ေႁခြ (ခြွေ) (Completed)

By shanemann622

1.3M 131K 4.3K

သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ... More

Author
part 1(Z+U)
part 2(Z+U)
part 3(Z+U)
part 4(Z+U)
part 5(Z+U)
part 6(Z+U)
part 7(Z+U)
part 8(Z+U)
part 9 (Z+U)
part 10(z+u)
part 11(Z+U)
part 12 (Z+ U)
part 13(Z+U)
part 14(z+u)
part 15(z+u)
part 16(Z+U)
part 17(z+u)
part 18(z+u)
Part 19(Z+U)
part 20 (Z+ U)
part 21(Z+U)
part 22(Z+U)
part 23(z+u)
part 24(Z+U)
part 25(Z+U)
part 25(2)[Z+U]
part 26(Z+U)
part 27(z+u)
part 28(Z+U)
part 29(Z+U)
part 30(Z+U)
part 31(z+u)
part 32(z+u)
part 33(z+u)
part 34(z+u)
part 35(z+u)
part 36(z+u)
part 37(z+u)
part 38(z+u)
part 39(z+u)
part 41(z+u)
part 42(z+u)
part 43(z+u)
part 44/A(z+u)
part 44/B(z+u)
part 45(z+u)
part 46(z+u)
part 47(z+u)
part 48(z+u)
part 49(z+u)
part 50(z+u)
part 51(z+u)
Final (z+u)
Extra 1(z+u)
Extra 2(z+u)
Extra 3(z+u)
Extra 4(z+u)
Extra End(z+u)
ေက်းဇူးတင္လႊာ(ေက်းဇူးတင္လႊာ)
Book Detail
အနူးအညွှန့်တောင်းပန်ခြင်း
special extra 1
special extra 2

part 40(z+u)

16.7K 1.6K 22
By shanemann622

#က်ေနာ္ စာလုံးေပါင္းမစစ္ထားပါဘူး ေရးၿပီးၿပီးခ်င္း ခ်က္ခ်င္းတင္တာျဖစ္တဲ့အတြက္ အမွားေတြမ်ားေနရင္ သည္းခံေပးပါ

ေဆး႐ုံကုတင္ထပ္၌ ႏြမ္းလ်စြာ ေမ့ေမ်ာေနသည့္ မ်က္ႏွာေလးကို ရိပ္ထင္ေငးၾကည့္ရင္း စိတ္ေမာစြာ ပင့္သက္႐ိႈက္မိတာ အႀကိမ္ႀကိမ္ ။ မွိတ္ထားေသာ မ်က္လႊာေလးေအာက္တြင္ ညိဳမဲဖူးေယာင္ေနေသာဒဏ္ရာႏွင့္ ပါးျပင္မို႔မို႔တြင္ ထိုနည္းတူစြာပင္။ ခ်ယ္ရီေရာင္ ႏႈတ္ခမ္းဖူးဖူးသည္လည္း ယခု ေသြးမ႐ွိသကဲ့သို႔ ျဖဴေဖ်ာ့စြာ....ႏႈတ္ခမ္းေထာင့္၌ ကြဲေနသည့္ ဒဏ္ရာသည္ ေသြးစို႔လ်က္။ ေခါင္း႐ိုက္ခံထားရ၍ နက္ေမွာင္ေသာ ေကသာထပ္၌ ပတ္တီးျဖဴစြတ္စြတ္သည္ မတင့္တယ္စြာပင္ျမင္ေနရသည္။ ရင္ဘတ္ႏွင့္ ေက်ာျပင္တို႔တြင္ ကန္ခံထားရသည့္ ဒဏ္ရာဒဏ္ခ်က္မ်ားက ေနရယူထားျပန္သည္။ ရင္ဘတ္ေပၚတင္ထားသည့္ လက္ေခ်ာင္းေလးမ်ားကို ေငးၾကည့္ရင္း ဆုတ္ကိုင္လိုက္သည္။ ေအးစက္စက္ လက္ေခ်ာင္းမ်ားတြင္ ပြန္းပဲရာေတြႏွင့္....လက္ဖဝါးျပင္ကို ပါးျဖင့္ကပ္၍ အေႏြးဓာတ္ေပးေနမိသည္။ အကုန္လုံးျခံဳေျပာရလ်ွင္ ေႁခြ႔တစ္ကိုယ္လုံး၌ ဒဏ္ရာဒဏ္ခ်က္ေပါင္းက မနည္းေပ။မေန႔ညကတည္းက သတိမလည္လာေသးသည္မွာ ယခုမနက္အထိ ။ ေဆးသြင္းထားသည့္ လက္ျဖဴျဖဴေလးမွ ဒဏ္ခ်က္ေတြကို ၾကည့္ကာ ရိပ္ထင္ စိတ္မေကာင္းစြာျဖင့္ ရင္ထဲတြင္ေလးလံေနသည္။

ပါးျပင္သို႔ထိကပ္ထားေသာ လက္ေခ်ာင္းေလးတစ္ေခ်ာင္းက ဆက္ခနဲ လႈပ္ခပ္သြားခ်ိန္တြင္ ရိပ္ထင္သည္ ေႁခြ႔မ်က္ႏွာသို႔ စိုးရိမ္တႀကီးစိုက္ၾကည့္လာသည္။ ထိုအခ်ိန္တြင္ မွိတ္ထားသည့္ မ်က္ခြံမို႔မို႔မ်ားမွ မ်က္လုံးအိမ္ေလးသည္ ေရြ႔လ်ားလာသလို မ်က္ေတာင္ေကာ့ေကာ့သည္လည္း လႈပ္ခပ္လာ၏။

" ေႁခြ....ေႁခြ..."

တျဖည္းျဖည္းခ်င္းပြင့္လာေသာ မ်က္လုံးဝိုင္းဝိုင္းတို႔ကို ရိပ္ထင္စိုက္ၾကည့္ကာ ေခၚသံတို႔ကလည္း စိုးရိမ္မကင္းပါ။

" ေႁခြ  ....ေမာင္ ေခၚတာ ၾကားရလား ေႁခြ "

ပြင့္လာေသာ မ်က္လုံးတို႔သည္ မ်က္ေတာင္မခပ္ဘဲ မ်က္ႏွာၾကက္သို႔သာ စိုက္ၾကည့္ေန၏။ သို႔ေသာ္ ေရြ႔လ်ားေနသည့္ မ်က္လုံးအိမ္ထဲမွ မ်က္စံနက္နက္တို႔သည္ ဘယ္ညာေရြ႔လ်ားေနလ်က္။ ေႁခြ႔ပုံစံသည္ တစ္ခုခုအား အသဲသန္စဥ္းစားေနဟန္႐ွိသည္။ မလႈပ္မယွက္ျဖင့္ ၿငိမ္ကာ မ်က္လုံးအိမ္မွာ မ်က္စံတို႔သည္ စိတ္လႈပ္႐ွားစြာ ဘယ္ညာေရြ႔လ်ားေနသည္ကို ရိပ္ထင္ ၾကည့္ကာ ရင္ထဲပူေလာင္လာသည္။ ထို႔ေၾကာင့္ လက္ဖဝါးျပင္ငယ္အား သူ႔၏ ပါးျပင္ျဖင့္ ထိကပ္၍ ေႁခြ႔လက္တို႔ကို ဆုတ္ကိုင္ကာ လႈပ္၍ ေခၚေနမိသည္။

" ေႁခြ..  ေႁခြ.... ေမာင္ ေခၚတာ ၾကားရလား ေႁခြ ေမာင့္ကိုျပန္ေျပာပါအုံး "

ဆုတ္ကိုင္ထားသည့္ လက္အား ရိပ္ထင္ ခပ္ဆက္ဆက္လႈပ္လိုက္ေသာအခါ ေရြ႔လ်ားေနသည့္ မ်က္လုံးတို႔သည္ရပ္တန္႔သြား၍ မ်က္လုံး အိမ္ထဲမွ မ်က္ရည္မ်ားသည္ စီးက်လာကာ အသဲသန္ျဖင့္ ကုန္းထေလသည္။ထို႔ေနာက္ ေႁခြ႔မ်က္လုံးမ်ားသည္ အခန္းတြင္းသို႔ လွည့္ပတ္ၾကည့္ၿပီးေနာက္ သူ၏ ဘယ္ဘက္လက္ခံုသို႔ ဆက္ခနဲ ငုံ႕ၾကည့္သည္။

" ေႁခြ... မလုပ္နဲ႔!!"

႐ုတ္တရက္ဆြဲျဖဳတ္လိုက္သည့္ လက္ခုံမွ ေဆးပိုက္တို႔သည္ လြင့္စင္သြားၿပီး လက္ခံုမွ ေသြးေၾကာကို ထိသြား၍ ေသြးေတြျဖာခနဲထြက္လာေလသည္။ ရိပ္ထင္သည္ အလန္႔တၾကား ျဖင့္ ေႁခြ႔လက္ခံုကို အုပ္ကိုင္လိုက္ကာ ေသြးတို႔ကို တားစီးလိုက္သည္။

" ဖယ္ ! ငါ့ကိုလႊတ္ ငါသြားမယ္! ! သမီး.... ငါသမီးဆီသြားမယ္ လႊတ္! ! !"

ကုတင္ေပၚမွ ကတုန္ကယင္ျဖင့္ ဆင္းေျပးရန္ ျပဳေနသည့္ ေႁခြ႔က္ုိ ရိပ္ထင္ ဖက္ကာ ခ်ဳပ္ထားလိုက္သည္။ ရိပ္ထင္ လက္ၾကား ႐ုန္းကန္ေနသည့္ ေႁခြသည္ ပါးစပ္မွလည္း အသံကုန္ ေအာ္ဟစ္လ်က္....မို႔ေမာက္ေနသည့္ မ်က္လုံးမ်ားထဲမွ မ်က္ရည္မ်ားကလည္း တသြင္သြင္ရယ္ပါ။ ဘယ္ေလာက္ပင္ အားမ႐ွိ၍ လူရြယ္ခ်င္းမမ်ွပါေစ ေႁခြသည္လည္း ေယာက်ၤားတစ္ဦးေပမို႔ ေယာက်ၤားအားနဲ႔ ႐ုန္းကန္ေနသည္မွာ ရိပ္ထင္ တစ္ေယာက္တည္း မႏိုင္လွေတာ့။ အသိစိတ္လြတ္ကာ ေအာ္ဟစ္ထု႐ိုက္ေနသည့္ခ်စ္သူအားၾကည့္၍ ရိပ္ထင္ ႏွလုံးသားကို မီးစျဖင့္ ထိုးေနသလို နာက်င္လွသည္။

"တီတီ!! တီတီ!!...."

ေနာက္ဆုံး၌ ရိပ္ထင္ မႏိုင္ေတာ့၍ ကုတင္ေဘးနံရံ၌ ႐ွိေသာ အေရးေပၚခလုတ္အား ေျပးႏွိပ္၍ ကုတင္ေပၚမွ ဆင္းေျပးေနသည့္ ေႁခြ႔အား သိမ္းဖက္ကာ ရင္ခြင္ထဲသို႔ ထည့္ခ်ဳပ္ထားလိုက္၏။

" လႊတ္! ! ငါ့ကိုလႊတ္စမ္း!! ငါ့သမီးဆီသြားမလို႔! ! ျပန္ေပး !! ငါ့သမီးကို ျပန္ေပး! ! ျပန္ေပးလို႔....!! "

ၾကမ္းျပင္ေပၚတြင္ ရိပ္ထင္ႏွင့္ ေႁခြ လုံးေထြးကာျဖင့္ ေႁခြ႔ေအာ္ဟစ္သံသည္ အခန္းအျပင္ထိတိုင္ ဟိန္းထြက္ေနသည္။ ေကာ့ထိုး႐ုန္းကန္ေနသည္မို႔ ရိပ္ထင္မွာ ဘယ္လိုမွပင္ ထိန္းမရေပ။ ထို႔ေနာက္ အခန္းတြင္းေျပးတြင္လာသည့္ ဆရာဝန္တစ္ေယာက္ႏွင့္ သူနာျပဳႏွစ္ေယာက္တို႔သည္ ေႁခြအား ဝိုင္းခ်ဳပ္ကာ ကုတင္ေပၚသို႔ ျပန္တင္ေလသည္။ သူနာျပဳႏွစ္ေယာက္က ေႁခြ႔ ေျခေထာက္တစ္ဖက္စီကိုခ်ဳပ္ကိုင္ထားကာ ရိပ္ထင္သည္ ေႁခြ႕ လက္ေမာင္းကိုကိုင္၍ ထိထား၏ ။ ထို႔ေနာက္ ဆရာဝန္သည္ ေဆးထိုးအပ္ကို ေႁခြ႔ လက္ေမာင္းသို႔ ဖိသြင္းကာ ေႁခြ႔ နဖူးကို ထိထား၏။

" ငါ့ကို ျပန္ေပးပါ....ငါ့သမီးကို ျပန္ေပးပါ သမီး....ၾကယ္ေလး... ျပန္...ေပး..."

တျဖည္းျဖည္း ႐ုန္းကန္မႈေတြေလ်ာ့က်လာကာ ေလသံတို႔သည္ ေလးလံၿပီး ၿငိမ္သက္သြားသည့္ ေႁခြ႔အား ၾကည့္ၿပီး ရိပ္ထင္ ခုံေပၚတြင္ ေျခပစ္လက္ပစ္ထိုင္က်သြားသည္။

" ခင္မ်ားရရဲ႕လား "

အသက္လတ္ပိုင္းဆရာဝန္သည့္ ထိုင္က်သြားသည့္ ရိပ္ထင္အား ၾကည့္၍ေမး၏။

" ရပါတယ္ ေဒါက္တာ သူ႔အေျခအေန ဘယ္လို႐ွိလဲသိပါရေစ"

"အင္းးး လူနာက အရမ္းကို စိတ္ထိခိုက္ထားတဲ့ပုံပဲ တအား စိတ္လႈပ္႐ွားေနတယ္ စိတ္ေၾကာင့္ ႏွလုံးေ႐ွာ့ျဖစ္မွာေၾကာက္ရတယ္ အျပင္ပိုင္းဒဏ္ရာေတြကေတာ့ သိပ္ၿပီး စိုးရိမ္စရာမ႐ွိပါဘူး က်ေနာ္ စိုးရိမ္တာက စိတ္ထိခိုက္ေနတာေၾကာင့္ သူ႔ႏွလုံးကိုထိခိုက္ၿပီး ႏွလုံးေရာဂါျဖစ္မွာကိုပဲ စိုးရိမ္ရတယ္ အခုေတာ့ စိတ္ၿငိမ္ေလးထိုးေပးထားတယ္ အိပ္ေပ်ာ္ေနလိမ့္မယ္ မစိုးရိမ္ပါနဲ႔ အျပင္ပိုင္းဒဏ္ရာေတြအတြက္ ဆရာမတို႔ ေဆးထည့္ေပးလိုက္ပါ က်န္တာေတာ့ အကုန္ normal ပါပဲ "

ရိပ္ထင္သည္ ဆရာဝန္ႀကီးေျပာသမ်ွက္ုိ ေလးပင္စြာေခါင္းၿငိမ့္၍ နားေထာင္သည္။ သူ႔ခ်စ္သူေလးကို သနားလြန္လို႔ ရိပ္ထင္ ဘယ္လိုလုပ္ရပါ့မလဲ ။

" ဟို...ေဒါက္တာ သူ႔ စိတ္အေျခအေနအတြက္ ျပလို႔ရမယ့္ ဆရာဝန္တစ္ေယာက္ေလာက္ ေဒါက္တာ ၫႊန္းေပးႏိုင္မလား "

" အင္း ရပါတယ္ အဲ့လိုျပလိုက္ရင္ေတာ့ အေကာင္းဆုံးေပါ့ဗ်ာ က်ေနာ့္ သူငယ္ခ်င္းဆရာဝန္က တစ္ေယာက္ကို က်ေနာ္ေျပာထားေပးမယ္ ဒီအျပင္ပိုင္းဒဏ္ရာေတြသက္သာရင္ေတာ့ သြားျပျဖစ္ေအာင္ျပလိုက္ပါ "

ဆရာဝန္ႀကီးသည္ ေျပာလက္စကိုရပ္ကာ သူနာျပဳထံမွ စာရြက္ပိုင္းေလးနဲ႔ ေဘာပင္ေတာင္း၍ ေရးျခစ္လိုက္ၿပီး

" ေရာ့ နာမည္ကေတာ့  ေဒါက္တာထြန္းကိုကိုလတ္ က်ေနာ္လႊတ္လိုက္တာလို႔ ေျပာရင္ အဆင္ေျပပါလိမ့္မယ္ က်ေနာ္လည္း အက်ိဳးေၾကာင္းေျပာထားေပးမယ္ "

ရိပ္ထင္သည္ ဆရာဝန္ႀကီးေပးသည့္ စာရြက္ပိုင္းေလးအားယူကာ ဖတ္ၾကည့္၍ ေခါင္းၿငိမ့္လိုက္သည္။ စာရြက္ထဲ၌ ေဒါက္တာ ထြန္းကိုကိုလတ္(စိတ္က်န္းမာေရးအထူးကု) ဟူေသာနာမည္ႏွင့္ ဖုန္းနံပါတ္၊ လိပ္စာကို ထည့္ေရးထားသည္။ ဆရာဝန္ႀကီးသည္ သူနာျပဳတို႔အား မွာစရာ႐ွိတာမွာ၍ ထြက္သြားေလသည္။ ဆရာဝန္ႀကီးေပးခဲ့သည့္ ထိုစာရြက္ပိုင္းေလးအား ေသခ်ာသိမ္းကာ အိတ္ကပ္ထဲထည့္လိုက္သည္။

ကုတင္ေပၚ၌ မွိန္းေမာ၍ အိပ္ေပ်ာ္ေနေသာ မ်က္ႏွာငယ္ေလးကို ေငးၾကည့္ရင္း မ်က္ႏွာတစ္ျပင္တြင္ စိုရြဲေနသည့္ မ်က္ရည္စီးေၾကာင္းမ်ားကို လက္ျဖင့္ အသာယာထိ၍ သုတ္ေပးေနမိသည္။ ေကာင္ငယ္ေလးသည္ အရြယ္နဲ႔မလိုက္ေအာင္ ပင္ပန္းခဲ့ရေလၿပီ။ ရင္ဘတ္ခ်င္းနီးသူခ်င္းမို႔ ေႁခြ႔ ခံစားခ်က္ေတြကို ရိပ္ထက္ ထပ္တူ နားလည္ခံစားမိေသာေၾကာင့္ မ်က္ရည္ဝဲမိတာ အမွန္ပင္။

" ေမာင္ မင္းေဘးမွာ အျမဲ႐ွိေနေပးမယ္ ေမာင့္ကိုယုံေနာ္ "

နဖူးျပင္ကို ခပ္ဖြဖြေလးနမ္းရင္း ရိပ္ထင္၏ မ်က္ရည္စသည္ ေႁခြ႔ မ်က္ဝန္းစက္ေပၚသို႔ ေပါက္ခနဲက်သြားေလသည္။

..............................

ကေလာ၏ အျပန္လမ္းသည္ ဘာေၾကာင့္ရယ္မသိ ဝသာန္႔စိတ္ေတြအေတာ္ပင္ ေလးလံေနသည္။ ကေလာမွ ရန္ကုန္သို႔ အျပန္လမ္းသည္ မင္းခန္႔ေခ်ာ၏ ကားျဖင့္ ျပန္လာျခင္းျဖစ္သည္။ သူႏွင့္အတူ ဦးရာဇဆိုသည့္ သူသည္လည္း ပါလာေသးသည္။ ဝသာန္သည္ ပါးနပ္သူပီပီ မင္းခန္႔ေခ်ာကို အက်ပ္ကိုင္ကာ ဦရာဇအား အပါေခၚလာခဲ့သည္။ အကယ္၍ မင္းခန္႔ေခ်ာသည္ ေႁခြ႔ကိုေတြ႔ခ်င္သည္ဆိုပါက ဦးရာဇပါ အပါေခၚလာမွ ေတြ႔ခြင့္ေပးမည္ဟု အက်ပ္ကိုင္သည္။ ပထမတြင္ ဦးရာဇႏွင့္ေတြ႔လ်ွင္ မည္သို႔ ေျပာ၍ ေခၚလာမည္ကို မစဥ္းစားမိသျဖင့္ အက်ပ္ရိိုက္ေနခ်ိန္ မင္းခန္႔ေခ်ာသည္လည္း ေႁခြႏွင့္ေတြ႕ရန္ အသည္းအသန္ျဖင့္ ပ်ာယာခပ္ေနသည့္အတြက္ ဤသို႔ စဥ္းစားမိျခင္းပါ။ မင္းခန္႔ေခ်ာလည္း ဦးရာဇအား ဘာလို႔ ဒီေလာက္ ရန္ကုန္သို႔ ေခၚခ်င္ေနလဲဆိုတာ ေမးခ်င္ေပမယ့္ personal မိုလို႔ မေျပာလိုဘူး မရရင္ ေတြ႔ခြင့္မေပးဘူးဆိုသည့္ ဝသာန္၏ အက်ပ္ကိုင္သည့္ စကားေၾကာင့္ ဦးရာဇ ၿမိဳ႕ေပၚမွ ျပန္လာသည္ႏွင့္ ရန္ကုန္အိမ္တြင္ ျခံအတြက္ ပစၥည္းတစ္ခ်ိဳ႕ ျပန္သယ္ရန္ အကူလိုသည္ဆိုၿပီး လိမ္ေခၚခဲ့ရသည္။ ဒါဘဝမွာ ပထမဆုံး လိမ္ဖူးျခင္းသာ....မတတ္ႏိုင္ဘူး ။ သူကိုယ္တိုင္က ကေလးသားေလးကိုမွမေတြ႕ရလ်ွင္ ေသရပါလိမ့္မည္။

အျပန္လမ္းတစ္ေလ်ွာက္ မင္းခန္႔ေခ်ာကိုယ္တိုင္သာ ကားေမာင္းသည္။ ဝသာန္ တစ္လွည့္ေမာင္းေပးမယ္ေျပာေပမယ့္ မယုံ၍လားမသိ ။ ဝသာန္႔အေျပာကို ျငင္းပယ္ကာ သူကိုယ္တိုင္ပင္ေမာင္းသည္။ ေကာက္ေကြ႔မ်ားသည့္ လမ္းတစ္ေလ်ွာက္ သတိထားေမာင္းရင္း ခရီးဆက္လာလိုက္တာ လမ္းမွာ တစ္ေထာက္ပဲနားသည္ ၿပီးေတာ့ ေတာက္ေလ်ွာက္ ေမာင္းလာသည္။ မင္းခန္႔ေခ်ာ၏ ရန္ကုန္ေရာက္ခ်င္စိတ္က ထက္သန္ေနေသာ ယခုခ်ိန္ ဟိုင္းေဝးလမ္းမေပၚပင္ ေရာက္ေနသည္။ ညလည္း အနည္းငယ္ေမွာင္စပ်ိဳးလာၿပီျဖစ္၍ ဟိုင္းေဝးလမ္းမို႔ သတိထားေမာင္းေနရင္း မွန္မွတစ္ဆင့္ အေနာက္ခန္းမွ ဝသာန္႔အား လွမ္းၾကည့္လိုက္သည္။ ဝသာန္သည္ မ်က္ေမွာင္ၾကဳတ္၍ ဖုန္းအား အသဲသန္ၾကည့္ေနသည္။

" က်စ္!! တစ္ေန႔လုံး ဖုန္းေခၚလို႔ကိုမရဘူး ကိုႀကီးဘာျဖစ္ေနပါလိမ့္ "

အႀကိမ္ ေျခာက္ဆယ္ေျမာက္႐ွိေသာ ဖုန္းကိုေခၚခ်ိန္တြင္ တူ...တူ ဟူ၍ အစခ်ီၿပီး ေတာ္ေတာ္ၾကာၾကာ၌ မကိုင္.......ေနာက္မွ ဖုန္းဝင္သြားတာေၾကာင့္ ဝသာန္သည္ ဝမ္းသာအားရျဖင့္

" hello.... အာ..ေခၚလိုက္ရတာ ကိုႀကီးရယ္ ဘာလ္ု႔ိ ဖုန္းမကိုင္ရတာလဲ "

" ဝသာန္ "

တိုးညင္းေဖ်ာ့ေတာ့ေနသည့္ အသံေလးသည္ ေလလိုင္းမွတစ္ဆင့္ ဝသာန္႔ နားထဲသို႔ တိုးဝင္သြားခိုက္ ဝသာန္႔ စိတ္မ်ား ပို၍ ေလးလံလာသည္။

" ကိုႀကီး ဘာျဖစ္လို႔လဲ "

ဝသာန္၏ စိုးရိမ္သံေၾကာင့္ မင္းခန္႔ေခ်ာသည္ ကားေမာင္းရင္းမွွ မွန္မွတစ္ဆင့္ ဝသာန္႔ကို လွမ္းၾကည့္၏။

"ဝသာန္......... မင္း အခု ဦးရာဇနဲ႔ ေတြ႔ၿပီးၿပီလား "

သူ႔နာမည္အား တစ္ခါထပ္ေခၚၿပီးမွ ခဏၾကာထြက္လာေသာ အသံသည္ အားနည္းေနေပမယ့္ ျပတ္သားမာထန္ေနဟန္႐ွိသည္။

" ဟုတ္ အခု က်ေနာ္ ျပန္လာေနၿပီ ကိုႀကီး သူလည္း ပါလာတယ္ "

" ငါသူ႔ဆီက သက္ေသကို အခုခ်က္ခ်င္းလိုခ်င္တယ္ ရန္ကုန္ေရာက္တာနဲ႔ မင္း ေ႐ွ႕ေန ဦးတင္ေမာင္ေက်ာ္ဆီကို အဲ့ဒီလူနဲ႔အတူ သြား ။ငါလိပ္စာပို႔လိုက္မယ္၊  ေရာက္ေရာက္ခ်င္းသြားေနာ္ ငါ့မွာ အခ်ိန္မ႐ွိဘူး ၊ ဟိုေရာက္ရင္ ေ႐ွ႕ေန႔က မင္းကိုေျပာလိမ့္မယ္ မင္းသူနဲ႔ ဦးထြန္းသိုက္ ကိစၥကို လိုက္လုပ္လိုက္။ ငါသူ႔ကို အထဲ ထည့္ထားၿပီးၿပီ ၊ ၿပီးေတာ့........အဲ့လူယုတ္မာႀကီး ေသမွကိုျဖစ္မယ္ "

" ကိုႀကီး ဘယ္လိုျဖစ္လို႔ခ်က္ခ်င္းႀကီး.......။ ဟုတ္ကဲ့ပါ က်ေနာ္မ႐ွိတဲ့ရက္အတြင္း ျဖစ္ပ်က္သြားတာေတြကို က်ေနာ္ ေ႐ွ႕ေနဆီေရာက္မွပဲ နားေထာင္လိုက္ပါ့မယ္ ။ စိတ္ခ် ကိုႀကီးျဖစ္ေစခ်င္တဲ့အတိုင္းျဖစ္ေစရမယ္......... ဒါနဲ႔ ကိုႀကီး ေနေကာင္းရဲ႕လား ကိုႀကီးအသံက တစ္မ်ိဳးပဲ....ေျသာ္...ၿပီးေတာ့ ၾကယ္ေလးေရာ အိပ္ေနၿပီလား ဒီေန႔ ဂ်ီက်ေသးလား "

ဝသာန္႔ အေမးေၾကာင့္ တစ္ဖက္မွ သိသိသာသာတိတ္ဆိတ္သြားသည္။

"Hello ကိုႀကီး.... hello "

" ဝသာန္.......သမီး....သမီး မ႐ွိေတာ့ဘူး....."

"ဗ်ာ...ဗ်ာ..."

တုန္ရီကာ ငို႐ိႈက္ၿပီးထြက္လာသည့္ စကားေၾကာင့္ ဝသာန္တစ္ကိုယ္လုံး တုန္ရီကာ ထိပ္လန္႔သြားသည္။

" ကို...ကိုႀကီး.....ဘာေျပာလိုက္တာလဲ..... မ...မဟုတ္ဘူး...မဟုတ္လား "

မင္းခန္႔ေခ်ာသည္ ဖုန္းေျပာေနရင္း တုန္လႈပ္ထိပ္လန္႔သြားသည့္ ဝသာန္႔ကို လွမ္းၾကည့္ကာ အကဲခပ္ေနသည္။ေကာင္ေလးပုံစံက အေတာ္ပင္ထိပ္လန္႔ေနဟန္......မ်က္လုံးထဲတြင္ မ်က္ရည္မ်ား ဝိုင္းေနၿပီး ႏႈတ္ခမ္းမ်ားက တစ္ဆက္ဆက္တုန္ေနသည္။

" ျဖစ္ေစရမယ္ ကိုႀကီး ဒီလူႀကီး ေသကိုေသေစရမယ္! ! "

တစ္ဖက္မွ ဖုန္းကို ၿငိမ္ကာ နားေထာင္ရင္း ေဒါသတႀကီးႀကိမ္းဝါးလာသည့္ ေကာင္ေလးေၾကာင့္ မင္းခန္႔ေခ်ာ လန္႔ပင္လန္႔သြားသည္။ ဒီေကာင္ေလး ဘာထျဖစ္တာလဲ .....။

" အားးးးးးးးးးးးး"

ဖုန္းခ်သြားသည္ႏွင့္ အသံကုန္ေအာ္ကာ ေ႐ွ႕ ထိုင္ခံုအား လက္သီးျဖင့္ ထိုးေနသည့္ ေကာင္ေလးကိုေၾကာင့္ မင္းခန္႔ေခ်ာ လန္႔ကာ ကားကို ေဘးသို႔ ထိုးရပ္လိုက္သည္။ ဝသာန္႔ေဘးတြင္ ထိုင္ကာ ငိုက္ေနသည့္ ဦးရာဇလည္း လန္႔သြားကာ ဝသာန္႔အား အလန္႔တၾကားျဖင့္ ၾကည့္ေနသည္။ ဝသာန္႔၏ ေအာ္သံထဲတြင္ ေၾကကြဲမႈ အျပည့္ပါေနၿပီး ကားခံုသို႔ ထိုးေနသည့္ လက္မ်ားသည္ ရပ္သြားကာ နီရဲ စူး႐ွေနသည့္ မ်က္ဝန္းမ်ားထဲတြင္ မ်က္ရည္မ်ားသည္ ပါးျပင္ေပၚသို႔ စီးက်ေန၏။

" ညီ.... ညီ ဘာျဖစ္တာလဲ "

"အာ....ေစာက္ေရးမပါတာကြာ...."

ေဒါသသံျဖင့္ ေပါက္ကြဲထြက္လာသည့္ စကားတို႔ႏွင့္အတူ ေဘးမွ ထိုင္ေနသည့္ ဦးရာဇအား ထထိုးေတာ့သည္။ ႐ုတ္တရက္ႀကီး အေပၚစီးမွ အထိုးခံလိုက္ရသည့္ ဦးရာဇသည္ အသက္လည္းႀကီးရင့္ၿပီးျဖစ္၍ အားပါလွသည့္ ဝသာန္႔လက္သီးကို မခံႏိုင္ကာ တံခါးေဘာင္သို႔ မ်က္ႏွာလည္ထြက္ကာ ေျပးကပ္သြား၏၊ မင္းခန္႔ေခ်ာသည္ ျမန္ဆန္လြန္းလွသည့္ အျဖစ္ပ်က္ေတြေၾကာင့္ တစ္ခ်က္ဆြံ႕အသြားရာမွ ဝသာန္႔အား ဆြဲေတာ့သည္။ သို႔ေသာ္ ဝသာန္သည္ လူေကာင္ေသးေသာ္လည္း သန္မာလြန္းသည္မို႔ မင္းခန္႔ေခ်ာဆြဲထားသည့္ထိုင္ေအာင္ ဦးရာဇအား အေပၚစီးမွ ဖိ၍ မဲမဲျမင္ရာထိုးေတာ့သည္။ ဦးရာဇသည္ လက္ျဖင့္ကာ၍ ခုခံေသာ္လည္း တစ္ခ်က္ဆိုရင္ ဆိုသလို ပစ္ဝင္လာေသာ လက္သီးခ်က္မ်ားျဖင့္ အလူးအလဲပင္ခံေနရသည္။

" ဝသာန္! ! ဝသာန္ ေဟ့ေကာင္ ဘာျဖစ္ေနတာလဲ ဝသာန္ "

အေျခေနမဟန္ေတာ့သည့္အခါ မင္းခန္႔ေခ်ာသည္ ကားေပၚမွ ကပ်ာကယာဆင္း၍ အေနာက္တံခါးဖြင့္ကာ ဝသာန္႔အား ကားေပၚမွ ဆြဲခ်ေတာ့သည္။

" လႊတ္စမ္းပါ "

ဝသာန္သည္ အျပင္သို႔ ေရာက္ေသာအခါ မင္းခန္႔ေခ်ာလက္ထဲမွ ႐ုန္းထြက္၍ ကားထဲ၌ သူ႔လက္သီးခ်က္ေတြေၾကာင့္ ေသြးထြက္သံယိုႏွင့္ အလူးအလဲျဖစ္ေနသည့္ ဦးရာဇအား ငုံ႕ၾကည့္ကာ

" ေဟ့လူ ဒီမွာ က်ေနာ္ ခင္မ်ားကို ေမးခြန္းေမးမယ္ က်ေနာ္ ေမးတာ မေျဖရင္ က်ေနာ္ ခင္မ်ားကိုသတ္မယ္ ခင္မ်ားထြက္ခဲ့ ထြက္ခဲ့..."

"ဝသာန္ မင္းဘာျဖစ္ေနတာလဲ "

" ခင္မ်ားဝင္မပါနဲ႔ မသိရင္ ေအးေဆးေန ဒီမွာ ႐ွင္းရမယ့္ ကိစၥေတြက်န္ေသးတယ္ နားလည္လား "

မင္းခန္႔ေခ်ာသည္ ႐ုတ္ခ်ည္းေျပာင္းလဲသြားသည့္ အ႐ိုင္းအစိုင္းေကာင္ေလးကို ၾကည့္ကာ အံ႕ျသေနမိသည္။ ကိုယ့္အေဖအရြယ္မက ႐ွိသည့္ လူႀကီးကို အေၾကာင္းမဲ့ထထိုးကာ အခုၿခိမ္းေျခာက္ေနသည္။ ဝသာန္႔ပုံစံက ေသြးဆာေနသည့္ သားရဲတစ္ေကာင္လိုပင္ျဖစ္ေနသည္မို႔ မင္းခန္႔ေခ်ာလည္း ဝသာန္႔အား အနည္းငယ္႐ွိန္ေန၏။ ဦးရာဇသည္ ကားထဲမွ ေန၍ မင္းခန္႔ေခ်ာအား အကူညီေတာင္းေသာ မ်က္လုံးမ်ားျဖင့္ၾကည့္ကာ

" ေမာင္...ေမာင္ခန္႔ လုပ္...လုပ္ပါအုံးကြာ "

" ကဲ ၾကာတယ္ဗ်ာ ခင္မ်ား အခုဆင္းလာမလား မဆင္းဘူးလား "

ဝသာန္က ကားအမိုးကို တစ္ဗုန္းဗုန္းပုတ္ကာဦးရာဇအား ေခၚထုတ္ေလသည္။

" ေဟ့ေကာင္ မင္း လူႀကီးကို ...."

" ခင္မ်ား မဆင္းရင္ က်ေနာ္ တက္္လာမယ္ "

"လာ....လာ..ပါမယ္ကြာ "

မင္းခန္႔ေခ်ာစကားမဆုံးမွီ ဝသာန္သည္ ေဘာင္းဘီ အိတ္ကပ္ထဲမွအျမဲေဆာင္ထားသည့္ ေခါက္ဓားေလးအား ဆြဲထုတ္ကာ ရြယ္ေတာ့ ဦးရာဇသည္ ေၾကာက္ေၾကာက္လန္႔လန္႔ျဖင့္ ကားေပၚမွ ဆင္းလာေလသည္။

" ဒီမွာ က်ေနာ္ ေမးတာ အမွန္တိုင္းေျဖ ။ လြန္ခဲ့တဲ့ အႏွစ္ ႏွစ္ဆယ္ေလာက္က ဦးထြန္းေဆြ ေဒၚၾကည္ၾကည္သာတို႔မိသားစုစီးလာတဲ့ကားဘရိတ္ကို ျဖတ္ခဲ့တာ ခင္မ်ားမဟုတ္လား "

ထိုစကားေၾကာင့္ ဦးရာဇသည္ ထိပ္လန္႔ေနသည့္ မ်က္လုံးမ်ားက ၿငိမ္က်သြားကာ တစ္ခုခုကို အသဲသန္ စဥ္းစားေနသည္ ။ ၿပီးမွ ထိပ္လန္႔တုန္လႈပ္ေနသည့္ မ်က္လုံးမ်ားျဖင့္ ေျခခါခါလက္ခါခါျဖင့္

" မ..မဟုတ္ဘူး...မဟုတ္ဘူး ငါမလုပ္ဘူး မဟုတ္ဘူး "

" ဒီမွာ ခင္မ်ား လိမ္ရင္ ခင္မ်ားကိုသတ္မယ္လို႔ေျပာတယ္ေနာ္ "

ညအလင္းေရာင္ေအာက္တြင္ ေငြေရာင္လဲ့ေနသည့္ ဝသာန္႔ဓားသြားေလးက ဦးရာဇ၏ မ်က္လုံးဝတြင္ ဦးတည္ထားသည္။ မင္းခန္႔ေခ်ာသည္ ႐ႈပ္ေထြးလာသည့္ အေျခေနတို႔ေၾကာင့္ ဝင္မေျပာပဲ နားေထာင္ေနေပမယ့္ ေကာင္ေလးၾကည့္ရတာ လက္ရဲဇက္ရဲႏိုင္မည့္ပုံမို႔ အေျခေနမဟန္လ်ွင္ ဝင္႐ွင္းရန္ ကားထဲမွ အသင့္ပါေနသည့္ ဝက္အူလက္ကို ယူကာ အသင့္ကိုင္ထားေလသည္။

" ခင္မ်ား ေျပာမလား အေသခံမလား "

"ဟို...ဟို...မသတ္ပါနဲ႔ကြာ....ငါ...ငါ..ငါခိုင္းလို႔လုပ္ခဲ့ရတာပါကြာ ငါ့ကိုမသတ္ပါနဲ႔ "

ဝသာန္႔မွာ လိုခ်င္သည့္ အေျဖရလာသည့္အတြက္ ေက်နပ္စြာျပံဳးလိုက္သည္။

" ဘယ္သူခိုင္းတာလဲ "

" ဟို ဦးထြန္းသိုက္ပါ "

" ဘာလို႔ခိုင္းတာလဲ "

" ဦးထြန္းေဆြရဲ႕ ေနရာကိုလိုခ်င္လို႔ပါ ငါ..ငါ့ကိုလည္း ပိုက္ဆံေပးလို႔ လုပ္ရတာပါ ဒါေပမယ့္.... အဲ့ေကာင္က အရမ္းေကာက္က်စ္တာ ငါ့ကိုပိုက္ဆံမေပးတဲ့အျပင္ ကိစၥၿပီးတာနဲ႔ လိုက္သတ္ေတာ့ ငါလည္း ကိုယ့္ေသေဘး ကိုယ္႐ုန္းရင္း ကေလာမွာ လာပုန္းေနတာ အခုထိပဲ မိသားစုေတြနဲ႔လည္း ကြဲခဲ့ရပါတယ္ "

" ဟုတ္ၿပီ ခရီးဆက္ၾကတာေပါ့ ရန္ကုန္ရင္ ခင္မ်ား က်ေနာ္နဲ႔ လိုက္ခဲ့ရမယ္ "

ဝသာန္သည္ အသံဖမ္းထားသည့္ စက္ကို မသိမသာျဖင့္ အိတ္ထဲလက္ႏိႈက္ၿပီး ပိတ္လိုက္ကာ လက္ထဲမွ ဓားကိုေခါက္သိမ္း၍ ကားေပၚတြင္ ျပန္ထိုင္ေနသည္။ထို႔ေနာက္ အေႏြးထည္ ေခါင္းစြတ္ေလးအား ေခါင္းအုပ္ခ်၍ မ်က္ႏွာဖုံးသည္အထိ ငိုက္ခ်ကာ အသံတိတ္ငိုေနေတာ့သည္။ ေႁခြ႔၏ သမီးမ႐ွိေတာ့ဘူးဆိုသည့္စကားကို တစ္ဖက္မွ ရိပ္ထင္သည္ ဖုန္းျဖတ္ယူ၍ ေႁခြ႔ ကိုယ္စားျဖစ္ပ်က္ခဲ့သည့္ အေၾကာင္းရာတစ္ခ်ိဳ႕ကို အၾကမ္းျပင္းေျပာျပကာ ဦးထြန္းသိုက္အား ေသမိန္႔ခ်ဖို႔ အျမန္ဆုံးစီစဥ္ရန္ သူ႔ေ႐ွ႕ေနႏွင့္တိုင္ပင္ၿပီး ေျပာထားၿပီးျဖစ္ေၾကာင္း ၊ ဦးရာဇ၏ ထြက္ဆိုပါပါလ်ွင္ ဦးထြန္းသိုက္ ေသမိန္႔က်မည္မွာ ေသခ်ာေၾကာင္း ေျပာသည္။ မယုံၾကည္ႏိုင္စရာေကာင္းေအာင္ ၾကယ္ေလးသည္ လူ႔ေလာကထဲကထြက္ခြာခဲ့ၿပီ ။ အစကေတာ့ ဦးရာဇကုိ ေႁခြနဲ႔ ေတြ႔ေပးကာ အသံသက္ေသပဲယူအုံးမလို႔ပါပဲ။ သို႔ေပမယ့္ ၾကယ္ေလးသတင္းၾကားလိုက္တဲ့အခ်ိန္၌ ဝသာန္႔ေဒါသမ်ားသည္ ေပါက္ကြဲထြက္ကာ အနား႐ွိ ဦးရာဇအား ထိုးႀကိတ္မိသည္အထိ။ ၾကယ္ေလးသည္ သူနဲ႔ေနတာမ်ားတာမို႔ ဝသာန္ ပိုခံစားရသည္။ အျဖစ္ဆုိးလိုက္သည့္ ကေလးအတြက္ ဝသာန္ ယူက်ိဳးမရျဖစ္ရပါသည္။

.......................................

ေဆး႐ုံကုတင္၌ ရင္ခြင္ထဲတြင္ ၿငိမ္က်ေနသည့္ ေႁခြ႔ကို ရိပ္ေထြးဖက္ကာထားမိသည္။ ကုတင္ေသးေသးေလး၌ ေယာက်္ားႏွစ္ေယာက္ လွဲေနရသည္မွာ မက်ပ္ေပမယ့္ ကုတင္အျပည့္ပင္ျဖစ္ေနသည္။ ရင္ခြင္ထဲ၌႐ွိသည့္ ရင္နင့္သဲခ်ာေလးသည္ ၿငိမ္သက္ေနသည့္ ေရျပင္ပမာ....။ ထိလိုက္တာနဲ႔ လႈပ္ခပ္သြားေတာ့မလို......ရိပ္ထင္ အရိပ္ေျခၾကည့္ေနရသည္။ မနက္ပိုင္း စိတ္ၿငိမ္ေဆးထိုးၿပီးေတာ့ ေန႔လည္ခင္းေလာက္က် ေႁခြ ႏိုးလာခဲ့သည္။ ႏိုးလာၿပီးခ်င္းမွာ ၿငိမ္သက္လြန္းေနသည္ ဘယ္အခ်ိန္ထေသာင္းက်န္းမလဲဆိုၿပီး ရင္တထိပ္ထိပ္ျဖစ္ေနေပမယ့္ ေႁခြက ၿငိမ္သက္စဲပါ။ ေန႔လည္စာ ဆန္ျပဳတ္ေကြၽးေတာ့လည္း ေလးငါးဇြန္းသာေသာက္၍ ျပန္ၿငိမ္ေနျပန္သည္။ ရိပ္ထင္အား ဘာစကားတစ္ခြန္းမွမေျပာသလို ေႁခြ႕အၾကည့္ေတြက ၿငိမ္သက္ေအးစက္လြန္းသည္။ ရိပ္ထင္ကသာ ေဘးမွ တုန္႔ျပန္မႈမ႐ွိသည့္ စကားမ်ားကို ေျပာေနရသည္။ တစ္ေန႔လုံး စကားမေျပာဘဲ ၿငိမ္သက္ေနရာမွ ညေန ၆နာရီေလာက္က်ေတာ့ သူ႔ဖုန္းေရာဟုေမးသည္။ ရိပ္ထင္သည္ သူ႔အိတ္ကပ္ထဲ၌ မွန္မ်က္ႏွာျပင္မွာ အက္ေၾကာင္းမ်ားစြာျဖင့္ ကြဲေနသည့္ ဖုန္းေလးကိုထုတ္ေပးေတာ့ ရိပ္ထင္ဖုန္းထဲ ကဒ္လဲ၍ ဝသာန္႔ဆီ ဖုန္းဆက္သည္။ ဝသာန္႔အား ဖုန္းေျပာေနသည္မွာ တည္ၿငိမ္ေအာင္ မနည္းက်ိဳးစားၿပီးေျပာေနဟန္႐ွိသည္။ တစ္ခ်က္ခ်က္တုန္သြားသည့္ အသံကိုထိန္းကာ ဝသာန္႔အား ၫႊန္ၾကားေနေသာ အသံေလးသည္ အမိန္သံပါသလို ဦးထြန္းသိုက္အား အမုန္းသံတို႔လည္းပါ၏။ ဝသာန္႔မွာ ၾကယ္ေလးအေၾကာင္းေမးသည့္အခါမ်ားတြင္ ေႁခြ ဆက္မထိန္းႏိုင္ေတာ့ပဲ မ်က္ဝန္းထဲမွ မ်က္ရည္မ်ားသည္ ပါးျပင္သို႔ စီးက်လာသည္။ ရိပ္ထင္သည္ ဒီပူေဆြးမ်က္ရည္မ်ားကို ထပ္မျမင္ခ်င္ေတာ့၍ ေႁခြ႔လက္ထဲမွ ဖုန္းကိုယူကာ ဝသာန္႔အား အက်ဥ္းခ်ဳပ္ေျပာ၍ မွာစရာ႐ွိတာမွာကာ ဖုန္းခ်လိုက္သည္။ ဝသာန္သည္လည္း အေတာ္ပဲ ေ႐ွာ့လ္ျဖစ္သြားသည့္ပုံရသည္။ ဝသာန္ႏွင့္ ဖုန္းေျပာၿပီးကတည္းက ငိုေနသည္ကို မနည္းတားယူထားရသည္ အခုေတာ့ အငိုစဲခါစသူ႔ရင္ခြင္တြင္ ေမွးစက္ေနသည္။

" မနက္ျဖန္ သမီးစ်ာပန အတြက္ ျပင္ဆင္ရေအာင္ "

ရင္ခြင္ထဲမွ ေကာင္ေလး၏ စကားသံသည္ ေအးစက္စြာ ထြက္ေပၚလာသည္။ သို႔ေပမယ့္ အဖ်ားခပ္တုန္ရီေနပါေသးသည္။

" ေမာင္ ျပင္ဆင္လိုက္မယ္ေလ "

" ငါမနက္ျဖန္ ေဆး႐ုံဆင္းမယ္ "

" မရဘူးေလ ေႁခြရယ္ မင္း ဒဏ္ရာေတြက မေပ်ာက္မွမေပ်ာက္ေသးတာ စိတ္မပူပါနဲ႔ ေမာင္ စီစဥ္လိုက္ပါမယ္ "

" သမီးရဲ႕ ေနာက္ဆုံးခရီးမွာ သူ႔မ်က္ႏွာေလးကို ငါျမင္ခ်င္တယ္ ငါသက္သာတယ္ ဒါေၾကာင့္ ဆင္းမယ္ "

ေခါင္းမာလြန္းသည့္ေကာင္ေလးသည္ ထိုသ္ု႔ိေျပာေသာ ရိပ္ထင္ ေခါင္းၿငိမ္းကာ လက္ခံေပးလိုက္ရသည္။မနက္ကမွ ေသာင္းက်နး္ထားၿပီး ယခုလို ေအးစက္ေနသည့္ ေကာင္ေလးကိုၾကည့္ကာ ရိပ္ထင္ အကဲခပ္မိပါသည္။ ေႁခြသည္ စိတ္ဓာတ္ၾကံ႕ခိုင္သူမို႔ သူ၏ မတည္မၿငိမ္ျဖစ္ေနသည့္ စိတ္ေတြကို တည္ၿငိမ္ေအာင္ အတင္းခ်ဳပ္တည္းေနပုံရသည္။

" ညစာ ဘာစားခ်င္လဲဟင္"

"ဟင့္အင္း "

ျဖဴေဖြးေနသည့္ ေခါင္းမွ ပက္တီးေလးေပၚသို႔ ရိပ္ထင္ အနမ္းတစ္ခ်က္ေႁခြခ်ကာ ေမးေတာ့ ေႁခြက ေခါင္းခါသည္။

" အဲ့လိုမရဘူးေလ ခဏေနရင္ သူနာျပဳေတြ ေဆးလာတိုက္ေတာ့မွာ အစာ႐ွိမွ ျဖစ္မွာေပါ့ ေႁခြရဲ႕ "

"ငါဗိုက္မဆာလို႔ပါ "

ခပ္တိုးတိုးစကားကို နားေထာင္ရင္း ရိပ္ထင္သက္ျပင္းအ႐ွည္ႀကီးခ်လိုက္သည္။ထို႔ေနာက္ မွီထားသည့္ ကိုယ္လုံးေလးအား ေထြးဖက္လိုက္၍

" ေမာင္႐ွိပါတယ္ ေႁခြရယ္ စိတ္ကို ခ်ဳပ္မထားပါနဲ႔ မင္းနားမွာ ေမာင္တစ္ေယာက္လုံးတယ္ မင္း တစ္ေယာက္တည္းမဟုတ္ဘူးေလ ဘာလို႔ အားငယ္ေနတာလဲ အရင္က ဒီလိုဒဏ္ရာေတြကိုတစ္ေယာက္တည္း ခါးစီးခံလာရတာ ပင္ပန္းေရာေပါ့ အခု မင္းေဘးမွာ ေမာင္႐ွ္ိေနၿပီပဲ ေမာင့္ရင္ခြင္ထဲမွာ ငိုလို႔ရပါတယ္ "

ေႏြးေထြးလြန္းသည့္ ထိုစကားက ေႁခြ႔ရင္ထဲက ေအးစက္မႈေတြကို အပူေငြ႔ေလး႐ိုက္ရပ္သြားသကဲ့သို႔ ေႏြးေထြးလုံျခံဳေစသည္။ ေႁခြသည္ မည္သည့္စကားကိုမ်ွမဆိုဘဲ ရိပ္ထင္ ရင္ခြင္ထဲသို႔ ေခါင္းတိုးေဝ့ကာ ခ်ဳန္းပြဲခ် ငိုျခင္းခ်မိသည္။ ပင္ပန္းသမ်ွ တင္းထားသမ်ွ ခံစားရသမ်ွ အကုန္ေျဖေလ်ာ့ခ်၍ ရိပ္ထင္အား ခပ္တင္းတင္းဖက္ကာ ငိုေနမိ၏။

" ငါအရမ္း ပင္ပန္းတယ္ မွိဳင္း..... ၿပီးေတာ့ ငါအရမ္းေၾကာက္ေနတယ္ "

ဟုတ္တာေပါ့ ဒီအခ်ိန္မွာ သူတစ္ေယာက္တည္းက်န္ခဲ့ၿပီဆိုတဲ့ ခံစားခ်က္က ေႁခြ႔ကို ဘယ္ေလာက္ထိပ္လန္႔ေစခဲ့သလဲ။
ရိပ္ထင္သည္ မိမိ၏ အသဲအသက္အား တင္းက်ပ္စြာျပန္ေပြ႔ဖက္၍ တသိမ့္သိမ့္တုန္ေနသည့္ေက်ာျပင္ေလးအား ပြတ္သပ္ကာ ေကာင္ငယ္ေလး၏ စိတ္ဒဏ္ရာတို႔ကို ေျဖေလ်ာ့ေစသည္။

" ငိုခ်င္တဲ့အခ်ိန္တိုင္း မင္းပင္ပန္းတဲ့အခ်ိန္တိုင္း အနားမွာအျမဲ႐ွိေနေပးမွာမို႔ အခုကစၿပီးကိုယ့္ကိုကိုယ္ အရမ္းထိန္းခ်ဳပ္မထားပါနဲ႔ ေႁခြငယ္ရယ္....မင္းအရမ္းပင္ပန္းလြန္းေနၿပီ"

...................................................

#7022words
#1/5/2020

Unicode

#ကျနော် စာလုံးပေါင်းမစစ်ထားပါဘူး ရေးပြီးပြီးချင်း ချက်ချင်းတင်တာဖြစ်တဲ့အတွက် အမှားတွေများနေရင် သည်းခံပေးပါ

ဆေးရုံကုတင်ထပ်၌ နွမ်းလျစွာ မေ့မျောနေသည့် မျက်နှာလေးကို ရိပ်ထင်ငေးကြည့်ရင်း စိတ်မောစွာ ပင့်သက်ရှိုက်မိတာ အကြိမ်ကြိမ် ။ မှိတ်ထားသော မျက်လွှာလေးအောက်တွင် ညိုမဲဖူးယောင်နေသောဒဏ်ရာနှင့် ပါးပြင်မို့မို့တွင် ထိုနည်းတူစွာပင်။ ချယ်ရီရောင် နှုတ်ခမ်းဖူးဖူးသည်လည်း ယခု သွေးမရှိသကဲ့သို့ ဖြူဖျော့စွာ....နှုတ်ခမ်းထောင့်၌ ကွဲနေသည့် ဒဏ်ရာသည် သွေးစို့လျက်။ ခေါင်းရိုက်ခံထားရ၍ နက်မှောင်သော ကေသာထပ်၌ ပတ်တီးဖြူစွတ်စွတ်သည် မတင့်တယ်စွာပင်မြင်နေရသည်။ ရင်ဘတ်နှင့် ကျောပြင်တို့တွင် ကန်ခံထားရသည့် ဒဏ်ရာဒဏ်ချက်များက နေရယူထားပြန်သည်။ ရင်ဘတ်ပေါ်တင်ထားသည့် လက်ချောင်းလေးများကို ငေးကြည့်ရင်း ဆုတ်ကိုင်လိုက်သည်။ အေးစက်စက် လက်ချောင်းများတွင် ပွန်းပဲရာတွေနှင့်....လက်ဖဝါးပြင်ကို ပါးဖြင့်ကပ်၍ အနွေးဓာတ်ပေးနေမိသည်။ အကုန်လုံးခြုံပြောရလျှင် ခြွေ့တစ်ကိုယ်လုံး၌ ဒဏ်ရာဒဏ်ချက်ပေါင်းက မနည်းပေ။မနေ့ညကတည်းက သတိမလည်လာသေးသည်မှာ ယခုမနက်အထိ ။ ဆေးသွင်းထားသည့် လက်ဖြူဖြူလေးမှ ဒဏ်ချက်တွေကို ကြည့်ကာ ရိပ်ထင် စိတ်မကောင်းစွာဖြင့် ရင်ထဲတွင်လေးလံနေသည်။

ပါးပြင်သို့ထိကပ်ထားသော လက်ချောင်းလေးတစ်ချောင်းက ဆက်ခနဲ လှုပ်ခပ်သွားချိန်တွင် ရိပ်ထင်သည် ခြွေ့မျက်နှာသို့ စိုးရိမ်တကြီးစိုက်ကြည့်လာသည်။ ထိုအချိန်တွင် မှိတ်ထားသည့် မျက်ခွံမို့မို့များမှ မျက်လုံးအိမ်လေးသည် ရွေ့လျားလာသလို မျက်တောင်ကော့ကော့သည်လည်း လှုပ်ခပ်လာ၏။

" ခြွေ....ခြွေ..."

တဖြည်းဖြည်းချင်းပွင့်လာသော မျက်လုံးဝိုင်းဝိုင်းတို့ကို ရိပ်ထင်စိုက်ကြည့်ကာ ခေါ်သံတို့ကလည်း စိုးရိမ်မကင်းပါ။

" ခြွေ  ....မောင် ခေါ်တာ ကြားရလား ခြွေ "

ပွင့်လာသော မျက်လုံးတို့သည် မျက်တောင်မခပ်ဘဲ မျက်နှာကြက်သို့သာ စိုက်ကြည့်နေ၏။ သို့သော် ရွေ့လျားနေသည့် မျက်လုံးအိမ်ထဲမှ မျက်စံနက်နက်တို့သည် ဘယ်ညာရွေ့လျားနေလျက်။ ခြွေ့ပုံစံသည် တစ်ခုခုအား အသဲသန်စဉ်းစားနေဟန်ရှိသည်။ မလှုပ်မယှက်ဖြင့် ငြိမ်ကာ မျက်လုံးအိမ်မှာ မျက်စံတို့သည် စိတ်လှုပ်ရှားစွာ ဘယ်ညာရွေ့လျားနေသည်ကို ရိပ်ထင် ကြည့်ကာ ရင်ထဲပူလောင်လာသည်။ ထို့ကြောင့် လက်ဖဝါးပြင်ငယ်အား သူ့၏ ပါးပြင်ဖြင့် ထိကပ်၍ ခြွေ့လက်တို့ကို ဆုတ်ကိုင်ကာ လှုပ်၍ ခေါ်နေမိသည်။

" ခြွေ..  ခြွေ.... မောင် ခေါ်တာ ကြားရလား ခြွေ မောင့်ကိုပြန်ပြောပါအုံး "

ဆုတ်ကိုင်ထားသည့် လက်အား ရိပ်ထင် ခပ်ဆက်ဆက်လှုပ်လိုက်သောအခါ ရွေ့လျားနေသည့် မျက်လုံးတို့သည်ရပ်တန့်သွား၍ မျက်လုံး အိမ်ထဲမှ မျက်ရည်များသည် စီးကျလာကာ အသဲသန်ဖြင့် ကုန်းထလေသည်။ထို့နောက် ခြွေ့မျက်လုံးများသည် အခန်းတွင်းသို့ လှည့်ပတ်ကြည့်ပြီးနောက် သူ၏ ဘယ်ဘက်လက်ခုံသို့ ဆက်ခနဲ ငုံ့ကြည့်သည်။

" ခြွေ... မလုပ်နဲ့!!"

ရုတ်တရက်ဆွဲဖြုတ်လိုက်သည့် လက်ခုံမှ ဆေးပိုက်တို့သည် လွင့်စင်သွားပြီး လက်ခုံမှ သွေးကြောကို ထိသွား၍ သွေးတွေဖြာခနဲထွက်လာလေသည်။ ရိပ်ထင်သည် အလန့်တကြား ဖြင့် ခြွေ့လက်ခုံကို အုပ်ကိုင်လိုက်ကာ သွေးတို့ကို တားစီးလိုက်သည်။

" ဖယ် ! ငါ့ကိုလွှတ် ငါသွားမယ်! ! သမီး.... ငါသမီးဆီသွားမယ် လွှတ်! ! !"

ကုတင်ပေါ်မှ ကတုန်ကယင်ဖြင့် ဆင်းပြေးရန် ပြုနေသည့် ခြွေ့ကို ရိပ်ထင် ဖက်ကာ ချုပ်ထားလိုက်သည်။ ရိပ်ထင် လက်ကြား ရုန်းကန်နေသည့် ခြွေသည် ပါးစပ်မှလည်း အသံကုန် အော်ဟစ်လျက်....မို့မောက်နေသည့် မျက်လုံးများထဲမှ မျက်ရည်များကလည်း တသွင်သွင်ရယ်ပါ။ ဘယ်လောက်ပင် အားမရှိ၍ လူရွယ်ချင်းမမျှပါစေ ခြွေသည်လည်း ယောကျၤားတစ်ဦးပေမို့ ယောကျၤားအားနဲ့ ရုန်းကန်နေသည်မှာ ရိပ်ထင် တစ်ယောက်တည်း မနိုင်လှတော့။ အသိစိတ်လွတ်ကာ အော်ဟစ်ထုရိုက်နေသည့်ချစ်သူအားကြည့်၍ ရိပ်ထင် နှလုံးသားကို မီးစဖြင့် ထိုးနေသလို နာကျင်လှသည်။

"တီတီ!! တီတီ!!...."

နောက်ဆုံး၌ ရိပ်ထင် မနိုင်တော့၍ ကုတင်ဘေးနံရံ၌ ရှိသော အရေးပေါ်ခလုတ်အား ပြေးနှိပ်၍ ကုတင်ပေါ်မှ ဆင်းပြေးနေသည့် ခြွေ့အား သိမ်းဖက်ကာ ရင်ခွင်ထဲသို့ ထည့်ချုပ်ထားလိုက်၏။

" လွှတ်! ! ငါ့ကိုလွှတ်စမ်း!! ငါ့သမီးဆီသွားမလို့! ! ပြန်ပေး !! ငါ့သမီးကို ပြန်ပေး! ! ပြန်ပေးလို့....!! "

ကြမ်းပြင်ပေါ်တွင် ရိပ်ထင်နှင့် ခြွေ လုံးထွေးကာဖြင့် ခြွေ့အော်ဟစ်သံသည် အခန်းအပြင်ထိတိုင် ဟိန်းထွက်နေသည်။ ကော့ထိုးရုန်းကန်နေသည်မို့ ရိပ်ထင်မှာ ဘယ်လိုမှပင် ထိန်းမရပေ။ ထို့နောက် အခန်းတွင်းပြေးတွင်လာသည့် ဆရာဝန်တစ်ယောက်နှင့် သူနာပြုနှစ်ယောက်တို့သည် ခြွေအား ဝိုင်းချုပ်ကာ ကုတင်ပေါ်သို့ ပြန်တင်လေသည်။ သူနာပြုနှစ်ယောက်က ခြွေ့ ခြေထောက်တစ်ဖက်စီကိုချုပ်ကိုင်ထားကာ ရိပ်ထင်သည် ခြွေ့ လက်မောင်းကိုကိုင်၍ ထိထား၏ ။ ထို့နောက် ဆရာဝန်သည် ဆေးထိုးအပ်ကို ခြွေ့ လက်မောင်းသို့ ဖိသွင်းကာ ခြွေ့ နဖူးကို ထိထား၏။

" ငါ့ကို ပြန်ပေးပါ....ငါ့သမီးကို ပြန်ပေးပါ သမီး....ကြယ်လေး... ပြန်...ပေး..."

တဖြည်းဖြည်း ရုန်းကန်မှုတွေလျော့ကျလာကာ လေသံတို့သည် လေးလံပြီး ငြိမ်သက်သွားသည့် ခြွေ့အား ကြည့်ပြီး ရိပ်ထင် ခုံပေါ်တွင် ခြေပစ်လက်ပစ်ထိုင်ကျသွားသည်။

" ခင်များရရဲ့လား "

အသက်လတ်ပိုင်းဆရာဝန်သည့် ထိုင်ကျသွားသည့် ရိပ်ထင်အား ကြည့်၍မေး၏။

" ရပါတယ် ဒေါက်တာ သူ့အခြေအနေ ဘယ်လိုရှိလဲသိပါရစေ"

"အင်းးး လူနာက အရမ်းကို စိတ်ထိခိုက်ထားတဲ့ပုံပဲ တအား စိတ်လှုပ်ရှားနေတယ် စိတ်ကြောင့် နှလုံးရှော့ဖြစ်မှာကြောက်ရတယ် အပြင်ပိုင်းဒဏ်ရာတွေကတော့ သိပ်ပြီး စိုးရိမ်စရာမရှိပါဘူး ကျနော် စိုးရိမ်တာက စိတ်ထိခိုက်နေတာကြောင့် သူ့နှလုံးကိုထိခိုက်ပြီး နှလုံးရောဂါဖြစ်မှာကိုပဲ စိုးရိမ်ရတယ် အခုတော့ စိတ်ငြိမ်လေးထိုးပေးထားတယ် အိပ်ပျော်နေလိမ့်မယ် မစိုးရိမ်ပါနဲ့ အပြင်ပိုင်းဒဏ်ရာတွေအတွက် ဆရာမတို့ ဆေးထည့်ပေးလိုက်ပါ ကျန်တာတော့ အကုန် normal ပါပဲ "

ရိပ်ထင်သည် ဆရာဝန်ကြီးပြောသမျှကို လေးပင်စွာခေါင်းငြိမ့်၍ နားထောင်သည်။ သူ့ချစ်သူလေးကို သနားလွန်လို့ ရိပ်ထင် ဘယ်လိုလုပ်ရပါ့မလဲ ။

" ဟို...ဒေါက်တာ သူ့ စိတ်အခြေအနေအတွက် ပြလို့ရမယ့် ဆရာဝန်တစ်ယောက်လောက် ဒေါက်တာ ညွှန်းပေးနိုင်မလား "

" အင်း ရပါတယ် အဲ့လိုပြလိုက်ရင်တော့ အကောင်းဆုံးပေါ့ဗျာ ကျနော့် သူငယ်ချင်းဆရာဝန်က တစ်ယောက်ကို ကျနော်ပြောထားပေးမယ် ဒီအပြင်ပိုင်းဒဏ်ရာတွေသက်သာရင်တော့ သွားပြဖြစ်အောင်ပြလိုက်ပါ "

ဆရာဝန်ကြီးသည် ပြောလက်စကိုရပ်ကာ သူနာပြုထံမှ စာရွက်ပိုင်းလေးနဲ့ ဘောပင်တောင်း၍ ရေးခြစ်လိုက်ပြီး

" ရော့ နာမည်ကတော့  ဒေါက်တာထွန်းကိုကိုလတ် ကျနော်လွှတ်လိုက်တာလို့ ပြောရင် အဆင်ပြေပါလိမ့်မယ် ကျနော်လည်း အကျိုးကြောင်းပြောထားပေးမယ် "

ရိပ်ထင်သည် ဆရာဝန်ကြီးပေးသည့် စာရွက်ပိုင်းလေးအားယူကာ ဖတ်ကြည့်၍ ခေါင်းငြိမ့်လိုက်သည်။ စာရွက်ထဲ၌ ဒေါက်တာ ထွန်းကိုကိုလတ်(စိတ်ကျန်းမာရေးအထူးကု) ဟူသောနာမည်နှင့် ဖုန်းနံပါတ်၊ လိပ်စာကို ထည့်ရေးထားသည်။ ဆရာဝန်ကြီးသည် သူနာပြုတို့အား မှာစရာရှိတာမှာ၍ ထွက်သွားလေသည်။ ဆရာဝန်ကြီးပေးခဲ့သည့် ထိုစာရွက်ပိုင်းလေးအား သေချာသိမ်းကာ အိတ်ကပ်ထဲထည့်လိုက်သည်။

ကုတင်ပေါ်၌ မှိန်းမော၍ အိပ်ပျော်နေသော မျက်နှာငယ်လေးကို ငေးကြည့်ရင်း မျက်နှာတစ်ပြင်တွင် စိုရွဲနေသည့် မျက်ရည်စီးကြောင်းများကို လက်ဖြင့် အသာယာထိ၍ သုတ်ပေးနေမိသည်။ ကောင်ငယ်လေးသည် အရွယ်နဲ့မလိုက်အောင် ပင်ပန်းခဲ့ရလေပြီ။ ရင်ဘတ်ချင်းနီးသူချင်းမို့ ခြွေ့ ခံစားချက်တွေကို ရိပ်ထက် ထပ်တူ နားလည်ခံစားမိသောကြောင့် မျက်ရည်ဝဲမိတာ အမှန်ပင်။

" မောင် မင်းဘေးမှာ အမြဲရှိနေပေးမယ် မောင့်ကိုယုံနော် "

နဖူးပြင်ကို ခပ်ဖွဖွလေးနမ်းရင်း ရိပ်ထင်၏ မျက်ရည်စသည် ခြွေ့ မျက်ဝန်းစက်ပေါ်သို့ ပေါက်ခနဲကျသွားလေသည်။

..............................

ကလော၏ အပြန်လမ်းသည် ဘာကြောင့်ရယ်မသိ ဝသာန့်စိတ်တွေအတော်ပင် လေးလံနေသည်။ ကလောမှ ရန်ကုန်သို့ အပြန်လမ်းသည် မင်းခန့်ချော၏ ကားဖြင့် ပြန်လာခြင်းဖြစ်သည်။ သူနှင့်အတူ ဦးရာဇဆိုသည့် သူသည်လည်း ပါလာသေးသည်။ ဝသာန်သည် ပါးနပ်သူပီပီ မင်းခန့်ချောကို အကျပ်ကိုင်ကာ ဦရာဇအား အပါခေါ်လာခဲ့သည်။ အကယ်၍ မင်းခန့်ချောသည် ခြွေ့ကိုတွေ့ချင်သည်ဆိုပါက ဦးရာဇပါ အပါခေါ်လာမှ တွေ့ခွင့်ပေးမည်ဟု အကျပ်ကိုင်သည်။ ပထမတွင် ဦးရာဇနှင့်တွေ့လျှင် မည်သို့ ပြော၍ ခေါ်လာမည်ကို မစဉ်းစားမိသဖြင့် အကျပ်ရိုက်နေချိန် မင်းခန့်ချောသည်လည်း ခြွေနှင့်တွေ့ရန် အသည်းအသန်ဖြင့် ပျာယာခပ်နေသည့်အတွက် ဤသို့ စဉ်းစားမိခြင်းပါ။ မင်းခန့်ချောလည်း ဦးရာဇအား ဘာလို့ ဒီလောက် ရန်ကုန်သို့ ခေါ်ချင်နေလဲဆိုတာ မေးချင်ပေမယ့် personal မိုလို့ မပြောလိုဘူး မရရင် တွေ့ခွင့်မပေးဘူးဆိုသည့် ဝသာန်၏ အကျပ်ကိုင်သည့် စကားကြောင့် ဦးရာဇ မြို့ပေါ်မှ ပြန်လာသည်နှင့် ရန်ကုန်အိမ်တွင် ခြံအတွက် ပစ္စည်းတစ်ချို့ ပြန်သယ်ရန် အကူလိုသည်ဆိုပြီး လိမ်ခေါ်ခဲ့ရသည်။ ဒါဘဝမှာ ပထမဆုံး လိမ်ဖူးခြင်းသာ....မတတ်နိုင်ဘူး ။ သူကိုယ်တိုင်က ကလေးသားလေးကိုမှမတွေ့ရလျှင် သေရပါလိမ့်မည်။

အပြန်လမ်းတစ်လျှောက် မင်းခန့်ချောကိုယ်တိုင်သာ ကားမောင်းသည်။ ဝသာန် တစ်လှည့်မောင်းပေးမယ်ပြောပေမယ့် မယုံ၍လားမသိ ။ ဝသာန့်အပြောကို ငြင်းပယ်ကာ သူကိုယ်တိုင်ပင်မောင်းသည်။ ကောက်ကွေ့များသည့် လမ်းတစ်လျှောက် သတိထားမောင်းရင်း ခရီးဆက်လာလိုက်တာ လမ်းမှာ တစ်ထောက်ပဲနားသည် ပြီးတော့ တောက်လျှောက် မောင်းလာသည်။ မင်းခန့်ချော၏ ရန်ကုန်ရောက်ချင်စိတ်က ထက်သန်နေသော ယခုချိန် ဟိုင်းဝေးလမ်းမပေါ်ပင် ရောက်နေသည်။ ညလည်း အနည်းငယ်မှောင်စပျိုးလာပြီဖြစ်၍ ဟိုင်းဝေးလမ်းမို့ သတိထားမောင်းနေရင်း မှန်မှတစ်ဆင့် အနောက်ခန်းမှ ဝသာန့်အား လှမ်းကြည့်လိုက်သည်။ ဝသာန်သည် မျက်မှောင်ကြုတ်၍ ဖုန်းအား အသဲသန်ကြည့်နေသည်။

" ကျစ်!! တစ်နေ့လုံး ဖုန်းခေါ်လို့ကိုမရဘူး ကိုကြီးဘာဖြစ်နေပါလိမ့် "

အကြိမ် ခြောက်ဆယ်မြောက်ရှိသော ဖုန်းကိုခေါ်ချိန်တွင် တူ...တူ ဟူ၍ အစချီပြီး တော်တော်ကြာကြာ၌ မကိုင်.......နောက်မှ ဖုန်းဝင်သွားတာကြောင့် ဝသာန်သည် ဝမ်းသာအားရဖြင့်

" hello.... အာ..ခေါ်လိုက်ရတာ ကိုကြီးရယ် ဘာလ်ု့ိ ဖုန်းမကိုင်ရတာလဲ "

" ဝသာန် "

တိုးညင်းဖျော့တော့နေသည့် အသံလေးသည် လေလိုင်းမှတစ်ဆင့် ဝသာန့် နားထဲသို့ တိုးဝင်သွားခိုက် ဝသာန့် စိတ်များ ပို၍ လေးလံလာသည်။

" ကိုကြီး ဘာဖြစ်လို့လဲ "

ဝသာန်၏ စိုးရိမ်သံကြောင့် မင်းခန့်ချောသည် ကားမောင်းရင်းမှှ မှန်မှတစ်ဆင့် ဝသာန့်ကို လှမ်းကြည့်၏။

"ဝသာန်......... မင်း အခု ဦးရာဇနဲ့ တွေ့ပြီးပြီလား "

သူ့နာမည်အား တစ်ခါထပ်ခေါ်ပြီးမှ ခဏကြာထွက်လာသော အသံသည် အားနည်းနေပေမယ့် ပြတ်သားမာထန်နေဟန်ရှိသည်။

" ဟုတ် အခု ကျနော် ပြန်လာနေပြီ ကိုကြီး သူလည်း ပါလာတယ် "

" ငါသူ့ဆီက သက်သေကို အခုချက်ချင်းလိုချင်တယ် ရန်ကုန်ရောက်တာနဲ့ မင်း ရှေ့နေ ဦးတင်မောင်ကျော်ဆီကို အဲ့ဒီလူနဲ့အတူ သွား ။ငါလိပ်စာပို့လိုက်မယ်၊  ရောက်ရောက်ချင်းသွားနော် ငါ့မှာ အချိန်မရှိဘူး ၊ ဟိုရောက်ရင် ရှေ့နေ့က မင်းကိုပြောလိမ့်မယ် မင်းသူနဲ့ ဦးထွန်းသိုက် ကိစ္စကို လိုက်လုပ်လိုက်။ ငါသူ့ကို အထဲ ထည့်ထားပြီးပြီ ၊ ပြီးတော့........အဲ့လူယုတ်မာကြီး သေမှကိုဖြစ်မယ် "

" ကိုကြီး ဘယ်လိုဖြစ်လို့ချက်ချင်းကြီး.......။ ဟုတ်ကဲ့ပါ ကျနော်မရှိတဲ့ရက်အတွင်း ဖြစ်ပျက်သွားတာတွေကို ကျနော် ရှေ့နေဆီရောက်မှပဲ နားထောင်လိုက်ပါ့မယ် ။ စိတ်ချ ကိုကြီးဖြစ်စေချင်တဲ့အတိုင်းဖြစ်စေရမယ်......... ဒါနဲ့ ကိုကြီး နေကောင်းရဲ့လား ကိုကြီးအသံက တစ်မျိုးပဲ....သြော်...ပြီးတော့ ကြယ်လေးရော အိပ်နေပြီလား ဒီနေ့ ဂျီကျသေးလား "

ဝသာန့် အမေးကြောင့် တစ်ဖက်မှ သိသိသာသာတိတ်ဆိတ်သွားသည်။

"Hello ကိုကြီး.... hello "

" ဝသာန်.......သမီး....သမီး မရှိတော့ဘူး....."

"ဗျာ...ဗျာ..."

တုန်ရီကာ ငိုရှိုက်ပြီးထွက်လာသည့် စကားကြောင့် ဝသာန်တစ်ကိုယ်လုံး တုန်ရီကာ ထိပ်လန့်သွားသည်။

" ကို...ကိုကြီး.....ဘာပြောလိုက်တာလဲ..... မ...မဟုတ်ဘူး...မဟုတ်လား "

မင်းခန့်ချောသည် ဖုန်းပြောနေရင်း တုန်လှုပ်ထိပ်လန့်သွားသည့် ဝသာန့်ကို လှမ်းကြည့်ကာ အကဲခပ်နေသည်။ကောင်လေးပုံစံက အတော်ပင်ထိပ်လန့်နေဟန်......မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းနေပြီး နှုတ်ခမ်းများက တစ်ဆက်ဆက်တုန်နေသည်။

" ဖြစ်စေရမယ် ကိုကြီး ဒီလူကြီး သေကိုသေစေရမယ်! ! "

တစ်ဖက်မှ ဖုန်းကို ငြိမ်ကာ နားထောင်ရင်း ဒေါသတကြီးကြိမ်းဝါးလာသည့် ကောင်လေးကြောင့် မင်းခန့်ချော လန့်ပင်လန့်သွားသည်။ ဒီကောင်လေး ဘာထဖြစ်တာလဲ .....။

" အားးးးးးးးးးးးး"

ဖုန်းချသွားသည်နှင့် အသံကုန်အော်ကာ ရှေ့ ထိုင်ခုံအား လက်သီးဖြင့် ထိုးနေသည့် ကောင်လေးကိုကြောင့် မင်းခန့်ချော လန့်ကာ ကားကို ဘေးသို့ ထိုးရပ်လိုက်သည်။ ဝသာန့်ဘေးတွင် ထိုင်ကာ ငိုက်နေသည့် ဦးရာဇလည်း လန့်သွားကာ ဝသာန့်အား အလန့်တကြားဖြင့် ကြည့်နေသည်။ ဝသာန့်၏ အော်သံထဲတွင် ကြေကွဲမှု အပြည့်ပါနေပြီး ကားခုံသို့ ထိုးနေသည့် လက်များသည် ရပ်သွားကာ နီရဲ စူးရှနေသည့် မျက်ဝန်းများထဲတွင် မျက်ရည်များသည် ပါးပြင်ပေါ်သို့ စီးကျနေ၏။

" ညီ.... ညီ ဘာဖြစ်တာလဲ "

"အာ....စောက်ရေးမပါတာကွာ...."

ဒေါသသံဖြင့် ပေါက်ကွဲထွက်လာသည့် စကားတို့နှင့်အတူ ဘေးမှ ထိုင်နေသည့် ဦးရာဇအား ထထိုးတော့သည်။ ရုတ်တရက်ကြီး အပေါ်စီးမှ အထိုးခံလိုက်ရသည့် ဦးရာဇသည် အသက်လည်းကြီးရင့်ပြီးဖြစ်၍ အားပါလှသည့် ဝသာန့်လက်သီးကို မခံနိုင်ကာ တံခါးဘောင်သို့ မျက်နှာလည်ထွက်ကာ ပြေးကပ်သွား၏၊ မင်းခန့်ချောသည် မြန်ဆန်လွန်းလှသည့် အဖြစ်ပျက်တွေကြောင့် တစ်ချက်ဆွံ့အသွားရာမှ ဝသာန့်အား ဆွဲတော့သည်။ သို့သော် ဝသာန်သည် လူကောင်သေးသော်လည်း သန်မာလွန်းသည်မို့ မင်းခန့်ချောဆွဲထားသည့်ထိုင်အောင် ဦးရာဇအား အပေါ်စီးမှ ဖိ၍ မဲမဲမြင်ရာထိုးတော့သည်။ ဦးရာဇသည် လက်ဖြင့်ကာ၍ ခုခံသော်လည်း တစ်ချက်ဆိုရင် ဆိုသလို ပစ်ဝင်လာသော လက်သီးချက်များဖြင့် အလူးအလဲပင်ခံနေရသည်။

" ဝသာန်! ! ဝသာန် ဟေ့ကောင် ဘာဖြစ်နေတာလဲ ဝသာန် "

အခြေနေမဟန်တော့သည့်အခါ မင်းခန့်ချောသည် ကားပေါ်မှ ကပျာကယာဆင်း၍ အနောက်တံခါးဖွင့်ကာ ဝသာန့်အား ကားပေါ်မှ ဆွဲချတော့သည်။

" လွှတ်စမ်းပါ "

ဝသာန်သည် အပြင်သို့ ရောက်သောအခါ မင်းခန့်ချောလက်ထဲမှ ရုန်းထွက်၍ ကားထဲ၌ သူ့လက်သီးချက်တွေကြောင့် သွေးထွက်သံယိုနှင့် အလူးအလဲဖြစ်နေသည့် ဦးရာဇအား ငုံ့ကြည့်ကာ

" ဟေ့လူ ဒီမှာ ကျနော် ခင်များကို မေးခွန်းမေးမယ် ကျနော် မေးတာ မဖြေရင် ကျနော် ခင်များကိုသတ်မယ် ခင်များထွက်ခဲ့ ထွက်ခဲ့..."

"ဝသာန် မင်းဘာဖြစ်နေတာလဲ "

" ခင်များဝင်မပါနဲ့ မသိရင် အေးဆေးနေ ဒီမှာ ရှင်းရမယ့် ကိစ္စတွေကျန်သေးတယ် နားလည်လား "

မင်းခန့်ချောသည် ရုတ်ချည်းပြောင်းလဲသွားသည့် အရိုင်းအစိုင်းကောင်လေးကို ကြည့်ကာ အံ့သြနေမိသည်။ ကိုယ့်အဖေအရွယ်မက ရှိသည့် လူကြီးကို အကြောင်းမဲ့ထထိုးကာ အခုခြိမ်းခြောက်နေသည်။ ဝသာန့်ပုံစံက သွေးဆာနေသည့် သားရဲတစ်ကောင်လိုပင်ဖြစ်နေသည်မို့ မင်းခန့်ချောလည်း ဝသာန့်အား အနည်းငယ်ရှိန်နေ၏။ ဦးရာဇသည် ကားထဲမှ နေ၍ မင်းခန့်ချောအား အကူညီတောင်းသော မျက်လုံးများဖြင့်ကြည့်ကာ

" မောင်...မောင်ခန့် လုပ်...လုပ်ပါအုံးကွာ "

" ကဲ ကြာတယ်ဗျာ ခင်များ အခုဆင်းလာမလား မဆင်းဘူးလား "

ဝသာန်က ကားအမိုးကို တစ်ဗုန်းဗုန်းပုတ်ကာဦးရာဇအား ခေါ်ထုတ်လေသည်။

" ဟေ့ကောင် မင်း လူကြီးကို ...."

" ခင်များ မဆင်းရင် ကျနော် တက်လာမယ် "

"လာ....လာ..ပါမယ်ကွာ "

မင်းခန့်ချောစကားမဆုံးမှီ ဝသာန်သည် ဘောင်းဘီ အိတ်ကပ်ထဲမှအမြဲဆောင်ထားသည့် ခေါက်ဓားလေးအား ဆွဲထုတ်ကာ ရွယ်တော့ ဦးရာဇသည် ကြောက်ကြောက်လန့်လန့်ဖြင့် ကားပေါ်မှ ဆင်းလာလေသည်။

" ဒီမှာ ကျနော် မေးတာ အမှန်တိုင်းဖြေ ။ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်လောက်က ဦးထွန်းဆွေ ဒေါ်ကြည်ကြည်သာတို့မိသားစုစီးလာတဲ့ကားဘရိတ်ကို ဖြတ်ခဲ့တာ ခင်များမဟုတ်လား "

ထိုစကားကြောင့် ဦးရာဇသည် ထိပ်လန့်နေသည့် မျက်လုံးများက ငြိမ်ကျသွားကာ တစ်ခုခုကို အသဲသန် စဉ်းစားနေသည် ။ ပြီးမှ ထိပ်လန့်တုန်လှုပ်နေသည့် မျက်လုံးများဖြင့် ခြေခါခါလက်ခါခါဖြင့်

" မ..မဟုတ်ဘူး...မဟုတ်ဘူး ငါမလုပ်ဘူး မဟုတ်ဘူး "

" ဒီမှာ ခင်များ လိမ်ရင် ခင်များကိုသတ်မယ်လို့ပြောတယ်နော် "

ညအလင်းရောင်အောက်တွင် ငွေရောင်လဲ့နေသည့် ဝသာန့်ဓားသွားလေးက ဦးရာဇ၏ မျက်လုံးဝတွင် ဦးတည်ထားသည်။ မင်းခန့်ချောသည် ရှုပ်ထွေးလာသည့် အခြေနေတို့ကြောင့် ဝင်မပြောပဲ နားထောင်နေပေမယ့် ကောင်လေးကြည့်ရတာ လက်ရဲဇက်ရဲနိုင်မည့်ပုံမို့ အခြေနေမဟန်လျှင် ဝင်ရှင်းရန် ကားထဲမှ အသင့်ပါနေသည့် ဝက်အူလက်ကို ယူကာ အသင့်ကိုင်ထားလေသည်။

" ခင်များ ပြောမလား အသေခံမလား "

"ဟို...ဟို...မသတ်ပါနဲ့ကွာ....ငါ...ငါ..ငါခိုင်းလို့လုပ်ခဲ့ရတာပါကွာ ငါ့ကိုမသတ်ပါနဲ့ "

ဝသာန့်မှာ လိုချင်သည့် အဖြေရလာသည့်အတွက် ကျေနပ်စွာပြုံးလိုက်သည်။

" ဘယ်သူခိုင်းတာလဲ "

" ဟို ဦးထွန်းသိုက်ပါ "

" ဘာလို့ခိုင်းတာလဲ "

" ဦးထွန်းဆွေရဲ့ နေရာကိုလိုချင်လို့ပါ ငါ..ငါ့ကိုလည်း ပိုက်ဆံပေးလို့ လုပ်ရတာပါ ဒါပေမယ့်.... အဲ့ကောင်က အရမ်းကောက်ကျစ်တာ ငါ့ကိုပိုက်ဆံမပေးတဲ့အပြင် ကိစ္စပြီးတာနဲ့ လိုက်သတ်တော့ ငါလည်း ကိုယ့်သေဘေး ကိုယ်ရုန်းရင်း ကလောမှာ လာပုန်းနေတာ အခုထိပဲ မိသားစုတွေနဲ့လည်း ကွဲခဲ့ရပါတယ် "

" ဟုတ်ပြီ ခရီးဆက်ကြတာပေါ့ ရန်ကုန်ရင် ခင်များ ကျနော်နဲ့ လိုက်ခဲ့ရမယ် "

ဝသာန်သည် အသံဖမ်းထားသည့် စက်ကို မသိမသာဖြင့် အိတ်ထဲလက်နှိုက်ပြီး ပိတ်လိုက်ကာ လက်ထဲမှ ဓားကိုခေါက်သိမ်း၍ ကားပေါ်တွင် ပြန်ထိုင်နေသည်။ထို့နောက် အနွေးထည် ခေါင်းစွတ်လေးအား ခေါင်းအုပ်ချ၍ မျက်နှာဖုံးသည်အထိ ငိုက်ချကာ အသံတိတ်ငိုနေတော့သည်။ ခြွေ့၏ သမီးမရှိတော့ဘူးဆိုသည့်စကားကို တစ်ဖက်မှ ရိပ်ထင်သည် ဖုန်းဖြတ်ယူ၍ ခြွေ့ ကိုယ်စားဖြစ်ပျက်ခဲ့သည့် အကြောင်းရာတစ်ချို့ကို အကြမ်းပြင်းပြောပြကာ ဦးထွန်းသိုက်အား သေမိန့်ချဖို့ အမြန်ဆုံးစီစဉ်ရန် သူ့ရှေ့နေနှင့်တိုင်ပင်ပြီး ပြောထားပြီးဖြစ်ကြောင်း ၊ ဦးရာဇ၏ ထွက်ဆိုပါပါလျှင် ဦးထွန်းသိုက် သေမိန့်ကျမည်မှာ သေချာကြောင်း ပြောသည်။ မယုံကြည်နိုင်စရာကောင်းအောင် ကြယ်လေးသည် လူ့လောကထဲကထွက်ခွာခဲ့ပြီ ။ အစကတော့ ဦးရာဇကို ခြွေနဲ့ တွေ့ပေးကာ အသံသက်သေပဲယူအုံးမလို့ပါပဲ။ သို့ပေမယ့် ကြယ်လေးသတင်းကြားလိုက်တဲ့အချိန်၌ ဝသာန့်ဒေါသများသည် ပေါက်ကွဲထွက်ကာ အနားရှိ ဦးရာဇအား ထိုးကြိတ်မိသည်အထိ။ ကြယ်လေးသည် သူနဲ့နေတာများတာမို့ ဝသာန် ပိုခံစားရသည်။ အဖြစ်ဆိုးလိုက်သည့် ကလေးအတွက် ဝသာန် ယူကျိုးမရဖြစ်ရပါသည်။

.......................................

ဆေးရုံကုတင်၌ ရင်ခွင်ထဲတွင် ငြိမ်ကျနေသည့် ခြွေ့ကို ရိပ်ထွေးဖက်ကာထားမိသည်။ ကုတင်သေးသေးလေး၌ ယောကျ်ားနှစ်ယောက် လှဲနေရသည်မှာ မကျပ်ပေမယ့် ကုတင်အပြည့်ပင်ဖြစ်နေသည်။ ရင်ခွင်ထဲ၌ရှိသည့် ရင်နင့်သဲချာလေးသည် ငြိမ်သက်နေသည့် ရေပြင်ပမာ....။ ထိလိုက်တာနဲ့ လှုပ်ခပ်သွားတော့မလို......ရိပ်ထင် အရိပ်ခြေကြည့်နေရသည်။ မနက်ပိုင်း စိတ်ငြိမ်ဆေးထိုးပြီးတော့ နေ့လည်ခင်းလောက်ကျ ခြွေ နိုးလာခဲ့သည်။ နိုးလာပြီးချင်းမှာ ငြိမ်သက်လွန်းနေသည် ဘယ်အချိန်ထသောင်းကျန်းမလဲဆိုပြီး ရင်တထိပ်ထိပ်ဖြစ်နေပေမယ့် ခြွေက ငြိမ်သက်စဲပါ။ နေ့လည်စာ ဆန်ပြုတ်ကျွေးတော့လည်း လေးငါးဇွန်းသာသောက်၍ ပြန်ငြိမ်နေပြန်သည်။ ရိပ်ထင်အား ဘာစကားတစ်ခွန်းမှမပြောသလို ခြွေ့အကြည့်တွေက ငြိမ်သက်အေးစက်လွန်းသည်။ ရိပ်ထင်ကသာ ဘေးမှ တုန့်ပြန်မှုမရှိသည့် စကားများကို ပြောနေရသည်။ တစ်နေ့လုံး စကားမပြောဘဲ ငြိမ်သက်နေရာမှ ညနေ ၆နာရီလောက်ကျတော့ သူ့ဖုန်းရောဟုမေးသည်။ ရိပ်ထင်သည် သူ့အိတ်ကပ်ထဲ၌ မှန်မျက်နှာပြင်မှာ အက်ကြောင်းများစွာဖြင့် ကွဲနေသည့် ဖုန်းလေးကိုထုတ်ပေးတော့ ရိပ်ထင်ဖုန်းထဲ ကဒ်လဲ၍ ဝသာန့်ဆီ ဖုန်းဆက်သည်။ ဝသာန့်အား ဖုန်းပြောနေသည်မှာ တည်ငြိမ်အောင် မနည်းကျိုးစားပြီးပြောနေဟန်ရှိသည်။ တစ်ချက်ချက်တုန်သွားသည့် အသံကိုထိန်းကာ ဝသာန့်အား ညွှန်ကြားနေသော အသံလေးသည် အမိန်သံပါသလို ဦးထွန်းသိုက်အား အမုန်းသံတို့လည်းပါ၏။ ဝသာန့်မှာ ကြယ်လေးအကြောင်းမေးသည့်အခါများတွင် ခြွေ ဆက်မထိန်းနိုင်တော့ပဲ မျက်ဝန်းထဲမှ မျက်ရည်များသည် ပါးပြင်သို့ စီးကျလာသည်။ ရိပ်ထင်သည် ဒီပူဆွေးမျက်ရည်များကို ထပ်မမြင်ချင်တော့၍ ခြွေ့လက်ထဲမှ ဖုန်းကိုယူကာ ဝသာန့်အား အကျဉ်းချုပ်ပြော၍ မှာစရာရှိတာမှာကာ ဖုန်းချလိုက်သည်။ ဝသာန်သည်လည်း အတော်ပဲ ရှော့လ်ဖြစ်သွားသည့်ပုံရသည်။ ဝသာန်နှင့် ဖုန်းပြောပြီးကတည်းက ငိုနေသည်ကို မနည်းတားယူထားရသည် အခုတော့ အငိုစဲခါစသူ့ရင်ခွင်တွင် မှေးစက်နေသည်။

" မနက်ဖြန် သမီးဈာပန အတွက် ပြင်ဆင်ရအောင် "

ရင်ခွင်ထဲမှ ကောင်လေး၏ စကားသံသည် အေးစက်စွာ ထွက်ပေါ်လာသည်။ သို့ပေမယ့် အဖျားခပ်တုန်ရီနေပါသေးသည်။

" မောင် ပြင်ဆင်လိုက်မယ်လေ "

" ငါမနက်ဖြန် ဆေးရုံဆင်းမယ် "

" မရဘူးလေ ခြွေရယ် မင်း ဒဏ်ရာတွေက မပျောက်မှမပျောက်သေးတာ စိတ်မပူပါနဲ့ မောင် စီစဉ်လိုက်ပါမယ် "

" သမီးရဲ့ နောက်ဆုံးခရီးမှာ သူ့မျက်နှာလေးကို ငါမြင်ချင်တယ် ငါသက်သာတယ် ဒါကြောင့် ဆင်းမယ် "

ခေါင်းမာလွန်းသည့်ကောင်လေးသည် ထိုသ်ု့ိပြောသော ရိပ်ထင် ခေါင်းငြိမ်းကာ လက်ခံပေးလိုက်ရသည်။မနက်ကမှ သောင်းကျန်းထားပြီး ယခုလို အေးစက်နေသည့် ကောင်လေးကိုကြည့်ကာ ရိပ်ထင် အကဲခပ်မိပါသည်။ ခြွေသည် စိတ်ဓာတ်ကြံ့ခိုင်သူမို့ သူ၏ မတည်မငြိမ်ဖြစ်နေသည့် စိတ်တွေကို တည်ငြိမ်အောင် အတင်းချုပ်တည်းနေပုံရသည်။

" ညစာ ဘာစားချင်လဲဟင်"

"ဟင့်အင်း "

ဖြူဖွေးနေသည့် ခေါင်းမှ ပက်တီးလေးပေါ်သို့ ရိပ်ထင် အနမ်းတစ်ချက်ခြွေချကာ မေးတော့ ခြွေက ခေါင်းခါသည်။

" အဲ့လိုမရဘူးလေ ခဏနေရင် သူနာပြုတွေ ဆေးလာတိုက်တော့မှာ အစာရှိမှ ဖြစ်မှာပေါ့ ခြွေရဲ့ "

"ငါဗိုက်မဆာလို့ပါ "

ခပ်တိုးတိုးစကားကို နားထောင်ရင်း ရိပ်ထင်သက်ပြင်းအရှည်ကြီးချလိုက်သည်။ထို့နောက် မှီထားသည့် ကိုယ်လုံးလေးအား ထွေးဖက်လိုက်၍

" မောင်ရှိပါတယ် ခြွေရယ် စိတ်ကို ချုပ်မထားပါနဲ့ မင်းနားမှာ မောင်တစ်ယောက်လုံးတယ် မင်း တစ်ယောက်တည်းမဟုတ်ဘူးလေ ဘာလို့ အားငယ်နေတာလဲ အရင်က ဒီလိုဒဏ်ရာတွေကိုတစ်ယောက်တည်း ခါးစီးခံလာရတာ ပင်ပန်းရောပေါ့ အခု မင်းဘေးမှာ မောင်ရှိနေပြီပဲ မောင့်ရင်ခွင်ထဲမှာ ငိုလို့ရပါတယ် "

နွေးထွေးလွန်းသည့် ထိုစကားက ခြွေ့ရင်ထဲက အေးစက်မှုတွေကို အပူငွေ့လေးရိုက်ရပ်သွားသကဲ့သို့ နွေးထွေးလုံခြုံစေသည်။ ခြွေသည် မည်သည့်စကားကိုမျှမဆိုဘဲ ရိပ်ထင် ရင်ခွင်ထဲသို့ ခေါင်းတိုးဝေ့ကာ ချုန်းပွဲချ ငိုခြင်းချမိသည်။ ပင်ပန်းသမျှ တင်းထားသမျှ ခံစားရသမျှ အကုန်ဖြေလျော့ချ၍ ရိပ်ထင်အား ခပ်တင်းတင်းဖက်ကာ ငိုနေမိ၏။

" ငါအရမ်း ပင်ပန်းတယ် မှိုင်း..... ပြီးတော့ ငါအရမ်းကြောက်နေတယ် "

ဟုတ်တာပေါ့ ဒီအချိန်မှာ သူတစ်ယောက်တည်းကျန်ခဲ့ပြီဆိုတဲ့ ခံစားချက်က ခြွေ့ကို ဘယ်လောက်ထိပ်လန့်စေခဲ့သလဲ။
ရိပ်ထင်သည် မိမိ၏ အသဲအသက်အား တင်းကျပ်စွာပြန်ပွေ့ဖက်၍ တသိမ့်သိမ့်တုန်နေသည့်ကျောပြင်လေးအား ပွတ်သပ်ကာ ကောင်ငယ်လေး၏ စိတ်ဒဏ်ရာတို့ကို ဖြေလျော့စေသည်။

" ငိုချင်တဲ့အချိန်တိုင်း မင်းပင်ပန်းတဲ့အချိန်တိုင်း အနားမှာအမြဲရှိနေပေးမှာမို့ အခုကစပြီးကိုယ့်ကိုကိုယ် အရမ်းထိန်းချုပ်မထားပါနဲ့ ခြွေငယ်ရယ်....မင်းအရမ်းပင်ပန်းလွန်းနေပြီ"

...................................................

Continue Reading

You'll Also Like

388K 29.1K 25
You can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သွ်ားခြန္းသ & တံခြန္သစ္ From 8. 10. 2019 To 20. 4. 2020
676K 41.8K 46
ေကာင္ေလးႏွစ္ေယာက္ၾကားမွာ ငယ္ငယ္ေလးကတည္းက အႏိုင္ယူလာမႈေတြက တစ္ေန႔ သဝန္တိုျခင္းေတြနဲ႔အတူ အခ်စ္အျဖစ္သို႔ေျပာင္းလဲသြားေသာအခါ သုတေက်ာ္ဆိုတဲ့ ခပ္ဆိုးဆိုးေက...
495K 11.9K 89
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."
335K 18.3K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"