အိမ်ပြန်လာတဲ့ လမ်းတစ်လျှောက်
စိတ်ကမကြည်။ ကားပေါ်မှာ တစ်ခုခုအလိုမကျသလို ဖြစ်နေတဲ့သူ့ပုံစံကို အတွင်းရေးမှူး က
" အကိုလေး ဒဏ်ရာ က သက်သာရဲ့လား
မျက်နှာလည်းမကောင်းပါလား "
ဘာမှပြန် ပြောချင်စိတ်မရှိလို့ ကားပြင်ဘက်ကိုသာ ကြည့်၍ နူတ်ဆိတ်ကာ နေလိုက်သည်။
အိမ်ပြန်ရောက်တော့ မေမေ က အလန့်တကြား
နဲ့။
စိုးရိမ်စိတ်များ ပြင်းထန်နေပုံက မေမေ့မျက်နှာမှာ အထင်းသား။
" အတွင်းရေးမှူး လီ ဒါဘယ်လို ဖြစ်တာလဲ
ငါ့သားကို ဘယ်သူလုပ်တာလဲ
ကလေး မျက်နှာကို ''
မေမေ့အသံမှာ စိုးရိမ်မှုကြောင့် တုန်ခါနေသလို
လက်များကလည်း ဆိုဖာပေါ်ထိုင်နေတဲ့ သူ့မျက်နှာကို တယုတယ ကိုင်ကာ မေးနေသည်။
" ကလေး ဒီလောက်ဖြစ်နေတာ ငါ့ဆီ ဘာလို့ဖုန်းမဆက်တာလဲ ''
အတွင်းရေးမှူး လီ မှာ တော့ တိတ်ဆိတ်လျက်။
ခေါင်းငုံကာသာ မေမေ ပြောသမျှကို နာခံနေသည်။
" သား မဆက်ခိုင်းတာ မေမေ
ဘာမှအဲ့လောက် ထွေထွေထူးထူးလည်း မဟုတ်တော့ သက်သက်အလုပ်ရှုပ်နေမှာဆိုးလို့ ''
" သားရယ် မေမေ့အလုပ်က သားကို ဂရုစိုက်ဖို့ပဲရှိတာလေ ကြည့်ပါဦး ငါ့သားမျက်နှာလေး ကို ''
" အတွင်းရေးမှူး လီ ကျောင်းမှာဖြစ်တဲ့ ကိစ္စအကုန် သိချင်တယ် ပြီးတော့ သားကို လုပ်တဲ့
သူကို ကျောင်းထုတ်ဖို့ပါတစ်ခါတည်းပြင်ထား ''
" အာ.....မေမေရာ ကလေးကလားနဲ့
ကျောင်းထုတ်လို့လည်း မရဘူး
သူက ရှင်းဟွာက မဟုတ်ဘူး တခြားကျောင်းက ''
" ဒါပေမယ့်... ''
" တော်ပြီ မေမေရာ ဘာမှဟုတ်တာလည်းမဟုတ်ဘူး ပြီးတော့ သားဒီလိုဖြစ်တာ ထုံးစံပဲ ဟာကို
အပေါ်တတ်တော့မယ် ''
စိတ်ပေါက်ပေါက်နဲ့ ပြောပြီး ဆိုဖာပေါ်မှ ထကာ အပေါ်တတ်ရန်ပြင်လိုက်သည်။
လှေကားထိပ်နား ရောက်တဲ့အထိ
" သား ပြီးရင် ထမင်းလာဆင်းစား ''
လှေကားတတ်နေရင်း နောက်လည့်မကြည့်ဘဲ ပြန်ပြောလိုက်သည်။
" မစားသေးဘူး မေမေ နောက်မှ ''
" အဒေါ်ကြီး ကို လာပို့ခိုင်းလိုက်မယ် အခန်းထဲကို ''
အိုကေ ပြီးရော ဆိုသည့်သဘောနဲ့ လက်မနဲ့ လက်ညိုးကို ဝိုင်းလျက်ပုံစံသာ လုပ်ပြလိုက်ပြီး အပေါ်သို့တတ်လာခဲ့လိုက်သည်။
အခန်းထဲ ရောက်တော့ ရေချိုး ရန် ကျောင်းအကျီ ချွတ်ကာ bathrobe ဝတ်ပြီး ရေချိုးခန်းထဲ ဝင်ခဲ့လိုက်သည်။
ရေချိုးမလို့လုပ်တုန်း ရန်ဖြစ်တုန်းက နည်းနည်းပါးပါး အထိုးခံထားရတော့ ပါးစောင်က ပေါက်ပြီး အနည်းငယ်ထွက်နေသောသွေးများကြောင့် ပါးစပ်ထဲ ငံကျိကျိနဲ့နေလို့ မကောင်းတော့ ဘေစင်ရှေ့မှာ အရင်
သွားတိုက်လိုက်သည်။
မှန်ရှေ့မှာ မြင်နေရတဲ့ မျက်နှာပေါ်ကပ်ထားတဲ့
ပလာဆတာလေးကို မြင်တော့ တဆက်တည်း
ကော်ပတ်ရုပ်ဒေါက်တာလေး ကို သွားမြင်ယောင်သည်။
အနေအေးတာပဲလား။ တမင်ကို ခပ်ချေချေ နေတတ်တာပဲလား။ ချေလှပါချည်ဆိုတဲ့ ဂျွန်ဂျောင်ဂု ကိုတောင် သူက ပြန်ချေမိုးနေတာ။
ဖြစ်နိုင်ရင်ပြန်တွေ့ချင်သေးသည်။ ခဏလေးသာမြင်လိုက်ရတဲ့ မျက်နှာလေးကိုကြည့်မဝလိုက်တာ။ ကြံဖန်ဉာဏ်ဆင်ပြီး သွားချင်ပေမယ့်
သားဖွားမီးယပ် ဌာန က ဆိုတာကြီးက သူ့ကိုလှောင်ရီနေသလို။ ' ဟာ တကယ် ဂွကျ တာပဲ'
' မေမေ့ကိုနောက်တစ်ယောက် ထပ်မွေးခိုင်းလိုက်ရမလား '
နံရိုးနားက ဒဏ်ရာ ဘယ်လိုသိတာလဲ လို့မေးတာကိုလည်း ပါးစပ်က ပြန်မဖြေပဲ အမူအရာနဲ့သာ ပြောလိုက်တဲ့ ပုံစံ လေးကိုလည်း မျက်လုံးထဲက မထွက်။
တွေးရင်းနဲ့ ကိုယ့်ပုံကို မှန်ထဲပြန်ကြည့်မိတော့ အပြုံးတွေက အတောမသတ်နိုင်။
စိတ်ထဲ မှာ ပျော်ရွှင်မှုအပြည့်။
ရင်ထဲမှာလည်း ကြည်နူး မှုအပြည့်။
ဆေးရုံရောက်အောင် လုပ်ပေးတဲ့ လီမင်ဆိုး ကိုပဲ
ကျေးဇူးတင်ရမလိုလို။
// ဒီကောင်နဲ့ နောက်တစ်ပွဲ ထပ်နွဲလိုက်ရင် ကောင်းမလား //
ပေါက်ကရတွေ တွေးနိုင်လွန်းတဲ့
ကိုယ့်အတွေးကို သဘောကျစွာ ရေချိုးခန်းထဲ
တဟားဟား အော်ရယ်နေမိသည်။
............................
ရန်ဖြစ်ထားတဲ့ အရှိန်နဲ့ ပင်ပန်းပြီး ညကအစောကြီးအိပ်ပျော် သွားတာမို့ မိုးလင်းတော့
ဂျွန်ဂျောင်ဂု နဲ့မတူစွာ အစောကြီး နိုးနေသည်။
ဆက်အိပ်လို့လည်း မရတော့တာမို့ ကျောင်းစောစော သွားရန်သာ ပြင်လိုက်သည်။
အစောကြီး နိုးလာကာ ကျောင်းဝတ်စုံ သပ်သပ်ရပ်ရပ်နဲ့ဆင်းလာသော သူ့ကို အိမ်အကူတွေရော အတွင်းရေးမှူးလီ ရော မေမေ ကပါ မမြင်ဖူးသလိုကြည့်နေကြသည်။
လူကမလုံမလဲနဲ့ ထမင်းစား စားပွဲဆီကို
ခပ်တည်တည် သာ ဝင်ထိုင်လိုက်သည်။
" စောစောစီးစီ မင်းမဟုတ်တဲ့ အတိုင်း
ဘာလိုဖြစ်တာလဲ ဒါက ''
" အို! ဖေကြီး ကလည်း ကလေးကို...
မိသားစုနဲ့ မနက်စာ တူတူစားချင်လို့ပေါ့
နော် သား ''
တတ်ကြွနေတဲ့ မေမေ့ကို ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်သည်။
ဒယ်ဒီကတော့ ဖတ်လိုက်စ သတင်းစာကို ပိတ်လျက် ကော်ဖီခွက်ကို ယူသောက်သည်။
ကော်ဖီကို တကျိုက်တည်းမော့ပြီး
" သား စားလို့ဝပြီ
ကျောင်းသွားတော့မယ် ''
ပြောပြီးချင်းချင်း လွယ်အိတ်ကောက်ဆွဲကာ
အတွင်းရေးမှူး ကို မျက်စ ပစ်ပြပြီး သူ့နောက်လိုက်ခဲ့ရန် ခေါ်ခဲ့လိုက်သည်။
" ဒယ်ဒီ သား အတွင်းရေးမှူး လီကို ခေါ်သွားမယ်
ဒယ်ဒီ ဒီနေ့ Driver အာဂျီရှီး နဲ့ သွားလိုက်နော် ''
အတွင်းရေးမှူး ကလည်း နောက်ကနေ ကြောင်တောင်တောင် နဲ့ပါလာသည်။
ကားပေါ်ရောက်တော့
" အတွင်းရေးမှူး လီ
မနေ့က ကျွန်တော့ ကို ဆေးထည့်ပေးတဲ့ ဒေါက်တာကို မှတ်မိတယ်မလား ''
အတွင်းရေးမှူး က ရုတ်တရက် စဥ်းစား သလို လုပ်နေပြီးမှ
" ဟုတ်ကဲ့ မှတ်မိပါတယ် အကိုလေး ''
" ဟို....ဟိုလေ အဲ့ဒါ ''
ဂျောင်ဂု တစ်ယောက် ဘယ်လိုပြောရမှန်းမသိဖြစ်နေတုန်း.......
" သူ့အကြောင်းသိချင်လို့လား အကိုလေး
ကျွန်တော် စုံစမ်း ပေးရမလား ''
အတွင်းရေးမှူး က ရုတ်တရက် မေးလိုက်တာ ကြောင့် လန့်သွားပေမယ့် ကိုယ့်ခံစားချက်ကို မလိမ်ချင်တာကြောင့်၊ မဟုတ်လည်း ခုချိန် သူဒီအကြောင်းတွေကို တစ်ယောက်မဟုတ်တစ်ယောက်ကို ပြောပြချင်မိသောကြောင့် အမှန်တိုင်း သာဖြေလိုက်သည်။
" အင်း ဟုတ်တယ် ဒါမဲ့ ဘယ်သူ့ကိုမှ မပြောနဲ့ဦးနော် အထူးသဖြင့် မေမေ မသိစေနဲ့နော် ''
" ဟုတ်ကဲ့ပါ အကိုလေး
ကျွန်တော် သုံးရက်အတွင်းစုံစမ်းထားလိုက်ပါမယ် ''
................................
ကျောင်းထဲသို့ ရောက်သည်နှင့် ကားပေါ်က ဆင်းကာ အတန်းထဲသို့သာလျှောက်လာလိုက်သည်။
ကျောင်း တောင် မတတ်သေး အစောကြီး ရောက်နေသော သူ့ကို သန့်ရှင်းရေး လုပ်နေသော အတန်းခေါင်းဆောင်က မမြင်ဖူးသလိုကြည့်သည်။
" ဂျောင်...ဂျောင်ဂုလား "
ကြောင်တောင်တောင် နဲ့ မေးနေသော အတန်းခေါင်းဆောင်စာဂျပိုးကောင်ကို မသိချင်ယောင်ဆောင် ပြီး နောက်ဆုံးတန်းက သူ့မူပိုင်နေရာမှာ ထိုင်၍ သီချင်းနားထောင်ရန် နားကြပ်တတ်လိုက်သည်။
ခဏနေတော့ bell တီးသံကြားရပြီးနောက် တစ်ချိန်ပြီး တစ်ချိန် ဆရာ / ဆရာမ များ လာသင်သွားသည်ကို ခေါင်းမှောက်အိပ်ရင်းသာ ကုန်ဆုံးလိုက်သည်။
Roll.Call ရရင်တော်ပြီပေါ့ ကျန်တာ ပကာသန။
မှောက်အိပ်နေတာ သူမို့ပေါ့။ အဲ့နေရာ တခြားကျောင်းသားဆို ဒီလိုလုပ်လို့မရ။ ရှင်းဟွာအထက်တန်းကျောင်း ဥက္ကဋ္ဌ ကြီးရဲ့ နှစ်ယောက်မရှိတဲ့ သားလေး ဆိုတော့လည်း ဘယ်ဆရာ ဆရာမ မှ အထွန့်မတတ်ရဲ။ မဆိုင်သလိုသာ
သင်စရာရှိ သင်ပြီး အချိန်ကုန်လျှင် ထွက်သွားကြသည်သာများသည်။
ကျောင်းဆင်းချိန်ကို ရောက်မှန်းမသိရောက်လာခဲ့သည်။ ဒီလိုနဲ့ တစ်နေ့တာက ကုန်ဆုံးသွားပြန်ပြီ။
ဘဝကြီးက တောင်းတသမျှအကုန်ရနေတော့လည်း ပျင်းစရာကောင်းလှသည်။ တစ်စုံတစ်ခုအပေါ်မှာ အာရုံစိုက်ပြီး မရရအောင် ကြိုးစားချင်သေးသည်။
ထိုသို့စဥ်းစားရင်း စိတ်ထဲပေါ်လာသည့်က
'အချေဒေါက်တာလေး'
သူ့အကြောင်းခေါင်းထဲရောက်လာတိုင်း
ရင်ထဲမှာ အလိုလို ကြည်နူးနေမိသည်။
/ငါ တကယ်ပဲ ဒေါက်တာ့ကို သဘောကျနေမိပြီလား /
ကိုယ့်အတွေးနဲ့ ကို ရင်ခုန်လာရင်း မျက်နှာ လေးကိုပါလွမ်းလာသည်။
" ထပ်တွေ့ချင်လိုက်တာ "
စိတ်ထဲကသာ ရည်ရွတ်မိရင်း ကျောင်းကော်ရစ်တာ အပေါ်က ကြည့်လိုက်တော့ လှေကားအောက်တည့်တည့်မှ ရပ်ထားသည့် အိမ်က ကား။
မနက်တည်းက အတွင်းရေးမှူး လီ ကို လာကြိုရန်ပြောထားသဖြင့် တဆက်တည်း မှာပဲ စုံစမ်း ရန် ကိစ္စကို သုံးရက်မစောင့်နိုင်ကြောင်း ပြောမယ်ဆိုပြီး လှေကားပေါ်က အမြန်ပြေးဆင်းလာမိသည်။
ကိုယ့်ဇောနဲ့ကိုယ်မို့ လှေကားအောက်ရောက်ရောက်ခြင်း အကွေ့တစ်ခုမှာ....
" အင့် ''
" ဘုန်း ''
ကားပေါ်အမြန်ရောက်ချင်ပါတယ်ဆို လူတစ်ယောက် နဲ့ တိုက်မိတာကြောင့် ရုတ်တရက် ဒေါသကအရင်။ နောက်မှ တွေ့လိုက်ရတာက ဟိုနေ့က
ကျောင်းမှာ အနုပညာအချိန်အစားထိုးဝင်သော ဆရာမ ဖြစ်နေသည်။
တိုက်မိတာမှန်သော်လည်း လူက ဘာမှမဖြစ်။
လက်ထဲက ပိုက်ဆံအိတ်နဲ့ စာအုပ်အချို့ ပြုတ်ကျသွားခြင်း။ ဆရာမ ကို ကြည့်လိုက်တော့ မပေါ့မပါးကြီးနဲ့မို့ စာအုပ်တွေ ဝိုင်းကောက်ပေးလိုက်ပြီး တောင်းပန်စကားပါဆိုလိုက်သည်။
ဆရာမကလည်း 'ရပါတယ် ဘာမှမဖြစ်ပါဘူး ' ဆိုပြီး ထွက်သွားရန်အလုပ်........ ခပ်လှမ်းလှမ်းနေရာမှာ ကျန်နေခဲ့တဲ့ စာအုပ်အဖြူသေးသေးလေး။ သူလည်း လှမ်းယူလိုက်ပြီးတစ်ခါတည်း
ဆရာမ ကို ခေါ်လိုက်သည်။
" တီချယ် ''
ခေါ်သံကြောင့် ဆရာမက ထွက်သွားရာနေရာမှ ပြန်လှည့်ကြည့်သည်။
" ဒါ တီချယ့် စာအုပ်လား ''
သူလည်း ဘာရယ်မဟုတ် စာအုပ်ကိုကြည့်လိုက်တော့ အဖုံးမှာရေးထားတာက
[ ဟန်ဆောင်း အထွေထွေရောဂါကု ဆေးရုံကြီး ]
{ Dr. Kim Tae Hyung }
( OG (Surgeon) )
စာအုပ်အဖုံးတည့်တည့်မှာ မြင်လိုက်ရတဲ့ နာမည်ကြောင့် လူက ရင်ထဲ ဒုတ်ခနဲ။
တစ်ပြိုင်နက် တည်း ဆရာမက ကိုယ်ဝန်ကြီးနဲ့ ဆိုတာ သတိရသွားသည်။
" အေး ဟုတ်ပါ့
ဆေးစာအုပ် ပျောက်တော့မလို့ အမယ်လေး တော်သေးတာပေါ့ သားရေ ကျေးဇူးပါကွယ်
ဒီနေ့ ရက်ချိန်းပြည့်လို့ ဒေါက်တာ့ ဆီ
ဆေးစစ်ဖို့ သွားရမှာကို ကွယ် ''
ဆရာမက ပြောရင်းဆိုရင်း ထွက်သွားရန် ပြင်နေတုန်း
" တီချယ် ''
တီချယ်က ပြန်လှည့်ကြည့်ပြီး ဘာပြောမလို့လဲ ဆိုတဲ့ ပုံစံ နဲ့ နားထောင်နေသည်။
" တီချယ် တစ်ယောက်တည်း သွားမလို့လား ''
" အေး ဟုတ်တယ် သား
တီချယ့် အမျိုးသားက အလုပ်ကိစ္စနဲ့ နယ်ရောက်နေလို့ သွားပြီနော် ''
သူ့ကို အကျိုးအကြောင်းပြောပြပြီး
အဆောင်ထဲက ထွက်သွားသော တီချယ်နောက်လိုက်ရင်း အကျယ်ကြီး လှမ်းအော်ပြောလိုက်သည်က......
" တီချယ်.......ခဏလေး ဆေးရုံကို
ကျွန်တော် လိုက်ပို့ပေးမယ် ''
TBC
ဖတ်ရှု့သူတစ်ယောက်ချင်းစီကို
လေးစားလျက်။
ZawGyi Ver
အိမ္ျပန္လာတဲ့ လမ္းတစ္ေလွ်ာက္
စိတ္ကမၾကည္။ ကားေပၚမွာ တစ္ခုခုအလိုမက်သလို ျဖစ္ေနတဲ့သူ႕ပုံစံကို အတြင္းေရးမႉး က
" အကိုေလး ဒဏ္ရာ က သက္သာရဲ႕လား
မ်က္ႏွာလည္းမေကာင္းပါလား "
ဘာမွျပန္ ေျပာခ်င္စိတ္မရွိလို႔ ကားျပင္ဘက္ကိုသာ ၾကည့္၍ ႏူတ္ဆိတ္ကာ ေနလိုက္သည္။
အိမ္ျပန္ေရာက္ေတာ့ ေမေမ က အလန့္တၾကား
နဲ႕။
စိုးရိမ္စိတ္မ်ား ျပင္းထန္ေနပုံက ေမေမ့မ်က္ႏွာမွာ အထင္းသား။
" အတြင္းေရးမႉး လီ ဒါဘယ္လို ျဖစ္တာလဲ
ငါ့သားကို ဘယ္သူလုပ္တာလဲ
ကေလး မ်က္ႏွာကို ''
ေမေမ့အသံမွာ စိုးရိမ္မႈေၾကာင့္ တုန္ခါေနသလို
လက္မ်ားကလည္း ဆိုဖာေပၚထိုင္ေနတဲ့ သူ႕မ်က္ႏွာကို တယုတယ ကိုင္ကာ ေမးေနသည္။
" ကေလး ဒီေလာက္ျဖစ္ေနတာ ငါ့ဆီ ဘာလို႔ဖုန္းမဆက္တာလဲ ''
အတြင္းေရးမႉး လီ မွာ ေတာ့ တိတ္ဆိတ္လ်က္။
ေခါင္းငုံကာသာ ေမေမ ေျပာသမွ်ကို နာခံေနသည္။
" သား မဆက္ခိုင္းတာ ေမေမ
ဘာမွအဲ့ေလာက္ ေထြေထြထူးထူးလည္း မဟုတ္ေတာ့ သက္သက္အလုပ္ရႈပ္ေနမွာဆိုးလို႔ ''
" သားရယ္ ေမေမ့အလုပ္က သားကို ဂ႐ုစိုက္ဖို႔ပဲရွိတာေလ ၾကည့္ပါဦး ငါ့သားမ်က္ႏွာေလး ကို ''
" အတြင္းေရးမႉး လီ ေက်ာင္းမွာျဖစ္တဲ့ ကိစၥအကုန္ သိခ်င္တယ္ ၿပီးေတာ့ သားကို လုပ္တဲ့
သူကို ေက်ာင္းထုတ္ဖို႔ပါတစ္ခါတည္းျပင္ထား ''
" အာ.....ေမေမရာ ကေလးကလားနဲ႕
ေက်ာင္းထုတ္လို႔လည္း မရဘူး
သူက ရွင္းဟြာက မဟုတ္ဘူး တျခားေက်ာင္းက ''
" ဒါေပမယ့္... ''
" ေတာ္ၿပီ ေမေမရာ ဘာမွဟုတ္တာလည္းမဟုတ္ဘူး ၿပီးေတာ့ သားဒီလိုျဖစ္တာ ထုံးစံပဲ ဟာကို
အေပၚတတ္ေတာ့မယ္ ''
စိတ္ေပါက္ေပါက္နဲ႕ ေျပာၿပီး ဆိုဖာေပၚမွ ထကာ အေပၚတတ္ရန္ျပင္လိုက္သည္။
ေလွကားထိပ္နား ေရာက္တဲ့အထိ
" သား ၿပီးရင္ ထမင္းလာဆင္းစား ''
ေလွကားတတ္ေနရင္း ေနာက္လည့္မၾကည့္ဘဲ ျပန္ေျပာလိုက္သည္။
" မစားေသးဘူး ေမေမ ေနာက္မွ ''
" အေဒၚႀကီး ကို လာပို႔ခိုင္းလိုက္မယ္ အခန္းထဲကို ''
အိုေက ၿပီးေရာ ဆိုသည့္သေဘာနဲ႕ လက္မနဲ႕ လက္ညိုးကို ဝိုင္းလ်က္ပုံစံသာ လုပ္ျပလိုက္ၿပီး အေပၚသို႔တတ္လာခဲ့လိုက္သည္။
အခန္းထဲ ေရာက္ေတာ့ ေရခ်ိဳး ရန္ ေက်ာင္းအက်ီ ခြၽတ္ကာ bathrobe ဝတ္ၿပီး ေရခ်ိဳးခန္းထဲ ဝင္ခဲ့လိုက္သည္။
ေရခ်ိဳးမလို႔လုပ္တုန္း ရန္ျဖစ္တုန္းက နည္းနည္းပါးပါး အထိုးခံထားရေတာ့ ပါးေစာင္က ေပါက္ၿပီး အနည္းငယ္ထြက္ေနေသာေသြးမ်ားေၾကာင့္ ပါးစပ္ထဲ ငံက်ိက်ိနဲ႕ေနလို႔ မေကာင္းေတာ့ ေဘစင္ေရွ႕မွာ အရင္
သြားတိုက္လိုက္သည္။
မွန္ေရွ႕မွာ ျမင္ေနရတဲ့ မ်က္ႏွာေပၚကပ္ထားတဲ့
ပလာဆတာေလးကို ျမင္ေတာ့ တဆက္တည္း
ေကာ္ပတ္႐ုပ္ေဒါက္တာေလး ကို သြားျမင္ေယာင္သည္။
အေနေအးတာပဲလား။ တမင္ကို ခပ္ေခ်ေခ် ေနတတ္တာပဲလား။ ေခ်လွပါခ်ည္ဆိုတဲ့ ဂြၽန္ေဂ်ာင္ဂု ကိုေတာင္ သူက ျပန္ေခ်မိဳးေနတာ။
ျဖစ္နိုင္ရင္ျပန္ေတြ႕ခ်င္ေသးသည္။ ခဏေလးသာျမင္လိုက္ရတဲ့ မ်က္ႏွာေလးကိုၾကည့္မဝလိုက္တာ။ ႀကံဖန္ဉာဏ္ဆင္ၿပီး သြားခ်င္ေပမယ့္
သားဖြားမီးယပ္ ဌာန က ဆိုတာႀကီးက သူ႕ကိုေလွာင္ရီေနသလို။ ' ဟာ တကယ္ ဂြက် တာပဲ'
' ေမေမ့ကိုေနာက္တစ္ေယာက္ ထပ္ေမြးခိုင္းလိုက္ရမလား '
နံရိုးနားက ဒဏ္ရာ ဘယ္လိုသိတာလဲ လို႔ေမးတာကိုလည္း ပါးစပ္က ျပန္မေျဖပဲ အမူအရာနဲ႕သာ ေျပာလိုက္တဲ့ ပုံစံ ေလးကိုလည္း မ်က္လုံးထဲက မထြက္။
ေတြးရင္းနဲ႕ ကိုယ့္ပုံကို မွန္ထဲျပန္ၾကည့္မိေတာ့ အၿပဳံးေတြက အေတာမသတ္နိုင္။
စိတ္ထဲ မွာ ေပ်ာ္႐ႊင္မႈအျပည့္။
ရင္ထဲမွာလည္း ၾကည္ႏူး မႈအျပည့္။
ေဆး႐ုံေရာက္ေအာင္ လုပ္ေပးတဲ့ လီမင္ဆိုး ကိုပဲ
ေက်းဇူးတင္ရမလိုလို။
// ဒီေကာင္နဲ႕ ေနာက္တစ္ပြဲ ထပ္ႏြဲလိုက္ရင္ ေကာင္းမလား //
ေပါက္ကရေတြ ေတြးနိုင္လြန္းတဲ့
ကိုယ့္အေတြးကို သေဘာက်စြာ ေရခ်ိဳးခန္းထဲ
တဟားဟား ေအာ္ရယ္ေနမိသည္။
............................
ရန္ျဖစ္ထားတဲ့ အရွိန္နဲ႕ ပင္ပန္းၿပီး ညကအေစာႀကီးအိပ္ေပ်ာ္ သြားတာမို႔ မိုးလင္းေတာ့
ဂြၽန္ေဂ်ာင္ဂု နဲ႕မတူစြာ အေစာႀကီး နိုးေနသည္။
ဆက္အိပ္လို႔လည္း မရေတာ့တာမို႔ ေက်ာင္းေစာေစာ သြားရန္သာ ျပင္လိုက္သည္။
အေစာႀကီး နိုးလာကာ ေက်ာင္းဝတ္စုံ သပ္သပ္ရပ္ရပ္နဲ႕ဆင္းလာေသာ သူ႕ကို အိမ္အကူေတြေရာ အတြင္းေရးမႉးလီ ေရာ ေမေမ ကပါ မျမင္ဖူးသလိုၾကည့္ေနၾကသည္။
လူကမလုံမလဲနဲ႕ ထမင္းစား စားပြဲဆီကို
ခပ္တည္တည္ သာ ဝင္ထိုင္လိုက္သည္။
" ေစာေစာစီးစီ မင္းမဟုတ္တဲ့ အတိုင္း
ဘာလိုျဖစ္တာလဲ ဒါက ''
" အို! ေဖႀကီး ကလည္း ကေလးကို...
မိသားစုနဲ႕ မနက္စာ တူတူစားခ်င္လို႔ေပါ့
ေနာ္ သား ''
တတ္ႂကြေနတဲ့ ေမေမ့ကို ေခါင္းတစ္ခ်က္သာ ညိတ္ျပလိုက္သည္။
ဒယ္ဒီကေတာ့ ဖတ္လိုက္စ သတင္းစာကို ပိတ္လ်က္ ေကာ္ဖီခြက္ကို ယူေသာက္သည္။
ေကာ္ဖီကို တက်ိဳက္တည္းေမာ့ၿပီး
" သား စားလို႔ဝၿပီ
ေက်ာင္းသြားေတာ့မယ္ ''
ေျပာၿပီးခ်င္းခ်င္း လြယ္အိတ္ေကာက္ဆြဲကာ
အတြင္းေရးမႉး ကို မ်က္စ ပစ္ျပၿပီး သူ႕ေနာက္လိုက္ခဲ့ရန္ ေခၚခဲ့လိုက္သည္။
" ဒယ္ဒီ သား အတြင္းေရးမႉး လီကို ေခၚသြားမယ္
ဒယ္ဒီ ဒီေန႕ Driver အာဂ်ီရွီး နဲ႕ သြားလိုက္ေနာ္ ''
အတြင္းေရးမႉး ကလည္း ေနာက္ကေန ေၾကာင္ေတာင္ေတာင္ နဲ႕ပါလာသည္။
ကားေပၚေရာက္ေတာ့
" အတြင္းေရးမႉး လီ
မေန႕က ကြၽန္ေတာ့ ကို ေဆးထည့္ေပးတဲ့ ေဒါက္တာကို မွတ္မိတယ္မလား ''
အတြင္းေရးမႉး က ႐ုတ္တရက္ စဥ္းစား သလို လုပ္ေနၿပီးမွ
" ဟုတ္ကဲ့ မွတ္မိပါတယ္ အကိုေလး ''
" ဟို....ဟိုေလ အဲ့ဒါ ''
ေဂ်ာင္ဂု တစ္ေယာက္ ဘယ္လိုေျပာရမွန္းမသိျဖစ္ေနတုန္း.......
" သူ႕အေၾကာင္းသိခ်င္လို႔လား အကိုေလး
ကြၽန္ေတာ္ စုံစမ္း ေပးရမလား ''
အတြင္းေရးမႉး က ႐ုတ္တရက္ ေမးလိုက္တာ ေၾကာင့္ လန့္သြားေပမယ့္ ကိုယ့္ခံစားခ်က္ကို မလိမ္ခ်င္တာေၾကာင့္၊ မဟုတ္လည္း ခုခ်ိန္ သူဒီအေၾကာင္းေတြကို တစ္ေယာက္မဟုတ္တစ္ေယာက္ကို ေျပာျပခ်င္မိေသာေၾကာင့္ အမွန္တိုင္း သာေျဖလိုက္သည္။
" အင္း ဟုတ္တယ္ ဒါမဲ့ ဘယ္သူ႕ကိုမွ မေျပာနဲ႕ဦးေနာ္ အထူးသျဖင့္ ေမေမ မသိေစနဲ႕ေနာ္ ''
" ဟုတ္ကဲ့ပါ အကိုေလး
ကြၽန္ေတာ္ သုံးရက္အတြင္းစုံစမ္းထားလိုက္ပါမယ္ ''
................................
ေက်ာင္းထဲသို႔ ေရာက္သည္ႏွင့္ ကားေပၚက ဆင္းကာ အတန္းထဲသို႔သာေလွ်ာက္လာလိုက္သည္။
ေက်ာင္း ေတာင္ မတတ္ေသး အေစာႀကီး ေရာက္ေနေသာ သူ႕ကို သန့္ရွင္းေရး လုပ္ေနေသာ အတန္းေခါင္းေဆာင္က မျမင္ဖူးသလိုၾကည့္သည္။
" ေဂ်ာင္...ေဂ်ာင္ဂုလား "
ေၾကာင္ေတာင္ေတာင္ နဲ႕ ေမးေနေသာ အတန္းေခါင္းေဆာင္စာဂ်ပိဳးေကာင္ကို မသိခ်င္ေယာင္ေဆာင္ ၿပီး ေနာက္ဆုံးတန္းက သူ႕မူပိုင္ေနရာမွာ ထိုင္၍ သီခ်င္းနားေထာင္ရန္ နားၾကပ္တတ္လိုက္သည္။
ခဏေနေတာ့ bell တီးသံၾကားရၿပီးေနာက္ တစ္ခ်ိန္ၿပီး တစ္ခ်ိန္ ဆရာ / ဆရာမ မ်ား လာသင္သြားသည္ကို ေခါင္းေမွာက္အိပ္ရင္းသာ ကုန္ဆုံးလိုက္သည္။
Roll.Call ရရင္ေတာ္ၿပီေပါ့ က်န္တာ ပကာသန။
ေမွာက္အိပ္ေနတာ သူမို႔ေပါ့။ အဲ့ေနရာ တျခားေက်ာင္းသားဆို ဒီလိုလုပ္လို႔မရ။ ရွင္းဟြာအထက္တန္းေက်ာင္း ဥကၠ႒ ႀကီးရဲ႕ ႏွစ္ေယာက္မရွိတဲ့ သားေလး ဆိုေတာ့လည္း ဘယ္ဆရာ ဆရာမ မွ အထြန့္မတတ္ရဲ။ မဆိုင္သလိုသာ
သင္စရာရွိ သင္ၿပီး အခ်ိန္ကုန္လွ်င္ ထြက္သြားၾကသည္သာမ်ားသည္။
ေက်ာင္းဆင္းခ်ိန္ကို ေရာက္မွန္းမသိေရာက္လာခဲ့သည္။ ဒီလိုနဲ႕ တစ္ေန႕တာက ကုန္ဆုံးသြားျပန္ၿပီ။
ဘဝႀကီးက ေတာင္းတသမွ်အကုန္ရေနေတာ့လည္း ပ်င္းစရာေကာင္းလွသည္။ တစ္စုံတစ္ခုအေပၚမွာ အာ႐ုံစိုက္ၿပီး မရရေအာင္ ႀကိဳးစားခ်င္ေသးသည္။
ထိုသို႔စဥ္းစားရင္း စိတ္ထဲေပၚလာသည့္က
'အေခ်ေဒါက္တာေလး'
သူ႕အေၾကာင္းေခါင္းထဲေရာက္လာတိုင္း
ရင္ထဲမွာ အလိုလို ၾကည္ႏူးေနမိသည္။
/ငါ တကယ္ပဲ ေဒါက္တာ့ကို သေဘာက်ေနမိၿပီလား /
ကိုယ့္အေတြးနဲ႕ ကို ရင္ခုန္လာရင္း မ်က္ႏွာ ေလးကိုပါလြမ္းလာသည္။
" ထပ္ေတြ႕ခ်င္လိုက္တာ "
စိတ္ထဲကသာ ရည္႐ြတ္မိရင္း ေက်ာင္းေကာ္ရစ္တာ အေပၚက ၾကည့္လိုက္ေတာ့ ေလွကားေအာက္တည့္တည့္မွ ရပ္ထားသည့္ အိမ္က ကား။
မနက္တည္းက အတြင္းေရးမႉး လီ ကို လာႀကိဳရန္ေျပာထားသျဖင့္ တဆက္တည္း မွာပဲ စုံစမ္း ရန္ ကိစၥကို သုံးရက္မေစာင့္နိုင္ေၾကာင္း ေျပာမယ္ဆိုၿပီး ေလွကားေပၚက အျမန္ေျပးဆင္းလာမိသည္။
ကိုယ့္ေဇာနဲ႕ကိုယ္မို႔ ေလွကားေအာက္ေရာက္ေရာက္ျခင္း အေကြ႕တစ္ခုမွာ....
" အင့္ ''
" ဘုန္း ''
ကားေပၚအျမန္ေရာက္ခ်င္ပါတယ္ဆို လူတစ္ေယာက္ နဲ႕ တိုက္မိတာေၾကာင့္ ႐ုတ္တရက္ ေဒါသကအရင္။ ေနာက္မွ ေတြ႕လိုက္ရတာက ဟိုေန႕က
ေက်ာင္းမွာ အႏုပညာအခ်ိန္အစားထိုးဝင္ေသာ ဆရာမ ျဖစ္ေနသည္။
တိုက္မိတာမွန္ေသာ္လည္း လူက ဘာမွမျဖစ္။
လက္ထဲက ပိုက္ဆံအိတ္နဲ႕ စာအုပ္အခ်ိဳ႕ ျပဳတ္က်သြားျခင္း။ ဆရာမ ကို ၾကည့္လိုက္ေတာ့ မေပါ့မပါးႀကီးနဲ႕မို႔ စာအုပ္ေတြ ဝိုင္းေကာက္ေပးလိုက္ၿပီး ေတာင္းပန္စကားပါဆိုလိုက္သည္။
ဆရာမကလည္း 'ရပါတယ္ ဘာမွမျဖစ္ပါဘူး ' ဆိုၿပီး ထြက္သြားရန္အလုပ္........ ခပ္လွမ္းလွမ္းေနရာမွာ က်န္ေနခဲ့တဲ့ စာအုပ္အျဖဴေသးေသးေလး။ သူလည္း လွမ္းယူလိုက္ၿပီးတစ္ခါတည္း
ဆရာမ ကို ေခၚလိုက္သည္။
" တီခ်ယ္ ''
ေခၚသံေၾကာင့္ ဆရာမက ထြက္သြားရာေနရာမွ ျပန္လွည့္ၾကည့္သည္။
" ဒါ တီခ်ယ့္ စာအုပ္လား ''
သူလည္း ဘာရယ္မဟုတ္ စာအုပ္ကိုၾကည့္လိုက္ေတာ့ အဖုံးမွာေရးထားတာက
[ ဟန္ေဆာင္း အေထြေထြေရာဂါကု ေဆး႐ုံႀကီး ]
{ Dr. Kim Tae Hyung }
( OG (Surgeon) )
စာအုပ္အဖုံးတည့္တည့္မွာ ျမင္လိုက္ရတဲ့ နာမည္ေၾကာင့္ လူက ရင္ထဲ ဒုတ္ခနဲ။
တစ္ၿပိဳင္နက္ တည္း ဆရာမက ကိုယ္ဝန္ႀကီးနဲ႕ ဆိုတာ သတိရသြားသည္။
" ေအး ဟုတ္ပါ့
ေဆးစာအုပ္ ေပ်ာက္ေတာ့မလို႔ အမယ္ေလး ေတာ္ေသးတာေပါ့ သားေရ ေက်းဇူးပါကြယ္
ဒီေန႕ ရက္ခ်ိန္းျပည့္လို႔ ေဒါက္တာ ဆီ
ေဆးစစ္ဖို႔ သြားရမွာကို ကြယ္ ''
ဆရာမက ေျပာရင္းဆိုရင္း ထြက္သြားရန္ ျပင္ေနတုန္း
" တီခ်ယ္ ''
တီခ်ယ္က ျပန္လွည့္ၾကည့္ၿပီး ဘာေျပာမလို႔လဲ ဆိုတဲ့ ပုံစံ နဲ႕ နားေထာင္ေနသည္။
" တီခ်ယ္ တစ္ေယာက္တည္း သြားမလို႔လား ''
" ေအး ဟုတ္တယ္ သား
တီခ်ယ့္ အမ်ိဳးသားက အလုပ္ကိစၥနဲ႕ နယ္ေရာက္ေနလို႔ သြားၿပီေနာ္ ''
သူ႕ကို အက်ိဳးအေၾကာင္းေျပာျပၿပီး
အေဆာင္ထဲက ထြက္သြားေသာ တီခ်ယ္ေနာက္လိုက္ရင္း အက်ယ္ႀကီး လွမ္းေအာ္ေျပာလိုက္သည္က......
" တီခ်ယ္.......ခဏေလး ေဆး႐ုံကို
ကြၽန္ေတာ္ လိုက္ပို႔ေပးမယ္ ''
TBC
ဖတ္ရႈ႕သူတစ္ေယာက္ခ်င္းစီကို
ေလးစားလ်က္။