မောင့်ကြင်ယာတော်/ေမာင့္ၾကင္ယာ...
By Thawdar_Y
757K 82.7K 3.6K
Wang Yibo× Xiao Zhan *Photo crd to original owner* More
၁၀
၁၁
၁၂
၁၃
၁၄
၁၅
၁၆
၁၇
၁၈
၁၉
၂၀
၂၁
၂၂
၂၃
၂၄⚠
၂၅
၂၆
၂၇
၂၈
၂၉
၃၀
၃၁
၃၂
၃၃
၃၄
၃၅⚠
၃၆
၃၇
၃၈
၃၉
၄၀⚠
၄၁
A/N
၄၂
၄၃
၄၄
၄၅
၄၆(Final)
Extra
19K 1.8K 13
By Thawdar_Y
Unicode
ကျီရွှမ်းအခုသူ့ရဲ့ကြင်ယာတော်အဆောင်ဆီသွားတဲ့လမ်းမှာ....ဒီနေ့သူ့ရဲ့ကြင်ယာတော်နဲ့အတူခမည်းတော်တို့ကိုသွားနှုတ်ဆက်ရမယ်ဆိုလို့သူ့ကြင်ယာတော်လောင်းကိုသွားခေါ်နေတာ....အခုထိသူ့ရဲ့ကြင်ယာတော်မျက်နှာကိုသူမမြင်ဖူးသေး.....အင်း...မြင်ဖူးအောင်တော့ကြည့်ထားအုံးမှပါ....တော်ကြာကိုယ့်ကြင်ယာတော်ရဲ့မျက်နှာကိုတောင်မမြင်ဖူးဘူးဆိုပြီးအလှောင်ခံနေရအုံးမယ်။
"အရှင့်သား..."
"အင်း..."
"ဟိုဟာ..."
"ကိုယ်တော့်ကိုဘာပြောစရာရှိလို့လဲ...အထိန်းတော်ချောင်...."
အထိန်းတော်ချောင်ဆိုတာကသူငယ်ငယ်လေးတည်းကသူ့ဘေးမှာခစားလာခဲ့တဲ့သူ...သူအယုံကြည်ရဆုံးသူလည်းဟုတ်တယ်။
"ဒီအထိန်းတော်အိုကြီးပြောတာကိုအရှင့်သားစိတ်မဆိုးပါနဲ့.....ဘာလို့မင်းကြီးနဲ့မယ်တော်ကြီးကမင်းသားသုံးယောက်ထဲမှာအရှင့်ကိုမှယောက်ျားပေးစားရတာလဲ...ယောက်ျားလေးတစ်ယောက်ကမျိုးဆက်မမွေးပေးနိုင်ဘူးဆိုတာသိရက်နဲ့လေ...ပြီးတော့အခုအချိန်ကအိမ်ရှေ့စံမင်းသား‌ရွေးချယ် တော့မယ့်အချိန်....အရှင့်အတွက်အရေးကြီးဆုံးအချိန်ပါ...ဒီလိုအရေးကြီးဆုံးအချိန်မှာဘာကြောင့်သဘာဝမကျတဲ့လက်ထပ်ပွဲကိုစီစဉ်ရတာလဲ....ပုံမှန်တော့မဟုတ်နိုင်ဘူးလို့ဒီအထိန်းတော်မြင်မိပါတယ်အရှင့်သား...."
အထိန်းတော်ချောင်ပြောတာသဘာဝကျပါသည်။ဒါပေမယ့်ဒီလိုခွဲခြားဆက်ဆံခံရတာကအခုမှခံရတာမဟုတ်တာ...အဲ့အတွက်ကျီရွှမ်းထူးခြားပြီးခံစားပြမနေတော့ပါ။
"ကိုယ်တော်လည်းသိပါတယ်...အထိန်းတော်ချောင်...ဒါပေမယ့်ကိုယ်တော့်မိဘတွေကကိုယ်တော်ကောင်းဖို့အတွက်လုပ်တာပဲဖြစ်မှာပါ။မျိုးဆက်မမွေးနိုင်လဲကိုယ်တော့်အတွက်ကဘာမှမဖြစ်ပါဘူး...ကိုယ်တော်ကလေးမချစ်တတ်ဘူး....အခုကိုယ်တော့်ဇနီးလောင်းဆီကိုပဲသွားကြရအောင်....ကျန်တာတွေမပြောနဲ့တော့...."
"ဟုတ်ကဲ့ပါ....အရှင့်သား..."
_____________________________
"မင်းသားလေး....."
"အခုထိမင်းသားလေးလို့ခေါ်နေတုန်းလား...ဖေးဖေး...ငါကအခုကျန်းနိုင်ငံရဲ့မင်းသားလေးမဟုတ်တော့ဘူးလေ...ကျိုးနိုင်ငံကကြင်ယာတော်ဖြစ်နေပြီ"
"ဟီး...ဖေးဖေးမေ့သွားလို့ပါ....ကြင်ယာတော်..."
"ဟုတ်ပါပြီ...အခုဆံပင်ဖြီးပေးလို့ရပြီလား...နောက်ကျတော့မယ်..."
"ဟုတ်ကဲ့...."
ဖေးဖေးကြင်ယာတော်လေးရဲ့နူးညံ့တဲ့ဆံပင်ကိုဖြီးပေးနေတုန်းမှာ...
"ဖေးဖေး...."
"ဟုတ်ကဲ့....ကြင်ယာတော်..."
"ကျန်းနိုင်ငံကိုသတိမရဘူးလား....ငါတော့မယ်တော်နဲ့ခမည်းတော်ကိုသတိရတယ်..."
အင်း...သူ့ရဲ့မင်းသားလေးအိမ်ကိုလွမ်းနေပြီထင်ပါရဲ့...
"ဖေးဖေးလည်းသတိရတယ်.....မင်းသား...အဲ...ကြင်ယာတော်....."
"ပြီးတော့...ဒီနန်းတော်ကထင်သလောက်ရိုးရှင်းမနေဘူး...ငါရင်ဆိုင်နိုင်ပါ့မလား"
"ကြင်ယာတော်လေးတစ်ယောက်တည်းမဟုတ်ဘူး.....ဖေးဖေးလည်းရှိတယ်....ဖေးဖေးကကြင်ယာတော်လေးကိုဘယ်သူမှထိလို့မရအောင်ကာကွယ်ပေးမှာ"
ဖေးဖေးပြောတော့ရှောင်းကျန့်ကရယ်သည်။သူမရဲ့မင်းသားလေးကိုဒီလိုပျော်ရွှင်နေတာကိုပဲမြင်ချင်သည်။ဖေးဖေးရဲ့ဘဝမှာမိဘဆိုတာလည်းမရှိ....ဆွေမျိုးသားချင်းတွေလည်းမရှိခဲ့....မင်းသားလေးကသာသူမရဲ့အဖေ....သူမရဲ့အစ်ကိုပဲ....သူမရဲ့မင်းသားလေးကိုထိခိုက်အောင်လုပ်သည့်သူမှန်သမျှကိုသူမသည်းခံမည်မဟုတ်ပါ....သူမအသက်ပင်သေပါစေ...သူမရဲ့မင်းသားလေးကိုကာကွယ်ပေးမည်...ဒါကဖေးဖေးဘဝရဲ့ရည်မှန်းချက်ပဲ။ဖေးဖေးတွေးနေတုန်းမှာပဲအပြင်ကအစေခံတစ်ယောက်ရဲ့အသံထွက်လာသည်။
"ကြင်ယာတော်ရှောင်းကိုလျှောက်တင်ပါတယ်...မင်းသားကျီရွှမ်းရောက်နေပါပြီ"
"ဝင်ခိုင်းလိုက်ပါ"
ကျီရွှမ်းသူ့ကြင်ယာတော်ရဲ့အဆောင်ရှေ့ရောက်တော့အစေခံတစ်ယောက်ကိုသူရောက်နေကြောင်းအကြောင်းကြားခိုင်းလိုက်တယ်။ဘယ်လောက်ပဲကိုယ်ကမင်းသားဖြစ်နေပါစေ...သူများရဲ့အခန်းကိုဝင်ချင်ရင်တော့ခွင့်တောင်းရမှာပဲမလား....အထဲကဝင်ခွင့်ပြုတာနဲ့ကျီရွှမ်းအခန်းထဲကိုဝင်လိုက်သည်။အခန်းထဲရောက်တာနဲ့သူ့နှာခေါင်းဝကိုရောက်လာတဲ့ကြာပန်းနံ့လေးကြောင့်သူ့ရဲ့ရှုပ်ထွေးနေတဲ့စိတ်တွေပါကြည်လင်သွားရသည်။
"အရှင့်သားကိုစောင့်ခိုင်းမိတဲ့အတွက်ရှောင်းကျန့်မှာအပြစ်ရှိပါတယ်.....ခွင့်လွှတ်‌ပေးပါ...အရှင့်သား"
သူ့ရှေ့မှာဒူးထောက်ပြီးတောင်းပန်နေတဲ့ဖြူလွှလွှအရိပ်လေးကိုကျီရွှမ်းထူပေးလိုက်သည်။
"ကိုယ်တော်ခွင့်လွှတ်ပါတယ်.....ကိုယ်တော့်ကို
........."
ကျီရွှမ်းစကားတောင်ဆက်မပြောနိုင်တော့...သူ့ကိုမော့ကြည့်လာတဲ့မျက်နှာလေးကတအားလှလွန်းသည်။အသားအရည်ကလည်းကြည်လင်နေသည်။အရည်လဲ့နေတဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေကကျီရွှမ်းကိုစိုက်ကြည့်နေသည်။ထိုမျက်နှာလေးမှာအထူးခြားဆုံးကနှုတ်ခမ်းရဲရဲအောက်ကမှဲ့လေးပင်။ရှောင်းကျန့်အလှကြောင့်မှင်သက်နေသူမှာမင်းသားသုံးတစ်ယောက်တည်းမဟုတ်.....အထိန်းတော်ချောင်မှာလည်းသူ့ဘဝတစ်လျှောက်လုံးဒီလောက်လှတဲ့သူကိုမမြင်ဖူးခဲ့....ဘုရင့်ရဲ့မိဖုရားတွေထက်ပင်လှသေးသည်။အထိန်းတော်ချောင်မှာရှောင်းကျန့်ရဲ့အလှမှာနစ်မြောနေရင်းမှအရှေ့မှာမတ်တပ်ကြီးမေ့နေတဲ့အရှင့်သားကိုသတိရတော့သည်။
"အရှင့်သား.....အရှင့်သား...."
အထိန်းတော်ချောင်အသံကြားမှကျီရွှမ်းသူစိုက်ကြည့်နေတာကိုသတိရသွားသည်။
"အဲ.....ကိုယ်တော်....တောင်းပန်ပါတယ်"
"ရပါတယ်....အရှင့်သား....လက်ဖက်ရည်ကြမ်းလေးသုံးဆောင်ပါအုံး"
ကျိရွှမ်းထိုင်ခုံမှာဝင်ထိုင်လိုက်ပြီးသူ့ကြင်ယာတော်ငှဲ့ပေးတဲ့လက်ဖက်ရည်ကြမ်းကိုသောက်လိုက်သည်။
"မွှေးလိုက်တာ....လက်ဖက်ရည်ကောင်းပဲ"
"အဲ့ဒါကျွန်တော်တို့ကျန်းနိုင်ငံကလက်ဖက်ခြောက်နဲ့ဖျော်ထားတဲ့လက်ဖက်ရည်ကြမ်းပါ....အရှင့်သားသဘောကျရင်ကျွန်တော်လက်ဆောင်ပေးပါ့မယ်"
"အင်း....ကိုယ်တော်သဘောကျတယ်...မင်းကလက်ဆောင်ပေးမယ်ဆိုတော့ကိုယ်တော်မင်းကိုကျေးဇူးတင်ပါတယ်...."
"အရှင့်သားကိုကျွန်တော်တောင်းဆိုစရာရှိပါတယ်"
"ပြောပါ.....ကိုယ်တော်လုပ်ပေးနိုင်တာဆိုရင်လုပ်ပေးမယ်"
"အခုမင်းကြီးနဲ့မယ်တော်ကြီးကိုသွားတွေ့တဲ့အခါကျွန်တော်ရဲ့မျက်နှာကိုဖုံးထားခွင့်ပေးပါ..."
"အင်း....ဒါကရပါတယ်...ဒါပေမယ့်ဘာလို့လဲ"
"ကျွန်တော့်ရဲ့မျက်နှာကြောင့်တခြားသူတွေရဲ့အာရုံစိုက်မှုကိုမလိုချင်လို့ပါ... ပြီးတော့ကျွန်တော်တို့ရဲ့ မင်္ဂလာပွဲကိုအလောတကြီးမလုပ်စေချင်ပါဘူး။အရင်ဆုံးကျွန်တော်တို့အချင်းချင်းရင်းနှီးအောင်လုပ်သင့်တယ်လို့ကျွန်တော်ထင်ပါတယ်"
"ကိုယ်တော်လည်းအဲ့လိုပဲထင်တယ်....မင်းတောင်းဆိုစရာရှိသေးလား..."
"မရှိတော့ပါဘူး.....အရှင့်သား"
"ဒါဆိုကိုယ်တော်တို့မယ်တော်နဲ့ခမည်းတော်ကိုဂါရဝပြုဖို့သွားကြရအောင်"
"ဟုတ်ကဲ့.....အရှင့်သား...."
______________________________
"ဝမ်ရိပေါ်... ဘယ်အဆောင်လည်းသိလား"
"မသိဘူး...."
"မသိဘဲနဲ့ဘယ်လိုရှာကြမလဲ....."
အခုဝမ်ရိပေါ်နဲ့ယွီပင်းနန်းတော်ထဲမှာ.....နန်းတော်ကိုဟင်းရွက်တွေပို့ရတဲ့ ယွီပင်းရဲ့အသိမိတ်တွေနဲ့ရောဝင်လာတာ....ပြဿနာကနန်းတော်ထဲဝင်လို့ရပေမယ့်ရိပေ့ါ်နတ်သားလေးရဲ့အဆောင်ကိုမမှတ်မိတော့သူတို့မှာနန်းတော်ထဲလမ်းပျောက်နေရသည်။
ရိပေါ်တို့လျှောက်ရှာကြည့်နေတုန်းမှာပဲလူတစ်စုကသူတို့ရှိတဲ့ဘက်ကိုလျှောက်လာတာကိုတွေ့လိုက်ရသည်။အရပ်ရှည်ရှည်ခပ်တောင့်တောင့်အမျိုးသားရယ်....သူ့ဘေးကမျက်နှာကိုဇာပုဝါလေးအုပ်ထားတဲ့သူရယ်....သူတို့နောက်မှာအစေခံတန်းကြီး.....ရိပေ့ါ်အထင်ရာထူးခပ်ကြီးကြီးကလူတွေပဲဖြစ်ရမည်။ဒါကြောင့်ယွီပင်းနဲ့ရိပေါ်ခေါင်းကိုငုံ့ကာအရိုအသေပေးလိုက်သည်။ထိုလူအုပ်စုဖြတ်သွားတဲ့အခါရိပေါ်ကြာပန်းနံ့သင်းသင်းလေးကိုရလိုက်သည်။ရိပေါ်ဒီအနံ့ကိုသိတာပေါ့.... သူ့နတ်သားလေးရဲ့ကိုယ်သင်းနံ့လေး...သူ့နတ်သားလေးကဒီလူအုပ်ထဲမှာလား......
___________________________________
26.4.2020
Zawgyi
"အရှင့်သား..."
"အင်း..."
"ဟိုဟာ..."
"ဟုတ်ကဲ့ပါ....အရှင့်သား..."
_____________________________
"မင်းသားလေး....."
"ဟုတ်ကဲ့...."
"ဖေးဖေး...."
"ဟုတ်ကဲ့....ကြင်ယာတော်..."
"ဝင်ခိုင်းလိုက်ပါ"
........."
"အရှင့်သား.....အရှင့်သား...."
"ဟုတ်ကဲ့.....အရှင့်သား...."
______________________________
"မသိဘူး...."
အခုဝမ်ရိပေါ်နဲ့ယွီပင်းနန်းတော်ထဲမှာ.....နန်းတော်ကိုဟင်းရွက်တွေပို့ရတဲ့ ယွီပင်းရဲ့အသိမိတ်တွေနဲ့ရောဝင်လာတာ....ပြဿနာကနန်းတော်ထဲဝင်လို့ရပေမယ့်ရိပေါ့်နတ်သားလေးရဲ့အဆောင်ကိုမမှတ်မိတော့သူတို့မှာနန်းတော်ထဲလမ်းပျောက်နေရသည်။
___________________________________
26.4.2020
Continue Reading
You'll Also Like
869K 57.3K 34
ရှောင်းကျန့်ဟာအသက်၆နှစ်ငယ်တဲ့ဝမ်ရိ‌ပေါ်ကိုချစ်မိသွားပြီးထိုကောင်လေးနဲ့ချစ်သူဖြစ်ဖို့သူတတ်နိုင်သလောက်အစွမ်းကုန်ကြိုးစားခဲ့တယ်.. ဒါပေမယ့်သူဝန်ခံတဲ့နေ့မ...
61.4K 2.7K 52
အချစ်ကနူးနူးညံ့ညံ့ သ်မ်သိမ်မွေ့မွေ့လေးနဲ့ နှလုံးသား ပလ္လင်ထက်နန်းတက်သည်💙
2.7K 84 17
Sailor Moon X One Punch Man Serena trains like Saitama before the main events of Sailor Moon occur. Will she ever find someone too powerful for h...
23.8K 2.6K 28
မတည်မြဲပါတဲ့ ထာဝရဆိုသောအရာထဲမှာ မင်းရဲ့မက်မွန်ရောင်နှုတ်ခမ်းပါးတွေကတော့ ကိုယ့်ရဲ့တစ်ခုတည်းသော စွဲလမ်းစရာ အပြစ်ကြွေးလေး။ Binhao/Haobin fanfiction