"ဗျာ..?..."
ထူးထူး အလွန်အမင်း အံ့သြသွားရသည်။
ဦးသန့်ဇင်က သက်ပြင်းနောက်တစ်ကြိမ်
ထပ်မံချလိုက်ကာ....
"သူက အန်ကယ်လက်ထပ်ခဲ့ဖူးတဲ့
အမျိုးသမီးက တစ်ခြားတစ်ယောက်နဲ့
ရခဲ့တဲ့ သားပါ.. ၊ အန်ကယ့်သား မဟုတ်ဘူး..."
ဦးသန့်ဇင် ထူးထူးကို ကြည့်လာတဲ့ အကြည့်တွေက
အဓိပ္ပာယ်များစွာ သက်ရောက်နေသည်။
ဒီကိစ္စတွေကို ကိုခွန်းသော် မသိသေးတာ
သေချာသည်။ ရင်ထဲမှာ လေးပင်သွားရသည်။
"အိနဲ့ အန်ကယ်နဲ့ သိပ်ချစ်ခဲ့ကြတယ် သား..."
ဦးသန့်ဇင် ဆက်လိုက်သော စကားက
လွမ်းလွမ်း ဆွေးဆွေးလေး ထွက်လာသည်။
အဝေးတစ်နေရာကို ငေးကြည့်နေကာ
အတိတ်တွေကို ပုံဖော်နေသယောင်...
ဦးသန့်ဇင်ကိုကြည့်ရင်းနှင့်....၊
တစ်ချိန်က မေမေ့နဲ့ အနီးဆုံး ရှိနေပါလျှက်နဲ့
အဝေးတစ်နေရာမှာ ရောက်နေသလို
မေမေ့အကြောင်းကို လွမ်းဆွတ်တမ်းတပြီး
ပြောတတ်တဲ့ ဖေ့ဖေ့ကို သတိရသွားစေသည်။
ဖေဖေခံစားခဲ့ရတာတွေကို ထူးထူး
အခုမှ နားလည်သိရှိလာရတာ၊
ရင်ထဲမှာ စူးခနဲ.. ဘာတွေကများ
လွဲမှားနေခဲ့တာလဲ...။
"အန်ကယ့် အမှားတွေ မပြတ်သားမှုတွေ
သတ္တိ နည်းမှုတွေကြောင့် အိ ကို ပစ်ထားခဲ့ပြီး...
တစ်ခြားလူတစ်ယောက်နဲ့ လက်ထပ်ခဲ့မိတယ်..."
စကားစကို ခဏရပ်ပြီး ပြန်လည်ဆက်ကာ...
"အန်ကယ့်ကို သိပ်မုန်းသွားမယ် ထင်ခဲ့တာ...၊
လက်ထပ်ပီး သိပ်မကြာခင်မှာ အန်ကယ်တို့
ပြန်တွေ့ခဲ့ကြတုန်းက သူ အန်ကယ့်အပေါ်
မမုန်းနိုင်ခဲ့ပဲ ပြန်လက်ခံခဲ့တယ်... ၊
အဲ့တုန်းက အန်ကယ်တို့ ....."
ဦးသန့်ဇင် ဆက်ပြောမယ့် စကားတွေကို
ရပ်တန့်လိုက်ချိန်...
ရင်ထဲမှာ ထိတ်ခနဲ...
သူ ဆက်ပြောမယ့်စကားတွေကို ကြားရမှာ
ကြောက်လာမိသည်။
"ဒါပေမယ့် အန်ကယ်၊
သူ့အပေါ် ထပ်ရက်စက်ခဲ့ပြီး လက်ရှိ ခွန်းသော်ရဲ့
အမေနဲ့ပဲ ဆက်လက်တွဲခဲ့တယ်....
အန်ကယ် မသိခဲ့တာက..
သူ့မှာအန်ကယ်နဲ့ ရတဲ့ ကိုယ်..."
VOUS LISEZ
ဒဏ္ရာ
Roman d'amourဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်
