Chapter ~ 10

23.9K 2.2K 6
                                    

[Zawgyi]

" နင် ဘယ်သူ့ဟာကြီးဝတ်လာတာလဲ..."

" ကိုလင်းခေတ်ဦး... "

" အယ်...ဟိုကပေးဝတ်တယ်?...အဲ့တာကို နင်ကလဲ ဝတ်လာတယ်?..."

" အဲ့တာထူးဆန်းလို့လား...ငါသူ့ကြောင့်မိုးရေစိုသွားတယ်ဆိုပြီး ဝတ်ခိုင်းတာ...ငါလဲ စကားများများမပြောချင်လို့ ယူဝတ်လိုက်တာ...ဒါပဲလေ...အဲ့တာဘာဖြစ်လို့လဲ..."

" ဟေး ဟေး...ခါတိုင်းလဲစနေကျကို ဘာလို့စိတ်တွေဆိုးနေတာလဲ..."

" ငါဘယ်မှာစိတ်ဆိုးလို့လဲ...ငါကဒီအတိုင်း မ'သိအောင်..."

( Shit! ငါဘာတွေပြောမိပြန်ပြီလဲ...)

အကူအညီရလိုရငြား ခန့်သူရိန်သစ်ကိုလှမ်းကြည့်မိလိုက်တော့...သူကပါ ပြူးကြောင်ကြောင်နဲ့ပြန်ကြည့်နေတာကိုတွေ့လိုက်ရတယ်...။ အဲ့အချိန် Cara ကလဲ ရယ်ပြီးမေးလာတယ်...။

" မ'ကို ဘာသိစေချင်တာလဲ..."

ခွန်းစစ်မင်း အကျပ်ရိုက်သွားရတယ်...။ ဘာလို့လဲဆိုတော့ သူနဲ့ ခန့်သူရိန်သစ်စိတ်ထဲမှာက လင်းခေတ်ဦးက Cara ကိုကြိုက်နေတယ်လို့ သတ်မှတ်ထားတာ...။ ဒါကြောင့် Cara ရှေ့မှာ လင်းခေတ်ဦးကို အထင်မလွဲအောင် သူပြောလိုက်မိခြင်းဖြစ်တယ်...။

( နေပါအုံး...အမှန်ဆို မ'ရဲ့စိတ်တွေ ကိုလင်းအပေါ်မယိုင်စေဖို့ ငါကမကောင်းကြောင်းတောင်များများပြောပေးရမှာလေ...အဲ့တာမှ ငသစ်အတွက်အဆင်ပြေမှာ...အဲ့တာကို ဘာလို့ ငါကကိုလင်းကိုကာကွယ်ပေးနေရတာလဲ...မဟုတ်သေးပါဘူး...ပြီးတော့လဲ...အထင်လွဲရအောင် ငါတို့နှစ်ယောက်က ယောက်ျားလေးတွေလေ...ဒါပေမဲ့...မ'က ကိုလင်း ဝတီကိုကိုနဲ့သွားတွေ့မှာကိုတော့ ကြိုက်ပုံမရဘူး...)

" အဲ့တာက..."

" ဒါနဲ့...ဘာလို့ 'ကိုလင်းခေတ်ဦး'လို့ပြန်ခေါ်နေတာလဲ...ခုနကလိုပဲ 'ကိုလင်း'လို့ပဲခေါ်ပါတော့လား..."

သူ့စကားမဆုံးခင် ဖြတ်ပြောလာတဲ့ခတ်နွယ်ရဲ့စကားကြောင့် စိတ်ပျက်သွားမိပြန်တယ်...။ သူတကယ်ပဲ အဲ့လိုခေါ်ခဲ့လိုက်မိလား မမှတ်မိတော့ဘူး...။

ဒါကြောင့် အားကိုးတကြီးနဲ့ ဟုတ်လားဆိုတဲ့အကြည့်မျိုးကိုဆောင်ပြီး ခန့်သူရိန်သစ်ကိုလှမ်းကြည့်လိုက်မိတယ်...။ ဒါပေမဲ့...ငနဲက မသိမသာခေါင်းပြန်ညိတ်ပြလာတော့ သူစိတ်ထဲ ရှက်သလိုလိုခံစားချက်ကဝင်လာတယ်...။ လင်းခေတ်ဦးနဲ့ စသိကတည်းက သူ့နှုတ်ကနေ အမြဲ 'ကိုလင်းခေတ်ဦး' လို့ပဲခေါ်ခဲ့တာ...။ မနေ့ညကတော့ ချွင်းချက်ပေါ့လေ...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now