ME, MYSELF AND MY FUCKIN' WOR...

By socalled_emily

1.8M 128K 4.1K

📌 Just Read. You Will Know What This Shit. 🚫 WARNING 🚫 (Age Restricted) [Zawgyi] ဤ fiction တြင္ အလြ... More

Introduction 💕
Chapter ~ 1
Chapter ~ 2
Chapter ~ 3
Chapter ~ 4
Chapter ~ 5
Chapter ~ 6
Chapter ~ 7
Chapter ~ 8
Chapter ~ 9
Chapter ~ 10
Chapter ~ 11
Chapter ~ 12
Chapter ~ 13
Chapter ~ 14
Chapter ~ 15
Chapter ~ 16
Chapter ~ 17
Chapter ~ 18
Chapter ~ 19
Chapter ~ 20
Chapter ~ 21
Chapter ~ 22
Chapter ~ 23
Chapter ~ 24
Chapter ~ 25
Chapter ~ 26
Chapter ~ 27
Chapter ~ 28
Chapter ~ 29
Chapter ~ 30
Chapter ~ 31
Chapter ~ 32
Chapter ~ 33
Chapter ~ 34
Chapter ~ 35
Chapter ~ 36
Chapter ~ 37
Chapter ~ 38
Chapter ~ 39
Chapter ~ 40
Chapter ~ 41
Chapter ~ 42
Chapter ~ 43
Chapter ~ 44
Chapter ~ 45
Chapter ~ 46
Chapter ~ 47
Chapter ~ 48
Chapter ~ 49
Chapter ~ 50
Chapter ~ 51
Chapter ~ 52
Chapter ~ 53
Chapter ~ 55
Chapter ~ 56
Chapter ~ 57
Chapter ~ 58 (End)
Extra Part ~ 1
Extra Part ~ 2
Extra Part ~ 3
Extra Part ~ 4 (End)
✨Bonus Chapter✨
🌻For My Invisible Readers🌻

Chapter ~ 54

20.2K 1.6K 22
By socalled_emily

[Zawgyi]

လင္းေခတ္ဦး ကားေပၚကေနတုန္႔ေႏွးစြာဆင္းလာၿပီး အသက္မရွိေတာ့တဲ့လူတစ္ေယာက္လို အိမ္ထဲဝင္လာမိတယ္...။ ေဒၚမီမီလင္းလဲအျပင္ထြက္သြားတာမို႔ တစ္အိမ္လုံးမွာ သူတစ္ေယာက္တည္းရွိေနတယ္...။ ေျခာက္ေသြ႕ေအးစက္ေနတဲ့အိပ္ခန္းထဲ တစ္လွမ္းခ်င္းဝင္လိုက္ၿပီး အိပ္ရာေျခရင္းအစြန္းမွာပဲထိုင္ခ်လိုက္မိတယ္...။

" ခင္မ်ားကြၽန္ေတာ့္ကိုခ်စ္လို႔မရဘူး ကိုလင္း...ကြၽန္ေတာ္မွခင္မ်ားကိုမခ်စ္တာ..."

( ဒါေပမဲ့ မင္းပဲကိုယ့္ကို ခ်စ္တယ္လို႔အရင္ေျပာခဲ့တာမဟုတ္ဘူးလား ခြန္းရယ္...)

မ်က္ရည္ေတြ တျဖည္းျဖည္းပဲလွိမ့္ဆင္းလာတယ္...။ ဒီစကားက မူးၿပီးေလွ်ာက္ေျပာခဲ့တာမဟုတ္ဘူးဆိုတာ သူ႔ရင္ထဲအသည္းထဲကကိုသိေနတယ္...။ လင္းေခတ္ဦး မ်က္ရည္ေတြကိုမသုတ္မိေတာ့ပဲ မ်က္လုံးကိုသာတင္းတင္းပိတ္ထားမိတယ္...။ နာက်င္မႈက ရင္နဲ႔မဆန္႔ေပမဲ့ တစ္ခ်က္ေလးညည္းညဴမိမွာကိုေတာင္ သူမလိုလားဘူး...။

သူ ခြန္းစစ္မင္းကိုအျပည့္အဝကာကြယ္မေပးႏိုင္ခဲ့ဘူး...။ သူ႔ဘက္ကတာဝန္ေတြပ်က္ကြက္ခဲ့တယ္...။ အဲ့လိုသာမဟုတ္ခဲ့ရင္...သူသာေဘးမွာအခ်ိန္ျပည့္ရွိေပးၿပီး ကာကြယ္ေပးႏိုင္ခဲ့ရင္ အားတစ္ခုျဖစ္ေစခဲ့ရင္... ခြန္းစစ္မင္းဘက္ကေ႐ြးခ်ယ္ရခက္တာမ်ိဳးေတြ ျဖစ္လာမွာမဟုတ္ဘူး...။ ခြန္းစစ္မင္းအတြက္ အေဖႏွစ္ေယာက္လုံးက ဘယ္ေလာက္ထိအေရးပါတယ္ဆိုတာကို လင္းေခတ္ဦးသိတယ္...။ ဒီလိုအေျခအေနမ်ိဳးမွာ သူသာဆိုရင္လဲ အခုလိုလုပ္မိမွာပဲ...။

ေဒၚမီမီလင္းကို အမ်ားႀကီးေလွ်ာ့တြက္ခဲ့မိတယ္...။ အစက ေဒၚမီမီလင္းေျပာသမွ်ကို အလိုက္သင့္လိုက္ေလ်ာေပးရင္း စာေမးပြဲကိုသာေအးေအးေဆးေဆးေျဖႏိုင္ဖို႔ေတြးခဲ့မိတယ္...။ ဘြဲ႕ရရင္ အရာအားလုံးဆီကေန လြတ္လပ္ၿပီလို႔ထင္ခဲ့မိတယ္...။ ဒါေပမဲ့ ေဒၚမီမီလင္းက သူ႔ကိုအခုလိုမ်ိဳးလြယ္လြယ္နဲ႔လက္လႊတ္မွာမဟုတ္ဘူးဆိုတာကိုေတာ့ သူလုံးဝထည့္မတြက္ခဲ့မိဘူး...။ ထင္လဲမထင္ထားခဲ့ဘူး...။

သူ႔အေမဆႏၵကိုလိုက္ေလ်ာရင္း ခြန္းစစ္မင္းနဲ႔ခြဲကာအေဝးမွာသြားေနခဲ့ရတာေတြ...ေသေလာက္ေအာင္ေတြ႕ခ်င္ေနစိတ္ေတြကိုခ်ိဳးႏွိမ္ရင္း စိတ္ပင္ပန္းခံခဲ့ရတာေတြက...အခုေတာ့ အလကားျဖစ္ကုန္ၿပီ...။ ဒီလိုေတြ အရာရာကိုသည္းခံၿပီးေနခဲ့တာေတြက အခုလိုေတြျဖစ္လာဖို႔မွမဟုတ္တာပဲ...။

ေဒၚမီမီလင္းဆီက သူနဲ႔ခြန္းစစ္မင္းကို သေဘာမတူေၾကာင္း...ဘယ္လိုနည္းနဲ႔ပဲခြဲရခြဲရ ရေအာင္ခြဲမည္ျဖစ္ေၾကာင္းၾကားရခ်ိန္ကဆို ေဒါသထြက္လြန္းလို႔ အသားေတြပါတုန္လာရတဲ့အထိပဲ...။ Exam stress ေတြ...ခ်စ္ရသူကိုလြမ္းေနရက္နဲ႔ ေတြ႕ဖို႔လဲမခက္ခဲပါပဲ သြားေတြ႕လို႔မရတာေတြ...ေဒၚမီမီလင္းရဲ႕ဖိအားေတြ စတဲ့စတဲ့အရာေတြက သူ႔စိတ္ေတြကိုတင္းထားတဲ့ၾကားထဲက အခါခါပင္ပန္းလာေစတယ္...။ Face time ေျပာတဲ့အခ်ိန္ဆို ခြန္းစစ္မင္းကိုသူ႔မ်က္ႏွာေတာင္မျပရဲေတာ့တဲ့အထိ အားနည္းေပ်ာ့ညံ့လြန္းတဲ့သူ႔ကိုယ္သူရွက္မိလာတယ္...။ စိတ္ပိုင္းဆိုင္ရာ ျပသာနာရွိခဲ့ဖူးတဲ့လူတစ္ေယာက္အတြက္ အခ်ိန္မေ႐ြးျပန္ျဖစ္ဖို႔က လက္တစ္ကမ္းအလိုမွာတင္ရွိတယ္ေလ...။

သူ ဦးမင္းေစေသာ္ရဲ႕သတင္းကိုၾကားၾကားခ်င္းကဆိုရင္လဲ ေဆး႐ုံကိုအေျပးေရာက္လာခဲ့ေသးတယ္...။ ဦးမင္းေစေသာ္အဆင္ေျပေၾကာင္းေတြ႕ရတဲ့အခါမွာလဲ သူအရင္ဆုံးစိတ္ပူမိတာက ခြန္းစစ္မင္း...။ ဒါေပမဲ့ သူေရာက္သြားတဲ့အခ်ိန္ ခြန္းစစ္မင္းကအိမ္ျပန္သြားခဲ့ၿပီ...။ ဒါနဲ႔ အိမ္ကိုလိုက္သြားဖို႔လုပ္ေတာ့ ကားပါကင္မွာပဲမထင္မွတ္ထားစြာ ရွိန္းဆက္ပိုင္နဲ႔ေတြ႕ခဲ့ရတယ္...။ အဲ့လိုေတြ႕လိုက္ရလို႔ပဲ ရွိန္းဆက္ပိုင္ဆီကေန ခြန္းစစ္မင္းရဲ႕အေဖေတြအေပၚ သူ႔အေမလုပ္ခဲ့သမွ်လုပ္ရပ္ေတြကို သိခြင့္ရခဲ့တယ္...။ အရင္ ဦးစစ္ႏိုင္ကိစၥတည္းက ေဒၚမီမီလင္းအေပၚရွိေနခဲ့တဲ့ သံသယကလဲ ပိုေသခ်ာသြားတယ္...။

ဒါေၾကာင့္ လင္းေခတ္ဦး ခြန္းစစ္မင္းဆီကိုမသြားျဖစ္ေတာ့ပဲ အိမ္ကိုသာျပန္လာျဖစ္ခဲ့တယ္...။ ဒါေပမဲ့လဲ ေဒၚမီမီလင္းနဲ႔အႀကီးအက်ယ္ အေျခအတင္ေျပာအၿပီး ေနာက္ဆုံးသူရလိုက္တာက...အေပးအယူမမည္တဲ့ အၾကပ္ကိုင္စကားတစ္ခြန္း...။

" မင္းေတာ္ေတာ္ေခါင္းမာတာပဲ လင္းေခတ္ဦး...ဟိုကျဖင့္ ငါေပးတဲ့ပိုက္ဆံယူၿပီး မင္းနဲ႔လမ္းခြဲဖို႔သေဘာတူၿပီးၿပီ...ဒါေပမဲ့လဲ မင္းကငါ့ရဲ႕သားအရင္းျဖစ္ေနတဲ့အတြက္ အေလွ်ာ့ေပးတဲ့အေနနဲ႔ သူ႔လိုပဲမင္းနဲ႔အေပးအယူတစ္ခုလုပ္ေပးမယ္...မင္းသာ အဲ့ေကာင္ေလးနဲ႔လုံးဝမပတ္သတ္ေတာ့ဘူးဆိုရင္ သူတို႔မိသားစုကိုငါလုံးဝမေႏွာက္ယွက္ေတာ့ဘူး...သူ႔အေဖကိုတရားဆြဲထားတဲ့ကိစၥကိုလဲ ဖ်က္ေပးမယ္...ဒါေပမဲ့ မင္းဘက္ကလဲ ဝတီကိုကိုနဲ႔လက္ထပ္ဖို႔ကိစၥကို စဥ္းစားေပးရမယ္...အတင္းမတိုက္တြန္းဘူးေနာ္...ငါ မင္းတို႔ႏွစ္ေယာက္ကိုဆႏၵရွိတယ္ဆိုတာ မင္းသိပါတယ္...ဘယ္လိုလဲ..."

လင္းေခတ္ဦး ညတြင္းခ်င္းပင္ ခြန္းစစ္မင္းဆီသြားကာ မ်က္ႏွာခ်င္းဆိုင္ၿပီးေမးလိုက္ခ်င္တယ္...။ ဒါေပမဲ့...စိတ္ပင္ပန္းလူပင္ပန္းျဖစ္ေနတဲ့သူကို ထပ္ၿပီးအေႏွာက္အယွက္မေပးခ်င္ေတာ့ဘူး...။ ဒါေၾကာင့္မို႔လဲ မနက္လင္းမွသာ သူအေျပးသြားမိတယ္...။ ခြန္းစစ္မင္းက သူ႔ကိုလုံးဝလမ္းခြဲမွာမဟုတ္ဘူးဆိုတဲ့ ယုံၾကည္ခ်က္ကိုရင္မွာအပ္လို႔ေပါ့...။ ပိုက္ဆံေတြယူၿပီး သူ႔အေမရဲ႕ကမ္းလွမ္းခ်က္ကိုလက္ခံခဲ့တယ္ဆိုရင္ေတာင္ က်ိန္းေသေပါက္ခြန္းစစ္မင္းမွာအေၾကာင္းရွိလို႔ပဲဆိုတာ သူသိတယ္...။ သူ ခြန္းစစ္မင္းကို ယုံတယ္...။

ဒါေပမဲ့ အခုေတာ့...။ အရာအားလုံး ပ်က္စီးကုန္ၿပီ...။

" တီ တီ တီ! တီ တီ တီ!..."

လင္းေခတ္ဦး ႏႈိးစက္ကိုလွမ္းပိတ္ရင္း အိပ္ရာေပၚကေနထထိုင္လိုက္မိတယ္...။ ညေန ၅ နာရီ...။ သူေတာ္ေတာ္ေလးအိပ္ေပ်ာ္သြားတာကိုသတိထားမိၿပီး နားထင္ေတြကိုလက္ထိပ္ေလးနဲ႔နယ္လိုက္မိတယ္...။ အဲ့ေနာက္ အဝတ္ေတြခြၽတ္ခ်ကာ ေရခ်ိဳးခန္းထဲဝင္လာလိုက္တယ္...။ အခ်ိန္အေတာ္ၾကာေအာင္ ေရခ်ိဳးလိုက္အၿပီးမွာေတာ့ အနည္းငယ္လန္းဆန္းသြားသေယာင္ ခံစားလိုက္ရတယ္...။ ခါးမွာသဘက္ကိုပတ္လိုက္ၿပီးေနာက္ ေခါင္းေပၚသဘက္အေသးေလးတင္ကာ ေရခ်ိဳးခန္းထဲကထြက္လာလိုက္တယ္...။ ဆံပင္ေတြကို စိတ္မပါလက္မပါသုတ္ေနရင္းပဲ အိပ္ရာကိုမွီကာ ေအာက္ၾကမ္းျပင္ေပၚ ဒူးတစ္ဖက္ေထာင္ၿပီးထိုင္ခ်လိုက္တယ္...။

" ေဒါက္ ေဒါက္..."

တံခါးေခါက္သံနဲ႔အတူျမင္လိုက္ရတာက ေဒၚမီမီလင္း...။ အခန္းတံခါးကဖြင့္ထားတာမို႔ ေဒၚမီမီလင္းကတံခါးေဘာင္ကိုမွီကာ လက္ပိုက္ရင္း သူ႔ကိုဂ႐ုဏာသက္သလိုအမူအယာနဲ႔ၾကည့္ေနတယ္...။

" ဘယ္လိုလဲ...ဟိုကမင္းကိုလမ္းခြဲလိုက္ၿပီမဟုတ္လား..."

" ....."

" အဟင္း!...ကဲပါ...အဲ့ေတာ့...ကမ္းလွမ္းခ်က္ကိုစဥ္းစားၿပီးၿပီလား..."

လင္းေခတ္ဦး ေခါင္းေပၚကသဘက္ကို အိပ္ရာေပၚပစ္တင္ကာ ထိုင္ရာကထလိုက္တယ္...။ ေဒၚမီမီလင္းအနားကိုေလွ်ာက္သြားလိုက္ၿပီး ေအးစက္စြာပဲၾကည့္လိုက္တယ္...။ ေဒၚမီမီလင္းကလဲ လင္းေခတ္ဦးရဲ႕တစ္ကိုယ္လုံးကိုၿခဳံၾကည့္လိုက္မိၿပီး ေက်နပ္စြာၿပဳံးလာတယ္...။

" တကယ္ပဲ ငါ့မ်က္စိေအာက္မွာတင္ လူႀကီးျဖစ္လာၿပီပဲ...ဆိုပါအုံး..."

" ကြၽန္ေတာ္ ခြန္းနဲ႔လုံးဝမပတ္သတ္ေတာ့ဘူး...သူ႔ကိုလက္လႊတ္လိုက္မယ္ဆိုရင္...သူနဲ႔သူ႔ပတ္ဝန္းက်င္ကလူေတြကို ထိခိုက္ေအာင္လုံးဝမေတာ့ပါဘူးလို႔ ကတိေပးလား..."

" ေပးတယ္..."

" ဒါဆို ကြၽန္ေတာ့္ဘက္ကလဲ သူ႔ကို ဦးေႏွာက္ထဲကေရာ ရင္ဘက္ထဲပါထုတ္ပစ္ပါ့မယ္လို႔ကတိေပးတယ္...ဒါေပမဲ့...ဝတီကိုကိုနဲ႔ကိစၥကိုေတာ့ ကြၽန္ေတာ္လက္မခံပါရေစနဲ႔...အဲ့အစား ကြၽန္ေတာ္ ဦးငယ္ဆီပဲသြားခ်င္တယ္..."

" ဦးငယ္ဆီ?...ဘာလုပ္ဖို႔လဲ..."

" သူက ေဆးကုမၸဏီဖြင့္ထားတာပဲေလ...ကြၽန္ေတာ္သူ႔ဆီမွာ အေတြ႕အႀကဳံအရေရာ ပညာအရပါသြားေနၿပီးသင္ယူခ်င္တယ္...အဲ့တာေၾကာင့္ ဝတီကိုကိုနဲ႔ကိစၥကို ကြၽန္ေတာ့္ကိုထပ္မေျပာပါနဲ႔...အခုခ်ိန္မွာ ကြၽန္ေတာ္အဲ့တာကိုမစဥ္းစားႏိုင္ေသးဘူး...အဲ့ေလာက္ေတာ့နားလည္ေပးမယ္လို႔ထင္တယ္...အဓိကက ကြၽန္ေတာ္ ခြန္းအနားမွာဆက္ရွိမေနေတာ့ဘူးမဟုတ္လား..."

ေဒၚမီမီလင္းလဲ ခဏစဥ္းစားလိုက္ၿပီးမွ ေခါင္းတညိတ္ညိတ္လုပ္ရင္း ျပန္ေျပာလိုက္တယ္...။

" ေကာင္းၿပီေလ...ရတယ္...နဂိုတည္းကလဲ မင္းနဲ႔ဝတီကိုကိုရဲ႕ကိစၥကို ငါကျဖစ္ကိုျဖစ္ရမယ္မွမဟုတ္တာ...သိတဲ့အတိုင္း သူ႔အေမနဲ႔ကငယ္သူငယ္ခ်င္းဆိုေတာ့...သူေရာ သူ႔သမီးကပါ မင္းမွမင္းျဖစ္ေနၾကေတာ့ ငါကလဲအားနာသမႈနဲ႔ တာဝန္အရမင္းကိုေျပာထား႐ုံပဲ...ရတယ္ေလ...မင္းဦးငယ္ဆီ တစ္ႏွစ္ေလာက္ျဖစ္ျဖစ္သြားေနေပါ့...အဲ့အခ်ိန္အတြင္းမွာ ေတာ့ေသခ်ာစဥ္းစားခဲ့..."

ေဒၚမီမီလင္းလဲ စကားဆုံးတဲ့အခါ တံခါးေဘာင္ကိုမွီေနရာကျပန္မတ္လိုက္ၿပီး ေနရာကထြက္သြားဖို႔ျပင္လိုက္တယ္...။

" ကြၽန္ေတာ္တစ္ခုေလာက္သိခ်င္တယ္..."

" ေျပာ..."

" ကြၽန္ေတာ္နဲ႔ခြန္းကိုခြဲေနရတဲ့အေၾကာင္းအရင္းက...ခြန္းျဖစ္ေနလို႔လား...ခြန္းကေယာက်္ားေလးျဖစ္ေနလို႔လား..."

ေက်ာေပးထားရက္ပဲ ေဒၚမီမီလင္းရဲ႕လႈပ္ရွားေနမႈေတြၿငိမ္က်သြားတယ္...။ အဲ့ေနာက္မွာေတာ့ ျပတ္သားတဲ့ စကားသံတစ္ခုထြက္လာတယ္...။

" သူ႔ေနရာမွာ အျခားေယာက္်ားေလးတစ္ေယာက္ဆိုရင္လဲ...အခုလုပ္ေနတာေတြနဲ႔တစ္ပုံစံတည္းပဲလုပ္မိမွာပဲ...ငါကိုယ္တိုင္ဝမ္းနဲ႔လြယ္ေမြးထားရတဲ့ငါ့ရဲ႕သားကို အျခားေယာက်္ားတစ္ေယာက္နဲ႔ လူလည္ေကာင္ လက္တြဲၿပီးသြားလာေနမွာကိုငါမလိုခ်င္ဘူး...လက္မခံႏိုင္ဘူး လင္းေခတ္ဦး..."

အေျဖကရွင္းပါတယ္...။ ေဒၚမီမီလင္းက လင္းေခတ္ဦးရဲ႕ျဖစ္တည္မႈအမွန္ကို လက္မခံႏိုင္ဘူး...။ ဒါေပမဲ့လဲ အခုခ်ိန္မွာဒါက လင္းေခတ္ဦးအတြက္အဓိကမက်ဘူး...။ အဓိကက သူ႔မွာေနာက္ဆုံးအခြင့္အေရးတစ္ခုရွိေသးတယ္...။ ခြန္းစစ္မင္း သူ႔ကို ျပန္လက္ခံလာေစဖို႔...။ ဒါေၾကာင့္ သူမသြားခင္ ခြန္းစစ္မင္းနဲ႔တစ္ေခါက္ေတာ့ ေတြ႕ျဖစ္ေအာင္ေတြ႕ရမွျဖစ္မယ္...။

လင္းေခတ္ဦးအၿမဲလိုခ်င္ခဲ့တဲ့အရာက ခြန္းစစ္မင္းသူ႔ေဘးမွာ ဘာေတြပဲျဖစ္လာလာ အၿမဲအတူရွိေနဖို႔ပဲ...။ အဲ့လိုသာရွိေနမယ္ဆိုရင္ သူဘာျပသာနာမဆိုေျပးေတြ႕လိုက္ဖို႔ဝန္မေလးဘူး...။ ဒါေပမဲ့...ခြန္းစစ္မင္းကမွ သူ႔ေဘးနားမရွိခ်င္ရင္...သူလဲအဲ့ျပသာနာဆိုတဲ့အရာေတြကို တစ္ေယာက္တည္းရင္ဆိုင္ဖို႔အထိ မမာေက်ာဘူး...။ သူ႔ကာကြယ္မႈကိုမွမလိုခ်င္ရင္ ထိုျဖစ္တည္လာမဲ့ထိခိုက္မႈေတြလဲရွိမလာေတာ့ေအာင္...သူဘက္ကပဲအလိုက္သင့္ ေဘးကေနဖယ္ခြာေပးသြား႐ုံသာရွိေတာ့တယ္...။

ေလဆိပ္ထဲလူေတြအမ်ားႀကီးရွိေနခဲ့ေပမဲ့ လင္းေခတ္ဦးမ်က္လုံးထဲ ခြန္းစစ္မင္းတစ္ေယာက္တည္းကိုပဲျမင္တယ္...။ အၿမဲသူကသာ ဦးေအာင္ထြက္ခြာမိေပမဲ့...ဒီတစ္ခါမွာေတာ့ ေျပးထြက္သြားတဲ ခြန္းစစ္မင္းရဲ႕ေက်ာျပင္ကို လွည့္ေငးၾကည့္မိတယ္...။ အခုေတာ့ျဖင့္ ဒီျမင္ကြင္းကဘယ္ေလာက္ထိ နာက်င္စရာေကာင္းလဲဆိုတာ ခြန္းစစ္မင္းကိုကိုယ္ခ်င္းစာတတ္ခဲ့ၿပီ...။ ဘာမွမလုပ္ႏိုင္ပဲ ေက်ာျပင္ကိုသာ ရင္နာနာနဲ႔ေငးၾကည့္ေနရတာမ်ိဳး...။

( ႏႈတ္ဆက္ပါတယ္...)

ေန႔ရက္ေတြကရွည္လ်ားခက္ခဲလြန္းတယ္...။ ခြန္းစစ္မင္းဆိုတဲ့ျဖစ္တည္မႈေလး သူ႔ေဘးနားမရွိေတာ့တာက အသက္ရွင္ေနရတဲ့ေန႔ရက္ေတြကို ထင္သေလာက္မလြယ္ကူေစခဲ့ဘူး...။ သူ႔မွာက လြမ္းလို႔ထုတ္ၾကည့္စရာ ပုံေလးေတာင္မွမရွိပဲကိုး...။ တကယ္ေတာ့ အဲ့လိုမၾကည့္တာကပဲ သူ႔စိတ္ကိုပိုသက္သာရာရေစတာ...။ သူႏိုင္ငံျခားသြားမယ္ဆိုေတာ့ ေဒၚမီမီလင္းက သူ႔အတြက္ဖုန္းအသစ္တစ္လုံးဝယ္ေပးတယ္...။ လက္ရွိဖုန္းကိုေတာ့ထားခဲ့ရမယ္တဲ့ေလ...။ ဒါေၾကာင့္လဲ လင္းေခတ္ဦး သူေပးထားတဲ့ကတိတည္ႏိုင္ဖို႔အတြက္ ထိုဖုန္းေလးကိုလုံၿခဳံတဲ့တစ္ေနရာမွာထားခဲ့လိုက္ၿပီး ဖုန္းအသစ္ကိုသာယူလာခဲ့လိုက္တယ္...။ အဲ့တာအျပင္ ဘယ္သူနဲ႔မွအဆက္အသြယ္မလုပ္ခ်င္ေတာ့တာမို႔ ဘာဖုန္းနံပါတ္ ဘာ Social Media မွမသုံးျဖစ္ေတာ့ဘူး...။

ခြန္းစစ္မင္းနဲ႔ပက္သက္ၿပီး လင္းေခတ္ဦးကအၿမဲ သူ႔ကိုယ္သူအျပစ္ရွိတဲ့သူတစ္ေယာက္လိုသေဘာထားထားတာေၾကာင့္...သူ ခြန္းစစ္မင္းနဲ႔ကင္းကင္းေနႏိုင္ေလ တစ္ဖက္အတြက္ပိုစိတ္ခ်ရေလလို႔ေတြးထားခဲ့တယ္...။ ဒါေၾကာင့္လဲ အလုပ္ထဲမွာသာ ပိုၿပီးစိတ္ကိုႏွစ္ထားမိေတာ့တယ္...။

ဒီလိုေနလာရင္းပဲ တစ္ႏွစ္ဆိုတဲ့အခ်ိန္က ျပည့္ဖို႔တျဖည္းျဖည္းနီးကပ္လာခဲ့တယ္...။ အဲ့လိုနီးကပ္လာေလ လင္းေခတ္ဦးအတြက္လဲ ပိုခက္ခဲလာေလပဲ...။ အေၾကာင္းက အိမ္ျပန္ရင္ တစ္နည္းမဟုတ္တစ္နည္းနဲ႔ေတာ့ ခြန္းစစ္မင္းနဲ႔ေတြ႕ရမွာပဲ...။ မဟုတ္ေတာင္ သူဘက္ကေတြ႕ဖို႔ႀကိဳးစားမိမွာ...။ အဲ့ဒီ့အခါက်ရင္ သူခြန္းစစ္မင္းကိုဘယ္လိုရင္ဆိုင္ရလဲမသိဘူး...။ ခြန္းစစ္မင္းကိုလဲ သူ႔ေၾကာင့္အခက္မေတြ႕ေစခ်င္ဘူး...။ အဲ့တာထက္ပိုၿပီးစိုးရိမ္ဖို႔ေကာင္းတာက ေဒၚမီမီလင္း...။

ဒီလို အေၾကာင္းအေၾကာင္းေတြစုလာတဲ့အခါမွာေတာ့ လင္းေခတ္ဦးစဥ္းစားမိတာတစ္နည္းပဲရွိေတာ့တယ္...။ အရင္ျဖစ္ဖူးတဲ့ကိစၥေတြကိုအသုံးခ်ဖို႔ပဲ...။ အဲ့တာက သူအတိတ္ေမ့ခ်င္ေယာင္ေဆာင္ရမယ္...။ ဒါက ျဖစ္လာႏိုင္တဲ့ကိစၥအားလုံးကို ေျဖရွင္းၿပီးသားျဖစ္တယ္...။ ေနာက္...ဒီမွာသူ႔ကိုအဓိကကူညီေပးခဲ့တာက ဦးငယ္ပဲ...။ ဦးငယ္ဆိုတာက ေဒၚမီမီလင္းဘက္ကအမ်ိဳးေတြထဲ လင္းေခတ္ဦးတို႔ေမာင္ႏွမအေပၚ အေႏြးေထြးဆုံးဆက္ဆံေပးခဲ့တဲ့သူ...။ ေဒၚမီမီလင္းနဲ႔ဆိုေမာင္ဝမ္းကြဲေတာ္ၿပီး...အသက္ကလဲသူတို႔ေမာင္ႏွမထက္ ၁၀ ႏွစ္ေက်ာ္သာႀကီးတာမို႔ သူတို႔ကဦးငယ္လို႔ပဲေခၚၾကတယ္...။

လင္းေခတ္ဦး ကိုရီးယားကိုေရာက္ခါစက ေတာ္ေတာ္ေလးကိုတိတ္ဆိတ္ေနခဲ့တာ...။ ဦးေလးျဖစ္သူကိုယ္တိုင္ကလဲ ပုံမွန္ဆိုသူနဲ႔ေတြ႕ရင္အၿမဲေပ်ာ္ၿပီးစကားေတြမ်ားေနတတ္တဲ့ကေလးက အခုေတာ့...အေဖဆုံးသြားတုန္းကလိုမ်ိဳး ၿငိမ္သက္ေနတာကို သတိထားမိတယ္...။ ဒါေပမဲ့ ဘာကိုမွဖိအားမေပးပဲ...သူ႔ဆီေရာက္လာတာကလဲ အေၾကာင္းတစ္ခုခုရွိရမယ္ဆိုတာကိုသေဘာေပါက္ခဲ့တယ္...။ လင္းေခတ္ဦးလဲ အစပိုင္းသာ သူ႔အတြက္အခက္အခဲေတြရွိခဲ့ေပမဲ့ ေနာက္ပိုင္းသူ႔ဦးေလးနဲ႔ျပန္ၿပီးေနသားက်လာတာမို႔...သူ႔ပါးစပ္ကေနပဲ ရွိခဲ့တဲ့ ရွိေနတဲ့အခက္အခဲေတြကို ဖြင့္ေျပာမိလာတယ္...။ အဲ့တာေၾကာင့္လဲ...လင္းေခတ္ဦး အခုလိုအတိတ္ေမ့ခ်င္ေယာင္ေဆာင္မဲ့ကိစၥမွာ ဦးငယ္ကလိုက္လိုက္ေလ်ာေလ်ာကို ကူညီေပးခဲ့တာ...။

အစီအစဥ္တက်ေသခ်ာျပင္ဆင္ၿပီးတဲ့အခါမွာေတာ့...ဦးငယ္ကပဲ ေဒၚမီမီလင္းဆီကိုဖုန္းဆက္ေပးတယ္...။ စက္႐ုံမွာမေတာ္တဆတစ္ခုျဖစ္ၿပီး ေခါင္းထိသြားေၾကာင္းေပါ့...။ ဒီေနရာမွာ အဓိပၸာယ္ရွိမဲ့အခ်ိန္ရယ္ ေနရာရယ္ အေၾကာင္းျပခ်က္ရယ္ကိုလဲေ႐ြးခ်ယ္ရေသးတယ္...။ ဒါေၾကာင့္ အလုပ္ဆင္းခ်ိန္ စက္႐ုံမွာဘယ္သူမွမရွိေတာ့တဲ့အခ်ိန္ကိုေ႐ြးလိုက္ၿပီး... ေနရာကိုေတာ့ အျပင္မွာထက္စက္႐ုံမွာကပိုအဆင္ေျပတာမို႔ စက္႐ုံရဲ႕အေပၚထပ္မွာရွိတဲ့ ဦးငယ္ရဲ႕႐ုံးခန္းကိုပဲေ႐ြးလိုက္ၾကတယ္...။

" မင္းတို႔ကအဲ့အခ်ိန္ႀကီးထိ စက္႐ုံမွာဘာလုပ္ေနၾကတာတုန္း..."

" ကြၽန္ေတာ္တို႔တူဝရီးႏွစ္ေယာက္လဲ အတူမေသာက္ရတာၾကာၿပီမို႔ အဲ့ေန႔က ႐ုံးဆင္းခ်ိန္ ႐ုံးခန္းထဲစကားထိုင္ေျပာရင္း ေတာ္ေတာ္ေလးေသာက္မိၾကတယ္...ေနာက္ ကြၽန္ေတာ္တို႔ျပန္ေတာ့ ကိုလင္းကေတာ္ေတာ္မူးေနတာနဲ႔ ေခ်ာ္လဲမွာစိုးလို႔တြဲေပးတာကို မမီရဲ႕သားကအတြဲမခံဘူးေလ...သူ႔ဟာသူအတင္းဇြတ္ဆင္းရင္း ေလွကားေပၚကေခ်ာ္က်ေတာ့တာပဲ...ကြၽန္ေတာ္လဲျဖစ္ျဖစ္ခ်င္း ေဆး႐ုံေခၚသြားတာပါ..."

" အဲ့ေလာက္ျဖစ္သြားတာကို အခုမွလွမ္းေျပာတယ္ေပါ့..."

" အဲ့တုန္းက မမီကိုအရမ္းစိတ္ပူမသြားေစခ်င္လို႔ပါ...အခုေတာ့ ေဆး႐ုံကလဲဆင္းလာပါၿပီ..."

" မင္းတို႔ဟာကလဲ...ငါကမင္းကိုစိတ္ခ်ၿပီး လင္းေခတ္ဦးကိုပို႔ခဲ့တာေလ...ဒီေလာက္ေလးေတာင္မေစာင့္ေရွာက္ႏိုင္ဘူးလား..."

" ေဆာရီးပါ..."

" အခုသူက ဘာကိုမွမမွတ္မိဘူးလား..."

" Ommm..."

" သတိရရျခင္းဘာေျပာေသးလဲ...တစ္ေယာက္ေယာက္ရဲ႕နာမည္ေခၚတာမ်ိဳးေတြဘာေတြရွိေသးလား..."

" တစ္ေယာက္ေယာက္? မရွိပါဘူး...ဘာလို႔လဲ...ေၾသာ္...သူသတိရလာၿပီးတစ္ရက္ေလာက္ၾကာေတာ့ေျပာတယ္...ဒီေနရာကသူနဲ႔မရင္းႏွီးသလိုပဲတဲ့...ဒါသူ႔အိမ္မဟုတ္ဘူးမဟုတ္လားတဲ့...ကြၽန္ေတာ္က အစက ေဆး႐ုံကိုရည္႐ြယ္တယ္ထင္တာ..."

" အိမ္ဆိုတာ ဒီကိုရည္ၫႊန္းတာလား..."

" ဟုတ္တယ္...မနက္ကေဆး႐ုံကေနအိမ္ကိုေရာက္ေတာ့ သူအိမ္ျပန္ခ်င္တယ္ဆိုၿပီးေျပာတယ္..."

" Hm?...အင္းးး... အမွန္ေတာ့ သူ႔ကိုေပးထားတဲ့အခ်ိန္ကလဲ ျပည့္ေနပါၿပီ...အဲ့တာဆိုလဲ ျပန္ပို႔လိုက္ပါ...မင္းလဲေစာင့္ေရွာက္ႏိုင္တာမဟုတ္ဘူး...ဆိုေတာ့...မင္းဘယ္လိုစီစဥ္ေပးမယ္စိတ္ကူးလဲ..."

" ကြၽန္ေတာ္သူ႔ကို ေလယာဥ္ေပၚေသခ်ာတင္ေပးလိုက္မယ္...မမီတို႔ဘက္ကသာ သူ႔ကိုေသခ်ာေလးေလဆိပ္မွာေစာင့္ၿပီးလာႀကိဳေပးလိုက္ေပါ့..."

" ေကာင္းၿပီေလ...အဲ့လိုလုပ္တာေပါ့..."

လင္းေခတ္ဦးတို႔စီစဥ္တာပဲေတာ္လို႔လားေတာ့မေျပာတတ္...။ ေဒၚမီမီလင္းက လင္းေခတ္ဦးကိုျပန္ေတြ႕ေတြ႕ခ်င္း နည္းနည္းပါးပါးေမးတာျမန္းတာေလာက္ကလြဲလို႔ ဘာမွသံသယမဝင္ခဲ့ဘူး...။ အဲ့တာအျပင္ လင္းေခတ္ဦးကိုယ္တိုင္က ျပင္ဦးလြင္ၿမိဳ႕ထဲကလြဲၿပီး အျခားဘယ္ကိုမွမသြားေတာ့ပဲ သုံးလေလာက္မွတ္ဉာဏ္ျပန္ရေအာင္ႀကိဳးစားေနတဲ့ပုံစံမ်ိဳးနဲ႔ေနခဲ့တာမို႔ ေဒၚမီမီလင္းကပိုၿပီးယုံၾကည္လာေတာ့တယ္...။ အဲ့တာေၾကာင့္လဲ...လင္းေခတ္ဦးျပန္ေရာက္ေနတာကို ႏွစ္လေက်ာ္ေလာက္အထိ ေဒၚမီမီလင္းကလြဲလို႔ ဘယ္သူမွမသိခဲ့ဘူး...။

အဲ့ေနာက္မွာေတာ့...ေဒၚမီမီလင္း လင္းေရာင္ျခယ္ ျမတ္သူထြဋ္ Cara နဲ႔ ဝတီကိုကိုတို႔ကို တစ္ေယာက္ခ်င္း တျဖည္းျဖည္းခ်င္းမွတ္မိလာတဲ့ပုံစံအတိုင္း သူအကြက္က်က်ေနထိုင္ႏိုင္ခဲ့တယ္...။ ဒါေပမဲ့ သူျပန္ေရာက္ေနၿပီျဖစ္ေၾကာင္းကို ပထမဆုံးသိခြင့္ရခဲ့တာက ဝတီကိုကို...။ ေဒၚမီမီလင္းေၾကာင့္ပဲေပါ့...။ အဲ့လို ဝတီကိုကိုအရင္ဆုံးသိခဲ့ရတာေၾကာင့္လဲ လင္းေခတ္ဦးတစ္ေယာက္ ရန္ကုန္ကိုေရာက္လာႏိုင္တာ...။ ေဒၚမီမီလင္းက အက်ိဳးအေၾကာင္းအစုံကိုေျပာျပလိုက္ၿပီး ဝတီကိုကိုရဲ႕အာမခံမႈနဲ႔အတူ ရန္ကုန္ကိုသြားခြင့္ေပးခဲ့တာ...။

လင္းေခတ္ဦးက သူ႔အမျဖစ္သူနဲ႔သြားေတြ႕ခ်င္တယ္ေျပာတဲ့အခ်ိန္ ေဒၚမီမီလင္းမွာျငင္းဆန္ခြင့္မရွိဘူး...။ တစ္ဖက္ကလဲ လင္းေရာင္ျခယ္နဲ႔သြားေတြ႕မယ္ဆိုရင္ သူမေတြ႕ေစခ်င္တဲ့သူနဲ႔ က်ိန္းေသေပါက္ေတြ႕မိမယ္ဆိုတာကို သူသိတယ္...။ ဒါေပမဲ့ အခုခ်ိန္မွာလင္းေခတ္ဦး ထိုေကာင္ေလးကိုသတိမရေသးတာက သူ႔ကိုအနည္းငယ္စိတ္သက္သာမႈေတာ့ရေစတယ္...။ အဲ့အခ်ိန္မွာပဲ ဝတီကိုကိုရဲ႕မိဘေတြကပါ လင္းေခတ္ဦးကိုေတြ႕ခ်င္တယ္ေျပာတဲ့အခါ...သူ႔ဘက္ကရန္ကုန္ကို မလႊတ္မေနလႊတ္လိုက္ရမဲ့ အေနအထားျဖစ္လာတယ္...။ ဒါေၾကာင့္လဲ ခြန္းစစ္မင္းနဲ႔ကိစၥေတြကိုပါသိထားတဲ့ဝတီကိုကို'ကို ေသခ်ာေျပာျပအသိေပးၿပီး လင္းေခတ္ဦးကိုထည့္ေပးလိုက္ေတာ့တယ္...။ အဲ့ေနာက္မွာေတာ့ ဝတီကိုကိုက ျပင္ဦးလြင္အထိတစ္ေယာက္တည္းေရာက္ခ်လာတာမို႔လဲ... လင္းေခတ္ဦးကားနဲ႔သာ အတူရန္ကုန္ကိုဆင္းလာျဖစ္ၾကတယ္...။

.
.
.
.
.

" အ!..."

လင္းေခတ္ဦး ဝတီကိုကိုေရာက္မလာေသးတာေၾကာင့္ အက်ႌဆိုင္တစ္ဆိုင္ေရွ႕မွာရပ္ေစာင့္ေနမိတုန္း ေကာင္ေလးတစ္ေယာက္ဝင္တိုက္တာကိုခံလိုက္ရတယ္...။ ဒါေပမဲ့ ခ်က္ခ်င္းဆိုသလို ႏွာေခါင္းထဲတိုးဝင္လာတဲ့အနံ႔ေလးေၾကာင့္ သူ႔ရင္ထဲထိတ္ခနဲျဖစ္သြားမိတယ္...။ ဒါနဲ႔ မ်က္ႏွာကိုေသခ်ာလိုက္ၾကည့္မိေတာ့ သူ႔ႏွလုံးသားထဲ ေပ်ာ္႐ႊင္မႈနဲ႔စိုးရိမ္မႈတို႔ေရာႁပြန္းကာ ေတာင့္ခဲလာရေတာ့တယ္...။

" ေဆာရီး...မေတာ္ လို႔..."

( ခြန္း...)

ခြန္းစစ္မင္းကသူ႔ကို အံ့အားသင့္စြားေငးၾကည့္လာတယ္...။ သူတစ္ခုခုျပန္ေျပာမိဖို႔ေမ့ေနရေလာက္ေအာင္ကို ခြန္းစစ္မင္းရဲ႕မ်က္ႏွာေလးကို တစ္လက္မမွမက်န္ေအာင္ေသခ်ာၾကည့္မိတယ္...။ ဒါေပမဲ့ အခ်ိန္မေ႐ြး သူ႔ရဲ႕လက္ေတြက ခြန္းစစ္မင္းရဲ႕ခႏၶာကိုယ္ေပၚကိုေရာက္သြားႏိုင္တာေၾကာင့္ စိတ္ကိုႀကိဳးစားထိန္းလိုက္ရင္းသာ တင္းတင္းေစ့ထားတဲ့ႏႈတ္ခမ္းလႊာေတြကိုဖြင့္ဟလိုက္တယ္...။

" ရတယ္..."

ၿပီးတာနဲ႔ ခြန္းစစ္မင္းရဲ႕ေရွ႕ကေန အျမန္ထြက္လာလိုက္မိတယ္...။ ခြန္းစစ္မင္းနဲ႔ျပန္ေတြ႕ရမယ္ဆိုတာကိုသိေပမဲ့ ရန္ကုန္ျပန္ေရာက္တာမၾကာေသးတဲ့သူ႔အဖို႔ ေတာ့ျမန္လြန္းေနတယ္...။ သူအခုထိအဆင္သင့္မျဖစ္ေသးဘူး...။ သူဆိုင္တစ္ဆိုင္အကြယ္မွာခဏရပ္ကာ အသက္ကိုထိန္းရႈေနမိၿပီးမွ ခုနကႏွစ္ေယာက္ရပ္ခဲ့တဲ့ေနရာေလးနားလွမ္းၾကည့္မိေတာ့ ခြန္းစစ္မင္းကမရွိေတာ့ဘူး...။ ဒါေပမဲ့ ခပ္လွမ္းလွမ္းကဓာတ္ေလွကားကေန အေပၚကိုတက္သြားေနတာကို ျမင္လိုက္ရတာေၾကာင့္ သတိလြတ္စြာပဲေနာက္ကေနလိုက္မိေတာ့တယ္...။

အဲ့အခ်ိန္သူျမင္လိုက္ရတာက ခြန္းစစ္မင္းကို သူမဟုတ္တဲ့အျခားေယာက်္ားတစ္ေယာက္ကဖက္ေနတာကို...။

( ရွိန္းဆက္ပိုင္???...)

သူဆက္ၾကည့္ေနမိတုန္းမွာပဲ ႏွစ္ေယာက္လုံးက သူ႔ကိုျမင္သြားတာေၾကာင့္...ခ်က္ခ်င္းပဲ ေနရာကေနလွည့္ထြက္လာခဲ့လိုက္တယ္...။ ေဆာက္တည္ရာမရစြာပဲ သန္႔စင္ခန္းထဲဝင္ကာ မွန္ထဲကကိုယ့္ကိုယ္ကိုျပန္ၾကည့္မိတယ္...။

( ရွိန္းပဲေလ...အျခားလူမွမဟုတ္တာ...အျခားလူထက္ဆာရင္ေတာ့ ရွိန္းနဲ႔ကပိုစိတ္ခ်ရပါတယ္...)

သူနဲ႔လမ္းခြဲခဲ့တာလဲ တစ္ႏွစ္ေတာင္ေက်ာ္ၿပီမို႔ ခြန္းစစ္မင္းမွာ ေနာက္တစ္ေယာက္ရေနၿပီဆိုတာက သူ႔အတြက္ယုတ္တိရွိပါတယ္...။ လင္းေခတ္ဦး ေရကိုဖြင့္ကာ မ်က္ႏွာသစ္လိုက္မိတယ္...။

" ဟ! အဲ့တုန္းက သူတကယ္မူးၿပီးေျပာခဲ့တာပဲေနမွာပါ...ငါကသာအေတြးလြန္ၿပီး..."

( သူငါ့ကိုတကယ္မခ်စ္ခဲ့တာလဲေနမွာေပါ့...ဒါမွမဟုတ္လဲ အခုၾကာသြားၿပီးမို႔ မခ်စ္ေတာ့တာလဲေနမွာေပါ့...ဒါသူ႔အမွားမွမဟုတ္တာ...ငါနားလည္ေပးရမယ္...)

" ဟူးးး!..."

( အနည္းဆုံးေတာ့ ငါသူ႔မ်က္ႏွာေလးကို ေတြ႕လိုက္ရၿပီ...အဟင္း!...ခြန္း...မင္းက ငါ့ကိုရင္ခုန္ေအာင္လုပ္ႏိုင္တုန္းပဲ...)

လင္းေခတ္ဦး ရင္ဘက္ေလးကိုအသာပုတ္ရင္း မွန္ကိုၿပဳံးျပလိုက္မိတယ္...။ ဒါေပမဲ့ အဲ့ေန႔ညမွာပဲ သူ႔ရဲ႕အေတြးေပါင္းစုံက မေရမရာနဲ႔ဇေဝဇဝါျဖစ္သြားရတယ္... ။ အစက ေနာက္တစ္ေန႔မွ ဝတီကိုကိုနဲ႔အတူ လင္းေရာင္ျခယ္တို႔ဆီလာဖို႔လုပ္ထားေပမဲ့...မထင္မွတ္ပဲ ခြန္းစစ္မင္းနဲ႔ေတြ႕လိုက္ရတာေၾကာင့္ သူဘယ္လိုမွအိမ္ထဲၿငိမ္ၿငိမ္မေနႏိုင္ေတာ့ဘူး...။

( ငါျမင္လိုက္ရတာေတြကတကယ္ေရာဟုတ္ရဲ႕လား...)

လင္းေခတ္ဦး ကိုယ့္အျဖစ္ကိုယ္မယုံၾကည္ႏိုင္စြာျဖစ္မိရင္း ေလွကားေပၚကေျပးဆင္းသြားတဲ့ ခြန္းစစ္မင္းကို မ်က္စိတစ္ဆုံးလိုက္ၾကည့္မိတယ္...။ ျမင္ကြင္းကေပ်ာက္သြားၿပီဆိုေတာ့မွ အခန္းထဲကိုဝင္လာခဲ့လိုက္တယ္... ။

( ဘာလို႔လဲ...ခြန္းက ငါ့အခန္းထဲကိုဘာလို႔လာတာလဲ...ဒီလိုပဲလာေနက်လား...ဘာလာလုပ္တာလဲ...သူ႔အိမ္မွာမလြတ္လပ္လို႔ ဒီကိုလြတ္လြတ္လပ္လပ္လာလုပ္တာလား...ဒါေပမဲ့ သူ႔အခန္းကတံခါးပိတ္ထားရင္ အသံလုံတာပဲကို...ဒါဆို ဘာလို႔...ဟင္?...)

အိပ္ရာေပၚအသာထိုင္ခ်ရင္း တြန္႔ေက်ေနတဲ့အနီေရာင္ Hoodie ေလးကို ယူၾကည့္လိုက္မိတယ္...။

( မဟုတ္မွလြဲေရာ...သူ ဒါနဲ႔...)

" Shit!..."

( ခြန္းကငါ့အေပၚ ခံစားခ်က္ရွိေနေသးတာလား...မျဖစ္ႏိုင္တာ...ဒါေပမဲ့...)

လင္းေခတ္ဦး အေႏြးထည္ေလးကိုခ်ကာ မတ္တပ္ထရပ္လိုက္တယ္...။ အဲ့ေနာက္လက္မေလးကိုကိုက္ရင္း အခန္းထဲပတ္ေလွ်ာက္မိေတာ့တယ္...။

( ဘုရားေရ...သူ musterbate လုပ္တာကိုျမင္ဖူးတာ ဒါဒုတိယအႀကိမ္ပဲ...ဘယ္ေလာက္ေတာင္ ခ်စ္ဖို႔ေကာင္းလိုက္လဲ...)

ထိုသို႔ေတြးမိရတာနဲ႔တစ္ၿပိဳင္နက္ သူ႔ရဲ႕ဖြားဘက္ေတာ္ဆိုးအတူေကာင္ဖက္ညီေနာင္ကပါ ဆႏၵျပလာေတာ့တယ္...။ ဒါေၾကာင့္လဲ လင္းေခတ္ဦး သက္ျပင္းတစ္ခ်က္ခ်ကာသာ အားနာနာနဲ႔အေႏြးထည္ေလးကို တစ္ဖန္ျပန္လည္ေကာက္ကိုင္မိေတာ့တယ္...။

ဒီမမွတ္မိဘူးဆိုတဲ့ကိစၥကို ခြန္းစစ္မင္းအျပည့္အဝယုံခ်င္မွယုံလိမ့္မယ္ဆိုတာ လင္းေခတ္ဦးသိတယ္...။ ဒါက သူ႔ကိုေတာ္ေတာ္ေလးစိတ္အလိုမက်ျဖစ္ေစလိမ့္မယ္ဆိုတာလဲသိတယ္...။ ဒါေပမဲ့ သူဒီလိုမွမလုပ္လဲ ခြန္းစစ္မင္းရဲ႕အနီးကိုသူသြားလို႔မရဘူး...။

သူမသိခဲ့တာက ခြန္းစစ္မင္းဘက္ကဒီေလာက္ထိျမန္ျမန္ႀကီး လႈပ္ရွားလာခဲ့လိမ့္မယ္လို႔ေပါ့...။ အခ်ိန္အၾကာႀကီးေနမွျပန္ရတဲ့ ႏႈတ္ခမ္းလႊာေတြထက္ကခ်ိဳၿမိန္မႈက ေဘာင္းဘီအိတ္ထဲကသူ႔ရဲ႕လက္ေတြကို တင္းတင္းဆုပ္ထားမိေစတဲ့အထိပဲ...။

ခြန္းစစ္မင္းကေတာ့သိမွာမဟုတ္ဘူး...။ အဲ့ဒီညက...သူ႔ရဲ႕လက္ေခ်ာင္းေလး ခြန္းစစ္မင္းထဲကိုေရာက္ခဲ့တဲ့ညက... သူဘယ္ေလာက္ထိစိတ္ကိုခ်ဳပ္တီးထားရလဲဆိုတာ...။ ဒါေပမဲ့ ခြန္းစစ္မင္းသူ႔ကိုယ္ေပၚက ဘာအနံ႔ကိုရၿပီးစိတ္ဆိုးသြားတာလဲဆိုတာေတာ့ သူအခုထိနားမလည္ႏိုင္ဘူး...။ အဲ့ညက သူ႔ဘက္ကလဲ အခ်ိဳ႕စကားေတြမွာ အဓိပၸာယ္လြဲႏိုင္ေလာက္တဲ့အရာေတြပါသြားမိတာကို ဝန္ခံတယ္...။ လက္စြပ္ေလးကိုသိမ္းထားဆဲျဖစ္တာကိုသိရလို႔လဲ သူဝမ္းသာမိတယ္...။ ထိုကတၱီပါဘူးေလးထဲက လက္စြပ္ေလးႏွစ္ကြင္းကိုထိုင္ၾကည့္ေနမိလိုက္တာ အခ်ိန္ေတြကုန္လို႔ကုန္သြားမွန္းေတာင္မသိခဲ့တဲ့အထိပဲ...။

" ေရာ့...ငါေသခ်ာကိုသိမ္းေပးထားတာ...နင္လာမယ္ဆိုလို႔ အားလဲအျပည့္သြင္းေပးထားတယ္..."

လင္းေခတ္ဦး ေက်နပ္စြာၿပံးရင္း Cara လက္ထဲက ဖုန္းေလးကိုလွမ္းယူလိုက္တယ္...။

" ေက်းဇူးတင္ပါတယ္..."

" ကြၽတ္! မဟုတ္တာေတြ...ဒီဖုန္းက နင့္အတြက္ဘယ္ေလာက္အေရးပါလဲ ငါသိပါတယ္...အဲ့တာေၾကာင့္လဲ နင္မသြားခင္ငါ့ကိုေသခ်ာလာအပ္ထားတည္းက တယုတယနဲ႔ကိုထိန္းသိမ္းထားတာ...ဟြန္႔!..."

" အဟင္း!...အဲ့တာေၾကာင့္လဲ ငါကနင့္ကိုယုံၾကည္ရက်ိဳးနပ္လို႔ ပိုၿပီးေက်းဇူးတင္တာေပါ့..."

Cara မ်က္ေစာင္းထိုးလိုက္ၿပီးမွ ေကာ္ဖီတစ္ငုံေသာက္လိုက္ရင္း...။

" မေန႔ညက ႐ုတ္တရက္သြားစရာေပၚလာတာနဲ႔ဟာ...နင္နဲ႔ခ်ိန္းထားၿပီးမွ..."

" မဟုတ္တာ...ရပါတယ္...ငါလဲ ကိစၥအခ်ိဳ႕လုပ္ျဖစ္သြားပါတယ္..."

႐ုတ္တရက္ ခြန္းစစ္မင္းရဲ႕ခံစားခ်က္အျပည့္နဲ႔ နီရဲကာငိုမဲ့မဲ့ျဖစ္ေနတဲ့မ်က္ႏွာေလးကို ျမင္ေယာင္လာမိတာေၾကာင့္...သူအျမန္ပဲ အေတြးေတြကိုရပ္ပစ္လိုက္ရတယ္...။ Cara ကေတာ့ ဘာမွသတိမထားမိေသးပဲ စကားကိုဆက္တယ္...။

" ဒါနဲ႕...နင္တကယ္ မွတ္ဉာဏ္မေပ်ာက္ဘူး ဆိုတာကို ငါနဲ႕ ဦးငယ္အျပင္ ဘယ္သူသိေသးလဲ..."

" အဲ့တာပဲ...ငါ မမကိုေတာင္မေျပာဘူး...မဟုတ္ရင္ ခြန္းသိသြားမွာ..."

" ငါကေတာ့ မ'လင္းေရာင္သိေနတယ္လို႔ ခံစားေနရတယ္..."

" Ommm...သူသိေနမွာပါ...ငါသူ႔ကိုဘယ္ေတာ့မွလိမ္လို႔မရဘူး...အဲ့လိုပဲ ခြန္းကိုမသိေစခ်င္ဘူးဆိုတာကိုလဲ သူသိမွာပါ..."

" ခြန္းကိုေရာဘာလို႔မေျပာေသးလဲ...ခြန္းက ဒီတစ္ခ်ိန္လုံး နင့္ကိုပဲေစာင့္ေနခဲ့တာ...နင္ဘာေတြစိုးရိမ္ေနတာလဲကိုလင္း..."

" တကယ္ေတာ့ အေမ့ေၾကာင့္ဆိုတာေတြက အေၾကာင္းျပခ်က္သက္သက္ပါပဲ...ငါ...ငါခြန္းကိုမယုံရဲဘူး...သူ႔ကိုမယုံၾကည္ရတဲ့သူလို႔ေျပာတာမဟုတ္ဘူး...ငါသူ႔ကိုအရမ္းခ်စ္တယ္...သူလဲငါ့ကိုခ်စ္တယ္လို႔ထင္ခဲ့မိတယ္...ဒါေပမဲ့ မဟုတ္ခဲ့ဘူးေလ..."

" သူအခုထိ နင့္အေပၚခံစားခ်က္ရွိေနေသးတာကို နင္လဲသိတာပဲ..."

" ငါသိပါတယ္...အဲ့တုန္းကလဲ ရွိခဲ့တာပဲေလ...သူ႔ပါးစပ္က ငါ့ကိုခ်စ္ပါတယ္လို႔မေျပာမခ်င္း ငါသူ႔ကိုအမွန္ကိုဖြင့္ေျပာမွာမဟုတ္ဘူး...ဒီတစ္ခါသာထပ္ျဖစ္ရင္...ဒီတစ္ခါသာ အရင္တုန္းကလိုထပ္ျဖစ္ရင္ ငါခံႏိုင္ရည္ရွိေတာ့မွာဟုတ္ဘူး Cara...ငါလုံးဝၿပိဳလဲသြားလိမ့္မယ္..."

" အကယ္၍ သူကနင့္ကိုခ်စ္တယ္ေျပာလာရင္ေရာ..."

" ေမးေနစရာလိုေသးလို႔လား...အခုလက္ရွိငါ့ကိုခ်ဳပ္ေႏွာင္ထားသမွ်အရာအားလုံးကို ငါခ်က္ခ်င္းခါခ်ပစ္မွာ...သူသာငါ့လက္ကိုတြဲလာမယ္ဆိုရင္...ငါ့အေမရဲ႕ဘာၿခိမ္းေျခာက္မႈကိုမွ ငါမႈမွာမဟုတ္ဘူး...ဟင္းးး!...ငါလိုတာ သူ႔ကိုပါပဲ...မဟုတ္ေသးသ၍ကေတာ့ အေဝးကေနၿပီးပဲ...ငါကာကြယ္ႏိုင္သေလာက္ ကာကြယ္ေပးေနရအုံးမွာပဲ..."

" နင္အခုဆုံးျဖတ္ၿပီးလုပ္ေနတာေတြ မွန္ပါေစလို႔ပဲ ငါဆုေတာင္းတယ္ကိုလင္း..."

" ....."

( ကိုယ့္လုပ္ရပ္ေတြက မွန္မွာပါ...မွန္ဖို႔လဲေမွ်ာ္လင့္တယ္...)

လင္းေခတ္ဦး လြတ္လပ္စြာအိပ္ေမာက်ေနတဲ့ခြန္းစစ္မင္းကို ရင္ခြင္ထဲထည့္ကာ ေခါင္းေလးကိုခပ္ဖြဖြနမ္းလိုက္တယ္...။ ၿပီးေတာ့ တစ္ကိုယ္လုံးနစ္ျမဳပ္မတက္ဖက္လိုက္ၿပီး ၿပဳံးလိုက္မိတယ္...။

( Good Night ပါ ဂဏန္းေလး...)

--------------------

[Unicode]

လင်းခေတ်ဦး ကားပေါ်ကနေတုန့်နှေးစွာဆင်းလာပြီး အသက်မရှိတော့တဲ့လူတစ်ယောက်လို အိမ်ထဲဝင်လာမိတယ်...။ ဒေါ်မီမီလင်းလဲအပြင်ထွက်သွားတာမို့ တစ်အိမ်လုံးမှာ သူတစ်ယောက်တည်းရှိနေတယ်...။ ခြောက်သွေ့အေးစက်နေတဲ့အိပ်ခန်းထဲ တစ်လှမ်းချင်းဝင်လိုက်ပြီး အိပ်ရာခြေရင်းအစွန်းမှာပဲထိုင်ချလိုက်မိတယ်...။

" ခင်များကျွန်တော့်ကိုချစ်လို့မရဘူး ကိုလင်း...ကျွန်တော်မှခင်များကိုမချစ်တာ..."

( ဒါပေမဲ့ မင်းပဲကိုယ့်ကို ချစ်တယ်လို့အရင်ပြောခဲ့တာမဟုတ်ဘူးလား ခွန်းရယ်...)

မျက်ရည်တွေ တဖြည်းဖြည်းပဲလှိမ့်ဆင်းလာတယ်...။ ဒီစကားက မူးပြီးလျှောက်ပြောခဲ့တာမဟုတ်ဘူးဆိုတာ သူ့ရင်ထဲအသည်းထဲကကိုသိနေတယ်...။ လင်းခေတ်ဦး မျက်ရည်တွေကိုမသုတ်မိတော့ပဲ မျက်လုံးကိုသာတင်းတင်းပိတ်ထားမိတယ်...။ နာကျင်မှုက ရင်နဲ့မဆန့်ပေမဲ့ တစ်ချက်လေးညည်းညူမိမှာကိုတောင် သူမလိုလားဘူး...။

သူ ခွန်းစစ်မင်းကိုအပြည့်အဝကာကွယ်မပေးနိုင်ခဲ့ဘူး...။ သူ့ဘက်ကတာဝန်တွေပျက်ကွက်ခဲ့တယ်...။ အဲ့လိုသာမဟုတ်ခဲ့ရင်...သူသာဘေးမှာအချိန်ပြည့်ရှိပေးပြီး ကာကွယ်ပေးနိုင်ခဲ့ရင် အားတစ်ခုဖြစ်စေခဲ့ရင်... ခွန်းစစ်မင်းဘက်ကရွေးချယ်ရခက်တာမျိုးတွေ ဖြစ်လာမှာမဟုတ်ဘူး...။ ခွန်းစစ်မင်းအတွက် အဖေနှစ်ယောက်လုံးက ဘယ်လောက်ထိအရေးပါတယ်ဆိုတာကို လင်းခေတ်ဦးသိတယ်...။ ဒီလိုအခြေအနေမျိုးမှာ သူသာဆိုရင်လဲ အခုလိုလုပ်မိမှာပဲ...။

ဒေါ်မီမီလင်းကို အများကြီးလျှော့တွက်ခဲ့မိတယ်...။ အစက ဒေါ်မီမီလင်းပြောသမျှကို အလိုက်သင့်လိုက်လျောပေးရင်း စာမေးပွဲကိုသာအေးအေးဆေးဆေးဖြေနိုင်ဖို့တွေးခဲ့မိတယ်...။ ဘွဲ့ရရင် အရာအားလုံးဆီကနေ လွတ်လပ်ပြီလို့ထင်ခဲ့မိတယ်...။ ဒါပေမဲ့ ဒေါ်မီမီလင်းက သူ့ကိုအခုလိုမျိုးလွယ်လွယ်နဲ့လက်လွှတ်မှာမဟုတ်ဘူးဆိုတာကိုတော့ သူလုံးဝထည့်မတွက်ခဲ့မိဘူး...။ ထင်လဲမထင်ထားခဲ့ဘူး...။

သူ့အမေဆန္ဒကိုလိုက်လျောရင်း ခွန်းစစ်မင်းနဲ့ခွဲကာအဝေးမှာသွားနေခဲ့ရတာတွေ...သေလောက်အောင်တွေ့ချင်နေစိတ်တွေကိုချိုးနှိမ်ရင်း စိတ်ပင်ပန်းခံခဲ့ရတာတွေက...အခုတော့ အလကားဖြစ်ကုန်ပြီ...။ ဒီလိုတွေ အရာရာကိုသည်းခံပြီးနေခဲ့တာတွေက အခုလိုတွေဖြစ်လာဖို့မှမဟုတ်တာပဲ...။

ဒေါ်မီမီလင်းဆီက သူနဲ့ခွန်းစစ်မင်းကို သဘောမတူကြောင်း...ဘယ်လိုနည်းနဲ့ပဲခွဲရခွဲရ ရအောင်ခွဲမည်ဖြစ်ကြောင်းကြားရချိန်ကဆို ဒေါသထွက်လွန်းလို့ အသားတွေပါတုန်လာရတဲ့အထိပဲ...။ Exam stress တွေ...ချစ်ရသူကိုလွမ်းနေရက်နဲ့ တွေ့ဖို့လဲမခက်ခဲပါပဲ သွားတွေ့လို့မရတာတွေ...ဒေါ်မီမီလင်းရဲ့ဖိအားတွေ စတဲ့စတဲ့အရာတွေက သူ့စိတ်တွေကိုတင်းထားတဲ့ကြားထဲက အခါခါပင်ပန်းလာစေတယ်...။ Face time ပြောတဲ့အချိန်ဆို ခွန်းစစ်မင်းကိုသူ့မျက်နှာတောင်မပြရဲတော့တဲ့အထိ အားနည်းပျော့ညံ့လွန်းတဲ့သူ့ကိုယ်သူရှက်မိလာတယ်...။ စိတ်ပိုင်းဆိုင်ရာ ပြသာနာရှိခဲ့ဖူးတဲ့လူတစ်ယောက်အတွက် အချိန်မရွေးပြန်ဖြစ်ဖို့က လက်တစ်ကမ်းအလိုမှာတင်ရှိတယ်လေ...။

သူ ဦးမင်းစေသော်ရဲ့သတင်းကိုကြားကြားချင်းကဆိုရင်လဲ ဆေးရုံကိုအပြေးရောက်လာခဲ့သေးတယ်...။ ဦးမင်းစေသော်အဆင်ပြေကြောင်းတွေ့ရတဲ့အခါမှာလဲ သူအရင်ဆုံးစိတ်ပူမိတာက ခွန်းစစ်မင်း...။ ဒါပေမဲ့ သူရောက်သွားတဲ့အချိန် ခွန်းစစ်မင်းကအိမ်ပြန်သွားခဲ့ပြီ...။ ဒါနဲ့ အိမ်ကိုလိုက်သွားဖို့လုပ်တော့ ကားပါကင်မှာပဲမထင်မှတ်ထားစွာ ရှိန်းဆက်ပိုင်နဲ့တွေ့ခဲ့ရတယ်...။ အဲ့လိုတွေ့လိုက်ရလို့ပဲ ရှိန်းဆက်ပိုင်ဆီကနေ ခွန်းစစ်မင်းရဲ့အဖေတွေအပေါ် သူ့အမေလုပ်ခဲ့သမျှလုပ်ရပ်တွေကို သိခွင့်ရခဲ့တယ်...။ အရင် ဦးစစ်နိုင်ကိစ္စတည်းက ဒေါ်မီမီလင်းအပေါ်ရှိနေခဲ့တဲ့ သံသယကလဲ ပိုသေချာသွားတယ်...။

ဒါကြောင့် လင်းခေတ်ဦး ခွန်းစစ်မင်းဆီကိုမသွားဖြစ်တော့ပဲ အိမ်ကိုသာပြန်လာဖြစ်ခဲ့တယ်...။ ဒါပေမဲ့လဲ ဒေါ်မီမီလင်းနဲ့အကြီးအကျယ် အခြေအတင်ပြောအပြီး နောက်ဆုံးသူရလိုက်တာက...အပေးအယူမမည်တဲ့ အကြပ်ကိုင်စကားတစ်ခွန်း...။

" မင်းတော်တော်ခေါင်းမာတာပဲ လင်းခေတ်ဦး...ဟိုကဖြင့် ငါပေးတဲ့ပိုက်ဆံယူပြီး မင်းနဲ့လမ်းခွဲဖို့သဘောတူပြီးပြီ...ဒါပေမဲ့လဲ မင်းကငါ့ရဲ့သားအရင်းဖြစ်နေတဲ့အတွက် အလျှော့ပေးတဲ့အနေနဲ့ သူ့လိုပဲမင်းနဲ့အပေးအယူတစ်ခုလုပ်ပေးမယ်...မင်းသာ အဲ့ကောင်လေးနဲ့လုံးဝမပတ်သတ်တော့ဘူးဆိုရင် သူတို့မိသားစုကိုငါလုံးဝမနှောက်ယှက်တော့ဘူး...သူ့အဖေကိုတရားဆွဲထားတဲ့ကိစ္စကိုလဲ ဖျက်ပေးမယ်...ဒါပေမဲ့ မင်းဘက်ကလဲ ဝတီကိုကိုနဲ့လက်ထပ်ဖို့ကိစ္စကို စဥ်းစားပေးရမယ်...အတင်းမတိုက်တွန်းဘူးနော်...ငါ မင်းတို့နှစ်ယောက်ကိုဆန္ဒရှိတယ်ဆိုတာ မင်းသိပါတယ်...ဘယ်လိုလဲ..."

လင်းခေတ်ဦး ညတွင်းချင်းပင် ခွန်းစစ်မင်းဆီသွားကာ မျက်နှာချင်းဆိုင်ပြီးမေးလိုက်ချင်တယ်...။ ဒါပေမဲ့...စိတ်ပင်ပန်းလူပင်ပန်းဖြစ်နေတဲ့သူကို ထပ်ပြီးအနှောက်အယှက်မပေးချင်တော့ဘူး...။ ဒါကြောင့်မို့လဲ မနက်လင်းမှသာ သူအပြေးသွားမိတယ်...။ ခွန်းစစ်မင်းက သူ့ကိုလုံးဝလမ်းခွဲမှာမဟုတ်ဘူးဆိုတဲ့ ယုံကြည်ချက်ကိုရင်မှာအပ်လို့ပေါ့...။ ပိုက်ဆံတွေယူပြီး သူ့အမေရဲ့ကမ်းလှမ်းချက်ကိုလက်ခံခဲ့တယ်ဆိုရင်တောင် ကျိန်းသေပေါက်ခွန်းစစ်မင်းမှာအကြောင်းရှိလို့ပဲဆိုတာ သူသိတယ်...။ သူ ခွန်းစစ်မင်းကို ယုံတယ်...။

ဒါပေမဲ့ အခုတော့...။ အရာအားလုံး ပျက်စီးကုန်ပြီ...။

" တီ တီ တီ! တီ တီ တီ!..."

လင်းခေတ်ဦး နှိုးစက်ကိုလှမ်းပိတ်ရင်း အိပ်ရာပေါ်ကနေထထိုင်လိုက်မိတယ်...။ ညနေ ၅ နာရီ...။ သူတော်တော်လေးအိပ်ပျော်သွားတာကိုသတိထားမိပြီး နားထင်တွေကိုလက်ထိပ်လေးနဲ့နယ်လိုက်မိတယ်...။ အဲ့နောက် အဝတ်တွေချွတ်ချကာ ရေချိုးခန်းထဲဝင်လာလိုက်တယ်...။ အချိန်အတော်ကြာအောင် ရေချိုးလိုက်အပြီးမှာတော့ အနည်းငယ်လန်းဆန်းသွားသယောင် ခံစားလိုက်ရတယ်...။ ခါးမှာသဘက်ကိုပတ်လိုက်ပြီးနောက် ခေါင်းပေါ်သဘက်အသေးလေးတင်ကာ ရေချိုးခန်းထဲကထွက်လာလိုက်တယ်...။ ဆံပင်တွေကို စိတ်မပါလက်မပါသုတ်နေရင်းပဲ အိပ်ရာကိုမှီကာ အောက်ကြမ်းပြင်ပေါ် ဒူးတစ်ဖက်ထောင်ပြီးထိုင်ချလိုက်တယ်...။

" ဒေါက် ဒေါက်..."

တံခါးခေါက်သံနဲ့အတူမြင်လိုက်ရတာက ဒေါ်မီမီလင်း...။ အခန်းတံခါးကဖွင့်ထားတာမို့ ဒေါ်မီမီလင်းကတံခါးဘောင်ကိုမှီကာ လက်ပိုက်ရင်း သူ့ကိုဂရုဏာသက်သလိုအမူအယာနဲ့ကြည့်နေတယ်...။

" ဘယ်လိုလဲ...ဟိုကမင်းကိုလမ်းခွဲလိုက်ပြီမဟုတ်လား..."

" ....."

" အဟင်း!...ကဲပါ...အဲ့တော့...ကမ်းလှမ်းချက်ကိုစဥ်းစားပြီးပြီလား..."

လင်းခေတ်ဦး ခေါင်းပေါ်ကသဘက်ကို အိပ်ရာပေါ်ပစ်တင်ကာ ထိုင်ရာကထလိုက်တယ်...။ ဒေါ်မီမီလင်းအနားကိုလျှောက်သွားလိုက်ပြီး အေးစက်စွာပဲကြည့်လိုက်တယ်...။ ဒေါ်မီမီလင်းကလဲ လင်းခေတ်ဦးရဲ့တစ်ကိုယ်လုံးကိုခြုံကြည့်လိုက်မိပြီး ကျေနပ်စွာပြုံးလာတယ်...။

" တကယ်ပဲ ငါ့မျက်စိအောက်မှာတင် လူကြီးဖြစ်လာပြီပဲ...ဆိုပါအုံး..."

" ကျွန်တော် ခွန်းနဲ့လုံးဝမပတ်သတ်တော့ဘူး...သူ့ကိုလက်လွှတ်လိုက်မယ်ဆိုရင်...သူနဲ့သူ့ပတ်ဝန်းကျင်ကလူတွေကို ထိခိုက်အောင်လုံးဝမတော့ပါဘူးလို့ ကတိပေးလား..."

" ပေးတယ်..."

" ဒါဆို ကျွန်တော့်ဘက်ကလဲ သူ့ကို ဦးနှောက်ထဲကရော ရင်ဘက်ထဲပါထုတ်ပစ်ပါ့မယ်လို့ကတိပေးတယ်...ဒါပေမဲ့...ဝတီကိုကိုနဲ့ကိစ္စကိုတော့ ကျွန်တော်လက်မခံပါရစေနဲ့...အဲ့အစား ကျွန်တော် ဦးငယ်ဆီပဲသွားချင်တယ်..."

" ဦးငယ်ဆီ?...ဘာလုပ်ဖို့လဲ..."

" သူက ဆေးကုမ္ပဏီဖွင့်ထားတာပဲလေ...ကျွန်တော်သူ့ဆီမှာ အတွေ့အကြုံအရရော ပညာအရပါသွားနေပြီးသင်ယူချင်တယ်...အဲ့တာကြောင့် ဝတီကိုကိုနဲ့ကိစ္စကို ကျွန်တော့်ကိုထပ်မပြောပါနဲ့...အခုချိန်မှာ ကျွန်တော်အဲ့တာကိုမစဥ်းစားနိုင်သေးဘူး...အဲ့လောက်တော့နားလည်ပေးမယ်လို့ထင်တယ်...အဓိကက ကျွန်တော် ခွန်းအနားမှာဆက်ရှိမနေတော့ဘူးမဟုတ်လား..."

ဒေါ်မီမီလင်းလဲ ခဏစဥ်းစားလိုက်ပြီးမှ ခေါင်းတညိတ်ညိတ်လုပ်ရင်း ပြန်ပြောလိုက်တယ်...။

" ကောင်းပြီလေ...ရတယ်...နဂိုတည်းကလဲ မင်းနဲ့ဝတီကိုကိုရဲ့ကိစ္စကို ငါကဖြစ်ကိုဖြစ်ရမယ်မှမဟုတ်တာ...သိတဲ့အတိုင်း သူ့အမေနဲ့ကငယ်သူငယ်ချင်းဆိုတော့...သူရော သူ့သမီးကပါ မင်းမှမင်းဖြစ်နေကြတော့ ငါကလဲအားနာသမှုနဲ့ တာဝန်အရမင်းကိုပြောထားရုံပဲ...ရတယ်လေ...မင်းဦးငယ်ဆီ တစ်နှစ်လောက်ဖြစ်ဖြစ်သွားနေပေါ့...အဲ့အချိန်အတွင်းမှာ တော့သေချာစဥ်းစားခဲ့..."

ဒေါ်မီမီလင်းလဲ စကားဆုံးတဲ့အခါ တံခါးဘောင်ကိုမှီနေရာကပြန်မတ်လိုက်ပြီး နေရာကထွက်သွားဖို့ပြင်လိုက်တယ်...။

" ကျွန်တော်တစ်ခုလောက်သိချင်တယ်..."

" ပြော..."

" ကျွန်တော်နဲ့ခွန်းကိုခွဲနေရတဲ့အကြောင်းအရင်းက...ခွန်းဖြစ်နေလို့လား...ခွန်းကယောကျ်ားလေးဖြစ်နေလို့လား..."

ကျောပေးထားရက်ပဲ ဒေါ်မီမီလင်းရဲ့လှုပ်ရှားနေမှုတွေငြိမ်ကျသွားတယ်...။ အဲ့နောက်မှာတော့ ပြတ်သားတဲ့ စကားသံတစ်ခုထွက်လာတယ်...။

" သူ့နေရာမှာ အခြားယောက်ျားလေးတစ်ယောက်ဆိုရင်လဲ...အခုလုပ်နေတာတွေနဲ့တစ်ပုံစံတည်းပဲလုပ်မိမှာပဲ...ငါကိုယ်တိုင်ဝမ်းနဲ့လွယ်မွေးထားရတဲ့ငါ့ရဲ့သားကို အခြားယောကျ်ားတစ်ယောက်နဲ့ လူလည်ကောင် လက်တွဲပြီးသွားလာနေမှာကိုငါမလိုချင်ဘူး...လက်မခံနိုင်ဘူး လင်းခေတ်ဦး..."

အဖြေကရှင်းပါတယ်...။ ဒေါ်မီမီလင်းက လင်းခေတ်ဦးရဲ့ဖြစ်တည်မှုအမှန်ကို လက်မခံနိုင်ဘူး...။ ဒါပေမဲ့လဲ အခုချိန်မှာဒါက လင်းခေတ်ဦးအတွက်အဓိကမကျဘူး...။ အဓိကက သူ့မှာနောက်ဆုံးအခွင့်အရေးတစ်ခုရှိသေးတယ်...။ ခွန်းစစ်မင်း သူ့ကို ပြန်လက်ခံလာစေဖို့...။ ဒါကြောင့် သူမသွားခင် ခွန်းစစ်မင်းနဲ့တစ်ခေါက်တော့ တွေ့ဖြစ်အောင်တွေ့ရမှဖြစ်မယ်...။

လင်းခေတ်ဦးအမြဲလိုချင်ခဲ့တဲ့အရာက ခွန်းစစ်မင်းသူ့ဘေးမှာ ဘာတွေပဲဖြစ်လာလာ အမြဲအတူရှိနေဖို့ပဲ...။ အဲ့လိုသာရှိနေမယ်ဆိုရင် သူဘာပြသာနာမဆိုပြေးတွေ့လိုက်ဖို့ဝန်မလေးဘူး...။ ဒါပေမဲ့...ခွန်းစစ်မင်းကမှ သူ့ဘေးနားမရှိချင်ရင်...သူလဲအဲ့ပြသာနာဆိုတဲ့အရာတွေကို တစ်ယောက်တည်းရင်ဆိုင်ဖို့အထိ မမာကျောဘူး...။ သူ့ကာကွယ်မှုကိုမှမလိုချင်ရင် ထိုဖြစ်တည်လာမဲ့ထိခိုက်မှုတွေလဲရှိမလာတော့အောင်...သူဘက်ကပဲအလိုက်သင့် ဘေးကနေဖယ်ခွာပေးသွားရုံသာရှိတော့တယ်...။

လေဆိပ်ထဲလူတွေအများကြီးရှိနေခဲ့ပေမဲ့ လင်းခေတ်ဦးမျက်လုံးထဲ ခွန်းစစ်မင်းတစ်ယောက်တည်းကိုပဲမြင်တယ်...။ အမြဲသူကသာ ဦးအောင်ထွက်ခွာမိပေမဲ့...ဒီတစ်ခါမှာတော့ ပြေးထွက်သွားတဲ ခွန်းစစ်မင်းရဲ့ကျောပြင်ကို လှည့်ငေးကြည့်မိတယ်...။ အခုတော့ဖြင့် ဒီမြင်ကွင်းကဘယ်လောက်ထိ နာကျင်စရာကောင်းလဲဆိုတာ ခွန်းစစ်မင်းကိုကိုယ်ချင်းစာတတ်ခဲ့ပြီ...။ ဘာမှမလုပ်နိုင်ပဲ ကျောပြင်ကိုသာ ရင်နာနာနဲ့ငေးကြည့်နေရတာမျိုး...။

( နှုတ်ဆက်ပါတယ်...)

နေ့ရက်တွေကရှည်လျားခက်ခဲလွန်းတယ်...။ ခွန်းစစ်မင်းဆိုတဲ့ဖြစ်တည်မှုလေး သူ့ဘေးနားမရှိတော့တာက အသက်ရှင်နေရတဲ့နေ့ရက်တွေကို ထင်သလောက်မလွယ်ကူစေခဲ့ဘူး...။ သူ့မှာက လွမ်းလို့ထုတ်ကြည့်စရာ ပုံလေးတောင်မှမရှိပဲကိုး...။ တကယ်တော့ အဲ့လိုမကြည့်တာကပဲ သူ့စိတ်ကိုပိုသက်သာရာရစေတာ...။ သူနိုင်ငံခြားသွားမယ်ဆိုတော့ ဒေါ်မီမီလင်းက သူ့အတွက်ဖုန်းအသစ်တစ်လုံးဝယ်ပေးတယ်...။ လက်ရှိဖုန်းကိုတော့ထားခဲ့ရမယ်တဲ့လေ...။ ဒါကြောင့်လဲ လင်းခေတ်ဦး သူပေးထားတဲ့ကတိတည်နိုင်ဖို့အတွက် ထိုဖုန်းလေးကိုလုံခြုံတဲ့တစ်နေရာမှာထားခဲ့လိုက်ပြီး ဖုန်းအသစ်ကိုသာယူလာခဲ့လိုက်တယ်...။ အဲ့တာအပြင် ဘယ်သူနဲ့မှအဆက်အသွယ်မလုပ်ချင်တော့တာမို့ ဘာဖုန်းနံပါတ် ဘာ Social Media မှမသုံးဖြစ်တော့ဘူး...။

ခွန်းစစ်မင်းနဲ့ပက်သက်ပြီး လင်းခေတ်ဦးကအမြဲ သူ့ကိုယ်သူအပြစ်ရှိတဲ့သူတစ်ယောက်လိုသဘောထားထားတာကြောင့်...သူ ခွန်းစစ်မင်းနဲ့ကင်းကင်းနေနိုင်လေ တစ်ဖက်အတွက်ပိုစိတ်ချရလေလို့တွေးထားခဲ့တယ်...။ ဒါကြောင့်လဲ အလုပ်ထဲမှာသာ ပိုပြီးစိတ်ကိုနှစ်ထားမိတော့တယ်...။

ဒီလိုနေလာရင်းပဲ တစ်နှစ်ဆိုတဲ့အချိန်က ပြည့်ဖို့တဖြည်းဖြည်းနီးကပ်လာခဲ့တယ်...။ အဲ့လိုနီးကပ်လာလေ လင်းခေတ်ဦးအတွက်လဲ ပိုခက်ခဲလာလေပဲ...။ အကြောင်းက အိမ်ပြန်ရင် တစ်နည်းမဟုတ်တစ်နည်းနဲ့တော့ ခွန်းစစ်မင်းနဲ့တွေ့ရမှာပဲ...။ မဟုတ်တောင် သူဘက်ကတွေ့ဖို့ကြိုးစားမိမှာ...။ အဲ့ဒီ့အခါကျရင် သူခွန်းစစ်မင်းကိုဘယ်လိုရင်ဆိုင်ရလဲမသိဘူး...။ ခွန်းစစ်မင်းကိုလဲ သူ့ကြောင့်အခက်မတွေ့စေချင်ဘူး...။ အဲ့တာထက်ပိုပြီးစိုးရိမ်ဖို့ကောင်းတာက ဒေါ်မီမီလင်း...။

ဒီလို အကြောင်းအကြောင်းတွေစုလာတဲ့အခါမှာတော့ လင်းခေတ်ဦးစဥ်းစားမိတာတစ်နည်းပဲရှိတော့တယ်...။ အရင်ဖြစ်ဖူးတဲ့ကိစ္စတွေကိုအသုံးချဖို့ပဲ...။ အဲ့တာက သူအတိတ်မေ့ချင်ယောင်ဆောင်ရမယ်...။ ဒါက ဖြစ်လာနိုင်တဲ့ကိစ္စအားလုံးကို ဖြေရှင်းပြီးသားဖြစ်တယ်...။ နောက်...ဒီမှာသူ့ကိုအဓိကကူညီပေးခဲ့တာက ဦးငယ်ပဲ...။ ဦးငယ်ဆိုတာက ဒေါ်မီမီလင်းဘက်ကအမျိုးတွေထဲ လင်းခေတ်ဦးတို့မောင်နှမအပေါ် အနွေးထွေးဆုံးဆက်ဆံပေးခဲ့တဲ့သူ...။ ဒေါ်မီမီလင်းနဲ့ဆိုမောင်ဝမ်းကွဲတော်ပြီး...အသက်ကလဲသူတို့မောင်နှမထက် ၁၀ နှစ်ကျော်သာကြီးတာမို့ သူတို့ကဦးငယ်လို့ပဲခေါ်ကြတယ်...။

လင်းခေတ်ဦး ကိုရီးယားကိုရောက်ခါစက တော်တော်လေးကိုတိတ်ဆိတ်နေခဲ့တာ...။ ဦးလေးဖြစ်သူကိုယ်တိုင်ကလဲ ပုံမှန်ဆိုသူနဲ့တွေ့ရင်အမြဲပျော်ပြီးစကားတွေများနေတတ်တဲ့ကလေးက အခုတော့...အဖေဆုံးသွားတုန်းကလိုမျိုး ငြိမ်သက်နေတာကို သတိထားမိတယ်...။ ဒါပေမဲ့ ဘာကိုမှဖိအားမပေးပဲ...သူ့ဆီရောက်လာတာကလဲ အကြောင်းတစ်ခုခုရှိရမယ်ဆိုတာကိုသဘောပေါက်ခဲ့တယ်...။ လင်းခေတ်ဦးလဲ အစပိုင်းသာ သူ့အတွက်အခက်အခဲတွေရှိခဲ့ပေမဲ့ နောက်ပိုင်းသူ့ဦးလေးနဲ့ပြန်ပြီးနေသားကျလာတာမို့...သူ့ပါးစပ်ကနေပဲ ရှိခဲ့တဲ့ ရှိနေတဲ့အခက်အခဲတွေကို ဖွင့်ပြောမိလာတယ်...။ အဲ့တာကြောင့်လဲ...လင်းခေတ်ဦး အခုလိုအတိတ်မေ့ချင်ယောင်ဆောင်မဲ့ကိစ္စမှာ ဦးငယ်ကလိုက်လိုက်လျောလျောကို ကူညီပေးခဲ့တာ...။

အစီအစဉ်တကျသေချာပြင်ဆင်ပြီးတဲ့အခါမှာတော့...ဦးငယ်ကပဲ ဒေါ်မီမီလင်းဆီကိုဖုန်းဆက်ပေးတယ်...။ စက်ရုံမှာမတော်တဆတစ်ခုဖြစ်ပြီး ခေါင်းထိသွားကြောင်းပေါ့...။ ဒီနေရာမှာ အဓိပ္ပာယ်ရှိမဲ့အချိန်ရယ် နေရာရယ် အကြောင်းပြချက်ရယ်ကိုလဲရွေးချယ်ရသေးတယ်...။ ဒါကြောင့် အလုပ်ဆင်းချိန် စက်ရုံမှာဘယ်သူမှမရှိတော့တဲ့အချိန်ကိုရွေးလိုက်ပြီး... နေရာကိုတော့ အပြင်မှာထက်စက်ရုံမှာကပိုအဆင်ပြေတာမို့ စက်ရုံရဲ့အပေါ်ထပ်မှာရှိတဲ့ ဦးငယ်ရဲ့ရုံးခန်းကိုပဲရွေးလိုက်ကြတယ်...။

" မင်းတို့ကအဲ့အချိန်ကြီးထိ စက်ရုံမှာဘာလုပ်နေကြတာတုန်း..."

" ကျွန်တော်တို့တူဝရီးနှစ်ယောက်လဲ အတူမသောက်ရတာကြာပြီမို့ အဲ့နေ့က ရုံးဆင်းချိန် ရုံးခန်းထဲစကားထိုင်ပြောရင်း တော်တော်လေးသောက်မိကြတယ်...နောက် ကျွန်တော်တို့ပြန်တော့ ကိုလင်းကတော်တော်မူးနေတာနဲ့ ချော်လဲမှာစိုးလို့တွဲပေးတာကို မမီရဲ့သားကအတွဲမခံဘူးလေ...သူ့ဟာသူအတင်းဇွတ်ဆင်းရင်း လှေကားပေါ်ကချော်ကျတော့တာပဲ...ကျွန်တော်လဲဖြစ်ဖြစ်ချင်း ဆေးရုံခေါ်သွားတာပါ..."

" အဲ့လောက်ဖြစ်သွားတာကို အခုမှလှမ်းပြောတယ်ပေါ့..."

" အဲ့တုန်းက မမီကိုအရမ်းစိတ်ပူမသွားစေချင်လို့ပါ...အခုတော့ ဆေးရုံကလဲဆင်းလာပါပြီ..."

" မင်းတို့ဟာကလဲ...ငါကမင်းကိုစိတ်ချပြီး လင်းခေတ်ဦးကိုပို့ခဲ့တာလေ...ဒီလောက်လေးတောင်မစောင့်ရှောက်နိုင်ဘူးလား..."

" ဆောရီးပါ..."

" အခုသူက ဘာကိုမှမမှတ်မိဘူးလား..."

" Ommm..."

" သတိရရခြင်းဘာပြောသေးလဲ...တစ်ယောက်ယောက်ရဲ့နာမည်ခေါ်တာမျိုးတွေဘာတွေရှိသေးလား..."

" တစ်ယောက်ယောက်? မရှိပါဘူး...ဘာလို့လဲ...သြော်...သူသတိရလာပြီးတစ်ရက်လောက်ကြာတော့ပြောတယ်...ဒီနေရာကသူနဲ့မရင်းနှီးသလိုပဲတဲ့...ဒါသူ့အိမ်မဟုတ်ဘူးမဟုတ်လားတဲ့...ကျွန်တော်က အစက ဆေးရုံကိုရည်ရွယ်တယ်ထင်တာ..."

" အိမ်ဆိုတာ ဒီကိုရည်ညွှန်းတာလား..."

" ဟုတ်တယ်...မနက်ကဆေးရုံကနေအိမ်ကိုရောက်တော့ သူအိမ်ပြန်ချင်တယ်ဆိုပြီးပြောတယ်..."

" Hm?...အင်းးး... အမှန်တော့ သူ့ကိုပေးထားတဲ့အချိန်ကလဲ ပြည့်နေပါပြီ...အဲ့တာဆိုလဲ ပြန်ပို့လိုက်ပါ...မင်းလဲစောင့်ရှောက်နိုင်တာမဟုတ်ဘူး...ဆိုတော့...မင်းဘယ်လိုစီစဥ်ပေးမယ်စိတ်ကူးလဲ..."

" ကျွန်တော်သူ့ကို လေယာဉ်ပေါ်သေချာတင်ပေးလိုက်မယ်...မမီတို့ဘက်ကသာ သူ့ကိုသေချာလေးလေဆိပ်မှာစောင့်ပြီးလာကြိုပေးလိုက်ပေါ့..."

" ကောင်းပြီလေ...အဲ့လိုလုပ်တာပေါ့..."

လင်းခေတ်ဦးတို့စီစဥ်တာပဲတော်လို့လားတော့မပြောတတ်...။ ဒေါ်မီမီလင်းက လင်းခေတ်ဦးကိုပြန်တွေ့တွေ့ချင်း နည်းနည်းပါးပါးမေးတာမြန်းတာလောက်ကလွဲလို့ ဘာမှသံသယမဝင်ခဲ့ဘူး...။ အဲ့တာအပြင် လင်းခေတ်ဦးကိုယ်တိုင်က ပြင်ဦးလွင်မြို့ထဲကလွဲပြီး အခြားဘယ်ကိုမှမသွားတော့ပဲ သုံးလလောက်မှတ်ဉာဏ်ပြန်ရအောင်ကြိုးစားနေတဲ့ပုံစံမျိုးနဲ့နေခဲ့တာမို့ ဒေါ်မီမီလင်းကပိုပြီးယုံကြည်လာတော့တယ်...။ အဲ့တာကြောင့်လဲ...လင်းခေတ်ဦးပြန်ရောက်နေတာကို နှစ်လကျော်လောက်အထိ ဒေါ်မီမီလင်းကလွဲလို့ ဘယ်သူမှမသိခဲ့ဘူး...။

အဲ့နောက်မှာတော့...ဒေါ်မီမီလင်း လင်းရောင်ခြယ် မြတ်သူထွဋ် Cara နဲ့ ဝတီကိုကိုတို့ကို တစ်ယောက်ချင်း တဖြည်းဖြည်းချင်းမှတ်မိလာတဲ့ပုံစံအတိုင်း သူအကွက်ကျကျနေထိုင်နိုင်ခဲ့တယ်...။ ဒါပေမဲ့ သူပြန်ရောက်နေပြီဖြစ်ကြောင်းကို ပထမဆုံးသိခွင့်ရခဲ့တာက ဝတီကိုကို...။ ဒေါ်မီမီလင်းကြောင့်ပဲပေါ့...။ အဲ့လို ဝတီကိုကိုအရင်ဆုံးသိခဲ့ရတာကြောင့်လဲ လင်းခေတ်ဦးတစ်ယောက် ရန်ကုန်ကိုရောက်လာနိုင်တာ...။ ဒေါ်မီမီလင်းက အကျိုးအကြောင်းအစုံကိုပြောပြလိုက်ပြီး ဝတီကိုကိုရဲ့အာမခံမှုနဲ့အတူ ရန်ကုန်ကိုသွားခွင့်ပေးခဲ့တာ...။

လင်းခေတ်ဦးက သူ့အမဖြစ်သူနဲ့သွားတွေ့ချင်တယ်ပြောတဲ့အချိန် ဒေါ်မီမီလင်းမှာငြင်းဆန်ခွင့်မရှိဘူး...။ တစ်ဖက်ကလဲ လင်းရောင်ခြယ်နဲ့သွားတွေ့မယ်ဆိုရင် သူမတွေ့စေချင်တဲ့သူနဲ့ ကျိန်းသေပေါက်တွေ့မိမယ်ဆိုတာကို သူသိတယ်...။ ဒါပေမဲ့ အခုချိန်မှာလင်းခေတ်ဦး ထိုကောင်လေးကိုသတိမရသေးတာက သူ့ကိုအနည်းငယ်စိတ်သက်သာမှုတော့ရစေတယ်...။ အဲ့အချိန်မှာပဲ ဝတီကိုကိုရဲ့မိဘတွေကပါ လင်းခေတ်ဦးကိုတွေ့ချင်တယ်ပြောတဲ့အခါ...သူ့ဘက်ကရန်ကုန်ကို မလွှတ်မနေလွှတ်လိုက်ရမဲ့ အနေအထားဖြစ်လာတယ်...။ ဒါကြောင့်လဲ ခွန်းစစ်မင်းနဲ့ကိစ္စတွေကိုပါသိထားတဲ့ဝတီကိုကို'ကို သေချာပြောပြအသိပေးပြီး လင်းခေတ်ဦးကိုထည့်ပေးလိုက်တော့တယ်...။ အဲ့နောက်မှာတော့ ဝတီကိုကိုက ပြင်ဦးလွင်အထိတစ်ယောက်တည်းရောက်ချလာတာမို့လဲ... လင်းခေတ်ဦးကားနဲ့သာ အတူရန်ကုန်ကိုဆင်းလာဖြစ်ကြတယ်...။

.
.
.
.
.

" အ!..."

လင်းခေတ်ဦး ဝတီကိုကိုရောက်မလာသေးတာကြောင့် အင်္ကျီဆိုင်တစ်ဆိုင်ရှေ့မှာရပ်စောင့်နေမိတုန်း ကောင်လေးတစ်ယောက်ဝင်တိုက်တာကိုခံလိုက်ရတယ်...။ ဒါပေမဲ့ ချက်ချင်းဆိုသလို နှာခေါင်းထဲတိုးဝင်လာတဲ့အနံ့လေးကြောင့် သူ့ရင်ထဲထိတ်ခနဲဖြစ်သွားမိတယ်...။ ဒါနဲ့ မျက်နှာကိုသေချာလိုက်ကြည့်မိတော့ သူ့နှလုံးသားထဲ ပျော်ရွှင်မှုနဲ့စိုးရိမ်မှုတို့ရောပြွန်းကာ တောင့်ခဲလာရတော့တယ်...။

" ဆောရီး...မတော် လို့..."

( ခွန်း...)

ခွန်းစစ်မင်းကသူ့ကို အံ့အားသင့်စွားငေးကြည့်လာတယ်...။ သူတစ်ခုခုပြန်ပြောမိဖို့မေ့နေရလောက်အောင်ကို ခွန်းစစ်မင်းရဲ့မျက်နှာလေးကို တစ်လက်မမှမကျန်အောင်သေချာကြည့်မိတယ်...။ ဒါပေမဲ့ အချိန်မရွေး သူ့ရဲ့လက်တွေက ခွန်းစစ်မင်းရဲ့ခန္ဓာကိုယ်ပေါ်ကိုရောက်သွားနိုင်တာကြောင့် စိတ်ကိုကြိုးစားထိန်းလိုက်ရင်းသာ တင်းတင်းစေ့ထားတဲ့နှုတ်ခမ်းလွှာတွေကိုဖွင့်ဟလိုက်တယ်...။

" ရတယ်..."

ပြီးတာနဲ့ ခွန်းစစ်မင်းရဲ့ရှေ့ကနေ အမြန်ထွက်လာလိုက်မိတယ်...။ ခွန်းစစ်မင်းနဲ့ပြန်တွေ့ရမယ်ဆိုတာကိုသိပေမဲ့ ရန်ကုန်ပြန်ရောက်တာမကြာသေးတဲ့သူ့အဖို့ တော့မြန်လွန်းနေတယ်...။ သူအခုထိအဆင်သင့်မဖြစ်သေးဘူး...။ သူဆိုင်တစ်ဆိုင်အကွယ်မှာခဏရပ်ကာ အသက်ကိုထိန်းရှုနေမိပြီးမှ ခုနကနှစ်ယောက်ရပ်ခဲ့တဲ့နေရာလေးနားလှမ်းကြည့်မိတော့ ခွန်းစစ်မင်းကမရှိတော့ဘူး...။ ဒါပေမဲ့ ခပ်လှမ်းလှမ်းကဓာတ်လှေကားကနေ အပေါ်ကိုတက်သွားနေတာကို မြင်လိုက်ရတာကြောင့် သတိလွတ်စွာပဲနောက်ကနေလိုက်မိတော့တယ်...။

အဲ့အချိန်သူမြင်လိုက်ရတာက ခွန်းစစ်မင်းကို သူမဟုတ်တဲ့အခြားယောကျ်ားတစ်ယောက်ကဖက်နေတာကို...။

( ရှိန်းဆက်ပိုင်???...)

သူဆက်ကြည့်နေမိတုန်းမှာပဲ နှစ်ယောက်လုံးက သူ့ကိုမြင်သွားတာကြောင့်...ချက်ချင်းပဲ နေရာကနေလှည့်ထွက်လာခဲ့လိုက်တယ်...။ ဆောက်တည်ရာမရစွာပဲ သန့်စင်ခန်းထဲဝင်ကာ မှန်ထဲကကိုယ့်ကိုယ်ကိုပြန်ကြည့်မိတယ်...။

( ရှိန်းပဲလေ...အခြားလူမှမဟုတ်တာ...အခြားလူထက်ဆာရင်တော့ ရှိန်းနဲ့ကပိုစိတ်ချရပါတယ်...)

သူနဲ့လမ်းခွဲခဲ့တာလဲ တစ်နှစ်တောင်ကျော်ပြီမို့ ခွန်းစစ်မင်းမှာ နောက်တစ်ယောက်ရနေပြီဆိုတာက သူ့အတွက်ယုတ်တိရှိပါတယ်...။ လင်းခေတ်ဦး ရေကိုဖွင့်ကာ မျက်နှာသစ်လိုက်မိတယ်...။

" ဟ! အဲ့တုန်းက သူတကယ်မူးပြီးပြောခဲ့တာပဲနေမှာပါ...ငါကသာအတွေးလွန်ပြီး..."

( သူငါ့ကိုတကယ်မချစ်ခဲ့တာလဲနေမှာပေါ့...ဒါမှမဟုတ်လဲ အခုကြာသွားပြီးမို့ မချစ်တော့တာလဲနေမှာပေါ့...ဒါသူ့အမှားမှမဟုတ်တာ...ငါနားလည်ပေးရမယ်...)

" ဟူးးး!..."

( အနည်းဆုံးတော့ ငါသူ့မျက်နှာလေးကို တွေ့လိုက်ရပြီ...အဟင်း!...ခွန်း...မင်းက ငါ့ကိုရင်ခုန်အောင်လုပ်နိုင်တုန်းပဲ...)

လင်းခေတ်ဦး ရင်ဘက်လေးကိုအသာပုတ်ရင်း မှန်ကိုပြုံးပြလိုက်မိတယ်...။ ဒါပေမဲ့ အဲ့နေ့ညမှာပဲ သူ့ရဲ့အတွေးပေါင်းစုံက မရေမရာနဲ့ဇဝေဇဝါဖြစ်သွားရတယ်... ။ အစက နောက်တစ်နေ့မှ ဝတီကိုကိုနဲ့အတူ လင်းရောင်ခြယ်တို့ဆီလာဖို့လုပ်ထားပေမဲ့...မထင်မှတ်ပဲ ခွန်းစစ်မင်းနဲ့တွေ့လိုက်ရတာကြောင့် သူဘယ်လိုမှအိမ်ထဲငြိမ်ငြိမ်မနေနိုင်တော့ဘူး...။

( ငါမြင်လိုက်ရတာတွေကတကယ်ရောဟုတ်ရဲ့လား...)

လင်းခေတ်ဦး ကိုယ့်အဖြစ်ကိုယ်မယုံကြည်နိုင်စွာဖြစ်မိရင်း လှေကားပေါ်ကပြေးဆင်းသွားတဲ့ ခွန်းစစ်မင်းကို မျက်စိတစ်ဆုံးလိုက်ကြည့်မိတယ်...။ မြင်ကွင်းကပျောက်သွားပြီဆိုတော့မှ အခန်းထဲကိုဝင်လာခဲ့လိုက်တယ်... ။

( ဘာလို့လဲ...ခွန်းက ငါ့အခန်းထဲကိုဘာလို့လာတာလဲ...ဒီလိုပဲလာနေကျလား...ဘာလာလုပ်တာလဲ...သူ့အိမ်မှာမလွတ်လပ်လို့ ဒီကိုလွတ်လွတ်လပ်လပ်လာလုပ်တာလား...ဒါပေမဲ့ သူ့အခန်းကတံခါးပိတ်ထားရင် အသံလုံတာပဲကို...ဒါဆို ဘာလို့...ဟင်?...)

အိပ်ရာပေါ်အသာထိုင်ချရင်း တွန့်ကျေနေတဲ့အနီရောင် Hoodie လေးကို ယူကြည့်လိုက်မိတယ်...။

( မဟုတ်မှလွဲရော...သူ ဒါနဲ့...)

" Shit!..."

( ခွန်းကငါ့အပေါ် ခံစားချက်ရှိနေသေးတာလား...မဖြစ်နိုင်တာ...ဒါပေမဲ့...)

လင်းခေတ်ဦး အနွေးထည်လေးကိုချကာ မတ်တပ်ထရပ်လိုက်တယ်...။ အဲ့နောက်လက်မလေးကိုကိုက်ရင်း အခန်းထဲပတ်လျှောက်မိတော့တယ်...။

( ဘုရားရေ...သူ musterbate လုပ်တာကိုမြင်ဖူးတာ ဒါဒုတိယအကြိမ်ပဲ...ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်လဲ...)

ထိုသို့တွေးမိရတာနဲ့တစ်ပြိုင်နက် သူ့ရဲ့ဖွားဘက်တော်ဆိုးအတူကောင်ဖက်ညီနောင်ကပါ ဆန္ဒပြလာတော့တယ်...။ ဒါကြောင့်လဲ လင်းခေတ်ဦး သက်ပြင်းတစ်ချက်ချကာသာ အားနာနာနဲ့အနွေးထည်လေးကို တစ်ဖန်ပြန်လည်ကောက်ကိုင်မိတော့တယ်...။

ဒီမမှတ်မိဘူးဆိုတဲ့ကိစ္စကို ခွန်းစစ်မင်းအပြည့်အဝယုံချင်မှယုံလိမ့်မယ်ဆိုတာ လင်းခေတ်ဦးသိတယ်...။ ဒါက သူ့ကိုတော်တော်လေးစိတ်အလိုမကျဖြစ်စေလိမ့်မယ်ဆိုတာလဲသိတယ်...။ ဒါပေမဲ့ သူဒီလိုမှမလုပ်လဲ ခွန်းစစ်မင်းရဲ့အနီးကိုသူသွားလို့မရဘူး...။

သူမသိခဲ့တာက ခွန်းစစ်မင်းဘက်ကဒီလောက်ထိမြန်မြန်ကြီး လှုပ်ရှားလာခဲ့လိမ့်မယ်လို့ပေါ့...။ အချိန်အကြာကြီးနေမှပြန်ရတဲ့ နှုတ်ခမ်းလွှာတွေထက်ကချိုမြိန်မှုက ဘောင်းဘီအိတ်ထဲကသူ့ရဲ့လက်တွေကို တင်းတင်းဆုပ်ထားမိစေတဲ့အထိပဲ...။

ခွန်းစစ်မင်းကတော့သိမှာမဟုတ်ဘူး...။ အဲ့ဒီညက...သူ့ရဲ့လက်ချောင်းလေး ခွန်းစစ်မင်းထဲကိုရောက်ခဲ့တဲ့ညက... သူဘယ်လောက်ထိစိတ်ကိုချုပ်တီးထားရလဲဆိုတာ...။ ဒါပေမဲ့ ခွန်းစစ်မင်းသူ့ကိုယ်ပေါ်က ဘာအနံ့ကိုရပြီးစိတ်ဆိုးသွားတာလဲဆိုတာတော့ သူအခုထိနားမလည်နိုင်ဘူး...။ အဲ့ညက သူ့ဘက်ကလဲ အချို့စကားတွေမှာ အဓိပ္ပာယ်လွဲနိုင်လောက်တဲ့အရာတွေပါသွားမိတာကို ဝန်ခံတယ်...။ လက်စွပ်လေးကိုသိမ်းထားဆဲဖြစ်တာကိုသိရလို့လဲ သူဝမ်းသာမိတယ်...။ ထိုကတ္တီပါဘူးလေးထဲက လက်စွပ်လေးနှစ်ကွင်းကိုထိုင်ကြည့်နေမိလိုက်တာ အချိန်တွေကုန်လို့ကုန်သွားမှန်းတောင်မသိခဲ့တဲ့အထိပဲ ..။

" ရော့...ငါသေချာကိုသိမ်းပေးထားတာ...နင်လာမယ်ဆိုလို့ အားလဲအပြည့်သွင်းပေးထားတယ်..."

လင်းခေတ်ဦး ကျေနပ်စွာပြံးရင်း Cara လက်ထဲက ဖုန်းလေးကိုလှမ်းယူလိုက်တယ်...။

" ကျေးဇူးတင်ပါတယ်..."

" ကျွတ်! မဟုတ်တာတွေ...ဒီဖုန်းက နင့်အတွက်ဘယ်လောက်အရေးပါလဲ ငါသိပါတယ်...အဲ့တာကြောင့်လဲ နင်မသွားခင်ငါ့ကိုသေချာလာအပ်ထားတည်းက တယုတယနဲ့ကိုထိန်းသိမ်းထားတာ...ဟွန့်!..."

" အဟင်း!...အဲ့တာကြောင့်လဲ ငါကနင့်ကိုယုံကြည်ရကျိုးနပ်လို့ ပိုပြီးကျေးဇူးတင်တာပေါ့..."

Cara မျက်စောင်းထိုးလိုက်ပြီးမှ ကော်ဖီတစ်ငုံသောက်လိုက်ရင်း...။

" မနေ့ညက ရုတ်တရက်သွားစရာပေါ်လာတာနဲ့ဟာ...နင်နဲ့ချိန်းထားပြီးမှ..."

" မဟုတ်တာ...ရပါတယ်...ငါလဲ ကိစ္စအချို့လုပ်ဖြစ်သွားပါတယ်..."

ရုတ်တရက် ခွန်းစစ်မင်းရဲ့ခံစားချက်အပြည့်နဲ့ နီရဲကာငိုမဲ့မဲ့ဖြစ်နေတဲ့မျက်နှာလေးကို မြင်ယောင်လာမိတာကြောင့်...သူအမြန်ပဲ အတွေးတွေကိုရပ်ပစ်လိုက်ရတယ်...။ Cara ကတော့ ဘာမှသတိမထားမိသေးပဲ စကားကိုဆက်တယ်...။

" ဒါနဲ့...နင်တကယ် မှတ်ဉာဏ်မပျောက်ဘူး ဆိုတာကို ငါနဲ့ ဦးငယ်အပြင် ဘယ်သူသိသေးလဲ..."

" အဲ့တာပဲ...ငါ မမကိုတောင်မပြောဘူး...မဟုတ်ရင် ခွန်းသိသွားမှာ..."

" ငါကတော့ မ'လင်းရောင်သိနေတယ်လို့ ခံစားနေရတယ်..."

" Ommm...သူသိနေမှာပါ...ငါသူ့ကိုဘယ်တော့မှလိမ်လို့မရဘူး...အဲ့လိုပဲ ခွန်းကိုမသိစေချင်ဘူးဆိုတာကိုလဲ သူသိမှာပါ..."

" ခွန်းကိုရောဘာလို့မပြောသေးလဲ...ခွန်းက ဒီတစ်ချိန်လုံး နင့်ကိုပဲစောင့်နေခဲ့တာ...နင်ဘာတွေစိုးရိမ်နေတာလဲကိုလင်း..."

" တကယ်တော့ အမေ့ကြောင့်ဆိုတာတွေက အကြောင်းပြချက်သက်သက်ပါပဲ...ငါ...ငါခွန်းကိုမယုံရဲဘူး...သူ့ကိုမယုံကြည်ရတဲ့သူလို့ပြောတာမဟုတ်ဘူး...ငါသူ့ကိုအရမ်းချစ်တယ်...သူလဲငါ့ကိုချစ်တယ်လို့ထင်ခဲ့မိတယ်...ဒါပေမဲ့ မဟုတ်ခဲ့ဘူးလေ..."

" သူအခုထိ နင့်အပေါ်ခံစားချက်ရှိနေသေးတာကို နင်လဲသိတာပဲ..."

" ငါသိပါတယ်...အဲ့တုန်းကလဲ ရှိခဲ့တာပဲလေ...သူ့ပါးစပ်က ငါ့ကိုချစ်ပါတယ်လို့မပြောမချင်း ငါသူ့ကိုအမှန်ကိုဖွင့်ပြောမှာမဟုတ်ဘူး...ဒီတစ်ခါသာထပ်ဖြစ်ရင်...ဒီတစ်ခါသာ အရင်တုန်းကလိုထပ်ဖြစ်ရင် ငါခံနိုင်ရည်ရှိတော့မှာဟုတ်ဘူး Cara...ငါလုံးဝပြိုလဲသွားလိမ့်မယ်..."

" အကယ်၍ သူကနင့်ကိုချစ်တယ်ပြောလာရင်ရော..."

" မေးနေစရာလိုသေးလို့လား...အခုလက်ရှိငါ့ကိုချုပ်နှောင်ထားသမျှအရာအားလုံးကို ငါချက်ချင်းခါချပစ်မှာ...သူသာငါ့လက်ကိုတွဲလာမယ်ဆိုရင်...ငါ့အမေရဲ့ဘာခြိမ်းခြောက်မှုကိုမှ ငါမှုမှာမဟုတ်ဘူး...ဟင်းးး!...ငါလိုတာ သူ့ကိုပါပဲ...မဟုတ်သေးသ၍ကတော့ အဝေးကနေပြီးပဲ...ငါကာကွယ်နိုင်သလောက် ကာကွယ်ပေးနေရအုံးမှာပဲ..."

" နင်အခုဆုံးဖြတ်ပြီးလုပ်နေတာတွေ မှန်ပါစေလို့ပဲ ငါဆုတောင်းတယ်ကိုလင်း..."

" ....."

( ကိုယ့်လုပ်ရပ်တွေက မှန်မှာပါ...မှန်ဖို့လဲမျှော်လင့်တယ်...)

လင်းခေတ်ဦး လွတ်လပ်စွာအိပ်မောကျနေတဲ့ခွန်းစစ်မင်းကို ရင်ခွင်ထဲထည့်ကာ ခေါင်းလေးကိုခပ်ဖွဖွနမ်းလိုက်တယ်...။ ပြီးတော့ တစ်ကိုယ်လုံးနစ်မြုပ်မတက်ဖက်လိုက်ပြီး ပြုံးလိုက်မိတယ်...။

( Good Night ပါ ဂဏန်းလေး...)

==========

26 December, 2019

To be continue... 🌼

Continue Reading

You'll Also Like

452K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
20.9K 867 14
ဂျွန်​ယောင်းအတွက် ရှီ​​အော့ ကအိမ်​မွေး​ခွေးက​လေးတစ်​ကောင်ပဲ ဒါ​ပေမယ့် ကိုက်ရင်​တော့ ဒဏ်ရာပြင်းမယ် fanfic မဟုတ်ပါ koreanအ​ခြေပြု fic တစ်ပုဒ်သာဖြစ်သည်...
1.2M 92.6K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.