Episode / 19

19.1K 2K 55
                                    

" ငါ ထင်တောင်မထင်ထားဘူး
မင်းဖြစ်နေလိမ့်မယ်လို့ "

အံ့သြနေတဲ့ မျက်လုံးလေးတွေက အခုချိန်ထိ
ဝိုင်းစက်စွာပြူးကြည့်နေသေးသည်။

" ဟုတ်တယ် ၁ပတ်လောက်ရှိပြီ ဒီရောက်တာ
ထယ့်ကျောင်းကိုလာပြီး Surprise လုပ်မလို့
အသိမပေးခဲ့တာ "

" ခုတော့ မထင်မှတ်ပဲ ဆုံသွားတယ်ဆိုပါတော့ "

ရုပ်တည်ကြီးနဲ့ နောက်ပြောင်သည့် အကျင့်က
ခုထိ ရှိသေးသည်။ ခုနက ဆူပုတ်ပုတ်နဲ့ မျက်နှာလေးမဟုတ်တော့ပဲ လူကြီးဆိုက်ဒ် မျက်နှာထား
ခပ်တည်တည်နဲ့ သူ့ကိုပြောလာသည်။

" အင်း ဆိုပါတော့ "

ရီချင်နေပေမယ့် စိတ်ချမ်းသာစေရန်
ထယ့်စကားကို Follow လိုက်ပြီး ခေါင်းညိတ်
ပြန်ဖြေမိသည်။

" ဓာတ်ခွဲခန်းကို လာတာ ကိစ္စရှိလို့လား? "

" ဟုတ်တယ် စာတမ်းအတွက်
ဘက်ခါအပြီးတင်ရမှာလေ "

" သြော် ဒီဆေးတွေလား?
ကိုယ် ကူညီပေးမယ်လေ
ထယ် ခွင့်ပြုမယ်ဆိုရင်ပေါ့  "

" Omo! တကယ်လား
အဲ့လိုဆိုရင်တော့ အကောင်းဆုံးပေါ့
ငါက မင်း အလုပ်ရှုပ်နေမယ်ထင်လို့
ဟီးဟီး "

" တခြားသူတွေအတွက်တော့ ရှုပ်တယ်
ထယ့်အတွက်တော့ အားတယ် "

သူ့ခံစားချက်တွေကို ရိပ်မိစေရန် မသိမသာလေး
အနှောင့်အသွား မလွတ်သော စကားမျိုး ကို
ပြောမိသည်။ ထယ်သူ့အပေါ်ဘယ်လိုစိတ်ထားလဲဆိုတာ သိချင်မိသောကြောင့်လည်းပါသည်။

" ဒါဆို ဝိုင်းကူပေးပါဦး ဘိုဂမ်
ငါ ဒီဘက်မှာ စာတမ်းအတွက် စာဖတ်လိုက်ဦးမယ်နော် "

ထုံးစံအတိုင်းပါပဲ။ သူ့ဘက်က အဲ့လိုစကားတွေပြောတိုင်း မသိချင်ယောင်ဆောင်ကာ ထယ်က
အမြဲလျှောချသွားစမြဲ။ မင်းကိုချစ်ရတာလဲလွယ်မနေပါလား ထယ်ရယ် ။ ခဏနေတော့ ထယ့်
အဖွဲ့ဝင် အမျိုးသမီးဆရာဝန်နှစ်ယောက်က
ကော်ဖီ သွားဝယ်ရာမှ ပြန်ရောက်လာသည်။
သူ့ကိုထယ်နဲ့ တွဲမြင်လို့လားတော့မသိ။ ပြုံးလျက် နူတ်ဆက်လာသည်။

" Hello I'm Dannar , Dr.Kim 's fri "

" ဟဲ့ ဒန်နာ E လိုတွေမှုတ်မနေနဲ့
အဲ့ဒါ ကိုရီးယားပဲ ဒေါက်တာပတ်ခ်ဘိုဂမ်တဲ့
ဆေးဝါးဌာနက Research Doctor
ငါ့ သူငယ်ချင်း "

" QUITE Doctor "Where stories live. Discover now