(zawgyi)
နေမှာပေါ့ "
ယူလိုက်၏.....
"အကိုကြီး..........
လှည့်ပြီး
"ဟုတ် အကိုချန်းယောလ်....
"ငါ ငါအဆင်ပြေတယ် ရီဖန်
"လာပါ ရီဖန် ပြန်ရအောင်"
ကြောက်နေမိတယ်...
"အကိုကြီး....
"ပြောလေ အချစ်....
ဆေးလိမ်းပေးနေသည်
ကောင်းအုံးမယ် အခုက......
ရိုက်ရမှာလား "
"အဲ့ဒါက...........
ရီဖန်ကိုပေါ့..."
"................."
ခရီးသွားရမယ် "
လာသည်....
ဟွန်းနားမှာနေပေးပါ "
မရှိတဲ့အချိန်မှာ ကောင်းကောင်းနေနော်"
ထားလိုက်မယ် "
မယူတော့ဘူး...
ဖုန်းမကိုင်ဘူး....
ဖြစ်မှာပဲ...... "
..............................
လိုက်မယ်လေ "
"ဝပြီ ဒါတောင်မကုန်ပြီ"
ဘူး ရီဖန်"
ပင်လယ်စာခေါက်ဆွဲဆို
"ကောင်းပါတယ် "
ပြီးရင် ပြန်မယ်... "
"အွန်းလေ ဘာဖြစ်လို့လဲ"
"ငါရောလိုက်ခဲ့မယ်လေ "
အိပ်ချင်နေပြီ အဟီး"
တွေ့မယ် တာ့တာ "
"အေးပါ "
ပို့လာတယ်
ပြီပဲ....
"ဘာလဲဟ!"
"ဟာ!....
ကပ်သီလေးရပ်သွားတယ်
စာအုပ်အိတ်လေး
ကြည့်မိတော့....
"အ အကိုချန်းယောလ်......
ကားပေါ်ကဆင်းလာပြီ...
ခပ်ဟဟ ရီမောလိုက်တယ်....
လိုက်၏....
"ဟက်.....
တလမ်းလုံး တဟား ဟားနဲ့
ပြန်တော့တယ်...
TBC.....
_____________________
(unicode)
"အ အကိုကြီးထင်သလို မဟုတ်.......
"အကို့ဆီပေးလေ ရီဖန် မင်းညောင်း
နေမှာပေါ့ "
ဆယ်ဟွန်းဖြေရှင်းချက်ပေးမလို့
လုပ်ပေးမဲ့ အကိုကြီးက ဘာမှမဖြစ်သလို
ရီဖန်လက်ထဲက ကျတော်ကိုလွဲပြောင်း
ယူလိုက်၏.....
"အကိုကြီး..........
ဆယ်ဟွန်းခပ်တိုးတိုးခေါ်တာကို
မကြားသလိုနေကာ မင်ဆော့တို့ဘက်
လှည့်ပြီး
"မင်ဆော့တို့ ဒီနေ့ပြန်လိုက်တော့လေ
အကိုဒီနေ့ရုံးမတက်ဘူး "
"ဟုတ် အကိုချန်းယောလ်....
မင်ဆော့က နာခံပေမဲ့ ရီဖန်က
ဆယ်ဟွန်းကိုစိုးရိမ်သလိုလှမ်းကြည့်လာ၏
"ဆယ်ဟွန်း မင်းဖြစ်ရဲ့လား "
"ငါ ငါအဆင်ပြေတယ် ရီဖန်
မင်းတို့ပြန်လိုက်တော့လေ "
"လာပါ ရီဖန် ပြန်ရအောင်"
မင်ဆော့ဆွဲခေါ်ရာနောက် ရီဖန်
ယက်ကန်ယက်ကန်ပါသွားလေသည်..
ရီဖန်စိုးရိမ်နေတာကို ဆယ်ဟွန်း
နားလည်ပါတယ် ကိုယ်တိုင်လည်း
ကြောက်နေမိတယ်...
"အကိုကြီး....
လှေကားပေါ် ဆယ်ဟွန်းကိုချီကာ
တက်နေတဲ့ အကိုကြီးက ကြည့်လာတယ်
"ပြောလေ အချစ်....
"ဟွန်းချော်လဲလို့ ရီဖန်ချီတာပါ
တခြားဘာစိတ်မှမရှိပါဘူး "
အကိုကြီးက ခပ်ပြုံးပြုံးဖြင့်သာ
အခန်းထဲရောက်တော့လည်း ဆယ်ဟွန်း
ကိုအိပ်ယာပေါ်ချပေးကာ ခြေထောက်ကို
ဆေးလိမ်းပေးနေသည်
ဘာမှလည်းမပြောဘူး အဲ့လိုကြီးလုပ်
နေတာကိုဆယ်ဟွန်းကြောက်တာ
ဟိုတစ်ခါလို ဒေါသထွက်လိုက်ပြီး
ခြေထောက်ရိုက်ချိုးရင်တောင်
ကောင်းအုံးမယ် အခုက......
"အကိုကြီး ဟွန်းကို စိတ်ဆိုးနေတာလားဟင်"
"မဆိုးပါဘူး ခြေထောက်က သက်သာရဲ့လား"
"အကိုကြီး ဟွန်းကို ရိုက်ချင်ရိုက်လိုက်ပါ
အဲ့လိုကြီးမနေပါနဲ့နော်"
"ဟွန်းကအမှားလုပ်လို့ အကိုကြီးက
ရိုက်ရမှာလား "
"အဲ့ဒါက...........
"ဘယ်သူ့မှ စိတ်မဆိုးဘူး မင်ဆော့တို့ကို
ကျေးဇူးတောင်တင်ရအုံးမယ် အထူးသဖြင့်
ရီဖန်ကိုပေါ့..."
"................."
"ကဲပါ ထားလိုက်တော့ အကိုကြီး
ခရီးသွားရမယ် "
"ဟင်? ဘယ်ကိုလဲ ဘယ်တော့လဲ"
"ဒီနေ့ည အင်း အလုပ်ကိစ္စပါ
၃ရက်လောက်ကြာမယ် အနည်းဆုံး"
အကိုကြီး မျက်လုံးများက ပုံမှန်မဟုတ်
တာကြောင့် ဆယ်ဟွန်းစိုးရိမ်စိတ်ဝင်
လာသည်....
အကိုကြီးကို သိုင်းဖက်ကာ
"မသွားလို့ မရဘူးလားဟင်
ဟွန်းနားမှာနေပေးပါ "
"လိမ္မာပါတယ် ခဏပဲ အကိုကြီး
မရှ်ိတဲ့အချိန်မှာ ကောင်းကောင်းနေနော်"
ဆယ်ဟွန်းပြန်မဖြေပဲ ငြိမ်နေမိသည်
"အကိုကြီး ရေချိုးအုံးမယ်"
"ဟုတ် ဟွန်း အဝတ်စားတွေထည့်
ထားလိုက်မယ် "
"ဟင့်အင်း အကိုကြီး အဝတ်စားတွေ
မယူတော့ဘူး...
ဆယ်ဟွန်း စိတ်ထဲ ဇဝေဇဝါဖြစ်သွားရ၏
အကိုကြီး ဘယ်ကိုသွားမလို့လဲ?
ညနေစာစားသောက်ပြီး အကိုကြီးက
ကားနဲ့ထွက်သွားလေတော့သည်...
ဆယ်ဟွန်းချက်ချင်းပဲ အကိုရှင်းဆီ
ဖုန်းခေါ်လိုက်တယ် ဒါမဲ့ အကိုရှင်းက
ဖုန်းမကိူင်ဘူး....
"ငါစိုးရိမ်လွန်လို့နေမှာပါ အကိုကြီး
တကယ်အလုပ်ကိစ္စနဲ့ခရီးသွားတာ
ဖြစ်မှာပဲ...... "
ဆယ်ဟွန်း အိပ်ယာပေါ်သာ
အတွေးများစွာနဲ့ လှဲနေမိတော့၏
..............................
"ရီဖန် မင်းဝရဲ့လား ငါထပ်မှာ
လိုက်မယ်လေ "
"ဝပြီ ဒါတောင်မကုန်ပြီ"
"အစားနည်းလိုက်တာ မင်းနေမကောင်း
ဘူး ရီဖန်"
ပင်လယ်စာခေါက်ဆွဲဆို
အရမ်းကြိုက်တဲ့ကောင်က
"ကောင်းပါတယ် "
ရီဖန် မျက်နှာမကောင်းတာကို
မင်ဆော့ ရိပ်မိတာကြောင့်
"မင်းဆယ်ဟွန်းကိုစိုးရိမ်နေတာလား"
"အွန်း ဟိုတခါလို ဖြစ်မှာ
ကြောက်တာ ငါ့သူငယ်ချင်းကို
ငါ့ကြောင့် မထိခိုက်စေချင်ဘူး
ငါတို့က ရိုးရိုးသားသားနေတာ မင်း
လည်းသိရဲ့သားနဲ့ အရင်ရက်ကဆို
ငါသေချာဂရုတစိုက်ရှောင်နေတာ ဒီနေ့မှ
ပက်ပင်းတိုးတယ်လို့ ကျစ်!"
"အကိုချန်းယောလ်က အခြေနေကောင်း
နေပါပြီ နားလည်မှာပါ ကြည့်လေ နေ့လယ်ကပုံမှန်ပဲလေ"
"ဟုတ်မှာပါ ဆယ်ဟွန်း အဆင်ပြေမှာပါနော်"
"ဒါပေါ့ ကဲစားတော့ စားတော့
ပြီးရင် ပြန်မယ်... "
နှစ်ယောက်သား စားသောက်ပြီး
အချိုရည်တစ်ဗူးစီသောက်ကာ အိမ်ကို
လမ်းလျှောက်ပြန်ခဲ့ကြသည်...
"မင်းအိမ်တန်းပြန်မှာလား မင်ဆော့"
"အွန်းလေ ဘာဖြစ်လို့လဲ"
"အဲ့ဆို အရင်ပြန်နှင့်လိုက် ငါ
စာအုပ်ဝင်ဝယ်စရာရှိလို့"
"ငါရောလိုက်ခဲ့မယ်လေ "
"ရပါတယ် မင်းအိမ်လည်းရောက်တော့မှာ
ငါ့ဘာသာသွားဝယ်လိုက်ပါမယ် "
"အေးပါ ငါလည်းစားသောက်ပြီး
အိပ်ချင်နေပြီ အဟီး"
"သိနေပါတယ် အဲ့ဆို မနက်ဖြန်မှ
တွေ့မယ် တာ့တာ "
"အင်း ဂရုစိုက်ပြန်နော် ရီဖန်"
"အေးပါ "
မင်ဆော့ နဲ့ လမ်းခွဲကာ ရီဖန်စာအုပ်ဆိုင်
ဝင်ပြီး အိမ်ပြန်လာခဲ့သည်...
လမ်းမှာ ဆယ်ဟွန်းကို သတိရတာမို့
အဆင်ပြေလား မက်ဆေ့လှမ်းပို့လိုက်တယ်
ခဏကြာတော့ သူအဆင်ပြေကြောင်း
နဲ့သူ့အကိုကြီးခရီးထွက်သွားကြောင့်
ပို့လာတယ်
တော်ပါသေးတယ် မင်ဆော့ပြောသလို
အကိုချန်းယောလ်က အခြေနေကောင်းနေ
ပြီပဲ....
"ဟူးး အခုမှပဲ စိတ်ပေါ့သွားတော့တယ်"
စာအုပ်အိတ်ကလေးရမ်းကာ
အိမ်ပြန်လာတုန်း အိမ်နားမရောက်ခင်
အနည်းငယ်လူပြတ်တဲ့နေရာရောက်တော့
ရပ်ထားတဲ့ ကားတစီးက မျက်နှာတည့်တည့် ကားမီးနဲ့ထိုးလာသည်....
"ဘာလဲဟ!"
မျက်နှာကိုလက်နဲ့ကာပြီး ထိုကားကို
မြင်အောင်ကြည့်ပေမဲ့ မီးရောင်က
အရမ်းစူးနေလို့မမြင်ရ....
ချက်ချင်းဆိုသလို ထိုကားက
စက်နိုးပြီး ရီဖန်ဆီလာနေပြီ...
"ဟာ!....
ရီဖန်လည်း မပြေးပဲ ကြောင်နေမိ၏
ဒါမဲ့ ကားက ရီဖန်နားလည်းရောက်ရော
ကပ်သီလေးရပ်သွားတယ်
ရီဖန်လက်ထဲကကိုင်ထားတဲ့
စာအုပ်အိတ်လေး
တောင်လန့်ပြီးပြုတ်ကျသွားသည်
ကားမီးကလည်းပိတ်လိုက်တယ်
ဘာလဲသိချင်တာမို့ အလောတကြီး
ကြည့်မိတော့....
"အ အကိုချန်းယောလ်......
အကိုချန်းယောလ်က ကားပေါ်ကနေ
စူးစူးကြီး ရီဖန်ကိုကြည့်နေ၏
ဆယ်ဟွန်းပြောတော့ အကိုချန်းယောလ်က
ခရီးထွက်သွားတယ်ဆို အခုက ဘယ်လိုလုပ်
ပြီးဒီကိုရောက်နေတာလဲ.
ရီဖန်အတွေးတွေ ယောက်ယက်ခတ်
ကုန်ပြီ...အကိုချန်းယောလ်ကလည်း
ကားပေါ်ကဆင်းလာပြီ...
မဟုတ်မှ.....ငါ့ ငါ့ကိုလာသတ်တာလား?...
ရီဖန်ကြောက်ကြောက်နဲ့ ထွက်ပြေးဖို့
ကြံပေမဲ့ နောက်ကျခဲ့ပြီ...
သိလိုက်ရတာက ဒုတ်ခနဲဆိုတဲ့အသံနဲ့အတူ
ရီဖန်ခေါင်းကြီးပူထူသွားလေသည်...
ပြီးတော့ ဘာမှမသိတော့ဘူး...
ချန်းယောလ် မိမိ သံလုံးနဲ့ရိုက်လိုက်လို့
လမ်းမပေါ်လှဲကျနေတဲ့ရီဖန်ကို ကြည့်ကာ
ခပ်ဟဟ ရီမောလိုက်တယ်....
ပြီးတော့ ရီဖန်ကိုပခုံးပေါ်ထမ်းပြီး
ကားနောက်ဖုံးထဲ ပစ်သွင်းလိုက်ကာ
အသင့်ပါလာတဲ့ ကြိုးတွေနဲ့
ခြေထောက်တွေလက်တွေကို
ပူးကာ ကြိုးနဲ့ခပ်တင်းတင်း ချည်
လိုက်၏....
"ဟက်.....
ကားဖုံးပိတ်လိုက်ပြီး မြို့ပြင်တစ်နေရာ
ဆီသို့ ဦးတည်ကာမောင်းလိုက်သည်...
တလမ်းလုံး တဟား ဟားနဲ့
စိတ်လွတ်ကိုယ်လွတ်ရီမောနေ
ပြန်တော့တယ်...
"မင်းသေရတော့မယ် ဝူရီဖန် ဟားးးး"
TBC.....