Episode / 21

23.1K 2.2K 154
                                    

•••••   After 5 Year Later   •••••

။ အချိန်နဲ့ ဒီရေ သည်  လူကိုမစောင့် ။

လူမှမဟုတ် ဘယ်သူကိုမှ မစောင့်ဘဲ
ကုန်ဆုံးလာလိုက်တာ အခုဆို
နွေဦး မှ နွေ၊ မိုးဦးမှ မိုး ၊
ဆောင်းဦးမှ ဆောင်းရာသီ သို့ တစ်ရွေ့ရွေ့
ကုန်ဆုံးလာခဲ့သည်။
ဒီလိုမျိုး ရာသီစက်ဝန်း ၄ကြိမ်မြောက်လောက်
ဖြတ်သန်းလို့အပြီး မှာတော့ ထယ်ယောင်း
ငယ်စဥ်ကျောင်းသား ဘဝထဲက မျှော်မှန်းထားသည့်အိမ်မက်တစ်ခုဖြစ်တဲ့ ဆေးပညာပါရဂူဘွဲ့ကို လန်ဒန်မြို့ရှိ Oxford University မှ ရရှိခဲ့ပြီဖြစ်သည်။

• ကိုရီးယား နိုင်ငံ ၊
အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်။ •

နိုင်ငံမှ ထွက်ခွာမည့်ခရီးသည်များ နိုင်ငံသို့
ဝင်ရောက်လာသော ခရီးသွားဧည့်သည်များ၊
လိုက်လံပို့ဆောင်ပေးကြသော မိသားစုဝင်များ၊
ယူနီဖောင်းအပြည့်နဲ့ အလုပ်လုပ်နေကြသော
ဝန်ထမ်းများ ၊ လုံခြုံရေး ဝန်ထမ်းများနဲ့
အင်ချွန်း အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးသည်
လွန်စွာ စည်ကားနေ၏။

၅နှစ်ကြာပြီးမှ ပြန်လည်ခြေချရသော အမိမြေသို့
ထယ်ယောင်းသည် တတ်ကြွသော ခြေလှမ်းတွေ နဲ့ လျှောက်လှမ်းလာခဲ့၏။ 
Hoodie အနက်ရောင်ကိုအောက်က
  ဂျင်းဘောင်းဘီအသားရောင်နဲ့ တွဲဝတ်ထားတဲ့ သူ့ကို ဘယ်သူကမှ မကြာခင်အသက်၃၀ပြည့်တော့ မယ့် ပရော်ဖက်ဆာတစ်ယောက်လို့ ထင်မှာမဟုတ်ပေ။

နဂိုထဲက ဝင်းမွတ်နေတဲ့ ခပ်ညက်ညက် အသားအရေက လန်ဒန်မြို့မှာ နေရောင်မထိဘဲ ၅နှစ်လောက်နေခဲ့ရ၍လားမသိ၊ ဖြူဖွေးဥနေကာ ကြည်လင်နေ၏။ 
နေကာမျက်မှန်အနက်ရောင် တပ်ကာ
လက်တစ်ဖက်က အသားရောင် Luggage
အိတ်လေးကိုဆွဲလျက် လေဆိပ်ဝန်းထဲကနေထွက်လာခဲ့သည်။

အပြင်ရောက်တော့ ရပ်ထားတဲ့ အဌားယာဥ်
တစ်စီးပေါ်တတ်လိုက်ပြီး သူနေတဲ့ တိုက်ခန်းကိုသာ မောင်းရန် လိပ်စာပြောလိုက်သည်။
အခုသူပြန်လာတာကို ဘယ်သူမှမသိသေး၊
ဒယ်ဂူက မိသားစု ကိုလည်း အကြောင်းမကြားထားသလို၊ ဂျောင်ဂု လည်း မသိသေး။

ဂျောင်ဂု က ဒီနေ့လည်းဆိုးလ်မှာရှိမှာမဟုတ်၊
ပြန်မလာခင် နှစ်ရက်လောက်အလိုကဂျောင်ဂုနဲ့ Video call ပြောဖြစ်ခဲ့သည်။
ဂျောင်ဂု က အဲ့ဒီနေ့ အလုပ်ကိစ္စနဲ့ ဂျယ်ဂျူကို သွားရမည်ဖြစ်ကြောင်း ပြောသဖြင့် လာမကြိုခိုင်းချင်တော့။
သူ့ကြောင့် အလုပ်ကိစ္စကို မပြတ်စေချင်။
ပြန်လာမယ်လို့ပြောလိုက်ရင် ဘာကိစ္စ ဖြစ်ဖြစ်
ဖြတ်ပြီး သူ့ကို ဂျောင်ဂုလာကြိုမယ်ဆိုတာ သိနေတာကြောင့် ဒီနေ့ ပြန်လာမည်ဟု မပြောဖြစ်ခဲ့တာဖြစ်သည်။

" QUITE Doctor "Where stories live. Discover now