Unicode
ရှောင်းကျန့်ရေချိုးနေတုန်းခြေသံကြားလိုက်သဖြင့်ရေချိုးစည်ထဲမှထရပ်လိုက်သည်။ဖေးဖေးရောက်လာပြီထင်ရဲ့....ဒါပေမယ့်သူမြင်လိုက်ရတာကဖေးဖေးမဟုတ်...အမည်းရောင်ဝတ်စုံနဲ့လူတစ်ယောက်...မျက်နှာဖုံးတပ်ထားသည့်အတွက်မျက်နှာကိုတော့ရှောင်းကျန့်မမြင်ရ....မျက်နှာဖုံးအောက်ကအကြည့်စူးစူးတွေကိုတော့ရှောင်းကျန့်သတိထားမိသည်။
"မင်းဘယ်သူလဲ"
မျက်နှာဖုံးနဲ့လူကရှောင်းကျန့်ကိုဘာမှပြန်မဖြေ
ဒီတိုင်းသာစိုက်ကြည့်နေသည်။
"မင်းသားလေး..... မင်းသားလေး....."
အပြင်မှဖေးဖေးအသံကိုကြားသည်နှင့်မျပ်နှာဖုံးနှင့်လူသားမှာရှောင်းကျန့်အခန်းရဲ့ပြတင်းပေါက်ကနေခုန်ကာထွက်ပြေးသွားတော့သည်။
ထိုလူထွက်သွားတာနဲ့ဖေးဖေးအသည်းအသန်ပြေးဝင်လာတော့သည်။
"မင်းသားလေး...ဟူး...မောလိုက်တာ"
"ဘာတွေအသည်းအသန်ဖြစ်လာတာလဲဖေးဖေး"
"ဘဏ္ဍာတိုက်ကိုသူခိုးဖောက်လို့တဲ့....မင်းသားလေး...နန်းတော်ထဲမှာကျိရွှမ်းမင်းသားခေါင်းဆောင်ပြီးလိုက်ရှာနေကြတယ်...နေရာအနှံ့ရဲမက်တွေချည်းပဲ"
ဒါဆိုခုနကလူကသူခိုးဖြစ်နိုင်လောက်သည်။
"ဒါနဲ့ စုံစမ်းခိုင်းတာရလာပြီလား"
"ဟုတ် ရလာတယ်...အယ်...မင်းသားလေးဘာလို့ပြတင်းပေါက်ကြီးဖွင့်ထားရတာတုန်း...အအေးတွေပတ်ကုန်တော့မှာပဲ"
"ဘာတွေသိခဲ့လဲ...ပြောအုံးဖေးဖေး"
"ဖေးဖေးကြားခဲ့တာတွေကတော့...ကျိရွှမ်းမင်းသားကလူရိုးလူအေးကြီးတဲ့...အမဲလိုက်ရတာကိုစိတ်ဝင်စားတယ်....စစ်တိုက်ရတာကိုစိတ်ဝင်စားတယ်...အဲ...အရင်ကကျိုးဝန်ကြီးချုပ်ရဲ့သမီးနဲ့လက်ဆက်ဖို့စီစဉ်ကြသေးတယ်တဲ့...ဒါပေမယ့်ကျိရွှမ်းမင်းသားကငြင်းလိုက်တာတဲ့...ဒါနဲ့...မင်းသားလေးကဒါတွေစုံစမ်းခိုင်းပြီးဘာလုပ်ဖို့လဲဟင်"
"ကိုယ်ယူရမယ့်လူကဘယ်လိုလူဆိုတာသိထားမှကိုင်တွယ်နိုင်မယ့်နည်းလမ်းကိုစဉ်းစားလို့ရမှာလေ"
"အော်....ဒါနဲ့လေ....ဖေးဖေးနားမလည်တာရှိသေးတယ်...မင်းသားသုံးယောက်ရှိတာကိုဘာလို့မင်းသားကျိရွှမ်းကိုယောက်ျားပေးစားရတာလဲ"
"အရင်က ကျိုးမင်းကြီးမှာရင်းစုဟန်ဆိုတဲ့မိဖုရားရှိခဲ့တယ်..ကျိုးမင်းကြီးကသူမကိုတအားချစ်ခဲ့တာပေါ့...ဒါပေမယ့်ရင်းမိဖုရားကတော့ကျိုးမင်းကြီးရဲ့စစ်သူကြီးထန်နဲ့မေတ္တာမျှခဲ့ကြတယ်။
ဒီလိုနဲ့ရင်းစုဟန်မှာကိုယ်ဝန်ရလာခဲ့တယ်။ကျိုးမင်းကြီးကတော့သူ့ကလေးလို့ထင်ပြီးတအားပျော်ခဲ့တာပေါ့။အဖြစ်မှန်ကိုသိခဲ့တဲ့အချိန်မှာတော့ သူ့အပျော်တွေကပျက်စီးသွားခဲ့တယ်။"
"အချစ်ကြီးရင်အမျက်ကြီးတယ်ဆိုတဲ့အတိုင်းပဲ...ကျိုးမင်းကြီးကစစ်သူကြီးထန်ကိုရင်းစုဟန်ရဲ့ရှေ့မှာပဲအပိုင်းပိုင်းဖြတ်ပြီးသတ်စေတယ်..ရင်းစုဟန်ကိုတော့အဆိပ်သောက်ပြီးသေစေခဲ့တယ်...ရင်းစုဟန်ကသူမရဲ့ကလေးကိုစောင့်ရှောက်ပေးဖို့ကျိုးမင်းကြီးကိုတောင်းဆိုခဲ့တယ်"
"ဒါဆိုအခုကလေးကဘယ်မှာလဲဟင် မင်းသား..."
"ကလေးကိုတော့အခုလက်ရှိဧကရီဖြစ်တဲ့မိဖုရားလွီကပဲစောင့်ရှောက်ပေးခဲ့တယ်"
"ဒါဆို မင်းသားသုံးယောက်ထဲကဘယ်သူကမိဖုရားရင်းရဲ့ကလေးလဲ"
"စဉ်းစားကြည့်လေ ဘယ်အမေကသူတို့သားကိုကလေးမမွေးပေးနိုင်တဲ့ယောက်ျားတစ်ယောက်နဲ့ပေးစားမှာလဲ"
"ဒါဆို မင်းသားသုံးကမိဖုရားလွီရဲ့ကလေးအရင်းမဟုတ်ဖူးပေါ့"
"ဖေးဖေး နံရံတိုင်းမှာနားရှိတယ်...စကားကိုလက်လွှတ်စပယ်မပြောရဘူး"
"ဖေးဖေးနားလည်ပါပြီမင်းသားလေး...ဒါပေမယ့်မိဖုရားလွီကစိတ်ထားကောင်းတယ်လို့တော့ပြောရမယ်...ယောက်ျားပေးစားပေမယ့်မင်းသားလေးလိုချောချောလေးနဲ့ပေးစားတယ်လေ"
"မင်းတကယ်အဲ့လိုပဲထင်တာလား...ငါပြောမယ်ဖေးဖေး....နန်းတော်မှာဘယ်အရာမှဒီလောက်ရိုးရှင်းမနေဘူး.."
"မင်းသားလေးပြောချင်တာက..."
"ငါကငါ့မျက်နှာကိုတစ်ခါမှထုတ်မပြဖူးဘူးလေ...မင်းတို့လိုမြင်ဖူးတဲ့လူတွေလောက်ပဲငါ့မျက်နှာဘယ်လိုရှိလဲမြင်ဖူးကြတာ.."
"ဒါနဲ့ဘာဆိုင်လို့လဲ မင်းသားလေး"
"ငါဒီလိုမျက်နှာကိုထုတ်မပြတာကပဲကောလဟာလတွေကိုဖြစ်စေတယ်လေ..တချို့ကပြောကြတယ်ငါအရမ်းရုပ်ဆိုးလို့မျက်နှာကိုအုပ်ထားရတယ်ဆိုပြီး....တချို့ကောလဟာလတွေကျတော့လည်းငါကအရမ်းချောလွန်းလို့မျက်နှာကိုအုပ်ထားတယ်ဆိုပြီး...မင်းစဉ်းစားကြည့်လေမျက်နှာမပြချင်မှတော့သူတို့ဘယ်ဟာကိုပိုယုံကြမလဲဆိုတာ"
"အာ...ဒီလိုကိုး...ဒါဆိုမိဖုရားလွီရဲ့အကြံအစည်ရှုံးတယ်လို့ပြောလို့ရတာပေါ့...မင်းသားသုံးကတော့တကယ်ကြီးကိုကံကောင်းတာနော်...ကျွန်မတို့မင်းသားလေးလိုလှလွန်းတဲ့သူနဲ့လက်ထပ်ရမှာ"
"လှလည်းဘာလုပ်လို့ရမှာလဲ..ငါကသူ့အတွက်မျိုးဆက်မမွေးပေးနိုင်ဘူး...မိဖုရားလွီလိုချင်တာလည်းဒါကိုပဲလေ..."
"ဘာလို့လဲ"
"ဘုရင်တစ်ပါးမှာအရေးကြီးဆုံးကဘာလဲ"
"မျိုးဆက်....အာ...ဒါကြောင့်ကိုး..ဒါပေမယ့်လေ ဖေးဖေးတို့မင်းသားလေးနဲ့လိုက်ဖက်တဲ့သူဒီကမ္ဘာမှာလုံးဝမရှိဘူးသိလား"
"မင်းကတော့လေ...ပေါက်ကရတွေပြောပြန်ပြီ"
"တကယ်ပြောတာပါနော်...ဖေးဖေးရဲ့မင်းသားလေးကမိန်းကလေးတွေတောင်လိုက်မမှီအောင်လည်းလှတယ်...ဉာဏ်ကလည်းကောင်းတယ်...ကိုယ်ခံပညာကိုလည်းတတ်ကျွမ်းတယ်...ဒီကမ္ဘာမှာမင်းသားလေးကိုရတဲ့လူကကံအကောင်းဆုံးပဲ"
"ပြော...ဒီလောက်မြှောက်နေတာမုန့်ဖိုးလိုချင်လို့လား"
"မဟုတ်ပါဘူးနော်...ဖေးဖေးကတကယ်ပြောတာ"
"ဟုတ်ပါပြီ....ခရီးပန်းလာလို့နားချင်နေပြီ"
"ဖေးဖေးအိပ်ယာပြင်ပေးပါ့မယ်"
ကြင်ယာတော်မင်းသားလေးရဲ့အိမ်မက်ထဲမှာတော့လူဆိုးလေးတစ်ယောက်ကသူ့ကိုလာခိုးနေသတဲ့.....
____________________________
"ဝေ့ ဝမ်ရိပေါ်....မင်းစိတ်ရောမှန်သေးရဲ့လား"
"စိတ်ကမှန်လွန်းလို့ မှန် မှန် မှန် လို့တောင်မြည်နေတယ်...မမှန်တော့တာကနှလုံးသားကွ"
ယွီပင်း ရိပေါ်အနားသို့တိုးသွားကာ
"ဘာလဲ...ဘုရင့်ဘဏ္ဍာတော်တွေခိုးပြီးလန့်ဖြန့်နေပြီလား"
"အဲ့ကိစ္စကတော့ဝမ်ရိပေါ်တို့ကရင်တောင်မခုန်"
"ဒါဆိုဘာဖြစ်လို့တုန်း"
"မနေ့က ငါနတ်သားလေးတစ်ပါးတွေ့ခဲ့တယ်"
"သေခါနီးနေလို့နေမှာပေါ့"
"ငါဒီမှာခံစားပြီးပြောနေတယ်လေ...မင်းအပေါက်ကြီးပိတ်ထား"
"အေးပါ...ဒါနဲ့နေပါအုံး...နတ်သားဆိုတော့ယောက်ျားလေးလား"
"သေချာတာပေါ့ နတ်သားလေးရဲ့အကြည့်တစ်ချက်မှာတင်ဒီကကောင်ကြီးအသည်းနှလုံးတစ်ခုလုံးပါသွားတာ"
"ငါ့ဆောင်ကြာမြိုင်ကကောင်မလေးတွေလောက်လှလို့လား"
"ငါ့နတ်သားလေးကို မင်းအပျက်မတွေနဲ့မနှိုင်းနဲ့"
"အေးပါ အေးပါ...အရင်ကမင်းပဲအဲ့အပျက်မတွေနဲ့နေတာလေ"
"အဲ့ဒါအရင်က"
ယွီပင်းမျက်နှာကိုမဲ့လိုက်မိသည်...သူပဲအမျိုးမျိုး
"ငါ့နတ်သားလေးကိုနောက်ထပ် ထပ်တွေ့ချင်တယ်ကွာ"
"သွားတွေ့လိုက်ပေါ့"
"အဲ့လောက်လွယ်ရင်သွားတွေ့လိုက်မှာပေါ့ကွ ငါ့နတ်သားလေးကနန်းတော်ထဲကလေ....မင်းလည်းသိသား...နန်းတော်ထဲဝင်ဖို့ကလွယ်မှမလွယ်တာ"
"ဒါတော့ငါ့တာဝန်ထားလိုက်...ငါဝင်လို့ရအောင်လုပ်ပေးမယ်"
"ကျေးဇူးပဲကွာ ယွီပင်း....ကဲနတ်သားလေးရေကိုယ်လာပြီ"
ယွီပင်းစိတ်ထဲကတွေးလိုက်သည်
ဝမ်ရိပေါ်တော်တော်ဖြစ်
________________________________
21.4.2020
Zawgyi
ေရခ်ိဳးေနတုန္းေျခသံၾကားလိုက္သျဖင့္ေရခ်ိဳးစည္ထဲမွထရပ္လိုက္သည္။ေဖးေဖးေရာက္လာၿပီထင္ရဲ႕....ဒါေပမယ့္သူျမင္လိုက္ရတာကေဖးေဖးမဟုတ္...အမည္းေရာင္ဝတ္စုံနဲ႔လူတစ္ေယာက္...မ်က္ႏွာဖုံးတပ္ထားသည့္အတြက္မ်က္ႏွာကိုေတာ့ေရွာင္းက်န႔္မျမင္ရ....မ်က္ႏွာဖုံးေအာက္ကအၾကည့္စူးစူးေတြကိုေတာ့ေရွာင္းက်န႔္သတိထားမိသည္။
"မင္းဘယ္သူလဲ"
မ်က္ႏွာဖုံးနဲ႔လူကေရွာင္းက်န႔္ကိုဘာမွျပန္မေျဖ
ဒီတိုင္းသာစိုက္ၾကည့္ေနသည္။
"မင္းသားေလး..... မင္းသားေလး....."
အျပင္မွေဖးေဖးအသံကိုၾကားသည္ႏွင့္မ်ပ္ႏွာဖုံးႏွင့္လူသားမွာေရွာင္းက်န႔္အခန္းရဲ႕ျပတင္းေပါက္ကေနခုန္ကာထြက္ေျပးသြားေတာ့သည္။
ထိုလူထြက္သြားတာနဲ႔ေဖးေဖးအသည္းအသန္ေျပးဝင္လာေတာ့သည္။
"မင္းသားေလး...ဟူး...ေမာလိုက္တာ"
"ဘာေတြအသည္းအသန္ျဖစ္လာတာလဲေဖးေဖး"
"ဘ႑ာတိုက္ကိုသူခိုးေဖာက္လို႔တဲ့....မင္းသားေလး...နန္းေတာ္ထဲမွာက်ိ႐ႊမ္းမင္းသားေခါင္းေဆာင္ၿပီးလိုက္ရွာေနၾကတယ္...ေနရာအႏွံ႔ရဲမက္ေတြခ်ည္းပဲ"
ဒါဆိုခုနကလူကသူခိုးျဖစ္ႏိုင္ေလာက္သည္။
"ဒါနဲ႔ စုံစမ္းခိုင္းတာရလာၿပီလား"
"ဟုတ္ ရလာတယ္...အယ္...မင္းသားေလးဘာလို႔ျပတင္းေပါက္ႀကီးဖြင့္ထားရတာတုန္း...အေအးေတြပတ္ကုန္ေတာ့မွာပဲ"
"ဘာေတြသိခဲ့လဲ...ေျပာအုံးေဖးေဖး"
"ေဖးေဖးၾကားခဲ့တာေတြကေတာ့...က်ိ႐ႊမ္းမင္းသားကလူ႐ိုးလူေအးႀကီးတဲ့...အမဲလိုက္ရတာကိုစိတ္ဝင္စားတယ္....စစ္တိုက္ရတာကိုစိတ္ဝင္စားတယ္...အဲ...အရင္ကက်ိဳးဝန္ႀကီးခ်ဳပ္ရဲ႕သမီးနဲ႔လက္ဆက္ဖို႔စီစဥ္ၾကေသးတယ္တဲ့...ဒါေပမယ့္က်ိ႐ႊမ္းမင္းသားကျငင္းလိုက္တာတဲ့...ဒါနဲ႔...မင္းသားေလးကဒါေတြစုံစမ္းခိုင္းၿပီးဘာလုပ္ဖို႔လဲဟင္"
"ကိုယ္ယူရမယ့္လူကဘယ္လိုလူဆိုတာသိထားမွကိုင္တြယ္ႏိုင္မယ့္နည္းလမ္းကိုစဥ္းစားလို႔ရမွာေလ"
"ေအာ္....ဒါနဲ႔ေလ....ေဖးေဖးနားမလည္တာရွိေသးတယ္...မင္းသားသုံးေယာက္ရွိတာကိုဘာလို႔မင္းသားက်ိ႐ႊမ္းကိုေယာက္်ားေပးစားရတာလဲ"
"အရင္က က်ိဳးမင္းႀကီးမွာရင္းစုဟန္ဆိုတဲ့မိဖုရားရွိခဲ့တယ္..က်ိဳးမင္းႀကီးကသူမကိုတအားခ်စ္ခဲ့တာေပါ့...ဒါေပမယ့္ရင္းမိဖုရားကေတာ့က်ိဳးမင္းႀကီးရဲ႕စစ္သူႀကီးထန္နဲ႔ေမတၱာမွ်ခဲ့ၾကတယ္။
ဒီလိုနဲ႔ရင္းစုဟန္မွာကိုယ္ဝန္ရလာခဲ့တယ္။က်ိဳးမင္းႀကီးကေတာ့သူ႔ကေလးလို႔ထင္ၿပီးတအားေပ်ာ္ခဲ့တာေပါ့။အျဖစ္မွန္ကိုသိခဲ့တဲ့အခ်ိန္မွာေတာ့ သူ႔အေပ်ာ္ေတြကပ်က္စီးသြားခဲ့တယ္။"
"အခ်စ္ႀကီးရင္အမ်က္ႀကီးတယ္ဆိုတဲ့အတိုင္းပဲ...က်ိဳးမင္းႀကီးကစစ္သူႀကီးထန္ကိုရင္းစုဟန္ရဲ႕ေရွ႕မွာပဲအပိုင္းပိုင္းျဖတ္ၿပီးသတ္ေစတယ္..ရင္းစုဟန္ကိုေတာ့အဆိပ္ေသာက္ၿပီးေသေစခဲ့တယ္...ရင္းစုဟန္ကသူမရဲ႕ကေလးကိုေစာင့္ေရွာက္ေပးဖို႔က်ိဳးမင္းႀကီးကိုေတာင္းဆိုခဲ့တယ္"
"ဒါဆိုအခုကေလးကဘယ္မွာလဲဟင္ မင္းသား..."
"ကေလးကိုေတာ့အခုလက္ရွိဧကရီျဖစ္တဲ့မိဖုရားလြီကပဲေစာင့္ေရွာက္ေပးခဲ့တယ္"
"ဒါဆို မင္းသားသုံးေယာက္ထဲကဘယ္သူကမိဖုရားရင္းရဲ႕ကေလးလဲ"
"စဥ္းစားၾကည့္ေလ ဘယ္အေမကသူတို႔ကေမြးေပးႏိုင္တဲ့ေယာက္်ားတစ္ေယာက္နဲ႔ေပးစားမွာလဲ"
"ဒါဆို မင္းသားသုံးကမိဖုရားလြီရဲ႕ကေလးအရင္းမဟုတ္ဖူးေပါ့"
"ေဖးေဖး နံရံတိုင္းမွာနားရွိတယ္...စကားကိုလက္လႊတ္စပယ္မေျပာရဘူး"
"ေဖးေဖးနားလည္ပါၿပီမင္းသားေလး...ဒါေပမယ့္မိဖုရားလြီကစိတ္ထားေကာင္းတယ္လို႔ေတာ့ေျပာရမယ္...ေယာက္်ားေပးစားေပမယ့္မင္းသားေလးလိုေခ်ာေခ်ာေလးနဲ႔ေပးစားတယ္ေလ"
"မင္းတကယ္အဲ့လိုပဲထင္တာလား...ငါေျပာမယ္ေဖးေဖး....နန္းေတာ္မွာဘယ္အရာမွဒီေလာက္႐ိုးရွင္းမေနဘူး.."
"မင္းသားေလးေျပာခ်င္တာက..."
"ငါကငါ့မ်က္ႏွာကိုတစ္ခါမွထုတ္မျပဖူးဘူးေလ...မင္းတို႔လိုျမင္ဖူးတဲ့လူေတြေလာက္ပဲငါ့မ်က္ႏွာဘယ္လိုရွိလဲျမင္ဖူးၾကတာ.."
"ဒါနဲ႔ဘာဆိုင္လို႔လဲ မင္းသားေလး"
"ငါဒီလိုမ်က္ႏွာကိုထုတ္မျပတာကပဲေကာလဟာလေတြကိုျဖစ္ေစတယ္ေလ..တခ်ိဳ႕ကေျပာၾကတယ္ငါအရမ္း႐ုပ္ဆိုးလို႔မ်က္ႏွာကိုအုပ္ထားရတယ္ဆိုၿပီး....တခ်ိဳ႕ေကာလဟာလေတြက်ေတာ့လည္းငါကအရမ္းေခ်ာလြန္းလို႔မ်က္ႏွာကိုအုပ္ထားတယ္ဆိုၿပီး...မင္းစဥ္းစားၾကည့္ေလမ်က္ႏွာမျပခ်င္မွေတာ့သူတို႔ဘယ္ဟာကိုပိုယုံၾကမလဲဆိုတာ"
"အာ...ဒီလိုကိုး...ဒါဆိုမိဖုရားလြီရဲ႕အႀကံအစည္ရႈံးတယ္လို႔ေျပာလို႔ရတာေပါ့...မင္းသားသုံးကေတာ့တကယ္ႀကီးကိုကံေကာင္းတာေနာ္...ကြၽန္မတို႔မင္းသားေလးလိုလွလြန္းတဲ့သူနဲ႔လက္ထပ္ရမွာ"
"လွလည္းဘာလုပ္လို႔ရမွာလဲ..ငါကသူ႔အတြက္မ်ိဳးဆက္မေမြးေပးႏိုင္ဘူး...မိဖုရားလြီလိုခ်င္တာလည္းဒါကိုပဲေလ..."
"ဘာလို႔လဲ"
"ဘုရင္တစ္ပါးမွာအေရးႀကီးဆုံးကဘာလဲ"
"မ်ိဳးဆက္....အာ...ဒါေၾကာင့္ကိုး..ဒါေပမယ့္ေလ ေဖးေဖးကတို႔မင္းသားေလးနဲ႔လိုက္ဖက္မယ့္သူဒီကမာၻမွာလုံးဝမရွိဘူးသိလား"
"မင္းကေတာ့ေလ...ေပါက္ကရေတြေျပာျပန္ၿပီ"
"တကယ္ေျပာတာပါေနာ္...ေဖးေဖးရဲ႕မင္းသားေလးကမိန္းကေလးေတြေတာင္လိုက္မမွီေအာင္လည္းလွတယ္...ဉာဏ္ကလည္းေကာင္းတယ္...ကိုယ္ခံပညာကိုလည္းတတ္ကြၽမ္းတယ္...ဒီကမာၻမွာမင္းသားေလးကိုရတဲ့လူကကံအေကာင္းဆုံးပဲ"
"ေျပာ...ဒီေလာက္ေျမႇာက္ေနတာမုန႔္ဖိုးလိုခ်င္လို႔လား"
"မဟုတ္ပါဘူးေနာ္...ေဖးေဖးကတကယ္ေျပာတာ"
"ဟုတ္ပါၿပီ....ခရီးပန္းလာလို႔နားခ်င္ေနၿပီ"
"ေဖးေဖးအိပ္ယာျပင္ေပးပါ့မယ္"
ၾကင္ယာေတာ္မင္းသားေလးရဲ႕အိမ္မက္ထဲမွာေတာ့လူဆိုးေလးတစ္ေယာက္ကသူ႔ကိုလာခိုးေနသတဲ့.....
____________________________
"ေဝ့ ဝမ္ရိေပၚ....မင္းစိတ္ေရာမွန္ေသးရဲ႕လား"
"စိတ္ကမွန္လြန္းလို႔ မွန္ မွန္ မွန္ လို႔ေတာင္ျမည္ေနတယ္...မမွန္ေတာ့တာကႏွလုံးသားကြ"
ယြီပင္း ရိေပၚအနားသို႔တိုးသြားကာ
"ဘာလဲ...ဘုရင့္ဘ႑ာေတာ္ေတြခိုးၿပီးလန႔္ျဖန႔္ေနၿပီလား"
"အဲ့ကိစၥကေတာ့ဝမ္ရိေပၚတို႔ကရင္ေတာင္မခုန္"
"ဒါဆိုဘာျဖစ္လို႔တုန္း"
"မေန႔က ငါနတ္သားေလးတစ္ပါးေတြ႕ခဲ့တယ္"
"ေသခါနီးေနလို႔ေနမွာေပါ့"
"ငါဒီမွာခံစားၿပီးေျပာေနတယ္ေလ...မင္းအေပါက္ႀကီးပိတ္ထား"
"ေအးပါ...ဒါနဲ႔ေနပါအုံး...နတ္သားဆိုေတာ့ေယာက္်ားေလးလား"
"ေသခ်ာတာေပါ့ ေလးရဲ႕အၾကည့္တစ္ခ်က္မွာတင္ဒီကေကာင္ႀကီးအသည္းႏွလုံးတစ္ခုလုံးပါသြားတာ"
"ငါ့ေဆာင္ၾကာၿမိဳင္ကေကာင္မေလးေတြေလာက္လွလို႔လား"
"ငါ့နတ္သားေလးကို မင္းအပ်က္မေတြနဲ႔မႏႈိင္းနဲ႔"
"ေအးပါ ေအးပါ...အရင္ကမင္းပဲအဲ့အပ်က္မေတြနဲ႔ေနတာေလ"
"အဲ့ဒါအရင္က"
ယြီပင္းမ်က္ႏွာကိုမဲ့လိုက္မိသည္...သူပဲအမ်ိဳးမ်ိဳး
"ငါ့နတ္သားေလးကိုေနာက္ထပ္ ထပ္ေတြ႕ခ်င္တယ္ကြာ"
"သြားေတြ႕လိုက္ေပါ့"
"အဲ့ေလာက္လြယ္ရင္သြားေတြ႕လိုက္မွာေပါ့ကြ ငါ့နတ္သားေလးကနန္းေတာ္ထဲကေလ....မင္းလည္းသိသား...နန္းေတာ္ထဲဝင္ဖို႔ကလြယ္မွမလြယ္တာ"
"ဒါေတာ့ငါ့တာဝန္ထားလိုက္...ငါဝင္လို႔ရေအာင္လုပ္ေပးမယ္"
"ေက်းဇူးပဲကြာ ယြီပင္း....ကဲနတ္သားေလးေရကိုယ္လာၿပီ"
ယြီပင္းစိတ္ထဲကေတြးလိုက္သည္
ဝမ္ရိေပၚေတာ္ေတာ္ျဖစ္
________________________________
21.4.2020