မဖတ္ခင္ သတိျပဳရမယ့္အခ်က္ေလးေျပာခ်င္ပါတယ္။ Songနဲ႔ေတြ႔လို႔စကားေျပာတ့ဲစကားအဂၤလိပ္လိုဘဲေျပာတာေနာ္။အဂၤလိပ္လိုေရးရင္အဆင္မေျပလို႔။😁suriေျပာခ်င္တာနားလည္တယ္မလား။ ခ်စ္တယ္...😍
"သား..ဒီနိုင္ငံရဲ႕ရတနာေခၚရထာေလး ဒီကဦးရီးေတာ္ကိုကယ္ေတာ္မူပါဦးဘုရား.."
ထြက္လာသံေသာ ေရွးေလသံသည္ မင္းရထာေခါင္းကို ပိုၿပီးခါယမ္းေစ၍ လက္ခါယမ္းျခင္းပါ အစစ္ပိုပါေစသည္။ ထိုသို႔တုန႔္ျပန္လာသည့္ ရထာရဲ႕အမူအရာမ်ားေၾကာင့္ ေရွးမင္းမ်ားအား
မႉးမတ္ေတြေလွ်ာက္တင္သလို ခါးကုန္း၍လက္ႏွစ္ဖက္ေရွ႕ထုတ္ထားရာမွ ဆိုဖာေပၚထိုင္ေနသည့္ တူျဖစ္သူမင္းရထာေရွ႕အား ဦးေဖ ဒူးေထာက္ခ်လိဳက္သည္။
"ဟာဗ်ာ!! ဦးေဖ ဘာလုပ္တာတုန္း!"
ဦးေဖရဲ႕လုပ္ရပ္ကို မႀကိဳက္ေၾကာင္း ပါးစပ္ကတားသံ ထြက္လာေပမယ့္ ဆိုဖာေပၚမွာပဲ
မင္းရထာက ထိုင္ထားဆဲျဖစ္သည္။"ထပါ ဦးေဖရာ"လို႔သြားမေျပာရဲ ေျပာရင္ ဦးေဖခိုင္းသလို လုပ္ရလိမ့္မည္။ ဒါမ်ိဳးေတြက ရိုးေနပါၿပီဦးေဖရာ။ ထို႔ေၾကာင့္ လုပ္ခ်င္သလိုလုပ္ပါေစဟုသာ လႊတ္ထားမိသည္။ ဦးေဖက ဆန္ရရင္ဆီ ဆီရရင္ဆား အားမနာတမ္းေတာင္းတတ္သည့္ လူမ်ိဳးသာျဖစ္သည္။ နည္းနည္းေလး အသံေဖ်ာ့ၾကည့္ပါလား “တူေလးကယ္ပါဦး”စ၍ အစခ်ီလိုက္မယ့္ ျဖစ္ျခင္းအေထြေထြ။
"ဒီကဦးရီးေတာ္အမွားမို႔ ရထာေလးကကယ္ေပးပါဦးကြာ ဦးေလးရဲ႕ေလာဘေၾကာင့္ပါ ဒါေၾကာင့္ကယ္ပါကြာ"
"ဟာ!! စိတ္ညစ္တယ္ဗ်ာ!!! မရဘူး!! မကယ္ဘူး”
ေအာ္လိုက္ေတာ့ ဦးေဖက ေနာက္ကိုလန္သြားဟန္ ဟန္လုပ္သည္။
မ်က္ႏွာလႊဲထားသည့္ မင္းရထာကလည္း မာန္ေလ်ာ့မည္ဟန္ စိုးစဥ္းမွ်မရွိေၾကာင္း ဦးေဖရိပ္မိလိုက္သည္။ မိမိေတာင္းဆိုခ်က္ကို ရထာ လိုက္ေလ်ာဖို႔ဆို ဒီ့ထက္ပီျပင္ေအာင္ သ႐ုပ္ေဆာင္ဖို႔လိုေၾကာင္း ဦးေဖ သိလိုက္ၿပီ။
ထို႔ေၾကာင့္ မ်က္ရည္ေတြထြက္ေအာင္ ဦးေဖက အားနဲ႕ဖ်စ္ညစ္ကာ..
"ရထာေလးမွမကယ္ရင္ ဒီကဦးေလးကို ဘယ္သူလာကယ္ေတာ့မွာလဲ !!! သားကို သားရဲ႕ဝါသနာ ဒီလုပ္ငန္းအတြက္ ဒီကဦးေလးက အကုန္လိုက္လုပ္ေပးခဲ့သမွ်ကို ဒီနည္းနဲ႕ ေက်းဇူးဆပ္လိုက္တယ္ေပါ့ ရထာေလးကြာ!"
ရထားက ဦးေဖရဲ႕ထိုအဓိပၸာယ္မဲ့လွေသာစကားေၾကာင့္ ရႈံ႕မဲ့သြားသည့္မ်က္ႏွာႏွင့္အတူ ဦးေဖကိုလွည့္ၾကည့္ေတာ့ ဦးေဖက မထြက္တဲ့မ်က္ရည္ေတြကိုညွစ္ကာ ငိုေနလ်က္ရွိသည္။ ကိုယ္ရဲ႕ပညာအရည္အခ်င္းက မည္သည့္အဆင့္မွာရွိေၾကာင္း ရထာ သိသည္။ ထို႔ေၾကာင့္ ခုနကေျပာလိုက္သည့္ ဦးေဖစကားကို စကားနာထိုးဖို႔အတြက္ မ်က္ႏွာခ်ီထားလိုက္ကာ.......
"ဒီမွာ ဦးေဖ ဒီ႐ုံးမွာ အလုပ္မရလဲ ဘာသာစကား သုံးမ်ိဳးထက္တတ္ထားတဲ့ကြၽန္ေတာ့္အတြက္ အလုပ္ရဖို႔ အလြယ္ေလးသိလား"
ရထာက တကယ့္အခ်က္ကိုေထာက္ျပတာေၾကာင့္ ငိုေနတာေတာင္ ဦးေဖနင္သြားသည္။ သို႔ေပမယ့္လည္း ဦးေဖက လက္မေလ်ာ့ဘဲ မထြက္သည့္မ်က္ရည္ကိုညွစ္ကာ ပို၍က်ယ္ေသာ အသံႏွင့္ေအာ္ငိုလိုက္မိသည္။
"ရထာေလးရဲ႕!! ကူညီပါကြာ"
"ဘာျဖစ္လို႔ လူမရွိဘဲလက္ခံတုန္း ေလာဘႀကီးတုန္းကမ်ိဳစို႔ထားၿပီး"
"ဟာ!! ဦးရီးေတာ္ကို ဒီလိုေတာင္ေျပာေနၿပီေပါ့ တူႀကီးက အူးဝါး"
"နားညီးတယ္ဗ်ာ "
ဆံပင္ၾကားထဲလက္ထိုးဖြကာ ရထာက စိတ္ညစ္ဟန္အမူအရာျပဳ၏။ ဦးေဖကလည္း တကယ္ကိုအကူအညီလိုေနတာလား၊ ဟန္ေဆာင္ေျပာေနတာလားဆိုတာ ရထာကိုယ္တိုင္လည္း မစဥ္းစားနိုင္၊မသိနိုင္ေတာ့ပါ။ သက္ျပင္းခ်၍သာ အက်ိဳးအေၾကာင္း ေမးရေတာ့သည္။
"တကယ္အဆင္မေျပတာလား ကြၽန္ေတာ့္ကိုဂ်င္းလာမေကြၽးနဲ႕ေနာ္ င႐ုတ္သီးေတာင့္ ေကြၽးပစ္မွာ"
ဟုတ္သည္ ဒီကိစၥေတြမွာေတာ့ မိမိကိုလိမ္ခိုင္းတာ ရထာမႀကိဳက္ေပ။
င႐ုတ္သီးလိုက္ေစာင့္ထိုးမွာတဲ့ ဘယ္ေလာက္ေတာင္ပူလိုက္မယ့္ျဖစ္ျခင္းလဲ။ ဦးေဖခင္ဗ်ာ ထိုစကားၾကားမွ ပါးစပ္ပူလာသလိုလိုေတာင္ ခံစားရသည္။ ဘာပဲျဖစ္ျဖစ္ မိမိေျပာတာလက္ခံၿပီမို႔ ၾကမ္းျပင္ေပၚထိုင္ေနရာကေန ရထာရဲ႕ ဆိုဖာလက္ရမ္းေပၚဝင္ထိုင္ၿပီး ရထာ့ပခုံးကို ဖက္ထားလိုက္သည္။
"တကယ္ပါငါ့တူရယ္ ဦးေလးရဲ႕ လူေတြကမေန႕ကတင္ က်လာတဲ့တ႐ုတ္ေတြကို ဂိုက္လိုက္ေပးေနရတယ္ ငါ့တူတစ္ေယာက္ထဲရွိလို႔ပါကြာ မယုံရင္စာရင္းစစ္လို႔ရပါတယ္"
"တကယ္ အဂၤလန္သားလား"
"အင္း အဲ့တာေတြမေတြးပါနဲ႕ကြာ သူကအရင္ငွါးထားၿပီးပါရဲ႕ ျမန္မာေရာက္လာမွ ျပႆနာျဖစ္သလားလို႔ အထင္ေသးသြားမွာ "
"ဦးေဖကိုက ေလာဘႀကီးေနတာ"
"ရထာေလးကလည္း ဦးေဖ ေမ့ေနတာပါ၊ လက္ခံတယ္မလား ဒါဆိုsongရဲ႕အခ်က္အလက္ေတြေပးမယ္"
"အင္း အင္း ၊ ဘယ္ႏွစ္လထိလဲ"
"လပိုင္းေလာက္ပါပဲ"
"အင္းေလ ဘယ္ႏွစ္လထိလဲလို႔"
ရထာက ျပန္ေမးလိုက္သည္။
"လပိုင္းပါပဲလို႔"
ဦးေဖက လူလည္က်ကာ အတိအက်မေျပာေပ။ ၾကာရင္ ရထာ ဂိုက္မလိုက္ေပးမွာမို႔ထင္သည္။ ရထာက သက္ျပင္းခ်ကာ ဆက္မေမးေတာ့ဘဲေနလိုက္သည္။ ဘယ္လိုပဲေနေန သူပဲဂိုက္လိုက္ေပးရမည္မလား။
"ၿပီးသာပဲဗ်ာ"
"လိမၼာလိုက္တာ ငါ့တူကြ"
ပါးကို လာနမ္းေတာ့မည့္ ဦးေဖမ်က္ႏွာအားတြန္းထည့္လိုက္ၿပီး ႐ုံးခန္းထဲက ထြက္လာခဲ့သည္။လိုခ်င္တာရေတာ့ ငါ့တူအေတာ္ဆုံးတဲ့။ ကိုယ္မုန္းတဲ့အဂၤလန္သားမွ ဂိုက္ျပခိုင္းရတယ္လို႔။ ကိုယ့္ ဦးေလးအလုပ္မွာ ဝင္လုပ္မိတဲ့မိမိသာ အမွား။
အဂၤလန္ ဂ်ပန္ တ႐ုတ္ စတဲ့လူမ်ိဳးေတြကို ဘယ္ေတာ့မွ ဂိုက္မလိုက္ပါဘူးလို႔ ေျပာထားရဲ႕ကို ဦးေဖကအၿမဲျပသနာရွာသည္။အရင္ကေတာ့လုံးဝအျပတ္ျငင္းသည္ ။အခုက ထိုအဂၤလန္သားသည္ ေရွးေဟာင္းစာတမ္းျပဳစုဖို႔အတြက္ ျမန္မာကိုလာေလ့လာတာျဖစ္ၿပီး မလာခင္လအလိုကတည္းက ႀကိဳဆက္သြယ္ၿပီးသားတဲ့။ ထိုသို႔ ဆက္သြယ္ထားရက္မွ ဦးေဖက ေမ့ေပ်ာက္လြဲေခ်ာ္ၿပီး ထိုအဂၤလန္သားအတြက္ ဂိုက္စီစဥ္မထားမိခဲ့ဘူးတဲ့။ အခုအဘယ္သူ႕ကိုမွ အကူအညီေတာင္းလို႔မရေတာ့ ကိုယ့္ဆီသာေရာက္လာသည္။ ျဖစ္လာမွေတာ့ မိမိတို႔ျမန္မာလူမ်ိဳးအား အထင္မေသးေအာင္သာ မိမိရဲ႕စိတ္ကို တတ္နိုင္သမွ်ခ်ိဳးႏွိမ္ၿပီး လိုက္ရေပဦးမည္။
......................................................................
"သား ဘယ္လိုတုန္း အလုပ္မွာအဆင္ေျပလား"
လက္ဖက္ရည္ေသာက္ၿပီးေနာက္ လက္ဖက္ရည္ခြက္ကို ပန္းကန္ျပားေပၚျပန္တင္ကာ မ်က္ႏွာခ်င္းဆိုင္မွာထိုင္ေနသည့္သားျဖစ္သူအား စကားစမိသည္။
ရထာက ေခါင္းခါယမ္းလာကာ......
"မေျပဘူး အေဖ"
"ဟားဟား!"
ဦးမင္း ေအာ္ရယ္လိုက္သည္။ မေျပရသည့္ အေၾကာင္းျပခ်က္ကိုလည္း ညီျဖစ္သူဆီက ၾကားၿပီးလို႔သိၿပီးေပမယ့္ သားကိုတမင္ေမးလိုက္ျခင္းပင္။ သားသည္ ငယ္ငယ္ထဲကေရွးရိုးဆြဲသည္။
သမိုင္းဆိုတဲ့စာကို ဖတ္တတ္ၿပီးကတည္းက ျမန္မာ့အေမြအမ်ားစုကို မီးေလာင္တိုက္ဖ်က္ဆီးပစ္ခဲ့သည့္ အဂၤလိပ္လူမ်ိဳး ႏွင့္ ဂ်ပန္လူမ်ိဳးေတြကို မုန္းသည္ဟု သားကဆိုသည္။ ထို႔ေၾကာင့္ ျဖစ္နိုင္ရင္ အဂၤလိပ္ဘာသာေတာင္ မသင္ခ်င္ေပတဲ့။ သို႔ေသာ္လည္း မိသားစုစီးပြားေရးကို စိတ္မဝင္စားဘဲ ဧည့္လမ္းၫႊန္ျဖစ္ခ်င္သည့္ သားရည္႐ြယ္ခ်က္ေၾကာင့္ အဂၤလိပ္စာကိုသာ ပိုင္နိုင္ေအာင္လုပ္ခဲ့ေပမယ့္ အ႐ြယ္ရလာတဲ့အခါ ကိုရီးယား ထိုင္း ဖိလစ္ပိုင္ တ႐ုတ္ ျပင္သစ္ စပိန္ စတဲ့ဘာသာေတြကိုသင္ခဲ့ၿပီး ထိုလူမ်ိဳးေတြကိုသာေ႐ြးခ်ယ္၍ မႏၲေလးရဲ႕
သမိုင္းဝင္ေနရာေတြအား လိုက္လံျပသခဲ့သည္။အခုေတာင္ မႏၲေလးက တ႐ုတ္ၿမိဳ႕ ျဖစ္ေနခဲ့ၿပီဆိုၿပီး သားရဲ႕အမုန္းက တစ္ခုေတာင္ပိုလာသည္။
"သားရဲ႕ ဦးေလးလည္း ဒုကၡမေရာက္ေအာင္ သည္းခံလိုက္ပါ လပိုင္းဘဲ"
"အင္း သား ေသခ်ာလုပ္ပါ့မယ္"
"ေတာ္တယ္ သား"
သားဖႏွစ္ေယာက္ မနက္စာကိုစားရင္ သမိုင္းေၾကာင္း ႏွင့္ ေရွးေဟာင္းအေၾကာင္း ေဆြးေႏြးေျပာဆိုၾကသည္။ ဒါကေန႕တစ္ေန႕မွာ ျဖစ္ေနက်လဳပ္ငန္းတစ္ခုျဖစ္သည္။ ျမန္မာေတြရဲ႕ အတိတ္မွာျဖစ္ခဲ့သည့္ ရဲရင့္မႈတို႔ကို ေျပာရသည့္အခါ သားရဲ႕မ်က္လုံးေတြသည္ တမလြန္သို႔ ကူးေျပာင္းသြားသည့္ ၾကင္သူမ်က္လုံးေတြလို ေတာက္ပလြန္းသည့္အတြက္ ႏွစ္ေယာက္တည္းရွိလ်င္ေတာင္ မိမိဇနီးရဲ႕အေငြ႕အသက္ေလးေတြကိုေတာ့ ခံစားမိသည္။
"အခုရက္ပိုင္းေကာ လိုက္ဖို႔ရွိလား"
"ရွိတယ္အေဖ ကိုရီးယားလူမ်ိဳးေတြကို အင္းဝလိုက္ပို႔ေပးရမယ္"
"ႀကိဳးစား သား"
"ဟုတ္!"
"ဒါဆို အေဖကုမၼဏီ သြားဦးမယ္"
"ျဖည္းျဖည္းသြားပါ အေဖ"
ၿခံထဲမွာရပ္ထားသည့္ကားထိ အေဖ့အား ရထာလိုက္ပို႔ေပးျဖစ္သည္။ မခ်မ္းသာသလို မဆင္းရဲသည့္ အလတ္တန္းစီးပြားေရးပညာရွင္ျဖစ္ေပမယ့္ ျမန္မာဆန္စြာ မိမိတို႔အိမ္ကို အမရပူရေခတ္ကလို တစ္ထပ္အိမ္ပုံစံကိုမွ ေျခတံရွည္ေဆာက္လုပ္ထားသည္။ လက္မႈပညာအျဖစ္ ေရွးေခတ္က ႐ုပ္လုံး႐ုပ္ႂကြေတြကို နံရံေတြမွာ သြန္းထုထားသည္။ ဒီအိမ္သည္မိမိအတြက္ နတ္ဘုံပမာ ထည္ဝါလွသည္မွာ အမွန္တရားျဖစ္ေပသည္။ မိသားစုပုံရိပ္ေတြႏွင့္ျပည့္ႏွက္ေနသည့္ ဒီအိမ္ႀကီးဟာ ျမန္မာမႈလက္ရာမ်ားျဖင့္လည္း တင့္တယ္လွပလို႔ေနသည္။
ၿခံထဲကေနထြက္သြားသည့္ အေဖ့ကားကိုေမွ်ာ္ၾကည့္ေနတုန္း ဖုန္းထဲဝင္လာသည့္ မက္ေဆ့တစ္ေစာင္အသံကို ၾကားလိုက္ရသည္။
"က်က္သေရကိုမရွိဘူး"
ဖြင့္ၾကည့္လိုက္မွ မိမိရဲ႕ မဂၤလာအေပါင္းနဲ႕ျပည့္စုံေနတဲ့ မနက္ခင္းက ထိုမက္ေဆ့တစ္ေစာင္ေၾကာင့္ အမဂၤလာျဖစ္သြားရသည္။ ထိုမက္ေဆ့သည္ အျခားအေၾကာင္းအရာမဟုတ္ပါ။ ဦးေဖ ပို႔လိုက္သည့္ song ဆိုတဲ့သူအေၾကာင္းပင္။ဖုန္းထဲမွာ ရွိတာေတာင္ မႀကိဳက္သည္မို႔ ထိုမက္ေဆ့အားဖ်က္ပစ္လိုက္သည္။ ထိုရဲ႕ အက်ိဳးဆက္ကိုေတာ့ မင္းရထာ ေကာင္းေကာင္းႀကီး ခံရမယ္ဆိုတာ မသိခဲ့ေပ။
......................................................................
နာမည္ျပားကိုေျမာက္ထားရသည့္ ရထာ့လက္က ေညာင္းကိုက္လာရသည္။ အခုထိထြက္မလာေသးတဲ့ လူျဖဴအား ရထာစိတ္မရွည္ေတာ့ပါ။ နာမည္ျပားျမင္ေအာင္ ျမင့္ျမင့္ေျမာက္ထားရသည့္ လက္ကိုခ်ကာ လက္သီးျဖင့္ထုေနမိသည္။
"ေညာင္းလိုက္တာ"
"ကိုယ္ ကိုင္ထားေပးမယ္ေလ"
"ရပါတယ္ မင္းလည္းေညာင္းေနမွာပဲ”
သြားတန္းညီညီ ေပၚေအာင္ရယ္ျပလာသည့္ ရထာ့ေနာက္ကိုသြားကာ သူ႕ပခုံးကို ေနေစာ ႏွိပ္ေပးေနလိုက္သည္။
"ရပါတယ္ဆို ေနေစာ မင္းကေလ၊ ႏွိပ္ခ်င္သပဆိုလည္း ႏွိပ္ကြာ အေညာင္းေျပလိုက္တာ အင္း ႏွိပ္ "
ဟန္မေဆာင္တတ္တဲ့ ရထာ့အမူအရာေၾကာင့္ ေနေစာၿပဳံးမိျပန္သည္။ ဒီလိုခင္မင္မႈေလးရဖို႔ သူဘယ္ေလာက္ေတာင္ႀကိဳးစားခဲ့ရသလဲ။ ျဖစ္ခဲ့သမွ်သည္ ကိုယ့္အမွားေတြသာမို႔ မည္သူ႕မွအျပစ္မဆိုရဲ။ ရထာ့အခ်စ္ကို ရခဲ့ပါရဲ႕ မိမိလက္နဲ႕ ဖ်က္ပစ္ခဲ့မိသည္။
ႏွစ္ဖက္မိဘသေဘာတူတြဲခဲ့သည့္ ရထာႏွင့္သူသည္ တစ္ခ်ိန္ကအရမ္းခ်စ္ခဲ့သည့္ ခ်စ္သူႏွစ္ဦးျဖစ္ပါသည္။ သို႔ေပမယ့္ မိန္းကေလးတစ္ေယာက္ရဲ႕ အလွအပေနာက္ပါသြားတယ့္ သူသည္ ရထာ့ကို လမ္းခြဲခဲ့မိသည္။ အဲ့လုပ္ရပ္ဟာ ေနေစာဆိုတဲ့လူသားတစ္ေယာက္ ဘ၀အတြက္ အမွားႀကီးတစ္ခုျဖစ္ခဲ့သည္။ ထိုမိန္းကေလးတြဲတဲ့အခ်ိန္ၾကာလာေတာ့ တကယ္ခ်စ္တဲ့သူဟာ ရထာမွန္းသိသြားခ်ိန္တြင္ေတာ့ ရထာသည္ သူ႔ကိုမုန္းေနေလၿပီ။
ခြင့္လႊတ္ေပးဖို႔ ရထာ့အား ေတာင္းပန္ရင္းမွ ေနာက္ဆုံး ဒီလိုသူငယ္ခ်င္းအျဖစ္ ေနခြင့္ရခဲ့သည္။ သို႔ေသာ္ျငား အရင္လို ရထာ့ရဲ႕အနမ္းေတြကို မခံယူနိုင္ေတာ့။ ေမႊးလြန္းလွသည့္ ရထာ့ရဲ႕ ကိုယ္သင္းနံ႕ေလးကိုမရႈရွိုက္နိုင္ေတာ့။ သို႔ေပမယ့္ ကံတရားေထာက္မစြာ ရထာ့ရဲ႕ အၿပဳံးေတြကိုေတာ့ ေဘးကေနၾကည့္ခြင့္ေတာ့ ေပးခဲ့ပါသည္။
"ၾကာတာကြာ တကယ္ကိုေညာင္းေနၿပီ"
"ဒါဆို ဟိုအနားမွာထိုင္ေန ငါေစာင့္ေနေပးမယ္"
songဆိုသည့္ ဧည့္သည္ကို ေလယာဥ္ဆင္းေစာင့္ေနသည္မွာ ေတာ္ေတာ္ၾကာေနၿပီျဖစ္သည္။ ခုခ်ိန္သည့္ထြက္မလာေသးေတာ့ ရထာစိတ္တိုေနၿပီ၊ထို႔ထက္ ေညာင္းတာကပိုသည္။ ေနေစာ က ထိုင္ဖို႔ေျပာေတာ့ မျငင္းခ်င္တာထက္ မျငင္းနိုင္တာပိုမ်ားသျဖင့္ နာမည္ဘုတ္ကို ေပးခဲ့ကာ
ထိုင္လို႔ရသည့္တစ္ေနရာမွာ ထိုင္ေစာင့္လိုက္သည္။
"စလာကတည္းက ေကာင္းက်ိဴးမေပးဘူး"
ေျမျပင္ေပၚမွာ ေျခေထာက္စင္းထိုင္ၿပီး ကိုယ့္ေပါင္ကိုလက္သီးဆုတ္နဲ႕ ရထာ ထုေနသည္။ ဟိုတစ္ေန႕ကအင္းဝကိုလိုက္ျပခဲ့ရေတာ့ ေညာင္းကိုက္ေနမႈကပိုဆိုးသည္။
"Hello "
ေနေစာေရွ႕ လာရပ္သည့္ နိုင္ငံျခားသားတစ္ေယာက္။အရပ္ရွည္သည္ဆိုတဲ့မိမိအရပ္ထက္ ပိုစြာအရပ္ေကာင္းၿပီးခန႔္လွသည့္ ခႏၶာကိုယ္ေၾကာင့္ ေနေစာမနာလိုမိသည္။ တိုင္းျခားသားဆန္ဆန္ ရွည္လ်ားသည့္အရပ္နဲ႕ ေလးေထာင့္ဆန္မ်က္ႏွာက သူ႕ပုံပန္းကိုတင့္တည္စြာ ဆင္ယင္သည္။
အားကစားဆံပင္တိုႏွင့္ ခပ္ေရးေရးရွိသည့္ မုဆိတ္ေတြက ဆြဲေဆာင္မႈတစ္ခု၊ ထို႔ထက္ အျပာေရာင္ဘက္မဟုတ္ဘဲ မီးခိုေရာင္ဘက္သမ္းေနသည့္မ်က္စံကပိုၿပီးဆြဲေဆာင္မႈအားျပင္းသည္။ ထိုသူက နာမည္ဆိုင္းဘုတ္ကို လက္ညိုးထိုးျပကာ "song" ဟုေရ႐ြတ္ျပသည္။ထိုအခါမွ သူကsongမွန္း ေနေစာသိရသည္။
"အာ လိုက္ခဲ့ပါ"
ထိုသူ႕ကို ထိုင္ေနသည့္ ရထာ့ဆီ ဦးတည္၍ ေခၚလာခဲ့သည္။
" ရထာ song လာၿပီ"
"မင္ဂလာပါ ေတြ႕ကတာ ဝမ္းတာဖာတယ္"
မပီမသအသံႏွင့္ႏႈတ္ဆက္ကာ အေရွ႕က လူ႕ယဥ္ေက်းေလးဆီ songလက္လွမ္းလိုက္သည္။ သို႔ေသာ္လည္း ထိုေကာင္ေလးသည္ မိမိအထင္နဲ႕ျခားနားစြာ လက္ဖဝါးႏွစ္ခုကိုပူးကပ္ၿပီး
ခပ္ေခ်ေခ်မ်က္ႏွာထားနဲ႕ဆိုလာသည့္စကားက..
"မဂၤလာပါ ႀကိဳဆိုပါတယ္"
လွမ္းေနသည့္လက္အား songမွာ ရွက္ရွက္ႏွင့္ေနာက္ဆုတ္ကာ ပုံစံတူလက္အုပ္ခ်ီၿပီး ၿပဳံးျပလိုက္သည္။ တစ္စိတ္ song စိတ္ထဲ ေတြးမိတာ တစ္ခုရွိသည္။ ဒီေကာင္ေလးသည္
သူၾကားဖူးခဲ့သည့္ ျမန္မာလူမ်ိဳးတို႔က အၿမဲအၿပဳံးနဲ႕ႀကိဳဆိုပါသည္မဟုတ္။ မ်က္လုံးေတြထဲမွာ ရွိသည့္ အမုန္းတရားေတြက ေပၚလြင္လွသည္။ ဒါပထမဆုံးေတြ႕ဖူးျခင္းပါ။
"ဒါဆို လိုက္ခဲ့ပါ"
"Ok..ဟိတ္ သယ္ေပးဦးေလ"
ေရွ႕ကထြက္သြားသည့္ ေကာင္ေလးကို လွမ္းေအာ္ေျပာလိုက္သည္။ မေက်နပ္စြာ ေကာင္ေလးက မ်က္ေမွာင္က်ဳံ႕ထားဆဲ။ နာမည္မ်ား မေခၚလိုက္၍မ်ား ထိုသို႔ျဖစ္သလားလို႔
ထင္ၿပီး ခုနကၾကားလိုက္သည့္ နာမည္ကိုေခၚဖို႔ song ႀကိဳးစားမိသည္။
"သယ္ေပးဦးေလ...ရ....ရာ...အာ..ရမ္းေထာ..ဟုတ္တယ္မလား နာမည္က..ရမ္းေထာ.."
Songရဲ႕ ခင္မင္ရင္းႏွီးစြာ အၿပဳံးနဲ႕ နာမည္ေခၚလိုက္ျခင္းသည္ ပီတိျဖစ္စရာေပမယ့္ မင္းရထာအတြက္ေတာ့ ေစာ္ကားလိုက္သလိုခံစားရသည္။ မိမိ ေလးစားအားက်ရတဲ့အေနာ္ရထာမင္းရဲ႕ ေနာက္နာမည္ႏွစ္လုံးယူထားတာကို ဘာတဲ့..ရမ္းေထာ..။
"အားဟား.."
ေခါင္းကိုေမာ့ကာ ထြက္လာသည့္ ေဒါသအလုံးအရင္းလိုက္ကို သက္ျပင္းခ်ျခင္းျဖင့္ ရထာေျဖေလ်ာ့ေနရသည္။ အေၾကာင္းသိတဲ့ ေနေစာကေတာ့ ထိုအမူအရာေလးကိုခ်စ္လြန္းလို႔ ဖက္နမ္းပစ္ခ်င္စိတ္တဖြာဖြားနဲ႕ပင္။ ၾကည့္ပါဦး နာမည္မွားေခၚတာနဲ႕ စိတ္တိုရေအာင္ ကေလးလား ရထာရယ္။ နိုင္ငံျခားသားေပါင္းစုံရဲ႕ အစုံေခၚသံကို ၾကားဖူးပါရက္ ဒီတစ္ေယာက္မွ ခ်စ္ဖို႔ေကာင္းေအာင္ စိတ္တိုရေလသလားလို႔ စိတ္ရွိလက္ရွိ ရထာ့အား ေနေစာဖက္နမ္းလိုက္ခ်င္သည္။
"ကဲ သြားပါ ကားေပၚကေစာင့္ ငါသယ္လာေပးမယ္"
"ေအး မင္းသယ္လာေပး မဟုတ္ရင္ ငါေသြးတက္ေသေတာ့မယ္"
လူပုသူေတြစိတ္တိုရင္တကယ္ကို ခ်စ္ဖို႔ေကာင္းသည္။ သာဓကဆို ရထာ့ကိုသာၾကည့္ေတာ့။ songရဲ႕အိတ္ကိုယူေတာ့ ဘာမ်ားသူမွားသြားသလဲလို႔ သူ႕မွာေမးေနရွာသည္။
"ငါစိတ္အေႏွာင့္အယွက္ျဖစ္တဲ့စကားေျပာမိလို႔လား ရမ္းေထာ က ဘာလို႔ စိတ္ဆိုးသြားရတာလဲ ဟိတ္ မင္းနာမည္းကေကာ ဘာလဲ ရမ္းေထာရဲ႕ ျပသနာကဘာလဲ"
တကယ့္ျပသနာက မင္းပဲလို႔ ေနေစာမွာ ေျပာလိုက္ခ်င္ေပမယ့္ မေျပာေတာ့ဘဲ ေခါင္းသာခါယမ္းျပမိသည္။
ကားေပၚေရာက္ၿပီးတစ္လမ္းလုံး ရမ္းေထာ လို႔ေခၚေနသည့္ တေကာင့္သားကို ရထာ ဆြဲထိုးပစ္ခ်င္လွသည္။ သို႔ေပမယ့္ ထိန္းထားရသည့္စိတ္က အတင္းအက်ပ္ေရာက္ေနသလို။
ရထာ ဟ ငတုံးရ ရထာ ဟ ႀကီးျမတ္တဲ့ရထာလို႔ ေအာ္ေျပာလိုက္ခ်င္သည္။သို႔ေပမယ့္
မ်က္လုံးသာမွိတ္၍ ကားမွီကို မွီၿပီး အိပ္စက္ေတာ့သည္။
ထိုသို႔ရထာျပဳေတာ့ စည္းကမ္းရွိနိုင္ငံႀကီးသားလူျဖဴထံမွအသံထြက္မလာေတာ့ေပ။
.............................................................
မဖတ်ခင် သတိပြုရမယ့်အချက်လေးပြောချင်ပါတယ်။ Songနဲ့တွေ့လို့စကားပြောတ့ဲစကားအင်္ဂလိပ်လိုဘဲပြောတာနော်။အင်္ဂလိပ်လိုရေးရင်အဆင်မပြေလို့။😁suriပြောချင်တာနားလည်တယ်မလား။ ချစ်တယ်...😍
"သား..ဒီနိုင်ငံရဲ့ရတနာခေါ်ရထာလေး ဒီကဦးရီးတော်ကိုကယ်တော်မူပါဦးဘုရား.."
ထွက်လာသံသော ရှေးလေသံသည် မင်းရထာခေါင်းကို ပိုပြီးခါယမ်းစေ၍ လက်ခါယမ်းခြင်းပါ အစစ်ပိုပါစေသည်။ ထိုသို့တုန့်ပြန်လာသည့် ရထာရဲ့အမူအရာများကြောင့် ရှေးမင်းများအား
မှူးမတ်တွေလျှောက်တင်သလို ခါးကုန်း၍လက်နှစ်ဖက်ရှေ့ထုတ်ထားရာမှ ဆိုဖာပေါ်ထိုင်နေသည့် တူဖြစ်သူမင်းရထာရှေ့အား ဦးဖေ ဒူးထောက်ချလိုက်သည်။
"ဟာဗျာ!! ဦးဖေ ဘာလုပ်တာတုန်း!"
ဦးဖေရဲ့လုပ်ရပ်ကို မကြိုက်ကြောင်း ပါးစပ်ကတားသံ ထွက်လာပေမယ့် ဆိုဖာပေါ်မှာပဲ
မင်းရထာက ထိုင်ထားဆဲဖြစ်သည်။"ထပါ ဦးဖေရာ"လို့သွားမပြောရဲ ပြောရင် ဦးဖေခိုင်းသလို လုပ်ရလိမ့်မည်။ ဒါမျိုးတွေက ရိုးနေပါပြီဦးဖေရာ။ ထို့ကြောင့် လုပ်ချင်သလိုလုပ်ပါစေဟုသာ လွှတ်ထားမိသည်။ ဦးဖေက ဆန်ရရင်ဆီ ဆီရရင်ဆား အားမနာတမ်းတောင်းတတ်သည့် လူမျိုးသာဖြစ်သည်။ နည်းနည်းလေး အသံဖျော့ကြည့်ပါလား “တူလေးကယ်ပါဦး”စ၍ အစချီလိုက်မယ့် ဖြစ်ခြင်းအထွေထွေ။
"ဒီကဦးရီးတော်အမှားမို့ ရထာလေးကကယ်ပေးပါဦးကွာ ဦးလေးရဲ့လောဘကြောင့်ပါ ဒါကြောင့်ကယ်ပါကွာ"
"ဟာ!! စိတ်ညစ်တယ်ဗျာ!!! မရဘူး!! မကယ်ဘူး”
အော်လိုက်တော့ ဦးဖေက နောက်ကိုလန်သွားဟန် ဟန်လုပ်သည်။
မျက်နှာလွှဲထားသည့် မင်းရထာကလည်း မာန်လျော့မည်ဟန် စိုးစဉ်းမျှမရှိကြောင်း ဦးဖေရိပ်မိလိုက်သည်။ မိမိတောင်းဆိုချက်ကို ရထာ လိုက်လျောဖို့ဆို ဒီ့ထက်ပီပြင်အောင် သရုပ်ဆောင်ဖို့လိုကြောင်း ဦးဖေ သိလိုက်ပြီ။
ထို့ကြောင့် မျက်ရည်တွေထွက်အောင် ဦးဖေက အားနဲ့ဖျစ်ညစ်ကာ..
"ရထာလေးမှမကယ်ရင် ဒီကဦးလေးကို ဘယ်သူလာကယ်တော့မှာလဲ !!! သားကို သားရဲ့ဝါသနာ ဒီလုပ်ငန်းအတွက် ဒီကဦးလေးက အကုန်လိုက်လုပ်ပေးခဲ့သမျှကို ဒီနည်းနဲ့ ကျေးဇူးဆပ်လိုက်တယ်ပေါ့ ရထာလေးကွာ!"
ရထားက ဦးဖေရဲ့ထိုအဓိပ္ပာယ်မဲ့လှသောစကားကြောင့် ရှုံ့မဲ့သွားသည့်မျက်နှာနှင့်အတူ ဦးဖေကိုလှည့်ကြည့်တော့ ဦးဖေက မထွက်တဲ့မျက်ရည်တွေကိုညှစ်ကာ ငိုနေလျက်ရှိသည်။ ကိုယ်ရဲ့ပညာအရည်အချင်းက မည်သည့်အဆင့်မှာရှိကြောင်း ရထာ သိသည်။ ထို့ကြောင့် ခုနကပြောလိုက်သည့် ဦးဖေစကားကို စကားနာထိုးဖို့အတွက် မျက်နှာချီထားလိုက်ကာ.......
"ဒီမှာ ဦးဖေ ဒီရုံးမှာ အလုပ်မရလဲ ဘာသာစကား သုံးမျိုးထက်တတ်ထားတဲ့ကျွန်တော့်အတွက် အလုပ်ရဖို့ အလွယ်လေးသိလား"
ရထာက တကယ့်အချက်ကိုထောက်ပြတာကြောင့် ငိုနေတာတောင် ဦးဖေနင်သွားသည်။ သို့ပေမယ့်လည်း ဦးဖေက လက်မလျော့ဘဲ မထွက်သည့်မျက်ရည်ကိုညှစ်ကာ ပို၍ကျယ်သော အသံနှင့်အော်ငိုလိုက်မိသည်။
"ရထာလေးရဲ့!! ကူညီပါကွာ"
"ဘာဖြစ်လို့ လူမရှိဘဲလက်ခံတုန်း လောဘကြီးတုန်းကမျိုစို့ထားပြီး"
"ဟာ!! ဦးရီးတော်ကို ဒီလိုတောင်ပြောနေပြီပေါ့ တူကြီးက အူးဝါး"
"နားညီးတယ်ဗျာ "
ဆံပင်ကြားထဲလက်ထိုးဖွကာ ရထာက စိတ်ညစ်ဟန်အမူအရာပြု၏။ ဦးဖေကလည်း တကယ်ကိုအကူအညီလိုနေတာလား၊ ဟန်ဆောင်ပြောနေတာလားဆိုတာ ရထာကိုယ်တိုင်လည်း မစဉ်းစားနိုင်၊မသိနိုင်တော့ပါ။ သက်ပြင်းချ၍သာ အကျိုးအကြောင်း မေးရတော့သည်။
"တကယ်အဆင်မပြေတာလား ကျွန်တော့်ကိုဂျင်းလာမကျွေးနဲ့နော် ငရုတ်သီးတောင့် ကျွေးပစ်မှာ"
ဟုတ်သည် ဒီကိစ္စတွေမှာတော့ မိမိကိုလိမ်ခိုင်းတာ ရထာမကြိုက်ပေ။
ငရုတ်သီးလိုက်စောင့်ထိုးမှာတဲ့ ဘယ်လောက်တောင်ပူလိုက်မယ့်ဖြစ်ခြင်းလဲ။ ဦးဖေခင်ဗျာ ထိုစကားကြားမှ ပါးစပ်ပူလာသလိုလိုတောင် ခံစားရသည်။ ဘာပဲဖြစ်ဖြစ် မိမိပြောတာလက်ခံပြီမို့ ကြမ်းပြင်ပေါ်ထိုင်နေရာကနေ ရထာရဲ့ ဆိုဖာလက်ရမ်းပေါ်ဝင်ထိုင်ပြီး ရထာ့ပခုံးကို ဖက်ထားလိုက်သည်။
"တကယ်ပါငါ့တူရယ် ဦးလေးရဲ့ လူတွေကမနေ့ကတင် ကျလာတဲ့တရုတ်တွေကို ဂိုက်လိုက်ပေးနေရတယ် ငါ့တူတစ်ယောက်ထဲရှိလို့ပါကွာ မယုံရင်စာရင်းစစ်လို့ရပါတယ်"
"တကယ် အင်္ဂလန်သားလား"
"အင်း အဲ့တာတွေမတွေးပါနဲ့ကွာ သူကအရင်ငှါးထားပြီးပါရဲ့ မြန်မာရောက်လာမှ ပြဿနာဖြစ်သလားလို့ အထင်သေးသွားမှာ "
"ဦးဖေကိုက လောဘကြီးနေတာ"
"ရထာလေးကလည်း ဦးဖေ မေ့နေတာပါ၊ လက်ခံတယ်မလား ဒါဆိုsongရဲ့အချက်အလက်တွေပေးမယ်"
"အင်း အင်း ၊ ဘယ်နှစ်လထိလဲ"
"လပိုင်းလောက်ပါပဲ"
"အင်းလေ ဘယ်နှစ်လထိလဲလို့"
ရထာက ပြန်မေးလိုက်သည်။
"လပိုင်းပါပဲလို့"
ဦးဖေက လူလည်ကျကာ အတိအကျမပြောပေ။ ကြာရင် ရထာ ဂိုက်မလိုက်ပေးမှာမို့ထင်သည်။ ရထာက သက်ပြင်းချကာ ဆက်မမေးတော့ဘဲနေလိုက်သည်။ ဘယ်လိုပဲနေနေ သူပဲဂိုက်လိုက်ပေးရမည်မလား။
"ပြီးသာပဲဗျာ"
"လိမ္မာလိုက်တာ ငါ့တူကွ"
ပါးကို လာနမ်းတော့မည့် ဦးဖေမျက်နှာအားတွန်းထည့်လိုက်ပြီး ရုံးခန်းထဲက ထွက်လာခဲ့သည်။လိုချင်တာရတော့ ငါ့တူအတော်ဆုံးတဲ့။ ကိုယ်မုန်းတဲ့အင်္ဂလန်သားမှ ဂိုက်ပြခိုင်းရတယ်လို့။ ကိုယ့် ဦးလေးအလုပ်မှာ ဝင်လုပ်မိတဲ့မိမိသာ အမှား။
အင်္ဂလန် ဂျပန် တရုတ် စတဲ့လူမျိုးတွေကို ဘယ်တော့မှ ဂိုက်မလိုက်ပါဘူးလို့ ပြောထားရဲ့ကို ဦးဖေကအမြဲပြသနာရှာသည်။အရင်ကတော့လုံးဝအပြတ်ငြင်းသည် ။အခုက ထိုအင်္ဂလန်သားသည် ရှေးဟောင်းစာတမ်းပြုစုဖို့အတွက် မြန်မာကိုလာလေ့လာတာဖြစ်ပြီး မလာခင်လအလိုကတည်းက ကြိုဆက်သွယ်ပြီးသားတဲ့။ ထိုသို့ ဆက်သွယ်ထားရက်မှ ဦးဖေက မေ့ပျောက်လွဲချော်ပြီး ထိုအင်္ဂလန်သားအတွက် ဂိုက်စီစဉ်မထားမိခဲ့ဘူးတဲ့။ အခုအဘယ်သူ့ကိုမှ အကူအညီတောင်းလို့မရတော့ ကိုယ့်ဆီသာရောက်လာသည်။ ဖြစ်လာမှတော့ မိမိတို့မြန်မာလူမျိုးအား အထင်မသေးအောင်သာ မိမိရဲ့စိတ်ကို တတ်နိုင်သမျှချိုးနှိမ်ပြီး လိုက်ရပေဦးမည်။
......................................................................
"သား ဘယ်လိုတုန်း အလုပ်မှာအဆင်ပြေလား"
လက်ဖက်ရည်သောက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ပန်းကန်ပြားပေါ်ပြန်တင်ကာ မျက်နှာချင်းဆိုင်မှာထိုင်နေသည့်သားဖြစ်သူအား စကားစမိသည်။
ရထာက ခေါင်းခါယမ်းလာကာ......
"မပြေဘူး အဖေ"
"ဟားဟား!"
ဦးမင်း အော်ရယ်လိုက်သည်။ မပြေရသည့် အကြောင်းပြချက်ကိုလည်း ညီဖြစ်သူဆီက ကြားပြီးလို့သိပြီးပေမယ့် သားကိုတမင်မေးလိုက်ခြင်းပင်။ သားသည် ငယ်ငယ်ထဲကရှေးရိုးဆွဲသည်။
သမိုင်းဆိုတဲ့စာကို ဖတ်တတ်ပြီးကတည်းက မြန်မာ့အမွေအများစုကို မီးလောင်တိုက်ဖျက်ဆီးပစ်ခဲ့သည့် အင်္ဂလိပ်လူမျိုး နှင့် ဂျပန်လူမျိုးတွေကို မုန်းသည်ဟု သားကဆိုသည်။ ထို့ကြောင့် ဖြစ်နိုင်ရင် အင်္ဂလိပ်ဘာသာတောင် မသင်ချင်ပေတဲ့။ သို့သော်လည်း မိသားစုစီးပွားရေးကို စိတ်မဝင်စားဘဲ ဧည့်လမ်းညွှန်ဖြစ်ချင်သည့် သားရည်ရွယ်ချက်ကြောင့် အင်္ဂလိပ်စာကိုသာ ပိုင်နိုင်အောင်လုပ်ခဲ့ပေမယ့် အရွယ်ရလာတဲ့အခါ ကိုရီးယား ထိုင်း ဖိလစ်ပိုင် တရုတ် ပြင်သစ် စပိန် စတဲ့ဘာသာတွေကိုသင်ခဲ့ပြီး ထိုလူမျိုးတွေကိုသာရွေးချယ်၍ မန္တလေးရဲ့
သမိုင်းဝင်နေရာတွေအား လိုက်လံပြသခဲ့သည်။အခုတောင် မန္တလေးက တရုတ်မြို့ ဖြစ်နေခဲ့ပြီဆိုပြီး သားရဲ့အမုန်းက တစ်ခုတောင်ပိုလာသည်။
"သားရဲ့ ဦးလေးလည်း ဒုက္ခမရောက်အောင် သည်းခံလိုက်ပါ လပိုင်းဘဲ"
"အင်း သား သေချာလုပ်ပါ့မယ်"
"တော်တယ် သား"
သားဖနှစ်ယောက် မနက်စာကိုစားရင် သမိုင်းကြောင်း နှင့် ရှေးဟောင်းအကြောင်း ဆွေးနွေးပြောဆိုကြသည်။ ဒါကနေ့တစ်နေ့မှာ ဖြစ်နေကျလုပ်ငန်းတစ်ခုဖြစ်သည်။ မြန်မာတွေရဲ့ အတိတ်မှာဖြစ်ခဲ့သည့် ရဲရင့်မှုတို့ကို ပြောရသည့်အခါ သားရဲ့မျက်လုံးတွေသည် တမလွန်သို့ ကူးပြောင်းသွားသည့် ကြင်သူမျက်လုံးတွေလို တောက်ပလွန်းသည့်အတွက် နှစ်ယောက်တည်းရှိလျင်တောင် မိမိဇနီးရဲ့အငွေ့အသက်လေးတွေကိုတော့ ခံစားမိသည်။
"အခုရက်ပိုင်းကော လိုက်ဖို့ရှိလား"
"ရှိတယ်အဖေ ကိုရီးယားလူမျိုးတွေကို အင်းဝလိုက်ပို့ပေးရမယ်"
"ကြိုးစား သား"
"ဟုတ်!"
"ဒါဆို အဖေကုမ္မဏီ သွားဦးမယ်"
"ဖြည်းဖြည်းသွားပါ အဖေ"
ခြံထဲမှာရပ်ထားသည့်ကားထိ အဖေ့အား ရထာလိုက်ပို့ပေးဖြစ်သည်။ မချမ်းသာသလို မဆင်းရဲသည့် အလတ်တန်းစီးပွားရေးပညာရှင်ဖြစ်ပေမယ့် မြန်မာဆန်စွာ မိမိတို့အိမ်ကို အမရပူရခေတ်ကလို တစ်ထပ်အိမ်ပုံစံကိုမှ ခြေတံရှည်ဆောက်လုပ်ထားသည်။ လက်မှုပညာအဖြစ် ရှေးခေတ်က ရုပ်လုံးရုပ်ကြွတွေကို နံရံတွေမှာ သွန်းထုထားသည်။ ဒီအိမ်သည်မိမိအတွက် နတ်ဘုံပမာ ထည်ဝါလှသည်မှာ အမှန်တရားဖြစ်ပေသည်။ မိသားစုပုံရိပ်တွေနှင့်ပြည့်နှက်နေသည့် ဒီအိမ်ကြီးဟာ မြန်မာမှုလက်ရာများဖြင့်လည်း တင့်တယ်လှပလို့နေသည်။
ခြံထဲကနေထွက်သွားသည့် အဖေ့ကားကိုမျှော်ကြည့်နေတုန်း ဖုန်းထဲဝင်လာသည့် မက်ဆေ့တစ်စောင်အသံကို ကြားလိုက်ရသည်။
"ကျက်သရေကိုမရှိဘူး"
ဖွင့်ကြည့်လိုက်မှ မိမိရဲ့ မင်္ဂလာအပေါင်းနဲ့ပြည့်စုံနေတဲ့ မနက်ခင်းက ထိုမက်ဆေ့တစ်စောင်ကြောင့် အမင်္ဂလာဖြစ်သွားရသည်။ ထိုမက်ဆေ့သည် အခြားအကြောင်းအရာမဟုတ်ပါ။ ဦးဖေ ပို့လိုက်သည့် song ဆိုတဲ့သူအကြောင်းပင်။ဖုန်းထဲမှာ ရှိတာတောင် မကြိုက်သည်မို့ ထိုမက်ဆေ့အားဖျက်ပစ်လိုက်သည်။ ထိုရဲ့ အကျိုးဆက်ကိုတော့ မင်းရထာ ကောင်းကောင်းကြီး ခံရမယ်ဆိုတာ မသိခဲ့ပေ။
......................................................................
နာမည်ပြားကိုမြောက်ထားရသည့် ရထာ့လက်က ညောင်းကိုက်လာရသည်။ အခုထိထွက်မလာသေးတဲ့ လူဖြူအား ရထာစိတ်မရှည်တော့ပါ။ နာမည်ပြားမြင်အောင် မြင့်မြင့်မြောက်ထားရသည့် လက်ကိုချကာ လက်သီးဖြင့်ထုနေမိသည်။
"ညောင်းလိုက်တာ"
"ကိုယ် ကိုင်ထားပေးမယ်လေ"
"ရပါတယ် မင်းလည်းညောင်းနေမှာပဲ”
သွားတန်းညီညီ ပေါ်အောင်ရယ်ပြလာသည့် ရထာ့နောက်ကိုသွားကာ သူ့ပခုံးကို နေစော နှိပ်ပေးနေလိုက်သည်။
"ရပါတယ်ဆို နေစော မင်းကလေ၊ နှိပ်ချင်သပဆိုလည်း နှိပ်ကွာ အညောင်းပြေလိုက်တာ အင်း နှိပ် "
ဟန်မဆောင်တတ်တဲ့ ရထာ့အမူအရာကြောင့် နေစောပြုံးမိပြန်သည်။ ဒီလိုခင်မင်မှုလေးရဖို့ သူဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ။ ဖြစ်ခဲ့သမျှသည် ကိုယ့်အမှားတွေသာမို့ မည်သူ့မှအပြစ်မဆိုရဲ။ ရထာ့အချစ်ကို ရခဲ့ပါရဲ့ မိမိလက်နဲ့ ဖျက်ပစ်ခဲ့မိသည်။
နှစ်ဖက်မိဘသဘောတူတွဲခဲ့သည့် ရထာနှင့်သူသည် တစ်ချိန်ကအရမ်းချစ်ခဲ့သည့် ချစ်သူနှစ်ဦးဖြစ်ပါသည်။ သို့ပေမယ့် မိန်းကလေးတစ်ယောက်ရဲ့ အလှအပနောက်ပါသွားတယ့် သူသည် ရထာ့ကို လမ်းခွဲခဲ့မိသည်။ အဲ့လုပ်ရပ်ဟာ နေစောဆိုတဲ့လူသားတစ်ယောက် ဘ၀အတွက် အမှားကြီးတစ်ခုဖြစ်ခဲ့သည်။ ထိုမိန်းကလေးတွဲတဲ့အချိန်ကြာလာတော့ တကယ်ချစ်တဲ့သူဟာ ရထာမှန်းသိသွားချိန်တွင်တော့ ရထာသည် သူ့ကိုမုန်းနေလေပြီ။
ခွင့်လွှတ်ပေးဖို့ ရထာ့အား တောင်းပန်ရင်းမှ နောက်ဆုံး ဒီလိုသူငယ်ချင်းအဖြစ် နေခွင့်ရခဲ့သည်။ သို့သော်ငြား အရင်လို ရထာ့ရဲ့အနမ်းတွေကို မခံယူနိုင်တော့။ မွှေးလွန်းလှသည့် ရထာ့ရဲ့ ကိုယ်သင်းနံ့လေးကိုမရှုရှိုက်နိုင်တော့။ သို့ပေမယ့် ကံတရားထောက်မစွာ ရထာ့ရဲ့ အပြုံးတွေကိုတော့ ဘေးကနေကြည့်ခွင့်တော့ ပေးခဲ့ပါသည်။
"ကြာတာကွာ တကယ်ကိုညောင်းနေပြီ"
"ဒါဆို ဟိုအနားမှာထိုင်နေ ငါစောင့်နေပေးမယ်"
songဆိုသည့် ဧည့်သည်ကို လေယာဉ်ဆင်းစောင့်နေသည်မှာ တော်တော်ကြာနေပြီဖြစ်သည်။ ခုချိန်သည့်ထွက်မလာသေးတော့ ရထာစိတ်တိုနေပြီ၊ထို့ထက် ညောင်းတာကပိုသည်။ နေစော က ထိုင်ဖို့ပြောတော့ မငြင်းချင်တာထက် မငြင်းနိုင်တာပိုများသဖြင့် နာမည်ဘုတ်ကို ပေးခဲ့ကာ
ထိုင်လို့ရသည့်တစ်နေရာမှာ ထိုင်စောင့်လိုက်သည်။
"စလာကတည်းက ကောင်းကျိူးမပေးဘူး"
မြေပြင်ပေါ်မှာ ခြေထောက်စင်းထိုင်ပြီး ကိုယ့်ပေါင်ကိုလက်သီးဆုတ်နဲ့ ရထာ ထုနေသည်။ ဟိုတစ်နေ့ကအင်းဝကိုလိုက်ပြခဲ့ရတော့ ညောင်းကိုက်နေမှုကပိုဆိုးသည်။
"Hello "
နေစောရှေ့ လာရပ်သည့် နိုင်ငံခြားသားတစ်ယောက်။အရပ်ရှည်သည်ဆိုတဲ့မိမိအရပ်ထက် ပိုစွာအရပ်ကောင်းပြီးခန့်လှသည့် ခန္ဓာကိုယ်ကြောင့် နေစောမနာလိုမိသည်။ တိုင်းခြားသားဆန်ဆန် ရှည်လျားသည့်အရပ်နဲ့ လေးထောင့်ဆန်မျက်နှာက သူ့ပုံပန်းကိုတင့်တည်စွာ ဆင်ယင်သည်။
အားကစားဆံပင်တိုနှင့် ခပ်ရေးရေးရှိသည့် မုဆိတ်တွေက ဆွဲဆောင်မှုတစ်ခု၊ ထို့ထက် အပြာရောင်ဘက်မဟုတ်ဘဲ မီးခိုရောင်ဘက်သမ်းနေသည့်မျက်စံကပိုပြီးဆွဲဆောင်မှုအားပြင်းသည်။ ထိုသူက နာမည်ဆိုင်းဘုတ်ကို လက်ညိုးထိုးပြကာ "song" ဟုရေရွတ်ပြသည်။ထိုအခါမှ သူကsongမှန်း နေစောသိရသည်။
"အာ လိုက်ခဲ့ပါ"
ထိုသူ့ကို ထိုင်နေသည့် ရထာ့ဆီ ဦးတည်၍ ခေါ်လာခဲ့သည်။
" ရထာ song လာပြီ"
"မင်ဂလာပါ တွေ့ကတာ ဝမ်းတာဖာတယ်"
မပီမသအသံနှင့်နှုတ်ဆက်ကာ အရှေ့က လူ့ယဉ်ကျေးလေးဆီ songလက်လှမ်းလိုက်သည်။ သို့သော်လည်း ထိုကောင်လေးသည် မိမိအထင်နဲ့ခြားနားစွာ လက်ဖဝါးနှစ်ခုကိုပူးကပ်ပြီး
ခပ်ချေချေမျက်နှာထားနဲ့ဆိုလာသည့်စကားက..
"မင်္ဂလာပါ ကြိုဆိုပါတယ်"
လှမ်းနေသည့်လက်အား songမှာ ရှက်ရှက်နှင့်နောက်ဆုတ်ကာ ပုံစံတူလက်အုပ်ချီပြီး ပြုံးပြလိုက်သည်။ တစ်စိတ် song စိတ်ထဲ တွေးမိတာ တစ်ခုရှိသည်။ ဒီကောင်လေးသည်
သူကြားဖူးခဲ့သည့် မြန်မာလူမျိုးတို့က အမြဲအပြုံးနဲ့ကြိုဆိုပါသည်မဟုတ်။ မျက်လုံးတွေထဲမှာ ရှိသည့် အမုန်းတရားတွေက ပေါ်လွင်လှသည်။ ဒါပထမဆုံးတွေ့ဖူးခြင်းပါ။
"ဒါဆို လိုက်ခဲ့ပါ"
"Ok..ဟိတ် သယ်ပေးဦးလေ"
ရှေ့ကထွက်သွားသည့် ကောင်လေးကို လှမ်းအော်ပြောလိုက်သည်။ မကျေနပ်စွာ ကောင်လေးက မျက်မှောင်ကျုံ့ထားဆဲ။ နာမည်များ မခေါ်လိုက်၍များ ထိုသို့ဖြစ်သလားလို့
ထင်ပြီး ခုနကကြားလိုက်သည့် နာမည်ကိုခေါ်ဖို့ song ကြိုးစားမိသည်။
"သယ်ပေးဦးလေ...ရ....ရာ...အာ..ရမ်းထော..ဟုတ်တယ်မလား နာမည်က..ရမ်းထော.."
Songရဲ့ ခင်မင်ရင်းနှီးစွာ အပြုံးနဲ့ နာမည်ခေါ်လိုက်ခြင်းသည် ပီတိဖြစ်စရာပေမယ့် မင်းရထာအတွက်တော့ စော်ကားလိုက်သလိုခံစားရသည်။ မိမိ လေးစားအားကျရတဲ့အနော်ရထာမင်းရဲ့ နောက်နာမည်နှစ်လုံးယူထားတာကို ဘာတဲ့..ရမ်းထော..။
"အားဟား.."
ခေါင်းကိုမော့ကာ ထွက်လာသည့် ဒေါသအလုံးအရင်းလိုက်ကို သက်ပြင်းချခြင်းဖြင့် ရထာဖြေလျော့နေရသည်။ အကြောင်းသိတဲ့ နေစောကတော့ ထိုအမူအရာလေးကိုချစ်လွန်းလို့ ဖက်နမ်းပစ်ချင်စိတ်တဖွာဖွားနဲ့ပင်။ ကြည့်ပါဦး နာမည်မှားခေါ်တာနဲ့ စိတ်တိုရအောင် ကလေးလား ရထာရယ်။ နိုင်ငံခြားသားပေါင်းစုံရဲ့ အစုံခေါ်သံကို ကြားဖူးပါရက် ဒီတစ်ယောက်မှ ချစ်ဖို့ကောင်းအောင် စိတ်တိုရလေသလားလို့ စိတ်ရှိလက်ရှိ ရထာ့အား နေစောဖက်နမ်းလိုက်ချင်သည်။
"ကဲ သွားပါ ကားပေါ်ကစောင့် ငါသယ်လာပေးမယ်"
"အေး မင်းသယ်လာပေး မဟုတ်ရင် ငါသွေးတက်သေတော့မယ်"
လူပုသူတွေစိတ်တိုရင်တကယ်ကို ချစ်ဖို့ကောင်းသည်။ သာဓကဆို ရထာ့ကိုသာကြည့်တော့။ songရဲ့အိတ်ကိုယူတော့ ဘာများသူမှားသွားသလဲလို့ သူ့မှာမေးနေရှာသည်။
"ငါစိတ်အနှောင့်အယှက်ဖြစ်တဲ့စကားပြောမိလို့လား ရမ်းထော က ဘာလို့ စိတ်ဆိုးသွားရတာလဲ ဟိတ် မင်းနာမည်းကကော ဘာလဲ ရမ်းထောရဲ့ ပြသနာကဘာလဲ"
တကယ့်ပြသနာက မင်းပဲလို့ နေစောမှာ ပြောလိုက်ချင်ပေမယ့် မပြောတော့ဘဲ ခေါင်းသာခါယမ်းပြမိသည်။
ကားပေါ်ရောက်ပြီးတစ်လမ်းလုံး ရမ်းထော လို့ခေါ်နေသည့် တကောင့်သားကို ရထာ ဆွဲထိုးပစ်ချင်လှသည်။ သို့ပေမယ့် ထိန်းထားရသည့်စိတ်က အတင်းအကျပ်ရောက်နေသလို။
ရထာ ဟ ငတုံးရ ရထာ ဟ ကြီးမြတ်တဲ့ရထာလို့ အော်ပြောလိုက်ချင်သည်။သို့ပေမယ့်
မျက်လုံးသာမှိတ်၍ ကားမှီကို မှီပြီး အိပ်စက်တော့သည်။
ထိုသို့ရထာပြုတော့ စည်းကမ်းရှိနိုင်ငံကြီးသားလူဖြူထံမှအသံထွက်မလာတော့ပေ။
.............................................................