မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...

By Thawdar_Y

757K 82.7K 3.6K

Wang Yibo× Xiao Zhan *Photo crd to original owner* More

၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra

14.4K 1.6K 46
By Thawdar_Y

Unicode

"မယ်တော့်ကို သားတော်ဂါရဝပြုပါတယ်"

"ထပါ"

မိဖုရားလွီသူမရှေ့မှာရပ်နေတဲ့ကျီရွှမ်းကိုကြည့်လိုက်သည်။ဒီကလေးကသူ့အဖေစစ်သူကြီးထန်နဲ့တစ်ပုံစံတည်းပဲ။ဟိုမိန်းမနဲ့တူတာဆိုလို့ပါးပေါ်ကပါးချိုင့်ရေးရေးလေးသာရှိသည်။ဘယ်အလုပ်ကိုမဆိုကျွမ်းကျင်တိကျစွာလုပ်တတ်တဲ့ဒီကလေးကြောင့်သူမမှာအပြစ်ရှာချင်တာတောင်ရှာလို့မရ။သူမသားတွေတောင်မှအားနည်းချက်တွေရှိသည်။ဒီကလေးမှာတော့အားနည်းချက်ရယ်လို့မရှိ။ဒါကိုသူမမကြိုက်။ဟိုမိန်းမကိုသူမ မကျော်နိုင်ခဲ့ပေမယ့်သူမရဲ့သားတွေကတော့ အဲ့မိန်းမရဲ့သားကိုကျော်နိုင်ရမည်။ဟိုမိန်းမရဲ့သားသာမဟုတ်ခဲ့ရင်ဒီကလေးကိုသူမသဘောအကျဆုံးဖြစ်မိမှာပင်။ဒါပေမယ့်ဒီကလေးကသူမကို သူ့ရဲ့အမေအရင်းလို့ပဲသိထားတဲ့အတွက်ဒီကလေးကိုထိန်းချုပ်ဖို့ကသူမအတွက်မခက်ခဲ။

"မယ်တော်....သားတော်ကိုတွေ့ချင်တယ်ဆိုလို့"

"အင်း.....ထိုင်ပါဦး.....သားတော်"

မိဖုရားလွီကကျီရွှမ်းရဲ့ခွက်ထဲသို့ရေနွေးကြမ်းကိုထည့်ပေးလိုက်ပြီး

"သားတော်....ပြိုင်ပွဲအတွက်လေ့ကျင့်နေတယ်လို့မယ်တော်ကြားတယ်။လေ့ကျင့်တာအဆင်ပြေရဲ့လား"

"ဟုတ်ကဲ့....မယ်တော်စိတ်မပျက်ရအောင်သားတော်ကြိုးစားပြီးလေ့ကျင့်နေပါတယ်"

"အင်း....မယ်တော်ယုံပါတယ်....ဒါပေမယ့်သားတော်...မယ်တော့်အမြင်မှာတော့အိမ်ရှေ့စံနေရာအတွက်သားတော်ကငယ်သေးတယ်လို့ထင်မိတယ်"

"မယ်တော်ပြောချင်တာက....."

"သားတော်လည်းသိမှာပါ....ဒီနေရာအတွက်အသင့်တော်ဆုံးကဘယ်သူလဲဆိုတာ"

"ဒါပေမယ့်....သားတော်ပြိုင်ပွဲအတွက်ကြိုးစားကြည့်ချင်တယ်"

ဘာကိုကြိုးစားကြည့်ချင်တာလဲ။အဲ့နေရာကသူမသားအတွက်လေ....မိဖုရားလွီရဲ့မျက်နှာကအနည်းငယ်ခက်ထန်သွားပြီး

"ကျီရွှမ်း.....မင်းကမယ်တော့်ကိုအာခံချင်တာလား။မယ်တော်ကတိုင်းပြည်အတွက်ပြောနေတာ။မင်းရဲ့အကိုကြီးကသာဒီနေရာနဲ့ထိုက်တန်တာ...."

သူမရဲ့မျက်နှာမှာနူးညံ့တဲ့အပြုံးလေးတစ်ခုကိုပြန်ချိတ်ဆွဲလိုက်ရင်း

"အခုမယ်တော်ဒီလိုပြောနေရတာသားတော်ကိုမချစ်လို့မဟုတ်ဘူးဆိုတာသားတော်သိပါတယ်နော်"

"ဟုတ်ကဲ့မယ်တော်....သားတော်သိပါတယ်"

"ဒါနဲ့ ဘဏ္ဍာတိုက်ဖောက်တဲ့သူတွေကိုမိပြီလား"

"မမိသေးပါဘူး။ပြီးတော့ဒီကိစ္စကိုနန်းတော်ရဲ့တရားစီရင်ရုံးကလက်လွှဲယူသွားပါ"

"မယ်တော်ကတော့ဒီကိစ္စကိုသားတော်ကိုပဲဦးဆောင်စေချင်တယ်"

"မယ်တော့်အမိန့်အတိုင်းပါ"

"သားတော် ပင်ပန်းနေပြီမလား.....သွားနားတော့လေ"

"ဟုတ်ကဲ့....မယ်တော်
သားတော်ကိုခွင့်ပြုပါအုံး"

ကျီရွှမ်းထွက်သွားတာနဲ့မိဖုရားလွီရဲ့မျက်နှာမှာမဲ့ပြုံးတစ်ခုကပေါ်လာသည်။သူမစကားကိုဆိုတစ်သွေမတိမ်းနားထောင်တဲ့ကျီရွှမ်းကလေ့ကျင့်တာကိုပစ်ပြီးဘဏ္ဍာတိုက်အဖောက်ခံရတဲ့ကိစ္စကိုသေချာပေါက်စုံစမ်းလိမ့်မယ်။သူမဖြစ်ချင်တာလည်းဒီလိုပဲလေ။ကျီရွှမ်းလေ့ကျင့်တာကိုဖျက်ပစ်ချင်တာ။သူမပြောလိုက်တဲ့စကားကြောင့်ထိုကလေးဟာအိမ်ရှေ့စံနေရာကိုရဖို့ကြိုးစားမှာမဟုတ်တော့။အဲ့နေရာဟာသူမသားတွေအတွက်ပဲဖြစ်ရမည်။

___________________________

"မမလီဟွာ....ဂုဏ်ပြုပါတယ်"

လီဟွာကမာန်တက်ချင်နေတဲ့သူမမျက်နှာကိုဖုံးဖိလိုက်ပြီးရိုးသားတဲ့အပြုံးလေးပြုံးလိုက်ပြီး

"ညီမလေးချင်းယွဲ့....ဘာတွေဂုဏ်ပြုနေတာလဲ...မမနားမလည်တော့ဘူး"

"မမကလည်း....အခုအိမ်ရှေ့စံနေရာကဘယ်သူ့အတွက်လည်းသေချာနေပြီပဲဟာ... အိမ်ရှေ့စံရဲ့မိဖုရားလောင်းလေးကိုကြိုဂုဏ်ပြုထားတာလေ "

"ပြိုင်ပွဲမှမပြိုင်ရသေးတာ....မသေချာသေးပါဘူး ညီမတော်ရဲ့"

"ချင်းယွဲ့ကြားခဲ့တာက မယ်တော်ကြီးကအိမ်ရှေ့စံနေရာအတွက် မင်းသားယွင်ကျောက်ကိုရွေးထားတယ်လို့ပြောတယ်။အဲ့တည်းကအိမ်ရှေ့စံနေရာကမင်းသားယွင်ကျောက်အတွက်သေချာနေပြီလေ"

"ပြောဖို့ကစောပါသေးတယ်...ညီမတော်ရဲ့.."

အပြင်ကသာငြင်းနေရပေမယ့်လီဟွာရဲ့အတွင်းစိတ်ထဲမှာတော့အိမ်ရှေ့စံမိဖုရားနေရာသူမအတွက်ဆိုတာသတ်မှတ်ပြီးသား....သူမသာထိုနေရာ‌ရပြီဆိုရင် ဒီလိုဉာဏ်မရှိတဲ့ချင်းယွဲ့အပေါ်လည်းကောင်းစရာမလိုတော့သလို....သူမကိုအရေးမပါသလိုဆက်ဆံတတ်တဲ့ရုပ်ဆိုးကောင်ရှောင်းကျန့်ကိုလည်းပညာကောင်းကောင်းပေးပစ်မည်။အတွေးနဲ့တင်ပင် လီဟွာကျေနပ်မိသည်။အခုတော့ အချိန်ရှိတိုင်းသူမအဆောင်ကိုသာရောက်လာတတ်တဲ့ချင်းယွဲ့ရဲ့အရည်မရအဖတ်မရစကားတွေကိုထိုင်နားထောင်ရပေအုံးမည်။

_______________________________

ယွီပင်းလက်ထဲကမြေပဲစေ့ကိုပါးစပ်ထဲသို့မြှောက်ကာထည့်လိုက်ရင်းဓားရေးကိုကြိုးစားပမ်းစားလေ့ကျင့်နေတဲ့ရီပေါ်ကိုကြည့်လိုက်သည်။ဒီကောင်စာရင်းသွင်းပြီးပြန်လာတည်းကလေ့ကျင့်နေတာအခုထိမနားသေး.....လေ့ကျင့်လွန်ပြီးသေသွားမှဒုက္ခ....
တော်ကြာနန်းတော်ထဲကသူ့နတ်သားနဲ့မတွေ့ဘဲမြေကြီးထဲကငရဲမင်းနဲ့တွေ့နေမှ....ဘာလို့နတ်ပြည်မရောက်ဘဲငရဲမင်းဆီရောက်မှာလဲလို့တော့မမေးနဲ့....ကိုယ့်သူငယ်ချင်းအကြောင်းကိုယ်ပဲသိသည်။ဒင်းကငရဲပဲရောက်မှာ....

"ရိပေါ်.....နည်းနည်းပါးပါးနားပါအုံး...တော်ကြာသေနေအုံးမယ်"

သူပြောလိုက်တော့ဘေးနားမှာဝင်ထိုင်တဲ့ဝမ်ရိပေါ်....အမယ်....သက်ပြင်းတောင်ချလိုက်သေး

"ယွီပင်း..."

"ဘာတုန်း...."

"ငါ ဆရာတစ်ယောက်လောက်လိုချင်တယ်"

"ဘာ ဆရာလဲ"

"ငါ့ကိုသိုင်းသင်ပေးနိုင်မယ့်ဆရာ"

"မင်းသိုင်းတတ်နေတာပဲလေ...ဆရာလိုသေးလို့လား"

"ငါတတ်တယ်ဆိုတာကဟုတ်တယ်....ဒါပေမယ့်ပြိုင်ပွဲအတွက်ဆိုငါ့ရဲ့သိုင်းပညာကကလေးကစားစရာလောက်ပဲရှိတယ်"

"ကောင်းပြီ။ငါရှာပေးမယ်....မင်းကလေ့ကျင့်တာကိုပဲဂရုစိုက်"

သူပြောတာကိုနားထောင်ပြီးတာနဲ့ဝမ်ရိပေါ်ကဆက်လေ့ကျင့်နေသည်။ခွေးကောင်...ကျေးဇူးတင်တယ်လို့တောင်ပြောမသွားဘူး။

____________________________

ရှောင်းကျန့်အိပ်ဖို့ပြင်ဆင်နေတုန်းမှာပဲအပြင်ကဖေးဖေးရဲ့အသံကထွက်လာသည်။

"ကြင်ယာတော်လေး.....ကျီရွှမ်းမင်းသားလာပါတယ်"

ရှောင်းကျန့်ခုနကချွတ်ထားတဲ့အပေါ်ဝတ်ရုံကိုပြန်ဝတ်လိုက်ပြီးမျက်နှာကပုဝါကိုပြန်တပ်လိုက်သည်။

"ဝင်ခိုင်းလိုက်ပါ"

"အရှင့်သားကို....ရှောင်းကျန့်ဂါရဝပြုပါတယ်"

"ထပါ"

"အရှင့်သား....ဒီအချိန်ကြီးလာတာအရေးကြီးကိစ္စများရှိလို့လား"

"မရှိပါဘူး။ကိုယ်တော်အိပ်မရလို့ထွက်လာခဲ့တာ....မင်းကိုအနှောင့်အယှက်ဖြစ်သွားလား"

"မဖြစ်ပါဘူး...အရှင့်သား"

ရှောင်းကျန့်ကျီရွှမ်းကိုကြည့်လိုက်တော့တစ်စုံတစ်ခုကိုတွေးတောနေတဲ့ပုံနှင့်....

"အရှင့်သား....စိတ်ပူစရာတစ်ခုခုများရှိနေလား"

စိတ်ပူစရာ......ကျီရွှမ်းမှာစိတ်ပူစရာရယ်လို့တော့မရှိပါ။နည်းနည်းစိတ်မတင်မကျဖြစ်နေတာလေးပဲရှိတာ။မနက်ကမယ်တော့်ဆီသွားပြီးတည်းကကျီရွှမ်းကစိတ်မကြည်တာ။ကျီရွှမ်းရဲ့အကျင့်ကစိတ်မကြည်ရင်အိပ်လို့မရတော့တာ...အိပ်လို့မရလို့ရှောင်းကျန့်နဲ့စကားပြောမလို့ထွက်လာခဲ့တာ...ဒါပေမယ့်သူ့ရဲ့မကြည်တဲ့စိတ်တွေကဒီလူသားရှေ့ရောက်တဲ့အခါမှာတော့ယူပစ်လိုက်သလိုအစတောင်ရှာမတွေ့တော့.....

"မယ်တော်က...ကိုယ့်ကိုဘဏ္ဍာတိုက်အဖောက်ခံရတဲ့ကိစ္စကိုစုံစမ်းဖို့တာဝန်ပေးထားတယ်"

"အဲ့ကိစ္စအတွက်စိတ်ပူနေတာလား...အရှင့်သား"

"မဟုတ်ဘူး။မယ်တော်ကကိုယ့်ကိုအရှုံးပေးလိုက်ဖို့ပြောတယ်။အိမ်ရှေ့စံနေရာကကိုယ်နဲ့မထိုက်တန်ဘူးဆိုတာကိုယ်သိပါတယ်။ဒါပေမယ့်ကိုယ်ကြိုးစားကြည့်ချင်တယ်။ဒါမှမဟုတ်ကိုယ်ကကြိုးစားဖို့တောင်မထိုက်တန်လို့လား။အမှန်တိုင်းပြောရရင်အဲ့အိမ်ရှေ့စံနေကို ကိုယ်မမက်ဘူး။မယ်တော်က အကိုတစ်နဲ့အကိုနှစ်ကိုအသိအမှတ်ပြုသလို ကိုယ့်ရဲ့ကြိုးစားမှုကိုအသိအမှတ်ပြုစေချင်တာ"

"တကယ်တော့...အရှင့်သားကကြိုးစားဖို့မထိုက်တန်တာမဟုတ်ပါဘူး။သူတို့ကအရှင့်သားရဲ့ကြိုးစားမှုနဲ့မထိုက်တန်တာ"

ရှောင်းကျန့်ပြောတာကိုတော့ကျီရွှမ်းမကြားနိုင်တော့။အိပ်မပျော်တဲ့အရှင့်သားဟာ သူ့ရဲ့စားပွဲခုံပေါ်ခေါင်းမှီပြီးအိပ်ပျော်သွားပြီလေ။ကျီရွှမ်းကိုမနိုင်တနိုင်ဖြင့်ရှောင်းကျန့်ထူလိုက်ပြီးရှောင်းကျန့်ရဲ့အိပ်ယာပေါ်ကိုတင်ပေးလိုက်သည်။အအိပ်ဆက်တဲ့ကျီရွှမ်းကပြန်နိုးလာပြီးရှောင်းကျန့်ကိုခါးကနေလှမ်းဆွဲလိုက်သည်။ရုတ်တရက်ဆိုတော့ရှောင်းကျန့်လည်းကိုယ့်ကိုကိုယ်မထိန်းနိုင်လိုက်။ရှောင်းကျန့်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကကျီရွှမ်းရဲ့ရင်ခွင်ကျယ်ထဲသို့ကျဆင်းသွားရသည်။ကျီရွှမ်းကရှောင်းကျန့်ရဲ့မျက်နှာပေါ်ကပုဝါစကိုဆွဲဖယ်လိုက်ပြီး ရီဝေဝေမျက်လုံးတွေနဲ့ကြည့်ကာ

"မင်းကအရမ်းလှတယ်"

တဖြည်းဖြည်းနီးကပ်လာတဲ့ကျီရွှမ်းရဲ့မျက်နှာကို ရှောင်းကျန့်ကြောင်ငေးကာကြည့်နေမိသည်။သူတို့နှစ်ဦးရဲ့နှုတ်ခမ်းတွေထိခါနီးမှာပဲ

"ကိုယ်မင်းကိုကျိန်းသေပေါက်လာတွေ့မှာ"

လူကိုစူးစူးရဲရဲကြည့်တတ်တဲ့လူတစ်ယောက်ကိုသတိရမိတော့ရှောင်းကျန့်မျက်နှာလွှဲလိုက်မိသည်။ရှောင်းကျန့်ရဲ့နှုတ်ခမ်းဖျားလေးကလည်းတီးတိုးရေရွတ်မိသည်။

"ဝမ်ရိပေါ်"

________________________________

5.5.2020

ယူတို့တော့မသိဘူး။အိုင်တော့ နာမည်တွေမေ့မေ့သွားလို့အရှေ့ကအပိုင်းတွေပြန်ပြန်ဖတ်နေရಥ‿ಥ
ပြန်ဖတ်ရင်းသိလိုက်တာက ငါတော်တော်အရေးအသားညံ့တာပဲလို့ಥ‿ಥ




Zawgyi






"မယ္ေတာ့္ကို သားေတာ္ဂါရဝျပဳပါတယ္"

"ထပါ"

မိဖုရားလြီသူမေရွ႕မွာရပ္ေနတဲ့က်ီ႐ႊမ္းကိုၾကည့္လိုက္သည္။ဒီကေလးကသူ႔အေဖစစ္သူႀကီးထန္နဲ႔တစ္ပုံစံတည္းပဲ။ဟိုမိန္းမနဲ႔တူတာဆိုလို႔ပါးေပၚကပါးခ်ိဳင့္ေရးေရးေလးသာရွိသည္။ဘယ္အလုပ္ကိုမဆိုကြၽမ္းက်င္တိက်စြာလုပ္တတ္တဲ့ဒီကေလးေၾကာင့္သူမမွာအျပစ္ရွာခ်င္တာေတာင္ရွာလို႔မရ။သူမသားေတြေတာင္မွအားနည္းခ်က္ေတြရွိသည္။ဒီကေလးမွာေတာ့အားနည္းခ်က္ရယ္လို႔မရွိ။ဒါကိုသူမမႀကိဳက္။ဟိုမိန္းမကိုသူမ မေက်ာ္ႏိုင္ခဲ့ေပမယ့္သူမရဲ႕သားေတြကေတာ့ အဲ့မိန္းမရဲ႕သားကိုေက်ာ္ႏိုင္ရမည္။ဟိုမိန္းမရဲ႕သားသာမဟုတ္ခဲ့ရင္ဒီကေလးကိုသူမသေဘာအက်ဆုံးျဖစ္မိမွာပင္။ဒါေပမယ့္ဒီကေလးကသူမကို သူ႔ရဲ႕အေမအရင္းလို႔ပဲသိထားတဲ့အတြက္ဒီကေလးကိုထိန္းခ်ဳပ္ဖို႔ကသူမအတြက္မခက္ခဲ။

"မယ္ေတာ္....သားေတာ္ကိုေတြ႕ခ်င္တယ္ဆိုလို႔"

"အင္း.....ထိုင္ပါဦး.....သားေတာ္"

မိဖုရားလြီကက်ီ႐ႊမ္းရဲ႕ခြက္ထဲသို႔ေရေႏြးၾကမ္းကိုထည့္ေပးလိုက္ၿပီး

"သားေတာ္....ၿပိဳင္ပြဲအတြက္ေလ့က်င့္ေနတယ္လို႔မယ္ေတာ္ၾကားတယ္။ေလ့က်င့္တာအဆင္ေျပရဲ႕လား"

"ဟုတ္ကဲ့....မယ္ေတာ္စိတ္မပ်က္ရေအာင္သားေတာ္ႀကိဳးစားၿပီးေလ့က်င့္ေနပါတယ္"

"အင္း....မယ္ေတာ္ယုံပါတယ္....ဒါေပမယ့္သားေတာ္...မယ္ေတာ့္အျမင္မွာေတာ့အိမ္ေရွ႕စံေနရာအတြက္သားေတာ္ကငယ္ေသးတယ္လို႔ထင္မိတယ္"

"မယ္ေတာ္ေျပာခ်င္တာက....."

"သားေတာ္လည္းသိမွာပါ....ဒီေနရာအတြက္အသင့္ေတာ္ဆုံးကဘယ္သူလဲဆိုတာ"

"ဒါေပမယ့္....သားေတာ္ၿပိဳင္ပြဲအတြက္ႀကိဳးစားၾကည့္ခ်င္တယ္"

ဘာကိုႀကိဳးစားၾကည့္ခ်င္တာလဲ။အဲ့ေနရာကသူမသားအတြက္ေလ....မိဖုရားလြီရဲ႕မ်က္ႏွာကအနည္းငယ္ခက္ထန္သြားၿပီး

"က်ီ႐ႊမ္း.....မင္းကမယ္ေတာ့္ကိုအာခံခ်င္တာလား။မယ္ေတာ္ကတိုင္းျပည္အတြက္ေျပာေနတာ။မင္းရဲ႕အကိုႀကီးကသာဒီေနရာနဲ႔ထိုက္တန္တာ...."

သူမရဲ႕မ်က္ႏွာမွာႏူးညံ့တဲ့အၿပဳံးေလးတစ္ခုကိုျပန္ခ်ိတ္ဆြဲလိုက္ရင္း

"အခုမယ္ေတာ္ဒီလိုေျပာေနရတာသားေတာ္ကိုမခ်စ္လို႔မဟုတ္ဘူးဆိုတာသားေတာ္သိပါတယ္ေနာ္"

"ဟုတ္ကဲ့မယ္ေတာ္....သားေတာ္သိပါတယ္"

"ဒါနဲ႔ ဘ႑ာတိုက္ေဖာက္တဲ့သူေတြကိုမိၿပီလား"

"မမိေသးပါဘူး။ၿပီးေတာ့ဒီကိစၥကိုနန္းေတာ္ရဲ႕တရားစီရင္႐ုံးကလက္လႊဲယူသြားပါ"

"မယ္ေတာ္ကေတာ့ဒီကိစၥကိုသားေတာ္ကိုပဲဦးေဆာင္ေစခ်င္တယ္"

"မယ္ေတာ့္အမိန႔္အတိုင္းပါ"

"သားေတာ္ ပင္ပန္းေနၿပီမလား.....သြားနားေတာ့ေလ"

"ဟုတ္ကဲ့....မယ္ေတာ္
သားေတာ္ကိုခြင့္ျပဳပါအုံး"

က်ီ႐ႊမ္းထြက္သြားတာနဲ႔မိဖုရားလြီရဲ႕မ်က္ႏွာမွာမဲ့ၿပဳံးတစ္ခုကေပၚလာသည္။သူမစကားကိုဆိုတစ္ေသြမတိမ္းနားေထာင္တဲ့က်ီ႐ႊမ္းကေလ့က်င့္တာကိုပစ္ၿပီးဘ႑ာတိုက္အေဖာက္ခံရတဲ့ကိစၥကိုေသခ်ာေပါက္စုံစမ္းလိမ့္မယ္။သူမျဖစ္ခ်င္တာလည္းဒီလိုပဲေလ။က်ီ႐ႊမ္းေလ့က်င့္တာကိုဖ်က္ပစ္ခ်င္တာ။သူမေျပာလိုက္တဲ့စကားေၾကာင့္ထိုကေလးဟာအိမ္ေရွ႕စံေနရာကိုရဖို႔ႀကိဳးစားမွာမဟုတ္ေတာ့။အဲ့ေနရာဟာသူမသားေတြအတြက္ပဲျဖစ္ရမည္။

___________________________

"မမလီဟြာ....ဂုဏ္ျပဳပါတယ္"

လီဟြာကမာန္တက္ခ်င္ေနတဲ့သူမမ်က္ႏွာကိုဖုံးဖိလိုက္ၿပီး႐ိုးသားတဲ့အၿပဳံးေလးၿပဳံးလိုက္ၿပီး

"ညီမေလးခ်င္းယြဲ႕....ဘာေတြဂုဏ္ျပဳေနတာလဲ...မမနားမလည္ေတာ့ဘူး"

"မမကလည္း....အခုအိမ္ေရွ႕စံေနရာကဘယ္သူ႔အတြက္လည္းေသခ်ာေနၿပီပဲဟာ... အိမ္ေရွ႕စံရဲ႕မိဖုရားေလာင္းေလးကိုႀကိဳဂုဏ္ျပဳထားတာေလ "

"ၿပိဳင္ပြဲမွမၿပိဳင္ရေသးတာ....မေသခ်ာေသးပါဘူး ညီမေတာ္ရဲ႕"

"ခ်င္းယြဲ႕ၾကားခဲ့တာက မယ္ေတာ္ႀကီးကအိမ္ေရွ႕စံေနရာအတြက္ မင္းသားယြင္ေက်ာက္ကိုေ႐ြးထားတယ္လို႔ေျပာတယ္။အဲ့တည္းကအိမ္ေရွ႕စံေနရာကမင္းသားယြင္ေက်ာက္အတြက္ေသခ်ာေနၿပီေလ"

"ေျပာဖို႔ကေစာပါေသးတယ္...ညီမေတာ္ရဲ႕.."

အျပင္ကသာျငင္းေနရေပမယ့္လီဟြာရဲ႕အတြင္းစိတ္ထဲမွာေတာ့အိမ္ေရွ႕စံမိဖုရားေနရာသူမအတြက္ဆိုတာသတ္မွတ္ၿပီးသား....သူမသာထိုေနရာ‌ရၿပီဆိုရင္ ဒီလိုဉာဏ္မရွိတဲ့ခ်င္းယြဲ႕အေပၚလည္းေကာင္းစရာမလိုေတာ့သလို....သူမကိုအေရးမပါသလိုဆက္ဆံတတ္တဲ့႐ုပ္ဆိုးေကာင္ေရွာင္းက်န႔္ကိုလည္းပညာေကာင္းေကာင္းေပးပစ္မည္။အေတြးနဲ႔တင္ပင္ လီဟြာေက်နပ္မိသည္။အခုေတာ့ အခ်ိန္ရွိတိုင္းသူမအေဆာင္ကိုသာေရာက္လာတတ္တဲ့ခ်င္းယြဲ႕ရဲ႕အရည္မရအဖတ္မရစကားေတြကိုထိုင္နားေထာင္ရေပအုံးမည္။

_______________________________

ယြီပင္းလက္ထဲကေျမပဲေစ့ကိုပါးစပ္ထဲသို႔ေျမႇာက္ကာထည့္လိုက္ရင္းဓားေရးကိုႀကိဳးစားပမ္းစားေလ့က်င့္ေနတဲ့ရီေပၚကိုၾကည့္လိုက္သည္။ဒီေကာင္စာရင္းသြင္းၿပီးျပန္လာတည္းကေလ့က်င့္ေနတာအခုထိမနားေသး.....ေလ့က်င့္လြန္ၿပီးေသသြားမွဒုကၡ....
ေတာ္ၾကာနန္းေတာ္ထဲကသူ႔နတ္သားနဲ႔မေတြ႕ဘဲေျမႀကီးထဲကငရဲမင္းနဲ႔ေတြ႕ေနမွ....ဘာလို႔နတ္ျပည္မေရာက္ဘဲငရဲမင္းဆီေရာက္မွာလဲလို႔ေတာ့မေမးနဲ႔....ကိုယ့္သူငယ္ခ်င္းအေၾကာင္းကိုယ္ပဲသိသည္။ဒင္းကငရဲပဲေရာက္မွာ....

"ရိေပၚ.....နည္းနည္းပါးပါးနားပါအုံး...ေတာ္ၾကာေသေနအုံးမယ္"

သူေျပာလိုက္ေတာ့ေဘးနားမွာဝင္ထိုင္တဲ့ဝမ္ရိေပၚ....အမယ္....သက္ျပင္းေတာင္ခ်လိုက္ေသး

"ယြီပင္း..."

"ဘာတုန္း...."

"ငါ ဆရာတစ္ေယာက္ေလာက္လိုခ်င္တယ္"

"ဘာ ဆရာလဲ"

"ငါ့ကိုသိုင္းသင္ေပးႏိုင္မယ့္ဆရာ"

"မင္းသိုင္းတတ္ေနတာပဲေလ...ဆရာလိုေသးလို႔လား"

"ငါတတ္တယ္ဆိုတာကဟုတ္တယ္....ဒါေပမယ့္ၿပိဳင္ပြဲအတြက္ဆိုငါ့ရဲ႕သိုင္းပညာကကေလးကစားစရာေလာက္ပဲရွိတယ္"

"ေကာင္းၿပီ။ငါရွာေပးမယ္....မင္းကေလ့က်င့္တာကိုပဲဂ႐ုစိုက္"

သူေျပာတာကိုနားေထာင္ၿပီးတာနဲ႔ဝမ္ရိေပၚကဆက္ေလ့က်င့္ေနသည္။ေခြးေကာင္...ေက်းဇူးတင္တယ္လို႔ေတာင္ေျပာမသြားဘူး။

____________________________

ေရွာင္းက်န႔္အိပ္ဖို႔ျပင္ဆင္ေနတုန္းမွာပဲအျပင္ကေဖးေဖးရဲ႕အသံကထြက္လာသည္။

"ၾကင္ယာေတာ္ေလး.....က်ီ႐ႊမ္းမင္းသားလာပါတယ္"

ေရွာင္းက်န႔္ခုနကခြၽတ္ထားတဲ့အေပၚဝတ္႐ုံကိုျပန္ဝတ္လိုက္ၿပီးမ်က္ႏွာကပုဝါကိုျပန္တပ္လိုက္သည္။

"ဝင္ခိုင္းလိုက္ပါ"

"အရွင့္သားကို....ေရွာင္းက်န႔္ဂါရဝျပဳပါတယ္"

"ထပါ"

"အရွင့္သား....ဒီအခ်ိန္ႀကီးလာတာအေရးႀကီးကိစၥမ်ားရွိလို႔လား"

"မရွိပါဘူး။ကိုယ္ေတာ္အိပ္မရလို႔ထြက္လာခဲ့တာ....မင္းကိုအေႏွာင့္အယွက္ျဖစ္သြားလား"

"မျဖစ္ပါဘူး...အရွင့္သား"

ေရွာင္းက်န႔္က်ီ႐ႊမ္းကိုၾကည့္လိုက္ေတာ့တစ္စုံတစ္ခုကိုေတြးေတာေနတဲ့ပုံႏွင့္....

"အရွင့္သား....စိတ္ပူစရာတစ္ခုခုမ်ားရွိေနလား"

စိတ္ပူစရာ......က်ီ႐ႊမ္းမွာစိတ္ပူစရာရယ္လို႔ေတာ့မရွိပါ။နည္းနည္းစိတ္မတင္မက်ျဖစ္ေနတာေလးပဲရွိတာ။မနက္ကမယ္ေတာ့္ဆီသြားၿပီးတည္းကက်ီ႐ႊမ္းကစိတ္မၾကည္တာ။က်ီ႐ႊမ္းရဲ႕အက်င့္ကစိတ္မၾကည္ရင္အိပ္လို႔မရေတာ့တာ...အိပ္လို႔မရလို႔ေရွာင္းက်န႔္နဲ႔စကားေျပာမလို႔ထြက္လာခဲ့တာ...ဒါေပမယ့္သူ႔ရဲ႕မၾကည္တဲ့စိတ္ေတြကဒီလူသားေရွ႕ေရာက္တဲ့အခါမွာေတာ့ယူပစ္လိုက္သလိုအစေတာင္ရွာမေတြ႕ေတာ့.....

"မယ္ေတာ္က...ကိုယ့္ကိုဘ႑ာတိုက္အေဖာက္ခံရတဲ့ကိစၥကိုစုံစမ္းဖို႔တာဝန္ေပးထားတယ္"

"အဲ့ကိစၥအတြက္စိတ္ပူေနတာလား...အရွင့္သား"

"မဟုတ္ဘူး။မယ္ေတာ္ကကိုယ့္ကိုအရႈံးေပးလိုက္ဖို႔ေျပာတယ္။အိမ္ေရွ႕စံေနရာကကိုယ္နဲ႔မထိုက္တန္ဘူးဆိုတာကိုယ္သိပါတယ္။ဒါေပမယ့္ကိုယ္ႀကိဳးစားၾကည့္ခ်င္တယ္။ဒါမွမဟုတ္ကိုယ္ကႀကိဳးစားဖို႔ေတာင္မထိုက္တန္လို႔လား။အမွန္တိုင္းေျပာရရင္အဲ့အိမ္ေရွ႕စံေနကို ကိုယ္မမက္ဘူး။မယ္ေတာ္က အကိုတစ္နဲ႔အကိုႏွစ္ကိုအသိအမွတ္ျပဳသလို ကိုယ့္ရဲ႕ႀကိဳးစားမႈကိုအသိအမွတ္ျပဳေစခ်င္တာ"

"တကယ္ေတာ့...အရွင့္သားကႀကိဳးစားဖို႔မထိုက္တန္တာမဟုတ္ပါဘူး။သူတို႔ကအရွင့္သားရဲ႕ႀကိဳးစားမႈနဲ႔မထိုက္တန္တာ"

ေရွာင္းက်န႔္ေျပာတာကိုေတာ့က်ီ႐ႊမ္းမၾကားႏိုင္ေတာ့။အိပ္မေပ်ာ္တဲ့အရွင့္သားဟာ သူ႔ရဲ႕စားပြဲခုံေပၚေခါင္းမွီၿပီးအိပ္ေပ်ာ္သြားၿပီေလ။က်ီ႐ႊမ္းကိုမႏိုင္တႏိုင္ျဖင့္ေရွာင္းက်န႔္ထူလိုက္ၿပီးေရွာင္းက်န႔္ရဲ႕အိပ္ယာေပၚကိုတင္ေပးလိုက္သည္။အအိပ္ဆက္တဲ့က်ီ႐ႊမ္းကျပန္ႏိုးလာၿပီးေရွာင္းက်န႔္ကိုခါးကေနလွမ္းဆြဲလိုက္သည္။႐ုတ္တရက္ဆိုေတာ့ေရွာင္းက်န႔္လည္းကိုယ့္ကိုကိုယ္မထိန္းႏိုင္လိုက္။ေရွာင္းက်န႔္ရဲ႕ခႏၶာကိုယ္တစ္ခုလုံးကက်ီ႐ႊမ္းရဲ႕ရင္ခြင္က်ယ္ထဲသို႔က်ဆင္းသြားရသည္။က်ီ႐ႊမ္းကေရွာင္းက်န႔္ရဲ႕မ်က္ႏွာေပၚကပုဝါစကိုဆြဲဖယ္လိုက္ၿပီး ရီေဝေဝမ်က္လုံးေတြနဲ႔ၾကည့္ကာ

"မင္းကအရမ္းလွတယ္"

တျဖည္းျဖည္းနီးကပ္လာတဲ့က်ီ႐ႊမ္းရဲ႕မ်က္ႏွာကို ေရွာင္းက်န႔္ေၾကာင္ေငးကာၾကည့္ေနမိသည္။သူတို႔ႏွစ္ဦးရဲ႕ႏႈတ္ခမ္းေတြထိခါနီးမွာပဲ

"ကိုယ္မင္းကိုက်ိန္းေသေပါက္လာေတြ႕မွာ"

လူကိုစူးစူးရဲရဲၾကည့္တတ္တဲ့လူတစ္ေယာက္ကိုသတိရမိေတာ့ေရွာင္းက်န႔္မ်က္ႏွာလႊဲလိုက္မိသည္။ေရွာင္းက်န႔္ရဲ႕ႏႈတ္ခမ္းဖ်ားေလးကလည္းတီးတိုးေရ႐ြတ္မိသည္။

"ဝမ္ရိေပၚ"

________________________________

5.5.2020

ယူတို႔ေတာ့မသိဘူး။အိုင္ေတာ့ နာမည္ေတြေမ့ေမ့သြားလို႔အေရွ႕ကအပိုင္းေတြျပန္ျပန္ဖတ္ေနရಥ‿ಥ
ျပန္ဖတ္ရင္းသိလိုက္တာက ငါေတာ္ေတာ္အေရးအသားညံ့တာပဲလို႔ಥ‿ಥ

Continue Reading

You'll Also Like

1.1M 13.4K 200
Sick fics for all the boys of 1D
5.2M 471K 98
✫ 𝐁𝐨𝐨𝐤 𝐎𝐧𝐞 𝐈𝐧 𝐑𝐚𝐭𝐡𝐨𝐫𝐞 𝐆𝐞𝐧'𝐬 𝐋𝐨𝐯𝐞 𝐒𝐚𝐠𝐚 𝐒𝐞𝐫𝐢𝐞𝐬 ⁎⁎⁎⁎⁎⁎⁎⁎⁎⁎⁎ She is shy He is outspoken She is clumsy He is graceful...
160K 2.7K 107
She kept chanting his name Harry Harry Harry.......The First boy who held her hand, The first boy Who kissed her, The first boy she liked............
4.3M 236K 49
"Stop trying to act like my fiancée because I don't give a damn about you!" His words echoed through the room breaking my remaining hopes - Alizeh (...