ေႁခြ (ခြွေ) (Completed)

By shanemann622

1.3M 131K 4.3K

သင့်နှလုံးသားကို တမြေ့မြေ့ ခြွေယူသွားမယ့် ခြွေ.........။ သင့္ႏွလုံးသားကို တေျမ့ေျမ့ ေႁခြယူသြားမယ့္ ေႁခြ... More

Author
part 1(Z+U)
part 2(Z+U)
part 3(Z+U)
part 4(Z+U)
part 5(Z+U)
part 6(Z+U)
part 7(Z+U)
part 8(Z+U)
part 9 (Z+U)
part 10(z+u)
part 11(Z+U)
part 12 (Z+ U)
part 13(Z+U)
part 14(z+u)
part 15(z+u)
part 16(Z+U)
part 17(z+u)
part 18(z+u)
Part 19(Z+U)
part 20 (Z+ U)
part 21(Z+U)
part 22(Z+U)
part 23(z+u)
part 24(Z+U)
part 25(Z+U)
part 25(2)[Z+U]
part 26(Z+U)
part 27(z+u)
part 28(Z+U)
part 29(Z+U)
part 30(Z+U)
part 31(z+u)
part 32(z+u)
part 33(z+u)
part 34(z+u)
part 35(z+u)
part 36(z+u)
part 37(z+u)
part 39(z+u)
part 40(z+u)
part 41(z+u)
part 42(z+u)
part 43(z+u)
part 44/A(z+u)
part 44/B(z+u)
part 45(z+u)
part 46(z+u)
part 47(z+u)
part 48(z+u)
part 49(z+u)
part 50(z+u)
part 51(z+u)
Final (z+u)
Extra 1(z+u)
Extra 2(z+u)
Extra 3(z+u)
Extra 4(z+u)
Extra End(z+u)
ေက်းဇူးတင္လႊာ(ေက်းဇူးတင္လႊာ)
Book Detail
အနူးအညွှန့်တောင်းပန်ခြင်း
special extra 1
special extra 2

part 38(z+u)

16.4K 1.7K 67
By shanemann622

မူးေနာက္ေနတဲ့ ေခါင္းနဲ႔ ေလးလံလြန္းသည့္ စိတ္တို႔ႏွင့္အတူ ေဂ် မနက္ခင္းတစ္ခုကို ႏိုးထလာခဲ့သည္။ ညက အေတြးမ်ားျဖင့္ တစ္ညလုံး ေဂ် မအိပ္ႏိုင္ခဲ့ဘူး။ တစ္ညလုံး စဥ္းစားဆုံးျဖတ္ရင္း အေျဖတစ္ခုက္ုို ေဂ်႐ွာေနမိသည္။ မနက္ ေဝလီေဝလင္းအခ်ိန္ေရာက္ေတာ့မွ ေဂ် ေသခ်ာခိုင္မာသည့္ ဆုံးျဖတ္ခ်က္တစ္ခုက္ုိ ခ်လိုက္သည္။

ဘဝတစ္ေလ်ွာက္ အမွားေတြလုပ္လာတာမ်ားေနၿပီ။ မိသားစုမ႐ွိ တစ္ေကာင္ႂကြက္ဘဝႏွင့္ ဘဝကိုငယ္ငယ္ကတည္းကတစ္ေယာက္တည္း႐ုန္းကန္လာခဲ့ရတာ ။ ကိုယ့္ဘဝ အျမင့္ကိုေရာက္ဖို႔ သူမ်ားဘဝေတြကို နင္းေခ်ေပးခဲ့ရတာ.....။ ေတြးၾကည့္ရင္ ေဂ့်ဘဝက အကုသိုလ္ေတြခ်ည္းပဲ။ အျပစ္ေတြထဲက တစ္ခုက္ုိေဆးေၾကာဖို႔ ေဂ် ဒီေလာက္ေတာ့ေပးဆပ္ရမွာေပါ့။ ေယာက်္ား ပဲ လုပ္ရဲရင္ ခံရဲရမယ္။

ေရမိုးခ်ိဳး အဝတ္စားလဲၿပီး ေဂ့်တစ္ကိုယ္လုံး၌ အေကာင္းဆုံးဆိုသည့္နာမည္ႀကီး တံဆိပ္ ပစၥည္းေတြခ်ည္းပဲ တန္ဆာဆင္လိုက္သည္။ နာမည္ႀကီး ျပင္သစ္ေရေမႊး ၊ တန္ဖိုးႀကီး နာရီ၊ brand ဆိုသည့္ ေစ်းႀကီးဆုံး အဝတ္အစား ၊ Gucci ခါးပတ္ ၊ Gucci အိတ္....စသည့္ ေစ်းအႀကီးဆုံးနဲ႔ တန္ဖိုးႀကီးပစၥည္းမ်ားကို ေဂ် ဆင္ျမန္းသည္။ ထို႔ေနာက္ တစ္ဖ်က္ဖ်က္ေတာက္ပေနသည့္ ရင္ထိုးေလးကို ေဂ် စိုက္ၾကည့္ကာ ျပံဳးလိုက္သည္။ မဟူရာေရာင္ ဘူးလွလွေလးအတြင္းမွ ေသြးေရာင္ ပတၱျမားပြင့္ဖက္ေလးတို႔ဝန္းရံထားၿပီး အလယ္၌ စိန္တစ္လုံးက လက္ခနဲ။ ရင္ထိုးမွာ ႏွင္းဆီပန္း အနီရဲရဲပုံျဖစ္ၿပီး အ႐ိုးတံမွာ အရည္ႂကြေနသည့္ ေက်ာက္စိမ္းမ်ားျဖင့္ စီခ်ယ္ထားသည္။ၾကည့္လိုက္တာႏွင့္ သိန္းရာဂဏန္းမက ေထာင္ဂဏန္းေလာက္နီးနီး႐ွိေသာ ထို တန္ဖိုးႀကီး ရင္ထိုးေလးအား ေဂ်ၾကည့္ရင္း ပုံေဖာ္ၾကည့္မိသည္။

" အင္းးးး baby နဲ႔ဆို သိပ္လိုက္မွာပဲ "

လက္မွ နာရီအား တစ္ခ်က္ၾကည့္၍ နက္ျပာေရာင္ ကားေလးထဲ ေဂ် ဟန္ပါပါေလ်ွာက္လွမ္းသြား၏ ။ အၤက်ီ အိတ္ကပ္ထဲ၌ ထည့္ထားသည့္ ရင္ထိုးဘူးေလးကို ေဂ် စမ္းရင္း ၾကည္ႏူးေနမိသည္။ တစ္ေရြ႔ေရြ႔ႏွင့္ ေမာင္းႏွင္လာခဲ့တာ..........အခုဆို ေႁခြ၏ အိမ္ေ႐ွ႕ပင္ ေရာက္လာခဲ့သည္။ ေစ့ပိတ္ထားသည့္ ျခံတံခါးမွ အိမ္ထဲသို႔ လွမ္းေမ်ွာ္ၾကည့္လိုက္ေတာ့ အိမ္တံခါးမႀကီးပါ ပိတ္ထားသည္မို႔ ေဂ် နာရီအား ျပန္ၾကည့္မိေလသည္။

"အာ....ဟုတ္သားပဲ အခုမွ ၇နာရီပဲ႐ွိေသးတာ baby အိပ္တုန္းေပါ့ "

ႏိုးလာတဲ့အထိ ဆက္ေစာင့္ေနရမလား......ႏိႈးပဲႏိႈးလိုက္ရမလား ေဂ် ေတြးေနမိသည္။ သို႔ေပမယ့္ ဒီအခ်ိန္ဟာ သူ႔အတြင္ တစ္စကၠန္႔ကအစ တန္ဖိုး႐ွိသည္မို႔ အိတ္ကပ္ထဲမွ ဖုန္းအား ႏိႈက္ယူ၍ ေႁခြ႔အား ဖုန္းေခၚလိုက္၏။

"တူ......တူ......တူ......."

"Hello....."

အနည္းငယ္ၾကာမွ ဝင္သြားသည့္ ဖုန္းေလးထဲမွ ျပန္ၾကားရသည့္ အိပ္ခ်င္မူးတူးအသံေလးေၾကာင့္ ေဂ် ႏႈတ္ခမ္းတို႔ အလိုလို တြန္႔တက္သြားသည္။

" baby အိပ္ေနတုန္းလား "

"ဘယ္သူ.....ေျသာ္....ေဂ် .....၊ အင္း ဘာျဖစ္လို႔လဲ "

" ဒီေန႔ ကိုယ္နဲ႔ date ၾကမလား baby "

"ဗ်ာ...."

" အင္းးးးး ဒီေန႔က ကိုယ္မင္းကို ေတြ႔ရတာ ေနာက္ဆုံးေန႔လည္းျဖစ္ႏိုင္တယ္ အဲ့ဒီ့ေတာ့ ကိုယ့္ကို ေနာက္ဆုံးအေနနဲ႔ ဒီေန႔ တစ္ေန႔ေလးပဲ မင္းရဲ႕ အခ်ိန္ေလးေတြ ေပးပါလား တမာန္ ကိုယ္ ေတာင္းဆိုတာပါ ဒီေန႔ကုန္ဆုံးသြားရင္ေတာ့ ကိုယ္က မင္းျဖစ္ေစခ်င္တဲ့အတိုင္း ကိုယ္လုပ္သြားမွာပါ တမာန္ "

"......."

"Hello baby....hello...တမာန္.."

တစ္ဖက္မွ သိသိသာသာ တိတ္ဆိတ္သြားတာေၾကာင့္ ေဂ် ေခၚလိုက္သည္။ သက္ျပင္းခ်သံေလးက ေဂ့်နားထဲသို႔ ေလလိုင္းထဲမွတစ္ဆင့္ တိုးဝင္သြား၏။

" က်ေနာ္ ဘယ္လာခဲ့ရမလဲ "

ခပ္တိုးတိုး စကားေလးက ေဂ့်ရင္ေတြ ခုန္မတတ္ပင္ေပ်ာ္ရႊင္သြားရျပန္သည္။

" ကိုယ္ အခု baby အိမ္ေ႐ွ႕မွာ "

"ေျသာ္....ဒါဆို ခဏေလးပဲေစာင့္ေပးပါ က်ေနာ္ထြက္လာခဲ့မယ္ေနာ္ "

"ဟုတ္ၿပီ baby ကိုယ္ေစာင့္ေနမယ္ "

ေႁခြ ဖုန္းခ်လိုက္ၿပီး အိပ္ယာေဘး႐ွိ စားပြဲ၌ ဖုန္းတင္လိုက္ကာ အိပ္ယာထပ္၌ အိပ္ေမာက်ေနသည့္ ရိပ္ထင္ မ်က္ႏွာအား ေငးၾကည့္ေနမိသည္။ သူ႔လုပ္ရပ္ေတြ မွန္ရဲ႕လား မသိေပမယ့္ ေႁခြ ဒိကိစၥေတြကို အဆုံးသတ္ခ်င္မိသည္။ မၾကာေတာ့ပါဘူး ။ တစ္ရက္ႏွစ္ရက္ေနရင္ ဒီကိစၥေတြအကုန္ၿပီးသြားမွာပါ။ ကိုယ့္ကိုကိုယ္ ျပန္အားေပးရင္း ေႁခြ သက္ျပင္းခ်လိုက္သည္။

"မွိဳင္း ေမာင္ ေမာင္ "

အိပ္ေမာက်ေနသည့္ ရိပ္ထင္အား လက္မွအသာကိုင္၍ လႈပ္ႏိိႈးလိုက္သည္။ ဆက္ခနဲတုန္သြား၍ ခ်က္ခ်င္း မ်က္လုံးဖြင့္လာသည့္ ပုံအရ အိပ္ေမာက်ခ်ိန္ႏိႈးလိုက္လို႔ လန္႔သြားသည့္ဟန္။

"ဟင္ !!! ေႁခြ ဘာျဖစ္လို႔လဲ "

"လန္႔သြားလား sorry sorry ငါ ေဂ်နဲ႔ အျပင္သြားစရာ႐ွိလို႔ ၾကယ္ေလးကိုဒီေန႔ မင္းၾကည့္ေပးႏိုင္မလား "

" ေဂ်! ! သူနဲ႔ ႏွစ္ေယာက္တည္းလား "

ေျဖာင့္တန္းေနသည့္ ရိပ္ထင္ မ်က္ခုံးမ်ားသည္ တြန္႔ေကြးစုက်ံဳ႕ကာ ေႁခြ႔အားၾကည့္၍ေမး၏။

" အင္း ႏွစ္ေယာက္တည္း ၊ ဒါေပမယ့္ ငါ့ကိုစိတ္ခ်မယ္မဟုတ္လား ၊ ငါ့ကိုယံုပါ ၊ ႐ွင္းရမယ့္ ကိစၥေလးေတြ႐ွိေနလို႔ မင္းနားလည္ေပးမယ္မဟုတ္လား ဟင္.... ေမာင္"

ၾကယ္ေရာင္လို တစ္ဖ်က္ဖ်က္ေတာက္ေနသည့္ မ်က္လံုးဝိုင္းႀကီးေတြေၾကာင့္ ရိပ္ထင္ မသြားေစခ်င္ေပမယ့္ အေလ်ာ့ေပးရျပန္သည္။

"အင္းေလ.....ေမာင္ ယုံပါတယ္ ဒါေပမယ့္ ညေန အထိေတာ့မရဘူး ၄နာရီ ဆိုျပန္ေရာက္ရမယ္ "

" ၆နာရီမထိုးခင္ ျပန္လာခဲ့မယ္ကြာေနာ္ မြစ့္ အိပ္ခ်င္ရင္ ဆက္အိပ္ေနာ္ ငါ ေရခ်ိဳးလိုက္အုံးမယ္ ၿပီးေတာ့ သမီးကို ေဆးတိုက္ဖို႔လည္းမေမ့နဲ႔ေနာ္ ေမာင္ "

ရိပ္ထင္ ပါးကို ဖ်က္ခနဲ နမ္း၍ ေရခ်ိဳးခန္းထဲ ေျပးဝင္သြားကာ အထဲမွ ေအာ္ေျပာေနသည့္ ေႁခြ႔ကို ရိပ္ထင္ မေက်နပ္ျဖင့္တီးတိုးဆိုသည္။

" ဟြန္႔ ခိုင္းစရာ႐ွိေတာ့  ေမာင္ ေမာင္ နဲ႔ ၊ ဒါေပမယ့္လည္း အဟင္း ပါးေလးကိုေႏြးသြားတာပဲ အင္းေပါ့ေလ ေဟ့ဒီ့လူက ခ်စ္ေနရတာကို "

..............................

မိနစ္ႏွစ္ဆယ္ေလာက္ေစာင့္ၿပီးေနာက္ အိမ္ထဲမွ ထြက္လာသည့္ ေႁခြ႔ကို ေဂ် ေငးၾကည့္ေနမိ၏။ ဆင္စြယ္ေရာင္ စြယ္တာလက္႐ွည္ႏွင့္ ဂ်င္းအျပာေဘာင္းဘီ႐ွည္ကိုတြဲဝတ္ထားသည္မွာ ေႁခြ႔အသားရည္နဲ႔ လိုက္ဖက္လြန္း၏။

"Sorry ေဂ် အၾကာႀကီးေစာင့္ေနရၿပီ လာ ေလ က်ေနာ္တို႔ သြားၾကတာေပါ့ "

ေႁခြ႔အား ေငးခ်င္တိုင္းေငးေနမိတုန္းမွာ ႏွင္းဆီေရာင္ ႏႈတ္ခမ္းေလးက လႈပ္ခပ္သြားၿပီး ခပ္႐ွ႐ွအသံေလးက ေဂ့်နားထဲ နားဝင္ခ်ိဳလြန္းလွသည္။ ကားေပၚတက္ထိုင္ေနသည့္ ေကာင္ေလးကို ၾကည့္၍ ျပံဳးကာ ကားထဲဝင္လိုက္၏။

"ေရာ့ baby အတြက္ "

ေႁခြခါးပတ္လွည့္ပတ္ေနတုန္းမွာပဲ အိတ္ကပ္ေလးထဲက ရင္ထိုးဘူးေလးအား ထုတ္၍ ေဂ် ေပးသည္။

" ဘာႀကီးလဲ "

မဟူရာေရာင္ဘူးေလးကိုၾကည့္ကာ ေႁခြေမးခြန္းထုတ္လိုက္၏။

" ကိုယ့္ရဲ႕လက္ေဆာင္ ၊ ေရာ့ ယူပါ...... ဖြင့္ၾကည့္ေလ"

ခပ္ျပံဳးျပံဳးေျပာကာ ေႁခြ႔လိုက္ထဲသို႔ ထည့္လိုက္သည့္ ဘူးေလးကို ေႁခြၾကည့္ရင္း ျဖည္းညင္းစြာဖြင့္လိုက္၏။ လက္ခနဲထြက္လာသည့္ လွလြန္းေသာ ႏွင္းဆီနီရင္ထိုးေလးသည္ ေတာက္ပစြာ.....။

" တမာန္က အနီႀကိဳက္တယ္မဟုတ္လား ဒါေၾကာင့္ ကိုယ္ ပတၱျမားကိုသုံးလိုက္တာ ၊ ၿပီးေတာ့ baby က ႏွင္းဆီပန္းနဲ႔တူတယ္ baby ကလွသလ္ုိ မာနႀကီးတယ္ ျပတ္သားတယ္ ၿပီးေတာ့ ဆြဲေဆာင္အားေကာင္းလြန္းတယ္။ ဒါေလးကိုေတာ့ baby ႏွလုံးသားရဲ႕ အနီးဆုံးေလးမွ ထားထားေပးေနာ္။ ဒီေန႔ေတာ့ ဝတ္ထားေပးပါ baby ကိုယ္ျမင္ခ်င္လို႔ပါ "

" ဘာအတြက္ လက္ေဆာင္လဲ ေဂ်"

"ဒီတိုင္း ကိုယ္ေပးခ်င္လို႔ပါ ....ကိုယ္ ဝတ္ေပးပါရေစ"

ေႁခြ႔အေမးကို ေဂ်ျပန္ေျဖ၍ ဘူးေလးထဲမွ ရင္ထိုးေလးကိုယူကာ ဆင္စြယ္ေရာင္ စြယ္တာထပ္၌ ဆင္ျမန္းလိုက္၏။

" လွလိုက္တာ တမာန္နဲ႔ အရမ္းလိုက္တယ္ "

" ေက်းဇူးပါ ေဂ်"

အျမတ္ႏိုးေငးၾကည့္ေနသည့္ အၾကည့္တို႔ကို ေႁခြ မခံႏိုင္၍ မ်က္ႏွာတစ္ဖက္သို႔ လႊဲလိုက္သည္။

" ဒါဆို အရင္ဆုံး ကိုယ္တို႔ မနက္စာသြားစားရေအာင္ ၊ ဆိုင္ေကာင္းေကာင္းမွာ ဧည့္ခံမယ္ "

ေဂ့်သေဘာက် ေႁခြေခါင္းၿငိမ့္လိုက္၍ ကားျပတင္းအျပင္ဘက္ကိုသာ ေငးရင္း လိုက္ပါလာသည္။ ဆိုင္ေရာက္ေတာ့လည္း အေကာင္းဆုံးဆိုသည့္ အစားစာမ်ားကို ေကြၽးသည္။ ၿပီးေနာက္ ေဂ့် သေဘာတုိင္း ေႁခြလိုက္ပါရသည္။ နာရီဝက္ တစ္နာရီျခားတစ္ခါ ဖုန္းခဏခဏဆက္သည့္ ရိပ္ထင္ကိုေတာ့ ေဂ်စိတ္ထဲမွာ ခ်ဥ္လာသည္။ စားေသာက္ၿပီးေသာအခါ ဘုရားသြား၏ ။ ဘုရားရိပ္တရားရိပ္မွာ ေအးခ်မ္းလြန္းသည္။ေဂ်ဘုရားမေရာက္တာ ဘယ္ေလာက္ၾကာၿပီလဲ ။ ေႁခြကေတာ့ ျမန္မာႏိုင္ငံျပန္ေရာက္ၿပီးေနာက္ညမွာ ၾကယ္ေလးနဲ႔ ဝသာန္နဲအတူ ဘုရားကိုလာဖူးပါသည္။ ဘုရား႐ွိခိုးေနသည့္ ခ်စ္ရသူကို ေဂ်ေငးၾကည့္ရင္း ရင္ထဲ ေအးခ်မ္း၍ စိတ္ခ်မ္းသာရသည္။ ဒီခံစားမႈမိ်ဳးကို တစ္သက္မွာ ဒီတစ္ခါပဲ ျဖစ္ဖူးတာပါေလ။ ဘုရား၌ ေဂ်ေတာင္းတဲ့ဆုကေတာ့ ဖူးစာမပါတဲ့ ခ်စ္ျခင္းမ်ိဳး၊ အသြားျပန္မလာသည့္ ခ်စ္ျခင္းမ်ိဳးကို ဒီတစ္သက္သာ ႐ွိပါေစ ဟုျဖစ္သည္။ တစ္ဖက္သက္အခ်စ္က ပူေလာင္လြန္းသည္ကို သူကိုယ္တိုင္ ခံစားဖူးမွ ရင္ကြဲမတတ္ပါပဲ။ ေႁခြ႔ဆုေတာင္းေတာ့ မေမးေတာ့........ေသခ်ာတာေတာ့ ေႁခြ႔ဆုေတာင္းထဲ သူမပါဘူးေပါ့။ ဒါေပမယ့္ ေဂ့်ဆုေတာင္းထဲေတာ့ ေႁခြပါသည္။ " ေႁခြ ဆိုေသာ လူသားေလး၏ ဘဝမွာ စိုးရိမ္ေၾကာင့္က်ပူပင္ျခင္း ကင္းေဝးပါေစ " ဟု ေဂ် ဆုေတာင္းခဲ့၏။

ဘုရားမွ အျပန္ ႐ုပ္႐ွင္ ဝင္ၾကည့္သည္ ။ မရီရသည့္ ဟာသကားအား ၾကည့္ကာ မ်က္ရည္ထြက္မတတ္ ေဂ်ရယ္ခဲ့၏ ။ အမွန္ေတာ့ ဟာသကားမႀကိဳက္ေသာ ေဂ့်အတြက္ ဘယ္ဟာသကားမွ ရယ္စရာမဟုတ္ခဲ့။ ေပါေတာေတာ ေပါေၾကာင္ေၾကာင္ေတြလို႔သာထင္ခဲ့ပါသည္။ သို႔ေပမယ့္ေပါ့........ကို္ယ္ခ်စ္ရသူနဲ႔ အတူေဘးခ်င္းယွဥ္လ်က္ၾကည့္ရသည့္ ဒီဟာသကားေတာ့ ေဂ့်အတြက္ ရယ္စရာျဖစ္ပါ၏။ ေပ်ာ္ရႊင္ျခင္း ဝမ္းနည္းျခင္းေတြ အျပည့္နဲ႔ပါ။ ခ်စ္ရသူနဲ႔ ၾကည့္ရသည့္႐ုပ္႐ွင္သည္ ပထမဆုံးနဲ႔ ေနာက္ဆုံးကားျဖစ္သည္မို႔ ဝမ္းနည္းသည္ကတစ္ေၾကာင္း ၊ ေဂ်ပထမဆုံး ၾကည့္ေသာ ႐ုပ္႐ွင္သည္ ေႁခြ နဲ႔အတူ ျဖစ္သည္မို႔ ေပ်ာ္ရသည္ကတစ္ဖုံ။ လိုတာထက္ ပိုရယ္ေနသည့္ ေဂ့်ကိုၾကည့္ရင္း ေႁခြ စိတ္ထဲမေကာင္း။ ရယ္ရင္း က်လာသည့္ မ်က္ရည္ေတြကို ေႁခြမျမင္ေအာင္ ခိုးခိုးသုတ္ေနသည္မို႔ ေႁခြ ေဂ့် လက္အား ဆုတ္ကိုင္ကာ ႏွစ္သိမ့္အျပဳမူမွ အပ ေျပာစရာစကားမ႐ွိပါ။ ႐ုပ္႐ွင္ၿပီးသြားေသာ........ေန႔လည္ေစာင္းေနၿပီမို႔ ေဂ်က အေကာင္းဆုံး hotel တစ္ခု၌ ေန႔လည္စာေကြၽး၏ ။ အေကာင္းတကာ့ အေကာင္းဆုံးေတြကိုသာ ေဂ်ေပးသည္။ ရိပ္ထင္ဖုန္းဆက္ၿပီး ရစ္ေနလို႔ ဆူပူသလိုေျပာေနသည့္ ေႁခြ႔မ်က္ႏွာေလးကိုေငးကာ ေဂ်ေတြးမိေသးသည္။ တကယ္လို႔မ်ား ရိပ္ထင္ေနရာမွာ သူဆို အခုလိုပဲ ႏႈတ္ခမ္းဆူၿပီးေျပာေလမလား။ သူနဲ႔ဆိုလ်ွင္ ေႁခြက အဆိပ္ျပင္းသည့္ ေႁမြေလးတစ္ေကာင္အသြင္။ မာယာမ်ားၿပီး မာနႀကီးသည္။ စကားကိုလိုတာထက္ပိုမေျပာ။ ေအးစက္စက္အသြင္ႏွင့္ သူအလို႐ွိရင္ ညိဳ႕ယူတတ္တဲ့ မ်က္ဝန္းေတြေအာက္မွာ ေဂ် အလူးလူးအလဲလဲ က်႐ႈံးရျမဲပါပဲ။ သို႔ေပမယ့္ မွိဳင္းရိပ္ထင္ဆိုသည့္လူေ႐ွ႕ေရာက္ရင္ေတာ့ ေႁခြဟာ ယုန္ေပါက္စေလးအသြင္။ ျဖဴစင္ၿပီး အလြန္ခ်စ္စရာေကာင္းေအာင္ ေျပာဆိုတတ္သည္။ ညိဳ႕မ်က္ဝန္းေတြအစား မ်က္လုံးဝိုင္းဝိုင္း အရည္ရႊန္းေနသည့္ ၾကယ္ေရာင္ေလးမ်ားေတာက္ေနသလို႔ ျဖဴစင္သည့္အၾကည့္တို႔ကိုသာ ျမင္ရသည္။အင္းးးးးကြာျခားလြန္းလွသည္။

" baby ျပန္ခ်င္ေနၿပီလား "

ခ်စ္ရသူမ်က္ႏွာညိဳးငယ္ေန၍ ေဂ် အလိုက္တသ္ိေမးလိုက္သည္။ ေဂ့်အတြက္ေတာ့ ေႁခြဟာ ခ်စ္သူမဟုတ္.......ခ်စ္ရသူသာ......။ခ်စ္သူဆိုတာ အသြားအျပန္႐ွိသည့္ အခ်စ္တို႔နဲ႔ မြန္းမံထားသည့္စိတၱဇနာမ္စား ၊ ခ်စ္ရသူဆိုတာကေတာ့ ကိုယ္ကခ်စ္ရသူေပါ့ ၊ အသြားပဲ႐ွိၿပီး အျပန္မ႐ွိ ။ တစ္ဖက္သတ္မွာ တစ္ဖက္ကို မသတ္ခ်င္ပါဘူး ၊ခ်စ္ရသူမ်က္ႏွာ တစ္ခ်က္ၿငိဳးသြားရင္ေတာင္ ကိုယ္သာ အႀကိမ္ႀကိမ္ေသခ်င္ေနသူပါ။

" ရပါတယ္ ေဂ် ။ သမီး ေဆးမေသာက္လို႔တဲ့ လွမ္းတိုင္တာပါ။ ဒါနဲ႔ စားၿပီးရင္ ဘယ္သြားအုံးမွာလဲ "

လက္ထဲမွ ကိုင္ထားသည့္ ဇြန္းႏွင့္ ခရင္းအား အသာခ်၍ ဖန္ခြက္အၾကည္ေလးထဲ႐ွိ ေရအား ေဂ်ေမာ့ေသာက္ကာ ခံတြင္း႐ွင္းလိုက္၏။ ထို႔ေနာက္.......။

" ကိုယ္ ဒီေန႔ပဲ သြားအဖမ္းခံေတာ့မယ္ ဒါေၾကာင့္ သက္ေသေတြကိုယ့္ကိုေပးပါ တမာန္ "

ေဂ့်စကားေၾကာင့္ အသားဖဲ့ေနသည့္ ေႁခြ႔လက္မ်ား ရပ္သြားသည္။ မနက္ ေဂ်ဖုန္းဆက္ကတည္းက စိတ္ထင္ၿပီး သက္ေသခံ USB stick အား ယူလာခဲ့သည္။ သို႔ေပမယ့္ ဒီေလာက္ျမန္ျမန္ႀကီးေျပာလိမ့္မယ္လို႔မထင္။ ဒီလိုက်ေတာ့လည္း ေႁခြ စိတ္ထဲမေကာင္းဘဲ မြန္းက်ပ္လာသလိုပင္ ။ ကလဲ့စားေတြၾကားမွာ ႏွလုံးသားတစ္ခုကို ကစားမိၿပီလား။

" ကိုယ့္ကိုခြင့္လႊတ္ေပးပါ baby ကိုယ္ အႏူးညြတ္ ေတာင္းပန္ပါတယ္ "

Stick အား ေႁခြ အိတ္ထဲမွထုတ္၍ စားပြဲေပၚတင္ကာ ေဂ့် မ်က္ဝန္းေတြကို စိုက္ၾကည့္လိုက္သည္။ ညိဳးငယ္ေနသည့္ ေဂ့်အၾကည့္ေတြက ခြင့္လႊတ္မႈကိုေတာင္းခံေနသလို....တစ္စက္တည္းမွာပဲ မမရဲ႕ မ်က္ႏွာကေပၚလာျပန္သည္။ ေဂ့်ေၾကာင့္ တစ္ဦးတည္းေသာ ေသြးသားကိုဆုံး႐ွံုးလိုက္ရေပမယ့္......ရန္သူေတာင္ အလံျဖဴျပၿပီး လက္နက္ခ်ရင္ ေက်ေအးေပးရတာပဲမဟုတ္လား။

" ခြင့္လႊတ္ပါတယ္ ေဂ် က်ေနာ္ ခင္မ်ားကို ခြင့္လႊတ္ေပးပါမယ္ "

ထိုအခါ ဟင္းခနဲခ်လိုက္သည့္ သက္ျပင္းက ရင္ထဲက အလုံးႀကီးအခုမွ က်သြားသလို။ ႏွစ္ၿခိဳက္စြာျပံဳးေနသည့္ ေဂ့်အျပံဳးတို႔ႏွင့္မ်က္ဝန္းတို႔ကို ေႁခြၾကည့္ရင္း ထပ္တူျပံဳးမိသည္။

" ေက်းဇူးတင္ပါတယ္ baby "

Stick အား ေကာက္ယူ၍ ေဂ် အိတ္ကပ္ထဲသို႔ ထည့္လိုက္၏ ။ စားေသာက္ၿပီးစီးေသာအခါ နက္ျပာေရာင္ကားေလးသည္ ရိပ္ထင္၏ ကုမၼဏီေအာက္သို႔ ထိုးရပ္သြား၏။

"ဆင္းေတာ့ baby ဒီေန႔အတြက္ ေက်းဇူးတင္ပါတယ္ မွိဳင္းရိပ္ထင္လည္း ေမွွ်ာ္ေနေရာေပါ့ ဒီေန႔ေတာ့ ဒီေလာက္နဲ႔လည္း ကိုယ္ေက်နပ္တယ္ ေနာက္ဆုံးအေနနဲ႔ ကိုယ္ မင္းကိုနမ္းလို႔ရမလား "

"စိတ္မပူပါနဲ႔ ကိုယ္ႏႈတ္ခမ္းေတာ့ မနမ္းပါဘူးကြာ ဟားဟား တြန္႔တိုလိုက္တာ "

မ်က္လုံးေလးေထာင့္ကပ္ကာ စဥ္းစားေနသည့္ ေႁခြ႔အေတြးေတြကို ေဂ်ရိပ္မိသည္မို႔ အသက္မပါသည့္ ရယ္သံႏွင့္ ေျပာလိုက္သည္။
ထိုအခါမွ ေခါင္းၿငိမ့္လာေသာ ေကာင္ေလး၏ မ်က္ႏွာႏုႏုကို လက္ျဖင့္ အုပ္ကိုင္၍ ျဖည္းျဖည္းခ်င္း ေ႐ွ႕တိုးလိုက္သည္။ ပိုင္႐ွင္သိသည့္ ႏွလုံးသားကေတာ့ ခ်စ္ရသူကို အနမ္းေႁခြဖို႔ ပရမ္းပတာပင္ခုန္ေနသည္။ သိပ္တင္ထားသည့္ ဆံပင္ေအာက္ ေျပာင္႐ွင္းေနသည့္ ႏွဖူးျပင္ေလးအား ေဂ်ႏႈတ္ခမ္းတို႔ ထိကပ္ထား၍ ဖိနမ္းမိသည္။ ျမတ္ႏိုးလြန္းလို႔..........။ ဆံသားတို႔အား အသာနမ္း၍ ရဲေသြးေနသည့္ ႏႈတ္ခမ္းဖူးေလးအား အလွစ္နမ္းမယ္ၾကံေသာ ခ်က္ခ်င္းပင္ ေခါင္းငု႔ံခ်လိုက္သည့္ ေႁခြ႔ေၾကာင့္ ေဂ် ဟက္ခနဲ ရယ္လိုက္သည္။

"ဟက္ဟက္.....အလွစ္ေတာင္ အနမ္းမခံဘူး အဆိုးေလး "

ေႁခြ႔ဆံပင္တို႔အား သက္၍ အသက္မပါသည့္ ရယ္သံျဖင့္ ေျပာသည္။

" ကဲ သြားေတာ့ တမာန္ မိွဳင္းရိပ္ထင္ ေမွ်ာ္ေနေရာေပါ့ "

ကားတံခါးအား ကိုယ္တိုင္ဆြဲဖြင့္ေပး၍ ေဂ်သည္ လမ္းဖြင့္ေပး၏။ ခပ္ေဆြးေဆြး ၾကည့္လာသည့္ ေႁခြ႔မ်က္ဝန္းတို႔ကို ေဂ် ေ႐ွာင္ဖယ္ကာ ေႁခြ ဆင္းသြားသည္ႏွင့္ ကားတံခါးပိတ္ကာ ခပ္ျမန္ျမန္ေမာင္းထြက္သြားလိုက္၏။ သနားစရာအၾကည့္တို႔ကို ေဂ်မခံယူလို......။ေဂ်အၾကည့္ခံခ်င္တာ ထိုမ်က္ဝန္းေတြမွမဟုတ္ဘူး ခ်စ္ရည္ရႊမ္းလဲ့တဲ့ မ်က္ဝန္းေတြပါ.....။ ထို႔ေနာက္ အိတ္ကပ္ထဲမွ သက္ေသခံပစၥည္းအားထုတ္၍ လက္ထဲ၌ က်စ္က်စ္ပါေအာင္ ဆုတ္ကုိင္ကာ......ေဂ့် ကားေလး၏ ဦးတည္ရာက ရဲစခန္းသို႔.....။

......................................

#4376 words
#12/4/20
#က်န္းမာေရးဂ႐ုစိုက္ပါ။ အႀကိဳေန႔ေလးမွာ စိတ္ခ်မ္းသာကိုယ္က်န္းမာပါေစ။က်ေနာ္ မေန႔ကေရာ ဒီေန႔ေရာ ေရးေနတာ အခုမွၿပီးတယ္။ တကယ္ပဲ ဒီအပိုင္းနဲ႔ ေနာက္အပိုင္းက က်ေနာ့္အတြက္ အနည္းငယ္ခက္ခဲတယ္ဒါေၾကာင့္ ဖတ္ရတာဟာသြားရင္ သည္းခံေပးပါ ။




Unicode










မူးနောက်နေတဲ့ ခေါင်းနဲ့ လေးလံလွန်းသည့် စိတ်တို့နှင့်အတူ ဂျေ မနက်ခင်းတစ်ခုကို နိုးထလာခဲ့သည်။ ညက အတွေးများဖြင့် တစ်ညလုံး ဂျေ မအိပ်နိုင်ခဲ့ဘူး။ တစ်ညလုံး စဉ်းစားဆုံးဖြတ်ရင်း အဖြေတစ်ခုကို ဂျေရှာနေမိသည်။ မနက် ဝေလီဝေလင်းအချိန်ရောက်တော့မှ ဂျေ သေချာခိုင်မာသည့် ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည်။

ဘဝတစ်လျှောက် အမှားတွေလုပ်လာတာများနေပြီ။ မိသားစုမရှိ တစ်ကောင်ကြွက်ဘဝနှင့် ဘဝကိုငယ်ငယ်ကတည်းကတစ်ယောက်တည်းရုန်းကန်လာခဲ့ရတာ ။ ကိုယ့်ဘဝ အမြင့်ကိုရောက်ဖို့ သူများဘဝတွေကို နင်းချေပေးခဲ့ရတာ.....။ တွေးကြည့်ရင် ဂျေ့ဘဝက အကုသိုလ်တွေချည်းပဲ။ အပြစ်တွေထဲက တစ်ခုကိုဆေးကြောဖို့ ဂျေ ဒီလောက်တော့ပေးဆပ်ရမှာပေါ့။ ယောကျ်ား ပဲ လုပ်ရဲရင် ခံရဲရမယ်။

ရေမိုးချိုး အဝတ်စားလဲပြီး ဂျေ့တစ်ကိုယ်လုံး၌ အကောင်းဆုံးဆိုသည့်နာမည်ကြီး တံဆိပ် ပစ္စည်းတွေချည်းပဲ တန်ဆာဆင်လိုက်သည်။ နာမည်ကြီး ပြင်သစ်ရေမွှေး ၊ တန်ဖိုးကြီး နာရီ၊ brand ဆိုသည့် ဈေးကြီးဆုံး အဝတ်အစား ၊ Gucci ခါးပတ် ၊ Gucci အိတ်....စသည့် ဈေးအကြီးဆုံးနဲ့ တန်ဖိုးကြီးပစ္စည်းများကို ဂျေ ဆင်မြန်းသည်။ ထို့နောက် တစ်ဖျက်ဖျက်တောက်ပနေသည့် ရင်ထိုးလေးကို ဂျေ စိုက်ကြည့်ကာ ပြုံးလိုက်သည်။ မဟူရာရောင် ဘူးလှလှလေးအတွင်းမှ သွေးရောင် ပတ္တမြားပွင့်ဖက်လေးတို့ဝန်းရံထားပြီး အလယ်၌ စိန်တစ်လုံးက လက်ခနဲ။ ရင်ထိုးမှာ နှင်းဆီပန်း အနီရဲရဲပုံဖြစ်ပြီး အရိုးတံမှာ အရည်ကြွနေသည့် ကျောက်စိမ်းများဖြင့် စီချယ်ထားသည်။ကြည့်လိုက်တာနှင့် သိန်းရာဂဏန်းမက ထောင်ဂဏန်းလောက်နီးနီးရှိသော ထို တန်ဖိုးကြီး ရင်ထိုးလေးအား ဂျေကြည့်ရင်း ပုံဖော်ကြည့်မိသည်။

" အင်းးးး baby နဲ့ဆို သိပ်လိုက်မှာပဲ "

လက်မှ နာရီအား တစ်ချက်ကြည့်၍ နက်ပြာရောင် ကားလေးထဲ ဂျေ ဟန်ပါပါလျှောက်လှမ်းသွား၏ ။ င်္အကျီ အိတ်ကပ်ထဲ၌ ထည့်ထားသည့် ရင်ထိုးဘူးလေးကို ဂျေ စမ်းရင်း ကြည်နူးနေမိသည်။ တစ်ရွေ့ရွေ့နှင့် မောင်းနှင်လာခဲ့တာ..........အခုဆို ခြွေ၏ အိမ်ရှေ့ပင် ရောက်လာခဲ့သည်။ စေ့ပိတ်ထားသည့် ခြံတံခါးမှ အိမ်ထဲသို့ လှမ်းမျှော်ကြည့်လိုက်တော့ အိမ်တံခါးမကြီးပါ ပိတ်ထားသည်မို့ ဂျေ နာရီအား ပြန်ကြည့်မိလေသည်။

"အာ....ဟုတ်သားပဲ အခုမှ ၇နာရီပဲရှိသေးတာ baby အိပ်တုန်းပေါ့ "

နိုးလာတဲ့အထိ ဆက်စောင့်နေရမလား......နှိုးပဲနှိုးလိုက်ရမလား ဂျေ တွေးနေမိသည်။ သို့ပေမယ့် ဒီအချိန်ဟာ သူ့အတွင် တစ်စက္ကန့်ကအစ တန်ဖိုးရှိသည်မို့ အိတ်ကပ်ထဲမှ ဖုန်းအား နှိုက်ယူ၍ ခြွေ့အား ဖုန်းခေါ်လိုက်၏။

"တူ......တူ......တူ......."

"Hello....."

အနည်းငယ်ကြာမှ ဝင်သွားသည့် ဖုန်းလေးထဲမှ ပြန်ကြားရသည့် အိပ်ချင်မူးတူးအသံလေးကြောင့် ဂျေ နှုတ်ခမ်းတို့ အလိုလို တွန့်တက်သွားသည်။

" baby အိပ်နေတုန်းလား "

"ဘယ်သူ.....သြော်....ဂျေ .....၊ အင်း ဘာဖြစ်လို့လဲ "

" ဒီနေ့ ကိုယ်နဲ့ date ကြမလား baby "

"ဗျာ...."

" အင်းးးးး ဒီနေ့က ကိုယ်မင်းကို တွေ့ရတာ နောက်ဆုံးနေ့လည်းဖြစ်နိုင်တယ် အဲ့ဒီ့တော့ ကိုယ့်ကို နောက်ဆုံးအနေနဲ့ ဒီနေ့ တစ်နေ့လေးပဲ မင်းရဲ့ အချိန်လေးတွေ ပေးပါလား တမာန် ကိုယ် တောင်းဆိုတာပါ ဒီနေ့ကုန်ဆုံးသွားရင်တော့ ကိုယ်က မင်းဖြစ်စေချင်တဲ့အတိုင်း ကိုယ်လုပ်သွားမှာပါ တမာန် "

"......."

"Hello baby....hello...တမာန်.."

တစ်ဖက်မှ သိသိသာသာ တိတ်ဆိတ်သွားတာကြောင့် ဂျေ ခေါ်လိုက်သည်။ သက်ပြင်းချသံလေးက ဂျေ့နားထဲသို့ လေလိုင်းထဲမှတစ်ဆင့် တိုးဝင်သွား၏။

" ကျနော် ဘယ်လာခဲ့ရမလဲ "

ခပ်တိုးတိုး စကားလေးက ဂျေ့ရင်တွေ ခုန်မတတ်ပင်ပျော်ရွှင်သွားရပြန်သည်။

" ကိုယ် အခု baby အိမ်ရှေ့မှာ "

"သြော်....ဒါဆို ခဏလေးပဲစောင့်ပေးပါ ကျနော်ထွက်လာခဲ့မယ်နော် "

"ဟုတ်ပြီ baby ကိုယ်စောင့်နေမယ် "

ခြွေ ဖုန်းချလိုက်ပြီး အိပ်ယာဘေးရှိ စားပွဲ၌ ဖုန်းတင်လိုက်ကာ အိပ်ယာထပ်၌ အိပ်မောကျနေသည့် ရိပ်ထင် မျက်နှာအား ငေးကြည့်နေမိသည်။ သူ့လုပ်ရပ်တွေ မှန်ရဲ့လား မသိပေမယ့် ခြွေ ဒိကိစ္စတွေကို အဆုံးသတ်ချင်မိသည်။ မကြာတော့ပါဘူး ။ တစ်ရက်နှစ်ရက်နေရင် ဒီကိစ္စတွေအကုန်ပြီးသွားမှာပါ။ ကိုယ့်ကိုကိုယ် ပြန်အားပေးရင်း ခြွေ သက်ပြင်းချလိုက်သည်။

"မှိုင်း မောင် မောင် "

အိပ်မောကျနေသည့် ရိပ်ထင်အား လက်မှအသာကိုင်၍ လှုပ်နိှိုးလိုက်သည်။ ဆက်ခနဲတုန်သွား၍ ချက်ချင်း မျက်လုံးဖွင့်လာသည့် ပုံအရ အိပ်မောကျချိန်နှိုးလိုက်လို့ လန့်သွားသည့်ဟန်။

"ဟင် !!! ခြွေ ဘာဖြစ်လို့လဲ "

"လန့်သွားလား sorry sorry ငါ ဂျေနဲ့ အပြင်သွားစရာရှိလို့ ကြယ်လေးကိုဒီနေ့ မင်းကြည့်ပေးနိုင်မလား "

" ဂျေ! ! သူနဲ့ နှစ်ယောက်တည်းလား "

ဖြောင့်တန်းနေသည့် ရိပ်ထင် မျက်ခုံးများသည် တွန့်ကွေးစုကျုံ့ကာ ခြွေ့အားကြည့်၍မေး၏။


" အင်း နှစ်ယောက်တည်း ၊ ဒါပေမယ့် ငါ့ကိုစိတ်ချမယ်မဟုတ်လား ၊ ငါ့ကိုယုံပါ ၊ ရှင်းရမယ့် ကိစ္စလေးတွေရှိနေလို့ မင်းနားလည်ပေးမယ်မဟုတ်လား ဟင်.... မောင်"

ကြယ်ရောင်လို တစ်ဖျက်ဖျက်တောက်နေသည့် မျက်လုံးဝိုင်းကြီးတွေကြောင့် ရိပ်ထင် မသွားစေချင်ပေမယ့် အလျော့ပေးရပြန်သည်။

"အင်းလေ.....မောင် ယုံပါတယ် ဒါပေမယ့် ညနေ အထိတော့မရဘူး ၄နာရီ ဆိုပြန်ရောက်ရမယ် "

" ၆နာရီမထိုးခင် ပြန်လာခဲ့မယ်ကွာနော် မွစ့် အိပ်ချင်ရင် ဆက်အိပ်နော် ငါ ရေချိုးလိုက်အုံးမယ် ပြီးတော့ သမီးကို ဆေးတိုက်ဖို့လည်းမမေ့နဲ့နော် မောင် "


ရိပ်ထင် ပါးကို ဖျက်ခနဲ နမ်း၍ ရေချိုးခန်းထဲ ပြေးဝင်သွားကာ အထဲမှ အော်ပြောနေသည့် ခြွေ့ကို ရိပ်ထင် မကျေနပ်ဖြင့်တီးတိုးဆိုသည်။

" ဟွန့် ခိုင်းစရာရှိတော့  မောင် မောင် နဲ့ ၊ ဒါပေမယ့်လည်း အဟင်း ပါးလေးကိုနွေးသွားတာပဲ အင်းပေါ့လေ ဟေ့ဒီ့လူက ချစ်နေရတာကို "

..............................

မိနစ်နှစ်ဆယ်လောက်စောင့်ပြီးနောက် အိမ်ထဲမှ ထွက်လာသည့် ခြွေ့ကို ဂျေ ငေးကြည့်နေမိ၏။ ဆင်စွယ်ရောင် စွယ်တာလက်ရှည်နှင့် ဂျင်းအပြာဘောင်းဘီရှည်ကိုတွဲဝတ်ထားသည်မှာ ခြွေ့အသားရည်နဲ့ လိုက်ဖက်လွန်း၏။



"Sorry ဂျေ အကြာကြီးစောင့်နေရပြီ လာ လေ ကျနော်တို့ သွားကြတာပေါ့ "

ခြွေ့အား ငေးချင်တိုင်းငေးနေမိတုန်းမှာ နှင်းဆီရောင် နှုတ်ခမ်းလေးက လှုပ်ခပ်သွားပြီး ခပ်ရှရှအသံလေးက ဂျေ့နားထဲ နားဝင်ချိုလွန်းလှသည်။ ကားပေါ်တက်ထိုင်နေသည့် ကောင်လေးကို ကြည့်၍ ပြုံးကာ ကားထဲဝင်လိုက်၏။

"ရော့ baby အတွက် "

ခြွေခါးပတ်လှည့်ပတ်နေတုန်းမှာပဲ အိတ်ကပ်လေးထဲက ရင်ထိုးဘူးလေးအား ထုတ်၍ ဂျေ ပေးသည်။

" ဘာကြီးလဲ "

မဟူရာရောင်ဘူးလေးကိုကြည့်ကာ ခြွေမေးခွန်းထုတ်လိုက်၏။

" ကိုယ့်ရဲ့လက်ဆောင် ၊ ရော့ ယူပါ...... ဖွင့်ကြည့်လေ"

ခပ်ပြုံးပြုံးပြောကာ ခြွေ့လိုက်ထဲသို့ ထည့်လိုက်သည့် ဘူးလေးကို ခြွေကြည့်ရင်း ဖြည်းညင်းစွာဖွင့်လိုက်၏။ လက်ခနဲထွက်လာသည့် လှလွန်းသော နှင်းဆီနီရင်ထိုးလေးသည် တောက်ပစွာ.....။

" တမာန်က အနီကြိုက်တယ်မဟုတ်လား ဒါကြောင့် ကိုယ် ပတ္တမြားကိုသုံးလိုက်တာ ၊ ပြီးတော့ baby က နှင်းဆီပန်းနဲ့တူတယ် baby ကလှသလို မာနကြီးတယ် ပြတ်သားတယ် ပြီးတော့ ဆွဲဆောင်အားကောင်းလွန်းတယ်။ ဒါလေးကိုတော့ baby နှလုံးသားရဲ့ အနီးဆုံးလေးမှ ထားထားပေးနော်။ ဒီနေ့တော့ ဝတ်ထားပေးပါ baby ကိုယ်မြင်ချင်လို့ပါ "


" ဘာအတွက် လက်ဆောင်လဲ ဂျေ"

"ဒီတိုင်း ကိုယ်ပေးချင်လို့ပါ ....ကိုယ် ဝတ်ပေးပါရစေ"

ခြွေ့အမေးကို ဂျေပြန်ဖြေ၍ ဘူးလေးထဲမှ ရင်ထိုးလေးကိုယူကာ ဆင်စွယ်ရောင် စွယ်တာထပ်၌ ဆင်မြန်းလိုက်၏။

" လှလိုက်တာ တမာန်နဲ့ အရမ်းလိုက်တယ် "

" ကျေးဇူးပါ ဂျေ"

အမြတ်နိုးငေးကြည့်နေသည့် အကြည့်တို့ကို ခြွေ မခံနိုင်၍ မျက်နှာတစ်ဖက်သို့ လွှဲလိုက်သည်။

" ဒါဆို အရင်ဆုံး ကိုယ်တို့ မနက်စာသွားစားရအောင် ၊ ဆိုင်ကောင်းကောင်းမှာ ဧည့်ခံမယ် "

ဂျေ့သဘောကျ ခြွေခေါင်းငြိမ့်လိုက်၍ ကားပြတင်းအပြင်ဘက်ကိုသာ ငေးရင်း လိုက်ပါလာသည်။ ဆိုင်ရောက်တော့လည်း အကောင်းဆုံးဆိုသည့် အစားစာများကို ကျွေးသည်။ ပြီးနောက် ဂျေ့ သဘောတိုင်း ခြွေလိုက်ပါရသည်။ နာရီဝက် တစ်နာရီခြားတစ်ခါ ဖုန်းခဏခဏဆက်သည့် ရိပ်ထင်ကိုတော့ ဂျေစိတ်ထဲမှာ ချဉ်လာသည်။ စားသောက်ပြီးသောအခါ ဘုရားသွား၏ ။ ဘုရားရိပ်တရားရိပ်မှာ အေးချမ်းလွန်းသည်။ဂျေဘုရားမရောက်တာ ဘယ်လောက်ကြာပြီလဲ ။ ခြွေကတော့ မြန်မာနိုင်ငံပြန်ရောက်ပြီးနောက်ညမှာ ကြယ်လေးနဲ့ ဝသာန်နဲအတူ ဘုရားကိုလာဖူးပါသည်။ ဘုရားရှိခိုးနေသည့် ချစ်ရသူကို ဂျေငေးကြည့်ရင်း ရင်ထဲ အေးချမ်း၍ စိတ်ချမ်းသာရသည်။ ဒီခံစားမှုမျိုးကို တစ်သက်မှာ ဒီတစ်ခါပဲ ဖြစ်ဖူးတာပါလေ။ ဘုရား၌ ဂျေတောင်းတဲ့ဆုကတော့ ဖူးစာမပါတဲ့ ချစ်ခြင်းမျိုး၊ အသွားပြန်မလာသည့် ချစ်ခြင်းမျိုးကို ဒီတစ်သက်သာ ရှိပါစေ ဟုဖြစ်သည်။ တစ်ဖက်သက်အချစ်က ပူလောင်လွန်းသည်ကို သူကိုယ်တိုင် ခံစားဖူးမှ ရင်ကွဲမတတ်ပါပဲ။ ခြွေ့ဆုတောင်းတော့ မမေးတော့........သေချာတာတော့ ခြွေ့ဆုတောင်းထဲ သူမပါဘူးပေါ့။ ဒါပေမယ့် ဂျေ့ဆုတောင်းထဲတော့ ခြွေပါသည်။ " ခြွေ ဆိုသော လူသားလေး၏ ဘဝမှာ စိုးရိမ်ကြောင့်ကျပူပင်ခြင်း ကင်းဝေးပါစေ " ဟု ဂျေ ဆုတောင်းခဲ့၏။

ဘုရားမှ အပြန် ရုပ်ရှင် ဝင်ကြည့်သည် ။ မရီရသည့် ဟာသကားအား ကြည့်ကာ မျက်ရည်ထွက်မတတ် ဂျေရယ်ခဲ့၏ ။ အမှန်တော့ ဟာသကားမကြိုက်သော ဂျေ့အတွက် ဘယ်ဟာသကားမှ ရယ်စရာမဟုတ်ခဲ့။ ပေါတောတော ပေါကြောင်ကြောင်တွေလို့သာထင်ခဲ့ပါသည်။ သို့ပေမယ့်ပေါ့........ကိုယ်ချစ်ရသူနဲ့ အတူဘေးချင်းယှဉ်လျက်ကြည့်ရသည့် ဒီဟာသကားတော့ ဂျေ့အတွက် ရယ်စရာဖြစ်ပါ၏။ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်းတွေ အပြည့်နဲ့ပါ။ ချစ်ရသူနဲ့ ကြည့်ရသည့်ရုပ်ရှင်သည် ပထမဆုံးနဲ့ နောက်ဆုံးကားဖြစ်သည်မို့ ဝမ်းနည်းသည်ကတစ်ကြောင်း ၊ ဂျေပထမဆုံး ကြည့်သော ရုပ်ရှင်သည် ခြွေ နဲ့အတူ ဖြစ်သည်မို့ ပျော်ရသည်ကတစ်ဖုံ။ လိုတာထက် ပိုရယ်နေသည့် ဂျေ့ကိုကြည့်ရင်း ခြွေ စိတ်ထဲမကောင်း။ ရယ်ရင်း ကျလာသည့် မျက်ရည်တွေကို ခြွေမမြင်အောင် ခိုးခိုးသုတ်နေသည်မို့ ခြွေ ဂျေ့ လက်အား ဆုတ်ကိုင်ကာ နှစ်သိမ့်အပြုမူမှ အပ ပြောစရာစကားမရှိပါ။ ရုပ်ရှင်ပြီးသွားသော........နေ့လည်စောင်းနေပြီမို့ ဂျေက အကောင်းဆုံး hotel တစ်ခု၌ နေ့လည်စာကျွေး၏ ။ အကောင်းတကာ့ အကောင်းဆုံးတွေကိုသာ ဂျေပေးသည်။ ရိပ်ထင်ဖုန်းဆက်ပြီး ရစ်နေလို့ ဆူပူသလိုပြောနေသည့် ခြွေ့မျက်နှာလေးကိုငေးကာ ဂျေတွေးမိသေးသည်။ တကယ်လို့များ ရိပ်ထင်နေရာမှာ သူဆို အခုလိုပဲ နှုတ်ခမ်းဆူပြီးပြောလေမလား။ သူနဲ့ဆိုလျှင် ခြွေက အဆိပ်ပြင်းသည့် မြွေလေးတစ်ကောင်အသွင်။ မာယာများပြီး မာနကြီးသည်။ စကားကိုလိုတာထက်ပိုမပြော။ အေးစက်စက်အသွင်နှင့် သူအလိုရှိရင် ညို့ယူတတ်တဲ့ မျက်ဝန်းတွေအောက်မှာ ဂျေ အလူးလူးအလဲလဲ ကျရှုံးရမြဲပါပဲ။ သို့ပေမယ့် မှိုင်းရိပ်ထင်ဆိုသည့်လူရှေ့ရောက်ရင်တော့ ခြွေဟာ ယုန်ပေါက်စလေးအသွင်။ ဖြူစင်ပြီး အလွန်ချစ်စရာကောင်းအောင် ပြောဆိုတတ်သည်။ ညို့မျက်ဝန်းတွေအစား မျက်လုံးဝိုင်းဝိုင်း အရည်ရွှန်းနေသည့် ကြယ်ရောင်လေးများတောက်နေသလို့ ဖြူစင်သည့်အကြည့်တို့ကိုသာ မြင်ရသည်။အင်းးးးးကွာခြားလွန်းလှသည်။

" baby ပြန်ချင်နေပြီလား "

ချစ်ရသူမျက်နှာညိုးငယ်နေ၍ ဂျေ အလိုက်တသိမေးလိုက်သည်။ ဂျေ့အတွက်တော့ ခြွေဟာ ချစ်သူမဟုတ်.......ချစ်ရသူသာ......။ချစ်သူဆိုတာ အသွားအပြန်ရှိသည့် အချစ်တို့နဲ့ မွန်းမံထားသည့်စိတ္တဇနာမ်စား ၊ ချစ်ရသူဆိုတာကတော့ ကိုယ်ကချစ်ရသူပေါ့ ၊ အသွားပဲရှိပြီး အပြန်မရှိ ။ တစ်ဖက်သတ်မှာ တစ်ဖက်ကို မသတ်ချင်ပါဘူး ၊ချစ်ရသူမျက်နှာ တစ်ချက်ငြိုးသွားရင်တောင် ကိုယ်သာ အကြိမ်ကြိမ်သေချင်နေသူပါ။


" ရပါတယ် ဂျေ ။ သမီး ဆေးမသောက်လို့တဲ့ လှမ်းတိုင်တာပါ။ ဒါနဲ့ စားပြီးရင် ဘယ်သွားအုံးမှာလဲ "

လက်ထဲမှ ကိုင်ထားသည့် ဇွန်းနှင့် ခရင်းအား အသာချ၍ ဖန်ခွက်အကြည်လေးထဲရှိ ရေအား ဂျေမော့သောက်ကာ ခံတွင်းရှင်းလိုက်၏။ ထို့နောက်.......။

" ကိုယ် ဒီနေ့ပဲ သွားအဖမ်းခံတော့မယ် ဒါကြောင့် သက်သေတွေကိုယ့်ကိုပေးပါ တမာန် "

ဂျေ့စကားကြောင့် အသားဖဲ့နေသည့် ခြွေ့လက်များ ရပ်သွားသည်။ မနက် ဂျေဖုန်းဆက်ကတည်းက စိတ်ထင်ပြီး သက်သေခံ USB stick အား ယူလာခဲ့သည်။ သို့ပေမယ့် ဒီလောက်မြန်မြန်ကြီးပြောလိမ့်မယ်လို့မထင်။ ဒီလိုကျတော့လည်း ခြွေ စိတ်ထဲမကောင်းဘဲ မွန်းကျပ်လာသလိုပင် ။ ကလဲ့စားတွေကြားမှာ နှလုံးသားတစ်ခုကို ကစားမိပြီလား။

" ကိုယ့်ကိုခွင့်လွှတ်ပေးပါ baby ကိုယ် အနူးညွတ် တောင်းပန်ပါတယ် "

Stick အား ခြွေ အိတ်ထဲမှထုတ်၍ စားပွဲပေါ်တင်ကာ ဂျေ့ မျက်ဝန်းတွေကို စိုက်ကြည့်လိုက်သည်။ ညိုးငယ်နေသည့် ဂျေ့အကြည့်တွေက ခွင့်လွှတ်မှုကိုတောင်းခံနေသလို....တစ်စက်တည်းမှာပဲ မမရဲ့ မျက်နှာကပေါ်လာပြန်သည်။ ဂျေ့ကြောင့် တစ်ဦးတည်းသော သွေးသားကိုဆုံးရှုံးလိုက်ရပေမယ့်......ရန်သူတောင် အလံဖြူပြပြီး လက်နက်ချရင် ကျေအေးပေးရတာပဲမဟုတ်လား။

" ခွင့်လွှတ်ပါတယ် ဂျေ ကျနော် ခင်များကို ခွင့်လွှတ်ပေးပါမယ် "

ထိုအခါ ဟင်းခနဲချလိုက်သည့် သက်ပြင်းက ရင်ထဲက အလုံးကြီးအခုမှ ကျသွားသလို။ နှစ်ခြိုက်စွာပြုံးနေသည့် ဂျေ့အပြုံးတို့နှင့်မျက်ဝန်းတို့ကို ခြွေကြည့်ရင်း ထပ်တူပြုံးမိသည်။

" ကျေးဇူးတင်ပါတယ် baby "

Stick အား ကောက်ယူ၍ ဂျေ အိတ်ကပ်ထဲသို့ ထည့်လိုက်၏ ။ စားသောက်ပြီးစီးသောအခါ နက်ပြာရောင်ကားလေးသည် ရိပ်ထင်၏ ကုမ္မဏီအောက်သို့ ထိုးရပ်သွား၏။

"ဆင်းတော့ baby ဒီနေ့အတွက် ကျေးဇူးတင်ပါတယ် မှိုင်းရိပ်ထင်လည်း မှျှော်နေရောပေါ့ ဒီနေ့တော့ ဒီလောက်နဲ့လည်း ကိုယ်ကျေနပ်တယ် နောက်ဆုံးအနေနဲ့ ကိုယ် မင်းကိုနမ်းလို့ရမလား "

"စိတ်မပူပါနဲ့ ကိုယ်နှုတ်ခမ်းတော့ မနမ်းပါဘူးကွာ ဟားဟား တွန့်တိုလိုက်တာ "

မျက်လုံးလေးထောင့်ကပ်ကာ စဉ်းစားနေသည့် ခြွေ့အတွေးတွေကို ဂျေရိပ်မိသည်မို့ အသက်မပါသည့် ရယ်သံနှင့် ပြောလိုက်သည်။
ထိုအခါမှ ခေါင်းငြိမ့်လာသော ကောင်လေး၏ မျက်နှာနုနုကို လက်ဖြင့် အုပ်ကိုင်၍ ဖြည်းဖြည်းချင်း ရှေ့တိုးလိုက်သည်။ ပိုင်ရှင်သိသည့် နှလုံးသားကတော့ ချစ်ရသူကို အနမ်းခြွေဖို့ ပရမ်းပတာပင်ခုန်နေသည်။ သိပ်တင်ထားသည့် ဆံပင်အောက် ပြောင်ရှင်းနေသည့် နှဖူးပြင်လေးအား ဂျေနှုတ်ခမ်းတို့ ထိကပ်ထား၍ ဖိနမ်းမိသည်။ မြတ်နိုးလွန်းလို့..........။ ဆံသားတို့အား အသာနမ်း၍ ရဲသွေးနေသည့် နှုတ်ခမ်းဖူးလေးအား အလှစ်နမ်းမယ်ကြံသော ချက်ချင်းပင် ခေါင်းငုံ့ချလိုက်သည့် ခြွေ့ကြောင့် ဂျေ ဟက်ခနဲ ရယ်လိုက်သည်။

"ဟက်ဟက်.....အလှစ်တောင် အနမ်းမခံဘူး အဆိုးလေး "

ခြွေ့ဆံပင်တို့အား သက်၍ အသက်မပါသည့် ရယ်သံဖြင့် ပြောသည်။

" ကဲ သွားတော့ တမာန် မှိုင်းရိပ်ထင် မျှော်နေရောပေါ့ "

ကားတံခါးအား ကိုယ်တိုင်ဆွဲဖွင့်ပေး၍ ဂျေသည် လမ်းဖွင့်ပေး၏။ ခပ်ဆွေးဆွေး ကြည့်လာသည့် ခြွေ့မျက်ဝန်းတို့ကို ဂျေ ရှောင်ဖယ်ကာ ခြွေ ဆင်းသွားသည်နှင့် ကားတံခါးပိတ်ကာ ခပ်မြန်မြန်မောင်းထွက်သွားလိုက်၏။ သနားစရာအကြည့်တို့ကို ဂျေမခံယူလို......။ဂျေအကြည့်ခံချင်တာ ထိုမျက်ဝန်းတွေမှမဟုတ်ဘူး ချစ်ရည်ရွှမ်းလဲ့တဲ့ မျက်ဝန်းတွေပါ.....။ ထို့နောက် အိတ်ကပ်ထဲမှ သက်သေခံပစ္စည်းအားထုတ်၍ လက်ထဲ၌ ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ကာ......ဂျေ့ ကားလေး၏ ဦးတည်ရာက ရဲစခန်းသို့.....။

......................................




#4376 words
#12/4/20
#ကျန်းမာရေးဂရုစိုက်ပါ။ အကြိုနေ့လေးမှာ စိတ်ချမ်းသာကိုယ်ကျန်းမာပါစေ။ကျနော် မနေ့ကရော ဒီနေ့ရော ရေးနေတာ အခုမှပြီးတယ်။ တကယ်ပဲ ဒီအပိုင်းနဲ့ နောက်အပိုင်းက ကျနော့်အတွက် အနည်းငယ်ခက်ခဲတယ်ဒါကြောင့် ဖတ်ရတာဟာသွားရင် သည်းခံပေးပါ ။

Continue Reading

You'll Also Like

388K 29.1K 25
You can read not only unicode version but also zawgyi.❤ သျှားခွန်းသ & တံခွန်သစ် သွ်ားခြန္းသ & တံခြန္သစ္ From 8. 10. 2019 To 20. 4. 2020
500K 30.2K 55
ဤဇာတ်လမ်းပါ အကြောင်းအရာများသည် သာသာ့၏ စိတ်ကူးယဉ် ဇာတ်လမ်းသဘောဖြစ်တာကြောင့် မဖြစ်နိုင်သည့် အရာများ ပါဝင်နိုင်ပါသည်.... သို့ပါ၍ ထိုသိူ့သော အကြောင်းအရာမ...
352K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
1.4K 81 7
Love Story😻💘 BL💐🌟🌈 Both uni&zawgyi