''ရော့...! ကော်ဖီသောက်ဦး...!''
''ဘယ်လို Park Chanyeol...''
''ဘာများလဲ....''
''ဘာ!!!!''
°~°~°~°~°~°~°~°~°~°~°~°~°~
''ခင်မျာ...??''
''အာ....ပြဿနာဖြစ်တဲ့နေ့က ကိုယ်မင်းတို့အိမ်သွားတော့ fanတွေနဲ့ သတင်းထောက်တွေက Sehunကို ပြဿနာရှာနေကြတယ်လေ....တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောနေကြရင်းနဲ့ ခဏကြာတော့ မင်းယောက်ျားမူးလဲသွားခဲ့တယ်လေ... ရုတ်တရက် ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတာဆိုတော့ ဘာလုပ်လိုက်ရမှန်းမသိတာနဲ့ ကိုယ့်မန်နေဂျာကိုပဲ သွားခေါ်ခိုင်းလိုက်ရတယ်.... မင်းယောက်ျားကို ကိုယ့်ကားပေါ်ခေါ်လာတော့ မင်ယောက်ျားက အဖျားတွေတက်ပြီး သတိမရှိတော့ဘူး... ကိုယ်လည်း မင်းဖုန်းကိုခေါ်တာပဲ... မင်းကဖုန်းဝင်ပြီး မကိုင်ဘူး...''
''အဲ့ဒါနဲ့ သူ့ကိုကိုယ့်အိမ်ကိုပဲခေါ်သွားခဲ့လိုက်ရတယ်... သူသတိပြန်လည်လာတော့ အိမ်ပြန်ဖို့ပြောပါတယ်... မင်းသိတဲ့အတိုင်းပဲ အိမ်ပြန်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူးမလား... အဲ့ဒါကြောင့် အဲ့ဒီနေ့က ကိုယ့်အိမ်မှာပဲ ညအိပ်ခိုင်းလိုက်ရတာပါ... အဲ့ဒါကို မင်းယောက်ျားက အားနာလို့ အခုကိုယ့်ကို ထမင်းစားဖိတ်တာထင်ပါရဲ့...''
''သြော်...''
''...........''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
''ဝေး.....ဟေး.....ဟေး.........''
°~°~°~°~°~°~°~°~°~°~°~°~°~
|……………|
|……………|
ချစ်တယ် လေးငယ်ရယ်...
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
''လေးငယ်...! လေးငယ်...!''
''အွန်...Kim Jongin...''
ဆက်ရန်🔜🔜🔜
(unicode)
ပြဿနာဖြစ်ပြီးနောက် ပထမဆုံး ရိုက်ကူးရေးပြန်စတဲ့နေ့ဖြစ်သည်။
''ရော့...! ကော်ဖီသောက်ဦး...!''
''ကျေးဇူးတင်ပါတယ် Park Chanyeol...''
''ဇာတ်လမ်းက မြန်မြန်ပြီးရမဲ့ဟာ မင်းရဲ့သတင်းတွေကြောင့် နည်းနည်းကြန့်ကြာသွားတယ်...''
''ကျွန်တော် တောင်းပန်ပါတယ်...''
''ဟာ...မင်းတောင်းပန်ဖို့ မလိုပါဘူး...! ဖြစ်ချိန်တန်လို့ ဖြစ်လာတဲ့ဟာ.... မင်းတောင်းပန်စရာ မလိုပါဘူး...! ဒါနဲ့ အရင်ရက်တွေက ကိုယ်မင်းဆီဖုန်းဆက်သေးတယ် မင်းဖုန်းမကိုင်ဘူး Kim Jongin...!''
''ဟုတ်တယ်...! ကျွန်တော်စိတ်ညစ်စရာလေး ရှိနေလို့ပါ...''
''မင်းကိုအံ့သြစရာ ပြောပြရဦးမယ်...! မင်းယောက်ျား Oh Sehunနဲ့ကိုယ်က ကျောင်းနေဖက် ငယ်သူငယ်ချင်းတွေ...! ဟိုနေ့ ကိုယ်မင်းအိမ်ကို လိုက်လာတဲ့နေ့မှ သိလိုက်ရတာ...''
''ဘယ်လို Park Chanyeol...''
''မင်းလည်း အံ့သြသွားတယ်မလား...! ကိုယ်လည်း Sehunကိုပြန်တွေ့တော့ အရမ်းအံ့သြသွားခဲ့တာ...''
''ကျွန်တော့ရဲ့လေးငယ်နဲ့ ခင်များလို ကမ္ဘာကျော်မင်းသားကြီးက ငယ်သူငယ်ချင်းတွေဆိုတော့ ဂုဏ်ယူစရာပဲပေါ့... ဝမ်းသာပါတယ် Park Chanyeol...''
''အဟွန်း....! မင်းစိတ်မဆိုးဘူးဆိုရင် နောက်ထပ် ကိုယ်ဝန်ခံစရာရှိသေးတယ်...''
''ဘာများလဲ....''
''မင်းရဲ့ယောက်ျား Oh Sehunက ကိုယ့်ရဲ့အချစ်ဦး... တစ်ဖက်သတ်အချစ် ဖြစ်ခဲ့ဖူးတယ်...''
''ဘာ!!!!''
''ဟေး.... အဲ့ဒါ ဟိုးငယ်ငယ် မနူးမနပ်ခင်တုန်းကနော်... စိတ်ကစားတတ်တဲ့အရွယ်တုန်းကပါ...''
''ဒါဆို ခင်များနဲ့လေးငယ်က တွဲခဲ့ဖူးတာလား...! လေးငယ်က ခင်များနဲ့ ချစ်သူဖြစ်ခဲ့ဖူးတာလား...''
''မဖြစ်ခဲ့ဖူးပါဘူး Kim Jonginရယ်... မင်းယောက်ျားက ဒီလောက်မာနကြီးတဲ့ဟာ... ချစ်သူဖြစ်ဖို့ ဘယ်လွယ်ပါ့မလဲ...''
''ဟုတ်တယ်.... ကျွန်တော့လေးငယ်က အရမ်းမာနကြီးတာ...Park Chanyeolရဲ့...''
°~°~°~°~°~°~°~°~°~°~°~°~°~
ညနေ သူတို့ရိုက်ကူးရေးပြီးသွားတော့...
''အိမ်ပြန်တော့မလား Kim Jongin...! အိမ်ပြန်မယ်ဆို ကိုယ်နဲ့အတူပြန်မယ်လေ... မင်းယောက်ျားက ကိုယ့်ကို ထမင်းစားဖိတ်ထားတယ်...''
''ခင်မျာ...??''
Park Chanyeolရဲ့စကားကြောင့် သူကြောင်သွားပါသည်။
''အာ....ပြဿနာဖြစ်တဲ့နေ့က ကိုယ်မင်းတို့အိမ်သွားတော့ fanတွေနဲ့ သတင်းထောက်တွေက Sehunကို ပြဿနာရှာနေကြတယ်လေ....တစ်ယောက်တစ်ပေါက်နဲ့ ဝိုင်းပြောနေကြရင်းနဲ့ ခဏကြာတော့ မင်းယောကျ်ားမူးလဲသွားခဲ့တယ်လေ... ရုတ်တရက် ကိုယ့်မျက်စိရှေ့မှာ ဖြစ်သွားတာဆိုတော့ ဘာလုပ်လိုက်ရမှန်းမသိတာနဲ့ ကိုယ့်မန်နေဂျာကိုပဲ သွားခေါ်ခိုင်းလိုက်ရတယ်.... မင်းယောက်ျားကို ကိုယ့်ကားပေါ်ခေါ်လာတော့ မင်ယောက်ျားက အဖျားတွေတက်ပြီး သတိမရှိတော့ဘူး... ကိုယ်လည်း မင်းဖုန်းကိုခေါ်တာပဲ... မင်းကဖုန်းဝင်ပြီး မကိုင်ဘူး...''
''ကျွန်...ကျွန်တော် တကယ်မသိခဲ့ဘူး...Park Chanyeol...''
''အဲ့ဒါနဲ့ သူ့ကိုကိုယ့်အိမ်ကိုပဲခေါ်သွားခဲ့လိုက်ရတယ်... သူသတိပြန်လည်လာတော့ အိမ်ပြန်ဖို့ပြောပါတယ်... မင်းသိတဲ့အတိုင်းပဲ အိမ်ပြန်ဖို့က ဘယ်လိုမှမဖြစ်နိုင်ဘူးမလား... အဲ့ဒါကြောင့် အဲ့ဒီနေ့က ကိုယ့်အိမ်မှာပဲ ညအိပ်ခိုင်းလိုက်ရတာပါ... အဲ့ဒါကို မင်းယောကျ်ားက အားနာလို့ အခုကိုယ့်ကို ထမင်းစားဖိတ်တာထင်ပါရဲ့...''
''သြော်...''
''ကိုယ်နဲ့အတူပြန်မယ်လေ... Kim Jongin...''
''ကျွန်တော်တို့ ခဏခွဲနေနေကြတယ်...Park Chanyeol...''
''...........''
''အေးအေးဆေးဆေး စားသောက်ပြီး စကားပြောခဲ့ပါ Park Chanyeol...''
''ကိုယ်က ကိုယ်တို့သုံးယောက် ရင်းရင်းနှီးနှီး စကားတွေပြောပြီး ညစာစားရမယ် ထင်ခဲ့တာ အခုတော့...''
''လေးငယ်က ဟင်းချက်ကောင်းတယ် Park Chanyeolရဲ့... ခင်များအတွက် စားကောင်းတဲ့ ညစာလေး ဖြစ်ခဲ့မှာပါ...''
''အဲ့ဒါဆို ကိုယ်သွားပြီ... Kim Jongin...! နောက်မှတွေ့မယ်...''
''Ok... နောက်မှတွေ့မယ် Park Chanyeol...''
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
''ကဲ...! Suger Daddyဆိုတဲ့ ဇာတ်လမ်းတွဲကြီး အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါပြီ.... အဖွဲ့သားတွေအားလုံး တာဝန်ကျေခဲ့ပါတယ် အဲ့ဒါကြောင့် အခုပြီးတာနဲ့ တစ်ခွက် သွားသောက်ကြပါ့မယ်....''
''ဝေး.....ဟေး.....ဟေး.........''
ဒါရိုက်တာကြီးရဲ့စကားကြောင့် ရိုက်ကူးရေးအဖွဲ့သားတွေအားလုံး ပျော်သွားကြပါတော့သည်။
သူ့ခေါင်းပေါ်က ဝန်ထုတ်ဝန်ပိုးကြီး မရှိတော့သလိုပဲ... စိတ်လက်တွေ ပေါ့ပါးသွားခဲ့ရပါတော့သည်။
''မင်းသား ပြန်တော့မှာလား...''
''ဟုတ်..! ကျွန်တော်ပြန်တော့မယ် မန်နေဂျာကြီး...!''
''ကျွန်တော် မင်းသားတော်တော်များများရဲ့ မန်နေဂျာလုပ်ဖူးပါတယ်... ဒီလိုပဲ အကြောင်းအမျိုးမျိုးကြောင့်လည်း ခွဲခွာခဲ့ဖူးတယ်... အခုမင်းသားနဲ့ကျမှ စိတ်မကောင်း တော်တော်ဖြစ်ရတယ်ဗျာ....''
''ကျန်းမာရေးဂရုစိုက်ပါ... မန်နေဂျာကြီး...! ***ရပ်ကွက်က OSHဆိုတဲ့ ကော်ဖီဆိုင်လေးကို လာခဲ့ပါ... အဲ့ဒီဆိုင်လေးမှာ ကျွန်တော်အမြဲတမ်းရှိပါတယ်...''
သူ့စကားဆုံးတော့ မန်နေဂျာကြီးက သူ့ကို လာဖက်သည်။
''ကျွန်တော့စကားကို နားထောင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်မင်းသား.... အိမ်ခွဲပြီးနေခိုင်းခဲ့မိတဲ့အတွက်လည်း Oh Sehunကို ကျွန်တော်က အားနာပါတယ်လို့ တောင်းပန်ပေးပါ... Kim Jongin....''
''ကျွန်တော့လေးငယ်က သဘောထားပြည့်ဝပါတယ် သူခင်များကို နားလည်ပေးမှာပါ...''
''နှုတ်ဆက်ပွဲအနေနဲ့ တစ်ခွက်လောက် သောက်ကြမယ်လေ...''
''အဟီး....! မန်နေဂျာကြီးကိုတော့ အားနာပါတယ်... ကျွန်တော့လေးငယ်ကို အရမ်းလွမ်းနေပြီ... ပြီးတော့ အကြာကြီးလည်း ချော့ရဦးမယ်ထင်တယ်...အဟီး...! နောက်မှ ကျွန်တော်တို့ သပ်သပ်သောက်မယ်လေ...''
''ဟုတ်ပါပြီ...! အိမ်ကိုကျွန်တော်လိုက်ပို့ပေးမယ်လေ မင်းသား...''
''ရပါတယ်... ကျွန်တော့ကိုယ့်ဟာကိုယ် တက္ကစီငှားပြီးပဲ ပြန်တော့မယ်...ဂျာကြီးက အဖွဲ့သားတွေနဲ့သွားပါ...''
''အဲ့ဒါဆို နောက်မှကျွန်တော်တို့ တစ်ခွက်လောက်သောက်ကြတာပေါ့...''
''ကောင်းပါပြီ မန်နေဂျာကြီး... တာဝန်ကျေခဲ့ပါတယ်...''
°~°~°~°~°~°~°~°~°~°~°~°~°~
တက္ကစီပေါ်ရောက်တော့ Ommaဆီ ဖုန်းလှမ်းဆက်လိုက်ပါသည်။
''Omma...! သားအရှေ့အိမ်ပြန်ပြီနော်...! မျှော်မနေနဲ့တော့... Appaကိုလည်းပြောလိုက်ပါဦး... ကျွန်တော်နှုတ်ဆက်သွားတယ်လို့...''
|……………|
''ကျန်တဲ့ပစ္စည်းတွေကိုတော့ နောက်မှပဲ လေးငယ်နဲ့အတူ လာယူတော့မယ်...''
|……………|
''အွန်း... အရမ်းချစ်တယ် Omma...''
Ommaနဲ့ စကားပြောပြီး ဖုန်းချလိုက်တော့ သူ့ရင်ထဲမှာ ပျော်သလိုလို ရင်ခုန်သလိုလို...
ချစ်တယ် လေးငယ်ရယ်...
ကျွန်တော့ကို ခွင့်လွတ်ပေးပါဦးနော်...
°~°~°~°~°~°~°~°~°~°~°~°~°~°~°~°~
အိမ်ရှေ့မှာ တက္ကစီရပ်လိုက်သည်နှင့် ပိုက်ဆံရှင်းလိုက်ပြီး ရင်ခုန်ပျော်ရွှင်ရတဲ့ခြေလှမ်းတွေနဲ့ အိမ်ထဲဝင်လာခဲ့ပါသည်။
''လေးငယ်...! လေးငယ်...!''
''အွန်...Kim Jongin...''
''Park Chanyeol....!!ခင်များ...ဘယ်ကဘယ်လို??''
''စောင့်ခိုင်းရတာ အားနာလိုက်တာ Chanyeol... သွားကြမယ်.........Jongin!!!''
''ရိုက်ကူးရေးပြီးသွားလို့ Sehunကို ညစာကျွေးချင်လို့ လာခေါ်တာပါ... Jonginက.... ကိုယ်တို့သုံးယောက် အတူတူသွားစားကြမလား...''
''အာ____ ကျွန်တော် အင်္ကျီအဝတ်အစား လာယူတာပါ... လေးငယ်သွားစရာရှိရင်သွားလေ... တံခါးကျွန်တော်ပိတ်ခဲ့ပါ့မယ်...''
''မင်းရဲ့ခြေအိတ်တွေလျှော်ပြီး ဝရံတာမှာ လှမ်းထားတယ်...''
''ကောင်းကောင်းစားခဲ့ကြပါ....''
''အဲ့ဒါဆို ကိုယ်တို့သွားပြီ Kim Jongin...''
''ဟုတ်ကဲ့ Park Chanyeol... ပျော်ရွှင်စရာ ညစာစားချိန်လေး ဖြစ်ပါစေ...''
လေးငယ်က သူ့ကိုတစ်ချက်လှမ်းကြည့်ပြီး ဘာစကားမှမပြောတော့ပဲ Park Chanyeolနဲ့အတူ ထွက်သွားခဲ့ပါသည်။
ခင်များရဲ့ မျက်လုံးနဲ့ပြောတဲ့ ဘာသာစကားတွေကို နားမလည်တတ်တာ ကျွန်တော့ရဲ့ အားနည်းချက်ပဲ ထင်ပါရဲ့...လေးငယ်ရယ်...
ဆက်ရန်🔜🔜🔜
ငါ့ရဲ့ ပူးဝါးဘေဘီဂျုံလေး😭😭😭😭