Unicode
သူ့ကိုပြန်တိုက်လာတဲ့ထိုလူကြောင့်ရှောင်းကျန့်လည်းပြန်ခုခံလိုက်သည်။တိုက်နေရင်းမှထိုလူကသူ့ကိုခါးကနေဆွဲဖက်လိုက်တာကြောင့်ရှောင်းကျန့်လန့်သွားရသည်။အခုပုံစံကထိုလူကသူ့ရဲ့ခါးကိုတင်းကျပ်စွာဖက်ထားပြီးရှောင်းကျန့်ရဲ့တစ်ကိုယ်လုံးမှာထိုလူ့ရင်ခွင်ထဲသို့ရောက်နေတော့သည်။သူတို့နှစ်ယောက်ရဲ့ခန္ဓာကိုယ်တွေကလည်းကြားလေဝင်လို့မရအောင်ပင်ပူးကပ်နေတော့သည်။
"ကိုယ်မင်းကိုရှာတွေ့ပြီ"
ထိုလူ့စကားကြောင့်ရှောင်းကျန့်ထိုလူကိုမော့ကြည့်လိုက်တော့သူ့ကိုစိုက်ကြည့်နေတဲ့မျက်ဝန်းတစ်စုံနှင့်တိုးသည်။အဲ့အကြည့်စူးစူးတွေကိုသူရင်းနှီးနေပါသည်။
"ဟိုမှာ....သူခိုးကောင်......ဖမ်းကြစမ်း"
ဘေးကဆူညံသံတွေကြောင့်ရှောင်းကျန့်သူတို့နှစ်ယောက်ရဲ့ပုံစံအနေအထားကိုသတိရသွားပြီးထိုလူ့ကိုတွန်းလိုက်သည်။ရှောင်းကျန့်မထင်ထားတာကထိုလူကသူ့ခါးပေါ်ကလက်တွေကိုဖယ်ပေးပေမယ့်သူ့လက်ကိုဆွဲကာပြေးတော့သည်။
"ရပ်စမ်း....မပြေးနဲ့"
အနောက်ကလူတစ်စုကလည်းရှောင်းကျန့်တို့နောက်ကိုပြေးလိုက်တော့သည်။ရှောင်းကျန့်ဘဝမှာသူ့ကိုလူတစ်စုကသူခိုးလို့ခေါ်ပြီးပြေးလိုက်တာခံရမယ်လို့အိမ်မက်တောင်မမက်ဖူးခဲ့။သူ့ရှေ့ကပြေးနေတဲ့လူကိုကြည့်လိုက်တော့သူ့လက်ကိုလွှတ်ပေးမယ့်ပုံမပေါ်ပေ။သူ့ကြည့်ရတာပျော်နေတဲ့ပုံပင်။ဒီလိုပြေးနေရတာပျော်ဖို့ကောင်းနေလို့လား??
__________________________________
ဝမ်ရိပေါ်ပြေးနေရင်းမှအနောက်ကိုတစ်ချက်လှမ်းကြည့်လိုက်သည်။သူ့ကိုလိုက်နေတဲ့လူတွေကိုမတွေ့တော့။ထိုအချိန်မှာပဲသူ့ရဲ့လက်ထဲကနေရုန်းထွက်သွားတဲ့လက်သေးသေးလေး။ထိုလက်ပိုင်ရှင်လေးကိုကြည့်လိုက်တော့ပြေးလာရလို့မောနေတယ်ထင်ပါရဲ့။နဖူးပြင်ဖြူနုနုမှာချွေးအနည်းငယ်ထွက်နေသည်။သူ့နတ်သားလေးကိုကြည့်နေတုန်းမှာလေပြေတစ်ချက်ဝေ့တိုက်လာတော့သူရဲ့နှာခေါင်းဝကိုရောက်လာတဲ့ကြာပန်းနံ့သင်းသင်းလေး။
"ဒါက...ဘယ်နေရာလဲ။မင်းငါ့ကိုဘယ်ကိုခေါ်လာတာလဲ"
"မြို့ပြင်..."
မြို့ပြင်လို့ကြားတာနဲ့ပြန်ဖို့ပြင်နေတဲ့သူ့နတ်သားလေးကိုဝမ်ရိပေါ်တားလိုက်ပြီး
"ခနလေးနေပါအုံး....ကိုယ်မင်းကိုပြစရာရှိလို့။ပြီးတော့ ကိုယ်ကဝမ်ရိပေါ်ပါ"
ရှောင်းကျန့်ပြန်ပြောဖို့ပြင်နေတုန်းမှာပဲကောင်းကင်ပေါ်မှာထွန်းလင်းလာတဲ့မီးပုံးလေးတွေ။
"လှလိုက်တာ..."
"အင်း....လှတယ်..."
မျက်နှာအုပ်ထားတဲ့နတ်သားလေးကတော့"လှတယ်"ဆိုတာမီးပုံးတွေကိုဆိုလိုပေမယ့်ဘေးကဝမ်ရိပေါ်ကတော့နတ်သားလေးဆီကအကြည့်မလွှဲဘဲပြန်ဖြေလိုက်ခြင်းဖြစ်သည်။
"မင်းသိလား....ဒီမီးပုံးတွေကိုတူတူကြည့်တဲ့သူတိုင်းပေါင်းဖက်ရတယ်တဲ့"
မီးပုံးတွေကိုကြည့်နေတဲ့သူ့နတ်သားလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးကသူ့ကိုလှည့်ကြည့်လာသည်။
"ဒီတော့....ကိုယ်တို့နှစ်ယောက်လည်း....."
ဝမ်ရိပေါ်စကားကိုဆက်မပြောဘဲပြုံးစိစိမျက်နှာနှင့်သူ့နတ်သားလေးကိုကြည့်လိုက်သည်။ပြန်ရလာတာကတော့သူ့နတ်သားလေးရဲ့မျက်စောင်းလှလှလေး
"အရူးကောင်..."
"ဟာ...ဟေ့...ထွက်မသွားနဲ့အုံးလေကွာ...မင်းနာမည်ပြောပြအုံးလေ"
"ဘာလို့ပြောရမှာလဲ....မင်းကလူကောင်းမှမဟုတ်တာ"
"မတရားလိုက်တာကွာ...ကိုယ်ကျတော့နာမည်ပြောရတယ်....မင်းကျနာမည်လေးတောင်မပြောချင်ဘူး"
သူပြောတာကိုဂရုမစိုက်ဘဲဆက်သွားနေတဲ့နတ်သားလေးရဲ့လက်မောင်းကိုဝမ်ရိပေါ်လှမ်းဆွဲလိုက်သည်။
"အ..."
ရလဒ်ကတော့ဝမ်ရိပေါ်မြေပြင်ပေါ်ကိုကိုင်ပေါက်ခံလိုက်ရသည်။အားသန်လိုက်တာကွာ....မြေပြင်ပေါ်လဲကျနေတဲ့သူ့ကိုသူ့နတ်သားလေးကကြည့်ရင်း
"နောက်ဆိုသူခိုးအလုပ်ကိုမလုပ်နဲ့....မင်းကြည့်ရတာငယ်ငယ်လေးပဲရှိပါသေးတယ်။တခြားအလုပ်ကိုလုပ်။ငါပြောတာနားလည်လား"
"အင်း....မင်းပြောတာကိုယ်နားထောင်မယ်။နောက်ဆိုကိုယ်အဲ့အလုပ်မလုပ်တော့ဘူး"
သူ့ကိုစိုက်ကြည့်ပြီးပြောလာတဲ့ထိုစကားကြောင့်ရှောင်းကျန့်ရဲ့နှလုံးသားလေးမသိမသာခုန်သွားရသည်။ထိုလူ့ဆီကအကြည့်လွှဲပြီးပြန်ဖို့ပြင်တော့ထိုလူက
"ဝေ့.....ကိုယ့်ကိုမင်းနာမည်ပြောသွားအုံးလေကွာ"
"ရှောင်းကျန့်...."
"ရှောင်းကျန့်......ကိုယ်မင်းကိုနောက်တစ်ခေါက်ထပ်တွေ့ချင်တယ်"
"ရေစက်ရှိရင်ပြန်တွေ့ရမှာပါ....ဝမ်ရိပေါ် "
သူ့နတ်သားလေးရဲ့နှုတ်ခမ်းဖျားကနေသူ့နာမည်ကိုခေါ်သံကြားရတာဝမ်ရိပေါ်အရမ်းသဘောကျသည်။သူ့ကိုအဲ့လိုမျိုးတစ်သက်လုံး ခေါ်စေချင်သည်။ရေစက်....အင်း.......မရှိလည်းရှိအောင်သူလုပ်ယူမည်။
"ကိုယ်မင်းကိုကျိန်းသေပေါက်လာတွေ့မှာ"
ထိုစကားတွေကိုဘာကြောင့်မှန်းမသိပေမယ့် ရှောင်းကျန့်ယုံကြည်မိသည်။အင်း....ငါတို့ပြန်တွေ့မှာပါ။
_______________________________
"ရှောင်းကျန့်......မင်းဘာမှမဖြစ်ဘူးမလား.....ဘယ်ပျောက်သွားတာလဲ.....ကိုယ်တော်မင်းကိုစိတ်ပူနေတာ"
ကျီရွှမ်းရဲ့စကားကြောင့်ရှောင်းကျန့်အားနာသွားသည်။စောင့်နေမယ်လို့ပြောထားပြီးသူကပျောက်သွားတာမလား။
"တောင်းပန်ပါတယ်....ကျွန်တော်လမ်းပျောက်သွားလို့"
"နောက်တစ်ခါကိုယ်တော့်ကိုမပြောဘဲဒီလိုမျိုးမပျောက်သွားနဲ့....ကိုယ်တော်စိတ်ပူလို့"
"ဟုတ်ကဲ့....အရှင့်သား"
ကျီရွှမ်းကရှောင်းကျန့်ရဲ့ခေါင်းလေးကိုခပ်ဖွဖွထုလိုက်ပြီး
"မေ့သွားပြီလား....ကိုယ်တော့်ကိုဘယ်လိုခေါ်ဖို့ပြောထားလဲ"
"ကျီရွှမ်း...."
ရှောင်းကျန့်ခေါ်သံကိုကြားတော့မှကျီရွှမ်းကပါးပေါ်ကပါးချိုင့်ရေးရေးလေးပေါ်သွားသည်အထိ ပြုံးသွားပြီး
"အင်း....အဲ့လိုမှပေါ့။ရော့...မင်းအတွက်လက်ဆောင်"
ရှောင်းကျန့်လက်ထဲကိုရောက်လာတဲ့အရာလေးကိုကြည့်လိုက်တော့ကျောက်စိမ်းဆံထိုးလေး...ခုနကသူ့ကိုစောင့်ခိုင်းထားတာဒီဆံထိုးလေးကိုဝယ်ဖို့ပေါ့။
"ကိုယ်တော်တစ်ခါမှလက်ဆောင်မပေးဖူးတော့မင်းကြိုက်ရဲ့လား"
သူ့ရှေ့မှာနားရွက်တွေနီပြီးလည်ပင်းကိုဟိုပွတ်ဒီပွတ်နဲ့ရှက်နေတဲ့မင်းသားကျီရွှမ်းကိုကြည့်ပြီးရှောင်းကျန့်ရယ်လိုက်မိသည်။ကျီရွှမ်းကသူနဲ့လက်ထပ်ရမယ့်သူမဟုတ်ဘဲသူငယ်ချင်းဖြစ်ရင်ဘယ်လောက်ကောင်းမလဲ။
"ကျွန်တော်ကြိုက်ပါတယ်...ကျီရွှမ်း"
"တော်သေးတာပေါ့......ကိုယ်တော်ကဒီနေ့မင်းနဲ့အတူတူမီးပုံးကြည့်မလို့လုပ်ထားတာ"
"အာ....ကျွန်တော်တောင်းပန်ပါတယ်...ကျွန်တော့်ကြောင့်...."
"ရပါတယ်....နောက်မှကြည့်ကြတာပေါ့
အခုကိုယ်တော်တို့နန်းတော်ကိုပြန်ကြရအောင်"
"ဟုတ်ကဲ့....အရှင့်....အဲ....ကျီရွှမ်း"
__________________________________
"မမလီဟွာ......ချင်းယွဲ့တို့အဲ့ရုပ်ဆိုးကောင်ရှောင်းကျန့်ကိုဒီတိုင်းပဲထားတော့မှာလား...ဟိုနေ့ကလည်းညီမတို့ကိုပြောသွားသေးတယ်လေ...အဲ့ကောင်က...ဘာတဲ့.....ညီမတို့ပြောတဲ့စကားတွေကအရေးမပါဘူးဆိုပဲ"
လီဟွာကလက်ဖက်ရည်ကြမ်းကိုသောက်နေရင်းတစ်ချက်ပြုံးလိုက်ပြီး
"ညီမလေးချင်းယွဲ့...မမလည်းသူဒီနန်းတော်ကိုရောက်လာတာမကြိုက်ပါဘူး။ကျီရွှမ်းမင်းသားရဲ့ကြင်ယာတော်နေရာနဲ့သူ့အဆင့်နဲ့တန်မှမတန်တာ.....ဒါပေမယ့် မမတို့စိတ်ရှည်ရမယ်....ပြီးတော့အချိန်ကောင်းကိုစောင့်ရမယ်.....အချိန်ကောင်းကိုရောက်တာနဲ့မမတို့ကမီးလောင်ရာလေပင့်လိုက်ရုံပဲ"
"အချိန်ကောင်းကဘယ်အချိန်လဲ"
"မကြာတော့ပါဘူး.....အဲ့အချိန်ကောင်းကိုဖန်တီးပေးမယ့်သူကပြန်လာတော့မှာပါ"
________________________________
မှန်တင်ခုံရှေ့ထိုင်ရင်းမှောင်နေတဲ့ဆံပင်ကိုသပ်နေတဲ့မိန်းမပျိုလေးကသူမရဲ့အစေခံလေးကို
"ယွီအော်....ငါပြန်သွားရင်အကိုကျီရွှမ်းကပျော်သွားမယ်လို့ထင်လား"
"သခင်မလေး.....ဟို...."
"ဘာဟိုလဲ......"
"သခင်မလေး...မသိသေးဘူးလား"
"ဘာကိုလဲ"
"ကျီရွှမ်းမင်းသားက...ဟို...လက်...လက်ထပ်တော့မယ်"
"ဘာ!!!!ဘယ်သူလဲ.....ဘယ်ကောင်မနဲ့လဲ"
သူမသခင်မစိတ်ဆိုးသွားတာကိုသိသွားတဲ့အစေခံလေးကဒူးထောက်တောင်းပန်လိုက်ရင်း
"ယွီအာ.....ယွီအာလည်းမသိပါဘူးသခင်မလေး"
"ယွီအာ....အခုချက်ချင်းမြို့တော်ကိုပြန်မယ်"
"ဟုတ်...ဟုတ်ကဲ့သခင်မလေး"
အတင့်ရဲလိုက်တာ....ဘယ်လိုလူကများသူမနေရာကိုလုရဲပါလိမ့်....
________________________________
30.4.2020
ဟေးးးးးးဇာတ်လမ်းကခုမှအစပျိုးနေတုန်းပါနော်^_^
ရိုမယ့်အခန်းတွေရောက်ဖို့လိုပါသေးတယ်လို့...ဟီး(◍•ᴗ•◍)
ချစ်ယူ(◍•ᴗ•◍)
Zawgyi
သူ႔ကိုျပန္တိုက္လာတဲ့ထိုလူေၾကာင့္ေရွာင္းက်န႔္လည္းျပန္ခုခံလိုက္သည္။တိုက္ေနရင္းမွထိုလူကသူ႔ကိုခါးကေနဆြဲဖက္လိုက္တာေၾကာင့္ေရွာင္းက်န႔္လန႔္သြားရသည္။အခုပုံစံကထိုလူကသူ႔ရဲ႕ခါးကိုတင္းက်ပ္စြာဖက္ထားၿပီးေရွာင္းက်န႔္ရဲ႕တစ္ကိုယ္လုံးမွာထိုလူ႔ရင္ခြင္ထဲသို႔ေရာက္ေနေတာ့သည္။သူတို႔ႏွစ္ေယာက္ရဲ႕ခႏၶာကိုယ္ေတြကလည္းၾကားေလဝင္လို႔မရေအာင္ပင္ပူးကပ္ေနေတာ့သည္။
"ကိုယ္မင္းကိုရွာေတြ႕ၿပီ"
ထိုလူ႔စကားေၾကာင့္ေရွာင္းက်န႔္ထိုလူကိုေမာ့ၾကည့္လိုက္ေတာ့သူ႔ကိုစိုက္ၾကည့္ေနတဲ့မ်က္ဝန္းတစ္စုံႏွင့္တိုးသည္။အဲ့အၾကည့္စူးစူးေတြကိုသူရင္းႏွီးေနပါသည္။
"ဟိုမွာ....သူခိုးေကာင္......ဖမ္းၾကစမ္း"
ေဘးကဆူညံသံေတြေၾကာင့္ေရွာင္းက်န႔္သူတို႔ႏွစ္ေယာက္ရဲ႕ပုံစံအေနအထားကိုသတိရသြားၿပီးထိုလူ႔ကိုတြန္းလိုက္သည္။ေရွာင္းက်န႔္မထင္ထားတာကထိုလူကသူ႔ခါးေပၚကလက္ေတြကိုဖယ္ေပးေပမယ့္သူ႔လက္ကိုဆြဲကာေျပးေတာ့သည္။
"ရပ္စမ္း....မေျပးနဲ႔"
အေနာက္ကလူတစ္စုကလည္းေရွာင္းက်န႔္တို႔ေနာက္ကိုေျပးလိုက္ေတာ့သည္။ေရွာင္းက်န႔္ဘဝမွာသူ႔ကိုလူတစ္စုကသူခိုးလို႔ေခၚၿပီးေျပးလိုက္တာခံရမယ္လို႔အိမ္မက္ေတာင္မမက္ဖူးခဲ့။သူ႔ေရွ႕ကေျပးေနတဲ့လူကိုၾကည့္လိုက္ေတာ့သူ႔လက္ကိုလႊတ္ေပးမယ့္ပုံမေပၚေပ။သူ႔ၾကည့္ရတာေပ်ာ္ေနတဲ့ပုံပင္။ဒီလိုေျပးေနရတာေပ်ာ္ဖို႔ေကာင္းေနလို႔လား??
__________________________________
ဝမ္ရိေပၚေျပးေနရင္းမွအေနာက္ကိုတစ္ခ်က္လွမ္းၾကည့္လိုက္သည္။သူ႔ကိုလိုက္ေနတဲ့လူေတြကိုမေတြ႕ေတာ့။ထိုအခ်ိန္မွာပဲသူ႔ရဲ႕လက္ထဲကေန႐ုန္းထြက္သြားတဲ့လက္ေသးေသးေလး။ထိုလက္ပိုင္ရွင္ေလးကိုၾကည့္လိုက္ေတာ့ေျပးလာရလို႔ေမာေနတယ္ထင္ပါရဲ႕။နဖူးျပင္ျဖဴႏုႏုမွာေခြၽးအနည္းငယ္ထြက္ေနသည္။သူ႔နတ္သားေလးကိုၾကည့္ေနတုန္းမွာေလေျပတစ္ခ်က္ေဝ့တိုက္လာေတာ့သူရဲ႕ႏွာေခါင္းဝကိုေရာက္လာတဲ့ၾကာပန္းနံ႔သင္းသင္းေလး။
"ဒါက...ဘယ္ေနရာလဲ။မင္းငါ့ကိုဘယ္ကိုေခၚလာတာလဲ"
"ၿမိဳ႕ျပင္..."
ၿမိဳ႕ျပင္လို႔ၾကားတာနဲ႔ျပန္ဖို႔ျပင္ေနတဲ့သူ႔နတ္သားေလးကိုဝမ္ရိေပၚတားလိုက္ၿပီး
"ခနေလးေနပါအုံး....ကိုယ္မင္းကိုျပစရာရွိလို႔။ၿပီးေတာ့ ကိုယ္ကဝမ္ရိေပၚပါ"
ေရွာင္းက်န႔္ျပန္ေျပာဖို႔ျပင္ေနတုန္းမွာပဲေကာင္းကင္ေပၚမွာထြန္းလင္းလာတဲ့မီးပုံးေလးေတြ။
"လွလိုက္တာ..."
"အင္း....လွတယ္..."
မ်က္ႏွာအုပ္ထားတဲ့နတ္သားေလးကေတာ့"လွတယ္"ဆိုတာမီးပုံးေတြကိုဆိုလိုေပမယ့္ေဘးကဝမ္ရိေပၚကေတာ့နတ္သားေလးဆီကအၾကည့္မလႊဲဘဲျပန္ေျဖလိုက္ျခင္းျဖစ္သည္။
"မင္းသိလား....ဒီမီးပုံးေတြကိုတူတူၾကည့္တဲ့သူတိုင္းေပါင္းဖက္ရတယ္တဲ့"
မီးပုံးေတြကိုၾကည့္ေနတဲ့သူ႔နတ္သားေလးရဲ႕မ်က္လုံးဝိုင္းဝိုင္းေလးကသူ႔ကိုလွည့္ၾကည့္လာသည္။
"ဒီေတာ့....ကိုယ္တို႔ႏွစ္ေယာက္လည္း....."
ဝမ္ရိေပၚစကားကိုဆက္မေျပာဘဲၿပဳံးစိစိမ်က္ႏွာႏွင့္သူ႔နတ္သားေလးကိုၾကည့္လိုက္သည္။ျပန္ရလာတာကေတာ့သူ႔နတ္သားေလးရဲ႕မ်က္ေစာင္းလွလွေလး
"အ႐ူးေကာင္..."
"ဟာ...ေဟ့...ထြက္မသြားနဲ႔အုံးေလကြာ...မင္းနာမည္ေျပာျပအုံးေလ"
"ဘာလို႔ေျပာရမွာလဲ....မင္းကလူေကာင္းမွမဟုတ္တာ"
"မတရားလိုက္တာကြာ...ကိုယ္က်ေတာ့နာမည္ေျပာရတယ္....မင္းက်နာမည္ေလးေတာင္မေျပာခ်င္ဘူး"
သူေျပာတာကိုဂ႐ုမစိုက္ဘဲဆက္သြားေနတဲ့နတ္သားေလးရဲ႕လက္ေမာင္းကိုဝမ္ရိေပၚလွမ္းဆြဲလိုက္သည္။
"အ..."
ရလဒ္ကေတာ့ဝမ္ရိေပၚေျမျပင္ေပၚကိုကိုင္ေပါက္ခံလိုက္ရသည္။အားသန္လိုက္တာကြာ....ေျမျပင္ေပၚလဲက်ေနတဲ့သူ႔ကိုသူ႔နတ္သားေလးကၾကည့္ရင္း
"ေနာက္ဆိုသူခိုးအလုပ္ကိုမလုပ္နဲ႔....မင္းၾကည့္ရတာငယ္ငယ္ေလးပဲရွိပါေသးတယ္။တျခားအလုပ္ကိုလုပ္။ငါေျပာတာနားလည္လား"
"အင္း....မင္းေျပာတာကိုယ္နားေထာင္မယ္။ေနာက္ဆိုကိုယ္အဲ့အလုပ္မလုပ္ေတာ့ဘူး"
သူ႔ကိုစိုက္ၾကည့္ၿပီးေျပာလာတဲ့ထိုစကားေၾကာင့္ေရွာင္းက်န႔္ရဲ႕ႏွလုံးသားေလးမသိမသာခုန္သြားရသည္။ထိုလူ႔ဆီကအၾကည့္လႊဲၿပီးျပန္ဖို႔ျပင္ေတာ့ထိုလူက
"ေဝ့.....ကိုယ့္ကိုမင္းနာမည္ေျပာသြားအုံးေလကြာ"
"ေရွာင္းက်န႔္...."
"ေရွာင္းက်န႔္......ကိုယ္မင္းကိုေနာက္တစ္ေခါက္ထပ္ေတြ႕ခ်င္တယ္"
"ေရစက္ရွိရင္ျပန္ေတြ႕ရမွာပါ....ဝမ္ရိေပၚ "
သူ႔နတ္သားေလးရဲ႕ႏႈတ္ခမ္းဖ်ားကေနသူ႔နာမည္ကိုေခၚသံၾကားရတာဝမ္ရိေပၚအရမ္းသေဘာက်သည္။သူ႔ကိုအဲ့လိုမ်ိဳးတစ္သက္လုံး ေခၚေစခ်င္သည္။ေရစက္....အင္း.......မရွိလည္းရွိေအာင္သူလုပ္ယူမည္။
"ကိုယ္မင္းကိုက်ိန္းေသေပါက္လာေတြ႕မွာ"
ထိုစကားေတြကိုဘာေၾကာင့္မွန္းမသိေပမယ့္ ေရွာင္းက်န႔္ယုံၾကည္မိသည္။အင္း....ငါတို႔ျပန္ေတြ႕မွာပါ။
_______________________________
"ေရွာင္းက်န႔္......မင္းဘာမွမျဖစ္ဘူးမလား.....ဘယ္ေပ်ာက္သြားတာလဲ.....ကိုယ္ေတာ္မင္းကိုစိတ္ပူေနတာ"
က်ီ႐ႊမ္းရဲ႕စကားေၾကာင့္ေရွာင္းက်န႔္အားနာသြားသည္။ေစာင့္ေနမယ္လို႔ေျပာထားၿပီးသူကေပ်ာက္သြားတာမလား။
"ေတာင္းပန္ပါတယ္....ကြၽန္ေတာ္လမ္းေပ်ာက္သြားလို႔"
"ေနာက္တစ္ခါကိုယ္ေတာ့္ကိုမေျပာဘဲဒီလိုမ်ိဳးမေပ်ာက္သြားနဲ႔....ကိုယ္ေတာ္စိတ္ပူလို႔"
"ဟုတ္ကဲ့....အရွင့္သား"
က်ီ႐ႊမ္းကေရွာင္းက်န႔္ရဲ႕ေခါင္းေလးကိုခပ္ဖြဖြထုလိုက္ၿပီး
"ေမ့သြားၿပီလား....ကိုယ္ေတာ့္ကိုဘယ္လိုေခၚဖို႔ေျပာထားလဲ"
"က်ီ႐ႊမ္း...."
ေရွာင္းက်န႔္ေခၚသံကိုၾကားေတာ့မွက်ီ႐ႊမ္းကပါးေပၚကပါးခ်ိဳင့္ေရးေရးေလးေပၚသြားသည္အထိ ၿပဳံးသြားၿပီး
"အင္း....အဲ့လိုမွေပါ့။ေရာ့...မင္းအတြက္လက္ေဆာင္"
ေရွာင္းက်န႔္လက္ထဲကိုေရာက္လာတဲ့အရာေလးကိုၾကည့္လိုက္ေတာ့ေက်ာက္စိမ္းဆံထိုးေလး...ခုနကသူ႔ကိုေစာင့္ခိုင္းထားတာဒီဆံထိုးေလးကိုဝယ္ဖို႔ေပါ့။
"ကိုယ္ေတာ္တစ္ခါမွလက္ေဆာင္မေပးဖူးေတာ့မင္းႀကိဳက္ရဲ႕လား"
သူ႔ေရွ႕မွာနား႐ြက္ေတြနီၿပီးလည္ပင္းကိုဟိုပြတ္ဒီပြတ္နဲ႔ရွက္ေနတဲ့မင္းသားက်ီ႐ႊမ္းကိုၾကည့္ၿပီးေရွာင္းက်န႔္ရယ္လိုက္မိသည္။က်ီ႐ႊမ္းကသူနဲ႔လက္ထပ္ရမယ့္သူမဟုတ္ဘဲသူငယ္ခ်င္းျဖစ္ရင္ဘယ္ေလာက္ေကာင္းမလဲ။
"ကြၽန္ေတာ္ႀကိဳက္ပါတယ္...က်ီ႐ႊမ္း"
"ေတာ္ေသးတာေပါ့......ကိုယ္ေတာ္ကဒီေန႔မင္းနဲ႔အတူတူမီးပုံးၾကည့္မလို႔လုပ္ထားတာ"
"အာ....ကြၽန္ေတာ္ေတာင္းပန္ပါတယ္...ကြၽန္ေတာ့္ေၾကာင့္...."
"ရပါတယ္....ေနာက္မွၾကည့္ၾကတာေပါ့
အခုကိုယ္ေတာ္တို႔နန္းေတာ္ကိုျပန္ၾကရေအာင္"
"ဟုတ္ကဲ့....အရွင့္....အဲ....က်ီ႐ႊမ္း"
__________________________________
"မမလီဟြာ......ခ်င္းယြဲ႕တို႔အဲ့႐ုပ္ဆိုးေကာင္ေရွာင္းက်န႔္ကိုဒီတိုင္းပဲထားေတာ့မွာလား...ဟိုေန႔ကလည္းညီမတို႔ကိုေျပာသြားေသးတယ္ေလ...အဲ့ေကာင္က...ဘာတဲ့.....ညီမတို႔ေျပာတဲ့စကားေတြကအေရးမပါဘူးဆိုပဲ"
လီဟြာကလက္ဖက္ရည္ၾကမ္းကိုေသာက္ေနရင္းတစ္ခ်က္ၿပဳံးလိုက္ၿပီး
"ညီမေလးခ်င္းယြဲ႕...မမလည္းသူဒီနန္းေတာ္ကိုေရာက္လာတာမႀကိဳက္ပါဘူး။က်ီ႐ႊမ္းမင္းသားရဲ႕ၾကင္ယာေတာ္ေနရာနဲ႔သူ႔အဆင့္နဲ႔တန္မွမတန္တာ.....ဒါေပမယ့္ မမတို႔စိတ္ရွည္ရမယ္....ၿပီးေတာ့အခ်ိန္ေကာင္းကိုေစာင့္ရမယ္.....အခ်ိန္ေကာင္းကိုေရာက္တာနဲ႔မမတို႔ကမီးေလာင္ရာေလပင့္လိုက္႐ုံပဲ"
"အခ်ိန္ေကာင္းကဘယ္အခ်ိန္လဲ"
"မၾကာေတာ့ပါဘူး.....အဲ့အခ်ိန္ေကာင္းကိုဖန္တီးေပးမယ့္သူကျပန္လာေတာ့မွာပါ"
________________________________
မွန္တင္ခုံေရွ႕ထိုင္ရင္းေမွာင္ေနတဲ့ဆံပင္ကိုသပ္ေနတဲ့မိန္းမပ်ိဳေလးကသူမရဲ႕အေစခံေလးကို
"ယြီေအာ္....ငါျပန္သြားရင္အကိုက်ီ႐ႊမ္းကေပ်ာ္သြားမယ္လို႔ထင္လား"
"သခင္မေလး.....ဟို...."
"ဘာဟိုလဲ......"
"သခင္မေလး...မသိေသးဘူးလား"
"ဘာကိုလဲ"
"က်ီ႐ႊမ္းမင္းသားက...ဟို...လက္...လက္ထပ္ေတာ့မယ္"
"ဘာ!!!!ဘယ္သူလဲ.....ဘယ္ေကာင္မနဲ႔လဲ"
သူမသခင္မစိတ္ဆိုးသြားတာကိုသိသြားတဲ့အေစခံေလးကဒူးေထာက္ေတာင္းပန္လိုက္ရင္း
"ယြီအာ.....ယြီအာလည္းမသိပါဘူးသခင္မေလး"
"ယြီအာ....အခုခ်က္ခ်င္းၿမိဳ႕ေတာ္ကိုျပန္မယ္"
"ဟုတ္...ဟုတ္ကဲ့သခင္မေလး"
အတင့္ရဲလိုက္တာ....ဘယ္လိုလူကမ်ားသူမေနရာကိုလုရဲပါလိမ့္....
________________________________
30.4.2020
ေဟးးးးးးဇာတ္လမ္းကခုမွအစပ်ိဳးေနတုန္းပါေနာ္^_^
႐ိုမယ့္အခန္းေတြေရာက္ဖို႔လိုပါေသးတယ္လို႔...ဟီး(◍•ᴗ•◍)
ခ်စ္ယူ(◍•ᴗ•◍)