နောက်တစ်နေ့တွင် အာဏာက ထူးထူးကို
ကလောမြို့ထဲရယ် ဘုရားတွေရယ်
လိုက်ပို့ပေးသည်။ သူ ၀ယ်လာတဲ့
အဝတ်အစားတွေက ထူးနဲ့ ကွက်တိ
ဖြစ်သလို ထူး ၀တ်နေကြ ပုံစံလေးတွေ
ဖြစ်တာကြောင့် အဆင်ပြေလှသည်။
ခုချိန်မှာ သူနဲ့ အတူ လျှောက်လည်ပြီး
အတူရှိနေရတဲ့ခံစားချက်က ဘာနဲ့မှ မလဲနိုင်..၊
မကြာခင်မှာ သူထားသွားဦးမှာ သိနေပေမယ့်လဲ၊
သူရဲ့ ဂရုစိုက်မှုတွေကို ထူးထူးအား
ပျော်ရွှင်စေသည်။
သူ့ကို ပြုံးပြီး ကြည့်နေရတာ.. ၊
သူ့လှုပ်ရှားပုံလေးတွေကို
လိုက်ငေးနေရတာကလည်း၊ ထူးထူး အတွက်
တန်ဖိုး မဖြတ်နိုင်သော အရာပင်ဖြစ်သည်။
အချိန်တွေရယ် မကုန်ပါနဲ့ဟူ၍
တိတ်တိတ်လေး ဆုတောင်းနေမိသည်။
"ထူး ဘယ်သွားချင်သေးလဲ..?."
ဘယ်သွားချင်သေးလဲ မေးသော်လည်း
ဘုရားတွေက စုံနေလေပြီ ၊
ထူး ခေါင်းခါပြလိုက်တော့...
"အဲ့တာဆို မနက်ဖြန်မှ အရမ်းလှတဲ့
နေရာတစ်ခုကို ခေါ်သွားမယ်..၊
ခုတော့ အိမ်ပြန်ကြတာပေါ့..
ရှမ်းစာ စားချင်သေးလား... ?"
ထူး စဉ်းစားလိုက်သည်။
ဒီရောက်တုန်းလေးတော့ရှမ်းစာ
အဝစားသွားချင်သည်။
"အိုကေ.. အဲ့တာဆို ဆိုင်မှာပဲ
၀င်စားသွားတာပေါ့..."
ထူးထူး ဘာမှ တောင် မဖြေလိုက်ရ..၊
အဖြေကို ကြိုသိသည့်ပုံနှင့် ပြောနေသည်။
အဲ့လို ပုံစံမျိုးနဲ့ အာဏာမင်းဆက် ကို
တစ်သက်လုံး ပိုင်ဆိုင်ချင်လိုက်တာ...။
..................။
မနေ့ကထက် ဒီနေ့ညက ပိုအေးနေသလိုပင်..။
အခန်းထဲမှာတောင် အေးစိမ့်နေလေသည်။
ထူးထူး ကုတင်ပေါ်တွင် စောင်နှစ်ထပ်ခြုံကာ
ကွေးနေမိသည်။
အာဏာကတော့ မအိပ်သေးပဲ ခုံပေါ်တွင်
လက်တော့ တစ်လုံးနှင့် ဘာတွေ လုပ်
နေတယ်မသိ...။
ထူးထူး သူ့ကို ခိုးကြည့်နေမိတာ
သူမြင်သည့် ပုံမပေါ်.. ၊
လက်တော့ကို သာ အာရုံစိုက်နေသည်။
သူ့ကျောင်းစာတွေ လုပ်နေတာများလား....။
သူ ရုတ်တရက်မော့ကြည့်လာသောကြောင့် ...၊
ထူးထူး မျက်လုံးတွေကို အမြန် မှိတ်လိုက်မိသည်။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် ခါးတစ်ဝက်ထဲ
ခြုံထားတဲ့ စောင် လေးလှုပ်လာကာ
အပေါ်ကို ဆွဲတင်ပေးလိုက်သည်ကို
မမြင်ရလဲ သိလိုက်သည်။
"မအိပ်သေးဘူးလား....?"
အနီးအနားက အာဏာ၏ အသံထွက်လာချိန်တွင်
ထူးထူး မျက်လုံးတွေ ဖွင့်မကြည့်ဖြစ်သေး....
"အိပ်ချင်ယောင် ဆောင်မနေနဲ့...."
ထူး အိပ်ချင်ယောင်ဆောင်နေတာကို
သူ ဘယ်လို သိသွားတာလဲ....၊
ထူးထူး မျက်လုံးဖွင့်ကြည့်လိုက်တော့
အပေါ်က မိုးကြည့်နေတဲ့အာဏာမင်းဆက်ကို
မြင်ပြီး လန့်သွားသည်။
"မအိပ်ချင်သေးရင် ထ..."
သူက အနွေးထည်တစ်ထည်ကို ယူကာ
ထူးထူး ကို လှမ်းပေးပြီး....
"အပြင်မှာ လမ်းသွားလျှောက်ရအောင်...."
ထူးထူး သူပေးတဲ့ အနွေးထည်ကို ယူလိုက်တော့
သူကလည်း အပေါ်ထပ် တစ်ထည် ထပ်ဝတ်နေသည်။
ထူးထူးလဲ ငြင်းမနတော့ပဲ အနွေးထည်ကို
၀တ်လိုက်ကာ ကုတင်ပေါ်မှ ထလိုက်သည်။
ခြံထဲရောက်တော့ လမ်းမီးတိုင်လေးတွေ
အစီအရီ ရှိနေတဲ့ မြေနီလမ်းလေးကို
နှစ်ယောက်သား လျှောက်လာမိသည်။
မြေသင်းနံ့ သင်းသင်းလေးနဲ့ လေအေးလေး
တိုက်နေပြီး ဘေးပတ်ဝန်းကျင်က
တောအုပ်လေးဖြစ်နေတာကြောင့် ညရဲ့
အလှက ပြီးပြည့်စုံနေသလို....။
အာဏာမင်းဆက် ဘေးမှာ ရှိနေတော့
ပိုပြီး ပြည့်စုံသွားတာပေါ့...။
ရုတ်တရက် သူ ထူးထူးလက်ကို တွဲပြီး
ဆုပ်ကိုင်လိုက်တာကြောင့် .. ရင်ထဲ နွေးသွားရသည်။
နှစ်ယောက်လုံး ဘာစကားတစ်ခွန်း မပြောပဲ
နီးကပ်စွာ လျှောက်လာမိကြချိန် ၊
သူတော့ မသိပေမယ့်. ၊
ထူးထူးရင်တွေ တစ်ဒုန်းဒုန်းခုန်တာ
ဘယ်လိုမှ ထိန်းချုပ်မရ..။
ခုချိန်မှာ ထူးထူးတို့နှစ်ယောက်က
တကယ့်ကို သမီးရည်းစားစုံတွဲတွေနှင့်
တူနေလေသည်။
"ထူးထူး...."
သူ့ဆီမှ ထူးနာမည်လေးကို
ခေါ်သံကြားလိုက်ရတော့ ထူး အာဏာ့ကို
မော့ကြည့်ကာ သူပြောမယ့် စကားကို
စောင့်ဆိုင်းနေတော့ သူက ခေါင်းခါလိုက်ကာ...
"ထူး အေးနေပြီလား....?"
သူပြောချင်တာတစ်ခုခုကို ဖုံးကွယ်လိုက်ပုံရသည်။
သူမပြောချင်တော့တာကို မေးလို့
မရနိုင်မှန်းသိနေတော့
ထူး မသိချင်ယောင်ဆောင်လိုက်ကာ
"မအေးဘူး ရတယ်....."
ထူးတို့လျှောက်နေတဲ့ လမ်း၏ ဘေးတွင်
ပန်းရောင်ဆေးတွေ သုတ်ထားသည့်
သစ်သား ထိုင်ခုံလေး တစ်ခု ရှိနေတာကြောင့်
သူက ထူးအား ထိုထိုင်ခုံတွင် ထိုင်စေကာ....
သူကတော့ လာမထိုင်သေးပဲ
တစ်ခုခုပြောဖို့ စဉ်းစားနေပုံရသည်။
"အာဏာ... ဘာပြောစရာရှိလို့လဲ..?"
သူပြောရခက်နေမည် စိုးတာကြောင့်
စကားလမ်းကြောင်း ဖွင့်ပေးလိုက်တော့၊
သူက ထူးထူးရှေ့ကို လျှောက်လာကာ၊
ထူးထူးရှေ့တွင် မုတ်ဆိုးဒူးထောက်
ထိုင်လိုက်ရင်း ထူးရဲ့ လက်တွေကို
ဆုပ်ကိုင်လိုက်တာကြောင့်
ရင်တို့ ခုန်တက် လာရသည်။
သို့သော် သူ့ဆီက ကောင်းမွန်တဲ့ စကားတွ
ထွက်လာမှာမဟုတ်ဘူးဆိုတာ ထူး ကြိုသိနေသည်။
""ဒီကပြန်သွားတဲ့ အခါကျရင်၊
ကိုထူးဆီပြန်လာတဲ့ အထိ
ထူး စောင့်ပေးနိုင်မလား..? ၊
ထူးအနားမှာ အချိန်ပြည့်မနေနိုင်တာက၊
ကို့ဘဝအတွက် တိုက်ပွဲ တစ်ခု ဝင်ရဦးမှာ မို့လို့ပါ၊
အဲ့တိုက်ပွဲပြီးသွားတဲ့ အခါကျရင်၊
ကို ထူးနားကိုပဲပြန်လာခဲ့မယ်၊
အဲ့အချိန်ထိ ၊ ထူး ကိူယ့်ကိုစောင့်ပေးနိုင်မလား....??"
ထူး ပြန်မဖြေဖြစ်သေးလဲ ထူး အဖြေကို သူသိမှာပါ၊ သူသာ ထူးဆီ တကယ်ပြန်လာခဲ့မယ်ဆိုရင်၊
ထူးက မစောင့်ပေးနိုင်စရာ အကြောင်းမှ မရှိတာလေ။
ထူး ခေါင်းညိတ်လိုက်သည်။
နှုတ်မှ စကားတစ်ခွန်းထွက်မိတာနဲ့
မိမိကိုယ်ကို ငိုမိတော့မယ်ဆိုတာ
သေချာပေါက် သိနေတာကြောင့်
ဘာမှ မပြောရဲပဲ အံကိုကြိတ်ထားရင်း...
အဲ့တိုက်ပွဲက ဘယ်တော့ပြီးမှလဲ..?
ဘယ်အချိန်ထိ စောင့်ရမှာလဲ..?
ပြန်လာခဲ့ရင်ရော အာဏာက ထူးကို
ဘယ်လို နေရာမျိုးမှာ ထားမှာလဲ..?
ထူးအနားပြန်လာပြီးရင် တစ်သက်လူံး
ထူး အနားမှာပဲ နေတော့မှာလား...?
ထူးသိချင်တဲ့ မေးခွန်းတွေအရမ်းကိုများတယ်...၊
ဒါပေမယ့် ထူး မမေးဖြစ်ပါဘူး၊
ဘာကြောင့်လဲ..?
ထူးမေးခွန်းတွေက သူ့ရဲ့ပြန်လာချင်တဲ့
စိတ်လေးကိုတောင် ပြောင်းသွားစေမှာစိုးလို့လေ။
အာဏာမင်းဆက်....သူ့အခုလို တောင်းဆိုနေခြင်းက... သူလဲ ထူးကို အဆုံးရှုံးမခံနိုင်လို့ ဟူ၍သာ
ထူး မှတ်ယူလိုက်ပါသညိ။
ထူးထူး ခေါင်းလေး ငုံ့ကာ အတွေးများနေဆဲမှာပင်
ထူးထူး နှုတ်ခမ်းပေါ် ကျရောက်လာသည့်
သူရဲ့ နှုတ်ခမ်းသား နုနု ကြောင့် မျက်လူံးတို့
ပြူးကျယ်သွားရကာ၊ နှလူံးခုန်နှုန်းတို့
မြန်ဆန်သွားရသည်။
သူထူးကိုပေးတဲ့ အနမ်းတွေကို ဒီတစ်ခါတော့
ထူး မငြင်းဆန်မိတော့ပါ။
ဘာကြောင့်လဲ ဆိုတဲ့ မေးခွန်းတွေလဲ
ထုတ်မနေချင်တော့...
သူ့နှုတ်ခမ်းတို့ ထူးဆီမှ ဖယ်ခွာသွားတဲ့ အချိန်ကျမှ၊
သူက မြေကြီးပေါ်တွင် ဒူးထောက်ထိုင်နေရာမှ
ထူးကို မော့ကြည့်နေကာ..
"ဒီနှုတ်ခမ်းကို ကိုယ့်တစ်ယောက်ထဲကိုပဲ
ပိုင်ဆိုင်ခွင့်ပေးပါ..."
သူ့စကားကြောင့် ထူးပျော်ရမှာလား ဟူ၍ပင်
မသိတော့..ထူး လုပ်မိတာ တစ်ခုက
ခေါင်းညိတ်လိုက်ရုံသာ...။
.......................။
နောက်တစ်နေ့ သူခေါ်သွားတဲ့ အရမ်းလှတယ်ဆိုတဲ့
နေရာကို ရောက်တော့ ထူးထူး အံ့သြမင်တက်နေမိ
သည်။ တောင်ပေါ်ဒေသရဲ့ မနက်ခင်း
နေထွက်ချိန်အလှက တကယ်ကို
ပြီးပြည့်စုံလွန်း နေသည်။
ဘးပတ်ဝန်းကျင်မှာ တောင်တန်း ချိုင့်ဝှမ်းတွေနဲ့
စိမ်းစိုနေကာ လှချင်တိုင်း လှနေတော့သည်။
ထူးထူး ကားပေါ်မှ ဆင်းလိုက်ကာ
သဘာဝရဲ့ အလှကို ခံစားရင်း
သဘောကျပြီးရင်း ကျနေမိတော့သည်။
အာဏာက ထူးထူးနောက်လိုက်မလာတာကြောင့်
လှည့်ကြည့်လိုက်ချိန် ကားပေါ်ကနေ ဘာတွေ
သယ်နေလည်း မသိ..
ထူးထူး သူ့ဆီ လျှောက်သွားလိုက်တော့....
"ထူး ပန်းချီ အေးဆေးဆွဲလို့ရအောင်.. ၊
ကိုယ်စီစဉ်ပေးထားတယ်..."
များပြားလှတဲ့ ပန်းချီပစ္စည်းတွေ ဘယ်တုန်းက
ဘယ်လို ၀ယ်ထားသည် မသိ..၊
ထူးထူး အရမ်းကို ပျော်ရွှင်သွားရသည်။
"ကျေးဇူးတင်လိုက်တာ အာဏာရယ်.... "
"မလိုပါဘူး ... လာ..."
ထို တစ်နေ့ခင်းလုံး ထူးထူး ပန်းချီဆွဲနေတာကို
ထိုင်စောင့်နေပေးတဲ့ အာဏာ.. ၊
တကယ်ကို ကြည်နူးမိပြီး အချိန်တွေတောင်
မကုန်ချင်တော့..
သူနဲ့ ဒီလို တစ်သက်လုံးရှိနေခွင့်ရဖို့
အကြိမ်ကြိမ် ဆုတောင်းနေမိသော်လည်း.....။
...............
မကုန်ချင်တဲ့ နေ့လေးတွေ ဘာမှန်းမသိလိုက်ခင်မှာ ကုန်ဆုံးသွားရပြီး..ဖြူလေးကို နှုတ်ဆက်ရင်းတောင် မျက်ရည် ဝဲရသေးသည်။
ဒီကောင်မလေးက တကယ့်ကို သံယောဇဉ်ဖြစ်
ချင်စရာကောင်းလောက်အောင် ထူးထူး အပေါ်လဲ တွယ်တာလှသည်လေ။
ကလောကနေ ပြန်လာတဲ့ လမ်းမှာ အရာအားလုံး
လစ်ဟာသွားသလို အာဏာနဲ့ ထူးထူးတို့
နှစ်ယောက်လည်း တစ်လမ်းလူံး တိတ်ဆိတ်နေမိ
ကြသည်။ ပြန်ရောက်တာနဲ့ ဝေးကွာရတော့မယ့်
လူတစ်ယောက်ကို လွမ်းလွမ်းဆွေးဆွေး
ငေးကြည့်နေရုံကလွဲလို့ထူးထူးလဲ
ဘာမှ မတတ်နိုင်ခဲ့...။
ခြံရှေ့တွင် ကားကို ရပ်လိုက်ချိန်တွင်
သူများ ဘာပြောမလဲ
ဆိုတာ စောင့်နေမိသော်လည်း........
"ကို အိမ်ထဲ မဝင်တော့ဘူးနော်... "
ဟူ၍သာ ပြောလာလေသည်။
ထူးထူး ခေါင်းညိတ်လိုက်ကာ ကားပေါ်မှ
ဆင်းခဲ့လိုက်ချိန်တွင် နှုတ်တောင်မဆက်ပဲ
ထွက်သွားတဲ့ သူ့ကားလေးကို မျက်စိ
တစ်ဆုံးလိုက် ငေးကြည့်နေမိသည်။
"သား ပြန်ရောက်ပြီလား..? လာ သားလာ..."
ဦးမောင်က ခြံတံခါးကို ဖွင့်ပေးကာ ထူးထူး
အဝတ်စားအိတ်ကို ကူသယ်နေသဖြင့် ...
"ရတယ် ဦးမောင်.. ၊
ထူးပဲ သယ်သွားလိုက်တော့မယ်..၊
မေမေတို့ အိပ်နေပြီလား...?"
"သားမေမေကော ဆရာကော ၊
အိမ်မှာ မရှိဘူး ခရီးထွက်သွားတယ်..."
"ဪ...."
ထူးထူး အိမ်ထဲဝင်ခဲ့ရင်း...
မေမေတို့ အိမ်မှာမရှိတာပဲ တော်သေးသည်ဟု
တွေးမိသည်။ မဟုတ်ရင် မေးလာမယ့်
မေးခွန်းတွေကို ဖြေချင်စိတ်မရှိ...။
ဘယ်လို ပုံစံမျိုး ဖြေရမယ်ဆိုတာလည်း ထူးထူး မသိ...။
..............။
မနက် အိပ်ယာနိုးနိုးချင်း ကုတင်ပေါ်မှ ကုန်းရုန်းထကာ ဖုန်းလေးကို ကမန်းကတန်းကြည့်မိသည်။ အာဏာများ ခေါ်ထားသေးလား ဆိုတဲ့
မျှော်လင့်ချက်လေးနဲ့ ဖြစ်သော်လည်း
အသူရာ၏ မစ်ကောလ်များကိုသာ တွေ့ရသည်။
ထူး အသူရာ့အား ပြန်ဆက်လိုက်တော့..
"ထူးထူးသော်..!!
နင်ဘယ်မှာတုန်း..!
ငါ စိတ်ပူလို့ သေတော့မယ်....!!"
ကလောမှာ ရှိတဲ့ကာလ တစ်လျှောက်လူံး
ဖုန်းပိတ်ထားရတာ ကြောင့် အသူရာ
စိတ်ပူနေမယ်ဆိုတာ ထူး သေချာပေါက်သိသလို၊
သူ ဆူတော့လည်း ခံရုံသာ။
"ငါ ပြန်ရောက်နေပြီ..."
"ဟူး.....တကယ်ပါပဲ၊
နင့်ကို ရိုက်ချင်တယ်....၊
အခြေအနေကော..?"
ထူး ဘာဖြေရမလဲ မသိ။
အာဏာ့ကိုလည်း ကာကွယ်နိုင်မည့်
အကောင်းဆုံး အဖြေတစ်ခုကို
စဉ်းစားသော်လည်း
မထွက်လာသဖြင့်....
"ဒီလိုပါပဲ..."
ဟုသာဖြေလိုက်တော့၊ အသူရာက ...
"နင်တို့ကိစ္စကို လေးလေးချမ်းရဲကို
ငါအားလူံး ပြောပြီးသွားပြီ... ၊
လေးလေးက ပြောတယ်၊
သူနင့်ကို ခုချိန်မှာ တွဲမှာမဟုတ်ဘူးတဲ့.....၊
အကြောင်းသိတွေကတောင် ပြောနေပြီ ၊
နင် အသိတရားရပါတော့လား ထူးရယ်.."
လေးလေးချမ်းရဲဆီမှ မော်နဲ့ တစ်လေသံထဲ
ထွက်လာမှု အပေါ် ထူးထူး မအံ့သြမိတော့၊
အာဏာ့ရဲ့ စိတ်ကို ထူးကိုယ်တိုင်လဲ သိတာမို့၊
အာဏာ့ဆီက ဘာမှ မမျှော်လင့်ထားတာမို့၊
သူ ထူးကို မတွဲခဲ့ရင်တောင် ထူး
ကျေနပ်ပြီးသားဖြစ်သည်။
..............
ခွန်းသော် နေမကောင်းလို့ မော် လာတွေ့ပြီး ၊
ပြန်ခံနီး အောက်ထပ်သို့ ဆင်းအလာ၊
ထူးထူးက မော့်ဆီ လျှောက်လာကာ...
"မော်...."
ဟူ၍ လှမ်းခေါ်လိုက်တာကြောင့်...၊
မော် အံ့သြသွားရသည်။
တစ်ခါမှ သူ့ဖက်က စခေါ်ဖူးတယ်ဆိုတာ
မရှိဖူးဘူးလေ...။
"ထူးထူး ပြန်ရောက်နေပြီလား.?.."
ထူး ခေါင်းညိတ်လိုက်ကာ.....
"ဟိုလေ ...စကားခဏ ပြောချင်လို့..."
"အင်း....ပြောလေ ထူး..."
မော်က ထမင်းစားခန်းထဲ ဝင်လိုက်ပြီး
ထူးထူးပြောမှာကို စောင့်နေလိုက်သည်။
"မော် အာဏာနဲ့ အဆက်အသွယ်ရလားဟင်.?.."
မော်က ခေါင်းခါလိုက်ကာ....
"မရဘူး.. ဘာဖြစ်လို့လဲ ထူး..."
"သူ သြဇီ ပြန်သွားပြီလား သိချင်လို့..."
ဟင်... သူတို့နှစ်ယောက် ခရီးတူတူ ထွက်လာတာ
မဟုတ်ဘူးလား...။
"ကလောကို သူနဲ့ တူတူသွားတာ မဟုတ်ဘူးလား.."?
"ဟုတ်တယ် ..
ဒါပေမယ့် ပြန်လာထဲက အဆက်အသွယ်မရလို့...."
ထူးထူးစကားကြောင့်မော် အမှန်တကယ်ကို
စိတ်မကောင်းဖြစ်သွားရသည်။
အာဏာက ထူးထူးကို ခုချိန်ထိ
ဒုက္ခပေးလို့ ဝသေးပုံမရ..။
ထူးထူးရဲ့ ဖြူစင်မှုကို သူ မမြင်ဘူးလား... ၊
ဒါတောင် ကစားရက်သေးတယ်လား...။
ထူးထူးလိုပဲ မော်လဲ အာဏာနဲ့ အဆက်အသွယ်
မရတာကြောင့်
"ကိုလဲ မရဘူး.. သိချင်ရင် မေးပေးမယ်လေ..."
"ရတယ် မမေးနဲ့ ...၊
သူက အိမ်မှာ မနေတော့ဘူး ထင်တယ်..."
"သူ့ဦးလေးတော့ သိမယ် ထင်တယ် ၊
ကိုမေးပေးမယ် ခဏစောင့်..."
မော် လေးလေးချမ်းရဲ ကို ဖုန်းလှမ်းဆက်စဉ်တွင်...
"ထူးမေးတာလို့ မပြောနဲ့နော်..."
ထူးထူးက တိုးတိုးလေး ကပ်ပြောသဖြင့်
မော် ခေါင်းညိတ်ပြလိုက်သည်။
"ဟယ်လို..."
"ဟုတ် လေးလေး... ၊
အာဏာနဲ့ အဆက်အသွယ်ရလား မသိဘူး..."
"အင်း ရတယ် မော်...ဘာလို့လဲ....??"
"သူ ရန်ကုန်မှာပဲလား...?"
"ဟုတ်တယ်...
တစ်နေ့ကမှ ခရီးတစ်ခုက ပြန်ရောက်တာ...."
"အော်... အဲ့တာဆို သြဇီပြန်မသွားသေးဘူးပေါ့..."
"နောက်အပတ်ထဲတော့
ပြန်သွားမယ် ပြောတယ် သား...
သူနဲ့ ဘာဖြစ်ထားကြလို့လဲ...??"
"မဖြစ်ပါဘူး လေးလေး.. အဲ့ဒါဆို ဒါပဲနော်..."
မော် ဖုန်းချလိုက်တော့ ပြူးတူးတူးနဲ့
အရမး်သိချင်နေတဲ့ ကိစ္စတစ်ခုကို
မျှော်လင့်တကြီးစောင့်နေတဲ့ ထူးထူးကို
တွေ့ရတော့ ရင်မောသွားရသည်။
သူတကယ်ပဲ အာဏာ့ကို အရမး်ချစ်သွားပုံရသည်။
"သြဇီတော့ မပြန်သေးဘူးတဲ့၊
နောက်အပတ်လောက်တော့ ပြန်မယ် ပြောတယ်...."
"ဪ..."
ထူးထူး က တွေတွေ လေးဖြစ်သွားသည်။
မော် သတိပေးခဲ့တဲ့ အရာတွေလဲ
သူမေ့သွားပုံရသည်။
မေ့တာထက် သိသိရက်နဲ့ မိုက်နေကြတာ ပါပဲ... ၊
ချစ်မိနေတာကို...။
"ကိုပြန်တော့မယ်နော်...."
"ဟုတ်.."
မော် ထွက်သွားချိန် ....၊
ထူးထူး လှေကားပေါ် ပြန်တက်ခဲတော့..
"အာဏာမင်းဆက် တစ်ယောက်နဲ့တင်
မလုံလောက်သေးဘူးလား ထူးထူးသော်..?"
လှေကားထိပ်တွင် ရပ်နေသော ကိုခွန်းသော် ၏
စကားကြောင့် ထူး ခြေလှမ်းတို့ ရပ်တန့်သွားရသည်။
"မင်းက အမေတူ သားပဲ....၊
လူတစ်ယောက်ကို ဘယ်လို ဆွဲဆောင်ရမယ်ဆိုတဲ့
နည်းတွေ ကောင်းကောင်းသိတယ်..."
မေမေ့ကိုပါ ထိကပါး ရိကပါးပြောလာတာကြောင့်
တစ်ခုခု ပြန်ပြောလိုက်ချင်သော်လည်း ၊
မိမိရှေ့တွင် မြင်နေရသော ကိုခွန်းသော်၏
ပုံစံက တကယ်ကို နေမကောင်းဖြစ်တာကြောင့်
အရမး်ကို ဖြူဖျော့ကာ နေလေသည်။
"မဟုတ်ပါဘူး ကိုခွန်း..
ကိုခွန်း အထင်လွဲနေတာပါ..."
ထူးထူး ပြသာနာမဖြစ်ချင်တာကြောင့်
အတတ်နိုင်ဆူံး အလျှော့ပေးလိုက်သော်လည်း၊
ခွန်းသော် က ခပ်ရွဲ့ရွဲ့ တစ်ချက် ပြုံးလိုက်ကာ....
"ရိုးသားချင်ယောင်ဆောင်ပြီး ဂွင်ကြီးကြီးတွေကို
အမိအရ ဆုပ်ကိုင်နိုင်တယ်၊ မဆိုးပါဘူး...."
ခွန်းသော် စကားတွေ လွန်လာပြီမို့
ထူးထူး ဒေါသထွက်လာကာ
လက်သီးကို ဆုပ်လိုက်မိရင်း....
"ကိုခွန်းသော်၊ ထူးကို မကျေနပ်ရင်
ထူးကိုပဲ ပြောပါ...
မေမေ့ကို ဆွဲမထည့်ပါနဲ့...."
"ငါက မှန်တာကိုပြောတာ...၊
မင်းတို့ သားအမိ သိပ်လည်လွန်းနေတာ...၊
ထူးထူး ထွက်လာတဲ့ ဒေါသတွေကို
အတင်း မြိုချနေရသည်။
ပြသာနာတက်လို့ မဖြစ်ဘူး...၊
ပြေလည်အောင် နေမှ ဖြစ်မှာ...
"မော့်ကိုတော့ အလွတ်ပေးစေချင်တယ်...၊
ဖမ်းချင်လဲ တစ်ယာက်ဆို တော်ပြီပေါ့....."
"ကိုခွန်းသော် တစ်ခုခု အထင်လွဲနေတယ်
ထင်တယ်၊ အာဏာနဲ့ ခရီးသွားဖြစ်တယ်
ဆိုတာကလည်း သူခေါ်လို့ပါ၊သူနဲ့ ထူးကြားမှာ
ဘာပက်သက်မှုမှ မရှိဘူး....၊ခုလဲ မော်နဲ့က.."
"မင်းတို့သားအမိကလေ၊
လူရှေ့မှာတော့ တကယ်ကို
မခုတ်တတ်တဲ့ ကြောင်လေးတွေပဲ...."
"ကျွန်တော် အမေကို မစော်ကားပါနဲ့
ကိုခွန်းသော်.."
"မင်းအမေက ပိုဆိုးတယ်၊
ငါ့အဖေရဲ့လုပ်ငန်းတွေ အားလူံး
ပါးပါးလေးနဲ့ အပိုင်ယူဖို့ ကြံစည်နေတာ..."
"ကိုခွန်းသော်..!!!"
"ဘာလဲ.. ပြောလေ..
မင်းဘာပြောချင်တာလဲ...?"
"မကျေနပ်ရင် ကိုခွန်းသော်လဲ ယူလို့ရပါတယ်၊
ဘယ်သူကမှလဲ မတားထားဘူး...၊
ဦးသန့်ဇင်က ကိုခွန်းသော်ကို
သူ့လုပ်ငန်းတွေ မလုပ်ရဘူးလို့ ပြောထားလို့လား..?
မပြောထားရင် ကိုခွန်းသော်လဲ
လုပ်ပိုင်ခွင့်ရှိတာပဲလေ ၊
လုပ်နိုင်တယ်ဆိုရင်ပေါ့..."
အများအမြင်မှာဖြစ်ဖြစ်၊
ကိုခွန်းသော် အမြင်မှာ ဖြစ်ဖြစ်၊
ထူးထူးက ရန်စကားဆိုလိုက်သည်ဟု
ထင်နိုင်ချေရှိသော်လည်း၊
ထူး သူ့ကို ပေးချင်တဲ့ အကြောငး်အရာက
ဦးသန့်ဇင်ရဲ့ လုပ်ငန်းတွေကို ကိုခွန်းသော်
ဝင်လုပ်စေချင်တယ်ဆိုတဲ့ သဘောပါ။
ထူးကိုသိပ်မုန်းနေတဲ့ သူက မခံချင်စိတ်လေး
နည်းနည်းပဲဖြစ်ဖြစ် ဖြစ်မိသွားရင်၊
သေချာပေါက် သူ လုပ်တော့မှာ။
အိမ်မှာထဲ နေနေတဲ့ အရှုံးသမားတစ်ယောက်
ဖြစ်ရတာ ထူးတစ်ယောက်ထဲနဲ့ တင်
လုံလောက်နေပါပြီ ကိုခွန်းသော်၊
ကိုခွန်းသော်ကတော့ အဲ့လိုကြီးမနေပါနဲ့၊
ဦးသန့်ဇင် ထူးကို ထားချင်တဲ့ နေရာကို
ကိုခွန်းသော်ကပဲ ရပ်တည်လိုက်ပါ။
"မင်း ဘာစကားပြောတာလဲ ထူးထူးသော်၊
ခုတော့ မင်းစိတ်ရင်း အမှန်တွေ ပေါ်လာပြီပေါ့...."
ထူး ခေါင်းညိ်တ်လိုက်ကာ..
"မဆုံးရှုံးချင်ရင်
ဒီတိုင်း ထိုင်ကြည့်နေလို့မရဘူး...၊
လုယူရမှာပေါ့..."
ဒီစကားတွေ ထူးထူး နှုတ်မှ ထွက်လာမှ
ဟုတ်ရဲ့လား ဟူ၍ မိမိကိုယ်ကိုပင် သံသယရှိမိသည်။
"တောက်..!!!!"
ကိုခွန်းသော် ဒေါသတကြီးနှင့်
အိမ်ပေါ်ပြန်တက်သွားချိန်၊
ထူးထူးလည်း ခဲလေသမျှ သဲရေကျသလို၊
ရပ်နေတဲ့ ခြေထောက်နှစ်ချောင်းတောင်
ယိုင်နဲ့ သွားရသည့် အဖြစ်။
သူ့အားထိုသို့ တစ်ခါမှ ပြန်ပြောဖူးတာ
မဟုတ်ဘူးလေ..။
ကိုခွန်းသော်
အကိုလည်း တစ်ချိန်ချိန်မှာ နာကျင်မှုတွေ
ခံစားရဦးမှာမို့ ခုထဲက အကို
ခံနိုင်ရည်ရှိနေဖို့လိုတယ်။
အကိုတို့ သူငယ်ချင်း သုံးယောက်ထဲမှာအကိုက
ကျွန်တော့်ကို အမုန်းဆူံး ဖြစ်ပေမယ့်၊
အကို့ရဲ့ စိတ်ကလဲ ထူးလိုပဲ
နူးညံ့ ပျော့ပျောင်းတယ် ဆိုတာ
ကျွန်တော် သိပါတယ်။
ကျွန်တော့်ရဲ့ ပျော့ပျောင်းမှုတွေက
ထုတ်ပြခဲ့လို့ လူအမြင်မှာပိုပြီး သနားစရာ
ကောင်းနေတယ် ထင်ရပေမယ့်၊
အကိုရဲ့ ပျော့ပျောင်းမှုကို ဒေါသအဖြစ်
အကိုထုတ်ပြနေတဲ့အခါ၊
တကယ်တမ်း သနားကောင်းတာက
အကိုဆိုတာ ဘယ်သူမှ မမြင်ကြတော့ဘူးလေ။
အကို့နေရာကို ကျွန်တော်
အပြည့်အဝနားလည်တဲ့ အတွက် ....
ကျွန်တော်ကတော့ အကို့ကို မမုန်းဘူး၊
အကိုက ကျွန်တော်ရဲ့ အကိုတစ်ယောက်လို့ပဲ
ကျွန်တော် အမြဲတမ်း သတ်မှတ်ထားတယ်။
လောကကြီးကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီး
တိုက်ခိုက်ပါ အကို..။
...............