Unicode ver
Gashina
Episode - 11
Jennie...ထူးဆန်းတဲ့ခံစားချက်တစ်ချို့ကြောင့်
အခုချိန်ထိ အိပ်လို့မပျော်နိုင်သေးပေ။
"Boyah...အခုခံစားချက်က...
ထူးဆန်းတယ်....
ဒါနဲ့ဆိုရင် နှစ်ခါတောင်ရှိသွားပြီ သူနဲ့နမ်းမိတာလေ...
တစ်ကယ်ဆိုရင် အဲ့လိုတွေ ခနခန လာလုပ်တတ်တဲ့သူ့ကို
အလုပ်ထုတ်လိုက်သင့်ပြီမဟုတ်လား
ဘာလို့ငါ့အနားမှာ သူ့ကိုဆက်ရှိနေစေချင်နေတာလဲ။
ငါကရော ငါ့မှာ Oppa တစ်ယောက်ရှိနေရက်သားနဲ့
ဘာလို့ kim jisoo ဆိုတဲ့ သူ့ဆီက ဂရုစိုက်တာတွေ
လိုချင်နေရတာလဲ....
သူကရော မလိုအပ်ပဲ ဘာလို့ငါ့ကို ခနခန လာဂရုစိုက်နေရတာလဲ
အထင်မှားစရာဖြစ်အောင်...
ရေသောက်တာကအစ သေးသေးမွှားမွှားလေးတွေအထိ...
အဆိုးဆုံးက သူ့အကြည့်တွေပဲ....
သူ့ရဲ့ရီဝေဝေမျက်လုံးတွေနဲ့လာကြည့်ရင်
နေစရာနေရာမရှိအောင်ကို အနေခက်ပြီး
ခနခနမျက်နှာတောင်လွှဲမိလိုက်သေးသည်။
Molla...ဒီလို ဝေခွဲရခက်တဲ့ခံစားချက်က
Oppa နဲ့ငါ အနေဝေးနေလို့ဖြစ်မှာပါ။
နောက်ရက် Oppaကို မိမိရှိရာ Thai နိုင်ငံကိုလာခဲ့ခိုင်းဖို့
ဆုံးဖြတ်လိုက်သည်။
Next day...
Jennie...မနေ့ညက ဝေဝါးတဲ့ခံစားချက်တွေကြောင့်
နောက်ကျမှအိပ်ဖြစ်ခဲ့သည်။
အိပ်ရေးမဝတာကြောင့် မနက်စောစောကို
လူက နုံးချည့်နေလေသည်။
ဒီအချိန် နို့ Coffee လေးတစ်ခွက်သာ သောက်လိုက်ရရင်
လန်းဆန်းသွားမှာပဲ....
.
.
.
JiSoo Coffee တစ်ခွက်ကို ကောင်းကောင်းလေးဖျော်ပြီး
သူမရဲ့ ရုံးခန်းထဲဝင်သွားလိုက်သည်။
"Boyah...သူ ငါ့ရုံးခန်းထဲဘာလာလုပ်တာလဲ"
Jennie...သူ့ကိုရင်မဆိုင်ချင်သေးပေ။
နစ်နာသူက မိမိဆိုပေမဲ့လဲ...အမှန်အတိုင်းပြောရလျှင်
လူမှားသွားလို့ဆိုတဲ့ သူ့စကားသံကိုမကြားချင်သေးပေ။
တစ်ကယ်ပဲလူမှားသွားတာလား...ဘာကြောင့်လဲ...??
တစ်ကယ်လူမှားသွားတာဆိုရင် Chaeng နဲ့ သူနဲ့
ဆက်ဆံရေးက ဘယလိုမျိုးလဲ...??
Ahh ...မွန်းကျပ်လိုက်တာဟာ....
ထိုအ ေတွးေတွကြောင့်
မျက်နှာကိုအနည်းငယ်တည်ထားလိုက်ပြီး
သူကိုယ်တိုင်ဖျော်ပြီး လာချပေးတဲ့ Coffeeခွက်ကို
ခပ်တည်တည်ပဲယူသောက်လိုက်သည်။
Jennie ကိုစွဲလမ်းစေတဲ့ သူ့အပြုအမူတွေထဲမှာ
သူ့ဖျော်ပေးတဲ့ Coffee ကလဲ တစ်ခု အပါအဝင်ဖြစ်လေသည်။
ဘာစကားမှ ဆိုးသည်ကောင်းသည်မပြောပဲ
မျက်နှာအနေအထားက အနည်းငယ်တည်ပြီး
တိတ်ဆိတ်အေးစက်နေတာကြောင့်
သူ မနေ့က ကိစ္စကို စိတ်ဆိုးနေတာနေမှာ....
JiSoo တုံ့ဆိုင်းချင်းမရှိပဲ ချက်ချင်း ပြန်တောင်းပန်လိုက်သည်။
"ဟို.... Sajannim....မနေ့က ကိစ္စလေ....
တစ်ကယ်တောင်းပန်ပါတယ် တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်ပါဘူး....
နှုတ်ခမ်းချင်းထိသွားတာကလဲ...
နှစ်ယောက်လုံးပြိုင်တူလှည့်လိုက်တာဆိုတော့လေ...
မရည်ရွယ်ပဲ...."
"အင်း...လူမှားတာမလား အဲ့ဒါကလဲ Chaengနဲ့လေ
သိပြီမို့လို့...ထွက်သွားလို့ရပြီ...
နောက်ဆို ဆင်ခြင်ပါ"
"Nae..."
Jennie...လေသံနည်းနည်းမာကာ
Chaeng နဲ့လူမှားတာမလားဆိုပြီး
မိမိဘက်က ဉီးအောင်ပဲပြောလိုက်သည်။
သူ့ဘက်က စပြီး လူမှားပြီး ဒီလိုလာလုပ်မိပါတယ်ဆိုတဲ့စကားကို
ဘာကြောင့်မှန်းမသိ မကြားချင်နေပေ။
JiSoo တစ်ယောက် သူ့ဘက်က မိမိကိုဒီလိုခပ်မာမာ
ဆက်ဆံတာမျိုးနည်းနည်းလေးမှမလိုချင်ပေ။
အလုပ်ထုတ်ခံရရင်လဲ ထုတ်ခံရပါစေ
မိမိရဲ့ ခံစားချက် အစစ်အမှန်ကို ထုတ်ပြောဖို့ဆုံးဖြတ်လိုက်ပြီး
သူမရဲ့ ရုံးခန်းအပြင်ရောက်ကာနီး ေြခလှမ်းတွေကို
ပြန်လှည့်လာလိုက်ပြီး...
"Jennie....ya....မနေ့က Chaengနဲ့
လူမှားတာ မဟုတ်...ငါ...."
JiSoo ရဲ့စကားသံတို့ကမိမိတစ်ကိုယ်တည်းကြားလောက်ရုံသာ
အသံထွက်လာပြီး ထိုအသံတို့ကတိမ်ဝင်သွားခဲ့လေသည်။
အဘယ့်ကြောင့်ဆိုသော်....
Jennieရဲ့ ph ပြောသံတွေကြောင့်ပေါ့....
"Oppa....တစ်ကယ်လား...တစ်ကယ်လာမှာလား
တစ်ကယ်နော်....အရမ်းလွမ်းနေခဲ့တာ..."
Jennie မျက်ဝန်းထောင့်ကနေ သူပြန်ဝင်လာတာကိုတွေ့လိုက်သည်။
ph ပြောနေရင်းနဲ့မို့လို့ ဘာလဲဆိုတဲသဘောနဲ့
မျက်ခုံးပင့်ပြပြီး မေးလိုက်ပေမဲ့
အရင်နေ့ကထက်သိသိသာသာပျက်ယွင်းသွားတဲ့
မျက်နှာအနေအထားမျိုးနဲ့ သူမက ဘာမှမပြောပဲ
မိမိရဲ့ရုံးခန်းထဲကနေ ချာကနဲ လှည့်ထွက်သွားခဲ့လေသည်။
"Boyah....သူ့ရုပ်က ဘာဖြစ်နေတာလဲ
ဘာဖြစ်သွားတာလဲ..."
ဒီနေ့ ဝန်ထမ်းအားလုံးနဲ့ meetingရှိသည်။
Jennie...သိသိသာသာ သတိထားမိလိုက်တာက
Kim JiSoo ဆိုတဲ့သူမက အရင်ကဆိုရင်
Englishစကားရော Thai စကားရော နားမလည်တာကြောင့်
အမြဲတမ်းမိမိဘေးနားမှာလာနေပြ္း သူမသိတာတွေကို
လာမေးတတ်သည်။
ဒီနေ့မှာတော့ဖြင့် မိမိနှင့်တော်တော်ဝေးသည့်နေရာတွင်ထိုင်နေပြီး
မိမိကိုတစ်ချက်ကလေးမှ လှမ်းမကြည့်ပဲ Chaeng နဲ့သာ
တီးတိုးပြောရင်း နေနေလေသည်။
+ကောင်းတာပေါ့ ငါထပ်ရှင်းပြရတာ သက်သာသွားတာပေါ့+....
ထိုကဲ့သို့ စိတ်ထဲမှာတွေးလိုက်ပေမဲ့
တစ်ခုခုကိုအလိုမကျနေသလိုလို...ခိုးလို့ခုလုဖြစ်လို့နေလေ၏။
အဲ့ဒီနေ့တစ်နေ့တည်းမှာပဲ နောက်ထပ်စိတ်အနှောင့်အယှက်ဖြစ်စရာတွေက ထပ်ပြီးဖြစ်လို့လာသည်။
CCTV ထဲမှာ Kim JiSoo ဆိုတဲ့ သူ့ကို မျက်စိနောက်စွာ
တွေ့နေရခြင်းပင်။
ဘာလို့မျက်စိနောက်တာလဲဆိုတော့....
သူတာဝန်ကျရာ သူ့ကောင်တာမှာ မရှိပဲ
Chaengနားခနခန ရောက်လာပြီး တစ်ပူးတွဲတွဲလုပ်နေသည့်အပြင်
တစ်ခြားဝန်ထမ်းကောင်မလေးတွေနဲ့ စလိုက်နောက်လိုက်နဲ့
ဖက်လဲတကင်း လုပ်နေတာကြောင့်
တော်တော်လေးကိုမျက်စိနောက်လာနေသည်။
"Boyah....နင်က ဘာမို့လို့ ငါ့အတွေးထဲ
ခနခနရောက်လာနေရတာလဲ...
ငါက ဒီလိုကိစ္စတွေကို ဂရုစိုက်တဲ့လူမှမဟုတ်တာ"
နေ့လည်စာ ထမင်းစားချိန်ရော ရုံးဆင်းချိန်တွေမှာပါ
သူက ဝတ်ကျေတန်းကျေလောက်ပဲနုတ်ဆက်ကာ
ပြန်သွား၏။
အရင်က သူမဟုတ်တဲ့အတိုင်း တစ်ရက်တည်းမှာပဲ
ပြောင်းလဲသွား၏။
.
.
.
.
ပြီးတော့ နောက်ရက်တွေလဲထိုနည်းတူစွာ...
သိသိသာသာပြောင်းလဲသွားသည့် သူ့ပုံစံကြောင့်
တစ်ကယ်ဆိုရင် Jennieဘက်က
သက်တောင့်သက်သာဖြစ်နေရမှာဆိုပေမဲ့
အဲ့လိုလုံးဝမဖြစ်ပဲ ခံရခက်နေတာလိုလို....
စိတ်ထဲမကြည်တာလိုလို....
ခံစားချက်တေွသာ ရောပြွန်းနေလေသည်။
ညနေဘက် Lisa ဆီက ph ဆက်လာသည်။
"Jennie ya...ငါတို့ ချဝမ်ညဈေးသွားရအောင်လေ"
"ဘယ်သူတွေပါအုံးမှာလဲ..ဟိုနှစ်ယောက်ရောလား"
Jennie ထိုကဲ့သို့ သေချာမေးလိုက်သည်။
ဟိုနှစ်ယောက်ဆိုတာထက်....Jisoo ဆိုတဲ့သူပါမလားဆိုတာကို
အတည်ပြုချင်လို့ဖြစ်သည်။
"ဟိုနှစ်ယောက်က မလိုက်ဘူးတဲ့....
တလေသံတည္းငြင်းကြတာ မလိုက်တော့ဘူးတဲ့
သူတို့နှစ်ယောက် သွားစရာရှိလို့တဲ့..."
"ဟုတ်လား...ငါလဲအားနာပါတယ်
ဒီနေ့တော့မလိုက်တော့ဘူးလေ...
နောက်ရက္မှ အတူတူ သွားကြတာပေါ့
ငါ စာရင်းလုပ်စရာတွေရှိသေးလို့ ဒီနေ့ပြီးအောင်လုပ်မလို့
အဲ့နေ့ကျရင် ငါကျွေးပါ့မယ်"
"အင်းပါ ပြီးတာပါပဲ...နောက်ရက်တော့
သေချာပေါက်နော်...."
"အင်း..."
Jennie...ph ချလိုက်ပြီးနောက်....
စာရင်းတွေထဲကိုသာ အာရုံစိုက်ထားလိုက်သည်။
နေ့လည်ကတည်းက အဲ့နှစ်ယောက် တိုးတိုးနဲ့
ဘာတွေပြောပြီးရယ်နေကြသည်မသိပေ။
သူတို့နှစ်ယောက်ဆက်ဆံရေးက ဘယ်လိုမျိုးလဲ
အရင်ကနှစ်ခါတောင် နမ်းမိခဲ့တဲ့
ငါတို့ရဲ့ဆက်ဆံရေးတွေကရော....
Ahh...ဘာလို့အဲ့အကြောင်းတွေက
ခေါင်းထဲခနခန ရောက်လာတာလဲ...wae ..wae..??
Jennie...အလုပ်ထဲမှာပဲစိတ်နှစ်လိုက်သည်။
ဆောင်းတွင်းဘက်ရောက်လာတာကြောင့်
နေရဲ့အလင်းရောင်က ခပ်စောစောပဲ
ဝင်သွား၏။
စာရင်းတွေလုပ်လို့ပြီးတော့ အချိန်က
7 :00 pm....
စာရင်း တွေသိမ်းပြီး အကြောဆန့်ကာ
အနွေးထည် ခပ်ပါးပါးလေးကိုကောက်ဝတ်ရင်း
အလုပ်စားပွဲပေါ်မှာ တင်ထားတဲ့
ချိုချဉ်လေးကို ယူစားလိုက်သည်။
ပြီးတော့ မိမိ ရုံးခန်းထဲကနေထွက်လာလိုက်သည်။
ညစောင့်ဉီးလေးကြီး ညစာစားချိန်မို့လို့လားမသိ
အပြင်မှာရှိမနေတာကြောင့်
မိမိရဲ့ ဆိုင်ခန်းလေးထဲ လှည့်ပတ်ကြည့်ရှုနေစဉ်....
Hand made Room ထဲက တတောက်တောက်နဲ့
တူထုသံကြောင့်...
Jennie...နီးသထက်နီးအောင်သွားလိုက်ပြီး
ချောင်းကြည့်လိုက်သည်။
လိုအပ်ပါက ရဲစခန်းကို ph ဆက်ခေါ်လိုက်ဖို့
အသင့်အနေအထားမှာ....
"ဒီအချိန်ကြီးမှ....ဘယ်သူလဲ....
မဟုတ်မှ??...."
.
.
.
.
.
.
.
.
.
ဆက်ရန်
Zawgyi ver
Gashina
Episode - 11
"Boyah...အခုခံစားချက်က...
ထူးဆန်းတယ်....
လိုချင်နေရတာလဲ....
ဆုံးဖြတ်လိုက်သည်။
Next day...
လူက နုံးချည့်နေလေသည်။
လန်းဆန်းသွားမှာပဲ....
.
.
.
ထိုအ တွေးတွေကြောင့်
မရည်ရွယ်ပဲ...."
နောက်ဆို ဆင်ခြင်ပါ"
"Nae..."
သူမရဲ့ ရုံးခန်းအပြင်ရောက်ကာနီး ခြေလှမ်းတွေကို
လူမှားတာ မဟုတ်...ငါ...."
JiSoo ရဲ့စကားသံတို့ကမိမိတစ်ကိုယ်နည်းကြားလောက်ရုံသာ
အဘယ့်ကြောင့်ဆိုသော်....
ဘာဖြစ်သွားတာလဲ..."
အမြဲတမ်းမိမိဘေးနားမှာလာနေပြ်း သူမသိတာတွေကို
လာမေးတတ်သည်။
တွေ့နေရခြင်းပင်။
ခနခနရောက်လာနေရတာလဲ...
ပြန်သွား၏။
ပြောင်းလဲသွား၏။
.
.
.
.
စိတ်ထဲမကြည်တာလိုလို....
ခံစားချက်တွေသာ ရောပြွန်းနေလေသည်။
တလေသံတည်းငြင်းကြတာ မလိုက်တော့ဘူးတဲ့
သေချာပေါက်နော်...."
"အင်း..."
ဝင်သွား၏။
7 :00 pm....
တူထုသံကြောင့်...
အသင့်အနေအထားမှာ....
မဟုတ်မှ??...."
.
.
.
.
.
.
.
.
.
ဆက်ရန်