(zawgyi)
ပြီးပြီ ငိုနေတယ်"
"ဟင့်အင်း ရီဖန်ကအဲ့လိုမပြောမဆိုနဲ့
စက်ပိတ်ထားတာ "
သံသယဖြစ်လာလေသည်
"ဘာလို့ဆယ်ဟွန်း မင်းတွေးမိတာရှိလို့လား"
"ငါ ငါ မသိဘူး........
ဝင်လာလေသည်
ကြပီလား "
လှမ်းကြည့်လိုက်သည်
ပေါက်ဟန်ဖြင့်
"မင်ဆော့ ပြန်တော့မလား "
"ဘာလို့လဲ အကိုရှင်း"
ငါ့ဆီဖုန်းဆက်နော် "
ရှာလိုက်အုံးမယ်"
မင်ဆော့ပြန်သွားမှ....
ထွက်သွားတာ"
မကြားမိပါဘူး "
ကျန်နေခဲ့ရသည်...
မဖြစ်ပါစေနဲ့...
သူစိတ်လွတ်ပြီး.....အဟင့်
.
.
.
"အ့...ကျွတ်...
လိုက်ရတယ်
ဘာ ဘာဖြစ်တာလဲ
ကိုသတိရကာ
"ပတ် ပတ်ချန်းယောလ်...
မှလွဲ၍ဘာမှမကြားရ...
ဒီမှာ ကယ်ကြပါအုံး!! "
ဘာသံမှပြန်မကြားရပေ
"ကယ်ကြပါအုံး!!
အဟင့် ဒီမှာ!!"
ဘာသံမှာမကြားရပေ....
တံခါးပေါက်ဆီသွားမိ၏
"ဟက် သတိရပြီပဲ ဘာလဲ
ရီမောရင်းမေးလာသည်
ဘာရန်ငြိုးရှိလို့လဲ"
တာလားဝူရီဖန် ဟမ်!"
"မယုံဘူး!!"
အော်လိုက်လေ၏..
".............."
"ဘာ မင်း!!....
"အားးးး
ဆွဲထုတ်ဖို့ကြံနေတာ!!"
"ခင်များ အရူးပဲ...အ့..
ဆယ်ဟွန်းကို ခင်များက
ရအောင်ဆွဲထုတ်ပစ်မယ် "
"................"
ပညာပေးမှရတော့မယ်"
.
.
.
"ဟင့်အင်း"
ဘူးလေ ဟွန်းနီးရဲ့"
စိတ်လွတ်ပြီး တစ်ခုခု
လုပ်လိုက်ရင်တော့.......
"အဲ့လိုမတွေးနဲ့လေ "
ပူလောင်နေရပြီ
သိဟန်မပြတာ....
TBC......
_______________________
(unicode)
"ဘာ ရီဖန် ပျောက်နေတယ် ဟုတ်လား!"
"အေး ဘယ်မှာမှလည်းရှာမတွေ့ဘူး
မနေ့ညကတည်းကပြန်မလာတာတဲ့"
".သေချာလို့လားမင်ဆော့ရယ် "
"ရီဖန်အမေ ငါ့ဆီမနက်ကဖုန်းဆက်
ပြီးပြီ ငိုနေတယ်"
"တစ်နေရာရာသွားတာရော မဖြစ်နိုင်ဘူးလား"
"ဟင့်အင်း ရီဖန်ကအဲ့လိုမပြောမဆိူနဲ့
ပျောက်မသွားတက်ဘူး အခုဖုန်းကလည်း
စက်ပိတ်ထားတာ "
ဆယ်ဟွန်း စိတ်ထဲ အကိုကြီးကို
သံသယဖြစ်လာလေသည်
"မ မဟုတ်တာ အိုဆယ်ဟွန်းရယ်
ဘာတွေလျှောက်တွေးနေတာလဲ"
"ဘာလို့ဆယ်ဟွန်း မင်းတွေးမိတာရှ်ိလို့လား"
"ငါ ငါ မသိဘူး........
မင်ဆော့နဲ့စကားပြောနေစဥ် အကိုရှင်းက
ဝင်လာလေသည်
"ဟွန်းနီး ဘာဖြစ်လို့လဲ"
"ရီ ရီဖန်ပျောက်နေတယ် အကို"
"ဘာ ဘယ်လိုဖြစ်တာလဲ ရဲစခန်းတိုင်ပြီး
ကြပီလား "
"24နာရီမပြည့်သေးတော့ မတိုင်သေးဘူး
အကို ပြောတော့ပြောထားတယ်"
ဆယ်ဟွန်း စိုးရိမ်ကြီးစွာ အကိုရှင်းကို
လှမ်းကြည့်လိုက်သည်
အကိုရှင်းကလည်း နားလည်သဘော
ပေါက်ဟန်ဖြင့်
"မင်ဆော့ ပြန်တော့မလား "
"ဘာလို့လဲ အကိုရှင်း"
"အကိုရှင်းနဲ့ဆယ်ဟွန်းက အပြင်ကို
အလုပ်ကိစ္စနဲ့သွားစရာရှိလို့"
"အော် ဟုတ်လား အဲ့ဆို ကျတော်ပြန်လိုက်တော့မယ်"
"မင်ဆော့ ရီဖန်သတင်းရရင်
ငါ့ဆီဖုန်းဆက်နော် "
"အေးပါ ငါလည်းတက်နိုင်သလောက်
ရှာလိုက်အုံးမယ်"
မင်ဆော့ပြန်သွားမှ....
"ဘာတွေဖြစ်ခဲ့တာလဲ ဟွန်းနီး
အကို့ကိုနားလည်အောင်သေချာပြောပြ"
ဆယ်ဟွန်း မနေ့ပျက်ဖြစ်သမျှအားလုံး
အကိုရှင်း ကိုပြောပြလိုက်တယ်
"အခု ချန်းယောလ်က ဘယ်မှာလဲ"
"အလုပ်ကိစ္စနဲ့ခရီးသွားမယ်ဆိုပြီး
ထွက်သွားတာ"
"ဘာ ဘာအလုပ်ကိစ္စလည်း အကိုလည်း
မကြားမိပါဘူး "
"အဟင့် ကျတော် အဲ့ဒါကို စိုးရိမ်နေတာ
ရီဖန်ပျောက်တာ မ မဟုတ်မှလွဲရော
အကိုကြီးလက်ချက်များလား......."
ရီရှင်း ချက်ချင်းမတတ် မတ်တပ်ထရပ်ကာ
"အ အကိုသွားစုံစမ်းလိုက်မယ်"
"ကျတော်ရော လိုက်ခဲ့မယ် အကို"
"ဟွန်းနီးက ဒီမှာနေပါ သူဆက်သွယ်
လာရင်သာအကို့ဆီအကြောင်းကြားပေး"
ဆယ်ဟွန်း ခေါင်းလေးတငြိမ်ငြိမ်ဖြင့်
ကျန်နေခဲ့ရသည်...
ရီဖန်ကို အကိုကြီးခေါ်သွားတာ
မဖြစ်ပါစေနဲ့...
မဖြစ်ပါစေနဲ့ ဘယ်သူ့မှမထိခိုက်စေချင်ဘူး
အထူးသဖြင့် အကိုကြီးကို စိတ်ပူတယ်..
သူစိတ်လွတ်ပြီး.....အဟင့်
အဲ့ဒါတွေအားလုံးကျတော်ကြောင့်
ကျတော်မကောင်းလို့ဖြစ်ရတာ
အကိုကြီးသဝန်တိုတက်မှန်းသိရက်နဲ့.....
.
.
.
"အ့...ကျွတ်...
တင်းကြပ်စွာချည်နှောင်ထားခံရမူနဲ့အတူ
ခေါင်းတွေထိုးကိုက်စွာ ရီဖန်နိုးလာခဲ့သည်
မျက်လုံး အသာဖွင့်ကြည့်တော့
ခပ်နွမ်းနွမ်း ခေါင်းမိုးတစ်ခုကိုမြင်
လိုက်ရတယ်
ဘာလဲ ငါဘယ်ရောက်နေတာလဲ
လက်တွေနောက်ပြန်ကြိုးတုပ်ခံထားရသည့်
အပြင် ခြေထောက်တွေလည်း ပူးချည်ထားတယ်...
ဘာ ဘာဖြစ်တာလဲ
သေချာပြန်စဥ်းစားမှ အဖြစ်ပျက်တွေ
ကိုသတ်ိရကာ
"ပတ် ပတ်ချန်းယောလ်...
ချက်ချင်း မရမကထထိုင်လိုက်သည်
သူကုတင်ဟောင်းတစ်လုံးပေါ်ရောက်နေတာ
ဘေးပတ်ဝန်းကျင်ကြည့်မိတော့
ဂိုထောင်ရုံဟောင်းတစ်ခုထဲရောက်နေတာမှန်းသိလိုက်ရ၏...
ရေပိုက်တစ်ခုမှ ရေတစ်စက်စက်ကျသံ
မှလွဲ၍ဘာမှမကြားရ...
"ဘယ် ဘယ်သူမှ မရှိကြဘူးလား!
ဒီမှာ ကယ်ကြပါအုံး!! "
ဘာသံမှပြန်မကြားရပေ
ခေါင်းကလည်းတစစ်စစ်နဲ့ထိုးကိုက်နေတယ်
ပတ်ချန်းယောလ် ဘယ်ရောက်နေလဲ
အားတင်းကာ ကုတင်ပေါ်ကနေ
ကြမ်းပြင်ပေါ် လှိမ့်ဆင်းလိုက်၏
အေးစက်နေတဲ့ ကြမ်းပြင်နဲ့
ထိမိတော့ ကြက်သီးကဖြန်းခနဲ
"ကယ်ကြပါအုံး!!
အဟင့် ဒီမှာ!!"
အော်နိုင်သလောက်အော်နေပေမဲ့
ဘာသံမှာမကြားရပေ....
တတ်နိုင်သလောက် ဝမ်းလျားထိုးနဲ့
တံခါးပေါက်ဆီသွားမိ၏
တစ်ကိုယ်လုံးနာကျင်နေတာကြောင့်
ထင်သလောက်ခရီးမရောက်ပေ
မောလို့ခဏနားနေတုန်း တံခါးသော့
ဖွင့်သံကြားလိုက်ရသည်မို့ ခေါင်းကို
ကမန်းကတမ်းမော့ကြည့်မိ၏
ဝင်လာတာ ပတ်ချန်းယောလ်
အိတ်အနက်နှစ်ထုပ်ဆွဲကာ
ဆေးလိပ်သောက်ရက်တန်းလန်းဖြင့်
"ဟက် သတိရပြီပဲ ဘာလဲ
မင်းထွက်ပြေးဖို့ကြံနေတာလား"
အထုပ်တွေပစ်ချကာ ရီဖန်နား
ဒူးတစ်ဖက်ထောက်ချပြီး ခပ်ဟဟ
ရီမောရင်းမေးလာသည်
"ဒါ ဘာလုပ်တာလဲ အကိုချန်းယောလ်"
"မင်းကိုသတ်မလို့ဖမ်းလာတာလေ"
"ရူးနေလား ကျတော်နဲ့ခင်များကြား
ဘာရန်ငြိုးရှ်ိလို့လဲ"
"ငါခေါင်းရိုက်လိုက်လို့ အတိတ်မေ့သွား
တာလားဝူရီဖန် ဟမ်!"
သူဘာကိုဆိုလိုတ်ဆိုတာ ရီဖန်
ချက်ချင်းသဘောပေါက်လိုက်ပါပြီ
"ဆယ်ဟွန်းနဲ့ ကျတော်က သူငယ်ချင်းထက်
မပိုဘူးဆိုတာ ဘယ်နှခါရှင်းပြရမှာလဲ"
"မယုံဘူး!!"
ပတ်ချန်းယောလ်က အသံနက်ကြီးဖြင့်
အော်လိုက်လေ၏..
"မယုံလည်းမတတ်နိုင်ဘူး
ကျတော်တို့တွေကရိုးသားတယ်"
ချန်းယောလ် ရီဖန်ပါးကိုလက်နဲ့ညှစ်ကာ
"ဘာရိုးသားတာလဲ ပူးကပ်နေတာ
ရိုးသားတာလား အရိပ်တကြည့်ကြည့်နဲ့
ကြည့်နေတာ ရိုးသားလား ပြောစမ်း!"
"သူလဲကျသွားလို့ ကျတော်ပွေ့ချီမိတာ
ကျတော်သူငယ်ချင်းလေ မစိုးရိမ်ရဘူးလား"
"မလိုဘူး အချစ်ကိုငါတစ်ယောက်ပဲ
စိုးရိမ်မယ် ငါတစ်ယောက်ပဲကြည့်မယ်
သူ့အနားမှာ ငါပဲရှိရမယ်"
"အဲ့ဒါခင်များအတ္တကြီးတာပဲ"
".............."
"ခင်များအဲ့လိုကြပ်ကြပ်လုပ်နေ
ဆယ်ဟွန်းခင်များကိုထားသွားလိမ့်မယ်"
"ဘာ မင်း!!....
ဒေါသကိုသွားဆွပေးသလိုဖြစ်သွားတာမို့
ပတ်ချန်းယောလ်က ကျတော်ကိုမချီကာ
ကြမ်းပြင်ပေါ် တဖန်အားနဲ့ပြန်ပစ်ချလိုက်၏
"အားးးး
နာကျင်လို့လွန်း ကျတော်ညည်းညူးမိသည်
အရိုးတွေကျိုးကုန်ပြီလားမသိ
"မင်းအကြံငါမသိဘူးထင်နေလား
ဝူရီဖန် ငါ့အနားကနေ အချစ်ကို
ဆွဲထုတ်ဖို့ကြံနေတာ!!"
"ခင်များ အရူးပဲ...အ့..
ရူးလိုက်တာ ပတ်ချန်းယောလ်
ဆယ်ဟွန်းကို ခင်များက
သေမတတ်ချစ်တာကို ဆွဲထုတ်လို့.ရရိုးလား
"ဟက် အစကတော့ ဆယ်ဟွန်းကို
ခင်များနားကနေ ဆွဲထုတ်ဖို့အကြံစည်မရှိဘူး
ဒါမဲ့ အခု ကျတော်သူငယ်ချင်းကို
ခင်များလိုလူထဲစိတ်မချတော့ဘူး
ရအောင်ဆွဲထုတ်ပစ်မယ် "
"ဟား ဟား ဝူရီဖန် စိတ်ကူးတွေ
ယဥ်မနေနဲ့ မင်းကိုငါသတ်ပစ်မှာ"
"................"
"အခုချက်ချင်းတော့မဟုတ်ဘူး
ဒီထဲမှာ တသက်လုံးဖမ်းထားပြီး
ဖြေးဖြေးခြင်းမင်းကိုညှင်းသတ်မှာ"
"လုပ်လေ လုပ် ခင်များအဲ့လိုလုပ်လေ
ဆယ်ဟွန်း ခင်များကိုကြောက်ပြီး
မုန်းသွားလိမ့်မယ် ကြည့်နေ!"
ပတ်ချန်းယောလ်ရဲ့သာမာန်မဟုတ်တဲ့
မျက်လုံးစူးရဲကြီးက ရီဖန်ကိုစိုက်ကြည့်လာသည်....
"မင်းကိုမှတ်လောက်အောင်တော့
ပညာပေးမှရတော့မယ်"
ချန်းယောလ် ဘောင်းဘီကခါးပတ်ကို
ဆွဲချွတ်ကာ ရီဖန်တစ်ကိုယ်လုံး
နေရာမလပ်ရိုက်စုတ်ပစ်မိသည်
ဝုရီဖန်ရဲ့နာကျင်မူအော်သံတွေက
သူရဲ့စိတ်ကိုပျော်ရွှင်စေတယ်
နောက်ဆုံး အသံမထွက်တော့မှ ရပ်လိုက်ပြီး
ခပ်ဟဟရီမောကာ လှုပ်ကုလားထိုင်
မှာထိုင်ရင်း သွေးအလိမ်းလိမ်းနဲ့မေ့နေတဲ့
ဝုရီဖန်ကိုစိုက်ကြည့်မိနေတော့သည်....
.
.
.
"အကိုရှင်း စုံစမ်းလို့ ရလားဟင်"
ရီရှင်းမျှော်လင့်တကြီးမေးလာတဲ့ဟွန်းနီး
ကိုခေါင်းအသာရမ်းပြမိ၏
"ဟွန်းနီးကို လုံးဝမဆက်သွယ်ဘူးလား"
"ဟင့်အင်း"
"ဖုန်းကလည်း စက်လုံးဝပိတ်ထားတယ်"
"အဟင့် ဘယ်လိုလုပ်ကြမလဲ
ဒုက္ခတွေတော့ရောက်ကုန်တော့မှာပဲ"
"ချန်းယောလ်ဆိုတာ မသေချာသေး
ဘူးလေ ဟွန်းနီးရဲ့"
"ဒါမဲ့ သေ သေချာသလောက်နီးပါး
ပဲလေ အကိုရှင်းရဲ့ ကျတော်အရမ်း
စိတ်ပူနေပြီ ရီဖန်ကို အကိုကြီး
စိတ်လွတ်ပြီး တစ်ခုခု
လုပ်လိုက်ရင်တော့.......
"မဟုတ်လောက်ပါဘူး ဟွန်းနီးရယ်"
"အဲ့ဒါတွေအားလုံးကျတော်ကြောင့်"
"အဲ့လိုမတွေးနဲ့လေ "
ဆယ်ဟွန်း ရင်ထဲ မီးစနဲ့ထိုးသလို
ပူလောင်နေရပြီ
တစ်ယောက်ကသူ့အရမ်းချစ်ရတဲ့အကိုကြီး
တစ်ယောက်ကသူ့ရဲ့သူငယ်ချင်း...
ရီရှင်းလည်း သူ့လက်နှစ်ဖက်ကို
ဆုပ်ကိုင်ကာအားပေးမိသည်
ချန်းယောလ်ဆီ ဘယ်လိုမှဆက်သွယ်
လို့မရပါ...ဝုရီဖန်ပျောက်သွားတာ
သူ့လက်ချက်ဆိုတာ သိတယ်
ဒါမဲ့ ဟွန်းနီးတစ်ခုခုဖြစ်မှာစိုးလို့
သိဟန်မပြတာ....
အတတ်နိုင်ဆုံးတော့တွေ့အောင်
ကြိုးစားရှာပါသေးတယ် မရဘူး
အဲ့တော့ ရှာလို့မှမတွေ့ခင်ထိ
နှစ်ယောက်လုံး ဘာမှမဖြစ်ပါစေနဲ့လို့
ပဲဆုတောင်းပေးနေရတော့မှာပဲ...
TBC......