လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

By PhyuLayy1

1.1M 115K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၂ ( Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၅ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)
Extra (Final)

အပိုင္း - ၄၀ Final ( Zawgyi + Unicode )

33.4K 2.5K 322
By PhyuLayy1

#For Zawgyi

ေမ်ွာ္ေနတဲ့ အကို႔ဖုန္းကေတာ့မလာဘဲ ေမ်ွာ္လင့္မထားတဲ့ မမက ဖုန္းဆက္လာကာ

" သာသာေရ...ဒီညေန dinner တူတူစားရေအာင္ "

" ဟင္...ခ်စ္သူမ်ားေန႔ႀကီးမွာ ကိုဆက္ေနနဲ႔ ႏွစ္ေယာက္တည္း မစားဘူးလား "

" ႏွစ္ေယာက္တည္းက ပ်င္းစရာႀကီး ၊ လူစံုေတာ့ ပိုၿပီးေပ်ာ္စရာေကာင္းတာေပါ့ ၊ အဲ့ဒါေၾကာင့္ သာသာ့ကို လွမ္းေခၚတာ "

" ကၽြန္ေတာ္က အကိုနဲ႔ခ်ိန္းထားတာမို႔လို႔ "

" အမေလး...မမက ကိုဆက္ကိုလည္း ေခၚထားၿပီးပါၿပီ "

" အကိုက ဘာေျပာလဲ "

" ဘာေျပာရမလဲ သာသာရဲ႕ ၊ လာမယ္ပဲ ေျပာတာေပါ့ "

မမစကားေၾကာင့္ သူ႔စိတ္ထဲ စိတ္မေကာင္းသလိုေတာ့ ျဖစ္သြားမိသည္ ။ အကိုက ဒီလို ခ်စ္သူမ်ားေန႔မွာ သူနဲ႔ ႏွစ္ေယာက္တည္း ေတြ႔ဖို႔ကို သိပ္ၿပီး စိတ္အားမထက္သန္ဘူးထင္ပါရဲ႕ ။ ဒါမွမဟုတ္ ခ်စ္သူမ်ားေန႔ ဆိုတာကိုပဲ သတိမထားမိတာလား ။

ေတာ္ပါၿပီ ။ ဆက္မေတြးတာပဲ ေကာင္းပါတယ္ ။ ဆက္ေတြးေနသ၍ ကိုယ္ပဲ စိတ္မေကာင္းျဖစ္ေနရလိမ့္မည္ ။ မမတို႔အစီအစဥ္ကို အကိုက လက္ခံတယ္ဆိုေတာ့လည္း....

" ဒါဆိုလည္း ကၽြန္ေတာ္ လာမယ္ေလ ၊ ဘယ္ကိုလာခဲ့ရမလဲ မမ "

" ေအး...လာရမယ့္လိပ္စာကို မမ message ပို႔လိုက္မယ္ ၊ အခု ထြက္လာခဲ့လိုက္ေတာ့ေနာ္ "

" ဟုတ္ကဲ့ မမ "

မျဖစ္ေသးပါဘူး ။ အကို႔ထံေတာ့ ဖုန္းလွမ္းဆက္ဦးမွပါ ။

" Hello ကေလးေလး "

" မမက dinner တူတူစားဖို႔ ဖုန္းလွမ္းဆက္တယ္ အကို "

" အင္း...ကိုယ့္ကိုလည္း ေျပာတယ္ေလ ၊ ကိုယ္ သူတို႔ခ်ိန္းတဲ့ေနရာကိုပဲ တန္းသြားလိုက္ေတာ့မယ္ ၊ အသာလည္း ကိုယ့္ဟာကိုယ္ လာခဲ့ဖို႔ အဆင္ေျပတယ္မဟုတ္လား "

" ဟုတ္ကဲ့ "

အဆင္ေျပတယ္မဟုတ္လားဆိုမွေတာ့ အဆင္ေျပရေတာ့မွာပဲေပါ့ ။ သူ႔ကိုေတာင္ အတူတူသြားဖို႔ လာမေခၚႏိုင္ရေလာက္ေအာင္ အကို ဘာေတြမ်ား အလုပ္ရႈပ္ေနပါသလဲေလ ။ ဆက္မေတြးခ်င္ေတာ့ၿပီ ။

သူ အေတြးလြန္ေနတာပဲ ျဖစ္ပါေစ ။

" ဒါဆို ဖုန္းခ်လိုက္ေတာ့မယ္ေနာ္ ကေလးေလး ၊ ခဏေနရင္ေတြ႕မယ္ "

" ဟုတ္ကဲ့ "

ႏွစ္ေယာက္ဆင္တူကိုင္ဖို႔ ဝယ္ထားတဲ့ ဖုန္းေလးႏွစ္လံုးကို စိုက္ၾကည့္ေနမိရင္း.... ။ အမွတ္တရျဖစ္ေအာင္ ႏွစ္ေယာက္တည္း ညစာစားရင္း ဒီလက္ေဆာင္ေလးကို ေပးခ်င္ခဲ့တာေလ ။ ခုေတာ့..... ။

ဘာပဲျဖစ္ျဖစ္ပါေလ ။ အဓိကရည္ရြယ္ခ်က္က ဆင္တူကိုင္ရဖို႔ပဲမဟုတ္လား ။ ဘယ္လိုေပးတယ္ဆိုတာက အဓိကက်တဲ့ကိစၥမွမဟုတ္တာ ။ အကိုနဲ႔ပတ္သက္ရင္ သူလည္း သိပ္ကို ေလာဘႀကီးေနမိတယ္ ထင္ပါတယ္ ။

**********

မမ message ပို႔ေပးလိုက္တဲ့ လိပ္စာအတိုင္း ကားေမာင္းလာခဲ့ရင္း ဆိတ္ၿငိမ္ရပ္ကြက္တစ္ခုသို႔ ေရာက္လာေတာ့ လူက ဇေဝဇဝါျဖစ္လာသည္ ။

Dinner စားမယ္ဆိုေတာ့ ဆိုင္တစ္ဆိုင္ဆိုင္ဟုထင္ေနမိတာ ။ လိပ္စာကိုျပန္ၾကည့္ေတာ့လည္း ဆိုင္နာမည္မပါ ။ ဒီတိုင္း ျခံအမွတ္တို႔ လမ္းနာမည္တို႔သာ ပါသည္ ။

Google map ကေနရွာရင္း စမ္းတဝါးဝါး ေမာင္းလာခဲ့ကာ လိပ္စာထဲက ျခံေရွ႕ကိုေရာက္ေတာ့လည္း တကယ္ပဲ စားေသာက္ဆိုင္တစ္ခု မဟုတ္ေခ် ။

ေမွာင္ေနေသာ ျခံဝန္းတစ္ခုကိုသာ ေတြ႔ရသည္ ။ လိပ္စာမ်ား မွားၿပီး လာမိၿပီလားဆိုတဲ့အေတြးနဲ႔ ကားေပၚကဆင္းကာ ျခံဝကို အကဲခတ္ၾကည့္ေတာ့လည္း ျခံနံရံမွာကပ္ထားသည့္ လိပ္စာက မွန္ေနျပန္သည္ ။

သူလည္း ေယာင္ခ်ာခ်ာျဖစ္လာကာ မမထံ ဖုန္းေခၚေတာ့

" ေအး...သာသာ ေရာက္ၿပီလား "

" မမေျပာတဲ့လိပ္စာကို ေရာက္ေနၿပီ ၊ စားေသာက္ဆိုင္လည္းမဟုတ္ဘူး ၊ ဒါ ဘယ္ေနရာႀကီးလဲ "

" ေအး ျခံတံခါးဖြင့္ထားတယ္ ၊ ဒီတိုင္းတြန္းၿပီး ဝင္လာခဲ့ "

" အာ... ေမွာင္ေနတာႀကီးကို မမရာ ၊ ကၽြန္ေတာ္ဝင္မလာရဲဘူး "

" အမေလးဟဲ့ ၊ မီးက ခုမွထြန္းရမွာမို႔ပါ သာသာရယ္ ၊ မမတို႔ရွိပါတယ္ ၊ ဝင္သာလာခဲ့ပါ "

ေျပာၿပီးသည္ႏွင့္ မမကဖုန္းခ်သြားေတာ့ သူလည္း မထူးပါဘူးဟု သေဘာထားကာ မမေျပာတဲ့အတိုင္း ျခံတံခါးကို တြန္းဖြင့္ၿပီး ဝင္လာခဲ့ေတာ့သည္ ။ ျခံတံခါးကိုျဖတ္ကာ ဝင္လာၿပီး ေျခလွမ္းသံုးလွမ္းေျမာက္ေလာက္မွာ တစ္ျခံလံုးမီးေတြလင္းသြားေတာ့ သူ႔မွာ ရုတ္တရက္ လန္႔သြားမိေသးသည္ ။

မမတစ္ေယာက္ကေတာ့ေလ ေစာေစာစီးစီး မီးထြန္းထားေတာ့ ဘာျဖစ္မွာမို႔လို႔လဲ ။ တကယ္ပါပဲ ။

ခုနက ေမွာင္ေနလို႔ဘာကိုမွ သဲသဲကြဲကြဲမျမင္ခဲ့ရေပမယ့္ အခု မီးေရာင္ေအာက္မွာ ျမင္လိုက္ရတဲ့ ျခံဝန္းအလယ္က တိုက္ကေလးဟာ တကယ့္ကို ခ်စ္စဖြယ္ေလးပင္ ။

သူ အသံထြက္ေအာင္ ရယ္လိုက္မိရင္း စိတ္ထဲမွ

ငႂကြားမမ ။ ဒါ ကိုဆက္ေနနဲ႔ မမနဲ႔အတူတူေဆာက္ေနတယ္ဆိုတဲ့ အိမ္ပဲ ျဖစ္ရမည္ ။ ညစာဖိတ္ေကၽြးရင္း ဒါကို ေခၚႂကြားတာေပါ့ေလ ။

ရယ္ခ်င္ပက္က်ိျဖင့္ေတြးေနရင္း ခ်စ္စရာေကာင္းလွတဲ့ အိမ္ကေလးကို ရပ္ၾကည့္ေနမိသည္ ။ ကိုဆက္ေနနဲ႔မမ ႏွစ္ေယာက္ေပါင္းၿပီး ပညာကုန္ထုတ္သံုးကာ ေဆာက္ထားပံုရတဲ့ ထိုအိမ္ကေလးဟာ တကယ့္ကိုမွ ေနခ်င့္စဖြယ္ ခ်စ္စရာေလးပင္ ။

တစ္ထပ္လည္း မ,က ၊ ႏွစ္ထပ္ပီပီျပင္ျပင္လည္း မဟုတ္ဘဲ တစ္ထပ္ခြဲတိုက္ကေလးျဖစ္ၿပီး ေခါင္မိုးက အခၽြန္ေလးျဖစ္ကာ အေပၚထပ္ ဘယ္ညာမွာ ဝရံတာေသးေသးေလးေတြ ထုတ္ထားေသးသည္ ။ ပံုမွန္အားျဖင့္ ဝရံတာကို အေပၚထပ္ရဲ႕ေရွ႕မ်က္ႏွာစာမွာသာ အထားမ်ားၾကေပမယ့္ အခုက ေရွ႕မ်က္ႏွာစာတစ္ခုလံုးကို မွန္ေတြအဓိက သံုးထားၿပီး ဝရံတာေသးေသးေလးေတြကို ေဘးမွာထားလိုက္ျခင္းက တကယ့္ကို အျမင္ဆန္းသြားေစသည္ ။

ေအာက္ထပ္အဝင္အဝမွာလည္း ပန္းကႏုတ္တိုင္လံုးေလးေတြႏွင့္ ဆင္ဝင္ေလးလုပ္ထားသည္မွာ သေဘာက်စရာ ။ ျခံထဲမွာလည္း စားပြဲခံုျဖဴျဖဴ ထိုင္ခံုျဖဴျဖဴေလးေတြ ခ်ထားေသးသည္ ။ ဒါက ညေနဘက္ေတြမွာ ႏွစ္ေယာက္တူတူထိုင္ရင္း Ro ၾကမယ့္သေဘာေပါ့ေလ ။ ဟာ...ဟ ။

အံမယ္... ျခံေထာင့္မွာ ေရတံခြန္ေပါက္စေလးေတာင္ ပါေသးရဲ႕ ။ သူ႔အမ ေဒၚလင္းလင္းတို႔ကေတာ့ စိတ္တိုင္းက်ကို လက္ကုန္ႀကဲထားသည္ထင္ပါရဲ႕ ။

လက္ထဲမွာကိုင္ထားတဲ့ ဖုန္းက ျမည္လာေတာ့မွ သူ႔မွာ အလန္႔တၾကား သတိျပန္ဝင္ရင္း

" ဟီး မမ "

" အိမ္ထဲဝင္မလာဘဲ အဲ့ဒီမွာ ဘာရပ္လုပ္ေနတာတုန္း သာသာ "

" အိမ္ေလးက လွလို႔ ၾကည့္ေနတာပါ မမရဲ႕ ၊ လာၿပီ လာၿပီ "

သူလည္း ကမန္းကတန္း အိမ္ထဲသို႔ဝင္လာခဲ့ရာ အိမ္ထဲသို႔အေရာက္ မီးေတြက ရုတ္တရက္ေမွာင္က်သြားေတာ့ သူ႔မွာ လန္႔ျဖန္႔သြားၿပီး ေနရာမွာတင္ ေၾကာင္ၿပီးရပ္ေနမိသည္ ။

ထိုအခ်ိန္ တစ္စံုတစ္ေယာက္က သူ႔လက္ကို ခပ္ဖြဖြလာကိုင္သည့္ အထိအေတြ႕ေၾကာင့္ ရုန္းမယ္ၾကံတုန္းမွာ သူ ရင္းႏွီးေနတဲ့ ကိုယ္သင္းနံ႔တစ္ခုက သူ႔အားမင္သက္သြားမိေစကာ မရုန္းမိလိုက္ေတာ့ေပ ။

ထိုစဥ္မွာပဲ မီးေတြက ရုတ္တရက္ျပန္လင္းလာၿပီး သူျမင္လိုက္ရသည္က အကိုဟာ သူ႔လက္ကိုကိုင္ကာ သူ႔ေရွ႕မွာ ဒူးေထာက္ရက္သား ။ သူလည္း ရုတ္တရက္မို႔ ထူပူကာ အလန္႔တၾကားျဖင့္

" ဟာ အကို အကို....ဒါ ဘာလုပ္တာလဲ ၊ ဘာလို႔ ဒူးေထာက္ေနတာလဲ "

" ကိုယ့္ကို လက္ထပ္ခြင့္ေပးပါ အသာ "

ဘယ္လိုမွထင္မွတ္မထားမိတဲ့ အေျခအေနေၾကာင့္ သူ႔မွာ ဆြံ႕အ ေၾကာင္ေငးလ်က္ ။

ဘယ္အခ်ိန္က ဖြင့္လိုက္မွန္းမသိသည့္ Twilight ဇာတ္ကားထဲမွ Christina Perri ရဲ႕ " A Thousand Years " သီခ်င္းသံကလည္း ခပ္တိုးတိုးႏွင့္ တၿငိမ့္ၿငိမ့္ပ်ံ႕လြင့္ေနေသးသည္ ။

For a thousand years, I'll love you for a thousand more... တဲ့လား ။

အသိစိတ္ျပန္ကပ္မိခ်ိန္မွာ ဝမ္းသာဝမ္းနည္းစိတ္ေတြ ေရာယွက္လ်က္ မထိန္းႏိုင္စြာျဖင့္ သူ ငိုခ်လိုက္မိေတာ့သည္ ။ ငိုရင္းႏွင့္ သူ႔ေရွ႕မွာ ဒူးေထာက္လ်က္ရွိေနဆဲအကို႔ကို အတင္းဆြဲကာ ထူမိေတာ့

" အသာ ကိုယ့္ကို လက္ထပ္မယ္ဆိုမွ ထမယ္ "

မ်က္ရည္မ်ားၾကား ၿပံဳးမိရင္းက ေခါင္းကို တဆတ္ဆတ္ၿငိမ့္ျပမိေတာ့သည္ ။

လႈိက္ေမာဖြယ္ရာ ဒီလိုအေျခအေနတစ္ခုမွာ သူကဘယ္လိုလုပ္ၿပီး ျငင္းႏိုင္ဦးမွာတဲ့လဲ ။

သင့္ေတာ္တာေတြ မသင့္ေတာ္တာေတြ ျဖစ္သင့္တာေတြ မျဖစ္သင့္တာေတြ ဘာတစ္ခုမွကို မေတြးႏိုင္ေတာ့ဘဲ ႏွလံုးသားရဲ႕ေစစားရာေနာက္ကိုသာ လိုက္ခဲ့မိေတာ့သည္ ။

ထို႔ေနာက္မွာ အကိုက အသည္းပံုဘူးအနီေလးႏွင့္ထည့္ထားေသာ ဆင္တူလက္စြပ္ႏွစ္ကြင္းအနက္ တစ္ကြင္းကို သူ႔လက္သန္းႂကြယ္တြင္ စြပ္ေပးလာေတာ့ သူ႔မွာ ၾကည္ႏူးရ ရင္ခုန္ရလြန္း၍ လက္ဖ်ားေတြပင္ ေအးစက္လာေလသည္ ။

" ကဲ ဒီမ်က္ရည္ေတြက က်လာျပန္ၿပီ ၊ မငိုနဲ႔ေတာ့ေလ ကေလးေလးရဲ႕ "

အကိုက သူ႔နဖူးေလးအား နမ္းကာ မ်က္ရည္ေတြကို သုတ္ေပးရင္းေျပာလာေတာ့ သူလည္း အကို႔ခါးအား လက္ႏွစ္ဖက္ႏွင့္ စံုဖက္ကာ ရင္ခြင္ထဲကို မ်က္ႏွာဝွက္ရင္း

" ကၽြန္ေတာ့္ကို ဒီေလာက္ထိ အေလးအနက္ထားၿပီး ခ်စ္ေပးလို႔ တကယ္ကိုပဲ ေက်းဇူးတင္ပါတယ္ အကို "

" ကိုယ့္ကို လက္ခံေပးလို႔ ကိုယ္ကလည္း ေက်းဇူးတင္ရပါတယ္ ကေလးရယ္ "

" ကဲ ကဲ ေက်းဇူးတင္တာေတြ ခဏနား ၊ ဒီကလူေတြက ဗိုက္ဆာေနၾကၿပီဗ် "

ဟင္... ဗညားပါေရာက္ေနတာလား ။ ခုနက ကိုယ့္အာရံုႏွင့္ကိုယ္မို႔ ပတ္ဝန္းက်င္ကို သတိမထားလိုက္မိဘဲ ခုမွပင္ သူတို႔ႏွစ္ေယာက္အား ၿပံဳးၿပံဳးႀကီးေတြနဲ႔ စိုက္ၾကည့္ေနၾကေသာ သူေတြကို ျမင္မိေတာ့သည္ ။

ကိုဆက္ေနနဲ႔မမေရာ...ၿပီးေတာ့ ဗညားေရာ ။ ကိုမင္းသီဟ နဲ႔ မမမြန္ေတာင္ပါေသး ။ အား...ရွက္လိုက္တာ ။

" ဒါ ကၽြန္ေတာ္တစ္ေယာက္တည္းကို အသိမေပးဘဲ အကုန္လံုးေပါင္းၿပီး စီစဥ္ထားၾကတာေပါ့ေလ ၊ မမကပါ အလိုတူအလိုပါေပါ့ ဟုတ္လား "

" ေအာ္...ခဲအိုႀကီးက ကိုယ့္ေမာင္ေလးကို surprise တိုက္ခ်င္တယ္ဆိုေတာ့လည္း အစ္မတစ္ေယာက္အေနနဲ႔ ဒီေလာက္ေတာ့ စြမ္းစြမ္းတမံ ကူညီျဖည့္ဆည္းေပးရမွာေပါ့ "

ဗညားကပါ တဟီးဟီးရယ္ရင္း

" ဘယ္လိုလဲ ဖိုးထင္ ၊ ေတာ္ေတာ္မွ surprise ျဖစ္သြားရဲ႕လား "

" မင္းလည္းေလ ငါ့ကို နည္းနည္းပါးပါးေလးေတာင္ ႀကိဳမေျပာဘူး "

" ႀကိဳေျပာမွေတာ့ ဘယ္လိုလုပ္ surprise ျဖစ္ေတာ့မွာလဲကြ "

" ေအးေလ ေအးေလ ဟုတ္သားပဲ "

ဗညားရဲ႕စကားကို အကုန္လံုးက တက္ညီလက္ညီ ဝိုင္းၿပီးေထာက္ခံၾကေလသည္ ။

" ကဲ ကဲ Ro တဲ့ အစီအစဥ္ေတြ ၿပီးသြားၿပီဆိုေတာ့ ညစာစားမယ့္အစီအစဥ္ေလး စလိုက္ၾကရေအာင္ "

ကိုဆက္ေနရဲ႕ ေလာေဆာ္သံအဆံုးမွာ အကုန္လံုးက ထမင္းစားခန္းဘက္ကို ဝင္သြားၾကေလသည္ ။ သူနဲ႔အကိုလည္း ထိုလူစုေနာက္ကို လိုက္ေလ်ွာက္လာစဥ္ သူ႔မ်က္လံုးေထာင့္စြန္းကေန ျမင္လိုက္မိတဲ့ ဧည့္ခန္းနံရံေပၚက ဓာတ္ပံုႀကီးတစ္ခု ။

ဆြဲကိုင္ထားတဲ့ အကို႔လက္ကို ျဖဳတ္ကာ ထိုဓာတ္ပံုႀကီးဆီသို႔ အံ့ၾသျခင္းႀကီးစြာျဖင့္ တိုးကပ္လာမိေတာ့သည္ ။ အျဖဴေရာင္ေဘာင္ခတ္ထားေသာ နံရံအျပည့္နီးပါးရွိေနသည့္ ထိုပံုထဲတြင္ကား အကိုႏွင့္သူက ေခါင္းမွာ birthday cap ကိုယ္စီေဆာင္းထားကာ ၿပံဳးရယ္လို႔ ။

ဒီပံုေလးက သူ႔ေမြးေန႔ပြဲတုန္းက ဗညားရိုက္ေပးထားခဲ့တဲ့ပံုေလး ။ အကိုက သူ႔အားငံု႔ၾကည့္ေနခဲ့ၿပီး သူကလည္း အကို႔အား ျပန္လည္ေမာ့ၾကည့္ကာ အားရပါးရ ရယ္ေနၾကတဲ့ ထိုပံုေလးကို အသက္ဝင္လြန္းလို႔ သူေရာအကိုပါ အရမ္းကို သေဘာတက်ျဖစ္ခဲ့ရတာ ။

" အံ့ၾသေနလား ကေလးေလး "

" ဒီ...ဒီပံုက ဘယ္လိုလုပ္ၿပီး ဒီအိမ္မွာရွိေနတာလဲ အကို "

" ကိုယ္တို႔ႏွစ္ေယာက္ေနမယ့္အိမ္မွာ ကိုယ္တို႔ႏွစ္ေယာက္ရဲ႕ပံုရွိေနတာ ဆန္းလို႔လား အသာရဲ႕ "

" ဗ်ာ ကၽြန္...ကၽြန္ေတာ္တို႔ႏွစ္ေယာက္ေနမယ့္အိမ္?? "

" ဟုတ္တယ္ေလ ၊ ကိုယ္တို႔ႏွစ္ေယာက္ လက္ထပ္ၿပီးရင္ေနဖို႔ ကိုယ့္စိတ္တိုင္းက်ပံုစံေျပာၿပီး ဆက္ေနနဲ႔လင္းလင္းကို မရမက ေဆာက္ခိုင္းထားတာ "

သူ႔မွာ အံ့ၾသၿပီးရင္း အံ့ၾသရလြန္း၍ ဘာစကားတစ္ခြန္းမွ ေျပာမထြက္ႏိုင္ေတာ့ဘဲ အကို႔မ်က္ႏွာကိုသာ မင္သက္မိသလို ေငးၾကည့္ေနမိေတာ့သည္ ။

အကိုက ေနရာမွာတင္ ေက်ာက္ရုပ္လိုျဖစ္ေနသည့္သူ႔အား သိုင္းဖက္ကာ ပခံုးအား ခပ္ဖြဖြပုတ္ရင္း

" ကိုယ့္ကေလး အရမ္းအံ့ၾသသြားတယ္ထင္တယ္ "

" အကိုရာ "

" ကဲ ကဲ အံ့ၾသတာေလး ခဏေအာင့္ထားၿပီး ညစာသြားစားၾကစို႔ေနာ္ ၊ ေတာ္ၾကာ အထဲကလူေတြ ေအာ္ေတာ့မယ္ "

ညစာစားၾကေတာ့လည္း တစ္ေယာက္တစ္ေပါက္ စေနာက္ၾကရင္း တစ္အိမ္လံုး ဆူညံေနေတာ့သည္ ။

" ေဟ့ေရာင္ ဖိုးထင္ မင္းလည္း အကို႔ကို surprise ျပန္တိုက္လိုက္ဦးေလကြာ "

ဗညားရဲ႕အေျပာမွာ အကိုက သူ႔အား စူးစမ္းသလို ၾကည့္လာေတာ့ ခါးမွာပတ္ထားသည့္ ခါးပတ္အိတ္ကေလးထဲမွ ဆင္တူဖုန္းေလးႏွစ္လံုးကိုထုတ္ကာ တစ္လံုးအား အကို႔လက္ထဲထည့္ေပးရင္း

" အကိုနဲ႔ကၽြန္ေတာ္နဲ႔ ဆင္တူကိုင္ရေအာင္ ဝယ္ထားတာ "

သူ႕စကားဆံုးေတာ့ အကုန္လံုးက ဝိုး ေဝါင္း ႏွင့္ ထေအာ္ၾကေတာ့သည္ ။

အကိုကေတာ့ သူ႔အားျပံဳးကာၾကည့္လာရင္း

" ခ်စ္ဖို႔ေကာင္းတဲ့ ကိုယ့္ကေလးေလး "

ဟု ခပ္တိုးတိုးေရရြတ္ေလသည္ ။

" ကဲ အားလံုးပဲ ကိုဆက္ေစေကၽြးထားသမ်ွကို တဝႀကီး စားေသာက္ၿပီးရင္လည္း အလိုက္တသိျပန္ၾကပါစို႔ခင္မ်ာ "

ဗညားက အာၿပဲႀကီးနဲ႔ထေျပာေတာ့ အကုန္လံုးလည္း တဟီးဟီး တဟားဟားလုပ္ကာ တစ္ေယာက္တစ္ေပါက္ ဝိုင္းႏႈတ္ဆက္ၾကၿပီးေနာက္ တကယ္ျပန္ၾကေလေတာ့၏ ။

**********

အားလံုးျပန္သြားၿပီးတဲ့ေနာက္ တစ္အိမ္လံုးလည္း တိတ္ဆိတ္သြားေလေတာ့သည္ ။

တစ္အိမ္လံုးမွာ ႏွစ္ေယာက္တည္းဆိုသည့္အသိေၾကာင့္ လူကရွက္ကိုးရွက္ကန္းလိုလိုႀကီးျဖစ္ေနကာ ဘာစကားကို ဘယ္လိုစၿပီး ေျပာရမယ္ေတာင္ မသိေတာ့ေခ် ။

အားးးးး တကယ္ပါပဲ ။

" အသာ အေပၚထပ္ကို လိုက္ၾကည့္ဦးေလ "

" ဗ်ာ...အဲ ဟုတ္ ဟုတ္ကဲ့အကို "

အေပၚထပ္ကေလးက ေအာက္ထပ္အက်ယ္အဝန္းရဲ႕တစ္ဝက္သာ ရွိတာမို႔ အိပ္ခန္းတစ္ခန္းအျဖစ္သာ ဖြဲ႔ထားေလသည္ ။

သူအျဖဴေရာင္ႀကိဳက္မွန္းသိလို႔ထင္ပါရဲ႕ ။ တစ္ခန္းလံုးကို ေဆးအျဖဴသုတ္ထားကာ ဗီရိုေတြ ပရိေဘာဂေတြကအစ အျဖဴေရာင္ေတြခ်ည္းသာ ။

ႏွစ္ေယာက္အိပ္ကုတင္ျဖဴျဖဴေဖြးေဖြးကိုျမင္ေတာ့ မ်က္ႏွာေတြပင္ ပူလာသလိုလို ။ ဘယ္လိုခံစားခ်က္ႀကီးလဲကြာ ။

ကုတင္ေဘးက စားပြဲခံုေသးေသးေလးေပၚမွာ မီးအိမ္လွလွေလးတစ္လံုးရွိေနၿပီး ထိုမီးအိမ္ေလးေဘးမွာက သူတို႔ႏွစ္ေယာက္ရဲ႕ Selfie ပံုေလးကို မွန္ေဘာင္ေလးႏွင့္ေထာင္ထား၏ ။ ထိုမ်ွမကေသး ။ ကုတင္ေခါင္းရင္းဘက္ နံရံတစ္ခုလံုးမွာ သစ္ခက္အတုေလးေတြ ခပ္က်ဲက်ဲ ကပ္ထားၿပီး ထိုသစ္ခက္စိမ္းစိမ္းေလးေတြရဲ႕ၾကားမွာ သူတို႔ႏွစ္ေယာက္ရဲ႕ဓာတ္ပံုေပါင္းမ်ားစြာကို ေတြ႕ရေလသည္ ။

ဘယ္လိုစိတ္ကူးေတြနဲ႔မ်ား ဒီေလာက္အေသးစိတ္ေအာင္ စဥ္းစားထားႏိုင္ရတာလဲ အကိုရယ္ ။

တစ္ခန္းလံုးအား တအံ့တၾသေငးေနတုန္းမွာပင္ ေခါင္းေပၚက အရိပ္တစ္ခုေၾကာင့္ ေမာ့ၾကည့္လိုက္မိစဥ္ လူက တကယ့္ကို ပါးစပ္အေဟာင္းသား ။

ေခါင္မိုးက အခၽြန္ပံုသ႑ာန္ ႏွစ္ျခမ္းမွာ တစ္ျခမ္းက ဒီအတိုင္းရွိေနၿပီး ကုတင္ရဲ႕အေပၚတည့္တည့္ဘက္တစ္ျခမ္းက ႐ိုး႐ိုးေခါင္မိုးမဟုတ္ေတာ့ဘဲ မွန္သားေတြ ျဖစ္ေနကာ ေကာင္းကင္ႀကီးကို အတိုင္းသားျမင္ေနရေလသည္ ။

" ခုနက ေခါင္မိုးအျပည့္မဟုတ္လား အကို ၊ အခု ဘယ္လိုျဖစ္ၿပီး...?? "

" အင္း...Remote နဲ႔ခဏဖယ္လိုက္တာ ၊ အသာက ေကာင္းကင္ႀကီးကို ၾကည့္ေနရတာ ႀကိဳက္မွန္းသိလို႔ ဆက္ေနကို မရမက ဂ်ီက်ၿပီး ဒီလို မွန္နဲ႔ေခါင္မိုးရေအာင္ လုပ္ခိုင္းထားရတာ ၊ ဆက္ေနနဲ႔လင္းလင္းနဲ႔ကလည္း ဒီေလာက္ႀကီးမဖန္တီးတတ္ေတာ့ စင္ကာပူက သူတို႔ဆရာတစ္ေယာက္ကို အကူအညီေတာင္းၿပီး ေဆာက္ခိုင္းရတာေပါ့ ၊ ဘယ္လိုလဲ အသာႀကိဳက္တယ္မဟုတ္လားဟင္ "

" ဘယ္လိုေမးလိုက္တာလဲ အကိုရယ္ ၊ ႀကိဳက္လြန္းလို႔ ဘယ္ေလာက္ႀကိဳက္လဲဆိုတာေတာင္ အကို႔ကိုေျပာျပဖို႔ စကားလံုးမရွိေတာ့ေလာက္ေအာင္ပဲ "

" ကိုယ့္ကေလးေလးသေဘာက်တယ္ဆိုရင္ ကိုယ္ေက်နပ္ၿပီ ၊ ကေလးကို မတိုင္ပင္ဘဲ တစ္ေယာက္တည္းစီစဥ္ခဲ့ရေတာ့ တစ္ခုခုကို ကေလးစိတ္တိုင္းမက်ျဖစ္မွာ စိုးရိမ္ေနခဲ့ရတာ "

" ပိုက္ဆံေတြအရမ္းကုန္သြားမွာပဲ အကိုရယ္ ၊ ကၽြန္ေတာ့္အတြက္ အဲ့ေလာက္မလိုပါဘူး ၊ ကၽြန္ေတာ္က အကိုခ်စ္ေပးရံုနဲ႔တင္ ျပည့္စံုေနၿပီမို႔လို႔ပါ "

" ပိုက္ဆံေတြက ကိုယ့္မွာရွိပါတယ္ အသာရဲ႕ ၊ ဆံုးသြားတဲ့ကိုယ့္အေဒၚက သူနဲ႔တူတူလာေနေပးခဲ့တဲ့ကိုယ့္ကို သူ႔ပိုင္ဆိုင္မႈေတြအကုန္လႊဲေပးသြားခဲ့တာေလ ၊ အသာ့အကိုက သူေဌးပါေနာ္ "

လက္မေထာင္ကာ ၿပံဳးစိစိနဲ႔ေျပာေနသည့္ အကို႔ကိုၾကည့္ကာ သူ ရယ္ခ်မိေတာ့သည္ ။

" ဒါေပမယ့္လည္း အကိုရယ္ ၊ ဒီေလာက္ႀကီးလုပ္ထားေပးတာကေတာ့... "

" ကိုယ့္ဘဝထဲထိ စြန္႔စြန္႔စားစားဝင္လာရမယ့္အသာ့ကို ကိုယ္က အေကာင္းဆံုးေတြနဲ႔ပဲ ဆီးႀကိဳခ်င္တယ္ ၊ ၿပီးေတာ့ အသာက ကိုယ္တန္ဖိုးထားရတဲ့ကေလးေလးမို႔ ကိုယ္နဲ႔ေနတဲ့အခါ လိုေလေသးမရွိဆိုတာမ်ိဳးပဲ ျဖစ္ေနေစခ်င္တာ "

" အကိုရယ္...အကိုဖန္တီးေပးတာေတြနဲ႔ညီမ်ွေအာင္ ကၽြန္ေတာ္ ဘာျပန္လုပ္ေပးသင့္လဲဟင္ ၊ ကၽြန္ေတာ့္ဘက္ကက် အကို႔အေပၚ ဘာမွမေပးဆပ္ႏိုင္ေသးဘူး "

" တစ္ခုပဲ...တစ္ခုပဲ ကေလးဆီက ေတာင္းဆိုခ်င္တယ္ "

" ေျပာပါ အကို ၊ အကို႔အတြက္ဆို ကၽြန္ေတာ္ျဖစ္ေအာင္ျဖည့္ဆည္းေပးမွာပါ "

" ကေလးကို အျမန္ဆံုး လက္ထပ္ခ်င္တယ္ ၊ အျမန္ဆံုးေနာ္...တကယ္အျမန္ဆံုး "

သူ ေခါင္းကို ဆင့္ကာဆင့္ကာ ၿငိမ့္ခ်ျပရင္း

" လက္ထပ္မယ္အကို ၊ ကၽြန္ေတာ္တို႔ အျမန္ဆံုး လက္ထပ္ၾကမယ္ "

ညရဲ႕အလွဟာ သူတို႔ႏွစ္ေယာက္ၾကားက လွပတဲ့ခ်စ္ျခင္းတရားကို မမီႏိုင္ခဲ့ ။

*************

သူတို႔ႏွစ္ေယာက္ရဲ႕လက္ထပ္ပြဲေလးကေတာ့ ထူးထူးျခားျခားမဟုတ္ဘဲ ရိုးရိုးရွင္းရွင္းကေလးသာ ။ သူတို႔ရဲ႕အိမ္ကေလးမွာပဲ ပတ္ဝန္းက်င္အသိုင္းအဝိုင္းတစ္ခ်ိဳ႕နဲ႔ ခင္ရာမင္ရာ မိတ္ေဆြအနည္းအက်ဥ္းကိုဖိတ္ၿပီး ဘုန္းႀကီးဆြမ္းေကၽြးေလး ျပဳလုပ္လိုက္တာသာျဖစ္သည္ ။

ဝမ္းသာစရာေကာင္းတာတစ္ခုက သူ႔ေဖေဖနဲ႔ေမေမသာမက အကို႔ေမေမကပါ သူတို႔ပြဲေလးသို႔ အသိအမွတ္ျပဳ လာေရာက္ခဲ့ျခင္းပင္ ။ ဘယ္သူေတြ အသိအမွတ္ျပဳျပဳ မျပဳျပဳ ၊ ႏွစ္ဖက္မိဘက အသိအမွတ္ျပဳလာျခင္းက သူတို႔အတြက္ေတာ့ တန္ဖိုးျဖတ္မရတဲ့ ဆုလာဘ္မဂၤလာတစ္ပါးပဲျဖစ္ေလသည္ ။

ဘာအေႏွာင့္အယွက္မွမရွိဘဲ ေခ်ာေခ်ာေမြ႕ေမြ႕ၿပီးသြားတဲ့ပြဲေလးေၾကာင့္ အခုမွပင္ ႏွစ္ေယာက္လံုး ဟင္းခ်ႏိုင္ေတာ့သည္ ။

အခုခ်ိန္မွာ အကိုနဲ႔သူဟာ တကယ္ကိုပဲ သက္ဆိုင္သူေတြ ျဖစ္ခဲ့ရၿပီ ။ ေနာက္ေန႔ကစလို႔ အိမ္ရဲ႕ေဝယ်ာဝစၥေတြ အတူလုပ္ၾကရင္း...ထမင္းဟင္းေတြ အတူခ်က္ၾကရင္း...ေန႔ရက္ေတြ အခ်ိန္ေတြကို အတူျဖတ္ေက်ာ္ ကုန္ဆံုးၾကရင္းနဲ႔ ေရွ႕ဆက္ၾကရေတာ့မယ္ ။

တကယ္ကိုပဲ အတိုင္းအဆမဲ့ ၾကည္ႏူးရပါသည္ေလ ။

" ကေလးေလး ဘာေတြေတြးေနတာလဲ "

သူ႔ေနာက္ကေန ခါးကိုဖက္တြယ္ကာ အကိုက ခပ္တိုးတိုးေမးလာေတာ့

" ကၽြန္ေတာ္တို႔ႏွစ္ေယာက္ရဲ႕အေၾကာင္းေပါ့ အကိုရယ္ "

" ႏွစ္ေယာက္အေၾကာင္းေတြးတာကို ခဏနားၿပီး ကိုယ္နဲ႔အေပၚကို လိုက္ခဲ့ပါဦး "

အေပၚထပ္ကို ေရာက္ေတာ့ ျမင္လိုက္ရတဲ့ျမင္ကြင္းေလးေၾကာင့္ သူၿပံဳးလိုက္မိကာ

" ဒါေတြ ဘယ္တုန္းက ျပင္ဆင္လိုက္တာလဲ အကို "

" အသာ ေရခ်ိဳးေနတုန္းက "

ကုတင္ေအာက္နားမွာ ေမြးပြေကာ္ေဇာအခင္းေလးနဲ႔ အက်အနျပင္ဆင္ထားသည္က ဝိုင္တစ္ပုလင္း ဖန္ကလပ္ေလးႏွစ္ခုနဲ႔ သစ္သီးအစံုထည့္ထားတဲ့ ပန္းကန္ျပားေလးတစ္ခ်ပ္ ။

အကို႔ရင္ခြင္ထဲကေန ဝိုင္ေသာက္ရင္း ေခါင္မိုးမွန္သားျပင္ကတစ္ဆင့္ ေကာင္းကင္ႀကီးကို ေမာ့ၾကည့္ေနရသည္မွာ သူ႔အတြက္ေတာ့ အိပ္မက္တစ္ခုလိုပင္ ။

ဒီလို သူ႔ရင္ထဲကလမင္းႀကီးရဲ႕ရင္ခြင္ကိုမီွရင္း ေကာင္းကင္က လမင္းႀကီးကို ေမာ့ၾကည့္ခြင့္ရလိမ့္မယ္လို႔ ဘယ္ထင္ခဲ့ပါ့မလဲ ။

ကိုယ္ဘယ္လိုမွ ပိုင္ဆိုင္ခြင့္ရမွာမဟုတ္ဘူးဆိုတဲ့ အေတြးမ်ိဳးနဲ႔ ဟိုးအေဝးက လမင္းႀကီးကို ေငးၾကည့္ေနခဲ့ရတဲ့ ဘဝကေန အဲ့ဒီလမင္းကို တကယ္တို႔ထိခြင့္ ရလိုက္တဲ့ ကေလးပမာ သူ႔မွာ ေပ်ာ္တာေရာ မယံုႏိုင္တာေရာ ခံစားခ်က္အေထြေထြစုေပါင္းပီး မနက္က မဂၤလာပြဲတစ္ေလ်ွာက္လံုး ကတုန္ကရင္ေတြ ျဖစ္ေနခဲ့ရေသးသည္ ။ သူ႔လက္ဖ်ားေလးေတြကို ေထြးဆုပ္ကာ အကိုက အားေပးလာေတာ့မွသာ စိတ္က တည္ၿငိမ္ေျခရသြားတာျဖစ္သည္ ။

အကိုဟာ ဘယ္လိုအေျခအေနမွာျဖစ္ျဖစ္ သူ႔ကို စိတ္ခြန္အားေပးႏိုင္တဲ့ အလင္းေရာင္ရွင္ပါပဲ ။

" ဘာေတြေတြးၿပီး ၿငိမ္ေနျပန္ၿပီလဲ ကေလးေလး "

ခက္ရင္းနဲ႔ထိုးထားတဲ့ စေတာ္ဘယ္ရီသီးေလးကို သူ႔အားခြံ႔ေပးရင္း ေမးလာတဲ့အကို႔ေၾကာင့္

" အကို႔အေၾကာင္း "

" ေျပာပါဦး...ဘာေတြမ်ားပါလိမ့္ "

အကို႔ကို ပိုင္ဆိုင္ခြင့္ရလိုက္တဲ့အေပၚ ကၽြန္ေတာ္ တကယ္ကို မယံုႏိုင္ျဖစ္ေနတာ ၊ ဘာမွမက္ေမာစရာမရွိတဲ့ ကၽြန္ေတာ့္ကို အကိုဘာလို႔မ်ား ေရြးခ်ယ္ခဲ့တာလဲဟင္ "

" ခ်စ္လို႔...အဆံုးရႈံးမခံႏိုင္ေလာက္ေအာင္ကို ခ်စ္လို႔ ၊ အသာကလြဲၿပီး တစ္ျခားဘယ္အရာကိုမွ မမက္ေမာမိေတာ့ေလာက္ေအာင္ အသာ့ကို ခ်စ္သြားလို႔ ၊ ၿပီးေတာ့...ကိုယ့္ဘဝရဲ႕ ပထမဆံုးအနမ္းကို ကေလးနဲ႔စတင္ခဲ့သလို ေနာက္ဆံုးအနမ္းကိုလည္း ကေလးနဲ႔ပဲ အဆံုးသတ္ခ်င္တာမို႔လို႔ "

သူ႕စကားအဆံုးမွာ ရင္ခြင္ထဲက ကေလးငယ္ဟာ မ်က္ႏွာေလးေမာ့လာရင္း သူ႔ႏႈတ္ခမ္းထက္ အနမ္းတစ္ခု ေပးအပ္လာေလေတာ့.................။

ကေလးငယ္ဘက္က အစျပဳေပးအပ္လာတဲ့ ခ်ိဳၿမိန္ျခင္းမွာ သူဟာလည္း မူးမူးေမ့ေမ့ ။ အခ်ိန္ေတြဘယ္ေလာက္ ကုန္ဆံုးသြားသည္မသိ ။ အနမ္းတို႔ကို ဖယ္ခြာမိခ်ိန္မွာ ကေလးငယ္ရဲ႕မ်က္ႏွာျပင္တစ္ခုလံုးဟာ ရဲရဲနီေစြးေနေလၿပီ ။

ထိုမ်က္ႏွာနီနီေလးကိုပဲ သူ႔မွာ ေငးေမာ၍မဝႏိုင္ ။

သူ ရင္နဲ႔မဆန္႔ေအာင္ အခ်စ္ႀကီးခ်စ္ရတဲ့ ကေလးေလး ။

တကယ္ပါ ။ သူ႔ရဲ႕က်န္ရွိေနတဲ့ ဘဝသက္တမ္းကို ဒီကေလးငယ္အား ၾကည့္ရႈေငးေမာရင္းျဖင့္သာ ကုန္ဆံုးလိုပါသည္ေလ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •
(The End)

_____________________________
#For Unicode

မျှော်နေတဲ့ အကို့ဖုန်းကတော့မလာဘဲ မျှော်လင့်မထားတဲ့ မမက ဖုန်းဆက်လာကာ

" သာသာရေ...ဒီညနေ dinner တူတူစားရအောင် "

" ဟင်...ချစ်သူများနေ့ကြီးမှာ ကိုဆက်နေနဲ့ နှစ်ယောက်တည်း မစားဘူးလား "

" နှစ်ယောက်တည်းက ပျင်းစရာကြီး ၊ လူစုံတော့ ပိုပြီးပျော်စရာကောင်းတာပေါ့ ၊ အဲ့ဒါကြောင့် သာသာ့ကို လှမ်းခေါ်တာ "

" ကျွန်တော်က အကိုနဲ့ချိန်းထားတာမို့လို့ "

" အမလေး...မမက ကိုဆက်ကိုလည်း ခေါ်ထားပြီးပါပြီ "

" အကိုက ဘာပြောလဲ "

" ဘာပြောရမလဲ သာသာရဲ့ ၊ လာမယ်ပဲ ပြောတာပေါ့ "

မမစကားကြောင့် သူ့စိတ်ထဲ စိတ်မကောင်းသလိုတော့ ဖြစ်သွားမိသည် ။ အကိုက ဒီလို ချစ်သူများနေ့မှာ သူနဲ့ နှစ်ယောက်တည်း တွေ့ဖို့ကို သိပ်ပြီး စိတ်အားမထက်သန်ဘူးထင်ပါရဲ့ ။ ဒါမှမဟုတ် ချစ်သူများနေ့ ဆိုတာကိုပဲ သတိမထားမိတာလား ။

တော်ပါပြီ ။ ဆက်မတွေးတာပဲ ကောင်းပါတယ် ။ ဆက်တွေးနေသ၍ ကိုယ်ပဲ စိတ်မကောင်းဖြစ်နေရလိမ့်မည် ။ မမတို့အစီအစဉ်ကို အကိုက လက်ခံတယ်ဆိုတော့လည်း....

" ဒါဆိုလည်း ကျွန်တော် လာမယ်လေ ၊ ဘယ်ကိုလာခဲ့ရမလဲ မမ "

" အေး...လာရမယ့်လိပ်စာကို မမ message ပို့လိုက်မယ် ၊ အခု ထွက်လာခဲ့လိုက်တော့နော် "

" ဟုတ်ကဲ့ မမ "

မဖြစ်သေးပါဘူး ။ အကို့ထံတော့ ဖုန်းလှမ်းဆက်ဦးမှပါ ။

" Hello ကလေးလေး "

" မမက dinner တူတူစားဖို့ ဖုန်းလှမ်းဆက်တယ် အကို "

" အင်း...ကိုယ့်ကိုလည်း ပြောတယ်လေ ၊ ကိုယ် သူတို့ချိန်းတဲ့နေရာကိုပဲ တန်းသွားလိုက်တော့မယ် ၊ အသာလည်း ကိုယ့်ဟာကိုယ် လာခဲ့ဖို့ အဆင်ပြေတယ်မဟုတ်လား "

" ဟုတ်ကဲ့ "

အဆင်ပြေတယ်မဟုတ်လားဆိုမှတော့ အဆင်ပြေရတော့မှာပဲပေါ့ ။ သူ့ကိုတောင် အတူတူသွားဖို့ လာမခေါ်နိုင်ရလောက်အောင် အကို ဘာတွေများ အလုပ်ရှုပ်နေပါသလဲလေ ။ ဆက်မတွေးချင်တော့ပြီ ။

သူ အတွေးလွန်နေတာပဲ ဖြစ်ပါစေ ။

" ဒါဆို ဖုန်းချလိုက်တော့မယ်နော် ကလေးလေး ၊ ခဏနေရင်တွေ့မယ် "

" ဟုတ်ကဲ့ "

နှစ်ယောက်ဆင်တူကိုင်ဖို့ ဝယ်ထားတဲ့ ဖုန်းလေးနှစ်လုံးကို စိုက်ကြည့်နေမိရင်း.... ။ အမှတ်တရဖြစ်အောင် နှစ်ယောက်တည်း ညစာစားရင်း ဒီလက်ဆောင်လေးကို ပေးချင်ခဲ့တာလေ ။ ခုတော့..... ။

ဘာပဲဖြစ်ဖြစ်ပါလေ ။ အဓိကရည်ရွယ်ချက်က ဆင်တူကိုင်ရဖို့ပဲမဟုတ်လား ။ ဘယ်လိုပေးတယ်ဆိုတာက အဓိကကျတဲ့ကိစ္စမှမဟုတ်တာ ။ အကိုနဲ့ပတ်သက်ရင် သူလည်း သိပ်ကို လောဘကြီးနေမိတယ် ထင်ပါတယ် ။

**********

မမ message ပို့ပေးလိုက်တဲ့ လိပ်စာအတိုင်း ကားမောင်းလာခဲ့ရင်း ဆိတ်ငြိမ်ရပ်ကွက်တစ်ခုသို့ ရောက်လာတော့ လူက ဇဝေဇဝါဖြစ်လာသည် ။

Dinner စားမယ်ဆိုတော့ ဆိုင်တစ်ဆိုင်ဆိုင်ဟုထင်နေမိတာ ။ လိပ်စာကိုပြန်ကြည့်တော့လည်း ဆိုင်နာမည်မပါ ။ ဒီတိုင်း ခြံအမှတ်တို့ လမ်းနာမည်တို့သာ ပါသည် ။

Google map ကနေရှာရင်း စမ်းတဝါးဝါး မောင်းလာခဲ့ကာ လိပ်စာထဲက ခြံရှေ့ကိုရောက်တော့လည်း တကယ်ပဲ စားသောက်ဆိုင်တစ်ခု မဟုတ်ချေ ။

မှောင်နေသော ခြံဝန်းတစ်ခုကိုသာ တွေ့ရသည် ။ လိပ်စာများ မှားပြီး လာမိပြီလားဆိုတဲ့အတွေးနဲ့ ကားပေါ်ကဆင်းကာ ခြံဝကို အကဲခတ်ကြည့်တော့လည်း ခြံနံရံမှာကပ်ထားသည့် လိပ်စာက မှန်နေပြန်သည် ။

သူလည်း ယောင်ချာချာဖြစ်လာကာ မမထံ ဖုန်းခေါ်တော့

" အေး...သာသာ ရောက်ပြီလား "

" မမပြောတဲ့လိပ်စာကို ရောက်နေပြီ ၊ စားသောက်ဆိုင်လည်းမဟုတ်ဘူး ၊ ဒါ ဘယ်နေရာကြီးလဲ "

" အေး ခြံတံခါးဖွင့်ထားတယ် ၊ ဒီတိုင်းတွန်းပြီး ဝင်လာခဲ့ "

" အာ... မှောင်နေတာကြီးကို မမရာ ၊ ကျွန်တော်ဝင်မလာရဲဘူး "

" အမလေးဟဲ့ ၊ မီးက ခုမှထွန်းရမှာမို့ပါ သာသာရယ် ၊ မမတို့ရှိပါတယ် ၊ ဝင်သာလာခဲ့ပါ "

ပြောပြီးသည်နှင့် မမကဖုန်းချသွားတော့ သူလည်း မထူးပါဘူးဟု သဘောထားကာ မမပြောတဲ့အတိုင်း ခြံတံခါးကို တွန်းဖွင့်ပြီး ဝင်လာခဲ့တော့သည် ။ ခြံတံခါးကိုဖြတ်ကာ ဝင်လာပြီး ခြေလှမ်းသုံးလှမ်းမြောက်လောက်မှာ တစ်ခြံလုံးမီးတွေလင်းသွားတော့ သူ့မှာ ရုတ်တရက် လန့်သွားမိသေးသည် ။

မမတစ်ယောက်ကတော့လေ စောစောစီးစီး မီးထွန်းထားတော့ ဘာဖြစ်မှာမို့လို့လဲ ။ တကယ်ပါပဲ ။

ခုနက မှောင်နေလို့ဘာကိုမှ သဲသဲကွဲကွဲမမြင်ခဲ့ရပေမယ့် အခု မီးရောင်အောက်မှာ မြင်လိုက်ရတဲ့ ခြံဝန်းအလယ်က တိုက်ကလေးဟာ တကယ့်ကို ချစ်စဖွယ်လေးပင် ။

သူ အသံထွက်အောင် ရယ်လိုက်မိရင်း စိတ်ထဲမှ

ငကြွားမမ ။ ဒါ ကိုဆက်နေနဲ့ မမနဲ့အတူတူဆောက်နေတယ်ဆိုတဲ့ အိမ်ပဲ ဖြစ်ရမည် ။ ညစာဖိတ်ကျွေးရင်း ဒါကို ခေါ်ကြွားတာပေါ့လေ ။

ရယ်ချင်ပက်ကျိဖြင့်တွေးနေရင်း ချစ်စရာကောင်းလှတဲ့ အိမ်ကလေးကို ရပ်ကြည့်နေမိသည် ။ ကိုဆက်နေနဲ့မမ နှစ်ယောက်ပေါင်းပြီး ပညာကုန်ထုတ်သုံးကာ ဆောက်ထားပုံရတဲ့ ထိုအိမ်ကလေးဟာ တကယ့်ကိုမှ နေချင့်စဖွယ် ချစ်စရာလေးပင် ။

တစ်ထပ်လည်း မ,က ၊ နှစ်ထပ်ပီပီပြင်ပြင်လည်း မဟုတ်ဘဲ တစ်ထပ်ခွဲတိုက်ကလေးဖြစ်ပြီး ခေါင်မိုးက အချွန်လေးဖြစ်ကာ အပေါ်ထပ် ဘယ်ညာမှာ ဝရံတာသေးသေးလေးတွေ ထုတ်ထားသေးသည် ။ ပုံမှန်အားဖြင့် ဝရံတာကို အပေါ်ထပ်ရဲ့ရှေ့မျက်နှာစာမှာသာ အထားများကြပေမယ့် အခုက ရှေ့မျက်နှာစာတစ်ခုလုံးကို မှန်တွေအဓိက သုံးထားပြီး ဝရံတာသေးသေးလေးတွေကို ဘေးမှာထားလိုက်ခြင်းက တကယ့်ကို အမြင်ဆန်းသွားစေသည် ။

အောက်ထပ်အဝင်အဝမှာလည်း ပန်းကနုတ်တိုင်လုံးလေးတွေနှင့် ဆင်ဝင်လေးလုပ်ထားသည်မှာ သဘောကျစရာ ။ ခြံထဲမှာလည်း စားပွဲခုံဖြူဖြူ ထိုင်ခုံဖြူဖြူလေးတွေ ချထားသေးသည် ။ ဒါက ညနေဘက်တွေမှာ နှစ်ယောက်တူတူထိုင်ရင်း Ro ကြမယ့်သဘောပေါ့လေ ။ ဟာ...ဟ ။

အံမယ်... ခြံထောင့်မှာ ရေတံခွန်ပေါက်စလေးတောင် ပါသေးရဲ့ ။ သူ့အမ ဒေါ်လင်းလင်းတို့ကတော့ စိတ်တိုင်းကျကို လက်ကုန်ကြဲထားသည်ထင်ပါရဲ့ ။

လက်ထဲမှာကိုင်ထားတဲ့ ဖုန်းက မြည်လာတော့မှ သူ့မှာ အလန့်တကြား သတိပြန်ဝင်ရင်း

" ဟီး မမ "

" အိမ်ထဲဝင်မလာဘဲ အဲ့ဒီမှာ ဘာရပ်လုပ်နေတာတုန်း သာသာ "

" အိမ်လေးက လှလို့ ကြည့်နေတာပါ မမရဲ့ ၊ လာပြီ လာပြီ "

သူလည်း ကမန်းကတန်း အိမ်ထဲသို့ဝင်လာခဲ့ရာ အိမ်ထဲသို့အရောက် မီးတွေက ရုတ်တရက်မှောင်ကျသွားတော့ သူ့မှာ လန့်ဖြန့်သွားပြီး နေရာမှာတင် ကြောင်ပြီးရပ်နေမိသည် ။

ထိုအချိန် တစ်စုံတစ်ယောက်က သူ့လက်ကို ခပ်ဖွဖွလာကိုင်သည့် အထိအတွေ့ကြောင့် ရုန်းမယ်ကြံတုန်းမှာ သူ ရင်းနှီးနေတဲ့ ကိုယ်သင်းနံ့တစ်ခုက သူ့အားမင်သက်သွားမိစေကာ မရုန်းမိလိုက်တော့ပေ ။

ထိုစဉ်မှာပဲ မီးတွေက ရုတ်တရက်ပြန်လင်းလာပြီး သူမြင်လိုက်ရသည်က အကိုဟာ သူ့လက်ကိုကိုင်ကာ သူ့ရှေ့မှာ ဒူးထောက်ရက်သား ။ သူလည်း ရုတ်တရက်မို့ ထူပူကာ အလန့်တကြားဖြင့်

" ဟာ အကို အကို....ဒါ ဘာလုပ်တာလဲ ၊ ဘာလို့ ဒူးထောက်နေတာလဲ "

" ကိုယ့်ကို လက်ထပ်ခွင့်ပေးပါ အသာ "

ဘယ်လိုမှထင်မှတ်မထားမိတဲ့ အခြေအနေကြောင့် သူ့မှာ ဆွံ့အ ကြောင်ငေးလျက် ။

ဘယ်အချိန်က ဖွင့်လိုက်မှန်းမသိသည့် Twilight ဇာတ်ကားထဲမှ Christina Perri ရဲ့ " A Thousand Years " သီချင်းသံကလည်း ခပ်တိုးတိုးနှင့် တငြိမ့်ငြိမ့်ပျံ့လွင့်နေသေးသည် ။

For a thousand years, I'll love you for a thousand more... တဲ့လား ။

အသိစိတ်ပြန်ကပ်မိချိန်မှာ ဝမ်းသာဝမ်းနည်းစိတ်တွေ ရောယှက်လျက် မထိန်းနိုင်စွာဖြင့် သူ ငိုချလိုက်မိတော့သည် ။ ငိုရင်းနှင့် သူ့ရှေ့မှာ ဒူးထောက်လျက်ရှိနေဆဲအကို့ကို အတင်းဆွဲကာ ထူမိတော့

" အသာ ကိုယ့်ကို လက်ထပ်မယ်ဆိုမှ ထမယ် "

မျက်ရည်များကြား ပြုံးမိရင်းက ခေါင်းကို တဆတ်ဆတ်ငြိမ့်ပြမိတော့သည် ။

လှိုက်မောဖွယ်ရာ ဒီလိုအခြေအနေတစ်ခုမှာ သူကဘယ်လိုလုပ်ပြီး ငြင်းနိုင်ဦးမှာတဲ့လဲ ။

သင့်တော်တာတွေ မသင့်တော်တာတွေ ဖြစ်သင့်တာတွေ မဖြစ်သင့်တာတွေ ဘာတစ်ခုမှကို မတွေးနိုင်တော့ဘဲ နှလုံးသားရဲ့စေစားရာနောက်ကိုသာ လိုက်ခဲ့မိတော့သည် ။

ထို့နောက်မှာ အကိုက အသည်းပုံဘူးအနီလေးနှင့်ထည့်ထားသော ဆင်တူလက်စွပ်နှစ်ကွင်းအနက် တစ်ကွင်းကို သူ့လက်သန်းကြွယ်တွင် စွပ်ပေးလာတော့ သူ့မှာ ကြည်နူးရ ရင်ခုန်ရလွန်း၍ လက်ဖျားတွေပင် အေးစက်လာလေသည် ။

" ကဲ ဒီမျက်ရည်တွေက ကျလာပြန်ပြီ ၊ မငိုနဲ့တော့လေ ကလေးလေးရဲ့ "

အကိုက သူ့နဖူးလေးအား နမ်းကာ မျက်ရည်တွေကို သုတ်ပေးရင်းပြောလာတော့ သူလည်း အကို့ခါးအား လက်နှစ်ဖက်နှင့် စုံဖက်ကာ ရင်ခွင်ထဲကို မျက်နှာဝှက်ရင်း

" ကျွန်တော့်ကို ဒီလောက်ထိ အလေးအနက်ထားပြီး ချစ်ပေးလို့ တကယ်ကိုပဲ ကျေးဇူးတင်ပါတယ် အကို "

" ကိုယ့်ကို လက်ခံပေးလို့ ကိုယ်ကလည်း ကျေးဇူးတင်ရပါတယ် ကလေးရယ် "

" ကဲ ကဲ ကျေးဇူးတင်တာတွေ ခဏနား ၊ ဒီကလူတွေက ဗိုက်ဆာနေကြပြီဗျ "

ဟင်... ဗညားပါရောက်နေတာလား ။ ခုနက ကိုယ့်အာရုံနှင့်ကိုယ်မို့ ပတ်ဝန်းကျင်ကို သတိမထားလိုက်မိဘဲ ခုမှပင် သူတို့နှစ်ယောက်အား ပြုံးပြုံးကြီးတွေနဲ့ စိုက်ကြည့်နေကြသော သူတွေကို မြင်မိတော့သည် ။

ကိုဆက်နေနဲ့မမရော...ပြီးတော့ ဗညားရော ။ ကိုမင်းသီဟ နဲ့ မမမွန်တောင်ပါသေး ။ အား...ရှက်လိုက်တာ ။

" ဒါ ကျွန်တော်တစ်ယောက်တည်းကို အသိမပေးဘဲ အကုန်လုံးပေါင်းပြီး စီစဉ်ထားကြတာပေါ့လေ ၊ မမကပါ အလိုတူအလိုပါပေါ့ ဟုတ်လား "

" အော်...ခဲအိုကြီးက ကိုယ့်မောင်လေးကို surprise တိုက်ချင်တယ်ဆိုတော့လည်း အစ်မတစ်ယောက်အနေနဲ့ ဒီလောက်တော့ စွမ်းစွမ်းတမံ ကူညီဖြည့်ဆည်းပေးရမှာပေါ့ "

ဗညားကပါ တဟီးဟီးရယ်ရင်း

" ဘယ်လိုလဲ ဖိုးထင် ၊ တော်တော်မှ surprise ဖြစ်သွားရဲ့လား "

" မင်းလည်းလေ ငါ့ကို နည်းနည်းပါးပါးလေးတောင် ကြိုမပြောဘူး "

" ကြိုပြောမှတော့ ဘယ်လိုလုပ် surprise ဖြစ်တော့မှာလဲကွ "

" အေးလေ အေးလေ ဟုတ်သားပဲ "

ဗညားရဲ့စကားကို အကုန်လုံးက တက်ညီလက်ညီ ဝိုင်းပြီးထောက်ခံကြလေသည် ။

" ကဲ ကဲ Ro တဲ့ အစီအစဉ်တွေ ပြီးသွားပြီဆိုတော့ ညစာစားမယ့်အစီအစဉ်လေး စလိုက်ကြရအောင် "

ကိုဆက်နေရဲ့ လောဆော်သံအဆုံးမှာ အကုန်လုံးက ထမင်းစားခန်းဘက်ကို ဝင်သွားကြလေသည် ။ သူနဲ့အကိုလည်း ထိုလူစုနောက်ကို လိုက်လျှောက်လာစဉ် သူ့မျက်လုံးထောင့်စွန်းကနေ မြင်လိုက်မိတဲ့ ဧည့်ခန်းနံရံပေါ်က ဓာတ်ပုံကြီးတစ်ခု ။

ဆွဲကိုင်ထားတဲ့ အကို့လက်ကို ဖြုတ်ကာ ထိုဓာတ်ပုံကြီးဆီသို့ အံ့သြခြင်းကြီးစွာဖြင့် တိုးကပ်လာမိတော့သည် ။ အဖြူရောင်ဘောင်ခတ်ထားသော နံရံအပြည့်နီးပါးရှိနေသည့် ထိုပုံထဲတွင်ကား အကိုနှင့်သူက ခေါင်းမှာ birthday cap ကိုယ်စီဆောင်းထားကာ ပြုံးရယ်လို့ ။

ဒီပုံလေးက သူ့မွေးနေ့ပွဲတုန်းက ဗညားရိုက်ပေးထားခဲ့တဲ့ပုံလေး ။ အကိုက သူ့အားငုံ့ကြည့်နေခဲ့ပြီး သူကလည်း အကို့အား ပြန်လည်မော့ကြည့်ကာ အားရပါးရ ရယ်နေကြတဲ့ ထိုပုံလေးကို အသက်ဝင်လွန်းလို့ သူရောအကိုပါ အရမ်းကို သဘောတကျဖြစ်ခဲ့ရတာ ။

" အံ့သြနေလား ကလေးလေး "

" ဒီ...ဒီပုံက ဘယ်လိုလုပ်ပြီး ဒီအိမ်မှာရှိနေတာလဲ အကို "

" ကိုယ်တို့နှစ်ယောက်နေမယ့်အိမ်မှာ ကိုယ်တို့နှစ်ယောက်ရဲ့ပုံရှိနေတာ ဆန်းလို့လား အသာရဲ့ "

" ဗျာ ကျွန်...ကျွန်တော်တို့နှစ်ယောက်နေမယ့်အိမ်?? "

" ဟုတ်တယ်လေ ၊ ကိုယ်တို့နှစ်ယောက် လက်ထပ်ပြီးရင်နေဖို့ ကိုယ့်စိတ်တိုင်းကျပုံစံပြောပြီး ဆက်နေနဲ့လင်းလင်းကို မရမက ဆောက်ခိုင်းထားတာ "

သူ့မှာ အံ့သြပြီးရင်း အံ့သြရလွန်း၍ ဘာစကားတစ်ခွန်းမှ ပြောမထွက်နိုင်တော့ဘဲ အကို့မျက်နှာကိုသာ မင်သက်မိသလို ငေးကြည့်နေမိတော့သည် ။

အကိုက နေရာမှာတင် ကျောက်ရုပ်လိုဖြစ်နေသည့်သူ့အား သိုင်းဖက်ကာ ပခုံးအား ခပ်ဖွဖွပုတ်ရင်း

" ကိုယ့်ကလေး အရမ်းအံ့သြသွားတယ်ထင်တယ် "

" အကိုရာ "

" ကဲ ကဲ အံ့သြတာလေး ခဏအောင့်ထားပြီး ညစာသွားစားကြစို့နော် ၊ တော်ကြာ အထဲကလူတွေ အော်တော့မယ် "

ညစာစားကြတော့လည်း တစ်ယောက်တစ်ပေါက် စနောက်ကြရင်း တစ်အိမ်လုံး ဆူညံနေတော့သည် ။

" ဟေ့ရောင် ဖိုးထင် မင်းလည်း အကို့ကို surprise ပြန်တိုက်လိုက်ဦးလေကွာ "

ဗညားရဲ့အပြောမှာ အကိုက သူ့အား စူးစမ်းသလို ကြည့်လာတော့ ခါးမှာပတ်ထားသည့် ခါးပတ်အိတ်ကလေးထဲမှ ဆင်တူဖုန်းလေးနှစ်လုံးကိုထုတ်ကာ တစ်လုံးအား အကို့လက်ထဲထည့်ပေးရင်း

" အကိုနဲ့ကျွန်တော်နဲ့ ဆင်တူကိုင်ရအောင် ဝယ်ထားတာ "

သူ့စကားဆုံးတော့ အကုန်လုံးက ဝိုး ဝေါင်း နှင့် ထအော်ကြတော့သည် ။

အကိုကတော့ သူ့အားပြုံးကာကြည့်လာရင်း

" ချစ်ဖို့ကောင်းတဲ့ ကိုယ့်ကလေးလေး "

ဟု ခပ်တိုးတိုးရေရွတ်လေသည် ။

" ကဲ အားလုံးပဲ ကိုဆက်စေကျွေးထားသမျှကို တဝကြီး စားသောက်ပြီးရင်လည်း အလိုက်တသိပြန်ကြပါစို့ခင်မျာ "

ဗညားက အာပြဲကြီးနဲ့ထပြောတော့ အကုန်လုံးလည်း တဟီးဟီး တဟားဟားလုပ်ကာ တစ်ယောက်တစ်ပေါက် ဝိုင်းနှုတ်ဆက်ကြပြီးနောက် တကယ်ပြန်ကြလေတော့၏ ။

**********

အားလုံးပြန်သွားပြီးတဲ့နောက် တစ်အိမ်လုံးလည်း တိတ်ဆိတ်သွားလေတော့သည် ။

တစ်အိမ်လုံးမှာ နှစ်ယောက်တည်းဆိုသည့်အသိကြောင့် လူကရှက်ကိုးရှက်ကန်းလိုလိုကြီးဖြစ်နေကာ ဘာစကားကို ဘယ်လိုစပြီး ပြောရမယ်တောင် မသိတော့ချေ ။

အားးးးး တကယ်ပါပဲ ။

" အသာ အပေါ်ထပ်ကို လိုက်ကြည့်ဦးလေ "

" ဗျာ...အဲ ဟုတ် ဟုတ်ကဲ့အကို "

အပေါ်ထပ်ကလေးက အောက်ထပ်အကျယ်အဝန်းရဲ့တစ်ဝက်သာ ရှိတာမို့ အိပ်ခန်းတစ်ခန်းအဖြစ်သာ ဖွဲ့ထားလေသည် ။

သူအဖြူရောင်ကြိုက်မှန်းသိလို့ထင်ပါရဲ့ ။ တစ်ခန်းလုံးကို ဆေးအဖြူသုတ်ထားကာ ဗီရိုတွေ ပရိဘောဂတွေကအစ အဖြူရောင်တွေချည်းသာ ။

နှစ်ယောက်အိပ်ကုတင်ဖြူဖြူဖွေးဖွေးကိုမြင်တော့ မျက်နှာတွေပင် ပူလာသလိုလို ။ ဘယ်လိုခံစားချက်ကြီးလဲကွာ ။

ကုတင်ဘေးက စားပွဲခုံသေးသေးလေးပေါ်မှာ မီးအိမ်လှလှလေးတစ်လုံးရှိနေပြီး ထိုမီးအိမ်လေးဘေးမှာက သူတို့နှစ်ယောက်ရဲ့ Selfie ပုံလေးကို မှန်ဘောင်လေးနှင့်ထောင်ထား၏ ။ ထိုမျှမကသေး ။ ကုတင်ခေါင်းရင်းဘက် နံရံတစ်ခုလုံးမှာ သစ်ခက်အတုလေးတွေ ခပ်ကျဲကျဲ ကပ်ထားပြီး ထိုသစ်ခက်စိမ်းစိမ်းလေးတွေရဲ့ကြားမှာ သူတို့နှစ်ယောက်ရဲ့ဓာတ်ပုံပေါင်းများစွာကို တွေ့ရလေသည် ။

ဘယ်လိုစိတ်ကူးတွေနဲ့များ ဒီလောက်အသေးစိတ်အောင် စဉ်းစားထားနိုင်ရတာလဲ အကိုရယ် ။

တစ်ခန်းလုံးအား တအံ့တသြငေးနေတုန်းမှာပင် ခေါင်းပေါ်က အရိပ်တစ်ခုကြောင့် မော့ကြည့်လိုက်မိစဉ် လူက တကယ့်ကို ပါးစပ်အဟောင်းသား ။

ခေါင်မိုးက အချွန်ပုံသဏ္ဍာန် နှစ်ခြမ်းမှာ တစ်ခြမ်းက ဒီအတိုင်းရှိနေပြီး ကုတင်ရဲ့အပေါ်တည့်တည့်ဘက်တစ်ခြမ်းက ရိုးရိုးခေါင်မိုးမဟုတ်တော့ဘဲ မှန်သားတွေ ဖြစ်နေကာ ကောင်းကင်ကြီးကို အတိုင်းသားမြင်နေရလေသည် ။

" ခုနက ခေါင်မိုးအပြည့်မဟုတ်လား အကို ၊ အခု ဘယ်လိုဖြစ်ပြီး...?? "

" အင်း...Remote နဲ့ခဏဖယ်လိုက်တာ ၊ အသာက ကောင်းကင်ကြီးကို ကြည့်နေရတာ ကြိုက်မှန်းသိလို့ ဆက်နေကို မရမက ဂျီကျပြီး ဒီလို မှန်နဲ့ခေါင်မိုးရအောင် လုပ်ခိုင်းထားရတာ ၊ ဆက်နေနဲ့လင်းလင်းနဲ့ကလည်း ဒီလောက်ကြီးမဖန်တီးတတ်တော့ စင်ကာပူက သူတို့ဆရာတစ်ယောက်ကို အကူအညီတောင်းပြီး ဆောက်ခိုင်းရတာပေါ့ ၊ ဘယ်လိုလဲ အသာကြိုက်တယ်မဟုတ်လားဟင် "

" ဘယ်လိုမေးလိုက်တာလဲ အကိုရယ် ၊ ကြိုက်လွန်းလို့ ဘယ်လောက်ကြိုက်လဲဆိုတာတောင် အကို့ကိုပြောပြဖို့ စကားလုံးမရှိတော့လောက်အောင်ပဲ "

" ကိုယ့်ကလေးလေးသဘောကျတယ်ဆိုရင် ကိုယ်ကျေနပ်ပြီ ၊ ကလေးကို မတိုင်ပင်ဘဲ တစ်ယောက်တည်းစီစဉ်ခဲ့ရတော့ တစ်ခုခုကို ကလေးစိတ်တိုင်းမကျဖြစ်မှာ စိုးရိမ်နေခဲ့ရတာ "

" ပိုက်ဆံတွေအရမ်းကုန်သွားမှာပဲ အကိုရယ် ၊ ကျွန်တော့်အတွက် အဲ့လောက်မလိုပါဘူး ၊ ကျွန်တော်က အကိုချစ်ပေးရုံနဲ့တင် ပြည့်စုံနေပြီမို့လို့ပါ "

" ပိုက်ဆံတွေက ကိုယ့်မှာရှိပါတယ် အသာရဲ့ ၊ ဆုံးသွားတဲ့ကိုယ့်အဒေါ်က သူနဲ့တူတူလာနေပေးခဲ့တဲ့ကိုယ့်ကို သူ့ပိုင်ဆိုင်မှုတွေအကုန်လွှဲပေးသွားခဲ့တာလေ ၊ အသာ့အကိုက သူဌေးပါနော် "

လက်မထောင်ကာ ပြုံးစိစိနဲ့ပြောနေသည့် အကို့ကိုကြည့်ကာ သူ ရယ်ချမိတော့သည် ။

" ဒါပေမယ့်လည်း အကိုရယ် ၊ ဒီလောက်ကြီးလုပ်ထားပေးတာကတော့... "

" ကိုယ့်ဘဝထဲထိ စွန့်စွန့်စားစားဝင်လာရမယ့်အသာ့ကို ကိုယ်က အကောင်းဆုံးတွေနဲ့ပဲ ဆီးကြိုချင်တယ် ၊ ပြီးတော့ အသာက ကိုယ်တန်ဖိုးထားရတဲ့ကလေးလေးမို့ ကိုယ်နဲ့နေတဲ့အခါ လိုလေသေးမရှိဆိုတာမျိုးပဲ ဖြစ်နေစေချင်တာ "

" အကိုရယ်...အကိုဖန်တီးပေးတာတွေနဲ့ညီမျှအောင် ကျွန်တော် ဘာပြန်လုပ်ပေးသင့်လဲဟင် ၊ ကျွန်တော့်ဘက်ကကျ အကို့အပေါ် ဘာမှမပေးဆပ်နိုင်သေးဘူး "

" တစ်ခုပဲ...တစ်ခုပဲ ကလေးဆီက တောင်းဆိုချင်တယ် "

" ပြောပါ အကို ၊ အကို့အတွက်ဆို ကျွန်တော်ဖြစ်အောင်ဖြည့်ဆည်းပေးမှာပါ "

" ကလေးကို အမြန်ဆုံး လက်ထပ်ချင်တယ် ၊ အမြန်ဆုံးနော်...တကယ်အမြန်ဆုံး "

သူ ခေါင်းကို ဆင့်ကာဆင့်ကာ ငြိမ့်ချပြရင်း

" လက်ထပ်မယ်အကို ၊ ကျွန်တော်တို့ အမြန်ဆုံး လက်ထပ်ကြမယ် "

ညရဲ့အလှဟာ သူတို့နှစ်ယောက်ကြားက လှပတဲ့ချစ်ခြင်းတရားကို မမီနိုင်ခဲ့ ။

*************

သူတို့နှစ်ယောက်ရဲ့လက်ထပ်ပွဲလေးကတော့ ထူးထူးခြားခြားမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းကလေးသာ ။ သူတို့ရဲ့အိမ်ကလေးမှာပဲ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတစ်ချို့နဲ့ ခင်ရာမင်ရာ မိတ်ဆွေအနည်းအကျဉ်းကိုဖိတ်ပြီး ဘုန်းကြီးဆွမ်းကျွေးလေး ပြုလုပ်လိုက်တာသာဖြစ်သည် ။

ဝမ်းသာစရာကောင်းတာတစ်ခုက သူ့ဖေဖေနဲ့မေမေသာမက အကို့မေမေကပါ သူတို့ပွဲလေးသို့ အသိအမှတ်ပြု လာရောက်ခဲ့ခြင်းပင် ။ ဘယ်သူတွေ အသိအမှတ်ပြုပြု မပြုပြု ၊ နှစ်ဖက်မိဘက အသိအမှတ်ပြုလာခြင်းက သူတို့အတွက်တော့ တန်ဖိုးဖြတ်မရတဲ့ ဆုလာဘ်မင်္ဂလာတစ်ပါးပဲဖြစ်လေသည် ။

ဘာအနှောင့်အယှက်မှမရှိဘဲ ချောချောမွေ့မွေ့ပြီးသွားတဲ့ပွဲလေးကြောင့် အခုမှပင် နှစ်ယောက်လုံး ဟင်းချနိုင်တော့သည် ။

အခုချိန်မှာ အကိုနဲ့သူဟာ တကယ်ကိုပဲ သက်ဆိုင်သူတွေ ဖြစ်ခဲ့ရပြီ ။ နောက်နေ့ကစလို့ အိမ်ရဲ့ဝေယျာဝစ္စတွေ အတူလုပ်ကြရင်း...ထမင်းဟင်းတွေ အတူချက်ကြရင်း...နေ့ရက်တွေ အချိန်တွေကို အတူဖြတ်ကျော် ကုန်ဆုံးကြရင်းနဲ့ ရှေ့ဆက်ကြရတော့မယ် ။

တကယ်ကိုပဲ အတိုင်းအဆမဲ့ ကြည်နူးရပါသည်လေ ။

" ကလေးလေး ဘာတွေတွေးနေတာလဲ "

သူ့နောက်ကနေ ခါးကိုဖက်တွယ်ကာ အကိုက ခပ်တိုးတိုးမေးလာတော့

" ကျွန်တော်တို့နှစ်ယောက်ရဲ့အကြောင်းပေါ့ အကိုရယ် "

" နှစ်ယောက်အကြောင်းတွေးတာကို ခဏနားပြီး ကိုယ်နဲ့အပေါ်ကို လိုက်ခဲ့ပါဦး "

အပေါ်ထပ်ကို ရောက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းလေးကြောင့် သူပြုံးလိုက်မိကာ

" ဒါတွေ ဘယ်တုန်းက ပြင်ဆင်လိုက်တာလဲ အကို "

" အသာ ရေချိုးနေတုန်းက "

ကုတင်အောက်နားမှာ မွေးပွကော်ဇောအခင်းလေးနဲ့ အကျအနပြင်ဆင်ထားသည်က ဝိုင်တစ်ပုလင်း ဖန်ကလပ်လေးနှစ်ခုနဲ့ သစ်သီးအစုံထည့်ထားတဲ့ ပန်းကန်ပြားလေးတစ်ချပ် ။

အကို့ရင်ခွင်ထဲကနေ ဝိုင်သောက်ရင်း ခေါင်မိုးမှန်သားပြင်ကတစ်ဆင့် ကောင်းကင်ကြီးကို မော့ကြည့်နေရသည်မှာ သူ့အတွက်တော့ အိပ်မက်တစ်ခုလိုပင် ။

ဒီလို သူ့ရင်ထဲကလမင်းကြီးရဲ့ရင်ခွင်ကိုမှီရင်း ကောင်းကင်က လမင်းကြီးကို မော့ကြည့်ခွင့်ရလိမ့်မယ်လို့ ဘယ်ထင်ခဲ့ပါ့မလဲ ။

ကိုယ်ဘယ်လိုမှ ပိုင်ဆိုင်ခွင့်ရမှာမဟုတ်ဘူးဆိုတဲ့ အတွေးမျိုးနဲ့ ဟိုးအဝေးက လမင်းကြီးကို ငေးကြည့်နေခဲ့ရတဲ့ ဘဝကနေ အဲ့ဒီလမင်းကို တကယ်တို့ထိခွင့် ရလိုက်တဲ့ ကလေးပမာ သူ့မှာ ပျော်တာရော မယုံနိုင်တာရော ခံစားချက်အထွေထွေစုပေါင်းပီး မနက်က မင်္ဂလာပွဲတစ်လျှောက်လုံး ကတုန်ကရင်တွေ ဖြစ်နေခဲ့ရသေးသည် ။ သူ့လက်ဖျားလေးတွေကို ထွေးဆုပ်ကာ အကိုက အားပေးလာတော့မှသာ စိတ်က တည်ငြိမ်ခြေရသွားတာဖြစ်သည် ။

အကိုဟာ ဘယ်လိုအခြေအနေမှာဖြစ်ဖြစ် သူ့ကို စိတ်ခွန်အားပေးနိုင်တဲ့ အလင်းရောင်ရှင်ပါပဲ ။

" ဘာတွေတွေးပြီး ငြိမ်နေပြန်ပြီလဲ ကလေးလေး "

ခက်ရင်းနဲ့ထိုးထားတဲ့ စတော်ဘယ်ရီသီးလေးကို သူ့အားခွံ့ပေးရင်း မေးလာတဲ့အကို့ကြောင့်

" အကို့အကြောင်း "

" ပြောပါဦး...ဘာတွေများပါလိမ့် "

အကို့ကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့အပေါ် ကျွန်တော် တကယ်ကို မယုံနိုင်ဖြစ်နေတာ ၊ ဘာမှမက်မောစရာမရှိတဲ့ ကျွန်တော့်ကို အကိုဘာလို့များ ရွေးချယ်ခဲ့တာလဲဟင် "

" ချစ်လို့...အဆုံးရှုံးမခံနိုင်လောက်အောင်ကို ချစ်လို့ ၊ အသာကလွဲပြီး တစ်ခြားဘယ်အရာကိုမှ မမက်မောမိတော့လောက်အောင် အသာ့ကို ချစ်သွားလို့ ၊ ပြီးတော့...ကိုယ့်ဘဝရဲ့ ပထမဆုံးအနမ်းကို ကလေးနဲ့စတင်ခဲ့သလို နောက်ဆုံးအနမ်းကိုလည်း ကလေးနဲ့ပဲ အဆုံးသတ်ချင်တာမို့လို့ "

သူ့စကားအဆုံးမှာ ရင်ခွင်ထဲက ကလေးငယ်ဟာ မျက်နှာလေးမော့လာရင်း သူ့နှုတ်ခမ်းထက် အနမ်းတစ်ခု ပေးအပ်လာလေတော့.................။

ကလေးငယ်ဘက်က အစပြုပေးအပ်လာတဲ့ ချိုမြိန်ခြင်းမှာ သူဟာလည်း မူးမူးမေ့မေ့ ။ အချိန်တွေဘယ်လောက် ကုန်ဆုံးသွားသည်မသိ ။ အနမ်းတို့ကို ဖယ်ခွာမိချိန်မှာ ကလေးငယ်ရဲ့မျက်နှာပြင်တစ်ခုလုံးဟာ ရဲရဲနီစွေးနေလေပြီ ။

ထိုမျက်နှာနီနီလေးကိုပဲ သူ့မှာ ငေးမော၍မဝနိုင် ။

သူ ရင်နဲ့မဆန့်အောင် အချစ်ကြီးချစ်ရတဲ့ ကလေးလေး ။

တကယ်ပါ ။ သူ့ရဲ့ကျန်ရှိနေတဲ့ ဘဝသက်တမ်းကို ဒီကလေးငယ်အား ကြည့်ရှုငေးမောရင်းဖြင့်သာ ကုန်ဆုံးလိုပါသည်လေ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •
(The End)

Continue Reading

You'll Also Like

1.5M 63.3K 74
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...
449K 23.4K 51
အခြေအနေတစ်ခုကြောင့် လက်ထပ်ဖြစ်ခဲ့ကြတယ် အန်တီက ရိုးရဲ့ ဇနီးမယားပါပဲ... အေျခအေနတစ္ခုေၾကာင့္ လက္ထပ္ျဖစ္ခဲ့ၾကတယ္ အန္တီက ရိုးရဲ႕ ဇနီးမယားပါပဲ...
4.4K 367 40
အစ်ကို့ရဲ့မေတ္တာက ညီလေးတစ်ယောက်ထက်မပိုပါဘူးလို့ ဘုရားမှာသာကျိန်ပြရမယ်ဆို အစ်ကိုတော့ ကျမ်းဆူးပြီးတမလွန်မှာ မင်းကိုလွမ်းနေတော့မှာပဲ 🍀သက်ဝေအောင် ကျွန်တ...
312K 22.8K 33
boy× boy Zawgyi အခ်စ္......အခ်စ္ဆုိတာဘာလဲေတာ့က်ြန္ေတာ္မသိဘူးလူေတြကေတာ့အခ်စ္ဆုိတာကုိအမ်ိဳးမ်ိဳးအ...