Episode / 8 (not kidding 😂)

22.6K 2.3K 79
                                    

သုံးလခန့် ကြာသော်

ထယ်ယောင်းတစ်ယောက် ဒီနေ့ တစ်မနက်လုံး
Day ဂျူတီ ဆင်းထားရတာကြောင့် အရမ်း ပင်ပန်းနေပြီ။ ဒီနေ့ Night ဂျူတီ တာဝန်ကျတာက ဒေါက်တာဟန် မို့ အိမ်ကို စောစောပြန်ရောက်နေချင်းဖြစ်သည်။

အိမ်ရောက်တာနဲ့ ထမင်းတောင် မစားနိုင်ဘဲ
ရေချိုးပြီး ကုတင်ပေါ် တတ်အိပ်နေတာ
ပြန်ရောက်ရောက်ချင်း ည ၈ နာရီလောက်ထဲက။

အိပ်နေရင်း အိမ်မက်လိုလို ဘာလိုလိုနဲ့ အသံယဲ့ယဲ့ ကြားနေရတာကြောင့် မျက်လုံးတို့ကို မဖွင့်ချင်
ဖွင့်ချင်နဲ့ ဖွင့်လိုက်ရသည်။
အာရုံစိုက်ကြည့်တော့မှ ကုတင်ဘေးက စားပွဲပေါ်မှာ တင်ထားတဲ့ ဖုန်းရဲ့ တုန်ခါမှု။
Caller ID ကို ကြည့်တော့

/ လက်ထောက်ဒေါက်တာ ဟန်/

အချိန်ကိုကြည့်တော့ ည ၁၁ နာရီခွဲ ။

ဘာများဖြစ်လို့ပါလိမ့် ဆိုပြီး အိပ်ရာပေါ်မှ
ကုန်းရုံး ထ ကာ ဖုန်းကိုင်လိုက်ရသည်။

// အေး ဒေါက်တာဟန်
ဘာကိစ္စ ဖြစ်လို့လဲ //

အကြောင်းအရင်း မရှိရင် ညကြီးအချိန်မတော် ဖုန်းဆက်စရာ မရှိတာမို့ တစ်ခါတည်း လိုရင်းကိုတန်းမေးလိုက်သည်။

//  ဒေါက်တာကင်မ် ဒီချိန်ကြီး ဖုန်းဆက်လိုက်ရတာ အားနာပေမယ့် ဟိုဟာလေ
မနက် ကမှ ဆေးရုံစတတ်တဲ့ လူနာကင်မင်ဟိုလေ
အဲ့ဒါ သူ ရုတ်တရက် ကြီး  ဗိုက်ထအောင့်တယ်ဆိုလို့ Ultrasound ရိုက် ကြည့်တော့ ကလေးက
မွေးလမ်း​​ကြောင်းမှာ ကန့်လန့်ဖြတ် ဖြစ်နေ
ပြီး အတွင်းနံရံတွေကို ကန်နေလို့ //

// ဒီတိုင်းဆို ခွဲ မွေးမှ ရတော့မှာ //

// ဒါမဲ့ လူနာကင်မင်ဟို က ကျွန်တော့်ကို ရိုးရိုးပဲ မွေးမယ်လို့ ပြောထားတယ် //

// သေချာ ရှင်းပြရမှာပေါ့ မတတ်နိုင်ဘူး
ဒီတိုင်းထားရင် သူ အန္တရာယ် ဖြစ်သွားနိုင်တယ် //

( ဒေါက်တာဟန်...... လူနာကင်မင်ဟို
ရေမြွှာပေါက်သွားပြီ )

ဖုန်းထဲကနေ ရုတ်တရက်ကြားလိုက်ရတဲ့ သူနာပြုတစ်ယောက်ရဲ့ အသံကြောင့် သူလန့်သွားသည်။
ပုံမှန် ခွဲမွေးတာ ရိုးရိုးမွေးတာလောက်က ဒေါက်တာဟန်နဲ့ လွှဲ လိုက်လို့ ရပေမယ့်
ဒေါက်တာဟန် ကလည်း ခုမှလက်ထောက်ဆရာဝန် ဖြစ်လာတာမကြာသေးဘူးဆိုတော့
ဒီ case ကို နိုင်မှာမဟုတ်။

" QUITE Doctor "Where stories live. Discover now