ေလးငယ္(လေးငယ်)(completed)

By KaiLoveDikaKaihun

252K 21K 3.2K

Kaihun Sekai (yaoi) (BL) More

ေလးငယ္(1)(Z+U)
ေလးငယ္(2)(Z+U)
ေလးငယ္(3)(Z+U)
ေလးငယ္(4)(Z+U)
ေလးငယ္(5)(Z+U)
ေလးငယ္(6)(Z+U)
ေလးငယ္(7)(Z+U)
ေလးငယ္(8)(Z+U)
ေလးငယ္(9)(Z+U)
ေလးငယ္(10)(Z+U)
ေလးငယ္(11)(Z+U)
ေလးငယ္(12)++(Z+U)
ေလးငယ္(13)(Z+U)
ေလးငယ္(14)(Z+U)
ေလးငယ္(15)(Z+U)
ေလးငယ္(16)++(Z+U)
ေလးငယ္(17)(Z+U)
ေလးငယ္(18)++(Z+U)
ေလးငယ္(19)(Z+U)
ေလးငယ္(20)(Z+U)
ေလးငယ္(21)++(Z+U)
ေလးငယ္(22)(Z+U)
ေလးငယ္(23)(Z+U)
ေလးငယ္(24)(Z+U)
ငါသာဆိုလ်ွင္...
ေလးငယ္(25)(Z+U)
ေလးငယ္(26)(Z+U)
ေလးငယ္(Double part)(Z+U)
ေလးငယ္(27)(Z+U)
ေလးငယ္(28)(Z+U)
ေလးငယ္(29)(Z+U)
ေလးငယ္(30)(Z+U)
ေလးငယ္(31)(Z+U)
ေလးငယ္(32)(Z+U)+++
ေလးငယ္(33)(Z+U)
ေလးငယ္(34)(Z+U)
ေလးငယ္(35)(Z+U)
ေလးငယ္(36)(Z+U)
ေလးငယ္(37)(Z+U)
ေလးငယ္(38)(Z+U)
ေလးငယ္(40)(Z+U)
ေလးငယ္(41)(Z+U)
ေလးငယ္(42)(Z+U)
ေလးငယ္(43)(Z+U)
ေလးငယ္(44)(Z+U)
ေလးငယ္(45)(Z+U)
ေလးငယ္(46)(Z+U)
ေလးငယ္(47)(Z+U)
ေလးငယ္(Double update)(Z+U)
ေလးငယ္(48)+++(Z+U)
ေလးငယ္(49)++(Z+U)
သင္သိပါသလား...
ေလးငယ္(50)(Z+U)Final
ေလးငယ္(EXTRA)
ေလးငယ္(EXTRA)(2)
ေက်းဇူးတင္ပါတယ္...
first love
ထာဝရအတြက္ပါ ေလးငယ္...(Z+U)
လာဖတ္ေပးၾကပါဦးဗ်
အသစ္ဖတ္ခ်င္ရင္
new fic

ေလးငယ္(39)(Z+U)

3.3K 378 82
By KaiLoveDikaKaihun

''အား....အြန္း.....ကြ်တ္...ကြ်တ္....''

သူ႔တစ္ကိုယ္လံုး ေညာင္းကိုက္ျပီး ေတာင္႔တင္းေနေပမ႔ဲ ေႏြးေထြးျပီး သက္ေသာင္႔သက္သာရိွလွပါသည္။

သူအေညာင္းဆန္႔လိုက္ရင္း မ်က္လံုးကိုဖြင္႔ၾကည့္လိုက္သည္။

ၾကီးမားက်ယ္ဝန္းျပီး သန္႔ရွင္းသပ္ရပ္အိပ္ခန္းက်ယ္ၾကီး....

အိပ္ခန္း၏ အလယ္တည့္တည့္တြင္ရိွေသာ King size ကုတင္ၾကီးေပၚ သူေရာက္ေနပါသည္။

အက်ႌအဝတ္အစားေတြက ပြေခ်ာင္ေနသျဖင့္ ငုံ႔ၾကည့္လိုက္ေတာ႔ သူ႔အဝတ္အစားေတြမဟုတ္...

အိပ္ယာထဲမွ အသာထထိုင္ကာ အခန္းထဲသို႔ ေဝ႔ဝဲအကဲခတ္လိုက္ပါသည္။

အခန္းထဲ၌ ေနာက္ဆုံးေပၚ အသုံးအေဆာင္ေတြခ်ည္းပင္...

ဟင္...! သူ....သူက.....

အခန္းေထာင္႔ရိွ စင္ေလးေပၚ၌ ေထာင္ထားေသာ ဓါတ္ပုံမွန္ေဘာင္ေလးေၾကာင္႔ Sehun အ႔ံအားသင္႔သြားခ႔ဲရပါသည္။

ဓါတ္ပုံထဲ၌ ***ျမိဳ႕ရဲ႕အထက္တန္းေက်ာင္းဝတ္စုံကို ဝတ္ထားတ႔ဲ ေကာင္ေလးတစ္ေယာက္...ေရွ႕ဆံပင္ကို မိႈပြင္႔ေလးလို တိတိရိရိညႇပ္ထားျပီး စာၾကမ္းပိုးလို မ်က္မွန္ဝိုင္းေလးတပ္ထားပါသည္။

ဒီလိုပုံက သူ႔ဘဝမွာ ႏွစ္ေယာက္မရိွႏိုင္...

''ငါမင္းကို သေဘာက်တယ္ Oh Sehun... ငါ႔အခ်စ္ကို လက္ခံေပးပါ....''

မ်က္မွန္ဝိုင္းေလးတပ္ထားတ႔ဲ သူ႔ရြယ္တူအူေၾကာင္ၾကားေကာင္ေလးက ႏွင္းဆီပန္းအနီေရာင္ေလးကို သူ႔ဆီထိုးေပးျပီး ရွက္ရြံဟန္ျဖင္႔ ေခါင္းကိုငုံ႔ထားပါသည္။

''wow....! woo..! woo! Oh Sehun...! Oh Sehun...!!''

''Park Yeollie...! Park Yeollie...!''

ေက်ာင္းသူေက်ာင္းသားေတြက ညာသံေတြေပးျပီး ဝိုင္းေအာ္ေနၾကေသာေၾကာင္႔ Sehunရွက္လာသည္။

''မင္းမရွက္ဘူးလား...! မင္းငါ႔ကို ဘာေတြေသာက္ရူးလာထေနလား Yeollie...! ငါက ေယာက္်ားေလး...! မင္းနဲ႔ေယာက္်ားေလးခ်င္းတြဲလို႔ ဘယ္လိုျဖစ္မွာလဲ... တြဲခ်င္းတြဲ မိန္းကေလးနဲ႔ပဲတြဲမွာေပါ့... တကယ္လို႔ ေယာက္်ားေလးခ်င္းတြဲျဖစ္ခ႔ဲရင္ေတာင္ မင္းကငါ့styleမဟုတ္ဘူး...Park Yeollie...''

''ဝါး...ဟား....ဟား...ဟား....''

''ဟား....ဟား.....ဟား....ဟား...... မင္းကငါ့styleမဟုတ္ဘူးတ႔ဲ...ဟား..ဟား....ဟား.....ဟား...''

သူ႔စကားေၾကာင္႔ အနိိးအနားမွာရိွတ႔ဲ သူငယ္ခ်င္းေတြက ဝိုင္းဟားကာ ေလွာင္ေျပာင္ၾကပါသည္။

Yeollieမ်က္လံုးေတြ ဂဏွာမျငိမ္ေတာ႔

''ငါ...ငါ....မင္းကို တကယ္ခ်စ္တာပါ Oh Sehun...!''

''မင္းရဲ႕စိတ္ကူးယဥ္အိမ္မက္ကေန နိူးထလိုက္ေတာ႔... မင္းသိေအာင္ေျပာလိုက္မယ္ ငါမင္းကို မခ်စ္ဘူး!!''

မယုံၾကည္ႏိုင္ဟန္ျဖင္႔ ေသြးပ်က္ျဖဴစုပ္သြားတ႔ဲ Yeollieက လက္ထဲက ပန္းပြင္႔ေလးကို ပစ္ခ်ခ႔ဲျပီး ထိုေနရာမွ ေျပးထြက္ေပ်ာက္ကြယ္သြားခ႔ဲတာ အခုအခ်ိန္ထိပင္ ျဖစ္ခ႔ဲပါသည္။

ဒါ...ဒါဆို သူေရာက္ေနတာ Yeollieရဲ႕ အိမ္လား...?

°~°~°~°~°~°~°~°~°~°~°~°~°~°~

အိပ္ခန္းတံခါးကို  အသာအယာဖြင္႔ကာ ထြက္လာခ႔ဲသည္။

တစ္အိမ္လံုးမွာ သူတစ္ေယာက္တည္းရိွသည့္အတိုင္း တိတ္ဆိတ္ျငိမ္သက္ေနပါသည္။

အိမ္ၾကီးက ၾကီးမားခန္႔ထည္ေပမ႔ဲ အသံုးအေဆာင္ ပစၥည္းပစၥယ အခန္းဖြဲ႔စည္းပုံေတြက ရိုးစင္းလွသည္။

တစ္အိမ္လံုးကို မီးခိုးျပာေရာင္ အႏုအရင္႔ပစၥည္းမ်ားျဖင္႔သာ အလွဆင္ထားပါသည္။

ေအာက္ထပ္ေရာက္သည္အထိ မည္သူ႔ကိုမ်ွမေတြ႔ရေသး...

မီးဖိုခန္းဟု ထင္ရေသာ အခန္းထဲ၌ အသံဗလံေတြ ၾကားေနရသျဖင္႔ ထိုအခန္းဆီသို႔ သူဝင္လာခ႔ဲသည္။

''မင္းႏိူးလာျပီလား Oh Sehun...! ငါအခုပဲ ညစာစားဖို႔ မင္းကိုလာႏိႈးေတာ႔မလို႔...''

ဟင္းသီးဟင္းရြက္မ်ားကို လွီးျဖတ္ေနရာမွ လွမ္းေျပာလိုက္တ႔ဲလူေၾကာင္႔ ေနရာမွာတင္ သူၾကက္ေသေသသြားမိပါသည္။

''မင္း....မင္း Park....Park....Chanyeol...! မဟုတ္ဘူး...! Park Yeollie...''

''အဟား....! မင္းကငါ့ကို မွတ္မိလြယ္သားပဲ... မေတြ႔တာၾကာျပီ Oh Sehun...! ငါဒီ႔ထက္ေစာျပီး မင္းကို လာေတြ႔သင္႔တာပါ... ျပန္ျပီး မိတ္ဆက္ပါေစ ငါ Park Yeollie...! အခု မင္းေရွ႕မွာရိွေနတ႔ဲငါက မင္းမသိတဲ႔..... အြန္း.... အခန္႔မသင္႔ရင္ မင္းမုန္းခ်င္မုန္းေနဦးမွာ...! မင္းေယာက္်ား Kim Jonginနဲ႔ ဇာတ္လမ္းတြဲအတူရိုက္ေနတ႔ဲ Park Chanyeolပါ... ငါ႔ဇာတ္ကားေတြေတာ႔ ၾကည့္ဖူးတယ္ဟုတ္''

''မင္းက တျခားတစ္ေယာက္လို ျဖစ္သြားခ႔ဲတာပဲ Yeollie... အခန္းထဲက မင္းဓါတ္ပုံကိုသာ ငါမေတြ႔ခ႔ဲရင္ ဘယ္လိုမွ မမွတ္မိႏိုင္ဘူး...''

''အ႔ဲဒီတုန္းကဆို ငါက ဘယ္သူမွ အဖက္မလုပ္ခ်င္တ႔ဲ စာၾကမ္းပိုး အူေၾကာင္ၾကားေလးေနာ္... Sehun...''

''မင္းသာ Park Yeollieဆိုရင္ေတာ႔ မ်က္လွည့္ျပျပီး လူစားထိုးခံလိုက္ရသလို မယုံႏိုင္ေလာက္ေအာင္ကို ေျပာင္းလဲသြားခ႔ဲတာပဲ...! မင္းရဲ႕ဇာတ္ကားေတြကိုလည္း ငါၾကည့္ဖူးပါတယ္ Park Chanyeol....''

''……………''

ႏွစ္ေယာက္ၾကားထဲ ေျပာစရာစကားမ်ား ေပ်ာက္ရွသြားခ႔ဲျပန္သည္။

''ဒါနဲ႔ ငါကဘယ္လိုလုပ္ျပီး မင္းအိမ္ထဲ ေရာက္ေနတာလဲ Chanyeol...''

''မင္းတို႔သတင္းေတြတက္လာေတာ႔ ဟိုကေလးလည္း ဘယ္လိုမွအဆင္မေျပႏိုင္ဘူးဆိုတာ ငါသိတယ္ေလ... ျပီးေတာ႔ မင္း...! ေျပာမို႔ေျပာတာမဟုတ္ဘူး ငါ့fanေတြက နည္းနည္းေတာ႔ဆိုးတယ္... မင္းကိုျပႆနာရွာၾကမွာေတာ႔ အေသအခ်ာပဲ... အ႔ဲဒါေၾကာင္႔ အေျခအေနသိရေအာင္ မင္းတို႔အိမ္ဘက္ ထြက္လာခ႔ဲတာ... ထင္တ႔ဲအတိုင္းပဲ... သူတို႔ေတြက မင္းကိုျပႆနာရွာေနၾကတယ္ေလ... ေတာ္ေသးတာေပါ့ငါအခ်ိန္မီွေရာက္လာလို႔... ဒါနဲ႔ မင္းကေနမေကာင္းပဲ ဘာလို႔ အိမ္ျပင္ထြက္လာတာလဲ...! မင္းေယာက္်ား Kim Jonginေရာ ဘယ္ေရာက္ေနလဲ...! မင္းမူးလဲသြားတာနဲ႔ သူ႔ဆီကို ငါဖုန္းဆက္ေနတာ အခုထိ ဆက္သြယ္လို႔မရဘူး...''

ဟိုးအရင္တုန္းက အူလည္လည္ အူေၾကာင္ေၾကာင္ျဖစ္ခ႔ဲတ႔ဲ အူေၾကာင္ၾကားေလးက အခုေတာ႔ အရာအားလံုးကို စီမံခန္႔ခြဲႏိုင္တ႔ဲ သက္လတ္ပိုင္းအရြယ္လူၾကီးတစ္ေယက္ ျဖစ္ေနပါျပီ

''ေက်းဇူးတင္ပါတယ္...ငါ ျပန္ေတာ႔မယ္...''

''မင္းထြက္လို႔ မျဖစ္ေသးဘူး Sehun ah... အိမ္အျပင္မွာ မင္းအိမ္ေရွ႕က လူအုပ္ထက္ ႏွစ္ဆမ်ားတ႔ဲလူေတြ ေစာင္႔ေနၾကတယ္...ျပီးေတာ႔... မင္းခႏၶာကိုယ္က ေလတိုက္တာနဲ႔ လဲေတာ႔မ႔ဲဟာ''

''……………''

''ကဲပါ... ဒီမွာ မင္းအတြက္ၾကက္ေပါင္းလုပ္ေပးထားတယ္... ညစာစားၾကရေအာင္ေလ...''

မျငင္းသာေတာ႔ပဲ ထမင္းစားပြဲမွာ ဝင္ထိုင္လိုက္ရပါေတာ႔သည္။

''ေရာ႔...! အားရိွျပီး ေႏြးသြားေအာင္ ၾကက္ေပါင္းပူပူေလးစားလိုက္...! အာ____ မင္းက ဇီးသီးေျခာက္မၾကိဳက္ဘူးေနာ္...! အၾကိဳက္ေတြေျပာင္းသြားျပီလား မသိေပမ႔ဲ ငါမထည့္ထားဘူး...''

''ရပါတယ္...''

ဟင္းရည္ပန္းကန္ေလးကို ဟိုထိုးေမႊ ဒီထိုးေမႊႏွင္႔ လက္ထဲကဖုန္းကို ၾကည့္ေနမိသည္။

မသိတ႔ဲ နံပတ္ေတြနဲ႔ ဖုန္းေခၚထားတာေတြကေတာ႔ အမ်ားၾကီးပင္...

သို႔ေပမ႔ဲ ေမ်ွာ္ေနမိခ႔ဲတ႔ဲ Lovely Jagi ဆိုသည့္ အမည္နာမေလးတစ္ခုေတာ႔ ပါမေနခ႔ဲပါ...

''Kim Jonginရဲ႕ဖုန္းကို ေမ်ွာ္ေနတာလား... Sehun ah...''

''……………''

Chanyeolရဲ့အေမးကို သူ မေျဖပဲ ဟင္းရည္ေလးကို အာစြတ္ရုံေသာက္လိုက္ပါသည္။

ဘယ္သူ႔ဖုန္းကို ေမ်ွာ္ေနတယ္ဆိုတာ ေနရာတကာ ေျပာျပဖို႔ မလိုဘူးမလား...

''စိတ္မပူပါနဲ႔ သူအဆင္ေျပေနပါတယ္...''

''ငါ့ကို ကူညီေစာင္႔ေရွာက္ေပးထားတ႔ဲအတြက္ ေက်းဇူးတင္ပါတယ္ Yeollie... အာ____ sorry... Park Chanyeol...''

''ဒီေန႔ညေတာ႔ မင္းဒီမွာပဲ ညအိပ္လိုက္ပါလား Sehun...!! မနက္ျဖန္မွ မင္းတစ္ခုခုစီစဥ္ေပါ့..''

''……………''

''အခုအခ်ိန္လည္း မင္းဘယ္လိုမွ ထြက္သြားဖို႔ မလြယ္လို႔ပါ...''

''ဒီေန႔ညေတာ႔ မင္းကိုပဲ အကူအညီေတာင္းရေတာ႔မွာပဲ... ငါ႔အတြက္နဲ႔မင္းကို အလုပ္ရႈပ္ေစမိျပီ''

''မလိုပါဘူး Sehun ah.....ေရာ႔...! ၾကက္သားေလး စားၾကည့္ပါဦး ငါလုပ္ထားတာ အရသာရိွရဲ႕လား...''

''ဟာ___ရပါတယ္ ငါ့ဟာငါ ထည့္စားပါ့မယ္... အရသာလည္း ရိွပါတယ္...  မင္းလည္းစားေလ... Chanyeol...''

''ငါလည္း စားပါတယ္...''

''ေက်းဇူးတင္ပါတယ္ Park Chanyeol... မနက္ျဖန္က်ရင္ေတာ႔ ငါတစ္ခုခုစီစဥ္ပါ့မယ္...''

''မလိုပါဘူးကြာ... ငါတို႔က သူငယ္ခ်င္းေတြပဲေလ... ညက်ေတာ႔ ဟိုးအရင္တုန္းကအေၾကာင္းေတြ ေရွးေဟာင္းေႏွာင္းျဖစ္ေတြျပန္ျပီးေျပာၾကမယ္ေလ...''

''အြန္း.... အ႔ဲဒီလိုပဲ လုပ္ၾကတာေပါ့... မင္းရဲ႕ၾကက္ေပါင္းက အရမ္းစားေကာင္းခ႔ဲပါတယ္...Chanyeol... ငါအေပၚတက္ေတာ႔မယ္ေနာ္''

''ေကာင္းပါျပီ... ညက်မွ ဘီယာေလးေသာက္ရင္း စကားေျပာၾကတာေပါ့...''

သူ Chanyeolကို ႏႈတ္ဆက္ျပီး အိမ္ေပၚထပ္ တက္လာခ႔ဲပါသည္။

ေခြးကေလး အဆင္ေျပေနရဲ႕လား...

ဆက္ရန္🔜🔜🔜

(unicode)

''အား....အွန်း.....ကျွတ်...ကျွတ်....''

သူ့တစ်ကိုယ်လုံး ညောင်းကိုက်ပြီး တောင့်တင်းနေပေမဲ့ နွေးထွေးပြီး သက်သောင့်သက်သာရှိလှပါသည်။

သူအညောင်းဆန့်လိုက်ရင်း မျက်လုံးကိုဖွင့်ကြည့်လိုက်သည်။

ကြီးမားကျယ်ဝန်းပြီး သန့်ရှင်းသပ်ရပ်အိပ်ခန်းကျယ်ကြီး....

အိပ်ခန်း၏ အလယ်တည့်တည့်တွင်ရှိသော King size ကုတင်ကြီးပေါ် သူရောက်နေပါသည်။

အင်္ကျီအဝတ်အစားတွေက ပွချောင်နေသဖြင့် ငုံ့ကြည့်လိုက်တော့ သူ့အဝတ်အစားတွေမဟုတ်...

အိပ်ယာထဲမှ အသာထထိုင်ကာ အခန်းထဲသို့ ဝေ့ဝဲအကဲခတ်လိုက်ပါသည်။

အခန်းထဲ၌ နောက်ဆုံးပေါ် အသုံးအဆောင်တွေချည်းပင်...

ဟင်...! သူ....သူက.....

အခန်းထောင့်ရှိ စင်လေးပေါ်၌ ထောင်ထားသော ဓါတ်ပုံမှန်ဘောင်လေးကြောင့် Sehun အံ့အားသင့်သွားခဲ့ရပါသည်။

ဓါတ်ပုံထဲ၌ ***မြို့ရဲ့အထက်တန်းကျောင်းဝတ်စုံကို ဝတ်ထားတဲ့ ကောင်လေးတစ်ယောက်...ရှေ့ဆံပင်ကို မှိုပွင့်လေးလို တိတိရိရိညှပ်ထားပြီး စာကြမ်းပိုးလို မျက်မှန်ဝိုင်းလေးတပ်ထားပါသည်။

ဒီလိုပုံက သူ့ဘဝမှာ နှစ်ယောက်မရှိနိုင်...

''ငါမင်းကို သဘောကျတယ် Oh Sehun... ငါ့အချစ်ကို လက်ခံပေးပါ....''

မျက်မှန်ဝိုင်းလေးတပ်ထားတဲ့ သူ့ရွယ်တူအူကြောင်ကြားကောင်လေးက နှင်းဆီပန်းအနီရောင်လေးကို သူ့ဆီထိုးပေးပြီး ရှက်ရွံဟန်ဖြင့် ခေါင်းကိုငုံ့ထားပါသည်။

''wow....! woo..! woo! Oh Sehun...! Oh Sehun...!!''

''Park Yeollie...! Park Yeollie...!''

ကျောင်းသူကျောင်းသားတွေက ညာသံတွေပေးပြီး ဝိုင်းအော်နေကြသောကြောင့် Sehunရှက်လာသည်။

''မင်းမရှက်ဘူးလား...! မင်းငါ့ကို ဘာတွေသောက်ရူးလာထနေလား Yeollie...! ငါက ယောက်ျားလေး...! မင်းနဲ့ယောက်ျားလေးချင်းတွဲလို့ ဘယ်လိုဖြစ်မှာလဲ... တွဲချင်းတွဲ မိန်းကလေးနဲ့ပဲတွဲမှာပေါ့... တကယ်လို့ ယောက်ျားလေးချင်းတွဲဖြစ်ခဲ့ရင်တောင် မင်းကငါ့styleမဟုတ်ဘူး...Park Yeollie...''

''ဝါး...ဟား....ဟား...ဟား....''

''ဟား....ဟား.....ဟား....ဟား...... မင်းကငါ့styleမဟုတ်ဘူးတဲ့...ဟား..ဟား....ဟား.....ဟား...''

သူ့စကားကြောင့် အနိးအနားမှာရှိတဲ့ သူငယ်ချင်းတွေက ဝိုင်းဟားကာ လှောင်ပြောင်ကြပါသည်။

Yeollieမျက်လုံးတွေ ဂဏှာမငြိမ်တော့

''ငါ...ငါ....မင်းကို တကယ်ချစ်တာပါ Oh Sehun...!''

''မင်းရဲ့စိတ်ကူးယဉ်အိမ်မက်ကနေ နိူးထလိုက်တော့... မင်းသိအောင်ပြောလိုက်မယ် ငါမင်းကို မချစ်ဘူး!!''

မယုံကြည်နိုင်ဟန်ဖြင့် သွေးပျက်ဖြူစုပ်သွားတဲ့ Yeollieက လက်ထဲက ပန်းပွင့်လေးကို ပစ်ချခဲ့ပြီး ထိုနေရာမှ ပြေးထွက်ပျောက်ကွယ်သွားခဲ့တာ အခုအချိန်ထိပင် ဖြစ်ခဲ့ပါသည်။

ဒါ...ဒါဆို သူရောက်နေတာ Yeollieရဲ့ အိမ်လား...?

°~°~°~°~°~°~°~°~°~°~°~°~°~°~

အိပ်ခန်းတံခါးကို  အသာအယာဖွင့်ကာ ထွက်လာခဲ့သည်။

တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းရှိသည့်အတိုင်း တိတ်ဆိတ်ငြိမ်သက်နေပါသည်။

အိမ်ကြီးက ကြီးမားခန့်ထည်ပေမဲ့ အသုံးအဆောင် ပစ္စည်းပစ္စယ အခန်းဖွဲ့စည်းပုံတွေက ရိုးစင်းလှသည်။

တစ်အိမ်လုံးကို မီးခိုးပြာရောင် အနုအရင့်ပစ္စည်းများဖြင့်သာ အလှဆင်ထားပါသည်။

အောက်ထပ်ရောက်သည်အထိ မည်သူ့ကိုမျှမတွေ့ရသေး...

မီးဖိုခန်းဟု ထင်ရသော အခန်းထဲ၌ အသံဗလံတွေ ကြားနေရသဖြင့် ထိုအခန်းဆီသို့ သူဝင်လာခဲ့သည်။

''မင်းနိူးလာပြီလား Oh Sehun...! ငါအခုပဲ ညစာစားဖို့ မင်းကိုလာနှိုးတော့မလို့...''

ဟင်းသီးဟင်းရွက်များကို လှီးဖြတ်နေရာမှ လှမ်းပြောလိုက်တဲ့လူကြောင့် နေရာမှာတင် သူကြက်သေသေသွားမိပါသည်။

''မင်း....မင်း Park....Park....Chanyeol...! မဟုတ်ဘူး...! Park Yeollie...''

''အဟား....! မင်းကငါ့ကို မှတ်မိလွယ်သားပဲ... မတွေ့တာကြာပြီ Oh Sehun...! ငါဒီ့ထက်စောပြီး မင်းကို လာတွေ့သင့်တာပါ... ပြန်ပြီး မိတ်ဆက်ပါစေ ငါ Park Yeollie...! အခု မင်းရှေ့မှာရှိနေတဲ့ငါက မင်းမသိတဲ့..... အွန်း.... အခန့်မသင့်ရင် မင်းမုန်းချင်မုန်းနေဦးမှာ...! မင်းယောက်ျား Kim Jonginနဲ့ ဇာတ်လမ်းတွဲအတူရိုက်နေတဲ့ Park Chanyeolပါ... ငါ့ဇာတ်ကားတွေတော့ ကြည့်ဖူးတယ်ဟုတ်''

''မင်းက တခြားတစ်ယောက်လို ဖြစ်သွားခဲ့တာပဲ Yeollie... အခန်းထဲက မင်းဓါတ်ပုံကိုသာ ငါမတွေ့ခဲ့ရင် ဘယ်လိုမှ မမှတ်မိနိုင်ဘူး...''

''အဲ့ဒီတုန်းကဆို ငါက ဘယ်သူမှ အဖက်မလုပ်ချင်တဲ့ စာကြမ်းပိုး အူကြောင်ကြားလေးနော်... Sehun...''

''မင်းသာ Park Yeollieဆိုရင်တော့ မျက်လှည့်ပြပြီး လူစားထိုးခံလိုက်ရသလို မယုံနိုင်လောက်အောင်ကို ပြောင်းလဲသွားခဲ့တာပဲ...! မင်းရဲ့ဇာတ်ကားတွေကိုလည်း ငါကြည့်ဖူးပါတယ် Park Chanyeol....''

''……………''

နှစ်ယောက်ကြားထဲ ပြောစရာစကားများ ပျောက်ရှသွားခဲ့ပြန်သည်။

''ဒါနဲ့ ငါကဘယ်လိုလုပ်ပြီး မင်းအိမ်ထဲ ရောက်နေတာလဲ Chanyeol...''

''မင်းတို့သတင်းတွေတက်လာတော့ ဟိုကလေးလည်း ဘယ်လိုမှအဆင်မပြေနိုင်ဘူးဆိုတာ ငါသိတယ်လေ... ပြီးတော့ မင်း...! ပြောမို့ပြောတာမဟုတ်ဘူး ငါ့fanတွေက နည်းနည်းတော့ဆိုးတယ်... မင်းကိုပြဿနာရှာကြမှာတော့ အသေအချာပဲ... အဲ့ဒါကြောင့် အခြေအနေသိရအောင် မင်းတို့အိမ်ဘက် ထွက်လာခဲ့တာ... ထင်တဲ့အတိုင်းပဲ... သူတို့တွေက မင်းကိုပြဿနာရှာနေကြတယ်လေ... တော်သေးတာပေါ့ငါအချိန်မှီရောက်လာလို့... ဒါနဲ့ မင်းကနေမကောင်းပဲ ဘာလို့ အိမ်ပြင်ထွက်လာတာလဲ...! မင်းယောက်ျား Kim Jonginရော ဘယ်ရောက်နေလဲ...! မင်းမူးလဲသွားတာနဲ့ သူ့ဆီကို ငါဖုန်းဆက်နေတာ အခုထိ ဆက်သွယ်လို့မရဘူး...''

ဟိုးအရင်တုန်းက အူလည်လည် အူကြောင်ကြောင်ဖြစ်ခဲ့တဲ့ အူကြောင်ကြားလေးက အခုတော့ အရာအားလုံးကို စီမံခန့်ခွဲနိုင်တဲ့ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယေက် ဖြစ်နေပါပြီ

''ကျေးဇူးတင်ပါတယ်...ငါ ပြန်တော့မယ်...''

''မင်းထွက်လို့ မဖြစ်သေးဘူး Sehun ah... အိမ်အပြင်မှာ မင်းအိမ်ရှေ့က လူအုပ်ထက် နှစ်ဆများတဲ့လူတွေ စောင့်နေကြတယ်...ပြီးတော့... မင်းခန္ဓာကိုယ်က လေတိုက်တာနဲ့ လဲတော့မဲ့ဟာ''

''……………''

''ကဲပါ... ဒီမှာ မင်းအတွက်ကြက်ပေါင်းလုပ်ပေးထားတယ်... ညစာစားကြရအောင်လေ...''

မငြင်းသာတော့ပဲ ထမင်းစားပွဲမှာ ဝင်ထိုင်လိုက်ရပါတော့သည်။

''ရော့...! အားရှိပြီး နွေးသွားအောင် ကြက်ပေါင်းပူပူလေးစားလိုက်...! အာ____ မင်းက ဇီးသီးခြောက်မကြိုက်ဘူးနော်...! အကြိုက်တွေပြောင်းသွားပြီလား မသိပေမဲ့ ငါမထည့်ထားဘူး...''

''ရပါတယ်...''

ဟင်းရည်ပန်းကန်လေးကို ဟိုထိုးမွှေ ဒီထိုးမွှေနှင့် လက်ထဲကဖုန်းကို ကြည့်နေမိသည်။

မသိတဲ့ နံပတ်တွေနဲ့ ဖုန်းခေါ်ထားတာတွေကတော့ အများကြီးပင်...

သို့ပေမဲ့ မျှော်နေမိခဲ့တဲ့ Lovely Jagi ဆိုသည့် အမည်နာမလေးတစ်ခုတော့ ပါမနေခဲ့ပါ...

''Kim Jonginရဲ့ဖုန်းကို မျှော်နေတာလား... Sehun ah...''

''……………''

Chanyeolရဲ့အမေးကို သူ မဖြေပဲ ဟင်းရည်လေးကို အာစွတ်ရုံသောက်လိုက်ပါသည်။

ဘယ်သူ့ဖုန်းကို မျှော်နေတယ်ဆိုတာ နေရာတကာ ပြောပြဖို့ မလိုဘူးမလား...

''စိတ်မပူပါနဲ့ သူအဆင်ပြေနေပါတယ်...''

''ငါ့ကို ကူညီစောင့်ရှောက်ပေးထားတဲ့အတွက် ကျေးဇူးတင်ပါတယ် Yeollie... အာ____ sorry... Park Chanyeol...''

''ဒီနေ့ညတော့ မင်းဒီမှာပဲ ညအိပ်လိုက်ပါလား Sehun...!! မနက်ဖြန်မှ မင်းတစ်ခုခုစီစဉ်ပေါ့..''

''……………''

''အခုအချိန်လည်း မင်းဘယ်လိုမှ ထွက်သွားဖို့ မလွယ်လို့ပါ...''

''ဒီနေ့ညတော့ မင်းကိုပဲ အကူအညီတောင်းရတော့မှာပဲ... ငါ့အတွက်နဲ့မင်းကို အလုပ်ရှုပ်စေမိပြီ''

''မလိုပါဘူး Sehun ah.....ရော့...! ကြက်သားလေး စားကြည့်ပါဦး ငါလုပ်ထားတာ အရသာရှိရဲ့လား...''

''ဟာ___ရပါတယ် ငါ့ဟာငါ ထည့်စားပါ့မယ်... အရသာလည်း ရှိပါတယ်...  မင်းလည်းစားလေ... Chanyeol...''

''ငါလည်း စားပါတယ်...''

''ကျေးဇူးတင်ပါတယ် Park Chanyeol... မနက်ဖြန်ကျရင်တော့ ငါတစ်ခုခုစီစဉ်ပါ့မယ်...''

''မလိုပါဘူးကွာ... ငါတို့က သူငယ်ချင်းတွေပဲလေ... ညကျတော့ ဟိုးအရင်တုန်းကအကြောင်းတွေ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြီးပြောကြမယ်လေ...''

''အွန်း.... အဲ့ဒီလိုပဲ လုပ်ကြတာပေါ့... မင်းရဲ့ကြက်ပေါင်းက အရမ်းစားကောင်းခဲ့ပါတယ်...Chanyeol... ငါအပေါ်တက်တော့မယ်နော်''

''ကောင်းပါပြီ... ညကျမှ ဘီယာလေးသောက်ရင်း စကားပြောကြတာပေါ့...''

သူ Chanyeolကို နှုတ်ဆက်ပြီး အိမ်ပေါ်ထပ် တက်လာခဲ့ပါသည်။

ခွေးကလေး အဆင်ပြေနေရဲ့လား...

ဆက်ရန်🔜🔜🔜

Continue Reading

You'll Also Like

34.8K 1.8K 61
Lena is nearly done with grad school and the small town she's been living in for the past two years. Having been on her own for most of her life, she...
11.7K 1.1K 48
စတွေ့တဲ့အချိန်တုန်းက တစ်စက်ကလေးမှကြည့်မရခဲ့ပေမဲ့လို့ အခုအချိန်မှာတော့ မင်းကိုကြည့်မဝတော့ဘူးအချစ်ရယ်... ...
15.2K 1.3K 39
Dayton Valentino is a 20-year-old single dad of an almost 2-year-old son, Darien. They lives with his 3 older brothers and sister-in-law. Dayton work...
3.4K 262 23
Dev Aditya Singh Rathore, CEO of Rathore Corporations, king of Udaipur is known to be a man of dangerous intimidating aura. He's ric...