ကျိန်းသေပြောရဲတယ်"

"အခုလိုပြောဖို့ကစောပါသေးတယ်..."

"နင်ဘာပြောတာလဲ။အာ....ဘာလဲ....နင်ကအိမ်ရှေ့စံမိဖုရားနေရာကိုလိုချင်နေတာလား။ဟွန့်...ဆုတောင်းလေ။အိမ်ရှေ့စံနေရာကိုမင်းသားတစ်ကရပြီး အိမ်ရှေ့စံမိဖုရားနေရာကိုအမလီဟွာကပဲရမှာ"

"အိမ်ရှေ့စံမိဖုရားနေရာကို ကျွန်တော်မမက်ပါဘူး။ကျွန်တော်ပြောချင်တာက ရလဒ်တောင်မထွက်သေးဘဲလျှာရိုးမရှိလျှောက်ပြောမနေဖို့ကိုပြောချင်တာပါ"

ရှောင်းကျန့်ရဲ့စကားကြောင့်ချင်းယွဲ့က‌ထအော်တော့သည်။သူမရဲ့မျက်နှာနဲ့မလိုက်အောင်ပင်အသံကဆူညံလွန်းလှသည်။

"နင်...ဘယ်သူ့ကိုလျှာရိုးမရှိဘူးလို့ပြောတာလဲ"

တင်းမာလာတဲ့ရှောင်းကျန့်နဲ့ချင်းယွဲ့ရဲ့အခြေအနေကိုလီဟွာကကြားထဲကထိန်းပေးလိုက်သည်။ထူးဆန်းတာကအခုထိလွီမေအော်ဟာစကားတစ်ခွန်းမှဝင်မပြောပေ။လီဟွာကရှောင်းကျန့်အတွက်ရေနွေးကိုငှဲ့ကာပေးသည်။ထိုအချိန်မှသာလွီမေအော်ရဲ့အသံထွက်လာသည်။

"ကြင်ယာတော်ရှောင်း.....မျက်နှာကပုဝါကိုချွတ်လိုက်ပါလား။ရေနွေးသောက်တော့မလွတ်မလပ်ဖြစ်နေလိမ့်မယ်"

နောက်ဆုံးတော့သူမတို့အကြံကိုရှောင်းကျန့်သိသွားပြီ။ရှောင်းကျန့်ရဲ့မျက်နှာကိုမြင်ချင်လို့အကြံအစည်ထုတ်နေကြတာပဲ။ကောင်းပြီလေ...မင်းတို့ကအဲ့လိုဆိုမှတော့ဒီကကိုကိုက တူတူကစားပေးမယ်။

"ကျွန်တော့အတွက်ကအကျင့်ဖြစ်နေပါပြီ။ဒီတိုင်းလည်းအဆင်ပြေပါတယ်"

"ကြင်ယာတော်ရှောင်းသောက်ရတာမလွတ်မလပ်ဖြစ်နေမှာကိုမေအော်ကစိတ်ပူလို့ပါ"

"ဟိုနေ့ကပဲကျွန်တော့်ကိုမကျေမနပ်ဖြစ်နေတဲ့သခင်မလေးက ဒီနေ့ကျစိတ်ပူပေးနေတယ်ဆိုတော့ ကျွန်တော် ရှောင်းကျန့်ဂုဏ်ယူသင့်သလား"

"နင်...."

ထိုအချိန်မှာပဲချင်းယွဲ့ရဲ့ဆူညံဆူညံအသံကဝင်လာပြန်သည်။သူမနည်းနည်းလောက်အသံကိုတိုးပြီးပြောလို့မရဘူးလား။သူမရဲ့အသံကြောင့်ရှောင်းကျန့်ရဲ့နားတွေပျက်စီးတော့မလိုပဲ။

"မေအော်ကနင့်အတွက်စေတနာနဲ့ပြောပေးတာကိုနင်ကစော်ကားရလား။ဒါမှမဟုတ်သူများတွေပြောသလိုနင့်မျက်နှာကရုပ်တအားဆိုးနေလို့မပြရဲတာမလား"

ရှောင်းကျန့်ဟာဘာမှပြန်မပြော။သူသောက်နေတဲ့ရေနွေးခွက်ကိုအသာချလိုက်ပြီး

"အစကကျွန်တော်ထင်တာက စကားစမြည်ပြောကြမယ်လို့ပေါ့။အခုတော့ စကားပြောတာထက်ကျွန်တော့်မျက်နှာကိုမြင်ချင်တာကပိုများနေသလိုပဲ"

လီဟွာကအပြုံးလေးနဲ့ပြန်ဖြေသည်။

"ကြင်ယာတော်ရှောင်းပြောတာဘာအဓိပ္ပာယ်လဲ။မေအော်က ကြင်ယာတော်ရှောင်းကိုစိတ်ပူလို့ပြောတာပါ။ပြောရရင်ကျွန်မတို့ကမိသားစုတွေပါပဲ။ကိုယ့်မိသားစုဝင်ရဲ့မျက်နှာကိုမြင်ဖူးချင်ကြရုံပါ"

"လူတိုင်းလူတိုင်းမှာ ကိုယ်ရေးကိုယ်တာလျှို့ဝှက်ချက်ဆိုတာရှိတယ်။မိသားစုဝင်ဆိုတာနဲ့ပဲထုတ်ပြရမှာလား။တကယ်လို့မင်းတို့ရဲ့လျှို့ဝှက်ချက်တွေကိုထုတ်ပြခိုင်းမယ်ဆိုရင်ရော မင်းတို့အတွက်အဆင်ပြေလား"

"ကျွန်မတို့ကမျက်နှာကိုမြင်ဖူးချင်ရုံပါပဲ။ကြင်ယာတော်ရှောင်းကဘာလို့ပုံကြီးချဲ့နေရတာလဲ"

"ပုံကြီးမချဲ့ပါဘူး။တစ်ယောက်ကိုတစ်ယောက်လေးစားသင့်တယ်လို့ထင်မိရုံပါ။ကျွန်တော့်မျက်နှာကိုမြင်ရဖို့ကြိုးစားနေမယ့်အစားမင်းတို့တခြားအရာကိုအာရုံစိုက်သင့်တယ်"

အခုချိန်မှာတော့လီဟွာရဲ့မျက်နှာပေါ်မှာဟန်ဆောင်အပြုံးတောင်မရှိတော့။

"မင်းဘာပြောချင်တာလဲ"

"အမလီဟွာ...ကျွန်တော်ကြားတာတော့အခုရက်ပိုင်းမင်းသားတစ်ကတစ်စုံတစ်ယောက်ကိုအသည်းအသန်ရှာနေတယ်တဲ့။ဒါကြောင့်ကျွန်တော့်ကိုအာရုံစိုက်နေမယ့်အစား နေရာကိုမြဲအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားနေသင့်တယ်။ပြီးတော့ ချင်းယွဲ့အခုလိုမဟုတ်တာတွေလုပ်နေမယ့်အစား မင်းသားနှစ်လေ့ကျင့်နေတာကိုသွားအားပေးသင့်တယ်။ပြီးတော့...မင်း....လွီမေအော်...အားနေရင်ကိုယ့်ထက်ကြီးတဲ့သူတွေကိုဘယ်လိုရိုရိုသေသေဆက်ဆံရမလဲဆိုတာလေ့‌လာနေသင့်တယ်။ဒီနေ့တကယ်ကိုအပျင်းပြေခဲ့ပါတယ်။အခုတော့ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"

ရှောင်းကျန့်ထွက်သွားတာနဲ့လီဟွာဟာဒေါသထွက်လွန်းတာကြောင့်စားပွဲပေါ်ပစ္စည်းတွေအကုန်တွန်းချကာအော်ဟစ်သောင်းကျန်းတော့တယ်။ချင်းယွဲ့နဲ့မေအော်ရှိနေသေးတာကိုသူမသတိရမှစိတ်ကိုလျှော့လိုက်တယ်။ရှောင်းကျန့်ရဲ့စကားကြောင့်သူမဟာမင်းသားတစ်အဆောင်ကိုသွားဖို့ဆုံးဖြတ်လိုက်တယ်။

__________________________

"ရှာတွေ့ပြီလား"

"စိုးရွံ့မိပါတယ်...မင်းသား။ကျွန်တော်တို့အခုထိရှာမတွေ့သေးပါဘူး"

"တွေ့အောင်ရှာ..."

"ဟုတ်ကဲ့..."

ယွင်ကျောက်ဟာသူ့လက်ထဲကပန်းချီကားလေးကိုဖွင့်လိုက်တယ်။ဖွင့်လိုက်တာနဲ့ပေါ်လာတဲ့မျက်နှာလေးကယွင်ကျောက်ရဲ့စိတ်တွေကိုငြိမ်းချမ်းသွားစေတယ်။မျက်လုံးဝိုင်းဝိုင်းလေးတွေ၊နှာတံစင်းစင်းလေးနဲ့ နှုတ်ခမ်းပါးလေးတွေရဲ့အလှကသူ့ကိုမိန်းမောသွားစေတယ်။အထူးခြားဆုံးကနှုတ်ခမ်းပါးလေးကိုအလှဆင်ပေးထားတဲ့နှုတ်ခမ်းအောက်ကမှဲ့နက်လေး။ပန်းချီထဲကမျက်နှာလေးကပြုံးမနေတာတောင်ကျက်သရေရှိလို့နေတယ်။ပန်းချီကားကိုအသာအယာထိပြီးယွင်ကျောက်တွေးလိုက်သည်။

"မင်းကိုတွေ့အောင်ရှာပြီး ကိုယ့်မိဖုရားမြှောက်မယ်"

_____________________________

16.5.2020

ဒီတစ်ခါအတည်ပြောတာ။voteတစ်ရာကျော်မှပြန်လာတော့မယ်ಥ‿ಥ







Zawgyi




















တက္ႂကြေနၾကတဲ့ၿပိဳင္ပြဲဝင္ေတြဟာျခေသၤ့ေတြကိုေတြ႕တာနဲ႔ေၾကာက္လန႔္တၾကားနဲ႔သူတို႔ဝင္လာခဲ့တဲ့သံတံခါးႀကီးဆီကိုထြက္ေျပးၾကတယ္။သံတံခါးႀကီးကိုထု႐ိုက္ၿပီးဒီေနရာကေနထုတ္ေပးဖို႔ေအာ္ဟစ္ေတာင္းဆိုေနၾကတယ္။ဝမ္ရိေပၚနဲ႔ေနာက္တစ္ေယာက္ကလြဲရင္အကုန္လုံးဟာ စာေျခာက္႐ုပ္ကိုကာကြယ္ဖို႔စိတ္ထဲမွာရွိမေနၾကဘူး။ဒီေနရာကေန သူတို႔လြတ္ေျမာက္ဖို႔အတြက္သာႀကိဳးပမ္းေနၾကတယ္။ျခေသၤ့ေတြကေတာ့ထိုလူေတြအေပၚကို အာ႐ုံရွိမေနဘူး။သူတို႔အခ်င္းခ်င္းသာရန္ေစာင္ေနၾကတယ္။

အဲ့အခ်ိန္မွာပဲ အေပၚကအေစာင့္ေတြဟာေသြးရည္ေတြကိုပုံးလိုက္ေလာင္းခ်ၾကတယ္။ထိုအရာေတြအကုန္လုံးဟာဝမ္ရိေပၚတို႔တင္မက စာေျခာက္႐ုပ္ကိုပါ႐ႊဲ႐ႊဲစိုသြားေစတယ္။ေသြးနံ႔ရသြားၾကတဲ့ျခေသၤ့ေတြဟာျမင္ျမင္သမွ်စတင္တိုက္ခိုက္ၾကေတာ့တယ္။ေၾကာက္လန႔္ေနၾကတဲ့လူေတြဟာျပန္လည္မခုခံႏိုင္ဘဲျခေသၤ့ေတြရဲ႕ကိုက္ျဖတ္သတ္ျဖတ္ျခင္းကိုသာခံၾကရတယ္။ျခေသၤ့တစ္ေကာင္ဟာေတာ့ေသြးရည္ေတြေပေနတဲ့စာေျခာက္႐ုပ္ကိုကိုက္ျဖတ္ရန္ဟန္ျပင္လို႔ေနတယ္။ဝမ္ရိေပၚဟာစာေျခာက္႐ုပ္ကိုသူ႔ရဲ႕ေနာက္ကိုပို႔လိုက္တယ္။အစာအလုခံလိုက္ရတဲ့ျခေသၤ့ဟာ ေဒါသထြက္စြာနဲ႔ဝမ္ရိေပၚကိုတိုက္ခိုက္ေတာ့တယ္။

သူ႔ကိုအသည္းအသန္တိုက္ခိုက္ေနတဲ့ျခေသၤ့ကိုဝမ္ရိေပၚမနည္းခုခံေနရေလတယ္။ျခေသၤ့ဟာသူ႔ကိုမခုန္အုပ္ႏိုင္ခင္မွာပဲဝမ္ရိေပၚဟာဓားကိုျခေသၤ့ရဲ႕‌ဝမ္းဗိုက္ကိုထိုးခ်လိုက္တယ္။ခုနကေဒါသတႀကီးထြက္ေနတဲ့ျခေသၤ့ဟာအခုခ်ိန္မွာေတာ့ ေျမျပင္ေပၚမွာၿငိမ္သက္သြားၿပီျဖစ္တယ္။သူတို႔အဖြဲ႕မွာဆိုရင္အသက္ရွင္က်န္တဲ့လူဟာ ေလးေယာက္ေလာက္သာရွိေတာ့တယ္။အဲ့ေလးေယာက္ထဲမွာအထူးျခားဆုံးသူတစ္ေယာက္ရွိတယ္။ဝမ္ရိေပၚဟာျခေသၤ့တစ္ေကာင္သတ္ၿပီးတဲ့အခ်ိန္မွာသူကသုံးေကာင္ေလာက္ကိုသတ္ၿပီးေနၿပီ။ၿပီးေတာ့ထိုလူရဲ႕ဓားခ်က္ေတြကထိုးမိထိုးရာရမ္းသမ္းထိုးေနတာမဟုတ္ဘဲ ျခေသၤ့ေတြကိုေသေစႏိုင္တဲ့အဓိကေနရာေတြကိုတိတိက်က်ထိေစတယ္။ဒါ့ေၾကာင့္ဒီလူဟာ ကြၽမ္းက်င္သူတစ္ေယာက္ပဲျဖစ္ရမယ္။

ထိုလူကိုအကဲခတ္ေနတုန္းမွာပဲ သူဟာျခေသၤ့တစ္ေကာင္ရဲ႕အုပ္မိုးျခင္းကိုခံလိုက္ရတယ္။ဝမ္ရိေပၚရဲ႕လက္ထဲကဓားဟာလည္းလြင့္ထြက္လို႔သြားတယ္။ထိုျခေသၤ့ဟာဝမ္ရိေပၚရဲ႕လက္ကိုငုံခဲလို႔ထားတယ္။ေဘးနားမွာက်ေနတဲ့ဓားကိုယူရန္လွမ္းလိုက္ေသာ္လည္း မမွီေပ။ျခေသၤ့ဟာသူ႔ရဲ႕လက္ကိုမလြတ္တမ္းကိုက္ခဲထားတာေၾကာင့္သူ႔လက္တစ္ေခ်ာင္းလုံးေသြးေတြနဲ႔႐ႊဲလို႔ေနတယ္။ဝမ္ရိေပၚတကယ္ကိုလက္ေလွ်ာ့ခ်င္ေနၿပီ။ဒါေပမယ့္အဲ့အခ်ိန္သူ႔မ်က္လုံးထဲေပၚလာတာကအရည္လဲ့ေနတဲ့မ်က္လုံးဝိုင္းဝိုင္းေလးေတြ၊ေဒါသထြက္တိုင္းရႈံ႕ပြရႈံ႕ပြျဖစ္တတ္တဲ့ႏွာတံစင္းစင္းေလး၊ရွက္ေသြးျဖာတိုင္းရဲလာတတ္တဲ့ ပါးေလးေတြ၊သူ႔ကိုႏွာဘူးေကာင္လို႔ေခၚတတ္တဲ့ ႏႈတ္ခမ္းရဲရဲေလးေတြ၊အဲ့ႏႈတ္ခမ္းရဲေလးကိုအလွဆင္ေပးထားတဲ့ ႏႈတ္ခမ္းေအာက္ကမွဲ႔ေလး...။ထိုမ်က္ႏွာေလးကိုျမင္ေယာင္လိုက္တာနဲ႔ဝမ္ရိေပၚအားေတြျပည့္လာသည္။

သူလက္ေလွ်ာ့လို႔မျဖစ္ဘူး။သူ႔နတ္သားေလးဆီက်ိန္းေသေရာက္ေအာင္သြားမည္။ေနာက္တစ္ခါဓားကိုယူရန္ႀကိဳးစားလိုက္သည္။ဓားလက္ကိုင္ကိုအနည္းငယ္ကိုင္လို႔မိသြားတာနဲ႔ ဓားကိုဆြဲကာျခေသၤ့ရဲ႕လည္မ်ိဳတည့္တည့္ကိုထိုးစိုက္လိုက္သည္။သူ႔ေပၚကိုအသက္မဲ့လ်က္လဲက်လာတဲ့ျခေသၤ့ကိုေဘးတြန္းထုတ္လိုက္ကာ ဓားကိုအားျပဳရင္းဝမ္ရိေပၚထလိုက္သည္။လူတစ္ေယာက္ေပၚကိုအုပ္မိုးထားတဲ့ျခေသၤ့ကိုလည္ပင္းကေနခုတ္ျဖတ္ပစ္လိုက္သည္။ျခေသၤ့ေတြကသူ႔နတ္သားေလးနဲ႔မေတြ႕ႏိုင္ေအာင္လုပ္မယ့္အရာေတြလို႔ေတြးလိုက္တာနဲ႔ ဝမ္ရိေပၚဓားကိုတင္းတင္းဆုပ္ကိုင္လိုက္မိသည္။သူ႔ရဲ႕မ်က္လုံးေတြကေတာ့သိမ္းငွက္တစ္ေကာင္လိုစူးရွလို႔ေနသည္။သူ႔ကိုတားဆီးတဲ့အရာမွန္သမွ်အကုန္ေသရမည္။

ေနာက္ဆုံးေသာျခေသၤ့ကိုသတ္ၿပီးတဲ့အခါမွာေတာ့ ဝမ္ရိေပၚေျမႀကီးေပၚကိုပစ္လွဲလိုက္သည္။သူ႔မွာတကယ္အားမရွိေတာ့။သူတို႔အဖြဲ႕မွာေတာ့သူအပါအဝင္သုံးေယာက္သာအသက္ရွင္သည္။ထူးျခားတယ္ဆိုတဲ့တစ္ေယာက္ရယ္၊သူရယ္၊ေနာက္တစ္ေယာက္ရယ္သာက်န္ေတာ့သည္။
သုံးေယာက္လုံးဒဏ္ရာဗလပြနဲ႔။စာေျခာက္႐ုပ္ကိုၾကည့္လိုက္ေတာ့အေကာင္းအတိုင္းရွိေနေသးသည္။ဒါဆိုသူတို႔ပထမအဆင့္ကိုေအာင္သြားၿပီေပါ့။ထိုအခ်ိန္မွာပဲသံတံခါးႀကီးကပြင့္သြားၿပီး အႀကီးအကဲဆိုတဲ့လူႀကီးကဝင္လာသည္။

"မင္းတို႔သုံးေယာက္ငါနဲ႔လိုက္ခဲ့"

ထိုလူႀကီးကသူတို႔သုံးေယာက္ကိုအေဆာင္တစ္ခုကိုေခၚသြားသည္။ထိုအေဆာင္ထဲမွာေတာ့သူတို႔လိုဒဏ္ရာရေနတဲ့လူေတြရွိေနသည္။အစကတက္ႂကြေနတဲ့ၿပိဳင္ပြဲဝင္အေယာက္ႏွစ္ရာေက်ာ္ေလာက္က အခုေတာ့ဒဏ္ရာဗလပြနဲ႔အေယာက္ငါးဆယ္ေက်ာ္ေလာက္သာက်န္ေတာ့သည္။

"ဂုဏ္ယူပါတယ္။မင္းတို႔အားလုံးပထမအဆင့္ကိုေအာင္ျမင္သြားၿပီ။ဒုတိယအဆင့္ကိုေနာက္ေလးပတ္အၾကာမွာၿပိဳင္ရမယ္။အဲ့‌ေလးပတ္အတြင္းမွာမင္းတို႔ဒုတိယအဆင့္အတြက္ျပင္ဆင္ခ်ိန္ရွိမယ္။ေလးပတ္ၾကာလို႔မွဒဏ္ရာမေပ်ာက္ကင္းဘူး၊ဒုတိယအဆင့္ၿပိဳင္ဖို႔အတြက္အဆင္သင့္မျဖစ္ဘူးဆိုရင္အလိုအေလ်ာက္ၿပိဳင္ပြဲကေနထုတ္ပယ္ခံရမွာျဖစ္တယ္။အခုေတာ့ငါတို႔ျပင္ေပးထားတဲ့အေဆာင္မွာမင္းတို႔ေနရမယ္။ႀကိဳေတာ့ေျပာထားမယ္။အဲ့အေဆာင္ကလြဲၿပီးက်န္တဲ့အေဆာင္ေတြကိုေလွ်ာက္သြားခြင့္မရွိဘူး။စည္းကမ္းခ်ိဳးေဖာက္ရင္ၿပိဳင္ပြဲကေနအထုတ္ခံရမယ္။ေနာက္ေလးပတ္ေနရင္ျပန္ေတြ႕ၾကတာေပါ့"

ဝမ္ရိေပၚသက္ျပင္းကိုအသာခ်လိုက္သည္။သူပထမအဆင့္ေအာင္သြားၿပီ။သူ႔နတ္သားေလးကိုေတြ႕ဖို႔ေျခတစ္လွမ္းနီးစပ္လာၿပီ။

____________________________

အခုရက္ပိုင္းလ်ိဳခ်န္ယန္းကိုစုံစမ္းေနဆဲျဖစ္တာေၾကာင့္ေရွာင္းက်န႔္ဟာ အားယားလို႔ေနတယ္။သူတကယ္ပ်င္းေနၿပီ။က်န္းႏိုင္ငံမွာဆိုရင္ အခုခ်ိန္ဆိုခမည္းေတာ္နဲ႔အတူအမဲလိုက္ထြက္ေနၾက။ဒီမွာေတာ့ၾကင္ယာေတာ္မိဖုရားေတြဟာႏူးႏူးညံ့ညံ့ေနရမယ္ဆိုတဲ့ သတ္မွတ္ခ်က္ေတြေၾကာင့္သူဟာဘာမွလုပ္လို႔မရ။ဓားေတာင္မွက်ီ႐ႊမ္းခြင့္ျပဳထားလို႔ကိုင္ခြင္ေတာင္မွက်ီ႐ႊမ္းခြင့္ျပဳထားလို႔ကိုင္ခြင့္ရွိတာ။

"ၾကင္ယာေတာ္ေလး..."

"ဘာျဖစ္လို႔လဲ....ေဖးေဖး"

"ခုနကမိဖုရားလီဟြာရဲ႕အေစခံကေျပာသြားတယ္။ၾကင္ယာေတာ္ေလးကိုမိဖုရားလီဟြာကလက္ဖက္ရည္ေသာက္ဖို႔ဖိတ္လိုက္တယ္တဲ့။ၾကင္ယာေတာ္ေလး....သြားမွာလား"

မိဖုရားလီဟြာ.....မင္းသားတစ္ရဲ႕မိန္းမ...။သူမကေရွာင္းက်န႔္ကိုဘာလုပ္ဖို႔ဖိတ္ရတာလဲ။

"ငါလည္းပ်င္းေနတာနဲ႔အေတာ္ပဲ။သြားၾကတာေပါ့"

____________________________

ေရွာင္းက်န႔္ေရာက္တဲ့အခ်ိန္မွာေတာ့ လီဟြာရဲ႕နန္းေဆာင္မွာခ်င္းယြဲ႕နဲ႔ လြီေမေအာ္ကိုပါေတြ႕လိုက္ရတယ္။သူေရာက္လာတာနဲ႔လီဟြာကအၿပဳံးေလးနဲ႔ႀကိဳဆိုေလတယ္။

"ၾကင္ယာေတာ္ေရွာင္း....ေရာက္လာၿပီလား။ၾကင္ယာေတာ္ေရွာင္းပ်င္းေနမွာစိုးလို႔ကြၽန္မတို႔နဲ႔စကားစျမည္ေျပာရေအာင္ဖိတ္လိုက္တာပါ"

"မိဖုရားရဲ႕ပူပန္မႈကိုေက်းဇူးတင္ပါတယ္။အမွန္ေတာ့ကြၽန္ေတာ္လည္းပ်င္းေနတာ"

ေရွာင္းက်န႔္ရဲ႕အေျဖကိုလီဟြာကသေဘာက်သလိုၿပဳံးတယ္။

"ဒါဆိုေတာ္ေသးတာေပါ့"

"အခုဆိုကိုယ္ရံေတာ္ေ႐ြးပြဲကစေနၿပီ။မၾကာခင္မွာအိမ္ေရွ႕စံေ႐ြးပြဲကလာေတာ့မွာ။ၾကင္ယာေတာ္ေရွာင္းစိတ္မလႈပ္ရွားဘူးလား"

ခ်င္းယြဲ႕ရဲ႕အေမးကိုေရွာင္းက်န႔္အၿပဳံးေလးနဲ႔ေျဖသည္။မ်က္ႏွာကိုဖုံးထားလို႔အၿပဳံးေလးကိုေတာ့ဘယ္သူမွမျမင္ရ။

"ကြၽန္ေတာ္ကဝင္ၿပိဳင္ရမယ့္သူမွမဟုတ္တာ။စိတ္မလႈပ္ရွားပါဘူး"

ေရွာင္းက်န႔္ရဲ႕အေျဖကိုၾကားေတာ့ခ်င္းယြဲ႕ကမ်က္ႏွာကိုမဲ့လိုက္သည္။လီဟြာကေတာ့ေရွာင္းက်န႔္ကိုျပန္ေမးလိုက္သည္။

"ဒါဆိုၾကင္ယာေတာ္ေရွာင္းက ဘယ္သူအိမ္ေရွ႕စံျဖစ္ျဖစ္စိတ္မဝင္စားဘူးေပါ့"

"ဘယ္သူအိမ္ေရွ႕စံျဖစ္မလဲဆိုတာကိုေတာ့ ကြၽန္ေတာ္စိတ္ဝင္စားပါတယ္။စိတ္မလႈပ္ရွားတာပဲရွိတာ"

"ဘယ္သူအိမ္ေရွ႕စံျဖစ္မလဲသိသာေနတာပဲေလ။မင္းသားတစ္ပဲ အိမ္ေရွ႕စံေနရာကိုရမွာလို႔ခ်င္းယြဲ႕က်ိန္းေသေျပာရဲတယ္"

"အခုလိုေျပာဖို႔ကေစာပါေသးတယ္..."

"နင္ဘာေျပာတာလဲ။အာ....ဘာလဲ....နင္ကအိမ္ေရွ႕စံမိဖုရားေနရာကိုလိုခ်င္ေနတာလား။ဟြန႔္...ဆုေတာင္းေလ။အိမ္ေရွ႕စံေနရာကိုမင္းသားတစ္ကရၿပီး အိမ္ေရွ႕စံမိဖုရားေနရာကိုအမလီဟြာကပဲရမွာ"

"အိမ္ေရွ႕စံမိဖုရားေနရာကို ကြၽန္ေတာ္မမက္ပါဘူး။ကြၽန္ေတာ္ေျပာခ်င္တာက ရလဒ္ေတာင္မထြက္ေသးဘဲလွ်ာ႐ိုးမရွိေလွ်ာက္ေျပာမေနဖို႔ကိုေျပာခ်င္တာပါ"

ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္ခ်င္းယြဲ႕က‌ထေအာ္ေတာ့သည္။သူမရဲ႕မ်က္ႏွာနဲ႔မလိုက္ေအာင္ပင္အသံကဆူညံလြန္းလွသည္။

"နင္...ဘယ္သူ႔ကိုလွ်ာ႐ိုးမရွိဘူးလို႔ေျပာတာလဲ"

တင္းမာလာတဲ့ေရွာင္းက်န႔္နဲ႔ခ်င္းယြဲ႕ရဲ႕အေျခအေနကိုလီဟြာကၾကားထဲကထိန္းေပးလိုက္သည္။ထူးဆန္းတာကအခုထိလြီေမေအာ္ဟာစကားတစ္ခြန္းမွဝင္မေျပာေပ။လီဟြာကေရွာင္းက်န႔္အတြက္ေရေႏြးကိုငွဲ႔ကာေပးသည္။ထိုအခ်ိန္မွသာလြီေမေအာ္ရဲ႕အသံထြက္လာသည္။

"ၾကင္ယာေတာ္ေရွာင္း.....မ်က္ႏွာကပုဝါကိုခြၽတ္လိုက္ပါလား။ေရေႏြးေသာက္ေတာ့မလြတ္မလပ္ျဖစ္ေနလိမ့္မယ္"

ေနာက္ဆုံးေတာ့သူမတို႔အႀကံကိုေရွာင္းက်န႔္သိသြားၿပီ။ေရွာင္းက်န႔္ရဲ႕မ်က္ႏွာကိုျမင္ခ်င္လို႔အႀကံအစည္ထုတ္ေနၾကတာပဲ။ေကာင္းၿပီေလ...မင္းတို႔ကအဲ့လိုဆိုမွေတာ့ဒီကကိုကိုက တူတူကစားေပးမယ္။

"ကြၽန္ေတာ့အတြက္ကအက်င့္ျဖစ္ေနပါၿပီ။ဒီတိုင္းလည္းအဆင္ေျပပါတယ္"

"ၾကင္ယာေတာ္ေရွာင္းေသာက္ရတာမလြတ္မလပ္ျဖစ္ေနမွာကိုေမေအာ္ကစိတ္ပူလို႔ပါ"

"ဟိုေန႔ကပဲကြၽန္ေတာ့္ကိုမေက်မနပ္ျဖစ္ေနတဲ့သခင္မေလးက ဒီေန႔က်စိတ္ပူေပးေနတယ္ဆိုေတာ့ ကြၽန္ေတာ္ ေရွာင္းက်န႔္ဂုဏ္ယူသင့္သလား"

"နင္...."

ထိုအခ်ိန္မွာပဲခ်င္းယြဲ႕ရဲ႕ဆူညံဆူညံအသံကဝင္လာျပန္သည္။သူမနည္းနည္းေလာက္အသံကိုတိုးၿပီးေျပာလို႔မရဘူးလား။သူမရဲ႕အသံေၾကာင့္ေရွာင္းက်န႔္ရဲ႕နားေတြပ်က္စီးေတာ့မလိုပဲ။

"ေမေအာ္ကနင့္အတြက္ေစတနာနဲ႔ေျပာေပးတာကိုနင္ကေစာ္ကားရလား။ဒါမွမဟုတ္သူမ်ားေတြေျပာသလိုနင့္မ်က္ႏွာက႐ုပ္တအားဆိုးေနလို႔မျပရဲတာမလား"

ေရွာင္းက်န႔္ဟာဘာမွျပန္မေျပာ။သူေသာက္ေနတဲ့ေရေႏြးခြက္ကိုအသာခ်လိုက္ၿပီး

"အစကကြၽန္ေတာ္ထင္တာက စကားစျမည္ေျပာၾကမယ္လို႔ေပါ့။အခုေတာ့ စကားေျပာတာထက္ကြၽန္ေတာ့္မ်က္ႏွာကိုျမင္ခ်င္တာကပိုမ်ားေနသလိုပဲ"

လီဟြာကအၿပဳံးေလးနဲ႔ျပန္ေျဖသည္။

"ၾကင္ယာေတာ္ေရွာင္းေျပာတာဘာအဓိပၸာယ္လဲ။ေမေအာ္က ၾကင္ယာေတာ္ေရွာင္းကိုစိတ္ပူလို႔ေျပာတာပါ။ေျပာရရင္ကြၽန္မတို႔ကမိသားစုေတြပါပဲ။ကိုယ့္မိသားစုဝင္ရဲ႕မ်က္ႏွာကိုျမင္ဖူးခ်င္ၾက႐ုံပါ"

"လူတိုင္းလူတိုင္းမွာ ကိုယ္ေရးကိုယ္တာလွ်ိဳ႕ဝွက္ခ်က္ဆိုတာရွိတယ္။မိသားစုဝင္ဆိုတာနဲ႔ပဲထုတ္ျပရမွာလား။တကယ္လို႔မင္းတို႔ရဲ႕လွ်ိဳ႕ဝွက္ခ်က္ေတြကိုထုတ္ျပခိုင္းမယ္ဆိုရင္ေရာ မင္းတို႔အတြက္အဆင္ေျပလား"

"ကြၽန္မတို႔ကမ်က္ႏွာကိုျမင္ဖူးခ်င္႐ုံပါပဲ။ၾကင္ယာေတာ္ေရွာင္းကဘာလို႔ပုံႀကီးခ်ဲ႕ေနရတာလဲ"

"ပုံႀကီးမခ်ဲ႕ပါဘူး။တစ္ေယာက္ကိုတစ္ေယာက္ေလးစားသင့္တယ္လို႔ထင္မိ႐ုံပါ။ကြၽန္ေတာ့္မ်က္ႏွာကိုျမင္ရဖို႔ႀကိဳးစားေနမယ့္အစားမင္းတို႔တျခားအရာကိုအာ႐ုံစိုက္သင့္တယ္"

အခုခ်ိန္မွာေတာ့လီဟြာရဲ႕မ်က္ႏွာေပၚမွာဟန္ေဆာင္အၿပဳံးေတာင္မရွိေတာ့။

"မင္းဘာေျပာခ်င္တာလဲ"

"အမလီဟြာ...ကြၽန္ေတာ္ၾကားတာေတာ့အခုရက္ပိုင္းမင္းသားတစ္ကတစ္စုံတစ္ေယာက္ကိုအသည္းအသန္ရွာေနတယ္တဲ့။ဒါေၾကာင့္ကြၽန္ေတာ့္ကိုအာ႐ုံစိုက္ေနမယ့္အစား ေနရာကိုၿမဲေအာင္ဘယ္လိုလုပ္ရမလဲဆိုတာကိုစဥ္းစားေနသင့္တယ္။ၿပီးေတာ့ ခ်င္းယြဲ႕အခုလိုမဟုတ္တာေတြလုပ္ေနမယ့္အစား မင္းသားႏွစ္ေလ့က်င့္ေနတာကိုသြားအားေပးသင့္တယ္။ၿပီးေတာ့...မင္း....လြီေမေအာ္...အားေနရင္ကိုယ့္ထက္ႀကီးတဲ့သူေတြကိုဘယ္လို႐ို႐ိုေသေသဆက္ဆံရမလဲဆိုတာေလ့‌လာေနသင့္တယ္။ဒီေန႔တကယ္ကိုအပ်င္းေျပခဲ့ပါတယ္။အခုေတာ့ကြၽန္ေတာ့္ကိုသြားခြင့္ျပဳပါအုံး"

ေရွာင္းက်န႔္ထြက္သြားတာနဲ႔လီဟြာဟာေဒါသထြက္လြန္းတာေၾကာင့္စားပြဲေပၚပစၥည္းေတြအကုန္တြန္းခ်ကာေအာ္ဟစ္ေသာင္းက်န္းေတာ့တယ္။ခ်င္းယြဲ႕နဲ႔ေမေအာ္ရွိေနေသးတာကိုသူမသတိရမွစိတ္ကိုေလွ်ာ့လိုက္တယ္။ေရွာင္းက်န႔္ရဲ႕စကားေၾကာင့္သူမဟာမင္းသားတစ္အေဆာင္ကိုသြားဖို႔ဆုံးျဖတ္လိုက္တယ္။

__________________________

"ရွာေတြ႕ၿပီလား"

"စိုး႐ြံ႕မိပါတယ္...မင္းသား။ကြၽန္ေတာ္တို႔အခုထိရွာမေတြ႕ေသးပါဘူး"

"ေတြ႕ေအာင္ရွာ..."

"ဟုတ္ကဲ့..."

ယြင္ေက်ာက္ဟာသူ႔လက္ထဲကပန္းခ်ီကားေလးကိုဖြင့္လိုက္တယ္။ဖြင့္လိုက္တာနဲ႔ေပၚလာတဲ့မ်က္ႏွာေလးကယြင္ေက်ာက္ရဲ႕စိတ္ေတြကိုၿငိမ္းခ်မ္းသြားေစတယ္။မ်က္လုံးဝိုင္းဝိုင္းေလးေတြ၊ႏွာတံစင္းစင္းေလးနဲ႔ ႏႈတ္ခမ္းပါးေလးေတြရဲ႕အလွကသူ႔ကိုမိန္းေမာသြားေစတယ္။အထူးျခားဆုံးကႏႈတ္ခမ္းပါးေလးကိုအလွဆင္ေပးထားတဲ့ႏႈတ္ခမ္းေအာက္ကမွဲ႔နက္ေလး။ပန္းခ်ီထဲကမ်က္ႏွာေလးကၿပဳံးမေနတာေတာင္က်က္သေရရွိလို႔ေနတယ္။ပန္းခ်ီကားကိုအသာအယာထိၿပီးယြင္ေက်ာက္ေတြးလိုက္သည္။

"မင္းကိုေတြ႕ေအာင္ရွာၿပီး ကိုယ့္မိဖုရားေျမႇာက္မယ္"

_____________________________

16.5.2020

ဒီတစ္ခါအတည္ေျပာတာ။voteတစ္ရာေက်ာ္မွျပန္လာေတာ့မယ္ಥ‿ಥ

Continue Reading

You'll Also Like

15.2K 2.2K 74
Start - 7.10.2021 Ending - 21.12.2021 Uni သုံးပွင်ဖြစ်လာခဲ့ရင် တစ်စုံတစ်ယောက်ကတော့ ထွက်သွားရမှာ ဓမ္မတာပဲ..... Zawgyi သံုးပြင့္ဆိုင္ ျဖစ္လာခဲ့ရင္ တစ္...
422K 5.8K 32
Rajveer is not in love with Prachi and wants to take revenge from her . He knows she is a virgin and is very peculiar that nobody touches her. Prachi...
2.5M 143K 48
"You all must have heard that a ray of light is definitely visible in the darkness which takes us towards light. But what if instead of light the dev...