" QUITE Doctor "

Von Shwe95Yee

636K 57.8K 3.9K

" ထူးချွန်တဲ့ပါရဂူတစ်ယောက်ဖြစ်ဖို့က အချစ်တွေ မေတ္တာတွေ ထက် ပိုအရေးကြီးတယ်။ " ဒေါက်တာ ကင်မ်ထယ်ယောင်း " ချစ်​​... Mehr

Episode / 1
Episode / 2
Episode / 3
Episode / 4
Episode / 5
Episode / 6
Episode / 7
Episode / 8
Episode / 8 (not kidding 😂)
Episode / 9
Episode / 11
Episode / 12
Episode / 13
Episode / 14
Episode / 15
Episode / 16
Episode / 17
Episode / 18
Episode / 19
Episode / 20
Episode / 21
Episode / 22
Episode / 23
Final Episode
Special Thanks to my precious readers!
New Story Announcement

Episode / 10

22.1K 2.3K 88
Von Shwe95Yee

ဂျောင်ဂုတစ်ယောက်
ဦးတည်ရာမရှိ အကိုပြေးတဲ့နောက်သာ
အသဲအသန် ပြေးလိုက်နေမိသည်။ လမ်းတစ်လျှောက် မှာ တွေ့သမျှ ဒေါက်တာတွေ ၊ သူနာပြုတွေ နှင့် လူနာတစ်ချို့က အကို့ ကို
ဝိုင်းပြီး နူတ်ဆက်ကျသော်လည်း အကိုက
အသိအမှတ်တောင်မပြု၊ ပြေးမြဲပြေးဆဲ။

ဌာနတွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်လို့အပြီးမှာ
Elevator ရှေ့ ရောက်တော့ ပြေးနေတဲ့
အကို့အရှိန်က ခေတ္တ လျော့သွားသည်။
အကိုကပြေးနေတဲ့ အရှိန် လျော့လိုက်လို့
သူလည်း ခဏလောက်များ အမောဖြေရမလားမှတ်တယ်၊ Elevator ရဲ့ ရွေ့လျားနေတဲ့ ဂဏန်းတွေကို အကိုက စိတ်မရှည်စွာ ဘေးက
ရိုးရိုးလှေကား တွေ အတိုင်း ပြေးဆင်းသည်။

လှေကားထစ်ပေါင်း ၁ထောင်ကျော်လောက်
ပြေးဆင်းအပြီးမှာတော့ လူအသွားအလာနည်း
သော ထောင့်ကျိုးတစ်ခုသို့ အကိုက ဖြတ်ဝင်လိုက်သည်။ သူလည်း ဘုမသိဘမသိ အကို့​နောက်လိုက်ရင်း။ ထို့နောက် ဝင်ပေါက် တစ်ခု
အရှေ့အရောက် အကိုက ပြေးတာရပ်လိုက်သည်။ ထိုအခါမှ သူလည်း အသက်ကိုဝဝ ရှူနိုင်ပြီး ထိုဝင်ပေါက်ရဲ့ အပေါ်ကို မော့ကြည်မိတော့
ထွင်းထုထားသော အက္ခရာ စလုံးများ....

            ~ အလောင်းသိုလှောင်ခန်း ~

အကို အခု အဲ့ဒီအလင်းရောင် မှိန်ပြပြလေးပဲရှိတဲ့
အခန်းထဲတော့ ဝင်ဖို့ စဥ်းစားနေတာ မဟုတ်ပါဘူး နော်? သူ့အတွေးတောင်မဆုံးသေး လည်ပင်းမှာ ဆွဲထားတဲ့  ID card ကို ဘေးက scan ဖတ်တဲ့
နေရာမှာ card ကို တင်လိုက်တဲ့အကို။

တီ တီ တီ ဆိုတဲ့ မြည်သံအဆုံး ကျွီခနဲ ပွင့်သွားတဲ့
အလောင်းသိုလှောင်ခန်းတံခါးကြီး။ အကြောက်အလန့်မရှိ တုန်လှုပ်ခြင်းမရှိ ခပ်တည်တည် ဝင်သွားတဲ့ အကိုနောက် ကို အမြန်လိုက်ဝင်ရသည်။
မဟုတ်လို့ တံခါးပြန်ပိတ်သွားရင် အကိုတစ်ယောက်တည်း ဝင်သွားတာကို
စိတ်မချသောကြောင့်။

တိတ်ဆိတ်နေသော အခန်းကြီးအတွင်း သူတို့နှစ်ယောက် ရဲ့ ခြေသံက ခြောက်ခြားဖွယ် ကြားနေရသည်။ အကိုက သူ့ဘောင်းဘီအိတ်ကပ်ထဲက ဖုန်းကို ထုတ်၍

// မနေ့က ပထမဆုံး နဲ့ နောက်ဆုံး သွင်းတဲ့
အလောင်း နံပါတ်ကို သိချင်လို့ //

တစ်ဖက်က ဘာပြန်ပြောလည်းတော့ မသိရ။
ဖုန်းချလိုက်ပြီး အကိုက သူ့ကို အခုမှ ရှိနေမှန်း သတိရပုံရသည်။

" ဂျောင်ဂု ငါ့ကို တစ်ခုကူညီ "

အကိုက သူ့ဆီက အကူအညီကို ပထမဆုံး အကြိမ်တောင်းတာမို့ ဝမ်းသာအားရ
ခေါင်းတစ်ဆက်ဆက် ငြိမ့်ပြမိသည်။

" အလောင်းနံပါတ် 183 ကနေ 256 အထိ
တစ်ခုချင်းစီ ရှာရမယ်  "

အကိုက ပြောပြီးချက်ချင်း 183 အလောင်းအမှတ်ကို ဆွဲထုတ်လိုက်သည်။ အုပ်ထားတဲ့ အဝတ်ကို ဖွင့်ကြည့်တော့ ယောကျာ်းကြီးတစ်ယောက်။ ဘယ်လောက်ပဲ အအေးခန်းဖြစ်နေပါစေ ထွက်လာတဲ့ အနံ့အသက် က မကောင်း
တာမို့ ဂျောင်ဂုတစ်ယောက် နှာခေါင်းရှုံ့မိသည်။

အကိုကတော့ ဘာအနံမှ မရသလို။ အဝတ်စကိုပြန်အုပ်၍ အလောင်းကိုအထဲပြန်သွင်းသည်။
အလောင်းတွေကို အံဆွဲအရှည်လိုပုံစံမျိုးထဲမှာ ထည့်ထားတာဖြစ်တဲ့အတွက် ထုတ်ရ သွင်းရ သိပ်မခက်ခဲ။ ခက်တာက အနံ့အသက်နဲ့
ဘဝမှာတစ်ခါမှတောင် စိတ်ကူးမယဉ်ဘူးတဲ့
လူသေကောင်တွေကို အခုလို အနီးကပ်
ကြည့်နေရခြင်း။

ထိုစဥ်

ရုတ်တရက် မီးပျက်သွားပြီး တစ်ခန်းလုံးမှောင်ကျသွားတော့ အလန့်တကြား အကို့လက်မောင်းကို ပြေးဆွဲမိသည်။ အကိုကတော့
သူ့ထုံးစံအတိုင်း နည်းနည်းလေးမှ အထူးဆန်း
မဖြစ်သိပုံနှင့် ဂျူတီကုပ် အိတ်ကပ်ထဲက ဓာတ်မီးကို ထုတ်၍ အလောင်းတွေကို တစ်ခုပြီးတစ်ခုစစ်နေဆဲ။

" ၁၅မိနစ် နေရင် ပြန်လာလိမ့်မယ်
မီးအပူရှိန်ကြောင့် အခန်းတွင်းအပူချိန်တတ်လာမှဆိုးလို့ ၁၅မိနစ်တစ်ခါ မီးပိတ်တာ "

အလောင်းတွေ ၅၈ခုလောက်ရှာလို့ အပြီးမှ
ဓာတ်ပုံထဲက မိန်းကလေး ကို အလောင်းနံပါတ်
241 တွင် တွေ့သည်။ ဒီလောက်အနံ့အသက်
မကောင်းတာကို အကိုက အနားကိုတောင်
တိုးသွားလိုက်ပြီးသူ့အိတ်ကပ်ထဲက ဆေးထိုးအပ် ကို ထုတ် ကာ ထိုမိန်းကလေးရဲ့ လက်ဖျံက သွေးကို ထုတ်ယူပြီး အကြည်ရောင်အိတ်လေး တစ်အိတ်ထဲ သို့ ထည့်ပြီး လုံခြုံစွာ ပိတ်လိုက်သည်။

လိုချင်တဲ့ သွေးလည်း ရပြီ ဆိုတော့ ပြီးလောက်ပြီ
အထင်နဲ့ အဝတ်စကို ထိုအလောင်းပေါ်ပြန်အုပ်ရန် ပြင်လိုက်ပေမယ့် အကိုက

" ခဏလေး! "

သူ့လက်ကို ကိုင်ကာ ဟန့်တားလိုက်တဲ့ အကို။
ဘာများဖြစ်လို့ပါလိမ့် လို့ တွေးနေတုန်း အကိုက
အဝတ်စကို ထပ်လှန်၍ ထို အမျိုးသမီးရဲ့ လက်သည်းကို ဓာတ်မီးနဲ့ ထိုးလိုက်တော့ မြင်လိုက်ရသည်က ပဲ့နေတဲ့ လက်သည်းအောက်မှာ အနည်းငယ် ခြောက်စပြုနေပြီ ဖြစ်တဲ့
သွေးတစ်ချို့။

အကိုက ဂွမ်းလိပ်တံ နဲ့ ထိုသွေးကို ဖိယူပြီး
ခုနကလို အိတ်အကြည်လေးထဲ ထည့်လိုက်ပြန်သည်။ သူ့ဘာသူ ဘာတွေတွေးပြီး ပြုံးနေလဲတော့မသိ။ ထို အိတ်အကြည်လေးကို ကြည့်ပြီး
ပြုံးနေတာက စိတ်ကျေနပ်သွားပြီမှန်း သိသာသည်။ သူလည်း အဲ့ဒီပြုံးနေတဲ့ မျက်နှာလေးကို
ကြည့်မဝနိုင်။

" ကျေနပ်သွားပြီလား အကို
ဘာတွေ ပြုံးနေတာလဲ humm? "

" အေး ကျေနပ်သွားပြီ
ဒီလက်သည်းကြားထဲက သွေးကို DNA စစ်လိုက်ရင် သံသယရှိသူ ကို ဖမ်းလို့ရပြီလေ "

သူ့ဘာသူ ပြောပြီး သူ့လုပ်ရပ်အပေါ် သူ့ဟာသူ ကျေနပ်ပြီး ပြုံးနေတဲ့ ဆရာဝန်လေးကို
ကြည့်လေ ကြည့်လေ ရင်ထဲကြည်နူးမိသည်။
တစ်ဘဝလုံးစာအတွက် သိမ်းထားချင်မိသည်။
ဒီလိုအပြုံးလေးတွေ ဖြစ်လာအောင် တစ်စိတ်တစ်ပိုင်းကနေ ပါဝင်ကူညီရခွင့်ပေးတဲ့ အကို့ကိုလည်း ကျေးဇူးတင်မိသည်။

ပြုံးပါ အကို။ အမြဲတမ်း အဲ့လိုလေးပဲ ပြုံးနေပါ။
အဲ့လိုအပြုံးလေးတွေက အကိုနဲ့အရမ်းလိုက်ဖက်တာမို့ အချိန်တိုင်းပြုံးနေပေးပါ။

" သွားကြမယ် ဂျောင်ဂု
နောက်ကျသွားလို့မဖြစ်ဘူး "

တမေ့တမော ငေးနေတဲ့ သူလည်း
အကို့ စကားကြားမှ သတိပြန်ဝင်လာသည်။
အလျင်အမြန်ပင် ပြေးထွက်သွားပြန်တဲ့
အကိုကြီး နောက်ကို ထပ်မံပြီး လိုက်ရပြန်သည်။
လမ်းတစ်လျှောက်လုံးလည်း အကိုက
သူ့ လက်ထောက်ဆရာဝန် ကို ဖုန်းဆက်ပြီး ရဲကို အကြောင်းကြားထားဖို့ ဖုန်းကတစ်ဆင့် မှာနေပြန်သည်။

သူတို့လည်း ထွက်လာပြီး တော့ ဓာတ်ခွဲခန်းကို
အဲ့ဒီ ရလာတဲ့ပစ္စည်းတွေပို့လိုက်ပြီး သူတို့ဌာနကိုသာ ပြန်လာလိုက်သည်။ ဌာနကိုရောက်တော့

" ဒေါက်တာကင်မ် ရဲတွေ ရောက်နေပါတယ် "

ထယ်ယောင်းတစ်ယောက်အသိအမှတ်ပြု ရုံ ခေါင်းညိတ်ပြပြီး ရုံးခန်းထဲဝင်သွားလိုက်သည်။ ဂျောင်ဂုက တော့ သူသောက်ဖို့ Cola သွားဝယ်ပေးမယ် ပြောပြီး ထွက်သွားလေသည်။

ရုံးခန်းထဲရောက်တော့ ဆိုဖာမှာ ထိုင်နေတဲ့ ရဲဝန်ထမ်း လေး/ ငါးယောက်။ သူ့ကိုမြင်တော့ ထပြီး အရိုအသေ ပေးကျဟန်ပြင်သဖြင့် လက်သာကာပြလိုက်ပြီး......

" လူနာ ရှင်းဆောင်းဟို နဲ့ပတ်သတ်ပြီး သံသယရှိ
လို့ တိုင်ကြားထားလိုက်တာပါ "

" မနေ့ညက အရေးပေါ် လူနာလား မသိဘူး "

" အင်း ဟုတ်တယ် လူ့လက်သည်းကြားမှာ
ပဲ့ပြီး သွေးထွက်နေတဲ့ ဒဏ်ရာတွေ့တယ်
အဲ့သွေးကို အခု DNA စစ်နေတယ်
ခဏနေ သိရတော့မှာ အဲ့ဒါ သူ့အမျိုးသား ရဲ့ DNA ကိုလည်း သိမှဖြစ်မယ် အိမ်တွင်းအကြမ်းဖက်မှု လို့ ထင်ရတာဆိုတော့ "

" ဘာပြောချင်တာလဲဆိုတာ နားလည်ပါပြီ "

ရဲတွေထွက်သွားတော့ ထယ်ယောင်းလည်း အနောက်ကနေ လိုက်သွားလိုက်သည်။ ဖြစ်ချင်တော့
ကုသဆောင်မှာ လူနာရှင်းဆောင်းဟို နေသွားတဲ့ ကုတင်မှာ ပစ္စည်းတွေ သိမ်းနေတဲ့လူတစ်​ယောက်။ရှင်းရှင်းပြောရရင် လူနာရှင်းဆောင်းဟို ရဲ့ အမျိုးသား။ ရဲတွေကို လက်ညိုးထိုးပြလိုက်ပြီး ထိုသူ ဘယ်လို တုန့်ပြန်မလဲ လို့ သိချင်စိတ်နဲ့
ထိုနေရာက မသွားဘဲ ခပ်လှမ်းလှမ်းက ရပ်ကြည့်နေမိသည်။

" လူနာရှင်းဆောင်းဟို ရဲ့
အမျိုးသားလားမသိဘူး "

" ဟုတ်ပါတယ် ခင်ဗျ
ဘာကိစ္စရှိလို့လဲ မသိဘူး "

ပုံစံက မခုတ်တတ်တဲ့ကြောင်ပုံစံ ဖမ်းနေတာကြောင့် ဟက်ခနဲ တစ်ချက်ရီမိသည်။ မသိရင် သူဘာမှ မသိပါဘူး ဘာအပြစ်မှ မကျူးလွန်ထားပါဘူး ဆိုတဲ့ ပုံစံမျိုးဖြင့်။

" ဆိုးလ်မြို့နယ် ရဲစခန်းကပါ
မိန်းမဖြစ်သူ သေဆုံးမှုနဲ့ပတ်သတ်ပြီး ဒီကအမျိုးသားဖြစ်သူဆီက DNA စစ်ဖို့ လိုအပ်တဲ့အတွက်ကြောင့် ကျွန်တော်တို့နဲ့ ပူးပေါင်းပေးပါ "

" ​သြော် ဟုတ်ကဲ့ခင်ဗျ "

အသာတကြည် လက်ခံလိုက်တာကြောင့် ထယ်ယောင်းတစ်ယောက် ရုတ်တရက် ကြောင်သွားသည်။ တကယ်ဆို အများစုက ငြင်းခုံကြပြီး ရုန်းရင်းဆန်ခတ် ဖြစ်ကြသည်က များသည်။
ဒီလူက အခု ရဲတွေနောက်ကို အသာတကြည် လိုက်ပါသွားသည်။ စောဒက လည်းမတတ်ပဲနဲ့။
အခုဟာက သိပ်တော့မဟုတ်သေး။

" ငါ့ကို ရဲတိုင်လိုက်တာ မင်းမလား ​ေ-နာကောင်
သေဖို့ပြင်ထားးးးး မင်းးးး "

သူ့အတွေးတောင်မဆုံးသေး ရုတ်တရက် ရဲတွေကြားထဲက နေ ရုန်းထွက်ပြီး ဆေးကောင်တာ ပေါ်မှာတင်ထားတဲ့ ကတ်ကြေးကိုယူကာ သူ့ဆီအရှိန်နဲ့ ပြေးလာသော ထိုအမျိုးသား။
ပါးစပ်ကလည်း ဒေါသတကြီး ရေရွတ်ကာ သူ့ဆီ အရှိန်နဲ့ ပြေးလာနေသည်ကို ရဲတွေကလည်း ရုတ်တရက်ဆိုတော့ ဖမ်းဖို့မမိလိုက်။

အဖြစ်အပျက်တွေ က မြန်ဆန်လွန်းလို့
သူဘာလုပ်ရမှန်းတောင် မသိ။ ပြေးလာနေတဲ့
အရှိန်က မြန်လွန်းလို့ ထွက်ပြေးလည်း မမှီတော့ဘူး ဆိုတာ သိတာကြောင့် မျက်စိစုံမှိတ်ကာ
ကျရောက်လာမယ့် အန္တရာယ် ကိုသာ
စောင့်ဆိုင်းနေလိုက်သည်။
ထိုစဥ်

" အကို ! ! ! ! ! ! ! ! " ဆိုတဲ့ အဝေးက
ဂျောင်ဂုအသံကို ကြားလိုက်ရပြီး တစ်ဆက်တည်း မှာပဲ '' အင့် " ဆိုပြီး တစ်စုံတစ်ခုက သူ့ခြေထောက်အပေါ် လဲကျသွားတာကို ခံစားလိုက်ရသည်။

အလန့်တကြား ငုံ့ကြည့်မိတော့ ခုနက Cola သွားဝယ်မယ်ဆိုပြီး ပြန်ရောက်လာတဲ့ ကောင်လေး။
ဝမ်းဗိုက်မှာ ကတ်ကြေးနဲ့ ထိုးခံလိုက်ရတာ
ကြောင့် ကျောင်းအကျီ ဖြူဖြူပေါ်မှာ သွေးတွေက မြင်မကောင်း။ဂျောင်ဂုက သူ့ဗိုက်သူ လက်နဲ့ဖိကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။
ချက်ချင်းပဲ ဒူးထောက်ချလိုက်ပြီး ဂျောင်ဂုကို ပွေ့ဖက်လိုက်တော့ ရင်ခွင်ထဲ
အလိုက်သင့်ပါလာတဲ့ ခန္ဓာကိုယ် ။

" အ....အကို..."

" ဂျောင်ဂု မင်းရူးနေလား
ဘာ....ဘာလို့ "

ပြောနေရင်း မျက်ရည်တွေ ကျလာတဲ့ သူ့ကို
ဂျောင်ဂုက သွေးတွေ ပေနေတဲ့ လက်နဲ့ သုတ်ပေးသည်။ သူဂျောင်ဂုလက်ကို ဆုပ်ကိုင်ထားလိုက်ပြီး အသဲအသန် ငိုနေမိသည်။

" ဘာကြောင်ကြည့်နေကြတာလဲ
အရေးပေါ် ဌာန ကို အကြောင်းကြားလေ
အခုချက်ချင်း ! ! ! "

ဘေးနားမှာ ကြောင်ကြည့်နေကျတဲ့
သူနာပြုတွေကို အကြီးအကျယ် အော်ဟစ်ရင်း
ပြောမိသည်။ ရဲတွေကတော့ ဟိုလူကို လက်ထိတ်ခက်၍ ခေါ်ဆောင်သွားပြီ ဖြစ်သည်။ အခုချိန် သူဘာကိုမှ မသိတော့။
သူ့ရင်ထဲ အရမ်းပူလောင်နေပြီ။ ဂျောင်ဂုသာ တစ်ခုခု ဖြစ်သွားရင် သူ့ကိုယ်သူ
လုံးဝခွင့်လွှတ်နိုင်မှာ မဟုတ်။

" အ...အကို အ... အဆင်ပြေရဲ့လား
ထိ....ထိခိုက်....မိသေးလား "

စကားတစ်ခွန်းပြောတိုင်း ပါးစပ်ထဲက
သွေးတွေက ဗွက်ခနဲ။ ဒီလောက်ဖြစ်နေတာတောင် သူ့ကို အဆင်ပြေလား မေးနေသည့်
ကောင်လေးကို ကြည့်ပြီး ရင်ထဲမှာ တဆစ်ဆစ်။

" စကားတွေ အများကြီး မပြောနဲ့တော့နော်
ခဏ....ခဏလေးပဲ သည်းခံနော် ဂျောင်ဂု
လုံးဝ သတိမလစ်လိုက်နဲ့နော်
ပြီးရင် GS ရောက်တာနဲ့ ခွဲစိတ်ပေးမှာမို့
ခဏလေး...ခဏလေးပဲ သည်းခံပေးပါဂျောင်ဂုရယ် အီးဟီးဟီး "

( GS= General Surgeon)

ပြောရင်းနဲ့ အသဲအသန် ငိုနေတဲ့ သူ့ကို
ဂျောင်ဂု က

" မ..မငိုပါနဲ့ အ..အကိုရာ
က...ကလေး..လေး ကျနေတာပဲ "

" အင်း အင်း ငါမငိုတော့ဘူးနော်
မင်းသာ ခဏလေးပဲ သည်းခံ....."

သူ့ စကားတောင်မဆုံးသေး ပျော့ခွေကျသွားတဲ့
ခန္ဓာကိုယ်လေးက သူ့ရင်ခွင်ထဲမှာ။ ခုနက ပြတ်တောင်းပြတ်တောင်းပြောနေတဲ့ စကားသံလေးလည်း မကြားရတော့။ဂျောင်ဂု
လက်တစ်ဖက်က ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ Cola ပုလင်းလေးလည်း လွတ်ကျပြီး
ကြမ်းပြင်ပေါ်လိမ့်ဆင်းသွားပြီ။ သူ့ရင်ထဲ ပူလောင်မှုနဲ့ အတူ မျက်ရည်တွေ တာကျိုးသလို စီးဆင်းကျလာသည်။

" ဂျောင်ဂု! ! ! ! ! ! "

အော်ခေါ်မိတဲ့ သူ့အသံက ဆေးရုံအတွင်း
ကျယ်လောင်စွာ မြည်ဟိမ်းလျက်။

TBC
စာဖတ်သူ တစ်ယောက်ချင်းစီ အား
လေးစားလျက်။

Zawgyi Ver

ေဂ်ာင္ဂုတစ္ေယာက္
ဦးတည္ရာမရွိ အကိုေျပးတဲ့ေနာက္သာ
အသဲအသန္ ေျပးလိုက္ေနမိသည္။ လမ္းတစ္ေလွ်ာက္ မွာ ေတြ႕သမွ် ေဒါက္တာေတြ ၊ သူနာျပဳေတြ ႏွင့္ လူနာတစ္ခ်ိဳ႕က အကို႔ ကို
ဝိုင္းၿပီး ႏူတ္ဆက္က်ေသာ္လည္း အကိုက
အသိအမွတ္ေတာင္မျပဳ၊ ေျပးၿမဲေျပးဆဲ။

ဌာနေတြ တစ္ခုၿပီးတစ္ခု ျဖတ္ေက်ာ္လို႔အၿပီးမွာ
Elevator ေရွ႕ ေရာက္ေတာ့ ေျပးေနတဲ့
အကို႔အရွိန္က ေခတၱ ေလ်ာ့သြားသည္။
အကိုကေျပးေနတဲ့ အရွိန္ ေလ်ာ့လိုက္လို႔
သူလည္း ခဏေလာက္မ်ား အေမာေျဖရမလားမွတ္တယ္၊ Elevator ရဲ႕ ေ႐ြ႕လ်ားေနတဲ့ ဂဏန္းေတြကို အကိုက စိတ္မရွည္စြာ ေဘးက
ရိုးရိုးေလွကား ေတြ အတိုင္း ေျပးဆင္းသည္။

ေလွကားထစ္ေပါင္း ၁ေထာင္ေက်ာ္ေလာက္
ေျပးဆင္းအၿပီးမွာေတာ့ လူအသြားအလာနည္း
ေသာ ေထာင့္က်ိဳးတစ္ခုသို႔ အကိုက ျဖတ္ဝင္လိုက္သည္။ သူလည္း ဘုမသိဘမသိ အကို႔ေနာက္လိုက္ရင္း။ ထို႔ေနာက္ ဝင္ေပါက္ တစ္ခု
အေရွ႕အေရာက္ အကိုက ေျပးတာရပ္လိုက္သည္။ ထိုအခါမွ သူလည္း အသက္ကိုဝဝ ရႉနိုင္ၿပီး ထိုဝင္ေပါက္ရဲ႕ အေပၚကို ေမာ့ၾကည္မိေတာ့
ထြင္းထုထားေသာ အကၡရာ စလုံးမ်ား....

            ~ အေလာင္းသိုေလွာင္ခန္း ~

အကို အခု အဲ့ဒီအလင္းေရာင္ မွိန္ျပျပေလးပဲရွိတဲ့
အခန္းထဲေတာ့ ဝင္ဖို႔ စဥ္းစားေနတာ မဟုတ္ပါဘူး ေနာ္? သူ႕အေတြးေတာင္မဆုံးေသး လည္ပင္းမွာ ဆြဲထားတဲ့  ID card ကို ေဘးက scan ဖတ္တဲ့
ေနရာမွာ card ကို တင္လိုက္တဲ့အကို။

တီ တီ တီ ဆိုတဲ့ ျမည္သံအဆုံး ကြၽီခနဲ ပြင့္သြားတဲ့
အေလာင္းသိုေလွာင္ခန္းတံခါးႀကီး။ အေၾကာက္အလန့္မရွိ တုန္လႈပ္ျခင္းမရွိ ခပ္တည္တည္ ဝင္သြားတဲ့ အကိုေနာက္ ကို အျမန္လိုက္ဝင္ရသည္။
မဟုတ္လို႔ တံခါးျပန္ပိတ္သြားရင္ အကိုတစ္ေယာက္တည္း ဝင္သြားတာကို
စိတ္မခ်ေသာေၾကာင့္။

တိတ္ဆိတ္ေနေသာ အခန္းႀကီးအတြင္း သူတို႔ႏွစ္ေယာက္ ရဲ႕ ေျခသံက ေျခာက္ျခားဖြယ္ ၾကားေနရသည္။ အကိုက သူ႕ေဘာင္းဘီအိတ္ကပ္ထဲက ဖုန္းကို ထုတ္၍

// မေန႕က ပထမဆုံး နဲ႕ ေနာက္ဆုံး သြင္းတဲ့
အေလာင္း နံပါတ္ကို သိခ်င္လို႔ //

တစ္ဖက္က ဘာျပန္ေျပာလည္းေတာ့ မသိရ။
ဖုန္းခ်လိဳက္ၿပီး အကိုက သူ႕ကို အခုမွ ရွိေနမွန္း သတိရပုံရသည္။

" ေဂ်ာင္ဂု ငါ့ကို တစ္ခုကူညီ "

အကိုက သူ႕ဆီက အကူအညီကို ပထမဆုံး အႀကိမ္ေတာင္းတာမို႔ ဝမ္းသာအားရ
ေခါင္းတစ္ဆက္ဆက္ ၿငိမ့္ျပမိသည္။

" အေလာင္းနံပါတ္ 183 ကေန 256 အထိ
တစ္ခုခ်င္းစီ ရွာရမယ္  "

အကိုက ေျပာၿပီးခ်က္ခ်င္း 183 အေလာင္းအမွတ္ကို ဆြဲထုတ္လိုက္သည္။ အုပ္ထားတဲ့ အဝတ္ကို ဖြင့္ၾကည့္ေတာ့ ေယာက်ာ္းႀကီးတစ္ေယာက္။ ဘယ္ေလာက္ပဲ အေအးခန္းျဖစ္ေနပါေစ ထြက္လာတဲ့ အနံ႕အသက္ က မေကာင္း
တာမို႔ ေဂ်ာင္ဂုတစ္ေယာက္ ႏွာေခါင္းရႈံ႕မိသည္။

အကိုကေတာ့ ဘာအနံမွ မရသလို။ အဝတ္စကိုျပန္အုပ္၍ အေလာင္းကိုအထဲျပန္သြင္းသည္။
အေလာင္းေတြကို အံဆြဲအရွည္လိုပုံစံမ်ိဳးထဲမွာ ထည့္ထားတာျဖစ္တဲ့အတြက္ ထုတ္ရ သြင္းရ သိပ္မခက္ခဲ။ ခက္တာက အနံ႕အသက္နဲ႕
ဘဝမွာတစ္ခါမွေတာင္ စိတ္ကူးမယဥ္ဘူးတဲ့
လူေသေကာင္ေတြကို အခုလို အနီးကပ္
ၾကည့္ေနရျခင္း။

ထိုစဥ္

႐ုတ္တရက္ မီးပ်က္သြားၿပီး တစ္ခန္းလုံးေမွာင္က်သြားေတာ့ အလန့္တၾကား အကို႔လက္ေမာင္းကို ေျပးဆြဲမိသည္။ အကိုကေတာ့
သူ႕ထုံးစံအတိုင္း နည္းနည္းေလးမွ အထူးဆန္း
မျဖစ္သိပုံႏွင့္ ဂ်ဴတီကုပ္ အိတ္ကပ္ထဲက ဓာတ္မီးကို ထုတ္၍ အေလာင္းေတြကို တစ္ခုၿပီးတစ္ခုစစ္ေနဆဲ။

" ၁၅မိနစ္ ေနရင္ ျပန္လာလိမ့္မယ္
မီးအပူရွိန္ေၾကာင့္ အခန္းတြင္းအပူခ်ိန္တတ္လာမွဆိုးလို႔ ၁၅မိနစ္တစ္ခါ မီးပိတ္တာ "

အေလာင္းေတြ ၅၈ခုေလာက္ရွာလို႔ အၿပီးမွ
ဓာတ္ပုံထဲက မိန္းကေလး ကို အေလာင္းနံပါတ္
241 တြင္ ေတြ႕သည္။ ဒီေလာက္အနံ႕အသက္
မေကာင္းတာကို အကိုက အနားကိုေတာင္
တိုးသြားလိုက္ၿပီးသူ႕အိတ္ကပ္ထဲက ေဆးထိုးအပ္ ကို ထုတ္ ကာ ထိုမိန္းကေလးရဲ႕ လက္ဖ်ံက ေသြးကို ထုတ္ယူၿပီး အၾကည္ေရာင္အိတ္ေလး တစ္အိတ္ထဲ သို႔ ထည့္ၿပီး လုံၿခဳံစြာ ပိတ္လိုက္သည္။

လိုခ်င္တဲ့ ေသြးလည္း ရၿပီ ဆိုေတာ့ ၿပီးေလာက္ၿပီ
အထင္နဲ႕ အဝတ္စကို ထိုအေလာင္းေပၚျပန္အုပ္ရန္ ျပင္လိုက္ေပမယ့္ အကိုက

" ခဏေလး! "

သူ႕လက္ကို ကိုင္ကာ ဟန့္တားလိုက္တဲ့ အကို။
ဘာမ်ားျဖစ္လို႔ပါလိမ့္ လို႔ ေတြးေနတုန္း အကိုက
အဝတ္စကို ထပ္လွန္၍ ထို အမ်ိဳးသမီးရဲ႕ လက္သည္းကို ဓာတ္မီးနဲ႕ ထိုးလိုက္ေတာ့ ျမင္လိုက္ရသည္က ပဲ့ေနတဲ့ လက္သည္းေအာက္မွာ အနည္းငယ္ ေျခာက္စျပဳေနၿပီ ျဖစ္တဲ့
ေသြးတစ္ခ်ိဳ႕။

အကိုက ဂြမ္းလိပ္တံ နဲ႕ ထိုေသြးကို ဖိယူၿပီး
ခုနကလို အိတ္အၾကည္ေလးထဲ ထည့္လိုက္ျပန္သည္။ သူ႕ဘာသူ ဘာေတြေတြးၿပီး ၿပဳံးေနလဲေတာ့မသိ။ ထို အိတ္အၾကည္ေလးကို ၾကည့္ၿပီး
ၿပဳံးေနတာက စိတ္ေက်နပ္သြားၿပီမွန္း သိသာသည္။ သူလည္း အဲ့ဒီၿပဳံးေနတဲ့ မ်က္ႏွာေလးကို
ၾကည့္မဝနိုင္။

" ေက်နပ္သြားၿပီလား အကို
ဘာေတြ ၿပဳံးေနတာလဲ humm? "

" ေအး ေက်နပ္သြားၿပီ
ဒီလက္သည္းၾကားထဲက ေသြးကို DNA စစ္လိုက္ရင္ သံသယရွိသူ ကို ဖမ္းလို႔ရၿပီေလ "

သူ႕ဘာသူ ေျပာၿပီး သူ႕လုပ္ရပ္အေပၚ သူ႕ဟာသူ ေက်နပ္ၿပီး ၿပဳံးေနတဲ့ ဆရာဝန္ေလးကို
ၾကည့္ေလ ၾကည့္ေလ ရင္ထဲၾကည္ႏူးမိသည္။
တစ္ဘဝလုံးစာအတြက္ သိမ္းထားခ်င္မိသည္။
ဒီလိုအၿပဳံးေလးေတြ ျဖစ္လာေအာင္ တစ္စိတ္တစ္ပိုင္းကေန ပါဝင္ကူညီရခြင့္ေပးတဲ့ အကို႔ကိုလည္း ေက်းဇူးတင္မိသည္။

ၿပဳံးပါ အကို။ အၿမဲတမ္း အဲ့လိုေလးပဲ ၿပဳံးေနပါ။
အဲ့လိုအၿပဳံးေလးေတြက အကိုနဲ႕အရမ္းလိုက္ဖက္တာမို႔ အခ်ိန္တိုင္းၿပဳံးေနေပးပါ။

" သြားၾကမယ္ ေဂ်ာင္ဂု
ေနာက္က်သြားလို႔မျဖစ္ဘူး "

တေမ့တေမာ ေငးေနတဲ့ သူလည္း
အကို႔ စကားၾကားမွ သတိျပန္ဝင္လာသည္။
အလ်င္အျမန္ပင္ ေျပးထြက္သြားျပန္တဲ့
အကိုႀကီး ေနာက္ကို ထပ္မံၿပီး လိုက္ရျပန္သည္။
လမ္းတစ္ေလွ်ာက္လုံးလည္း အကိုက
သူ႕ လက္ေထာက္ဆရာဝန္ ကို ဖုန္းဆက္ၿပီး ရဲကို အေၾကာင္းၾကားထားဖို႔ ဖုန္းကတစ္ဆင့္ မွာေနျပန္သည္။

သူတို႔လည္း ထြက္လာၿပီး ေတာ့ ဓာတ္ခြဲခန္းကို
အဲ့ဒီ ရလာတဲ့ပစၥည္းေတြပို႔လိုက္ၿပီး သူတို႔ဌာနကိုသာ ျပန္လာလိုက္သည္။ ဌာနကိုေရာက္ေတာ့

" ေဒါက္တာကင္မ္ ရဲေတြ ေရာက္ေနပါတယ္ "

ထယ္ေယာင္းတစ္ေယာက္အသိအမွတ္ျပဳ ႐ုံ ေခါင္းညိတ္ျပၿပီး ႐ုံးခန္းထဲဝင္သြားလိုက္သည္။ ေဂ်ာင္ဂုက ေတာ့ သူေသာက္ဖို႔ Cola သြားဝယ္ေပးမယ္ ေျပာၿပီး ထြက္သြားေလသည္။

႐ုံးခန္းထဲေရာက္ေတာ့ ဆိုဖာမွာ ထိုင္ေနတဲ့ ရဲဝန္ထမ္း ေလး/ ငါးေယာက္။ သူ႕ကိုျမင္ေတာ့ ထၿပီး အရိုအေသ ေပးက်ဟန္ျပင္သျဖင့္ လက္သာကာျပလိုက္ၿပီး......

" လူနာ ရွင္းေဆာင္းဟို နဲ႕ပတ္သတ္ၿပီး သံသယရွိ
လို႔ တိုင္ၾကားထားလိုက္တာပါ "

" မေန႕ညက အေရးေပၚ လူနာလား မသိဘူး "

" အင္း ဟုတ္တယ္ လူ႕လက္သည္းၾကားမွာ
ပဲ့ၿပီး ေသြးထြက္ေနတဲ့ ဒဏ္ရာေတြ႕တယ္
အဲ့ေသြးကို အခု DNA စစ္ေနတယ္
ခဏေန သိရေတာ့မွာ အဲ့ဒါ သူ႕အမ်ိဳးသား ရဲ႕ DNA ကိုလည္း သိမွျဖစ္မယ္ အိမ္တြင္းအၾကမ္းဖက္မႈ လို႔ ထင္ရတာဆိုေတာ့ "

" ဘာေျပာခ်င္တာလဲဆိုတာ နားလည္ပါၿပီ "

ရဲေတြထြက္သြားေတာ့ ထယ္ေယာင္းလည္း အေနာက္ကေန လိုက္သြားလိုက္သည္။ ျဖစ္ခ်င္ေတာ့
ကုသေဆာင္မွာ လူနာရွင္းေဆာင္းဟို ေနသြားတဲ့ ကုတင္မွာ ပစၥည္းေတြ သိမ္းေနတဲ့လူတစ္ေယာက္။ရွင္းရွင္းေျပာရရင္ လူနာရွင္းေဆာင္းဟို ရဲ႕ အမ်ိဳးသား။ ရဲေတြကို လက္ညိုးထိုးျပလိုက္ၿပီး ထိုသူ ဘယ္လို တုန့္ျပန္မလဲ လို႔ သိခ်င္စိတ္နဲ႕
ထိုေနရာက မသြားဘဲ ခပ္လွမ္းလွမ္းက ရပ္ၾကည့္ေနမိသည္။

" လူနာရွင္းေဆာင္းဟို ရဲ႕
အမ်ိဳးသားလားမသိဘူး "

" ဟုတ္ပါတယ္ ခင္ဗ်
ဘာကိစၥရွိလို႔လဲ မသိဘူး "

ပုံစံက မခုတ္တတ္တဲ့ေၾကာင္ပုံစံ ဖမ္းေနတာေၾကာင့္ ဟက္ခနဲ တစ္ခ်က္ရီမိသည္။ မသိရင္ သူဘာမွ မသိပါဘူး ဘာအျပစ္မွ မက်ဴးလြန္ထားပါဘူး ဆိုတဲ့ ပုံစံမ်ိဳးျဖင့္။

" ဆိုးလ္ၿမိဳ႕နယ္ ရဲစခန္းကပါ
မိန္းမျဖစ္သူ ေသဆုံးမႈနဲ႕ပတ္သတ္ၿပီး ဒီကအမ်ိဳးသားျဖစ္သူဆီက DNA စစ္ဖို႔ လိုအပ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္တို႔နဲ႕ ပူးေပါင္းေပးပါ "

" ေၾသာ္ ဟုတ္ကဲ့ခင္ဗ် "

အသာတၾကည္ လက္ခံလိုက္တာေၾကာင့္ ထယ္ေယာင္းတစ္ေယာက္ ႐ုတ္တရက္ ေၾကာင္သြားသည္။ တကယ္ဆို အမ်ားစုက ျငင္းခုံၾကၿပီး ႐ုန္းရင္းဆန္ခတ္ ျဖစ္ၾကသည္က မ်ားသည္။
ဒီလူက အခု ရဲေတြေနာက္ကို အသာတၾကည္ လိုက္ပါသြားသည္။ ေစာဒက လည္းမတတ္ပဲနဲ႕။
အခုဟာက သိပ္ေတာ့မဟုတ္ေသး။

" ငါ့ကို ရဲတိုင္လိုက္တာ မင္းမလား ေ-နာေကာင္
ေသဖို႔ျပင္ထားးးးး မင္းးးး "

သူ႕အေတြးေတာင္မဆုံးေသး ႐ုတ္တရက္ ရဲေတြၾကားထဲက ေန ႐ုန္းထြက္ၿပီး ေဆးေကာင္တာ ေပၚမွာတင္ထားတဲ့ ကတ္ေၾကးကိုယူကာ သူ႕ဆီအရွိန္နဲ႕ ေျပးလာေသာ ထိုအမ်ိဳးသား။
ပါးစပ္ကလည္း ေဒါသတႀကီး ေရ႐ြတ္ကာ သူ႕ဆီ အရွိန္နဲ႕ ေျပးလာေနသည္ကို ရဲေတြကလည္း ႐ုတ္တရက္ဆိုေတာ့ ဖမ္းဖို႔မမိလိုက္။

အျဖစ္အပ်က္ေတြ က ျမန္ဆန္လြန္းလို႔
သူဘာလုပ္ရမွန္းေတာင္ မသိ။ ေျပးလာေနတဲ့
အရွိန္က ျမန္လြန္းလို႔ ထြက္ေျပးလည္း မမွီေတာ့ဘူး ဆိုတာ သိတာေၾကာင့္ မ်က္စိစုံမွိတ္ကာ
က်ေရာက္လာမယ့္ အႏၱရာယ္ ကိုသာ
ေစာင့္ဆိုင္းေနလိုက္သည္။
ထိုစဥ္

" အကို ! ! ! ! ! ! ! ! " ဆိုတဲ့ အေဝးက
ေဂ်ာင္ဂုအသံကို ၾကားလိုက္ရၿပီး တစ္ဆက္တည္း မွာပဲ '' အင့္ " ဆိုၿပီး တစ္စုံတစ္ခုက သူ႕ေျခေထာက္အေပၚ လဲက်သြားတာကို ခံစားလိုက္ရသည္။

အလန့္တၾကား ငုံ႕ၾကည့္မိေတာ့ ခုနက Cola သြားဝယ္မယ္ဆိုၿပီး ျပန္ေရာက္လာတဲ့ ေကာင္ေလး။
ဝမ္းဗိုက္မွာ ကတ္ေၾကးနဲ႕ ထိုးခံလိုက္ရတာ
ေၾကာင့္ ေက်ာင္းအက်ီ ျဖဴျဖဴေပၚမွာ ေသြးေတြက ျမင္မေကာင္း။ေဂ်ာင္ဂုက သူ႕ဗိုက္သူ လက္နဲ႕ဖိကာ ေျမျပင္ေပၚသို႔ လဲက်သြားသည္။
ခ်က္ခ်င္းပဲ ဒူးေထာက္ခ်လိဳက္ၿပီး ေဂ်ာင္ဂုကို ေပြ႕ဖက္လိုက္ေတာ့ ရင္ခြင္ထဲ
အလိုက္သင့္ပါလာတဲ့ ခႏၶာကိုယ္ ။

" အ....အကို..."

" ေဂ်ာင္ဂု မင္း႐ူးေနလား
ဘာ....ဘာလို႔ "

ေျပာေနရင္း မ်က္ရည္ေတြ က်လာတဲ့ သူ႕ကို
ေဂ်ာင္ဂုက ေသြးေတြ ေပေနတဲ့ လက္နဲ႕ သုတ္ေပးသည္။ သူေဂ်ာင္ဂုလက္ကို ဆုပ္ကိုင္ထားလိုက္ၿပီး အသဲအသန္ ငိုေနမိသည္။

" ဘာေၾကာင္ၾကည့္ေနၾကတာလဲ
အေရးေပၚ ဌာန ကို အေၾကာင္းၾကားေလ
အခုခ်က္ခ်င္း ! ! ! "

ေဘးနားမွာ ေၾကာင္ၾကည့္ေနက်တဲ့
သူနာျပဳေတြကို အႀကီးအက်ယ္ ေအာ္ဟစ္ရင္း
ေျပာမိသည္။ ရဲေတြကေတာ့ ဟိုလူကို လက္ထိတ္ခက္၍ ေခၚေဆာင္သြားၿပီ ျဖစ္သည္။ အခုခ်ိန္ သူဘာကိုမွ မသိေတာ့။
သူ႕ရင္ထဲ အရမ္းပူေလာင္ေနၿပီ။ ေဂ်ာင္ဂုသာ တစ္ခုခု ျဖစ္သြားရင္ သူ႕ကိုယ္သူ
လုံးဝခြင့္လႊတ္နိုင္မွာ မဟုတ္။

" အ...အကို အ... အဆင္ေျပရဲ႕လား
ထိ....ထိခိုက္....မိေသးလား "

စကားတစ္ခြန္းေျပာတိုင္း ပါးစပ္ထဲက
ေသြးေတြက ဗြက္ခနဲ။ ဒီေလာက္ျဖစ္ေနတာေတာင္ သူ႕ကို အဆင္ေျပလား ေမးေနသည့္
ေကာင္ေလးကို ၾကည့္ၿပီး ရင္ထဲမွာ တဆစ္ဆစ္။

" စကားေတြ အမ်ားႀကီး မေျပာနဲ႕ေတာ့ေနာ္
ခဏ....ခဏေလးပဲ သည္းခံေနာ္ ေဂ်ာင္ဂု
လုံးဝ သတိမလစ္လိုက္နဲ႕ေနာ္
ၿပီးရင္ GS ေရာက္တာနဲ႕ ခြဲစိတ္ေပးမွာမို႔
ခဏေလး...ခဏေလးပဲ သည္းခံေပးပါေဂ်ာင္ဂုရယ္ အီးဟီးဟီး "

( GS= General Surgeon)

ေျပာရင္းနဲ႕ အသဲအသန္ ငိုေနတဲ့ သူ႕ကို
ေဂ်ာင္ဂု က

" မ..မငိုပါနဲ႕ အ..အကိုရာ
က...ကေလး..ေလး က်ေနတာပဲ "

" အင္း အင္း ငါမငိုေတာ့ဘူးေနာ္
မင္းသာ ခဏေလးပဲ သည္းခံ....."

သူ႕ စကားေတာင္မဆုံးေသး ေပ်ာ့ေခြက်သြားတဲ့
ခႏၶာကိုယ္ေလးက သူ႕ရင္ခြင္ထဲမွာ။ ခုနက ျပတ္ေတာင္းျပတ္ေတာင္းေျပာေနတဲ့ စကားသံေလးလည္း မၾကားရေတာ့။ေဂ်ာင္ဂု
လက္တစ္ဖက္က က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားတဲ့ Cola ပုလင္းေလးလည္း လြတ္က်ၿပီး
ၾကမ္းျပင္ေပၚလိမ့္ဆင္းသြားၿပီ။ သူ႕ရင္ထဲ ပူေလာင္မႈနဲ႕ အတူ မ်က္ရည္ေတြ တာက်ိဳးသလို စီးဆင္းက်လာသည္။

" ေဂ်ာင္ဂု! ! ! ! ! ! "

ေအာ္ေခၚမိတဲ့ သူ႕အသံက ေဆး႐ုံအတြင္း
က်ယ္ေလာင္စြာ ျမည္ဟိမ္းလ်က္။

TBC
စာဖတ္သူ တစ္ေယာက္ခ်င္းစီ အား
ေလးစားလ်က္။

Weiterlesen

Das wird dir gefallen

794K 58.9K 36
"Why the fuck you let him touch you!!!"he growled while punching the wall behind me 'I am so scared right now what if he hit me like my father did to...
1.3M 31.5K 46
When young Diovanna is framed for something she didn't do and is sent off to a "boarding school" she feels abandoned and betrayed. But one thing was...
73.4K 5.9K 19
Taekook Fanficေလးပါေနာ္.. စိတ္ကူးေလးေပါက္လာလို႔😘😘 Taekook Fanficလေးပါနော်.. စိတ်ကူးလေးပေါက်လာလို့😘😘
1.1M 29K 41
While moonlighting as a stripper, Emery Jones' mundane life takes a twisted and seductive turn when she finds herself relentlessly pursued by reclusi...