မိသားစု လေးယောက် တစ်ခါတစ်လေမှ
ဆုံဖြစ်သည့် ထမင်းစားဝိုင်းလေးက အမြဲလို
တိတ်ဆိတ်နေတတ်သည်။
ထူးထူးနဲ့ ကိုခွန်းသော်သာ ရင်းနှီးလာသော်လည်း၊
မေမေနဲ့ ဦးသန့်ဇင် တို့နှစ်ယောက်ရဲ့
မအားလပ်မှုတွေကြောင့် တွေ့ရတယ်လို့ မရှိလှ။
ထို့ကြောင့် လေစိမ်းများဖြတ်တိုက်နေသည့်
သဖွယ် အေးစက်နေလေသည်။
ထိုအေးစက်မှုအား စတင် ဖြိုခွင်းလိုက်သူက
ဦးသန့်ဇင်ပင်..
"ကျောင်းပြီးသွားပြီဆိုတော့...၊
ဖေဖေ့အလုပ်ကို စလေ့လာဖို့ လုပ်တော့...
ထူးထူး..."
ဦးသန့်ဇင့်၏ စကားကြောင့် ထူးထူး စားလက်စ
ရပ်တန့်သွား ပြီး မေမေ့ကို လှမ်းကြည့်မိတော့
မေမေက ခေါင်းညိတ်ရန် မျက်နှာရိပ်လှမ်းပြသည်။
ဦးသန့်ဇင် ထိုသို့ မပြောခင်ထဲက မေမေ ထူးထူးအား
အမြဲတမ်း ဖိအားပေးနေခဲ့သော အရာဖြစ်သဖြင့်၊
ငြင်းဆန်နိုင်စွမ်းလဲ မရှိတော့....
"ဟုတ်..."
ဟုသာ ဖြေရင်း၊ ခေါင်းကို ငုံ့ထားမိချိန်၊
ကိုခွန်းသော်က ..
"ဖေဖေ... ၊ ထူးထူးအခု ရေးတဲ့ manga က
လူကြိုက်များပြီး၊ နိုင်ငံခြားထိပါ
ပေါက်သွားတယ်....."
ဟူ၍ ထူးဘက်က ဝင်ပြောပေးချိန် ဦးသန့်ဇင့်ရဲ့
အကြည့်တွေကြောင့် ပြန်လည်
ငြိမ်ကျသွားလေသည်။
ကိုခွန်းသော် ခုလို ပြောပေးတာကြောင့်
သူဟာ ထူးအတွက် တကယ့်ကို အကိုကြီး
တစ်ယောက်လို ထူး ခံစားရသဖြင့်
ပျော်ရွင်မိတာတော့ အမှန်ပင်။
" ဘာမဟုတ်တဲ့ နေရာတွေမှာ
တော်နေဖို့ မလိုဘူး.. ၊
မနက်ဖြန်ကစပြီး လုပ်ငန်းအကြောင်း
စလေ့လာပါ၊
သားနဲ့ လူတစ်ယောက် တွဲပေးထားမယ်...."
ဦးသန့်ဇင်စကားက တကယ်ကို
အရှိုက်တည့်တည့်ထိမှန်လေသည်။
ဘာမဟုတ်တဲ့ နေရာတွေတဲ့လား...?
အားလုံး ခတ္တမျှ ငြိမ်ကျသွားပြီးနောက်....
ထူးထူး ပြန်ပြောစရာ စကားတွေ မဲ့နေမိသည်။
ဒီလို ဘဝထဲကို ဘယ်တုန်းကမှ
ဝင်မလာဖြစ်ခဲ့ရင် ကောင်းမှာ..။
"ထူး အလုပ်တွေကို စ မလေ့လာခင်.. ၊
ထူးရဲ့ artwork တွေကို ပြတဲ့ ပြပွဲလေးတစ်ခု
လုပ်ချင်တယ်... "
ထူးထူးရဲ့ စကားကြောင့် ဦးသန့်ဇင်နှင့်
မေမေတို့က တွေဝေစွာ စဉ်းစားနေကြသည်။
"အဲ့တာပြီးရင် အားလူံးကိုအဆုံးသတ်ပြီး
အလုပ်စလုပ်ပါ့မယ်..."
"ကောင်းပြီ..၊ ဖေဖေ သဘောတူတယ်..၊
ဖေဖေ အားလူံး စီစဉ်ပေးမယ်..
တစ်ပတ်အတွင်း ဖြစ်စေရမယ်..."
"ဟုတ်..."
ရူးသွပ်မှုတစ်ခုကို လွယ်လွယ်နဲ့ စွန့်လွှတ်ဖို့က
ခက်ခဲ လွန်းလှသည် မဟုတ်ပါလား...။
ထူးထူးတို့လို၊ ခွန်းသော် တို့ လို လူမျိုးတွေက
ပိုဆိုးတာပေါ့...၊ ပကာသနတွေ ဂုဏ်ဒြပ်တွေထက်.. ၊
ဝါသနာနောက်ကို လိုက်ပြီး
စီးမြော ချင်ကြသူတွေလေ...။
ဒါပေမယ့်လည်း..ရောက်တဲ့ နေရာမှာပဲ
အကောင်းဆုံး ကြိုးစားရတော့မှာပေါ့...၊
ရွေးချယ်စရာမှ မရှိတာ...။
..........
ပန်းချီကားတစ်ချပ်....၊
ဘွဲ့ဝတ်စုံဝတ်ဆင်ထားတဲ့
ကောင်းလေးတစ်ယောက်ရဲ့ နှစ်လိုဖွယ် အပြုံး..၊
ပန်းချီကား နာမည်ကို မကြည့်ခင် အထိ
ပျော်ရွှင်ခြင်းနဲ့အောင်မြင်ခြင်း နှစ်ခု
ရောစပ်ထားတဲ့ ပန်းချီကားဟု
လူတိုင်း သိနိုင်သော်လည်း ၊
ပန်းချီကား နာမည်ကို မြင်လိုက်ရတဲ့ အခါ... ၊
ဘယ်လိုအဓိပ္ပာယ်လဲ ဆိုတာ
လူတိုင်းနားမလည်သလို
စိတ်ဝင်စားသူလည်း များပြားလာခဲ့သည်။
"မောင်လေး...."
အမျိုးသမီးတစ်ယောက်ရဲ့ ခေါ်သံနှင့် အတူ ၊
ထူး လှည့်ကြည့်မိတော့ သူမက မိုက်တစ်လုံးကို
ကိုင်ထားရင်း......
"အမတို့ အင်တာဗျူးချင်လို့..."
ဘေးမှာလဲ ဘယ်သူမှ မရှိတော့တာကြောင့်
အားနာပြီး ခေါင်းပဲ ညိတ်လိုက်ရသည်။
မီဒီယာတွေ မဖိတ်ကြားထားသော်လည်း.. ၊
ဝတ်ရည်က သူ့ acc မှာတင်ထားတာကြောင့်
fan တွေက ကြော်ငြာထားတယ် ထင်ပါတယ်..၊
သူတို့လည်း ထူးနဲ့ နောက်ဆုံး နှုတ်ဆက်ရတဲ့
အထိန်းအမှတ်ပွဲပဲလေ..။
"Manga တွေမှာ အောင်မြင်သလို .. ၊
ပန်းချီပိုင်းမှာလဲ ပါရမီ ပါတယ်နော်..၊
ဒီလို မတူညီတဲ့ artwork ပွဲလေး လုပ်ဖြစ်တဲ့
အကြောင်းလေး ပြောပေးပါလား...."
"ဟုတ်ကဲ့ ကျွန်တော် ၈ နှစ်သားလောက်ထဲက
ရေးလာတဲ့ artwork လေးတွေကို
တစ်ခြားလူတွေလဲ ခံစားလို့ ရအောင် ပြချင်လို့ပါ....၊
ဒါက ပထမဆုံးနဲ့ နောက်ဆုံးပွဲလေးပါပဲ..."
"နောက်ဆုံးပွဲဆိုတော့ ဒီလို ပြဖို့
အစီအစဉ်မရှိတော့ဘူးလား..??ဒ
"ဟုတ်ပါတယ်.. "
"ဟူတ်ကဲ့... အခုပြပွဲမှာ လူ စိတ်ဝင်စားမှု
အများဆုံးက ဒဏ်ရာဆိုတဲ့ ပန်းချီကားလေး
ဖြစ်နေတယ်...၊
အဲ့ပန်းချီကားရဲ့ အဓိပ္ပာယ်ကို ပြောပြပေးပါလား..?"
"ဗျာ...."
မေးမယ်မထင် ထားတဲ့ မေးခွန်းကို မေးလာတော့
ထူးထူး ကြောင်အ နေသည်။ထူးထူး မဖြေတော့.....
"ပန်းချီကားထဲက ကောင်လေးက ဘွဲ့ယူတဲ့နေ့မှာ
ပျော်ရွှင်နေတဲ့ ပုံကို ဆွဲထားတာ ဆိုပေမယ့်
ပန်းချီကား နာမည်က ဒဏ်ရာကိုတော့
မိန်းကလေး အများစု စိတ်ဝင်စားနေကြတယ်..."
သူ့မေးခွန်းကို ထူးထူး နားမလည်ဘူး ထင်လို့
ပြန်ရှငိးပြနေတယ် ထင်တယ်..။
ထူးထူး သက်ပြင်းလေး ခိုးချလိုက်ကာ
"ဟို...."
ထူး ဖြေရခက်နေစဉ်၊ မော်က
အနားရောက်လာကာ...
"အမ ၊ အင်တာဗျူးခွင့်မရှိပါဘူး ခင်ဗျ..."
ဟု လာပြောတော့ ထိုအမျိုးသမီး....
"နောက်ဆုံးလေး တစ်ခုပဲ မေးမယ်နော်.."
ဟု ပြောပြီး...
"ဟုတ်ကဲ့ပါ.. ဒါဆိုရင် နောက်ဆုံးအနေနဲ့...၊
ထူးထူးသော်လို ကြိုးစားနေတဲ့ လူငယ်တွေကို
အားပေးစကားလေး တစ်ခွန်းလောက်
ပြောပေးပါလား..."
အားပေးစကားတဲ့လား..၊
ခုချိန်မှာ ကိုယ့်ဘာသာတောင် အားမပေးနိုင်ဘူး..။
"ဝါသနာပါတာဖြစ်ဖြစ် မပါတာဖြစ်ဖြစ် ၊
ကိုယ်ရောက်နေတဲ့ နေရာမှာ
အကောင်းဆုံးကြိုးစားပါ... ၊
ကျွန်တော်လဲ ကြိုးစားနေဆဲ လူတစ်ယောက်မို့ ..၊
အားတင်းထားကြပါလို့..."
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်.."
ထိုအမကြီး ထွက်သွားတော့ မော်က
ထူးထူးနား ကပ်လာကာ..
"ထူးထူး...၊ မဖြေချင်ရင် မဖြေချင်ဘူးလို့
ပြောတတ်ရတယ်၊ လာ.... ကိုတို့နဲ့ လာနေ...."
ဟုပြောကာ ခွန်းသော်တို့ဆီ ခေါ်သွားတော့၊
အသူရာ တစ်ယောက် ထူးထူးရဲ့
ပန်းချီကားတွေနှင့် ဓာတ်ပုံရိုက်လို့ မပြီးနိုင်
ဖြစ်နေပြီး ခွန်းသော်က
စိတ်ရှည်စွာ ရိုက်ပေးနေရသည်။
ဒဏ်ရာ ပန်းချီကားကို သေချာစွာရိုက်နေသော
ခုနက အင်တာဗျူး အဖွဲ့ကြောင့် ထူးထူး
တွေဝေစွာ လှမ်းကြည့်နေမိသည်။
"အဲ့ပန်းချီကားကြီး
သူတို့ သတင်းထဲ ပါလာမှာလား..?"
ဟူ၍ မော့်ကို မေးမိတော့ မော်က..
"ပါလာတော့လည်း ဘာဖြစ်လဲ ထူးရယ်၊
ဂရုစိုက်မနေနဲ့၊ "
ဟုပြောသဖြင့် ထူး သက်ပြင်းချမိသည်။
ဘာစိတ်ကူးနဲ့များ အဲ့ပန်းချီကိုပါ
ချပြဖို့ စိတ်ကူးလိုက်မိတယ် မသိ။
"ဟေး.. ထူးရေ..."
အနောက်မှ MD ရဲရင့်အသံကြားလိုက်တာကြောင့်
ထူး လှည့်ကြည့်တော့ သူက...လက်ထဲမှာ
ပန်းစည်းကြီးကို ထူးထူးထံ ထိုးပေးကာ...
"ရော့ congratulations လို့တော့
မပြောတော့ပါဘူး.. ၊
ဒါပေမယ့် ပန်းစည်းလေးတော့ လက်ခံပေးနော်..."
ထူးထူး ပြုံးလိုက်ကာ ပန်းစည်းကို
လှမ်းယူလိုက်ပြီး ဘေးကို ကြည့်တော့
မော်က ထူးနဲ့ ခပ်ဝေးဝေးတစ်နေရာကို
လျှောက်သွားတာ တွေ့လိုက်ရသည်။
မော်လဲ အသူရာ့လိုပဲ ကိုရဲရင့်နဲ့ ထူးကို
သဘောတူ နေသည်လား။
"ထူး တကယ်ပဲ ဆူံးဖြတ်လိုက်ပြီလား..."?
သူ့ကို ထိုအကြောင်းအရာတွေ
ပြောပြပြီးသားဖြစ်ပြီး..၊ ခုချိန်ထိ ထူးရွေးတဲ့
လမ်းကို သူက မလျှောက်စေချင်သေး...
ထူး ခေါင်းညိတ်လိုက်သည်။
ထိုတော့မှ ကိုရဲရင့်ကလည်း ခေါင်းညိတ်ကာ ..
ပန်းချီကားတွေကို လိုက်ကြည့်နေသဖြင့်
ပန်းစည်းလေးကိုင်ကာ ထူးထူး သူ့နောက်
လိုက်နေမိသည်။
ဒီပြပွဲက ဖိတ်ထားသလောက်ပဲ လာမယ်
ထင်တာ..၊ ထင်ထားတာထက် လူပိုများနေသည်။
လူငယ်တွေ များပြီး ပန်းချီကားထက် manga
တွေကိုပို၍ လူကြည့်များကြသည်။
ဒဏ်ရာ ဆိုတဲ့ ပန်းချီကားရှေ့ရောက်တော့
ကိုရဲရင့် အကြာကြီးရပ်ကြည့်နေလေသည်။
ထိုပန်းချီကားကို ကြည့်ရင်း သူဘာတွေ
တွေးနေမည်လည်း မသိပေမယ့်၊
ပန်းချီကားထဲက ကောင်လေးဟာ
အာဏာဆိုတာကို သူသိလောက်မလား
ဟူ၍ ထူးထူး တွေးနေမိသည်။
ဒါပေမယ့် သူဘာမှမပြောပါ မေးလဲ မမေး.. ၊
ဒီတိုငိးကျော်သွားသဖြင့် ထူးထူး
သက်ပြင်းချလိုက်မိသည်။
ဒေါင့်တစ်နေရာက ကောင်မလေးတစ်ချို့၏
ပိကျိပိကျိ ဆူညံသံများကြားလိုက်တာကြောင့်
ထူးထူး လှမ်းကြည့် လိုက်တော့
ထူးထူးတို့ကို ကြည့်ကာ ပြုံးစိစိတွေ ဖြစ်နေ
ကြသဖြင့် ကိုယ့်ကိုကိုယ်တောင်
မလုံသလိုဖြစ်သွားမိသည်။
" ပန်းချီကားတွေကို မရောင်းဘူးလား ထူး..."
သူက ပန်းချီကားများကို ကြည့်ပြီးသွားချိန်
မေးလိုက်သော မေးခွန်းကြောင့်
ထူး ခေါင်းကိူ ခါလိုက်ကာ...
"ဟုတ် ရောင်းတော့ မရောင်းဘူး ကိုရဲရင့်..."
"ဒါဆိုရင် ပန်းချီကားလေး တစ်ချပ်လောက်
ကိုယ့်ကို လက်ဆောင် ပေးပါလား..?"
"ဗျာ..?"
ထူး သူ့အား အံ့သြတကြီး ကြည့်မိတော့၊
သူက ထူးကို ပြုံး၍ ကြည့်လာကာ...
"ထူး ဆွဲထားတာလေး တစ်ခုလောက်ဖြစ်ဖြစ်
သိမ်းထားချင်လို့ပါ၊....."
"ဟုတ် ထူးပေးပါ့မယ်..."
"ကျေးဇူးပါ ... ကလေးဆီက ဓါးပြတိုက်နေတာ..."
သူက သူ့ဘာသာ သဘောကျပြီး ရယ်ပြန်သည်။
ထူးထူးလဲ ပြုံး လိုက်ကာ...
"မအားလပ်တဲ့ ကြားက လာပေးတာ
ကျေးဇူးတင်ပါတယ်..."
"လာရမှာပေါ့... နောက်ဆို အကူအညီလိုရင်
ပြောနော်.. ၊ အလုပ်နဲ့ ပက်သက်ပြီး
ထူးထူး သိချင်တာ ရှိရင်လဲ မေးပေါ့..."
"ဟုတ်..."
"ကိုပြန်တော့မယ်နော်..."
"ဟုတ်..."
ကိုရဲရင့် ပြန်သွားတော့မှ မော်နဲ့ ခွန်းသော်တို့
အနားကို ရောက်လာကြသည်။
ခွန်းသော်က ထူးပုခူံးအား လာတိုက်ကာ....
"ဘယ်လိုလဲ..?"
ဟု မေးတာကြောင့် ထူး ရယ်ကြဲကြဲပဲ လုပ်ပြမိသည်။
အသူရာ တစ်ယောက် ဘာတွေ ဖွထားပြန်တယ်မသိ။
ကိုရဲရင့် propose လုပ်ထားတာကို
အကုန် လျှောက်ပြောထားပုံရသည်။
..........
ပြခန်းပိတ်တဲ့ အချိန်မှာမှ ၊
ပြခန်းအတွင်းသို့ ရောက်ချလာသော
အာဏာမင်းဆက်ကြောင့် အကုန်လူံး ကြောင်အစွာ
သူဝင်လာတဲ့ ဆီကို လှမ်းကြည့်နေကြသည်။
သူ ထူးထူးကို ပြန်ဆက်သွယ်နေတာကို
ထူးထူး ဘယ်သူ့ကို မှ မပြောရသေးတာကြောင့် ၊
သူ့ကို မလာစေချင်။
သူ ဘယ်လို သိပြီး ရောက်လာတာလဲ..?။
တစ်လှမ်းခြင်းလျှောက်လာသော သူ့အား
နေရာမှာတင် မမှိတ်မသုံ ရပ်ကြည့်နေမိရင်း၊
တစ်ချိန်က သူ့ကို ပထမဆုံးစတွေဖူးခဲ့သည့်ရက်က
သူလျှောက်လာတာလေးကို ပြန်မြင်ယောင်မိသည်။
သူ့ကို ပထမဆုံး စတွေ့ခဲ့တဲ့ နေ့ဆိုတာ
ရှိမလာခဲ့ပါလျှင်....
မော်ရွေးချယ်ခဲ့တဲ့ သူဟာ ထူးထူးသာ
မဟုတ်ခဲ့ပါလျှင်...
မေမေနဲ့ ဦးသန့်ဇင်တို့ ပြန်မတွေ့ခဲ့ကြပါလျှင်....
ဘာတွေဖြစ်လာနိုင်သည်လဲ....?
ပိုဆိုးတဲ့ အရာတွေလား...?
ပိုကောင်းမွန်တဲ့ အရာတွေများလား..?
"ထူး...."
ခုတော့၊ ထူးရှေ့မှာ ခြေစုံရပ်နေပြီး
ထူးနာမည်ကို ခေါ်နေတဲ့ သူက၊
ထူး သိပ်ချစ်ရတဲ့ လူတဲ့။
ထူးကို နာကျင်အောင် အထပ်ထပ် လုပ်ခဲ့သူက၊
နောက်တစ်ကြိမ်ထပ်ပြီး ဒဏ်ရာတွေပေးမှာလား၊
ဒါမှ မဟုတ် ဒဏ်ရာတွေကို ကုစားပေးမှာလား..? ၊
"အိမ်မက်တွေကို ဘာလို့ အလွယ်တကူ
စွန့်လွှတ်ဖို့ စိတ်ကူး လိုက်တာလဲ...? "
သူပြောတဲ့ စကားကို ထူး နားမလည်ပါ၊
သူ့အား ကြောင်အ စွာ ကြည့်နေမိချိန်..၊
"ထူးအိမ်မက်တွေ မစွန့်လွှတ်ပါနဲ့....."
သူက ထူးထူးလက်ကို ဆွဲကာ ခေါ်သွားမည် အလုပ်၊
ထူး သူ့လက်တွေကို ရုန်းလိုက်ကာ..
"ဘာတွေပြောနေတာလဲ...အာဏာ..?"
"လာ... ကိုနဲ့ လိုက်ခဲ့...."
သူ နောက်တစ်ခါ ထူးလက်ကို
ဆွဲလိုက်ချိန်တွင်တော့
ထူး အဆွဲမခံတော့ပဲ ခြေလှမ်းတို့
နောက်ဆုတ်လိ်ုက်ကာ....
"ထူး ကို အရင်လို လုပ်ချင်တိုင်း
လုပ်လို့ ရသေးတယ် ထင်နေတာလား...?"
ထူးအား ဘယ်ကို အတင်းခေါ် သွားဖို့
ကြံစည်နေတာလဲ။အရင်လို ခေါ်ချင်တဲ့
နေရာကိုခေါ်ပြီး ပစ်ချချင်တိုင်းပစ်ချတဲ့
အကျင့်တွေ မပျောက်သေးဘူးလား..။
ထူးတို့နှစ်ယောက် အခြေအနေကို
အသူရာဆက်ကြည့်မနေနိုင်တော့သဖြင့်
အနားကို သွားမည် အလုပ်တွင် ၊ ခွန်းသော်က
လှမ်းဆွဲထားကာ မသွားဖို့ ပြောရင်း....
"ထူးထူး ဘာသာ ဖြေရှင်းပါစေ..အသူရာ၊
ကိုတို့ ဝင်မပါပဲ နေရအောင်.."
ခွန်းသော်၏ ဆူံးဖြတ်ချက်က မှန်နိုင်ပါ့မလားဟူ၍
အသူရာ စိတ်ပူပန်စွာတွေးရင်း အဝေးကနေသာ
ရပ်ကြည့်နေလိုက်ရသည်။
ထူးအကြောင်းကို အသူရာ အသိဆုံးမို့လို့၊
ထူး စိတ်ပျော့တာ အသူရာ အသိဆူံးဖြစ်နေလို့၊
လူံးဝ စိတ်မချ။
ထူး၏ စကားကြောင့် အာဏာ မျက်နှာ
ပျက်သွားသော်လည်း။
"ကို ထူးကို ဦးသန့်ဇင်ဆီ ခေါ်သွားမလို့ပါ...."
သူ့စကားကြောင့် ထူး မျက်မှောင်ကြုတ်လိုက်ကာ...
"ဘာလို့လဲ..?"
ထူး လေသံတွေ အရမး်မာနေတာကို အာဏာက
သတိထားမိတာကြောင့်
"စိတ်လျှော့ပါ ထူးရယ်... ၊
ထူး အိမ်မက်တွေ လက်မလွှတ်ရအောင် ၊
ကို ဦးသန့်ဇင်နဲ့ စကားပြောကြည့်ပြီးသွားပြီ..."
အာဏာ လုပ်ပေးထားတဲ့ အရာတစ်ခုအတွက်
ထူး အရမး် ပျော်သွားမယ်လို့
အာဏာထင်ခဲ့သော်လည်း၊ စကားအဆုံးတွင်
ထူး မျက်နှာ၏ ပြောင်းလဲသွားသော အရောင်မှာ၊
ဝမ်းသာခြင်း မဟုတ်ပဲ ၊ ဒေါသအသွင်ဆောင်
နေတာကြောင့် အာဏာ အံ့သြသွားချိန်...
"ဘာပြောတယ်..? ဦးသန့်ဇင်ကို
စကားပြောကြည့်တယ် ..?
အာဏာက ဘာမို့လို့ ဦးသန့်ဇင်ကို
စကားသွားပြောရတာလဲ?
ထူးတောင် ထူးမိဘတွေ စိတ်ဆင်းရဲမှာ
စိုးလို့ ဘာမှမပြောလဲ နေလာတာကို
အာဏာက...!! ."
မထင်မှတ်ထားတဲ့ ထူးထူး ၏ ဒေါသတွေကြားမှာ၊ အာဏာ ရပ်တည်နိုင်စွမ်း တောင်မရှိတော့...
သူ အာဏာ့၏ ရင်ဘတ်အား တွန်းထုတ်ရင်း..
"သွား:. ၊ ခု ထွက်သွား...၊
ထူး ကိစ္စတွေ ဘာတစ်ခုကိုမှ
ဝင်စွတ်ဖက်စရာမလိုဘူး အာဏာ...၊
ကိုယ့်ကိုကိုယ် သိပ်အထင်ကြီးနေလား...!!!"
ထူးက ပစ်ပစ်ခါခါ မောင်းထုတ်နေစဉ်.....
"ထူး.. ၊ ကိုက ထူးအတွက်..."
"ထူးအတွက် ..? ထူးအတွက် စဉ်းစားပေးချင်ရင်၊
ထူးအကြောင်းကို အရင်သိအောင်လုပ်၊
ထူးအကြောင်းတွေ ဘာမှ မသိပဲနဲ့၊
ထူးကိစ္စတွေကို ဝင်မစွတ်နဲ့.....!!"
ထူးထူး စိုက်ကြည့်လာသော
ဒေါသမျက်လူံးများကို အာဏာ
ပြန်တောင် မကြည့်နိုင်ပဲ၊ ခေါင်းကို ငုံ့ထားမိစဉ်၊
"ထူးရှေ့မှာ ဘယ်တော့မှ ပေါ်မလာနဲ့တော့၊
ထူး တောင်းပန်ပါတယ်....၊
ထူးကို ပိုင်တယ်လို့ ထင်နေတဲ့
အဲ့ဒီမျက်နှာဘေးကို ထူး လုံးဝ မမြင်ချင်ဘူး...!!"
ဟူသော စကားနှင့် အတူ ထူးထူး ပြခန်းထဲမှ
ထွက်သွားချိန် အာဏာကတော့ နေရာမှာပင်
မလှုပ်မရက်ကျန်ခဲ့လေသည်။
..........
Emperor entertainment ဖွင့်ပွဲ အခန်းအနား...
ပထမဆုံး ရွေးချယ်လိုက်တဲ့ idol ငါးယောက်ကို
ပွဲထုတ်ရင်း၊ ပထမဆုံး အကြိမ်၊ ဖွင့်ပွဲလုပ်ခြင်း
အခမ်းအနားတွင်....
"သား.. အချိန်ကပ်နေပြီနော်...."
အနောက်ဘက် နားနေခန်းထဲတွင်
အာဏာတွေဝေစွာ ထိုင်နေခြင်းကို
လေးလေးချမ်းရဲက သတိပေးလိုက်တာကြောင့်
နာရီကိုကြည့်တော့ ဖွင့်ပွဲလုပ်မည့် အချိန်ကို
နှစ်မိနစ်သာ လိုတော့သည်။
အစီအစဉ် ကြောငြာသူအား မကြေငြာသေးရန်
ခတ္တစောင့်ခိုင်းထားတာကြောင့် ချမ်းရဲလည်း
စိတ်ပူနေပြီ၊ ပွဲထဲမှာ ဖိတ်ကြားထားတဲ့
ဧည့်သည် အစုံအလင် ရောက်နေပြီ မဟုတ်ပါလား..။
"ထူးထူး မရောက်သေးဘူးလား လေးလေး..."
ထင်သည့်အတိုင်းပင် ၊ သူ ထူးထူးကို စောင့်နေတာ၊
ချမ်းရဲ သက်ပြင်းချလိုက်ရင်း..
"သူလာမှာ မဟုတ်ဘူး အာဏာ ၊
ဝတ်ရည် လေးလေးကိုပြောပြီးပြီ.."
........
ပွဲချိန်ရောက်နေသော်လည်း ဘာတစ်ခုမှ
ကြေငြာခြင်း မရှိသေး တာကြောင့် မော်
နာရီတကြည့်ကြည့်၊
အာဏာ အဆင်များ ပြေရဲ့လား...၊
"သူ ထူးထူးကို စောင့်နေတာ ထင်တယ်.."
ခွန်းသော် ပြောလိုက်သော စကားကြောင့်
မော် အံ့အားသင့် သွားသည်။
"ထူးထူးက မလာဘူး မလား..?"
ဟူ၍ မော်မေးလိုက်တော့ ခွန်းသော်က
ခေါင်းညိတ်ကာ..
"အင်း သူလာမှာ မဟုတ်ဘူး..."
မော် သက်ပြင်းချမိသညိ။
"အားလုံးပဲ မင်္ဂလာပါ...၊........."
အစီမစဉ်ကြေကြာသူက ပွဲအခမ်းအနား
အကြောင်းကိုကြေငြာ နေစဉ် မော်တို့
စကားစပြတ်သွားခဲ့သည်။
အာဏာက Emperor ဖွင့်ပွဲကို
လူကြီးတစ်ယောက်မှ မဖိတ်ခဲ့၊
မော်တို့ အသိုင်းအဝိုင်းရဲ့ မိသားစုတွေထဲကမှ
သားသမီးများကိုသာ ကွက်ဖိတ်ခဲ့ပြီး၊
သူ့အဖေ့ကိုတောင် ဖိတ်ကြားထားခြင်းရှိပုံမရ။
သူ့လုပ်ရပ်က လူကြီးတွေကို ဘောင်မသွင်း
ဘူးဟူ၍ အဓိပ္ပာယ် သက်ရောက်နေတာကြောင့်
media တွေရဲ့ စိတ်ဝင်စားမှုကို ပိုရခဲ့သည်။
သူရဲ့ entertaiment က
ခုမှ စ ဖွင့်လှစ်တာဆိုသော်လည်း၊
သူပွဲထုတ်ပေးသည့် idol များက
ပွဲမထုတ်ခင်ထဲကပင်၊
fan ကိုယ်စီရနေကြပြီဖြစ်ပြီး၊
ထပ်လာမည့် ပြိုင်ပွဲများကိုလည်း
လူငယ် အများအပြားက စိတ်ဝင်တစား
မျှော်လင့်နေကြပြီ ဖြစ်သည်။
TR ကို ကျော်နိုင်တာတွေ ၊
ဖြိုခွင်းနိုင်တာတွေ ထားတော့၊
သူ သိပ်ကို စိတ်အားထက်သန်ခဲ့တဲ့
အရာတစ်ခုကို အချိန်တို အတွင်းမှာ
အကောင်အထည် ဖော်နိုင်နေပြီဖြစ်သည်။
...............
စင်မြင့်တက်တွင် စိတ်အားထက်သန်စွာ
မိတ်ဆက်စကားဆိုနေသော
အာဏာမင်းဆက်အား ချမ်းရဲ ငေးကြည့်ရင်း
ပီတိဖြစ်မိတာတော့ အမှန်ပင်။
မမရဲ့ သားက အရမ်းကို တော်တဲ့
ကလေးတစ်ယောက်ဆိုတာ မမ မြင်လိုက်ရရင်
သိပ်ကောင်းမှာပဲ၊
ဘာလိုလိုနဲ့ သူတောင် အရွယ်ရောက်ပြီး
လူကြီးတစ်ယောက် ဖြစ်နေပြီလေ။
............,,