မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

757K 82.7K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

၁၁

13.9K 1.5K 30
By Thawdar_Y



Unicode




သူ့နတ်သားလေးရဲ့တင်လုံးလုံးလေးကိုကိုင်လို့ရလာတဲ့အပြစ်ကတော့ နှာဘူးကောင်လို့အခေါ်ခံလိုက်ရတဲ့အပြင် လက်ကိုပါလိမ်ချိုးခြင်းခံလိုက်ရသည်။ဒါပေမယ့်လည်း တန်ပါတယ်။အဲ့အိကျိအိကျိလေးကိုသူကိုင်ခဲ့ရတယ်လေ။ဒါနဲ့သူ့နတ်သားလေးကသူ့ကိုတွေ့တိုင်း လက်ကိုပဲလိမ်ချိုးနေတော့ သူ့လက်ကိုသဘောကျနေလို့များလား။ဝမ်ရိပေါ်သူ့နတ်သားလေးကိုကြည့်လိုက်တော့တစ်ခုခုကိုအလိုမကျသလိုမျက်မှောင်လေးကြုံ့လို့။ဘာကိုအလိုမကျနေပါလိမ့်...။အခုမှသတိထားမိတယ်။သူ့နတ်သားလေးကိုဝိုင်းကြည့်နေကြတာပဲ...။ရာရာစစ.....ဒီလူတွေကတော့...။သူတောင်သုံးခါလောက်ပဲကြည့်ရသေးတဲ့မျက်နှာလေးကို....။

ရှောင်းကျန့်ဟိုလူတွေလက်ကလွတ်သွားပေမယ့်နန်းတော်ကိုပြန်သွားဖို့ဆိုရင် သူ့မျက်နှာကိုဖုံးဖို့လိုတယ်။အရင်ဆုံးအဲ့ဒါကိုအရင်လုပ်ရမယ်။အခုတောင်သူ့မျက်နှာကိုလူတော်တော်များများမြင်ပြီးနေပြီ။ပြီးတော့အမှု...။အခုပုံစံအရဆိုရင် လျိုချန်ယန်းမှာတင်အမှုကခြေရာပျောက်သွားပြီ။အခုဆိုရင်ဖြစ်နိုင်ချေကနှစ်ခုရှိတယ်။အဲ့ငွေတွေကိုလျိုချန်ယန်းကတခြားသူဆီကရတာ ဒါမှမဟုတ် သူကတရားခံဖြစ်နေတာ။ဒါပေမယ့်လူတစ်ယောက်ကိုသက်သေမရှိဘဲမစွပ်စွဲသင့်ဘူး။ဒါ့ကြောင့်လျိုချန်ယန်းဟာတရားခံဆိုပြီးတပ်အပ်ပြောလို့တော့မရသေးဘူး။ရှောင်းကျန့်အတွေးထဲနစ်မြောနေတုန်းမှာပဲလေပေါ်ကိုမြောက်တတ်သွားတဲ့သူ့ခန္ဓာကိုယ်။သူပွေ့ချီခံလိုက်ရတာပဲ။သူ့ကိုချီတဲ့သူကိုကြည့်လိုက်တော့...နှာဘူးကောင်....ဝမ်ရိပေါ်။ဒင်းဘာလုပ်ပြန်ပြီလဲ...။ရှောင်းကျန့်ရဲ့မျက်နှာကပိုလို့တောင်သုန်မှုန်လို့လာသည်။

"ဝမ်ရိပေါ်....မင်းဘာလုပ်ပြန်ပြီလဲ"

ဝမ်ရိပေါ်ကရှောင်းကျန့်ရဲ့မျက်နှာကိုသူ့ရင်ခွင်ထဲသို့အတင်းကပ်စေကာ

"မင်းကိုသူ‌တို့တွေကြည့်နေကြလို့...ကိုယ့်ရင်ခွင်ထဲမှာမင်းမျက်နှာကိုဖွက်ထားလိုက်နော်"

သောက်ကျိုးနည်း....ရင်ခွင်ထဲမျက်နှာဖွက်ထားရအောင်သူကမိန်းမပျိုလေးလား။

"ငါ့ကိုပြန်ချပေးစမ်း...နှာဘူးကောင်"

"နှာဘူးကောင်တွေကဘာလုပ်လဲလုပ်ပြရမလား..."

သူ့ကိုပွေ့ချီထားရင်းနဲ့ပင်တင်ပါးကိုရိုက်လိုက်တဲ့ဝမ်ရိပေါ်ကြောင့်ရှောင်းကျန့်ပါးလေးတွေရဲသွားရသည်။ဒါဘယ်လိုအရှက်ကွဲမှုမျိုးပါလိမ့်...။အစကအကိုင်ခံရတယ်....အခုလူ‌ရှေ့သူရှေ့အရိုက်ခံရတယ်။ရှက်ဖို့ကောင်းလိုက်တာ။သူတို့နှစ်ယောက်ကိုကြည့်နေတဲ့လူအုပ်ကြီးကလည်း ဝမ်ရိပေါ်ရဲ့လုပ်ရပ်ကြောင့်တစ်ယောက်တစ်ပေါက်ပြောကြတော့သည်။

"အချစ်စမ်းနေတဲ့အတွဲလေးကချစ်ဖို့ကောင်းလိုက်တာကွာ..."

ဒါကတော့လူအုပ်ထဲကလူငယ်လေးတစ်ယောက်ကအားကျဟန်ဖြင့်ပြောလိုက်ခြင်း...။နင့်ဘိုးအေကိုအတွဲ....။

"ဟုတ်ပ....ချစ်ဖို့ကောင်းပြီးလိုက်ဖက်နေရော...."

မိန်းမပျိုလေးတစ်ယောက်ကလည်းအားကျဟန်ဖြင့်ပြန်လည်ထောက်ခံပြောဆိုလိုက်သည်။ချီးကိုလိုက်ဖက်နေ....။

"ကောင်လေးကအိမ်ရောက်တဲ့ထိမစောင့်နိုင်တော့ဘူးထင်ပါရဲ့...။လူငယ်တွေများတက်ကြွနေတော့တာပဲ"

ဒါကတော့အသက်ခပ်ကြီးကြီးအဘိုးတစ်ယောက်က ဝမ်ရိပေါ်ရဲ့လုပ်ရပ်ကိုကြည့်ပြီးပြောလိုက်ခြင်းပင်။ဟင်!!ဘာကြီး...အိမ်ရောက်တဲ့ထိမစောင့်နိုင်ဘူး။ဘာကိုမစောင့်နိုင်တာလဲ??

"ကောင်မလေးကလှလိုက်တာနော်....ကောင်လေးကလည်းချောချောလေး"

ဘောကိုကောင်မလေး....အခုချက်ချင်းမိန်းမကောက်ယူတောင်ရတယ်။ငါကယောက်ျားလေးဟဲ့..။ရှောင်းကျန့်ကသာစိတ်ထဲကနေကပ်ကပ်လန်ရန်တွေ့နေပေမယ့်အပြင်ကတော့ထုတ်မပြော။ဝမ်ရိပေါ်ကတော့ထိုအပြောတွေကိုစိတ်တောင်မဝင်စားပေ။ဝမ်ရိပေါ်ရဲ့မျက်နှာကြီးကိုမြင်လေ...ရှောင်းကျန့်ဟာဒေါသထွက်လာလေပဲ။သူ့ရဲ့မျက်နှာလေးဟာတော့ဒေါသထွက်နေတာကြောင့်နီရဲလို့နေတယ်။ဒေါသထွက်လာတဲ့အလှလေးရှောင်းကျန့်ဟာဝမ်ရိပေါ်ရဲ့ရင်ဘတ်ကိုသူ့သွားလေးတွေနဲ့ကိုက်တော့တယ်။ကိုက်တာမှမလွှတ်တမ်းကိုကိုက်တာ။ဒါပေမယ့်လူအုပ်ကြီးရဲ့အမြင်မှာတော့ရှောင်းကျန့်ဟာရှက်သွေးဖြာပြီးဝမ်ရိပေါ်ရင်ခွင်ထဲကိုဝင်ပုန်းတယ်လို့ပဲမြင်ကြတယ်။သူတို့အတွက်ဒီမြင်ကွင်းလေးဟာတအားကိုချစ်ဖို့ကောင်းလွန်းနေတယ်။ဝမ်ရိပေါ်ဟာတော့ရှောင်းကျန့်ကိုက်တာကိုကြိတ်ခံ‌ရင်း ရှောင်းကျန့်အတွက်မျက်နှာကိုဖုံးလို့ရတဲ့ခမောက်ဝယ်ဖို့ဆိုင်ကိုလိုက်ရှာလို့နေတယ်။သူ့ရင်ဘတ်ကိုအားရပါးရကိုက်နေတဲ့ရှောင်းကျန့်ကိုကြည့်ပြီးဝမ်ရိပေါ်တွေးလိုက်မိတယ်။"သူ့နတ်သားလေးငယ်ငယ်ကနို့မဝခဲ့ပုံပဲ.....နောက်ဆိုနို့များများတိုက်ရမယ်"လို့မှတ်ထားလိုက်သည်။ဆိုင်ရောက်မှသာရှောင်းကျန့်ဟာသူကိုက်ထားတာကိုလွှတ်လိုက်တော့တယ်။ဝမ်ရိပေါ်ရဲ့ရင်ဘတ်ကလည်းအကိုက်ခံရလို့ထုံတောင်ထုံနေပြီ။ဒါတောင်အင်္ကျီခံနေလို့။မခံရင်ဝမ်ရိပေါ်ရင်ဘတ်ပြတ်လောက်ပြီ။

____________________________

အခုဆိုရင်တော့ရှောင်းကျန့်ရဲ့မျက်နှာလှလှလေးကိုခမောက်ကနေကျနေတဲ့ပုဝါပါးပါးလေးတွေကဖုံးထားလိုက်ပြီဖြစ်တယ်။သူ့နတ်သားလေးရဲ့မျက်နှာကိုသူမမြင်နိုင်တော့လို့မကျေမနပ်ဖြစ်မိပေမယ့် တခြားသူတွေကြည့်လို့မရတော့တဲ့အတွက်တော့သူကျေနပ်မိတယ်။

"မင်းသိလား...ကိုယ်မင်းရဲ့စကားကိုနားထောင်ပြီးအရင်လိုမကောင်းတဲ့အလုပ်မလုပ်တော့ဘူး"

"ဒါ့ကြောင့်ဆောင်ကြာမြိုင်ကိုပဲသွားတာပေါ့..ဟုတ်လား"

သူ့နတ်သားလေးရဲ့စကားကြောင့်ဝမ်ရိပေါ်ကြောင်သွားသည်။ဆောင်ကြာမြိုင်သွားတာဘယ်လိုလုပ်သိသွားတာလဲ။

"ကိုယ်မသွားပါဘူး...ကိုယ်.."

သူ့နတ်သားလေးကသူပြောတာကိုအာရုံမရဘဲတစ်နေရာတည်းကိုသာစိုက်ကြည့်နေသည်။သူ့နတ်သားလေးကြည့်တဲ့နေရာကိုကြည့်လိုက်တော့မိန်းကလေးတစ်ယောက်ကိုလူတစ်စုကရိုက်နှက်နေတာ။ထိုလူတွေရဲ့ပါးစပ်ကနေလည်းမကြားဝံ့စရာစကားလုံးများကိုဆဲရေးတိုင်းထွာလျက်....ထိုမိန်းကလေးအရိုက်ခံရတာတောင်ဘေးကကြည့်နေသောလူအုပ်ကြီးကအနည်းငယ်တောင်ဝင်ဆွဲခြင်းမပြုကြ။သူတို့ရှေ့တွင်ပြဇာတ်ကပြနေသည့်နှယ်...

"အောက်တန်းစားမ....နင့်လိုအဆင့်အတန်းနဲ့သခင်လေးကိုမှန်းရဲတယ်ပေါ့"

နောက်ဆုံးတွင်တော့ရှောင်းကျန့်ရပ်ကြည့်ပြီးမနေနိုင်တော့။

"ရပ်စမ်း......"

ထိုမိန်းကလေးကိုရိုက်နှက်နေတဲ့လူတွေရဲ့အကြည့်တွေကရှောင်းကျန့်ဆီရောက်လို့လာတယ်။အကြည့်တွေကတော့ "ဘာလာရှုပ်တာလဲ"ဆိုတဲ့အကြည့်တွေနဲ့...

"မင်းတို့...."

"မင်းတို့မိန်းကလေးတစ်ယောက်ကိုရိုက်နှက်နေတာမရှက်ဘူးလား"ရှောင်းကျန့်ရဲ့စကားတွေဟာသူ့နှုတ်ခမ်းကိုပိတ်လိုက်တဲ့လက်တစ်ဖက်ကြောင့်ဆုံးအောင်မပြောနိုင်ခဲ့။ဝမ်ရိပေါ်...ဘာဖြစ်ပြန်ပြီလဲ။ရှောင်းကျန့်ဟာသူ့နှုတ်ခမ်းကိုပိတ်ထားတဲ့ဝမ်ရိပေါ်ရဲ့လက်ကို သူ့ရဲ့လက်သေးသေးလေးတွေနဲ့ဆွဲခွာတော့တယ်။ဝမ်ရိပေါ်ဟာလွှတ်မပေးတဲ့အပြင်သူ့ရဲ့ခါးကိုပါဆွဲဖက်ပစ်လေတယ်။သူတို့နှစ်ယောက်ကိုကြည့်နေတဲ့ထိုလူတွေကိုဝမ်ရိပေါ်ကစပ်ဖြဲဖြဲနဲ့ပြုံးပြလိုက်ပြီး

"လူကြီးမင်းတို့...စိတ်မရှိကြပါနဲ့...ကျွန်တော့်မိန်းမကကျွန်တော့်ကိုစိတ်ဆိုးနေလို့ပါ။သိတယ်မလား...မိန်းမတွေစိတ်ဆိုးပြီဆိုတွေ့သမျှပတ်ရမ်းတော့တာပဲလေ။လူကြီးမင်းတို့ကိစ္စကိုမနှောင့်ယှက်တော့ဘူးနော်။ဆက်လုပ်ကြပါ"

ထိုလူတွေဘာမှပြန်မပြောနိုင်ခင်မှာပဲရှောင်းကျန့်ကိုဝမ်ရိပေါ်ဆွဲခေါ်လာလိုက်တယ်။ထိုနေရာနဲ့ဝေးဝေးရောက်သွားမှပဲရှောင်းကျန့်ကိုလွှတ်ပေးလိုက်တယ်။

"မင်းဘာလုပ်တာလဲ....ဘယ်သူကမင်းမိန်းမလဲ...အရူးကောင်...ငါဟိုမိန်းကလေးကိုကူညီမလို့လေ"

"မင်းမကူညီနိုင်ဘူး။မင်းဒီနေ့ကူညီလိုက်လည်းနောက်နေ့မှာအဲ့မိန်းကလေးအရိုက်ခံရအုံးမှာပဲ။အခုအဲ့မိန်းကလေးဘာလို့အရိုက်ခံရလည်းဆိုတာရောသိလား။သူမလိုအဆင့်အတန်းနဲ့မျိုးရိုးမြင့်ထဲကတစ်ယောက်ယောက်နဲ့ချစ်ကြိုးသွယ်မိလို့ပဲ။ဒါ့ကြောင့်ဒီလိုကိစ္စမျိုးကိုမင်းမဖြေရှင်းပေးနိုင်ဘူး။သူမကအဲ့လူနဲ့ချစ်ကြိုက်မိနေသရွေ့အရိုက်ခံရနေအုံးမှာပဲ"

"ဘာလို့လဲ...ဒါကလူတစ်ယောက်နဲ့မေတ္တာမျှမိရုံပဲလေ။သူမကအပြစ်ကြီးကြီးမားမားလုပ်ထားတာမှမဟုတ်တာ"

"သူမရဲ့အဆင့်အတန်းနိမ့်နေတာကိုကအပြစ်ပဲ....ဒီမှာကဒီလိုပဲ။အဆင့်အတန်းမြင့်တဲ့မျိုးရိုးထဲမှာမွေးဖွားလာရင်တော့နတ်ဘုရားတစ်ပါးလိုအဆက်ဆံခံရတယ်။သူတို့အမှားလုပ်မိရင်တောင်အပြစ်တင်ခြင်းမခံရဘူး။ဒါပေမယ့် အဆင့်နိမ့်တဲ့မျိုးရိုးထဲမွေးဖွားလာပြီဆိုရင်တော့သူဘာလုပ်လုပ်အပြစ်ပဲဖြစ်နေမှာ"

ငြိမ်ကျသွားတဲ့သူ့ရဲ့နတ်သားလေးကြောင့်ဝမ်ရိပေါ်စကားလမ်းကြောင်းလွှဲလိုက်သည်။

"အဲ့ဒါသူများကိစ္စပါ...ထားလိုက်တော့...အခုဘာလုပ်ကြမလဲ"

"ပြန်တော့မယ်..."

"နန်းတော်ကိုပြန်တော့မလို့လား...."

လှည့်ပြန်တော့မယ့်ရှောင်းကျန့်ဟာဝမ်ရိပေါ်ရဲ့စကားကြောင့်ရပ်လိုက်မိတယ်။သူကပြန်တော့မယ်ပဲပြောတာလေ။နန်းတော်လို့မှမပြောတာ။သူနန်းတော်ကိုပြန်မယ်ဆိုတာဝမ်ရိပေါ်ဘယ်လိုသိတာလဲ။

"ငါနန်းတော်ပြန်မယ်ဆိုတာမင်းဘယ်လိုလုပ်သိတာလဲ"

သေပြီ။ဝမ်ရိပေါ်တို့မြွေကိုက်ပြီ။သတိလွတ်ပြီးပါးစပ်ကထွက်သွားမိတာ....။အခုဘယ်လိုပြန်ဖြေရမလဲ။ကိုယ်နန်းတော်ကို‌ ဖောက်ထွင်းတုန်းကမင်းကိုတွေ့ခဲ့တာလို့ဖြေရမှာလား။

"ငါမေးနေတယ်လေ....မင်းဘယ်လိုသိတာလဲလို့"

တဖြည်းဖြည်းနဲ့စိတ်မရှည်ပုံပေါက်လာတဲ့သူ့နတ်သားလေးကြောင့်ဝမ်ရိပေါ်ခေါင်းထဲပေါ်လာတာကိုဖြေလိုက်သည်။

"နန်းတော်ကိုဟင်းသီးဟင်းရွက်ပို့တုန်းကမြင်ဖူးတာ"

"ဒါဆိုငါဘယ်သူလဲဆိုတာရောသိလား"

ရှောင်းကျန့်မေးတော့ဝမ်ရိပေါ်ကခေါင်းခါပြသည်။ဒါကိုတော့ဝမ်ရိပေါ်တကယ်မသိပါ။သူ့နတ်သားလေးကကျေနပ်သွားတဲ့ပုံစံဖြင့်လှည့်ထွက်သွားလေသည်။

"ကိုယ့်ကိုမပြောပြချင်ဘူးလား...မင်းဘယ်သူလဲဆိုတာ"

ရှောင်းကျန့်ကတစ်ချက်ပြုံးလိုက်ပြီးဝမ်ရိပေါ်ကိုလက်ညှိုးလေးနဲ့သူ့နားကိုကပ်ခဲ့ဖို့ပြောသည်။ဝမ်ရိပေါ်အရှေ့ကိုကပ်သွားလိုက်ပြီးသူ့နတ်သားလေးပြောတာကိုနားထောင်လိုက်သည်။တအားနီးကပ်လာတဲ့သူ့ရဲ့နတ်သားလေးကြောင့်ဝမ်ရိပေါ်ရင်တွေတအားခုန်လာရသည်။သူ့နားရွက်နားကအသက်ရှူသံနွေးနွေးလေးနဲ့အတူသူ့နတ်သားလေးပြောလိုက်တဲ့စကားလေး....

"ငါကဘယ်သူလဲဆိုတော့...ဒီတိုင်းပြည်ရဲ့...ဘုရင်လေ"

ဝမ်ရိပေါ်ကြောင်အနေတုန်းမှာပဲအဝေးကိုထွက်သွားပြီဖြစ်တဲ့သူ့နတ်သားလေး...။မင်းကဒီတိုင်းပြည်ရဲ့ဘုရင်ဆို....ကိုယ်ကမင်းရဲ့ဧကရာဇ်....

_____________________________

ရှောင်းကျန့်နန်းတော်ကိုပြန်ရောက်ရောက်ခြင်းကျီရွှမ်းကိုသွားတွေ့ခဲ့ပေမယ့်ကြိုးစားလေ့ကျင့်နေတဲ့ကျီရွှမ်းကိုမနှောင့်ယှက်ချင်တာကြောင့်သူ့နန်းဆောင်ကိုသာပြန်ခဲ့သည်။နန်းဆောင်ရောက်တော့ရေချိုးပြီးဖေးဖေးနှင့်စကားထိုင်ပြောနေမိသည်။

"ဖေးဖေး....ဒီနေ့မြို့ထဲမှာမိန်းကလေးတစ်ယောက်ကိုဝိုင်းရိုက်နေကြတာတွေ့ခဲ့တယ်။ဒါပေမယ့်ငါမကူညီနိုင်ခဲ့ဘူး။မင်းပြောကြည့်ဖေးဖေး...ဘာလို့လူတွေကအသုံးမဝင်တဲ့အဆင့်အတန်းခွဲခြားမှုတွေကိုလုပ်နေရတာလဲ။လူချင်းတူတူတောင်မှအမျိုးမြင့်အမျိုးနိမ့်ဆိုပြီးခွဲခြားစရာလိုလို့လား"

"အဲ့လိုမလိုအပ်တာတွေလုပ်တာကိုကလူတွေရဲ့အကျင့်ပဲလေ ကြင်ယာတော်လေးရဲ့။တကယ်လို့ဒါကိုကြင်ယာတော်လေးသဘောမကျဘူးဆိုရင်ပြောင်းလဲပစ်လို့ရတာပဲ"

"လူတွေရဲ့အဆင့်အတန်းခွဲခြားတဲ့စိတ်ဓာတ်ကိုပြောင်းပစ်ဖို့ဆိုတာပါးစပ်နဲ့ပြောလို့သာလွယ်တာလက်တွေ့ကတော့ခက်ခဲလွန်းတယ်။ပြီးတော့ဒီလိုပြောင်းလဲဖို့အတွက်ငါ့မှာအာဏာရှိမနေဘူး။ငါကဒီအတိုင်း မင်းသားရဲ့အသုံးတော်ခံရမယ့်ကြင်ယာတော်တစ်ပါးပဲ....ထားလိုက်ပါတော့...ဖေးဖေး...ငါမင်းကိုအကူအညီတောင်းစရာရှိတယ်"

"ကြင်ယာတော်လေးအလိုရှိတာပြောပါ။ဖေးဖေးလုပ်ပေးဖို့အဆင်သင့်ပါပဲ"

"လွီမေအော်အကြောင်းစုံစမ်းပေးပါ"

"ဟုတ်ကဲ့ကြင်ယာတော်လေး..."

အပြင်ကအစေခံလေးရဲ့ကျီရွှမ်းရောက်လာတယ်ဆိုသောလျှောက်တင်ချက်ကြောင့် သူတို့နှစ်ဦးစကားစပြတ်သွားရသည်။

"အရှင့်သား..."

အခန်းထဲဝင်လာတာနဲ့သူ့ကိုဆွဲဖက်လိုက်တဲ့ကျီရွှမ်း။ကျီရွှမ်းရဲ့ရင်ခွင်ဟာတစ်စုံတစ်ယောက်ရဲ့ရင်ခွင်လောက်တော့သူ့အတွက်သက်တောင့်သက်သာမရှိပေ။ကျီရွှမ်းရဲ့ရင်ခွင်ထဲကနေရုန်းထွက်သော်လည်းသူ့ကိုအတင်းဖက်ထားတဲ့ကျီရွှမ်းကြောင့်မလွယ်ကူလှ။ဘာကြောင့်အားလုံးကသူ့ထက်အားသန်နေကြတာလဲ။

"ကိုယ်မင်းကိုလွမ်းနေတာ..."

"အရှင့်သား...ကျွန်တော်ပြောစရာရှိတယ်။အမှုက..."

ရှောင်းကျန့်စကားတောင်ဆက်မပြောနိုင်တော့။ကျီရွှမ်းကသူ့ကိုပွေ့ချီလိုက်ပြန်တယ်။ရှောင်းကျန့်ဟာလန့်သွားတာကြောင့်ကျီရွှမ်းရဲ့အင်္ကျီစကိုဆွဲမိလိုက်တယ်။ဘာ့ကြောင့်လဲ...သူ့မှာလည်းခြေထောက်ပါပါတယ်။ဘာလို့သူ့ကိုပဲပွေ့ချီနေကြတာလဲ။

"ဒီညလည်းကိုယ်ရဲ့‌ဘေးမှာအိပ်ပေးပါ"

______________________________

12.5.2020

ဒီရက်ပိုင်းတအားးးပူပါတယ်။ဂရုစိုက်ကြပါနော်
ဒီအပိုင်းပြီးအောင်တောင်မနည်းရေးလိုက်ရ။ပူလွန်းလို့ဖုန်းတောင်မကိုင်နိုင်ဘူး。:゚(;´∩';)゚:。






Zawgyi






သူ႔နတ္သားေလးရဲ႕တင္လုံးလုံးေလးကိုကိုင္လို႔ရလာတဲ့အျပစ္ကေတာ့ ႏွာဘူးေကာင္လို႔အေခၚခံလိုက္ရတဲ့အျပင္ လက္ကိုပါလိမ္ခ်ိဳးျခင္းခံလိုက္ရသည္။ဒါေပမယ့္လည္း တန္ပါတယ္။အဲ့အိက်ိအိက်ိေလးကိုသူကိုင္ခဲ့ရတယ္ေလ။ဒါနဲ႔သူ႔နတ္သားေလးကသူ႔ကိုေတြ႕တိုင္း လက္ကိုပဲလိမ္ခ်ိဳးေနေတာ့ သူ႔လက္ကိုသေဘာက်ေနလို႔မ်ားလား။ဝမ္ရိေပၚသူ႔နတ္သားေလးကိုၾကည့္လိုက္ေတာ့တစ္ခုခုကိုအလိုမက်သလိုမ်က္ေမွာင္ေလးႀကဳံ႕လို႔။ဘာကိုအလိုမက်ေနပါလိမ့္...။အခုမွသတိထားမိတယ္။သူ႔နတ္သားေလးကိုဝိုင္းၾကည့္ေနၾကတာပဲ...။ရာရာစစ.....ဒီလူေတြကေတာ့...။သူေတာင္သုံးခါေလာက္ပဲၾကည့္ရေသးတဲ့မ်က္ႏွာေလးကို....။

ေရွာင္းက်န႔္ဟိုလူေတြလက္ကလြတ္သြားေပမယ့္နန္းေတာ္ကိုျပန္သြားဖို႔ဆိုရင္ သူ႔မ်က္ႏွာကိုဖုံးဖို႔လိုတယ္။အရင္ဆုံးအဲ့ဒါကိုအရင္လုပ္ရမယ္။အခုေတာင္သူ႔မ်က္ႏွာကိုလူေတာ္ေတာ္မ်ားမ်ားျမင္ၿပီးေနၿပီ။ၿပီးေတာ့အမႈ...။အခုပုံစံအရဆိုရင္ လ်ိဳခ်န္ယန္းမွာတင္အမႈကေျခရာေပ်ာက္သြားၿပီ။အခုဆိုရင္ျဖစ္ႏိုင္ေခ်ကႏွစ္ခုရွိတယ္။အဲ့ေငြေတြကိုလ်ိဳခ်န္ယန္းကတျခားသူဆီကရတာ ဒါမွမဟုတ္ သူကတရားခံျဖစ္ေနတာ။ဒါေပမယ့္လူတစ္ေယာက္ကိုသက္ေသမရွိဘဲမစြပ္စြဲသင့္ဘူး။ဒါ့ေၾကာင့္လ်ိဳခ်န္ယန္းဟာတရားခံဆိုၿပီးတပ္အပ္ေျပာလို႔ေတာ့မရေသးဘူး။ေရွာင္းက်န႔္အေတြးထဲနစ္ေျမာေနတုန္းမွာပဲေလေပၚကိုေျမာက္တတ္သြားတဲ့သူ႔ခႏၶာကိုယ္။သူေပြ႕ခ်ီခံလိုက္ရတာပဲ။သူ႔ကိုခ်ီတဲ့သူကိုၾကည့္လိုက္ေတာ့...ႏွာဘူးေကာင္....ဝမ္ရိေပၚ။ဒင္းဘာလုပ္ျပန္ၿပီလဲ...။ေရွာင္းက်န႔္ရဲ႕မ်က္ႏွာကပိုလို႔ေတာင္သုန္မႈန္လို႔လာသည္။

"ဝမ္ရိေပၚ....မင္းဘာလုပ္ျပန္ၿပီလဲ"

ဝမ္ရိေပၚကေရွာင္းက်န႔္ရဲ႕မ်က္ႏွာကိုသူ႔ရင္ခြင္ထဲသို႔အတင္းကပ္ေစကာ

"မင္းကိုသူ‌တို႔ေတြၾကည့္ေနၾကလို႔...ကိုယ့္ရင္ခြင္ထဲမွာမင္းမ်က္ႏွာကိုဖြက္ထားလိုက္ေနာ္"

ေသာက္က်ိဳးနည္း....ရင္ခြင္ထဲမ်က္ႏွာဖြက္ထားရေအာင္သူကမိန္းမပ်ိဳေလးလား။

"ငါ့ကိုျပန္ခ်ေပးစမ္း...ႏွာဘူးေကာင္"

"ႏွာဘူးေကာင္ေတြကဘာလုပ္လဲလုပ္ျပရမလား..."

သူ႔ကိုေပြ႕ခ်ီထားရင္းနဲ႔ပင္တင္ပါးကို႐ိုက္လိုက္တဲ့ဝမ္ရိေပၚေၾကာင့္ေရွာင္းက်န႔္ပါးေလးေတြရဲသြားရသည္။ဒါဘယ္လိုအရွက္ကြဲမႈမ်ိဳးပါလိမ့္...။အစကအကိုင္ခံရတယ္....အခုလူ‌ေရွ႕သူေရွ႕အ႐ိုက္ခံရတယ္။ရွက္ဖို႔ေကာင္းလိုက္တာ။သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနတဲ့လူအုပ္ႀကီးကလည္း ဝမ္ရိေပၚရဲ႕လုပ္ရပ္ေၾကာင့္တစ္ေယာက္တစ္ေပါက္ေျပာၾကေတာ့သည္။

"အခ်စ္စမ္းေနတဲ့အတြဲေလးကခ်စ္ဖို႔ေကာင္းလိုက္တာကြာ..."

ဒါကေတာ့လူအုပ္ထဲကလူငယ္ေလးတစ္ေယာက္ကအားက်ဟန္ျဖင့္ေျပာလိုက္ျခင္း...။နင့္ဘိုးေအကိုအတြဲ....။

"ဟုတ္ပ....ခ်စ္ဖို႔ေကာင္းၿပီးလိုက္ဖက္ေနေရာ...."

မိန္းမပ်ိဳေလးတစ္ေယာက္ကလည္းအားက်ဟန္ျဖင့္ျပန္လည္ေထာက္ခံေျပာဆိုလိုက္သည္။ခ်ီးကိုလိုက္ဖက္ေန....။

"ေကာင္ေလးကအိမ္ေရာက္တဲ့ထိမေစာင့္ႏိုင္ေတာ့ဘူးထင္ပါရဲ႕...။လူငယ္ေတြမ်ားတက္ႂကြေနေတာ့တာပဲ"

ဒါကေတာ့အသက္ခပ္ႀကီးႀကီးအဘိုးတစ္ေယာက္က ဝမ္ရိေပၚရဲ႕လုပ္ရပ္ကိုၾကည့္ၿပီးေျပာလိုက္ျခင္းပင္။ဟင္!!ဘာႀကီး...အိမ္ေရာက္တဲ့ထိမေစာင့္ႏိုင္ဘူး။ဘာကိုမေစာင့္ႏိုင္တာလဲ??

"ေကာင္မေလးကလွလိုက္တာေနာ္....ေကာင္ေလးကလည္းေခ်ာေခ်ာေလး"

ေဘာကိုေကာင္မေလး....အခုခ်က္ခ်င္းမိန္းမေကာက္ယူေတာင္ရတယ္။ငါကေယာက္်ားေလးဟဲ့..။ေရွာင္းက်န႔္ကသာစိတ္ထဲကေနကပ္ကပ္လန္ရန္ေတြ႕ေနေပမယ့္အျပင္ကေတာ့ထုတ္မေျပာ။ဝမ္ရိေပၚကေတာ့ထိုအေျပာေတြကိုစိတ္ေတာင္မဝင္စားေပ။ဝမ္ရိေပၚရဲ႕မ်က္ႏွာႀကီးကိုျမင္ေလ...ေရွာင္းက်န႔္ဟာေဒါသထြက္လာေလပဲ။သူ႔ရဲ႕မ်က္ႏွာေလးဟာေတာ့ေဒါသထြက္ေနတာေၾကာင့္နီရဲလို႔ေနတယ္။ေဒါသထြက္လာတဲ့အလွေလးေရွာင္းက်န႔္ဟာဝမ္ရိေပၚရဲ႕ရင္ဘတ္ကိုသူ႔သြားေလးေတြနဲ႔ကိုက္ေတာ့တယ္။ကိုက္တာမွမလႊတ္တမ္းကိုကိုက္တာ။ဒါေပမယ့္လူအုပ္ႀကီးရဲ႕အျမင္မွာေတာ့ေရွာင္းက်န႔္ဟာရွက္ေသြးျဖာၿပီးဝမ္ရိေပၚရင္ခြင္ထဲကိုဝင္ပုန္းတယ္လို႔ပဲျမင္ၾကတယ္။သူတို႔အတြက္ဒီျမင္ကြင္းေလးဟာတအားကိုခ်စ္ဖို႔ေကာင္းလြန္းေနတယ္။ဝမ္ရိေပၚဟာေတာ့ေရွာင္းက်န႔္ကိုက္တာကိုႀကိတ္ခံ‌ရင္း ေရွာင္းက်န႔္အတြက္မ်က္ႏွာကိုဖုံးလို႔ရတဲ့ခေမာက္ဝယ္ဖို႔ဆိုင္ကိုလိုက္ရွာလို႔ေနတယ္။သူ႔ရင္ဘတ္ကိုအားရပါးရကိုက္ေနတဲ့ေရွာင္းက်န႔္ကိုၾကည့္ၿပီးဝမ္ရိေပၚေတြးလိုက္မိတယ္။"သူ႔နတ္သားေလးငယ္ငယ္ကႏို႔မဝခဲ့ပုံပဲ.....ေနာက္ဆိုႏို႔မ်ားမ်ားတိုက္ရမယ္"လို႔မွတ္ထားလိုက္သည္။ဆိုင္ေရာက္မွသာေရွာင္းက်န႔္ဟာသူကိုက္ထားတာကိုလႊတ္လိုက္ေတာ့တယ္။ဝမ္ရိေပၚရဲ႕ရင္ဘတ္ကလည္းအကိုက္ခံရလို႔ထုံေတာင္ထုံေနၿပီ။ဒါေတာင္အက်ႌခံေနလို႔။မခံရင္ဝမ္ရိေပၚရင္ဘတ္ျပတ္ေလာက္ၿပီ။

____________________________

အခုဆိုရင္ေတာ့ေရွာင္းက်န႔္ရဲ႕မ်က္ႏွာလွလွေလးကိုခေမာက္ကေနက်ေနတဲ့ပုဝါပါးပါးေလးေတြကဖုံးထားလိုက္ၿပီျဖစ္တယ္။သူ႔နတ္သားေလးရဲ႕မ်က္ႏွာကိုသူမျမင္ႏိုင္ေတာ့လို႔မေက်မနပ္ျဖစ္မိေပမယ့္ တျခားသူေတြၾကည့္လို႔မရေတာ့တဲ့အတြက္ေတာ့သူေက်နပ္မိတယ္။

"မင္းသိလား...ကိုယ္မင္းရဲ႕စကားကိုနားေထာင္ၿပီးအရင္လိုမေကာင္းတဲ့အလုပ္မလုပ္ေတာ့ဘူး"

"ဒါ့ေၾကာင့္ေဆာင္ၾကာၿမိဳင္ကိုပဲသြားတာေပါ့..ဟုတ္လား"

သူ႔နတ္သားေလးရဲ႕စကားေၾကာင့္ဝမ္ရိေပၚေၾကာင္သြားသည္။ေဆာင္ၾကာၿမိဳင္သြားတာဘယ္လိုလုပ္သိသြားတာလဲ။

"ကိုယ္မသြားပါဘူး...ကိုယ္.."

သူ႔နတ္သားေလးကသူေျပာတာကိုအာ႐ုံမရဘဲတစ္ေနရာတည္းကိုသာစိုက္ၾကည့္ေနသည္။သူ႔နတ္သားေလးၾကည့္တဲ့ေနရာကိုၾကည့္လိုက္ေတာ့မိန္းကေလးတစ္ေယာက္ကိုလူတစ္စုက႐ိုက္ႏွက္ေနတာ။ထိုလူေတြရဲ႕ပါးစပ္ကေနလည္းမၾကားဝံ့စရာစကားလုံးမ်ားကိုဆဲေရးတိုင္းထြာလ်က္....ထိုမိန္းကေလးအ႐ိုက္ခံရတာေတာင္ေဘးကၾကည့္ေနေသာလူအုပ္ႀကီးကအနည္းငယ္ေတာင္ဝင္ဆြဲျခင္းမျပဳၾက။သူတို႔ေရွ႕တြင္ျပဇာတ္ကျပေနသည့္ႏွယ္...

"ေအာက္တန္းစားမ....နင့္လိုအဆင့္အတန္းနဲ႔သခင္ေလးကိုမွန္းရဲတယ္ေပါ့"

ေနာက္ဆုံးတြင္ေတာ့ေရွာင္းက်န႔္ရပ္ၾကည့္ၿပီးမေနႏိုင္ေတာ့။

"ရပ္စမ္း......"

ထိုမိန္းကေလးကို႐ိုက္ႏွက္ေနတဲ့လူေတြရဲ႕အၾကည့္ေတြကေရွာင္းက်န႔္ဆီေရာက္လို႔လာတယ္။အၾကည့္ေတြကေတာ့ "ဘာလာရႈပ္တာလဲ"ဆိုတဲ့အၾကည့္ေတြနဲ႔...

"မင္းတို႔...."

"မင္းတို႔မိန္းကေလးတစ္ေယာက္ကို႐ိုက္ႏွက္ေနတာမရွက္ဘူးလား"ေရွာင္းက်န႔္ရဲ႕စကားေတြဟာသူ႔ႏႈတ္ခမ္းကိုပိတ္လိုက္တဲ့လက္တစ္ဖက္ေၾကာင့္ဆုံးေအာင္မေျပာႏိုင္ခဲ့။ဝမ္ရိေပၚ...ဘာျဖစ္ျပန္ၿပီလဲ။ေရွာင္းက်န႔္ဟာသူ႔ႏႈတ္ခမ္းကိုပိတ္ထားတဲ့ဝမ္ရိေပၚရဲ႕လက္ကို သူ႔ရဲ႕လက္ေသးေသးေလးေတြနဲ႔ဆြဲခြာေတာ့တယ္။ဝမ္ရိေပၚဟာလႊတ္မေပးတဲ့အျပင္သူ႔ရဲ႕ခါးကိုပါဆြဲဖက္ပစ္ေလတယ္။သူတို႔ႏွစ္ေယာက္ကိုၾကည့္ေနတဲ့ထိုလူေတြကိုဝမ္ရိေပၚကစပ္ၿဖဲၿဖဲနဲ႔ၿပဳံးျပလိုက္ၿပီး

"လူႀကီးမင္းတို႔...စိတ္မရွိၾကပါနဲ႔...ကြၽန္ေတာ့္မိန္းမကကြၽန္ေတာ့္ကိုစိတ္ဆိုးေနလို႔ပါ။သိတယ္မလား...မိန္းမေတြစိတ္ဆိုးၿပီဆိုေတြ႕သမွ်ပတ္ရမ္းေတာ့တာပဲေလ။လူႀကီးမင္းတို႔ကိစၥကိုမေႏွာင့္ယွက္ေတာ့ဘူးေနာ္။ဆက္လုပ္ၾကပါ"

ထိုလူေတြဘာမွျပန္မေျပာႏိုင္ခင္မွာပဲေရွာင္းက်န႔္ကိုဝမ္ရိေပၚဆြဲေခၚလာလိုက္တယ္။ထိုေနရာနဲ႔ေဝးေဝးေရာက္သြားမွပဲေရွာင္းက်န႔္ကိုလႊတ္ေပးလိုက္တယ္။

"မင္းဘာလုပ္တာလဲ....ဘယ္သူကမင္းမိန္းမလဲ...အ႐ူးေကာင္...ငါဟိုမိန္းကေလးကိုကူညီမလို႔ေလ"

"မင္းမကူညီႏိုင္ဘူး။မင္းဒီေန႔ကူညီလိုက္လည္းေနာက္ေန႔မွာအဲ့မိန္းကေလးအ႐ိုက္ခံရအုံးမွာပဲ။အခုအဲ့မိန္းကေလးဘာလို႔အ႐ိုက္ခံရလည္းဆိုတာေရာသိလား။သူမလိုအဆင့္အတန္းနဲ႔မ်ိဳး႐ိုးျမင့္ထဲကတစ္ေယာက္ေယာက္နဲ႔ခ်စ္ႀကိဳးသြယ္မိလို႔ပဲ။ဒါ့ေၾကာင့္ဒီလိုကိစၥမ်ိဳးကိုမင္းမေျဖရွင္းေပးႏိုင္ဘူး။သူမကအဲ့လူနဲ႔ခ်စ္ႀကိဳက္မိေနသေ႐ြ႕အ႐ိုက္ခံရေနအုံးမွာပဲ"

"ဘာလို႔လဲ...ဒါကလူတစ္ေယာက္နဲ႔ေမတၱာမွ်မိ႐ုံပဲေလ။သူမကအျပစ္ႀကီးႀကီးမားမားလုပ္ထားတာမွမဟုတ္တာ"

"သူမရဲ႕အဆင့္အတန္းနိမ့္ေနတာကိုကအျပစ္ပဲ....ဒီမွာကဒီလိုပဲ။အဆင့္အတန္းျမင့္တဲ့မ်ိဳး႐ိုးထဲမွာေမြးဖြားလာရင္ေတာ့နတ္ဘုရားတစ္ပါးလိုအဆက္ဆံခံရတယ္။သူတို႔အမွားလုပ္မိရင္ေတာင္အျပစ္တင္ျခင္းမခံရဘူး။ဒါေပမယ့္ အဆင့္နိမ့္တဲ့မ်ိဳး႐ိုးထဲေမြးဖြားလာၿပီဆိုရင္ေတာ့သူဘာလုပ္လုပ္အျပစ္ပဲျဖစ္ေနမွာ"

ၿငိမ္က်သြားတဲ့သူ႔ရဲ႕နတ္သားေလးေၾကာင့္ဝမ္ရိေပၚစကားလမ္းေၾကာင္းလႊဲလိုက္သည္။

"အဲ့ဒါသူမ်ားကိစၥပါ...ထားလိုက္ေတာ့...အခုဘာလုပ္ၾကမလဲ"

"ျပန္ေတာ့မယ္..."

"နန္းေတာ္ကိုျပန္ေတာ့မလို႔လား...."

လွည့္ျပန္ေတာ့မယ့္ေရွာင္းက်န႔္ဟာဝမ္ရိေပၚရဲ႕စကားေၾကာင့္ရပ္လိုက္မိတယ္။သူကျပန္ေတာ့မယ္ပဲေျပာတာေလ။နန္းေတာ္လို႔မွမေျပာတာ။သူနန္းေတာ္ကိုျပန္မယ္ဆိုတာဝမ္ရိေပၚဘယ္လိုသိတာလဲ။

"ငါနန္းေတာ္ျပန္မယ္ဆိုတာမင္းဘယ္လိုလုပ္သိတာလဲ"

ေသၿပီ။ဝမ္ရိေပၚတို႔ေႁမြကိုက္ၿပီ။သတိလြတ္ၿပီးပါးစပ္ကထြက္သြားမိတာ....။အခုဘယ္လိုျပန္ေျဖရမလဲ။ကိုယ္နန္းေတာ္ကို‌ ေဖာက္ထြင္းတုန္းကမင္းကိုေတြ႕ခဲ့တာလို႔ေျဖရမွာလား။

"ငါေမးေနတယ္ေလ....မင္းဘယ္လိုသိတာလဲလို႔"

တျဖည္းျဖည္းနဲ႔စိတ္မရွည္ပုံေပါက္လာတဲ့သူ႔နတ္သားေလးေၾကာင့္ဝမ္ရိေပၚေခါင္းထဲေပၚလာတာကိုေျဖလိုက္သည္။

"နန္းေတာ္ကိုဟင္းသီးဟင္း႐ြက္ပို႔တုန္းကျမင္ဖူးတာ"

"ဒါဆိုငါဘယ္သူလဲဆိုတာေရာသိလား"

ေရွာင္းက်န႔္ေမးေတာ့ဝမ္ရိေပၚကေခါင္းခါျပသည္။ဒါကိုေတာ့ဝမ္ရိေပၚတကယ္မသိပါ။သူ႔နတ္သားေလးကေက်နပ္သြားတဲ့ပုံစံျဖင့္လွည့္ထြက္သြားေလသည္။

"ကိုယ့္ကိုမေျပာျပခ်င္ဘူးလား...မင္းဘယ္သူလဲဆိုတာ"

ေရွာင္းက်န႔္ကတစ္ခ်က္ၿပဳံးလိုက္ၿပီးဝမ္ရိေပၚကိုလက္ညႇိဳးေလးနဲ႔သူ႔နားကိုကပ္ခဲ့ဖို႔ေျပာသည္။ဝမ္ရိေပၚအေရွ႕ကိုကပ္သြားလိုက္ၿပီးသူ႔နတ္သားေလးေျပာတာကိုနားေထာင္လိုက္သည္။တအားနီးကပ္လာတဲ့သူ႔ရဲ႕နတ္သားေလးေၾကာင့္ဝမ္ရိေပၚရင္ေတြတအားခုန္လာရသည္။သူ႔နား႐ြက္နားကအသက္ရႉသံေႏြးေႏြးေလးနဲ႔အတူသူ႔နတ္သားေလးေျပာလိုက္တဲ့စကားေလး....

"ငါကဘယ္သူလဲဆိုေတာ့...ဒီတိုင္းျပည္ရဲ႕...ဘုရင္ေလ"

ဝမ္ရိေပၚေၾကာင္အေနတုန္းမွာပဲအေဝးကိုထြက္သြားၿပီျဖစ္တဲ့သူ႔နတ္သားေလး...။မင္းကဒီတိုင္းျပည္ရဲ႕ဘုရင္ဆို....ကိုယ္ကမင္းရဲ႕ဧကရာဇ္....

_____________________________

ေရွာင္းက်န႔္နန္းေတာ္ကိုျပန္ေရာက္ေရာက္ျခင္းက်ီ႐ႊမ္းကိုသြားေတြ႕ခဲ့ေပမယ့္ႀကိဳးစားေလ့က်င့္ေနတဲ့က်ီ႐ႊမ္းကိုမေႏွာင့္ယွက္ခ်င္တာေၾကာင့္သူ႔နန္းေဆာင္ကိုသာျပန္ခဲ့သည္။နန္းေဆာင္ေရာက္ေတာ့ေရခ်ိဳးၿပီးေဖးေဖးႏွင့္စကားထိုင္ေျပာေနမိသည္။

"ေဖးေဖး....ဒီေန႔ၿမိဳ႕ထဲမွာမိန္းကေလးတစ္ေယာက္ကိုဝိုင္း႐ိုက္ေနၾကတာေတြ႕ခဲ့တယ္။ဒါေပမယ့္ငါမကူညီႏိုင္ခဲ့ဘူး။မင္းေျပာၾကည့္ေဖးေဖး...ဘာလို႔လူေတြကအသုံးမဝင္တဲ့အဆင့္အတန္းခြဲျခားမႈေတြကိုလုပ္ေနရတာလဲ။လူခ်င္းတူတူေတာင္မွအမ်ိဳးျမင့္အမ်ိဳးနိမ့္ဆိုၿပီးခြဲျခားစရာလိုလို႔လား"

"အဲ့လိုမလိုအပ္တာေတြလုပ္တာကိုကလူေတြရဲ႕အက်င့္ပဲေလ ၾကင္ယာေတာ္ေလးရဲ႕။တကယ္လို႔ဒါကိုၾကင္ယာေတာ္ေလးသေဘာမက်ဘူးဆိုရင္ေျပာင္းလဲပစ္လို႔ရတာပဲ"

"လူေတြရဲ႕အဆင့္အတန္းခြဲျခားတဲ့စိတ္ဓာတ္ကိုေျပာင္းပစ္ဖို႔ဆိုတာပါးစပ္နဲ႔ေျပာလို႔သာလြယ္တာလက္ေတြ႕ကေတာ့ခက္ခဲလြန္းတယ္။ၿပီးေတာ့ဒီလိုေျပာင္းလဲဖို႔အတြက္ငါ့မွာအာဏာရွိမေနဘူး။ငါကဒီအတိုင္း မင္းသားရဲ႕အသုံးေတာ္ခံရမယ့္ၾကင္ယာေတာ္တစ္ပါးပဲ....ထားလိုက္ပါေတာ့...ေဖးေဖး...ငါမင္းကိုအကူအညီေတာင္းစရာရွိတယ္"

"ၾကင္ယာေတာ္ေလးအလိုရွိတာေျပာပါ။ေဖးေဖးလုပ္ေပးဖို႔အဆင္သင့္ပါပဲ"

"လြီေမေအာ္အေၾကာင္းစုံစမ္းေပးပါ"

"ဟုတ္ကဲ့ၾကင္ယာေတာ္ေလး..."

အျပင္ကအေစခံေလးရဲ႕က်ီ႐ႊမ္းေရာက္လာတယ္ဆိုေသာေလွ်ာက္တင္ခ်က္ေၾကာင့္ သူတို႔ႏွစ္ဦးစကားစျပတ္သြားရသည္။

"အရွင့္သား..."

အခန္းထဲဝင္လာတာနဲ႔သူ႔ကိုဆြဲဖက္လိုက္တဲ့က်ီ႐ႊမ္း။က်ီ႐ႊမ္းရဲ႕ရင္ခြင္ဟာတစ္စုံတစ္ေယာက္ရဲ႕ရင္ခြင္ေလာက္ေတာ့သူ႔အတြက္သက္ေတာင့္သက္သာမရွိေပ။က်ီ႐ႊမ္းရဲ႕ရင္ခြင္ထဲကေန႐ုန္းထြက္ေသာ္လည္းသူ႔ကိုအတင္းဖက္ထားတဲ့က်ီ႐ႊမ္းေၾကာင့္မလြယ္ကူလွ။ဘာေၾကာင့္အားလုံးကသူ႔ထက္အားသန္ေနၾကတာလဲ။

"ကိုယ္မင္းကိုလြမ္းေနတာ..."

"အရွင့္သား...ကြၽန္ေတာ္ေျပာစရာရွိတယ္။အမႈက..."

ေရွာင္းက်န႔္စကားေတာင္ဆက္မေျပာႏိုင္ေတာ့။က်ီ႐ႊမ္းကသူ႔ကိုေပြ႕ခ်ီလိုက္ျပန္တယ္။ေရွာင္းက်န႔္ဟာလန႔္သြားတာေၾကာင့္က်ီ႐ႊမ္းရဲ႕အက်ႌစကိုဆြဲမိလိုက္တယ္။ဘာ့ေၾကာင့္လဲ...သူ႔မွာလည္းေျခေထာက္ပါပါတယ္။ဘာလို႔သူ႔ကိုပဲေပြ႕ခ်ီေနၾကတာလဲ။

"ဒီညလည္းကိုယ္ရဲ႕‌ေဘးမွာအိပ္ေပးပါ"

______________________________

12.5.2020

ဒီရက္ပိုင္းတအားးးပူပါတယ္။ဂ႐ုစိုက္ၾကပါေနာ္
ဒီအပိုင္းၿပီးေအာင္ေတာင္မနည္းေရးလိုက္ရ။ပူလြန္းလို႔ဖုန္းေတာင္မကိုင္ႏိုင္ဘူး。:゚(;´∩';)゚:。







































Continue Reading

You'll Also Like

56.8K 1.5K 38
Throne of Glass meets A Court of Thorns and Roses. Two very different worlds, with two very different types of Fae. Or different enough to warrant c...
4.5K 627 12
Cosmosပန်းတွေက Harmonyဆိုတဲ့အဓိပ္ပာယ်ကိုဖော်ညွှန်းကြတယ်တဲ့ ဂင်မ်ဂယူဘင်းအတွက် Harmonyဆိုတဲ့စကားလုံးက 100% ဟန်ယူဂျင်းပဲမို့ ကိုကို့ရဲ့ Cosmosလေးဖြစ်ပေး...
26.6K 1K 21
'𝑺𝒖𝒊𝒄𝒊𝒅𝒂𝒍' [𝑴𝒆𝒂𝒏𝒊𝒏𝒈: 'Deeply unhappy or depressed and likely to commit suicide'] "𝚂𝚊𝚢 𝚌𝚑𝚞𝚞𝚢𝚊-𝚜𝚊𝚗 𝚑𝚊𝚟𝚎 𝚢𝚘𝚞 𝚊𝚌𝚌𝚎�...
61.5K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙