Episode / 4

23.4K 2.4K 166
                                    

အမည်- ကင်မ်ထယ်ယောင်း
အသက်- 25
မွေးနေ့ - Dec. 30. 1995
ပညာအရည်အချင်း - ဒယ်ဂူး အစိုးရအထက်တန်းကျောင်းတွင် အထက်တန်းအောင်
Seoul University of Medicine  တွင် ဘွဲ့ရ
OG (Surgeon)  သားဖွားမီးယပ်အထူးကုခွဲစိတ်
ဆရာဝန်။
အဖေ အမေ အပြင်
အဘွားတစ်ယောက်ရှိ မိသားစုမှာ ဒယ်ဂူတွင်နေထိုင်။
မိသားစုနှင့်အတူ မနေ။
လိပ်စာ- မြောင်ချွန်းအိမ်ရာ ကွန်ဒို / ဂန်နမ်းမြို့နယ်/ ဆိုးလ်//
Ph- 0882......
Social media - ''Kim Tae Hyung'' ဆိုသော Twitter acc တစ်ခုသာရှိ။
But ထို acc မှာလည်း active သိပ်မဖြစ်။
သုံးချင်တဲ့အချိန် သုံးပုံရသည်။

လက်ထဲက ကိုယ်ရေးကိုယ်တာ အချက်အလက်
ဖိုင်ကို ဖတ်ပြီး ကျေနပ်နေမိသည်။ ထိုနေ့က ဖွင့်ပြောပြီးထဲက စိတ်ထဲပေါ့သွားပြီး အခုကျတော့လည်း ပြောလိုက်တာ မှားပြီလားလို့တွေးမိသေးသည်။ တကယ်တမ်း နောက်နေ့ထပ်လာမယ်လို့ပြောခဲ့ပေမယ့် တကယ့် တကယ် သွားတွေ့ဖို့ကျတော့ အနည်းငယ်ရှိန်နေမိသည်။ ထို့ကြောင့်
အတွင်းရေးမှူး လီ ကိုသာ တစ်နေ့တစ်နေ့ ပစ္စည်း တွေ မုန့်တွေ သူ့နာမည်နဲ့သွားပို့ခိုင်းရသည်။
အတွင်းရေးမှူးလီ ပြောပုံအရ ပစ္စည်းတွေလက်ခံလားဆိုတော့ သူသွားတိုင်းအမြဲ ခွဲခန်းဝင်နေပါတယ် ဆိုပြီး သူနာပြုလေးတွေ ကိုသာ ပေးခဲ့ရပါသည် ဆိုပြီး။

ထိုအချက်ကို သဘောမကျသော်လည်း သူတစ်ရက်မှ တာဝန်မပြတ်ခဲ့။ နေ့တိုင်း နေ့တိုင်း စာတွေ မုန့်တွေ ပို့မြဲ ပို့ခိုင်းဆဲ။ အခုဆို ၁ပတ် တိတိရှိသွားပြီ။ မနက်ဖြန် သွားတွေ့ရင် ကောင်းမလားလို့
တွေးနေတုန်း မနေ့က ကျောင်းသွားတုန်း အတွင်းရေးမှူး လီ ပြောသော စကားများကို သတိသွားရသည်။

............

" ဒီနေ့လည်း ဆေးရုံကို အအေးနဲ့ မုန့်တွေ သွားပို့လိုက်ဦးနော်  အကိုတို့ ဌာန က ဆရာဝန် တွေနဲ့ ဝန်ထမ်းတွေ အတွက်ပါ ဝယ်သွားလိုက် ''

ဟုတ်ပါသည်။ သူ့အခု ဒေါက်တာ ကင်မ်ထယ်ယောင်း ကို ဒေါက်တာလို့တောင် မခေါ်တော့ပါ။
ဒေါက်တာဆိုသော အများခေါ်နာမည်ကို မခေါ်ချင်၍ အကိုဟုသာပြောင်းခေါ်ခဲ့သည်။
နေ့တိုင်းပို့နေသော စာများတွင်လည်း အကိုဟူသော နာမ်စား နဲ့သာ ရေးခဲ့သည်။

" QUITE Doctor "Where stories live. Discover now