M y B a d B o y [✓]

By _Twelve_12

316K 21.7K 886

ပုံစံကိုက အူကြောင်ကြောင်နဲ့! ဘာလဲ! မင်းငါ့ကိုကြိုက်နေတာလား! ( Chanyeol x Baekhyun ) *rated M* *အပိုင်းတိုင်း... More

ep1
ep2
ep3
ep4
ep5
ep6
ep7
ep8
ep9
ep11
ep12
ep13
ep14
ep15
ep16
ep17
ep18
ep19
ep20
ep21
ep22
ep23
ep24
ep25
ep26
ep27
ep28
ep29
ep30
ep31
ep32
ep33
ep34

ep10

10.2K 719 27
By _Twelve_12

ဘတ္ခ္ဟြၽန္းတစ္ေန႔လံုးေက်ာင္းမတက္ဘဲေလွ်ာက္သြားေနတာ
ဦးတည္ရာမရိွ တစ္ခါတစ္ခါေငးေနလို႔သူမ်ားေအာ္တာခံခဲ့ရသလို
မျမင္မကန္းနဲ႔ဝင္တိုက္မိလို႔မနည္းေတာင္းပန္ခဲ့ရတာေတြေရာ
အခုလဲအေတြးေကာင္းၿပီးဘတ္စ္မွတ္တိုင္ေက်ာ္သြားလို႔ျပန္လွည့္
လမ္းေလွ်ာက္ျပန္ေနရတဲ့အျဖစ္။ မားကိုေစာေစာျပန္ခဲ့မယ္ေျပာကာမွ
မွတ္တိုင္ေက်ာ္သည္ထိအေတြးေကာင္းေနသည့္အျဖစ္ကို ေခါင္းကိုသာ
သံုးေလးခ်က္ေလာက္နာနာထုလိုက္သည္ အျပစ္ေပးတဲ့အေနျဖင့္။
ေျပးလိုက္တစ္ဝက္လမ္းေလွ်ာက္တစ္ဝက္နဲ႔အ႐ူးႀကီးၾကေနတာဘဲ။

အိမ္ျပန္ေရာက္ေတာ့ေတာ္ေတာ္ေဟာဟဲဆိုက္ေနၿပီ။
မားကိုအက်ဳိးအေၾကာင္းေျပာၿပီးအခန္းထဲသာတက္ခဲ့ၿပီး
ထိုးအိပ္လိုက္ေတာ့သည္။ အိမ္မက္ေတာင္မက္လိုက္ေသးသည္။
အိမ္မက္ထဲမွာခ်န္းေယာလ္ကသူ႕ကိုနမ္းတယ္တဲ့။ ၿပီးေတာ့ၿပံဳးျပ
ေနေသးတယ္။ ပါးခ်ဳိင့္ႀကီးေပၚေအာင္ထိၿပံဳးေနတဲ့ခ်န္းေယာလ္ပါးခ်ဳိင့္
ထဲကိုသူကလက္ညိဳးေလးဝင္ေအာင္ထိုးၿပီးကလိေနတယ္တဲ့။

"တီ တီ တီ တီ တီ "

ဘယ္ကျမည္ေနမွန္းခ်က္ခ်င္းဆိုမခန္႔မွန္းတတ္။
တစ္ျဖည္းျဖည္းမ်က္လံုးကိုပြတ္ၿပီးေျဖးေျဖးခ်င္ဖြင့္လိုက္သည္။
သူကန္႔လန္႔ျဖတ္အိပ္ေနရာေဘးကလြယ္အိပ္ကျမည္တာဘဲ
မျမင္ဖူးတဲ့နံပတ္တစ္ခု။

"ဟယ္လို"

ျပန္ေျဖသံမၾကားရ။

"ဟယ္လို"

"ဟယ္လို ဘယ္သူလဲ"

"ဟယ္လို မေျပာခ်င္ရင္ေနာက္မဆက္နဲ႔
အိပ္ေရးပ်က္တယ္"

"ဟက္"

ခ်န္းေယာလ္သေဘာတက်ကိုရီလိုက္သည္။
အျပင္ကအတိုင္းဘဲအသံကစူးေနတာဘဲ။

"ဘာရီတာလဲ ဘယ္သူလဲ"

"အဟမ္း ငါ ဘာလို႔အတန္းမတက္တာလဲ"

"ပတ္ခ္ခ်န္းေယာလ္! ဘာကိစၥလဲ"

"အေစာႀကီးဘာလို႔အိပ္ေနတာလဲ
ေနမေကာင္းဘူးလား"

"မင္းနဲ႔မဆိုင္ဘူး အဟင့္"

အသံကိုထိန္းေျပာေနရင္းမွကို႐ိႈက္သံတစ္စထြက္သြားေသး။
ေမ့ထားတဲ့ဟာကိုဘာလို႔အစျပန္ေဖာ္လဲ ဘာေတြဂ႐ုစိုက္ခ်င္ေယာင္
ေဆာင္ေနျပန္တာလဲ။

"ဘတ္ခ္ဟြၽန္း ငိုေနတာလား
ေနမေကာင္းဘူးလား ဘတ္ခ္ဟြၽန္း"

"မေခၚနဲ႔ မင္းနဲ႔မဆိုင္ဘူး လာလဲမေမးနဲ႔
ေနာက္ခါလဲဖုန္းမဆက္နဲ႔"

ဖုန္းမဆက္နဲ႔ဆိုၿပီးဖုန္းေတာ့မခ်ေသး။
ခ်န္းေယာလ္ရီခ်င္စိတ္ကိုထိန္းကာ

"အိမ္လာခဲ့"

"ေသေတာင္မလာဘူးမင္းအိမ္ကို
ဘာလို႔ငါ့လာေခၚေနတာလဲ မင္းေကာင္မေလးကိုမင္းေခၚပါလား
ဘာလဲငါကေခၚတိုင္းလိုက္မယ္လို႔ထင္ေနတာလား ေခြးလိုေကာင္ $#‰&"

"ဟက္ ဟက္ အိမ္ကိုလာခဲ့ေနာ္
မင္းႀကိဳက္တဲ့မုန္႔ဝယ္ထားတယ္"

"မလာဘူးလို႔ေျပာေနတယ္ေလ
ဘာမုန္႔လဲ ဟင့္"

"အင္း အစံုဘဲ စားခ်င္တာရိွရင္ထပ္ေျပာေလ
ဝယ္ေပးထားမယ္''

"မလာဘူးလို႔ေျပာေနတယ္ေလ
မလာဘူး မလာဘူး ေသေတာင္မလာဘူး"

"မလာလို႔မရဘူး
စာတမ္းလုပ္ရမွာမလို႔ လာေခၚရမလား"

"မလိုဘူး စာတမ္းကတစ္ကယ္လား"

"အင္း လာခဲ့ေနာ္"

>>>>>>>>>>><<<<<<<<<<

"ဘာလို႔ၾကာေနတာလဲ
ေရခ်ဳိးခဲ့တာလား မိုးခ်ဳပ္ေနၿပီကိုကြာ"

ဘတ္ခ္ဟြၽန္းဂ႐ုမစိုက္ခ်င္ သူ႕စကားေတြကအေပၚယံေျပာေနေပမယ့္
သူကေတာ့ရင္ဘက္ႀကီးနဲ႔ခံစားကာ သာယာေနခဲ့တာ။ နားမေယာင္နဲ႔။

"ဘယ္မလဲ စာတမ္းလုပ္ရေအာင္က"

"ေခါင္းအရင္သုတ္ရေအာင္"

ဘတ္ခ္ဟြၽန္းဆိုဖာေပၚဝင္ထိုင္လိုက္သည္။
သူကေတာ့အခန္းထဲကသဘက္တစ္ခုယူကာ
ထြက္လာသည္။ ဘတ္ခ္ဟြၽန္းသက္ျပင္းတစ္ခုသာခ်လိုက္သည္။
သူ႕ေမ့ထားခ်င္တဲ့ကိစၥေတြကိုတစ္ခုၿပီးတစ္ခုလာလုပ္ေနသလိုဘဲ။

"ေပး ငါ့ဟာငါသုတ္မယ္"

"မလိုဘူး ငါသုတ္ေပးခ်င္လို႔ယူလာတာ
ကိုယ့္ဖာကိုယ္သုတ္ခ်င္ရင္ကိုယ့္ဟာကိုယ္သြားယူ"

သူနဲ႔ၿပိဳင္မေျပာခ်င္တာမို႔အသာၿငိမ္ခံေနလိုက္သည္။

"ကေလးေပါက္စေလးေတြလိုဘဲ
ေပ်ာ့စင္းေနတာဘဲ ေမႊးလဲေမႊးေနေရာ"

သူကဆံပင္ေတြကိုဖြကာအနံခံၾကည့္ေနတာမို႔
ဘတ္ခ္ဟြၽန္းေရွာင္လိုက္သည္။

"ၿပီးၿပီမလား ဖယ္ေတာ့"

"အင္း မနက္ကေက်ာင္းလာၿပီးဘာလို႔မတက္တာလဲ
ေနမေကာင္းလို႔လား တစ္ခုခုျဖစ္လို႔လား"

"မဆိုင္တာေတြမေမးနဲ႔ စာလုပ္မယ္"

"ဟင္ ေျပာပါ သိခ်င္တယ္ "

"ဘယ္လိုျဖစ္ခ်င္တာလဲ စာမလုပ္ရင္ငါျပန္ေတာ့မယ္
မင္းနဲ႔ထပ္ၿပီးမပက္သက္ခ်င္ေတာ့ဘူး မေရမရာဟိုမေရာက္ဒီမေရာက္
ဆက္ဆံေရးကိုရပ္လိုက္က်ရေအာင္"

"ငါကအခုမွစမလို႔ကို"

"ဟင္"

"ငါနဲ႔ေရွ႕ဆက္တိုးဖို႔အစီအစဥ္မရိွဘူးလား ဟင္"

"ဟင္"

"ငါေတာ့မင္းနဲ႔ပက္သတ္ခ်င္ေသးတယ္"

အံ့ဩကာပြင့္ဟေနေသာပါးစပ္ေသးေသးေလးကို
တစ္ခ်က္နမ္းလိုက္သည္။

"ဘာလုပ္တာလဲ"

"ငါတို႔ႏွစ္ေယာက္ဆက္ဆံေရးကိုေရွ႕ဆက္တိုးၾကရေအာင္"

"ဟင္"

"ငါမင္းကိုဝိုက္ေတာ့မယ္လို႔"

ဒါအိမ္မက္မဟုတ္လား။
ခုနကမက္သလိုထပ္မက္ျပန္ၿပီ။သူၿပံဳးျပေနတယ္။
ဘတ္ခ္ဟြၽန္းမင္းအိမ္မက္ကႏိုးထသင့္ၿပီ။

"အြမ္း....ခ်န္း-ဟ့-ဘာ လုပ္"

ဘတ္ခ္ဟြၽန္းစကားေျပာခ်ိန္မရိွေလာက္ေအာင္
သူ႕ႏႈတ္ခမ္းနဲ႔အတင္းအၾကပ္ဖိထားသည္။ အဟင့္
ငိုခ်င္တာငိုလိုမရေအာင္ဖိကိုက္ထားေတာ့ အသံမထြက္ေပမယ့္
မ်က္ရည္တို႔ကေတာ့စီးက်လာသည္။

ခ်န္းေယာလ္ဘတ္ခ္ဟြၽန္းမ်က္ရည္ေတြေတြ႕မွလြတ္ေပးလိုက္ကာ
မ်က္ရည္တို႔ကိုခပ္ဖြဖြသုတ္ေပးမိသည္။

"အိမ္မက္မဟုတ္ဘူး မငိုနဲ႔ ေမာင္ငိုတာမႀကိဳက္ဘူး"

"ေမာင္! "

"အင္း ေမာင္လို႔ေခၚပါလား"

"မေခၚဘူး ငိုတာႀကိဳက္ႀကိဳက္မႀကိဳက္ႀကိဳက္မင္းအပူပါလား"

" ေမာင့္ အပူဘဲ ေမာင္နမ္းလို႔ငိုတာမဟုတ္ဘူးလား"

"မႀကိဳက္ဘူးလို႔ လာမေျပာနဲ႔ ဟင့္ ဟင့္
မင္းေကာင္မကိုသြားေခၚခိုင္းပါလား
ငါ့ကိုကစားေနတာလား ငါမင္းကိုမႀကိဳက္ဘူး ဟင့္"

"အိုေခ မငိုနဲ႔ေနာ္ ေမာင္ေျပာမယ္''

"ေမာင္မဟုတ္ဘူးလို႔ ဟင့္"

"အင္းပါ ေမာင္အသည္းကလဲကြာ ကေလးက်ေနတာဘဲ"

"လာၿပီးအ႐ူးမလုပ္နဲ႔ ဟင့္ မင္းမွာမနက္ကအထိမင္းခြၽဲမီရာနဲ႔-
ေတာ္ၿပီငါအိမ္ျပန္ေတာ့မယ္ ဟင့္"

ဆိုဖာေပၚထကာျပန္မည္ျပဳေနေသာဘတ္ခ္ဟြၽန္း
ကိုယ္ေလးကိုဆြဲခ်ကာ ေပါင္ေပၚတင္လိုက္သည္။
နီရဲမို႔အစ္ေနေသာမ်က္ခြံေလးေတြကိုေသခ်ာအနမ္းေပးလိုက္သည္။
တ႐ံႈ႕႐ံႈ႕နဲ႔လုပ္ေနတဲ့သူ႕ကို႐ုန္းလို႔မရေအာင္အတင္းခ်ဴပ္ၿပီး
ႏႈတ္ခမ္းေလးေတြကိုရန္ရွာလိုက္သည္။

"မလုပ္နဲ႔ေတာ့လို႔ ဟင့္"

"အာ့ဆိုမငိုနဲ႔ေတာ့ေလ"

"မ်က္ရည္ကသူ႕ဟာသူက်လာတာႀကီးကိုလို႔ အီးဟီး"

"အင္း အင္း ဟုတ္တယ္ ေမာင့္အသည္းအတြက္မုန္႔ဝယ္ထားေသးတယ္
မငိုနဲ႔ေနာ္ စားမယ္မလား"

"......."ေခါင္းတစ္ဆက္ဆက္ညိမ့္ျပ။

အား.... ခ်စ္ဖို႔ေကာင္းလိုက္တာ။

ခ်န္းေယာလ္ဘတ္ခ္ဟြၽန္းကိုေပါင္ေပၚကခ်လိုက္ေတာ့
ၿငိမ္ၿငိမ္ေလးဘဲရိွေနသည္။ တစ္ခ်က္တစ္ခ်က္ေတာ့႐ိႈက္သံ
ထြက္ေနတုန္း။ ဆံပင္ေလးကိုဆြဲဖြေတာ့ ေမာ့ၾကည့္သည္။
အူေၾကာင္ေၾကာင္မ်က္ဝန္းေလးနဲ႔။ စစေတြ႕ခ်င္းကတည္းက
သူ႕ကိုဆြဲေဆာင္ႏိုင္ခဲ့တဲ့မ်က္လံုးေလး ၿပီးေတာ့လက္သြယ္သြယ္ေလးေတြ။

"ခနထိုင္ေနအံုးေနာ္"

ခ်န္းေယာလ္ေရခဲေသတၱာဘက္ေလွ်ာက္သြားကာ
စေတာ္ဘယ္ရီတစ္ဗူးယူလိုက္သည္။ မင္းနဲ႔တူလို႔ဝယ္လာတာ။
မင္းရွက္ေနရင္ရဲတက္လာတဲ့ပါးမို႔မို႔ေလးေတြကစေတာ္ဘယ္ရီသီး
ေလးေတြလိုဘဲ။

ခ်န္းေယာလ္ျပန္လာေတာ့လဲထိုေနရာတြင္သာပံု႔ပံု႔ေလးထိုင္ကာ
လက္သည္းကိုက္လ်က္ဘာကိုအသည္းအသန္ေတြးေနမွန္းမသိ။
ခ်န္းေယာလ္ဝင္ထိုင္သည္အထိတုတ္တုတ္မလႈပ္ေသး။
ခ်န္းေယာလ္သူ႕ကိုက္ေနတဲ့လက္ေလးကိုဖယ္လိုက္ၿပီး

"ဘာေတြေတြးေနတာလဲ"

"ခ်န္းေယာလ္ ဒါကတစ္ကယ္လား"

"ဘာကလဲ"

စေတာ္ဘယ္ရီဗူးေလးကိုအဖြင့္မပ်က္ေျဖလိုက္သည္။

"ခုနကေျပာတာေတြကေလ-တစ္ကယ္လား ဟင့္"

"ဟာ... ဘာလို႔ထပ္ငိုျပန္တာတုန္း ခုနကတိတ္ေနၿပီကို"

"ဟင့္ ဟင့္ ေတာ္ၿပီ မင္းငါ့ကိုမလွည့္စားနဲ႔ေတာ့"

"ကြာ... မငိုနဲ႔ေတာ့ဆိုကြာ ငါစိတ္မရွည္ဘူးေနာ္ ဘတ္ခ္ဟြၽန္း "

"ေတြ႕လား အီးဟီး အိမ္ျပန္မယ္"

ေနာက္ဆံုးေတာ့ခ်န္းေယာလ္ဘဲသက္ျပင္းခ်ကာ
ေခ်ာ့ဖို႔ျပင္ရသည္။ ဘတ္ခ္ဟြၽန္းကိုယ္ေလးကိုေကာက္ေပြ႕
လိုက္ေတာ့အသည္းအသန္႐ုန္းေနသည္။ ကိုယ္လံုးေသးေသး
ေလးကိုေပါင္ေပၚတင္ထားရင္း

"ကိုယ္စိတ္မရွည္တာ ဘတ္ခ္သိတယ္မလား
မနက္ကေတာင္ဘတ္ခ္ကိုေအာ္လိုက္ေသးတယ္
ဘတ္ခ္ကကိုယ္မႀကိဳက္တာေတြခနခနေျပာတယ္ေလ
ကိုယ္ကစိတ္မရွည္ရင္ေအာ္တယ္ ေအာ္ေတာ့ ဘတ္ခ္ကမႀကိဳက္ဘူး
ငိုတယ္ ငိုေတာ့ ကိုယ္စိတ္မရွည္ေတာ့ဘူး
အခုလဲဘတ္ခ္ကိုကိုယ္ဘယ္မွလွည့္စားလို႔လဲ
ကိုယ္စိတ္မပါရင္ဘာမွမလုပ္တတ္ဘူး မလုပ္ထားတဲ့ကိစၥေတြကိုလဲ
ေျဖရွင္းမျပခ်င္ဘူး ကိုယ္မိန္းမ႐ႈပ္တယ္ထင္ရင္မ႐ႈပ္ေအာင္
ဘတ္ခ္ဟြၽန္းကထိန္းေပးေလ ဘတ္ခ္ဟြၽန္းရိွေနေပးရင္
ကိုယ္ကဘယ္သူ႕ကိုလိုက္႐ႈပ္ေနရမွာလဲ ဟင္
ဒီအ႐ႈပ္ေလးတစ္ေယာက္လံုးရိွေနတာကို ဟမ္"

"ဟင့္ ဟင့္ ဘတ္ခ္ ဘတ္ခ္က-"

"ကိုယ္အရင္ကေကာင္မေလးေတြမ်ားခဲ့လို႔မယံုရဲတာမလား"

"....."မရဲတရဲေခါင္းၿငိမ့္ျပ။

"ကိုယ္အဲ့အတြက္အာမခံခ်က္မေပးႏိုင္ေပမယ့္
မင္းအတြက္ျဖစ္တည္လာမယ့္ကိုယ့္ကိုမင္းတေယာက္တည္းအတြက္ဘဲ
ခ်စ္တတ္လာေအာင္သင္ေပးေလ"

"ကိုယ့္ကိုခ်စ္တယ္မလား"

ႏွာထိပ္ဖ်ားနားရြက္ဖ်ားေတြရဲတြတ္ကာ
ေခါင္းျပန္ေမာ့မလာေတာ့။

"ဟင္ ေျဖပါအံုး"

"မနက္ကငိုေနတာကိုယ့္ေၾကာင့္မလား"

ဆတ္ခနဲေမာ့လာတဲ့ေခါင္း။
မ်က္လံုးေတြနီရဲကာမ်က္ရည္ေလးေတြေဝ့သီလာျပန္သည္။

"မင္းငါ့ကိုသနားလို႔အခုလိုေတြလုပ္ေနတာလား"

မ်က္ရည္တစ္စက္လိမ့္စီးက်ကာ႐ိႈက္ရင္းေျပာလာသည္။

"ဒီမွာၾကည့္ ဘတ္ခ္ဟြၽန္း ကိုယ္ေျပာမယ္"

အဲ့လိုၾကေတာ့လဲမ်က္လံုးေလးျပဴးကာၿငိမ္လ်က္
နားေထာင္ေနျပန္ၿပီ။ အူးယားစရာေလး။
ႏွာေခါင္းလံုးလံုးေလးကိုဆြဲညစ္ၿပီး

"ဘတ္ခ္ဟြၽန္း ကိုယ့္ကိုခ်စ္ေနတာကိုယ္သိတယ္ေလ
သိေတာ့လည္း စိတ္မဆိုးတဲ့အျပင္ ဘတ္ခ္ဟြၽန္းကိုလြတ္လြတ္လပ္လပ္
ခ်စ္ခိုင္းဖို႔ေျပာေနတာမဟုတ္ဘူးလား ကိုယ့္ဘက္ကလဲဘတ္ခ္ဟြၽန္း
ကိုစိတ္ဝင္စားေနတာမို႔ ကိုယ့္ကိုလဲခ်စ္တတ္လာေအာင္သင္ေပးဖို႔
ေတာင္းဆိုေနတာေလ ဟင္"

ထိုအခါမွမ်က္လံုးေလးလက္ကာ
ေခါင္းညိတ္လာသည္။ ကေလးေလးလိုပါဘဲကြာ။
စားပြဲေပၚကစေတာ္ဘယ္ရီသီးေလးကိုယူကာ ပါးစပ္ထဲ
ခြံ႕ေကြၽးလိုက္သည္။

"ေကာင္းလား"

မေျဖ။ ေခါင္းသာၿငိမ့္ျပၿပီး လက္ကေနာက္တစ္လံုးလွမ္းေနၿပီ။

"အာ့ဆိုအိမ္မျပန္နဲ႔ေတာ့"

"ဟင့္အင္း"

"ဘာလို႔လဲ မိုးေတာင္ခ်ဳပ္ေနၿပီေလ"

"ဟင့္အင္း မေန႔ကလဲျပန္မအိပ္လို႔မားေျပာေနတာ"

ပလုပ္ပေလာင္းစားၿပီးေျပာေနသည္မို႔
ပါးစပ္ထဲကအရည္တစ္ခ်ဳိ႕စီးက်တာကိုၾကည့္ရင္း စိတ္ထဲ
တစ္မ်ဳိးေလးလႈပ္ရွားသြားသည္။ အႏၲာရာယ္မ်ားလိုက္တာ။
စီးက်ေနတဲ့စေတာ္ဘယ္ရီသြားရည္တို႔ကိုဖြဖြသုတ္ေပးရင္း

"ဟင္း ကိုယ္ကမုန္႔ေတြအမ်ားႀကီးဝယ္ထားတာ"

"အိမ္ျပန္ရင္ယူသြားလိုက္မယ္ေလ"

"အလည္ေလး အတူမစားခ်င္ဘူးလား ကိုယ္နဲ႔"

"အင္း မားကိုဖုန္းဆက္ၾကည့္လိုက္မယ္"

ရက္စ္။
ခ်န္းေယာလ္ႀကိတ္ၿပံဳးလိုက္တာကိုေတာ့
အစားငမ္းေနတဲ့ေကာင္ေလးျမင္လိုက္မည္မဟုတ္။

_____________TBC

လိပ္ပတ္ခ္-1
အစားငမ္းတဲ့ေဘဘီ-0

///////////*********////////////

ဘတ်ခ်ဟျွန်းတစ်နေ့လုံး ကျောင်းမတက်ဘဲ
လျှောက်သွားနေတာ ဦးတည်ရာမရှိ။
တစ်ခါတစ်ခါငေးနေလို့ သူများအော်တာခံခဲ့ရသလို
မမြင်မကန်းနဲ့ဝင်တိုက်မိလို့
မနည်းတောင်းပန်ခဲ့ရတာတွေရော
အခုလည်း အတွေးကောင်းပြီး
ဘတ်စ်မှတ်တိုင်ကျော်သွားလို့ ပြန်လှည့်
လမ်းလျှောက်ပြန်နေရတဲ့အဖြစ်။ မားကိုစောစောပြန်ခဲ့မယ်ပြောကာမှ
မှတ်တိုင်ကျော်သည်ထိ အတွေးကောင်းနေသည့်
အဖြစ်ကို ခေါင်းကိုသာ သုံးလေးချက်လောက် နာနာထုလိုက်သည် အပြစ်ပေးတဲ့အနေဖြင့်။
ပြေးလိုက် တစ်ဝက်လမ်းလျှောက်တစ်ဝက်နဲ့ အရူးကြီးကြနေတာပဲ။

အိမ်ပြန်ရောက်တော့ တော်တော်ဟောဟဲဆိုက်နေပြီ။
မားကိုအကျိုးအကြောင်းပြောပြီး
အခန်းထဲသာတက်ခဲ့ပြီး ထိုးအိပ်လိုက်တော့သည်။ အိပ်မက်တောင် မက်လိုက်သေးသည်။
အိပ်မက်ထဲမှာ ချန်းယောလ်က သူ့ကိုနမ်းတယ်တဲ့။
ပြီးတော့ ပြုံးပြနေသေးတယ်။
ပါးချိုင့်ကြီးပေါ်အောင်ထိ ပြုံးနေတဲ့
ချန်းယောလ်ပါးချိုင့်ထဲကို သူကလက်ညိုးလေးဝင်အောင်ထိုးပြီး
ကလိနေတယ်တဲ့။

"တီ တီ တီ တီ တီ "

ဘယ်ကမြည်နေမှန်း
ချက်ချင်းဆို မခန့်မှန်းတတ်။
တဖြည်းဖြည်းမျက်လုံးကိုပွတ်ပြီး ဖြည်းဖြည်းချင်းဖွင့်လိုက်သည်။
သူကန့်လန့်ဖြတ်အိပ်နေရာဘေးက
လွယ်အိတ်ကမြည်တာပဲ
မမြင်ဖူးတဲ့နံပါတ်တစ်ခု။

"ဟယ်လို"

ပြန်ဖြေသံမကြားရ။

"ဟယ်လို"

"ဟယ်လို ဘယ်သူလဲ"

"ဟယ်လို မပြောချင်ရင် နောက်မဆက်နဲ့
အိပ်ရေးပျက်တယ်"

"ဟက်"

ချန်းယောလ် သဘောတကျကို ရယ်လိုက်သည်။
အပြင်ကအတိုင်းပဲ အသံကစူးနေတာပဲ။

"ဘာရယ်တာလဲ ဘယ်သူလဲ"

"အဟမ်း ငါ.. ဘာလို့အတန်းမတက်တာလဲ"

"ပတ်ခ်ချန်းယောလ်! ဘာကိစ္စလဲ"

"အစောကြီးဘာလို့အိပ်နေတာလဲ
နေမကောင်းဘူးလား"

"မင်းနဲ့မဆိုင်ဘူး အဟင့်"

အသံကိုထိန်းပြောနေရင်းမှကို
ရှိုက်သံတစ်စထွက်သွားသေး။
မေ့ထားတဲ့ဟာကို ဘာလို့အစပြန်ဖော်လဲ ဘာတွေဂရုစိုက်ချင်ယောင် ဆောင်နေပြန်တာလဲ။

"ဘတ်ခ်ဟျွန်း ငိုနေတာလား
နေမကောင်းဘူးလား ဘတ်ခ်ဟျွန်း"

"မခေါ်နဲ့ မင်းနဲ့မဆိုင်ဘူး လာလည်းမမေးနဲ့
နောက်ခါလည်းဖုန်းမဆက်နဲ့"

ဖုန်းမဆက်နဲ့ဆိုပြီး ဖုန်းတော့မချသေး။
ချန်းယောလ်ရယ်ချင်စိတ်ကိုထိန်းကာ

"အိမ်လာခဲ့"

"သေတောင်မလာဘူး မင်းအိမ်ကို
ဘာလို့ငါ့လာခေါ်နေတာလဲ
မင်းကောင်မလေးကို မင်းခေါ်ပါလား
ဘာလဲ ငါကခေါ်တိုင်းလိုက်မယ်လို့ ထင်နေတာလား ခွေးလိုကောင် $#‰&"

"ဟက် ဟက် အိမ်ကိုလာခဲ့နော်
မင်းကြိုက်တဲ့မုန့်ဝယ်ထားတယ်"

"မလာဘူးလို့ပြောနေတယ်လေ
ဘာမုန့်လဲ ဟင့်"

"အင်း အစုံပဲ စားချင်တာရှိရင် ထပ်ပြောလေ
ဝယ်ပေးထားမယ်''

"မလာဘူးလို့ပြောနေတယ်လေ
မလာဘူး မလာဘူး သေတောင်မလာဘူး"

"မလာလို့မရဘူး
စာတမ်းလုပ်ရမှာမလို့ လာခေါ်ရမလား"

"မလိုဘူး စာတမ်းက တကယ်လား"

"အင်း လာခဲ့နော်"

>>>>>>>>>>><<<<<<<<<<

"ဘာလို့ကြာနေတာလဲ
ရေချိုးခဲ့တာလား မိုးချုပ်နေပြီကိုကွာ"

ဘတ်ခ်ဟျွန်းဂရုမစိုက်ချင် သူ့စကားတွေက အပေါ်ယံပြောနေပေမဲ့
သူကတော့ ရင်ဘတ်ကြီးနဲ့ခံစားကာ
သာယာနေခဲ့တာ။ နားမယောင်နဲ့။

"ဘယ်မလဲ စာတမ်းလုပ်ရအောင်က"

"ခေါင်းအရင်သုတ်ရအောင်"

ဘတ်ခ်ဟျွန်းဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။
သူကတော့ အခန်းထဲက တဘက်တစ်ခုယူကာ
ထွက်လာသည်။
ဘတ်ခ်ဟျွန်းသက်ပြင်းတစ်ခုသာ ချလိုက်သည်။
သူ့မေ့ထားချင်တဲ့ကိစ္စတွေကို တစ်ခုပြီးတစ်ခု လာလုပ်နေသလိုပဲ။

"ပေး ငါ့ဟာငါသုတ်မယ်"

"မလိုဘူး ငါသုတ်ပေးချင်လို့ယူလာတာ
ကိုယ့်ဘာသာကိုယ်သုတ်ချင်ရင် ကိုယ့်ဟာကိုယ်သွားယူ"

သူနဲ့ပြိုင်မပြောချင်တာမလို့
အသာငြိမ်ခံနေလိုက်သည်။

"ကလေးပေါက်စလေးတွေလိုပဲ
ပျော့စင်းနေတာပဲ မွှေးလည်းမွှေးနေရော"

သူကဆံပင်တွေကိုဖွကာ အနံခံကြည့်နေတာမလို့
ဘတ်ခ်ဟျွန်းရှောင်လိုက်သည်။

"ပြီးပြီမလား ဖယ်တော့"

"အင်း မနက်ကကျောင်းလာပြီး ဘာလို့မတက်တာလဲ
နေမကောင်းလို့လား တခုခုဖြစ်လို့လား"

"မဆိုင်တာတွေမမေးနဲ့ စာလုပ်မယ်"

"ဟင် ပြောပါ သိချင်တယ် "

"ဘယ်လိုဖြစ်ချင်တာလဲ စာမလုပ်ရင် ငါပြန်တော့မယ်
မင်းနဲ့ထပ်ပြီးမပက်သက်ချင်တော့ဘူး
မရေမရာ ဟိုမရောက်ဒီမရောက်
ဆက်ဆံရေးကို ရပ်လိုက်ကျရအောင်"

"ငါက အခုမှစမလို့ကို"

"ဟင်"

"ငါနဲ့ ရှေ့ဆက်တိုးဖို့ အစီအစဉ်မရှိဘူးလား ဟင်"

"ဟင်"

"ငါတော့မင်းနဲ့ပက်သတ်ချင်သေးတယ်"

အံ့ဩကာပွင့်ဟနေသော
ပါးစပ်သေးသေးလေးကို
တစ်ချက်နမ်းလိုက်သည်။

"ဘာလုပ်တာလဲ"

"ငါတို့နှစ်ယောက်ဆက်ဆံရေးကို
ရှေ့ဆက်တိုးကြရအောင်"

"ဟင်"

"ငါမင်းကို လိုက်တော့မယ်လို့"

ဒါအိပ်မက်မဟုတ်လား။
ခုနကမက်သလို ထပ်မက်ပြန်ပြီ။ သူပြုံးပြနေတယ်။
ဘတ်ခ်ဟျွန်း မင်းအိပ်မက်က နိုးထသင့်ပြီ။

"အွမ်း....ချန်း-ဟ့-ဘာ လုပ်"

ဘတ်ခ်ဟျွန်းစကားပြောချိန်မရှိလောက်အောင်
သူ့နှုတ်ခမ်းနဲ့ အတင်းအကြပ်ဖိထားသည်။
အဟင့် ငိုချင်တာငိုလိုမရအောင် ဖိ
ကိုက်ထားတော့ အသံမထွက်ပေမဲ့ 
မျက်ရည်တို့ကတော့ စီးကျလာသည်။

ချန်းယောလ်ဘတ်ခ်ဟျွန်းမျက်ရည်တွေတွေ့မှ လွတ်ပေးလိုက်ကာ မျက်ရည်တို့ကို
ခပ်ဖွဖွသုတ်ပေးမိသည်။

"အိပ်မက်မဟုတ်ဘူး မငိုနဲ့ မောင်ငိုတာမကြိုက်ဘူး"

"မောင်! "

"အင်း မောင်လို့ခေါ်ပါလား"

"မခေါ်ဘူး ငိုတာကြိုက်ကြိုက်
မကြိုက်ကြိုက် မင်းအပူပါလား"

" မောင့် အပူပဲ မောင်နမ်းလို့ငိုတာမဟုတ်ဘူးလား"

"မကြိုက်ဘူးလို့ လာမပြောနဲ့ ဟင့် ဟင့်
မင်းကောင်မကို သွားခေါ်ခိုင်းပါလား
ငါ့ကိုကစားနေတာလား ငါမင်းကိုမကြိုက်ဘူး ဟင့်"

"အိုခေ မငိုနဲ့နော် မောင်ပြောမယ်''

"မောင်မဟုတ်ဘူးလို့ ဟင့်"

"အင်းပါ မောင်အသည်းကလဲကွာ
ကလေးကျနေတာပဲ"

"လာပြီး အရူးမလုပ်နဲ့ ဟင့်
မင်းမှာမနက်ကအထိ မင်းချွဲမီရာနဲ့-
တော်ပြီ ငါအိမ်ပြန်တော့မယ် ဟင့်"

ဆိုဖာပေါ်ထကာ ပြန်မည်ပြုနေသော ဘတ်ခ်ဟျွန်း
ကိုယ်လေးကို ဆွဲချကာ ပေါင်ပေါ်တင်လိုက်သည်။
နီရဲမို့အစ်နေသောမျက်ခွံလေးတွေကို
သေချာအနမ်းပေးလိုက်သည်။
တရှုပ်ရှုပ်နဲ့လုပ်နေတဲ့သူကို ရုန်းလို့မရအောင်
အတင်းချူပ်ပြီး နှုတ်ခမ်းလေးတွေကို ရန်ရှာလိုက်သည်။

"မလုပ်နဲ့တော့လို့ ဟင့်"

"အဲဒါဆို မငိုနဲ့တော့လေ"

"မျက်ရည်က သူ့ဟာသူကျလာတာကြီးကိုလို့ အီးဟီး"

"အင်း အင်း ဟုတ်တယ်
မောင့်အသည်းအတွက်
မုန့်ဝယ်ထားသေးတယ်
မငိုနဲ့နော် စားမယ်မလား"

"..."ခေါင်းတဆတ်ဆတ်ညိတ်ပြ။

အား.... ချစ်ဖို့ကောင်းလိုက်တာ။

ချန်းယောလ်ဘတ်ခ်ဟျွန်းကို
ပေါင်ပေါ်ကချလိုက်တော့
ငြိမ်ငြိမ်လေးပဲ ရှိနေသည်။
တစ်ချက်တစ်ချက်တော့
ရှိုက်သံထွက်နေတုန်း။
ဆံပင်လေးကို ဆွဲဖွတော့ မော့ကြည့်သည်။
အူကြောင်ကြောင်မျက်ဝန်းလေးနဲ့။
စစတွေ့ချင်းကတည်းက
သူ့ကိုဆွဲဆောင်နိုင်ခဲ့တဲ့ မျက်လုံးလေး
ပြီးတော့ လက်သွယ်သွယ်လေးတွေ။

"ခဏထိုင်နေအုံးနော်"

ချန်းယောလ်ရေခဲသေတ္တာဘက်
လျှောက်သွားကာ စတော်ဘယ်ရီတစ်ဘူး
ယူလိုက်သည်။ မင်းနဲ့တူလို့ဝယ်လာတာ။
မင်းရှက်နေရင် ရဲတက်လာတဲ့ ပါးမို့မို့လေးတွေက စတော်ဘယ်ရီသီးလေးတွေလိုပဲ။

ချန်းယောလ်ပြန်လာတော့လည်း
ထိုနေရာတွင်သာ ပုံ့ပုံ့လေးထိုင်ကာ
လက်သည်းကိုက်လျက် ဘာကိုအသည်းအသန်တွေးနေမှန်းမသိ။
ချန်းယောလ်ဝင်ထိုင်သည်အထိ တုတ်တုတ်မလှုပ်သေး။
ချန်းယောလ်သူ့ကိုက်နေတဲ့လက်လေးကို ဖယ်လိုက်ပြီး

"ဘာတွေတွေးနေတာလဲ"

"ချန်းယောလ် ဒါကတကယ်လား"

"ဘာကလဲ"

စတော်ဘယ်ရီဘူးလေးကို
အဖွင့်မပျက်ဖြေလိုက်သည်။

"ခုနကပြောတာတွေကလေ-တကယ်လား ဟင့်"

"ဟာ... ဘာလို့ထပ်ငိုပြန်တာတုန်း ခုနကတိတ်နေပြီကို"

"ဟင့် ဟင့် တော်ပြီ မင်းငါ့ကိုမလှည့်စားနဲ့တော့"

"ကွာ... မငိုနဲ့တော့ဆိုကွာ
ငါစိတ်မရှည်ဘူးနော် ဘတ်ခ်ဟျွန်း "

"တွေ့လား အီးဟီး အိမ်ပြန်မယ်"

နောက်ဆုံးတော့ ချန်းယောလ်ပဲ သက်ပြင်းချကာ
ချော့ဖို့ပြင်ရသည်။ ဘတ်ခ်ဟျွန်းကိုယ်လေးကို
ကောက်ပွေ့လိုက်တော့ အသည်းအသန်ရုန်းနေသည်။ ကိုယ်လုံးသေးသေးလေးကို ပေါင်ပေါ်တင်ထားရင်း

"ကိုယ်စိတ်မရှည်တာ ဘတ်ခ်ဟျွန်းသိတယ်မလား
မနက်ကတောင် ဘတ်ခ်ဟျွန်းကိုအော်လိုက်သေးတယ်
ဘတ်ခ်ဟျွန်းက ကိုယ်မကြိုက်တာတွေ ခဏခဏပြောတယ်လေ
ကိုယ်ကစိတ်မရှည်ရင် အော်တယ်
အော်တော့ ဘတ်ခ်ဟျွန်းကမကြိုက်ဘူး ငိုတယ်
ငိုတော့ ကိုယ်စိတ်မရှည်တော့ဘူး
အခုလည်း ဘတ်ခ်ဟျွန်းကို ကိုယ်ဘယ်မှာလှည့်စားလို့လဲ
ကိုယ်စိတ်မပါရင် ဘာမှမလုပ်တတ်ဘူး မလုပ်ထားတဲ့ကိစ္စတွေကိုလည်း ဖြေရှင်းမပြချင်ဘူး ကိုယ်မိန်းမရှုပ်တယ်ထင်ရင် မရှုပ်အောင်
ဘတ်ခ်ဟျွန်းကထိန်းပေးလေ ဘတ်ခ်ဟျွန်းရှိနေပေးရင်
ကိုယ်ကဘယ်သူ့ကို လိုက်ရှုပ်နေရမှာလဲ ဟင်
ဒီအရှုပ်လေးတစ်ယောက်လုံးရှိနေတာကို ဟမ်"

"ဟင့် ဟင့် ငါက ငါက-"

"ကိုယ်အရင်က ကောင်မလေးတွေ
များခဲ့လို့ မယုံရဲတာမလား"

"..."မရဲတရဲခေါင်းညိတ်ပြ။

"ကိုယ်အဲအတွက် အာမခံချက်မပေးနိုင်ပေမဲ့
မင်းအတွက်ဖြစ်တည်လာမဲ့ ကိုယ့်ကို မင်းတယောက်တည်းအတွက်ပဲ
ချစ်တတ်လာအောင် သင်ပေးလေ"

"ကိုယ့်ကိုချစ်တယ်မလား"

နှာထိပ်ဖျားနားရွက်ဖျားတွေ ရဲတွတ်ကာ
ခေါင်းပြန်မော့မလာတော့။

"ဟင် ဖြေပါအုံး"

"မနက်ကငိုနေတာ ကိုယ့်ကြောင့်မလား"

ဆတ်ခနဲမော့လာတဲ့ခေါင်း။
မျက်လုံးတွေနီရဲကာ မျက်ရည်လေးတွေ
ဝေ့သီလာပြန်သည်။

"မင်းငါ့ကိုသနားလို့ အခုလိုတွေလုပ်နေတာလား"

မျက်ရည်တစ်စက်လိမ့်စီးကျကာ ရှိုက်ရင်းပြောလာသည်။

"ဒီမှာကြည့် ဘတ်ခ်ဟျွန်း ကိုယ်ပြောမယ်"

အဲလိုကြတော့လည်း မျက်လုံးလေးပြူးကာ ငြိမ်လျက်နားထောင်နေပြန်ပြီ။ အူးယားစရာလေး။
နှာခေါင်းလုံးလုံးလေးကို ဆွဲညစ်ပြီး

"ဘတ်ခ်ဟျွန်း ကိုယ့်ကိုချစ်နေတာ ကိုယ်သိတယ်လေ
သိတော့လည်း စိတ်မဆိုးတဲ့အပြင်
ဘတ်ခ်ဟျွန်းကို လွတ်လွတ်လပ်လပ်
ချစ်ခိုင်းဖို့ ပြောနေတာမဟုတ်ဘူးလား
ကိုယ့်ဘက်ကလည်း ဘတ်ခ်ဟျွန်း
ကိုစိတ်ဝင်စားနေတာမလို့  ကိုယ့်ကိုလည်း ချစ်တတ်လာအောင်သင်ပေးဖို့
တောင်းဆိုနေတာလေ ဟင်"

ထိုအခါမှ မျက်လုံးလေးလက်ကာ
ခေါင်းညိတ်လာသည်။ ကလေးလေးလိုပါပဲကွာ။
စားပွဲပေါ်က စတော်ဘယ်ရီသီးလေးကိုယူကာ
ပါးစပ်ထဲခွံ့ကျွေးလိုက်သည်။

"ကောင်းလား"

မဖြေ။ ခေါင်းသာညိတ်ပြပြီး
လက်က နောက်တစ်လုံးလှမ်းနေပြီ။

"အဲဒါဆို အိမ်မပြန်နဲ့တော့"

"ဟင့်အင်း"

"ဘာလို့လဲ မိုးတောင်ချုပ်နေပြီလေ"

"ဟင့်အင်း မနေ့ကလည်း ပြန်မအိပ်လို့ မားပြောနေတာ"

ပလုတ်ပလောင်းစားပြီး ပြောနေသည်မလို့
ပါးစပ်ထဲကအရည်တချို့စီးကျတာကိုကြည့်ရင်း
စိတ်ထဲ တစ်မျိုးလေးလှုပ်ရှားသွားသည်။ အန္တရာယ်များလိုက်တာ။
စီးကျနေတဲ့စတော်ဘယ်ရီသွားရည်တို့ကို
ဖွဖွသုတ်ပေးရင်း

"ဟင်း ကိုယ်ကမုန့်တွေအများကြီးဝယ်ထားတာ"

"အိမ်ပြန်ရင် ယူသွားလိုက်မယ်လေ"

"အလည်လေး အတူမစားချင်ဘူးလား ကိုယ်နဲ့"

"အင်း မားကိုဖုန်းဆက်ကြည့်လိုက်မယ်"

ရက်စ်။
ချန်းယောလ်ကြိတ်ပြုံးလိုက်တာကိုတော့
အစားငမ်းနေတဲ့ကောင်လေး မြင်လိုက်မည်မဟုတ်။

_____________TBC

လိပ်ပတ်ခ်-1
အစားငမ်းတဲ့ဘေဘီ-0

Continue Reading

You'll Also Like

139K 1.9K 37
Imagines about our cheeky Irish lad. These are all imagines of Niall after 1D but the other boys will be included in some parts. (I do take requests)
64.6K 3.9K 29
[FANTASY] Larriance sebuah negara yang dijuluki dengan kemodenannya, kemegahannya, kekayaannya. Jauh dari kemondenan negara itu terdapat satu desa ke...
283K 6.1K 33
In wich a one night stand turns out to be a lot more than that.
1.6K 64 8
girlhood rots between my teeth, a sickness so sweet, it aches. 𝗥𝗘𝗜𝗚𝗡 S3 - S4 →﹐ from the heart of the ottoman empire to the opulent courts of f...