ဒဏ္ရာ
Od noe-wai-lava
655K 43.3K 623
ဒဏ်ရာတွေပေးလည်း ပေးသူ အပြစ်လို့ ကျွန်တော် မမြင်သလို ကျေနပ်စွာ ခံယူသူရဲ့ အပြစ်ဟုသာ ကျွန်တော်ယူဆသည် ဒဏ်ရာတွေပ... Více
Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Part-9
Part-10
Part-11
Part-12
Part-13
Part-14
Part-15
Part-16
Part-17
Part-18
Part-19
Part-20
Part-21
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Part-29
Part-30
Part-31
Part-32
Part-33
Part-34
Part-35
Part-36
Part-37
Part-38
Part-39
Part-40
Part-41
Part-42
Part-43
Part-44
Part-45(The end)
noe wai to ❤️❤️❤️
Part-1 ( Unicode)
Part-2 (Unicode)
Part-3 ( Unicode)
Part-4 ( Unicode)
Part-5 ( Unicode)
Part-6 ( Unicode)
Part-7 ( Unicode)
Part-8 ( Unicode)
Part-9 (Unicode)
Part-10 ( Unicode)
Part-11 ( Unicode)
Part-12 (Unicode)
Part-13 (Unicode)
Part-14 (Unicode)
Part-15 (Unicode)
Part-16 (Unicode)
Part-17 (Unicode)
Part-18 (Unicode)
Part-19 (Unicode)
Part-20 (Unicode)
Part-22 (Unicode)
Part-23 (Unicode)
Part-24 (Unicode)
Part-25 (Unicode)
Part-26 (Unicode)
Part-27 (Unicode)
Part-28 (Unicode)
Part-29 (Unicode)
Part-30 (Unicode)
Part-31 ( Unicode)
Part-32 ( Unicode)
Part-33 ( Unicode)
Part-34 (Unicode)
Part-35 (Unicode)
Part-36 (Unicode)
Part-37 (Unicode)
Part-38 ( Unicode)
Part-39 (Unicode)
Part-40 (Unicode)
Part-41 (Unicode)
Part-42 ( Unicode)
Part-43 ( Unicode)
Part-44 ( Unicode)
Part-45 ( The end) (Unicode)
Part-21 (Unicode)
5.5K 454 2
Od noe-wai-lava
"ထူး နင် အာဏာနဲ့ တွဲနေတာတော့
မဟုတ်ပါဘူးနော်...."
ကျောင်းရောက်ရောက်ချင်း အာဏာ့
ကားပေါ်မှ ဆင်းလာသော ထူးထူးကို အသူရာက
မေးခွန်းထုတ်လေသည်။
"မဟုတ်ပါဘူး..."
"အဲ့တာဆို ဘာလို့ သူနဲ့ တူတူ ကျောင်းကို
လာတာလဲ...၊.လမ်းကြုံလို့တော့ မပြောနဲ့နော်..၊
ဟွန်းဟွန်း... ပြောစမ်း..
နင် ငါ့ကို ဘာတွေ လျှိုထားလဲ ...?"
အသူရာ့ကိုသာ အာဏာမင်းဆက်တို့
သုံးယောက်၏ ပြိုင်ပွဲ အကြောင်းကို
ပြောပြလိုက်လျှင် ဂရူးမူးထိုး ဖြေရှင်းမယ်ဆိုတာ
ထူးထူးသိနေသဖြင့် မပြောပြဖြစ်....
ထို့ကြောင့် တစ်ယောက်ထဲ ကြိတ်ခံကာ
တစ်ယောက်ထဲ ကြိတ်၍ ဖြေရှင်းဖို့ပဲ
စဉ်းစားထားသည်။
သူတို့သုံးယောက်လုံး ထူးကို ဟန်ဆောင်
ဆက်ဆံနေတာတွေ သိရတော့ ရင်ထဲမှာ
နာကျင်ရသော်လည်း၊ ထူးထူး သူတို့ကို
ဘာမှမပြောဖြစ်...၊ ထူးထူး သိနေတယ်ဆိုတာလဲ
မသိစေရပဲ...၊ အာဏာမင်းဆက်ကိုရော၊
မော်လမင်းဟန်ကိုပါ အလိုက်အထိုက် ဆက်ဆံကာ ဘယ်လောက်အထိ လိမ်နိုင်ကြမှာလဲ
​စောင့်ကြည့်နေမိသည်။ သူတို့တောင်
ဟန်ဆောင်နိုင်တာ ထူးထူးလဲ
ဟန်ဆောင်နိုင်ရမှာပေါ့ ..။
"မလျှိုထားပါဘူး ဟာ...၊
ငါသူ့ကို စဉ်းစားပေးမယ်လို့တော့ ပြောလိုက်ပြီ..
ဒီလောက်ပါပဲ..."
"ဟယ် နင်ပြောလိုက်ပြီပေါ့..
ငါပြောတာမှန်နေပြီမလား..?
နင့်စိတ်ထဲမှာ သူရှိနေပြီလေ...
. အကြာကြီး ဆွဲမနေနဲ့ဟာ မြန်မြန်သာ
ပေးလိုက်တော့.. ဒါနဲ့ ဟို သြဇီကိစ္စကော
ပြောဖြစ်လား...?"
ထူးထူး ခေါင်းခါလိုက်ကာ.....
"အဲ့တာတော့ မပြောဖြစ်သေးဘူး.. ၊
ခုတော့ မပြောချင်သေးဘူး ၊
အဖြေတောင် မပေးရသေးပဲ
ပိုင်စိုးပိုင်နင်း နိုင်တယ် ထင်နေလိမ့်မယ်.."
"အင်း .. ဟုတ်တယ်နော်..."
ထူးထူး တို့ နှစ်ယောက် စကားစ
ခဏပြတ်သွားပြီးမှ
"ဟဲ့.. ထူးထူး ငါနင့်ကို မေးမလို့ မေ့နေတာ. ၊
နင် မော်လမင်းဟန် ပုံကို ထပ်ဆွဲထားတာလား..?"
"အင်း.. ဟုတ်တယ်..."
ရှေ့တွင် ချထားသော အအေးခွက်ကို
သောက်လိုက်ကာ အေးဆေး ပြောနေသော
ထူးထူးကြောင့် အသူရာ အံ့သြမိသည်။
"ဘာလို့ ထပ်ဆွဲထားတာလဲ...?"
"ဒီလိုပါပဲ... ၊ ပန်းချီကားတစ်ချပ်ရေးတာတော့
အကြောင်းပြချက်မရှိပါဘူး၊
ပျင်းနေတာနဲ့ ရေးလိုက်တာ...."
ထူးထူးကို ကြည့်ရတာ တကယ်ကို
ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးပင်၊
တကယ်ပဲ မော့်အတွက် ခံစားချက်တွေ
မရှိတော့သလိုပင်....
"အေးပါ.. မသိပါဘူး.. ၊
ငါက နင် မော့်ကြောင့် တစ်ခုခု
ခံစားနေ ရသေးတယ် ထင်လို့...."
ထူးထူး နှုတ်ခမ်း တစ်ဖက် ကွေးရုံမှ ပြုံးလိုက်ကာ ..
အသူရာ တောင် ဒီလိုထင်တယ်ဆိုရင် မော်ရော
ဘယ်လိုမြင်နေမည်နည်း..။
ထူးထူး သူ့အပေါ် ခံစားချက်တွေ ရှိနေတယ်
ထင်ပြီး ပျော်နေမည်လား..။
အာဏာ မြင်သွားရင်ကော.....၊
ဒေါသတွေ ထွက်နေမည်လား......
ထူးထူး အပြုံးဖျောဖျောလေးတစ်ခုကို ဖန်တီးရင်း....
"မဟုတ်တာ...၊ ခုချိန်မှာ မော်က ငါ့အတွက်
ပန်းချီကားဆွဲဖို့ ထိုင်ပေးရတဲ့
မော်ဒယ်ထက်မပိုဘူး...."
"ဒါဆို နင် အာဏာမင်းဆက်ကို
အရမ်းတွေ ပစ်ကြွေသွားတဲ့ သဘောပေါ့..."
ထူးထူး ထပ်ပြုံးလိုက်မိကာ မဖြေပဲ
အအေးကိုသာ သောက်နေလိုက်သည်။
ရင်ထဲတွင် တော့ နာကျင်မှုတစ်ခုက ကြီးစိုးနေမြဲ....။
...........
"ဒီနေ့ ငါ နင့်အိမ်လိုက်ခဲ့မယ်..."
ကျောင်းဆင်းချိန်တွင် အသူရာက ထပြောတော့ ....
"ဟင် ဘာလို့လဲ..?"
"မနက်ဖြန် ငါမွေးနေ့လေ၊
ညဘက် bar သွားရအောင်..."
"အန်...၊ bar သွားတာနဲ့ အိမ်ကိုလိုက်မှာနဲ့
ဘာဆိုင်လို့လဲ..?"
"ဟီး.. ခွန်းသော်ကိုပါ ခေါ်မလို့လေ၊
ခွန်းသော်ရယ် ၊ အာဏာရယ်၊ မော်ရယ်
သူတို့သူံးယောက်နဲ တူတူသွားချင်တယ်၊
အဲ့တာဆို ငါလဲ ပိုက်ဆံမကုန်တော့ဘူး၊
အပီအပြင်လဲ ကဲလို့ရမယ်၊
ဘယ်လောက်မိုက်လဲ...."
"အာ မလုပ်ပါနဲ့...၊
နင်သွားချင်ရင် ငါလိုက်ပေးပါမယ်.."
"နင်လိုက်ပေးတာက လိုက်ပေးတာလေ၊
ငါရဲ့ ၁၈နှစ်ပြည့် မွေးနေ့မှာ
ခွန်းသော်ကိုရှိစေချင်လို့..."
အသူရာ့စကားကြောင့် ထူးထူး
သက်ပြင်းချမိသည်။
အသူရာ ဘာလို့များ ခွန်းသော်မှ
ခွန်းသော် ဖြစ်သွားရတာလည်း။
.............,
အိမ်သို့ရောက်ရောက်ခြင်း အသူရာက
အပေါ်ကို ပြေးတက်ကာ ခွန်းသော်၏
အခန်းရှေ့တွင် စိတ်လှုပ်ရှားနေဟန်
နှင့် ရပ်ပြီး ထူးထူးအား စောင့်နေလေသည်။
ခွန်းသော်၏ မကောင်းတဲ့ စိတ်တွေက
ထူးထူးအပေါ်မှာသာ သီးသန့်ဖြစ်တည်နေပါစေ
ဟု ဆုတောင်းမိသည်။ အသူရာ့အား ထူးထူးကို
မုန်းသလို မမုန်းပါစေနဲ့...။
ခုချိန်မှာ အသူရာ့အား အဖြစ်မှန်တွေကို
ပြောလိုက်ချင်ပေမယ့်၊ မဖြစ်သင့်တဲ့
ပြသာနာတွေဖြစ်လာမှာကို ထူးထူး
မလိုလားတာကြောင့် နှုတ်ဆိတ်၍
နေနေမိခြင်းဖြစ်သည်။
"တံခါးခေါက်လိုက်ရမလား..??"
ထူးထူး အသူရာ့ လက်ကို လှမ်းကိုင်လိုက်ရင်း..
"အသူရာ..? ၊ ငါတို့ဘာသာပဲ သွားရအောင်လေ.."
နောက်တစ်ကြိမ်ထပ်၍ ဖျောင်းဖျမိသော်လည်း၊
အသူရာကတော့ နားမထောင်ခဲ့ပါ။
ထူးထူးကိုင်ထားသော လက်ကို ရုန်းလိုက်ပြီး...
ခွန်းသော်၏ အခန်းတံခါးကို ခေါက်လိုက်လေသည်။
ခဏကြာတော့ တံခါးပွင့်လာစဉ်၊
ဒီအချိန်ထိ ညဝတ်အင်္ကျီတွေကိုသာ
ဝတ်ထားဆဲဖြစ်သော ခွန်းသော်အား
တွေ့လိုက်ရသည်။ သူ တစ်နေကုန် အခန်းထဲမှာပဲ
အိပ်နေသည်လား..?။
ခွန်းသော်က အသူရာ့ကို တွေ့တွေ့ခြင်း
မျက်မှောင် တစ်ချက်ကြုတ်သွားသည်ဟု
ထင်မိသော်လည်း ချက်ချင်းပြန်ပြုံးပြကာ....
"အသူရာ.. မတွေ့ရတာတောင် ကြာပြီ..."
"ဟုတ်တယ်... ၊ သတိရလို့ ထူးနဲ့လိုက်လာတာ..."
"အော်...လာလေ.. အထဲဝင်ထိုင်မလား...?"
"ဟုတ်.."
ဟုပြောလဲ ပြော ထူံးစံအတိုင်း ထူးထူး
မလိုက်လာရန် အရိပ်အခြေလဲ ပြနေလေသည်။
ထူးထူး သက်ပြင်းမောကြီး ချမိပြီး၊ကျန်ခဲ့ရသည်။
အဖြစ်မှန်တွေကို အသူရာ့ကို ပြောလိုက်ရင်
ကောင်းမလား၊ သူတို့ရဲ့ ဟန်ဆောင်မှုတွေ၊
ရက်စက်မှု တွေကြားမှာ ထူးထူးတစ်ယောက်ပဲ
နာကျင်ရတာနဲ့ လုံလောက် နေပါပြီ။
အသူရာ့ကိုတော့ ထိခိုက်နစ်နာသူ မဖြစ်စေချင်။
...........
"တစ်နေကုန် အခန်းထဲမှာပဲ နေနေတာ
မငြီးငွေ့ဘူးလား ...?"
အသူရာ ပြောရင်းနှင့် သူ့ကုတင်ပေါ်တွင်
တက်ထိုင်လိုက်ကာ..
"အပြင်လေး ဘာလေး အညောင်းပြေ အညာပြေ
ထွက်ပါဦး၊ ကဲ ပြောနေတာ ကြာတယ် ...၊
လာလာ.. အကျႌလဲ...အပြင်သွားရအောင်၊
အခန်းထဲမှာကြီးပဲ၊ ကြာရင် ရူးသွားလိမ့်မယ်၊"
အသူရာ ၊ ခွန်းသော်အား အဝတ်ဗီရိုဆီသို့
တွန်းပို့ကာ ပြောတော့ ခွန်းသော်က...
"အာ.. ၊ မသွားတော့ပါဘူး..."
ဟူ၍ ပြောသော်လည်း၊
အသူရာက လက်မလျှော့ပဲ ၊ ခွန်းသော် ၏
အဝတ်ဗီရိုကို ဖွင့်လိုက်ကာ...
သူဝတ်မည့် အဝတ်အစားအား ရွေးပေးနေစဉ်၊
ခွန်းသော်က...
"အသူရာ...၊ကို တကယ်မသွားဘူး...၊
သွားချင်စိတ်လဲ မရှိဘူး..."
"ဘာဖြစ်လို့လဲ..?"
ခွန်းသော်က ထိုင်ခုံတွင် ထိုင်လိုက်ရင်း..
"ဘာမှမဖြစ်ပါဘူး...၊
ဒီတိုင်းပဲနေရတာ သဘောကြတယ်.."
"နိုးပါ..၊ ဒီတိုင်းပဲ အမြဲနေရင်၊ ကျန်းမာရေးအတွက်
လူံးဝ လူံးဝ မကောင်းနိုင်ဘူး ခွန်းသော်ရဲ့၊
ခြံရှိနေတာပဲ၊ ခြံထဲလမ်းလေး ဘာလေး
ထွက်လျှောက်၊ ကားရှိနေတာပဲ၊
shopping center လေး ဘာလေးသွား၊
ပိုက်ဆံရှိနေတာပဲ ဝယ်ချင်တာ လျှောက်ဝယ်၊
အင်း... ရည်းစားရှိရင် ရုပ်ရှင်ပါ
တူတူ ကြည့်လို့ ရတယ်၊
ဒါနဲ့... ခွန်းသော်မှာ ရည်းစားမရှိဘူးမလားဟင်..?"
သူ့မှာ ရည်းစားမရှိဟု သိထားသော်လည်း၊
သေချာအောင် အသူရာ ထပ်မေးလိုက်တော့
ခွန်းသော်က ၊
"ရှိတယ်...."
ဟုဖြေသဖြင့် အသူရာ မျက်လူံးမျက်ဆန်တို့
ပြူးကာ အံ့သြသွားပြီး သူ့နားပြေးကပ်ရင်း...
"ခွန်းသော်မှာ ရည်းစားရှိတယ်..?၊
တကယ်ပြောတာလားဟင်?
တစ်ခါမှလဲ မတွေ့မိပါဘူး...."
"အင်း.. သူက နိုင်ငံခြားမှာ
ကျောင်းတက်နေတာလေ၊
အဲ့တာကြောင့် မတွေ့တာ ....."
အသူရာ၊ အကြီးအကျယ် စိတ်ဓာတ်ကျသွားရသည်။
အာဏာမင်းဆက်ကိုမေးတော့ ခွန်းသော်က
ရည်းစား တစ်ယောက်တောင် မထားဖူးဟု
ဆိုဖူးသည်။ ခုတော့ ဘယ်လိုဖြစ်တာလဲ။
အသူရာ မှိုင်ကျသွားကာ ထိုင်ခုံတွင်
တွေတွေ လေး ဝင်ထိုင်လိုက်မိတော့..
ခွန်းသော်က..
"ဘာဖြစ်တာလဲ အသူရာ..?"
"ဟင်..??ဘာမှမဖြစ်ပါဘူး...၊
အသူရာ ပြန်တော့မယ်နော်..."
ဟု ပြောကာ အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။
ဘယ်လိုပဲ စိတ်ဝင်စားပြီး သဘောကျနေဦးတော့၊
ရည်းစားရှိနေတဲ့ လူကို ပြစ်မှားရလောက်အောင်
အထိတော့ ၊ အသူရာ မမိုက်မဲသေးပါ။
...............
အသူရာ ထိုင်ခုံမှ ထသွားတော့ မိမိကိုယ်ကိုတောင်
မသိလိုက်ပဲ ၊ ခွန်းသော် သူ့နောက်ကို
လိုက်လာမိလေသည်။
သူဘာဖြစ်သွားလဲဆိုတာကို ခွန်းသော်
ကောင်းစွာသိသည်။ အဲ့လိုဖြစ်သွားအောင်လညး်
တမင် ပြောလိုက်တာဖြစ်ပေမယ့်၊
တကယ်တမ်း သူငြိမ်ကျကာ မျက်နှာညှို်းသွားတော့
ခွန်းသော်လဲ ဘယ်လိုဖြစ်သွားသည်မသိ။
အခန်းအပြင်သို့ ရောက်ချိန်တွင် သူက
ထူးထူး အခန်းထဲ ဝင်မည် အလုပ်၊
ခွန်းသော် ခြေလှမ်းတို့ ရပ်တန့်လိုက်သည်။
ငါ ဘာလို့ သူ့နောက်လိုက်လာတာလဲ..?
ငါ သူ့ကို တစ်ခုခု ရှင်းပြချင်နေတဲ့ စိတ်က
ဘာလို့ဖြစ်တည်လာရတာလဲ။
........
ခွန်းသော်တွင် ရည်းစားရှိနေသည်ဟု အသူရာ
သိရပြီးနောက် မှိုင်တွေကာ
ဝမ်းနည်းနေတာကြောင့် ထူးထူး သူ့အား၊
ဒီညတော့ ဒီမှာပဲ အိပ်ခိုင်းလိုက်ရသည်။
"အသူရာ...ဒီမှာ အေးဆေးနေဦး၊
မေမေခိုင်းထားတဲ့ ကိစ္စ
ငါ အပြင်ခဏ သွားလိုက်ဦးမယ်၊ "
ဟုပြောကာ ထွက်ခဲ့တော့ ကုတင်ပေါ်တွင်
မှို်င်တွေစွာ လှဲနေတဲ့ အသူရာက ဘာမှ ပြန်မပြော၊
သူ တကယ်ပဲ ခွန်းသော်ကို အဲ့လောက်ထိ
စိတ်ထဲ ရှိနေမှန်း ထူးထူးမသိခဲ့။
ဒါပေမယ့် အသူရာရယ်၊ ခုလိုအခြေအနေက
နင့်အတွက် အများကြီး ကောင်းပါတယ်၊
မီးထဲ ဝင်မတိုးမိတော့ဘူးပေါ့၊
အချိန်မှီ အဟန့်လေးတစ်ခုဖြစ်သွားတာပါ့။
မနက်ဖြန် သူ့မွေးနေ့ ဖြစ်တာကြောင့်
သူ့အတွက် မွေးနေ့ကိတ်လေး ဝယ်ပေးရန်
ထူးထူး အပြင်ထွက်ခဲ့သည်။
မေမေလဲ မရှိတာကြောင့် ကားသမားဦးမောင်ကို
မပြောတော့ပဲ၊ တစ်ယောက်ထဲသာ
လမ်းလျှောက်ထွက်လာခဲ့လိုက်သည်။
ကားကတော်တော်မောင်းလို့ရနေပြီ
ဖြစ်သော်လည်း၊ ကိုယ်တိုင် ကားကို
ယူမောင်းသွားရမှာ စိတ်က မသန့်။
လမ်းထိပ်တွင် bakery ဆိုင်လေးတစ်ခုရှိတာကြောင့်
ထိုဆိုင်တွင်သာ ကိတ်ကို ဝယ်ပြီး အိမ်သို့
ပြန်လျှောက်အလာ၊
ကားတစ်စီးဘေးမှာ လာရပ်ပြီး...
"ထူးထူး.."
အာဏာမင်းဆက် ရောက်လာတာပါလား..၊
သူက ထူးထူးကို ပြုံးပြရင်း ကားပေါ်မှ ဆင်းလာကာ..
"တက်လေ ထူး..၊အိမ်ပြန်မလို့လား..?
တစ်ယောက်ထဲ ထွက်လာတာလား..?"
"ဟုတ်... မနက်ဖြန်အသူရာ့မွေးနေ့လေ၊
သူ အိမ်ရောက်နေတာနဲ့ အတော်ပဲ ဆိုပြီး
surprise လုပ်ပေးမလို့..."
"ဟာ.. ဟုတ်လား.. အဲ့တာဆို
မနက်ဖြန် မုန့်ဝယ်ကျွေးခိုင်းရမယ် ....."
ထူးထူး ပြုံးလိုက်မိသည်။
အာဏာမင်းဆက် ပြောသမျှ စကားတိုင်းက
အလိမ်အညာတွေ မဟုတ်ခဲ့ရင်၊
သူပြုံးတဲ့ အပြုံးတိုင်း က စစ်မှန်ခဲ့ပါလျှင်၊
ဘယ်လောက် ကောင်းလိုက်မည်လည်း။
အဖြစ်မှန်တွေကို သိပြီးတဲ့ နောက်ပိုင်း၊
သူနဲ့ စကား ပြောလိုက်တိုင်း နာကျင်မှုတွေပါ
ကပ်ကပ်ပါလာတတ်သည်။
အိမ်ရောက်တော့ အာဏာက အခန်းထဲ
လိုက်ဝင်လာကာ၊ အသူရာနဲ့ စကားပြောရင်း
bar ကိစ္စက ပါလာလေသည်။
"လိုက်ခဲ့နော် အာဏာ...၊ ခွန်းသော်တို့ကိုလဲ
အပါခေါ်ခဲ့နော်.."
"အင်းပါ စိတ်ချပါ..."
ဟူ၍ အတိုင်အဖောက်ညီနေကြသည်။
ထူးထူးကတော့ အာဏာ့ကို ငေးကြည့်လျှက်၊
လူတစ်ယောက်က အချိန်တိုင်း
လိမ်ညာနေနိုင်ပါ့မလား၊
တစ်ခါတစ်လေတော့လည်း
စိတ်ရင်းအမှန်လေးတွေ
ရောယှက်ပါနေမည်လား။
"ကဲ... အဲ့တာဆို၊ ကိုယ် ခွန်းသော်နဲ့
သွားတွေ့လိုက်ဦးမယ်... တာ့တာနော်... "
အာဏာ နှုတ်ဆက်ပြီး အခန်းထဲမှ
ထွက်သွားတော့မှ ထူးထူး သက်ပြင်းချမိတော့သည်။ အသူရာက အဖြစ်မှန်တွေ သိရင်
ဘယ်လို တုံ့ပြန်လိမ့်မည်လဲ။
.........
"အခြေအနေ ဘယ်လိုလဲ အာဏာ..?.."
သူတို့နှစ်ယောက် ပြိုင်ပွဲအချိန်က
လေးလလောက်ရှိနေပြီ၊
ခုချိန်ထိ အာဏာ၊ ထူးထူးသော်ကို မရသေး။
"ရတော့မှာပါ...၊ ဒါနဲ့ မနက်ဖြန် ထူးထူးသူငယ်ချင်း
အသူရာ့ မွေးနေ့တဲ့ ၊ ထူးထူးက ခုနက
surprise လုပ်ဖို့ ကိတ်သွားဝယ်တယ်၊
ညကျရင် မင်း ဝင်နွှဲပေးချင် နွှဲပေးလို့
ရအောင် ပြောတာ....."
"ငါက ဘာကိစ္စ နွှဲပေးရမှာလဲ....၊
နေပါဦး....၊ သူက ဘယ်မှာလုပ်မှာမို့လို့လဲ..?
"ဒီမှာပဲလေ၊ ဒီည ထူးထူးခေါ်အိပ်ထားတာ
ထင်တယ်..."
"အော်...."
"အသူရာက မင်းကို စိတ်ဝင်စားနေတာထင်တယ်..."
အာဏာ ရယ်ကြဲကြဲ ပြောလိုက်တော့ ......
"စိတ်ဝင်စားတာ ငါ့ကို မဟုတ်ဘူး...၊
ငါ့ပိုင်ဆိုင်မှုတွေကို...၊
အဲ့ ကောင်လေးက ငွေနဲ့ ပက်သက်ရင်
မာနမရှိဘူး ၊ "
ထိုစကားကို မိမိနှုတ်က ထွက်လိုက်ခြင်း
ဖြစ်သော်လည်း၊ မိမိ စကားကြောင့်ပင်၊
မိမိဘာသာ စိတ်မကောင်းသလို ဖြစ်သွားရသည်။
အမြဲတမ်း သွက်လက်ကာ၊ ခွန်းသော်အား
လိုက်ကပ်နေတတ်သည့် အသူရာ၊
ငွေကလွဲရင် ဘာကြောင့် ဖြစ်နိုင်ဦးမှာတဲ့လဲ။
................
ည ၁၂ ထိုးခံနီးတွင် ထူးထူးအခန်းထဲမှ
အသာလစ်ထွက်ကာ အောက်ထပ်တွင်
ထားထားသော ကိတ်မုန့်အား ယူပြီး
ပြန်တက်လာခဲ့ချိန်၊ အခန်းနားရောက်တော့
ခွန်းသော် ၏ အခန်းတံခါး ပွင့်လာလေသည်။
သူ မအိပ်သေးဘူးလား..။
ထူးထူး သူ့ကိုမြင်တာနှင့်..
"ဟို..ဒီနေ့ အသူရာ့ မွေးနေ့ မလို့၊ "
ဟုပြောလိုက်တော့ သူက ခေါင်းညိတ်ကာ...
"အင်း..သွားလေ.."
ဟုဆိုလေသည်။ကိတ်မုန့်ကို လက်နှစ်ဖက်နှင့်
ကိုင်ထားသော ထူးထူးတစ်ယောက်
တံခါးဖွင့်ရန်အတွက် လက်တစ်ဖက်ထဲ
နှင့် ပြောင်းကိုင်ရန် လုပ်နေစဉ်၊
ခွန်းသော်က ထူးထူးအား အခန်းတံခါးကို
ဖွင့်အပေး၊တံခါးဝတွင် အိပ်ချင်မူးတူးနှင့်
ရပ်နေကာ မျက်လူံးများကို ပွတ်သပ်နေသော
အသူရာ့ကို တွေ့လိုက်ရသဖြင့် နှစိယောက်လုံး
ခတ္တမျှ ကြောင်သွားပြီး၊
နောက်မှ အသိဝင်ကာ..
"Happy birthday to u 🎶🎶🎶🎶🎶🎶"
ဟူ၍ ထူးထူး ဆိုနေချိန် ခွန်းသော်ကလဲ
ထွက်မသွားသေးပဲ ရပ်နေဆဲ။
အသူရာက ဖယောင်းတိုင်များကို မှုတ်ပြီးနောက်..
အခန်းထဲ ပြန်ဝင်မည် အလုပ်တွင်.....
"ခွန်းသော်၊ကိတ်လေး နည်းနည်းလောက်
ဝင်စားပါလားဟင်.."
ဟူ၍ ထူးထူးခေါ်လိုက်တော့ သူက ခေါင်းခါကာ..
"ဟင်အင်း..မစားတော့ဘူး ထူး... ၊
ဝင်ကြတော့..."
ခွန်းသော် အခန်းဘက်သို့ ပြန်လှည့်မည် အလုပ် ၊
အသူရာ့ဆီ အကြည့်က ရောက်သွားချိန်၊
သူ့မျက်နှာမှာ အရမ်း ညှိုးနွမ်းနေသည်။
သူ ခွန်းသော်အား တစ်ချက်တောင်
မော့မကြည့်ပဲ အခန်းထဲသို့ ပြန်လှည့်ဝင်သွားသည်။
ဘာကြောင့်ရယ် မသိ သက်ပြင်းတစ်ချက်ကို
လေးပင်စွာ ချမိလျှကိသား။ မိမိပြောခဲ့သည့်
စကားကို နောင်တရနေသလိုလို၊
မဟူတ်ဘူးဆိုတာကို ပြန်ပြောချင်သလိုလိူ
ဖြစ်နေတာကြောင့် ခွန်းသော် စိတ်တို့
ရှုပ်ထွေးနေရသည်။
..........
အာဏာ၏ အစွယ်ကောင်းမှုနှင့် အသူရာ့မွေးနေ့
club သွားခြင်းကို ခွန်းသော်ရော၊ မော်ပါ
ချောဆွဲခံရလေသည်။
မနေ့ညထဲကအိမ်မှာပဲရှိနေတဲ့ အသူရာက
ဒီနေ့ညအထိ ခွန်းသော်
ရှေ့သို့ ပေါ်ကို မလာခဲ့တာ။
ခု club သွားခံနီးမှ ရှိုးစမိုး အပြည့်နှင့်
ဆင်းလာလေသည်။ အာဏာတို့က သူတို့ဘာသာ
လာမည် ဖြစ်တာကြောင့် ခွန်း​သော်က
ဒီငချွတ်နှစ်ကောင်ကို ခေါ်သွားပေးရမည်။
Club သို့ရောက်သော အခါတွင် .. ၊
အာဏာတို့က ရောက်နှင့်နေပြီဖြစ်တာကြောင့်
vip ဝိုင်းကို ယူပြီးသားဖြစ်နေသည်။
"ဟိုလေ .. အာဏာ.. အသူရာ့
သူငယ်ချင်းတစ်ယောက် ပါဦးမယ် ရရဲ့လား..."
"ရတယ်လေ...ခေါ်လိ်ုက်..."
"ဟုတ်..."
Club ထဲသို့ ဝင်ခဲ့ကြသည်အထိ၊
စပ်စလူးနတ်ပူး အသူရာတစ်ယောက့်ငြိမ်နေတာ
ခွန်းသော် သတိထားမိသည်။ မနေ့က ခွန်းသော်မှာ
ရည်းစားရှိသည်ဟု ပြောလိုက် တာကြောင့်လား...။
ထိုင်တော့လဲ ခွန်းသော် အနားတွင် အရင်လို
လာမထိုင်တော့၊ ထူးထူး အနားသို့သာ
ကပ်ထိုင်နေလေသည်။
မော်က မှာစရာရှိတာများ မှာနေစဉ်၊ အာဏာကတော့
ထူးထူး ဘေးသွားကာ...၊ ဘာသောက်မလဲ
မေးနေပုံရသည်။ ခွန်းသော်ရော ထူးထူးရောက
အရက်မသောက်သူများ ဖြစ်တာကြောင့်
ဒီလို နေရာတွေနှင့် အံဝင်ဂွင်ကျ ဖြစ်မနေ။
အချိန်တစ်ခု ကြာလာတာနဲ့ အမျှ၊
မော်တို့ သုံးယောက် အရှိန်ကောင်းနေကြပြီ ဖြစ်သည်။ ခွန်းသော်ကတော့ ထိုင်ရာက မထသလို
လူတွေကိုသာ လိုက်ကြည့်နေပြီး၊
ထူးထူးကတော့ အသူရာ့အား မျက်လူံး
မခွာစတမ်း ကြည့်နေသည်။
အသူရာလည်း မူးနေပုံပင်၊ ဖေဖေ့နဲ့အန်တီအိငွေ
dinner တုန်းက မဟားတရားတွေသောက်ပြီး
အန်နေတာကို ပြန်အမှတ်ရစေသည်။
ထို့ကြောင့် ထူးထူးက စိတ်ပူပြီး
ကြည့်နေတာဖြစ်မည်။
Dancing floor ရှိ ထိုသုံးယောက်ကတော့
အသားကုန် ကဲ နေပြီဖြစ်သည်။
ခဏကြာတော့ အသူရာက ခွန်းသော်တို့ဘက်
လျှောက်လာကာ ထူးထူးနားသွားပြီး တစ်ခုခု
ပြောလိုက်ဟန်နှင့် ကပ်ပြောရင်း အပြင်သို့
တစ်ယောက်ထဲ ထွက်သွားလေသည်။
ယိုင်တိုင် ယိုင်တိုင်နှင့် တစ်ယောက်ထဲ
ဘယ်များ သွားမလို့လဲ။
ထူးထူးကို မေးချင်သော်လည်း၊ တစ်မျိုးထင်မှာ
စိုးတာနှင့် ခွန်းသော် မမေးဖြစ်။ ဆူညံလှသော
အသံတွေနှင့် လူကလဲ မသောက်ပဲ
မူးချင်ချင်ဖြစ်နေလေပြီ။
နားတွေလဲ အူထွက်နေသည်။
သာမာန်ဆို ဒီလိုနေရာတွေကို
ဘယ်သူခေါ်ခေါ် မလိုက်ဖြစ်၊ ခုတော့
ဘာကြောင့် လိုက်လာရသည်ကို မသိတော့။
အသူရာ ထွက်သွားပြီး ငါးမိနစ်လောက်
အကြာတွင် မော်နဲ့ အာဏာတို့ နှစ်ယောက်
toilet သွားမည် ဆိုသဖြင့် ၊ ခွန်းသော်ပါ
လိုက်သွားတော့ ထူးထူးတစ်ယောက်ထဲ
ကျန်နေသဖြင့်၊ အပြင်တောင် မရောက်သေးသည့် အာဏာက ပြန်လှည့် လာကာ ထူးထူးနားနားကပ်ပြီး..
"ထူးထူး... အပြင်လိုက်ခဲ့လေ၊
တစ်ယောက်ထဲ ဖြစ်နေတာ.."
ဟုပြောတော့ ထူးထူး ခေါင်းခါလိုက်ကာ..
"ရပါတယ်.. မလိုက်ချင်တော့ဘူး..."
ဟုပြောပြီးသာ နေခဲ့လိုက်သည်။
ဒီထဲမှာ နားတွေ အင်မတန်ညဉ်းသော်လည်း၊
ထိုင်ခုံတွင် ထိုင်နေရခြင်းက ပို၍ အဆင်ပြေသည်
ဟု ခံစားရတာကြောင့်၊ ထူးထူး ဘယ်မှ မရွေ့ချင်။
ခုလို အချိန်မှာ ငါလဲ မူးအောင်သောက်ပြီး
သူတို့အားလူံးကို ပစ်ပစ်နှစ်နှစ် ရန်တွေ့
ဆဲဆိုချင်လိုက်တာ။
ဘာလိူ့များ ငါက ဘယ်သူ့အတွက်မှန်းမသိတဲ့
အရာတွေကို ငဲ့ညှာပြီး ခေါင်းငုံ့ခံတတ်တဲ့
အကျင့်ရှိနေရတာလဲ။
ဘာကြောင့် များ လိမ်ညာဟန်ဆောင်နေတာ
သိသိရက်နဲ့ မသိချင်ယောင် ဆောင်ပြီး
ပြံူးပြပေးနိုင်ရတာလဲ...။
မိမိရှေ့တွင် စိတ်လွတ် ကိုယ်လွတ်ပျော်နေကြသော သူများကိူ ငေးကြည့်ရင်း၊ ထူးထူးကရော
ဘာလို့များ စိတ်လွတ် ကိုယ်လွတ်ပျော်ဖို့တောင်
မဝံ့ရဲရတာလဲ။
ဘာလို့များ ဒီလို စိတ်မျိုးနဲ့ မွေးဖွားခဲ့ရတာလဲ..
ထူးထူးသော်ရယ်..။
...............
Pokračovat ve čtení
Mohlo by se ti líbit
234K 5.8K 72
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
198K 14.3K 28
ချစ်ရပါ​သောရှပ်ပြာ​လေးနဲ့တည်မြဲ​သောအချစ်ရဲ့S2​လေးပါရှင့် daddies​တွေပြီး​တော့သားသားတို့အလှည့်​ပေါ့💖 ဖတ်ရှု​ဝေဖန်​ပေးပါ ကြိုးစားလျက်..ရွှန်း..
222K 22.1K 71
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
430K 22.5K 49