Episode / 17

20.5K 1.9K 117
                                    

အဂ်လန်နိုင်ငံ ၊
လန်ဒန်မြို့ ၊ Oxford University ။

မိုးစက်လေးများတဖြောက်ဖြောက်နဲ့ ကျဆင်းနေကြသည်။ ပတ်ဝန်းကျင်တစ်ခွင်လုံးလည်း အုံ့ဆိုင်းကာ စိုထိုင်းထိုင်းဖြစ်နေသည်။
ထယ်ယောင်း အခုရောက်နေတာက Oxford University ဝန်းထဲရှိ  ကျောင်းစာကြည့်တိုက်တွင်ဖြစ်သည်။

ထောင့်အကျဆုံးခုံမှာထိုင်နေတာကြောင့်
ဘေးဘက်တွင် ကြည်လင်နေသော
မှန်ပြတင်းပေါက်ကြီးတစ်ခုရှိသည်။ ရှေးဟောင်း
အဆောက်အအုံဖြစ်သဖြင့် နေရာတိုင်းကို
ကျွန်းသစ်များဖြင့် အလှဆင်ထား၏။
မျက်နှာကျက်ပေါ်ရှိ ကနုတ်ပန်းခတ်များက
စာကြည့်တိုက်၏  အတွင်းပိုင်းအလှကို ပိုမိုတင့်တယ်စေသည်။  ရွှေဝါရောင်မီးဆိုင်းများ ကလည်း စာကြည့်တိုက်၏   ဂုဏ်ကျက်သရေ  နှင့် ခမ်းနားမှုအသွင်ကို   ဆောင်နေလေ၏။

မနက်ပိုင်းအတန်းချိန် ပြီးထဲက ဒီခုံမှာ သူထိုင်ပြီး
မနက်ဖြန်လုပ်ရမယ့် Lesson Discussion အတွက် စာထိုင်ဖတ်နေခြင်းဖြစ်သည်။
စာအုပ်ထဲက ရေးထားသည့်အကြောင်းအရာကို သဘောတရားသိပ်နားမလည်သဖြင့် အင်တာနက်တွင် ရှာရန် ၃လက်မခန့်ထူသော ဖတ်လိုက်စ ဆေးစာအုပ်ကြီးကို ပိတ်ပစ်လိုက်သည်။

ပါးလှပ်လှပ် Laptop လေးကိုဖွင့်လိုက်ပြီး
လက်ချောင်းရှည်ရှည်လေးများက
ကီးဘုတ်ပေါ်တွင် ရှာလိုသည့်အကြောင်းအရာ
အချက်အလက် များကို တဒေါက်ဒေါက်ရိုက်ချလိုက်သည်။ search ခလုတ်ကိုနှိပ်လိုက်တာနဲ့
ဓာတ်ပုံများစွာနဲ့အတူ ထွက်ပေါ်လာသော
ခွဲစိတ်မှု ဗီဒီယိုတစ်ခု။ Open ကို နှိပ်၍
ဗီဒီယိုထဲ က လုပ်ဆောင်မှုများကို အသေးစိတ်အာရုံစူးစိုက်နေမိသည်။

ထိုစဥ် စားပွဲပေါ်ကို အငွေ့တထောင်းထောင်းနဲ့
နွားနို့ဗူးလေး တစ်ခွက် ရောက်လာလို့ ကြည့်လက်စ ဗီဒီယိုကို pause လုပ်၍ အနောက်ကို
လှည့်ကြည့်လိုက်မိသည်။

" ဒန်နာ!
သြော် အမဆူဇီ ရော ပါတာလား "

ဒန်နာဆိုတဲ့ မိန်းကလေးနဲ့ အမဆူဇီ က ပြုံးလျက်
သူ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်သည်။

" ဟဲ့ ကြိုးစားနေလိုက်တာ
ငါတို့တောင်မစောင့်ဘူး ကျန်း "

" QUITE Doctor "Where stories live. Discover now