ပွဲကျင်းပသည့် ဟိုတယ်ကို ရောက်တော့
ဦးသန့်ဇင်က မေမေ ကားပေါ်က မဆင်းခင်
အပြေးလာကြိုသည်ကို တွေ့လိုက်ရသည်။
မေမေ့ကို တံခါး ဖွင့်ပေးကာ နှစ်ယောက်သား
ရှေ့မှ လျှောက်သွားကြသဖြင့် ထူးထူးနဲ့
အသူရာလည်း မေမေတို့ နောက်မှ လိုက်ခဲ့လိုက်သည်။ပွဲထဲရောက်တော့လူတွေတောင်
တော်တော်များများ ရောက်နေကြပြီဖြစ်သည်။အလယ်တွင် ရေကူးကန်ကြီး ရှိပြီး
ထိပ်တွင် စတိတ်စင်ကြီးတစ်ခုရှိနေကာ၊
ညာဘက်အခြမ်းတွင် စားသောက်ဖွယ်ရာများကို
အတန်းလိုက် ခင်းကျင်းထားပြီး
တစ်ဖက် တစ်ချက်တွင် ခုံမပါသော
စားပွဲဝိုင်း အရှည်လေးတွေ အစီအရီ.....များပြားလှသော တောက်ပနေသည့်
လူများကြားတွင် မီးရောင်များ
ထိန်လင်းနေသောကြောင့်
ဘယ်သူဘယ်ဝါဆိုတာတွေ သဲသဲကွဲကွဲမမြင်ရ။ရုတ်တရက် မေမေတို့ နှစ်ယောက်ကို
ထိုးလိုက်သော စလိုက်မီးကြီးက မေမေ့တို့
နောက်တွင် ရပ်နေသော ထူးထူးတို့
ခေါင်းပေါ်ကိုပါ ကျလာတာကြောင့်
နှစ်ယောက်သား ထိုလင်းနေတဲ့ နေရာကနေ
အမှောင်ဘက်ကို မသိမသာ ရွှေ့နေမိကြသည်။မဟုတ်ရင် ကြည့်ကြမည့် မျက်ဝန်းတွေကို
ထူးထူး ခံနိုင်ရည်ရှိမည် မထင်......သီချင်းသံတွေ စတင်မြည်လာပြီး
မေမေတို့ကလည်းပွဲလာသူများကို
လိုက်နှုတ်ဆက်နေတာနဲ့
အလုပ်ရှုပ်နေတာကြောင့် အသူရာက
ထူးထူး လက်ကို ဆွဲကာ...."ထူး ... လာခဲ့ ငါတို့ မုန့်သွားစားရအောင်..."
ထူးထူး တစ်ယောက်
အသူရာဆွဲရာနောက်ပါလာကာ ......"ဒါ ဝိုင်လား မသိဘူး.??.."
အရက်ပုလင်းတွေကြီးပဲ စီထားတဲ့
bar ကောင်တာလေး ရှေ့တွင် ရပ်ကာ
အသူရာက မေးလိုက်တော့.."ဟုတ်ပါတယ်... ဒါက ဝိုင်ပါ .. ၊
ဒါက ဗော်ကာပါ ခင်ဗျ....."စားပွဲထိုးလေးက ပြုံးကာ ပြောပြီး
ထူးထူးတို့ ဘာယူမလဲ စောင့်နေသည်။
အသက်မပြည့်သေးသူများကို မသောက်ရဟု
တားမြစ်ထားဟန်မတူ..။
သို့သော် ထိုအရက်သေစာများကို
ထူးထူး နည်းနည်းလေးမှ မကြိုက်...၊
YOU ARE READING
ဒဏ္ရာ
Romanceဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည်