Chapter ~ 8

24.2K 2.4K 101
                                    

[Zawgyi]

ဒီနေ့ ကျောင်းဆင်းတာနဲ့ ခွန်းစစ်မင်း အိမ်ကိုပဲတန်းပြန်ဖြစ်တယ်...။ ညနေကျရင် သူ့အဖေတွေခရီးသွားမှာမို့ လင်းခေတ်ဦးရဲ့ 'guide' အချိန်ကို ခတ်နွယ်နဲ့ခွင့်တိုင်ခိုင်းထားလိုက်တယ်...။ ခွင့်တိုင်တယ်ဆိုတာထက် အချိန်ရွှေ့လိုက်တာဆိုရင် ပိုမှန်မယ်...။ ညနေအချိန်အစား ညကျမှသွားတော့ဖို့ သူဆုံးဖြတ်ထားတယ်...။

အဖေနှစ်ယောက်ခရီးသွားမှာကို သူမလိုက်ဖူးလားလို့တွေးမိလိမ့်မယ်...။ Third wheel ဖြစ်မှာကိုလစ်လျူရှုပြီး မျက်နှာပြောင်ပြောင်နဲ့ လိုက်သွားရလောက်တဲ့အထိတော့ သူမမိုက်မဲသေးဘူး...။ ဒီခရီးက 'family trip' မဟုတ်ဘူး...။ သူ့ရဲ့ချစ်လှစွာသော သူရည်စားမရှိတာကို ကြုံတိုင်းဖဲ့တတ်ပါသော ပါး'နဲ့...ပါး'ပြောသမျှကို မျက်မှန်လေးတဝင့်ဝင့်နဲ့ ထောက်ခံတတ်ပါသောပါပါး'တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်ခရီး...။

ခွန်းစစ်မင်း လိုအပ်တာတွေကူလုပ်ပေးရင်းနဲ့ပဲ သူ့အတွက်ပါ အဝတ်အချို့ကိုထည့်နေလိုက်တယ်...။ သူ့အဖေတွေမရှိတဲ့သုံးရက်ကို အကြောင်းကြောင်းကြောင့် ခန့်သူရိန်သစ်အိမ်မှာသွားနေဖို့ စီစဉ်ထားတယ်...။ ပြီးတော့ သူ့အဖေတွေနားကပ်နေရခြင်းရဲ့ အဓိကအကြောင်းအရင်းက မသွားခင် မုန့်ဖို့များများတောင်းထားဖို့ပဲ...။

ညနေ ၆ နာရီလောက်မှာ သူတို့်သုံးယောက် အိမ်လေးကနေထွက်လာခဲ့ကြတယ်...။ ရက်ပိုင်းလောက်ပဲကြာမှာဆိုပေမဲ့ ဦးမင်းစေသော်ကတော့ သူ့ရဲ့စောက်လိုက်ကမ်းဆိုးမသိတတ်လှတဲ့သားလှလေးကို သူများအိမ်မှာကောင်းကောင်းနေဖို့ မှာနေလေရဲ့...။ ဦးစစ်နိုင်ကတော့ သူစိတ်ပူတာက လူကြီးတွေမရှိတုန်း ကောင်မလေးကိုအိမ်ခေါ်လာပြီး သောင်းကျန်းမှာကိုဖြစ်ကြောင်း...သို့ပေမဲ့...ခွန်းစစ်မင်းက နှစ်ချို့FA ဖြစ်နေတာကြောင့် သူစိတ်အေးသွားပြီဖြစ်ကြောင်း...မှာကြားတော်မူခဲ့လေတယ်...။ ခမျာမှာတော့ ရင်ထဲငိုကြွေးနေရုံမှအပ...။

ဆုံးမစကားများ သတိပေးစကားများအဆုံးမှာတော့ လင်းခေတ်ဦးရဲ့တိုက်ရှေ့ကိုရောက်လာခဲ့တယ်...။ ခွန်းစစ်မင်း သူ့မြင်ကွင်းထဲကနေ ကားလေးပျောက်သွားတဲ့အထိ ရပ်ပြီးမှ တိုက်ပေါ်ကိုတက်ခဲ့လိုက်တယ်...။

ME, MYSELF AND MY FUCKIN' WORLD Where stories live. Discover now