ထပ်နှောက်ယှက်ပြန်လို့ဆို......"
ချီရှန်းက မျက်လွှာကိုပြန်ချလိုက်ပြီး
စာရွက်စာတမ်းများကိုပြန်ကြည့်ကာဆိုသည်။
"မဟုတ်ပါဘူး....ဒီအတိုင်း.....
မျက်နှာမူလျက်ပင်
အခုနေရာ အခုအလုပ် အခုအသိုင်းအဝိုင်းကို
အစထဲက ဘာလို့ ငါ့ကို အဲ့ဒီမတော်တဆမှုကနေ.ကယ်ခဲ့သေးလည်း မင်းငါ့ဆီက ဘာလိုချင်လို့လည်း...."
တဖြည်းဖြည်း ချင်း ဖြုတ်ချလိုက်ပြီး
ဆက်ပြောလာသည်။
ကျွန်တော်အဲ့တစ်ခုပဲ...အဲ့တစ်ခုပဲမျှော်လင့်တာပါ
ရင်ဘတ်ရှိကုတ်အင်္ကျီ၏အစနှစ်ဖက်ကို
ခြေဖျားထောက်ကာ ချီရှန်း၏ နှုတ်ခမ်းတစ်စုံနှင့်.သူ၏နှူတ်ခမ်းတစ်စုံအား ထိတွေ့ရန်ကြိုးစားလိုက်သည်။
လက်ကိုပြန်ချလိုက်ပြီး ပုံမှန်အတိုင်းပြန်ရပ်ကာ
ရီလေသည်။
"ဟားဟား...... အခြေအနေက
နောက်တခါ နှောက်ယှက်လာရင် ကျွန်တော်အကို့အစား သူ့ကိုထောင်ထဲထည့်ပေးမယ်...
ဟူတ်ပြီလား....."
ပြန်ထိုင်လိုက်ပြီး
"ကြိုက်သလိုလုပ်......."
ပြုံးချက်ကြည့်နေသည်။
*ဒေါက်....ဒေါက်....*
အပြင်ဘက်မှ အတွင်းရေးမှူး ၏
"အင်း....လာပြီ....."
"ဟုတ်ကဲ့ပါ...CEO...."
"ဒီနေ့ Project အသစ်စမှာမလို့
တညလုံး အလုပ်လုပ်ရမှာ..."
နောက်နေ့မှပေါ့...."
ကျကွဲမှုကြောင့် အပြင်ရှိ အတွင်းရေးမှူး က
လှမ်းအော်သည်။
"ဒါရိုက်တာကြီး ဘာဖြစ်လို့ပါလည်း
"မလာနဲ့.....ရှောင်ရှင်းကို လွှတ်လိုက်...."
"ဟုတ်ကဲ့ပါ...."
တခဏကြာတော့ လူတယောက်က
ပြူးကျယ်လာပြီး သူ၏ ရင်ဘတ်အင်္ကျီအိတ်ကပ်ထဲမှ
ပြေးသွားလေသည်။
"ဒါရိုက်တာကြီး...အဆင်ပြေရဲ့လား..... "
သွေးထွက်နေသည်ကိုပင် ဂရုမစိုက်မိချေ။
ရှောင်ရှင်းက သူ၏လက်ကိုပြန်ရုတ်ကာ
"စုံစမ်းနေဆဲပါ...."
"ရှောင်ရှင်း...ငါတို့ဒီကိစ္စကို စုံစမ်းနေတာ
အန်းလုက မနက်ကပဲ ရှန်ဟိုင်းကိုရောက်နေရတာလည်း....."
"ကျွန်တော်......"
စိတ်ရောကိုယ်ပါ လွှတ်ကာ ပစ်ထိုင်ချလိုက်သည်။
ရှုံတွနေသည့်ပုံစံပင်။
ရှောင်ရှင်းက အမြန်ပင် ချီရှန်းစားပွဲ၏
အမြန် ထုတ်ယူလိုက်သည်။
ချီရှန်းလက်ထဲထည့်ပေးပြီး သူတို့နှစ့်မလှမ်းမကမ်းရှိ
"အင်း....."
အပြင်ရှိ အတွင်းရေးမှူး အား
အနားယူနေသော ချီရှန်းအားမနှောက်ယှက်ရန်
ရှောင်ရှင်း နှင့် ချီရှန်းတို့သည်
ထိုအချိန်က ရှောင်ရှင်းသည် ဆေးရုံတွင်
ကောင်လေးတစ်ယောက် ပင်။
ရှောင်ရှင်း ဆေးရုံအဝတ်အစားဖြင့်
မေ့ပြီး comaဖြစ်နေတာတဲ့ နိုးနိုးခြင်းပျောက်သွားလို့ အတော်ပွက်လောရိုက်သွားကြတယ်တဲ့
ဆရာဝန်တွေက သူ့ဘေးမှာအလုပ်ရှုပ်နေကြတယ်
အဲ့နောက် သူ့ကို ရှောင်ရှင်းကပဲ
စတင်မိတ်ဆက်ခဲ့သည်။
ရှောင်ရှင်းရဲ့ နာမည်ကိုကြားကြားချင်း
ရှောင်ရှင်း အလုပ်အားချိန်တိုင်း သူဆီသို့
ရှောင်ရှင်းကိုပါ သူနဲ့အတူ လိုက်ခဲ့ရန်ခေါ်သည်။
ရှောင်ရှင်းကလည်း ပိုကောင်းသော
အလူပ်ကမ်းလှမ်းမှုဖြစ်သည့်အပြင်
လက်ခံခဲ့သည်။
ထိုသူဘေးနားတွင် စောင့်ရှောက်ပေးချင်မိသည့်
ခံစားချက်ကြောင့်ပင်။
ရှောင်ရှင်းက ကုမ္မဏီ၏ တံခါးကြီးအား
ဖွင့်ကာ အန်းလုဆီသို့လာရန်ပြင်လိုက်သည်။
ရပ်တန့်ကုန်လေသည်။
ချီရှန်း၏ စေခိုင်းမှုကြောင့် တစ်လတစ်ခါ
သွားကြည့်ခဲ့သူပင်။
"သူဘာတွေကြံနေတာလည်း...."
ရှောင်ရှင်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
...........................
တွေ့ရလိမ့်မယ်လို့ ကတယ်မထင်ထားဘူး..."
"ဟုတ်တယ်..အကိုက အစထဲက
ဒါနဲ့.. အန်းလုက ရှန်ဟိုင်းကို
တကယ်လား....."
မဟူတ်ဘူးလား..."
အလုပ်သမားပဲလေ..."
"ဒါဆို...အကိုကူညီပေးမယ်....
ဟုတ်ပြီလား....ဒါနဲ့အန်းလု သူသာတကယ်အကိုချီရှန်းဆို ဘာလို့ ဒီနေရာမှာ ဒါရိုက်တာကြီး ဖြစ်နေရတာလည်း တစ်ခုခုမှားနေတယ်လို့မထင်ဘူးလား
ပြောထားလိုက်မယ်..."
ရှီးယန်က အန်းလုကို နှုတ်ဆက်ပြီး
အတွင်းရေးမှူး လုပ်ခိုင်းလိုက်....အကိုချီရှန်း
ငါကြည့်ချင်မိတယ်.......
................................
*ဒေါက်...ဒေါက်...*
"ဒါရိုက်တာကြီး...ကျွန်မ အတွင်းရေးမှူး ဖေးပါ..."
"အတွင်းရေးမှူး အသစ်ရောက်တာပါ....
CEO လွှတ်လိုက်တာပါ......"
အတွင်းရေးမှူး အမကြီးက
လွှဲပေးခဲ့ပါ့မယ်....ဟူး...နောက်ဆုံးတော့
တခဏနေတော့...အတွင်းရေးမှူး အမက
သင်ပြပေးနေသည်။
"အတွင်းရေးမှူး ဖေး...ကော်ဖီယူလာခဲ့ပေးပါ..."
အန်းလုဝမ်းသာသွားသည်။
"အော...ကျွန်တော်သိပြီ...."
သောက်တတ်နေပြီပဲ...)
ပြုံးမိသည်။
...................................
ချီရှန်းက အန်းလုကို ကြည့်လိုက်ပြီးနောက်
"ဘာလည်း...အပေါက်ဝမှာနှောက်ယှက်တာ
အားမရလို့ အလုပ်ပါဝင်ပြီးနှောက်ယှက်တာလား
ထို့နောက်ချက်ချင်းပင် ထိုကော်ဖီခွက်အား
ကြမ်းပြင်ပေါ်သို့ပစ်ချလိုက်သည်။
*ခွမ်း....*
အတွင်းရေးမှူး ဖေးက ပြောမထားဘူးလား...ဟမ်.."
"ရှန်း....ရှန်း...."
ကပ်ပါလာသည်။
"ထွက်သွားတော့....."
ရင်းရှီးယန်...... )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"အကိုချီရှန်း....မနက်က ကောင်လေးတယောက်
ထပ်နေှာက်ယှက်ပြန်လို့ဆို......"
ချီရှန်းက စာရွက်စာတမ်းတချို့ကို
ကြည့်နေရင်းမှ ရုံးခန်းရှိ သူထိုင်နေသောစားပွဲခုံနှင့်
မလှမ်းမကမ်း ဆိုဖာပေါ်တွင်ထိုင်နေသော
ရှီးယန် အား လှမ်းကြည့်လိုက်သည်။
ချီရှန်းက မျက်လွွာကိုပြန်ချလိူက်ပြီး
စာရွက်စာတမ်းများကိူပြန်ကြည့်ကာဆိုသည်။
"ဒါတွေက ထူးဆန်းတော့တာမှမဟုတ်တာ...."
ရှီးယန်က ထိုင်နေရာမှထလာလိုက်ပြီး
ချီရှန်းအနားသို့လျောက်လာကာ စားပွဲစွန်းနားတွင်ထိုင်လိုက်သည်။
"သူ့ကို အကိုချီရှန်း တကယ်ပဲမသိဘူးလား..."
ချီရှန်းက စာရွက်အား ဆောင့်ချလိုက်ပြီး
ရှီးယန် အား မျက်လုံးလှန်ကြည့်လိုက်သည်။
"ဘာလည်း...ငါသိဖို့လိုလို့လား....
ဒါမှမဟုတ်ငါ သိသင့်တဲ့သူမလို့လား......"
"မဟုတ်ပါဘူး....ဒီအတိုင်း.....
သူက မမှတ်မိဘူးလားမေးနေတော့လေ...."
"ဘာလည်း.... မင်း.CCTV သွားကြည့်ပြန်ပြီလား...
ဘယ်အချိန်ထိ ငါ့ကိုစောင့်ကြည့်နေအုန်းမှာလည်း"
ချီရှန်းက မတ်တပ်ကောက်ရပ်လိုက်သည်။
အခန်းတဖက်က မှန်များဖြင့်ကာထားသည့်အတွက်
အပြင်ဘက်သို့ ရှင်းလင်းမြင်တွေ့နေရသည်။
သူတို့ရောက်နေသည့်အထပ်က
ကုမ္ပဏီ ၏ အထပ်နှစ်ဆယ်မြောက်တွင်ဖြစ်သည်။
ချီရှန်းက အပြင်ဘက်သို့
မျက်နှာမူလျက်ပင်
"လွန်ခဲ့တဲ့ တစ်နှစ်က ငါနိုးလာပြီး
ဘာတွေဖြစ်ပျက်ခဲ့မှန်း မသိခဲ့သလို
ငါ ကယောင်ခြောက်ခြားဖြစ်နေခဲ့တဲ့အချိန်
မင်းပဲ ကူညီပေးခဲ့တာ မဟုတ်ဘူးလား
ငါ့ဘဝအကြောင်းကိုမင်းကငါ့ထက်ပိုသိနေခဲ့တာလေ
မင်းကို ကျေးဇူးတင်တဲ့အနေနဲ့
အခုနေရာ အခုအလုပ် အခုအသိူင်းအဝိုင်းကို
ငါမရင်းနှီးပဲ ဝင်ရောက်ပေးခဲ့တယ်
အဲ့တာတွေကမလုံလောက်သေးဘူးလား
ငါ့ကို တချိန်လုံးသံသယတွေ ဝင်နေရင်
အစထဲက ဘာလို့ ငါ့ကို အဲ့ဒီမတော်တဆမွုကနေ.ကယ်ခဲ့သေးလည်း မင်းငါ့ဆီက ဘာလိုချင်လို့လည်း...."
ရှီးယန်က စားပွဲအစွန်းနားတွင်ထိုင်နေရင်းမှ
ချီရှန်း၏စကားကြောင့် သူ့အား ကျောခိုင်းထားသော
ချီရှန်းအား နောက်ဘက်မှ နေ၍ ဖက်တွယ်လိုက်သည်။
"မဟုတ်ပါဘူး...အကို့ကိုမယုံလို့မဟုတ်ပါဘူး
ကျွန်တော့ အကို့ဆီကလည်း ဘာမှမလိုချင်ပါဘူး"
ချီရှန်းက သူ၏ခါးကို ဖက်ကာထားသော
ရှီးယန်၏လက်နှစ်ဖက်အား သူ၏လက်နှစ်ဖက်ဖြင့်
တဖြည်းဖြည်း ချင်း ဖြုတ်ချလိူက်ပြီး
ရှီးယန်ဘက်သို့လှည့်လိုက်သည်။
ရှီးယန်က ခေါင်းကိုငုံ့ကာထားရင်း
ဆက်ပြောလာသည်။
"ကျွန်တော်...ကျွန်တော်...လိုချင်တာက...
အကို ကျွန်တော့ကို ချစ်လာဖို့ပါ....
ကျွန်တော်အဲ့တစ်ခုပဲ...အဲ့တစ်ခုပဲမျေှာ်လင့်တာပါ
မရနိုင်ဘူးလား...အကိုကျွန်တော့ကို
ပြန်မချစ်နိုင်ဘူးလား....."
"ငါ့မှာ မင်းအတွက်ခံစားချက်မရှိဘူး..."
ရှီးယန်က ထူးဆန်းလှသော
မျက်ဝန်းတစ်စုံဖြင့် ချီရှန်းအားမော့ကြည့်လာသည်။
သူက ရုတ်တရက်ပင် ချီရှန်း၏
ရင်ဘတ်ရှိကုတ်အကျႌ၏အစနှစ်ဖက်ကို
လက်ဖြင့်တင်းကျပ်စွာဆုပ်ကိုင်လိုက်ပြီး
ခြေဖျားထောက်ကာ ချီရှန်း၏ နွုတ်ခမ်းတစ်စုံနှင့်.သူ၏နွူတ်ခမ်းတစ်စုံအား ထိတွေ့ရန်ကြိုးစားလိုက်သည်။
ချီရှန်းက အစဦး ငြိမ်ကာရပ်နေသော်လည်း
နီးကပ်လာသည့် မျက်နှာတစ်ခုကြောင့်
သူ၏ ခေါင်းအား တခြားတစ်ဖက်သို့လှည့်လိုက်သည်။
ရှီးယန်က ထိုအပြုအမူကြောင့်
လက်ကိုပြန်ချလိူက်ပြီး ပုံမှန်အတိုင်းပြန်ရပ်ကာ
ရီလေသည်။
"ဟားဟား...... အခြေအနေက
သိပ်မကွာဘူးပဲ....အင်းလေ...ဘာပဲဖြစ်ဖြစ်
အကို အဲ့ကောင်လေးကို မသိဘူးဆိုတော့
နောက်တခါ နေှာက်ယှက်လာရင် ကျွန်တော်အကို့အစား သူ့ကိုထောင်ထဲထည့်ပေးမယ်...
ဟူတ်ပြီလား....."
ချီရှန်းက သူ၏ခုံနေရာတွင်အေးဆေးစွာပင်
ပြန်ထိုင်လိုက်ပြီး
"ကြိုက်သလိုလုပ်......."
ရှီးယန်က ချီရှန်းကို လက်ပိုက်ကာပင်
ပြုံးချက်ကြည့်နေသည်။
*ဒေါက်....ဒေါက်....*
"CEO...ကားအသင့်ဖြစ်နေပါပြီ...."
အပြင်ဘက်မှ အတွင်းရေးမွူး ၏
အသံကြောင့် ရှီးယန်က ပြန်ဖြေလိုက်သည်။
"အင်း....လာပြီ....."
"ဟုတ်ကဲ့ပါ...CEO...."
ရှီးယန်က ထိုင်ကာအလုပ်ဆက်လုပ်နေသော
ချီရှန်းအား ကြည့်လိုက်ပြီး
"ဒါဆို...ကျွန်တော်သွားပြီနော်
ညနေ အလုပ်ကိစ္စပြီးရင် အကို့တိုက်ခန်းကို
လာခဲ့လို့ရမလား...သောက်ကြရအောင်..."
"ဒီနေ့ Project အသစ်စမှာမလိူ့
တညလုံး အလုပ်လုပ်ရမှာ..."
"အော်....သိပါပြီ....ဒါဆိုလည်း
နောက်နေ့မှပေါ့...."
ရှီးယန်က ပြောပြီးနောက်အပြင်ဘက်သို့
ဘာမှမဖြစ်သလိုပင်ထွက်သွားတော့သည်။
ချီရှန်းက အလုပ်ဆက်လုပ်နေဆဲပင်။
သူကအတော်ကြာမှ ရုတ်တရက်ဆန်စွာပင်
စားပွဲပေါ်ရှိ ပစ္စည်း များအားလုံးကို
သူ၏လက်ဖြင့်တွန်းချပစ်လိုက်သည်။
ပစ္စည်း တစ်ချို့ကြမ်းပြင်နှင့်ထိကာ
ကျကွဲမွုကြောင့် အပြင်ရှိ အတွင်းရေးမွူး က
လှမ်းအော်သည်။
"ဒါရိူက်တာကြီး ဘာဖြစ်လို့ပါလည်း
အဆင်ပြေရဲ့လား...ကျွန်မလာခဲ့ရမလား..."
"မလာနဲ့.....ရေှာင်ရှင်းကို လွွတ်လိုက်...."
"ဟုတ်ကဲ့ပါ...."
တခဏကြာတော့ လူတယောက်က
သူ၏အခန်းထဲသို့ ဝင်လာလေသည်။
ထိုသူ၏ မျက်ဝန်းများက ချက်ချင်းပင်
ပြူးကျယ်လာပြီး သူ၏ ရင်ဘတ်အကျႌအိတ်ကပ်ထဲမှ
လက်ကိုင်ပဝါအဖြူအား ထုတ်လိုက်ပြီး
စါးပွဲဘေးတွင် ရပ်နေသော ချီရှန်းဆီသို့
ပြေးသွားလေသည်။
"ဒါရိူက်တာကြီး...အဆင်ပြေရဲ့လား..... "
လက်တွင် ဖန်ကွဲစရှရာကြောင့်
သွေးထွက်နေသည်ကိုပင် ဂရုမစိူက်မိချေ။
ထိုသူလာသုတ်ပေးကာမှ သူ၏လက်ကိုကြည့်ရင်း
"ပြေတယ်....ငါ့ကိုအခြေအနေသာပြောပြ..."
ရေှာင်ရှင်းက သူ၏လက်ကိုပြန်ရုတ်ကာ
တည့်မက်စွာပြန်ရပ်လိုက်ရင်း
"စုံစမ်းနေဆဲပါ...."
"ရေှာင်ရှင်း...ငါတိူ့ဒီကိစ္စကို စုံစမ်းနေတာ
သုံးလတောင်ရှိနေပြီနော်......
ပြီးတော့...ဘာလို့ဟိုတစ်နေ့မင်းသွားကြည့်တုန်းက ပေကျင်းမှာကောင်းကောင်းမွန်မွန်ကြီးရှိနေတဲ့
အန်းလုက မနက်ကပဲ ရှန်ဟိူင်းကိုရောက်နေရတာလည်း....."
"ကျွန်တော်......"
ချီရှန်းက နောက်ရှိ ထိုင် ခုံတွင်
စိတ်ရောကိုယ်ပါ လွွတ်ကာ ပစ်ထိုင်ချလိုက်သည်။
လက်ကိုင်ပဝါချည်ထားသော သူ၏လက်အား
နှဖူးပေါ်တင်လိုက်ရင်း မျက်စိကိုမှိတ်ထားလိုက်သည်။
"ငါ..ဒီကိစ္စမပြီးမချင်း သူ့ဆီပြန်လို့မရဘူး.....
အခုသူရောက်နေတာကို ရှီးယန်ကသိသွားပြီ.....
ငါ့ကို စမ်းသပ်ဖို့ သူလုပ်မှာပဲ
ငါပိုစိုးရိမ်တာက သူအန်းလုကို
တစ်ခုခုထပ်လုပ်မှာကိုစိုးတာ......
ငါ့ရဲ့ခေါင်းဒဏ်ရာကြောင့် နှစ်နှစ်နီးပါး
သတိလစ်နေခဲ့တာ...အဲ့ဒီအတော်အတွင်း
ငါ့ရဲ့ အကြားအာရုံက ခံစားသိရှိနေခဲ့သေးတယ်...
အဲ့တာကြောင့်လည်း ရှီးယန်ရဲ့
ယုတ်မာတဲ့အကြံတွေကိုသိခဲ့ရတာ.....
သူကငါ့တုန်းကထက်ကို ယုတ်မာလွန်းတယ်
ငါသတိရရချင်း အန်းလုဆီကိုသာပြန်ခဲ့ရင်
သူထပ်ပြီး အဲ့လိုလုပ်အုန်းမှာပဲ ငါ့မှာ ဘာအင်အားမှမရှိဘူး
အန်းလုကို ကာကွယ်ပေးဖို့....
အရင်လိုလည်း ဧကရာဇ် တစ်ပါးမဟုတ်တော့ဘူး...
အဲ့တာကြောင့် ငါဒီလိုနေနေရတာ...
အဲ့တစ်ချက်ကပဲ အန်းလုကို သူတစ်ခုခုမလုပ်နိုင်မှာ..
ဒီလို အားလုံးကိုမေ့ချင်ယောင်ဆောင်ပြီး
သူ့အနားမှာနေ သူ့အားနည်းချက်ကို ရှာဖွေတာက
အကောင်းဆုံးနည်းလမ်းပဲ....
ငါ့သူ့ကိုပြန်လက်စားချေမယ်...
အန်းလုကို သူလုပ်ခဲ့သမျှ တစ်ခုမကျန်ပြန်ပေးဆပ်ခိုင်းမယ်...."
"ဒါရိုက်တာကြီး ရဲ့ခံစားချက်တွေကို
ကျွန်တော်တကယ်နားလည်ပါတယ်....
ကျွန်တော် အကောင်းဆုံးကြိုးစားပြီးစုံစမ်းနေတာမလို့ မကြာခင်သိရတော့မှာပါ...."
ချီရှန်းကသူ၏မျက်နှာအား လက်ဖြင့်ကွယ်ကာထားသည်။ သူ၏မျက်နှာက နာကျင်မွုကြောင့်
ရွုံတွွနေသည့်ပုံစံပင်။
ရေှာင်ရှင်းက အမြန်ပင် ချီရှန်းစားပွဲ၏
ဒုတိယအထပ်အံဆွဲထဲမှ ဆေးဗူးအား.
အမြန် ထုတ်ယူလိုက်သည်။
အထဲမှ ဆေးလုံးနှစ်လုံးခန့်အား
ချီရှန်းလက်ထဲထည့်ပေးပြီး သူတိူ့နှစ့်မလှမ်းမကမ်းရှိ
စားပွဲအရှည်၏ အပေါ်တွင်တင်ထားသော
ရေကရား ထဲမှ ဖန်ခွက်ဖြင်ရေငှဲ့ကာ
ချီရှန်းအားပေးလိုက်သည်။
ချီရှန်းက အမြန်ယူကာသောက်လိုက်သည်။
"ဒါရိုက်တာကြီး အရမ်းတွေးမနေပါနဲ့...
ခေါင်းကပြန်ပြန်နာနေတာ အခုတလော...
ဆေးရုံကို သွားသင့်တယ်လို့ထင်တယ်..."
"အဲ့တုန်းက ဒဏ်ကြောင့်ပါ
အခု အကိုက်အခဲပျောက်ဆေးကလည်း
အဆင်ပြေနေတာပဲ...ဒါနဲ့ မင်းအရေးကြီးတာ
လုပ်ရမယ်...အန်းလုကို အမြန် ပေကျင်းကို
ပြန်ပို့ဖို့လုပ်ပါ...သူဒီမှာရှိလို့မဖြစ်ဘူး...."
"ဟုတ်ကဲ့ပါ...ကျွန်တော်..အခုပဲသွားလုပ်လိုက်ပါ့မယ်"
"အင်း....."
ချီရှန်းက ဆေးသောက်ပြီးနောက်.
သူ၏မျက်ဝန်းနှစ်ဖက်ကိုမှိတ်ကာအနားယူလိုက်သည်။ ရေှာင်ရှင်းက ချီရှန်းအား ဂါရဝပြုပြီးနောက်.အပြင်ဘက်သို့ထွက်လာခဲ့လိုက်သည်။
အပြင်ရှိ အတွင်းရေးမွူး အား
အနားယူနေသော ချီရှန်းအားမနေှာက်ယှက်ရန်
သတိပေးထားလိုက်ပြီး ကုမ္မဏီ၏
အောက်ဆုံးထပ်သို့ဆင်းလာခဲ့လိုက်သည်။
ရေှာင်ရှင်း နှင့် ချီရှန်းတိူ့သည်
လွန်ခဲ့သော တစ်နှစ်ခန့်က တွေ့ခဲ့ကြသည်။
ထိုအချိန်က ရေှာင်ရှင်းသည် ဆေးရုံတွင်
သန့်ရှင်းရေး နှင့်အခြားအလုပ်ကြမ်းများလုပ်သော
ကောင်လေးတစ်ယောက် ပင်။
ရေှာင်ရှင်း ဆေးရုံအဝတ်အစားဖြင့်
ယိုင်တိုင်တိုင်ဖြင့်လျောက်လာသော ချီရှန်းအားတွေ့သည်။
သူ့အားတွေ့တွေ့ချင်း သူ၏စိတ်ထဲတွင်
အလွန်ရင်းနှီးခဲ့သည်ဟုသော အတွေးက
တဟုန်ထိုးထမြောက်လာခဲ့သည်။
သူ၏သိချင်စိတ်က ထိုလူနောက်သို့
တဖြည်းဖြည်း လိုက်လာခဲ့မိသည်။
သူနာပြုမကိုမေးလေတော့ နှစ်နှစ်နီးပါး
မေ့ပြီး comaဖြစ်နေတာတဲ့ နိုးနိုးခြင်းပျောက်သွားလိူ့ အတော်ပွက်လောရိုက်သွားကြတယ်တဲ့
သူ့အခန်းဝကို သွားချောင်းတော့.
သူက တောင့်တောင့်ကြီးကုတင်ပေါ်မှာထိုင်နေတယ်
ဆရာဝန်တွေက သူ့ဘေးမှာအလုပ်ရွုပ်နေကြတယ်
ပြီးတော့ ကောင်လေးချောချောလေးတယောက်လည်း သူ့ဘေးမှာရှိနေသေးတယ်....အဲ့တာက ရှီးယန်
အဲ့လူက အတိတ်မေ့နေတယ် လို့ဆိုတော့
သူဆေးရုံဝန်းထဲက ထိုင်ခုံတစ်လုံးမှာ
ထိုင်နေရင်း အမြဲတစ်ခုခုကို
လွမ်းဆွေးနေသလို ကောင်းကင်ကို ကြည့်လေ့ရှိတယ်။
အဲ့နောက် သူ့ကို ရေှာင်ရှင်းကပဲ
စတင်မိတ်ဆက်ခဲ့သည်။
ရေှာင်ရှင်းရဲ့ နာမည်ကိူကြားကြားချင်း
သူအနည်းငယ်လန့်သွားသေးသည်။
နောက်ကျ သူက အေးဆေးစွာပင်ပြန်ပြောသည်။
အလွန်အေးပြီး မာနကြီးမည်ဟုထင်မိသော်လည်း
ထင်သလောက်မဆိုးသော သူဖြစ်၍
ရေှာင်ရှင်း အလုပ်အားချိန်တိုင်း သူဆီသိူ့
စကားလာပြောပေးလေ့ရှိသည်။
အဲ့နောက်သူတို့အတော်ပင်ရင်းနှီးခဲ့ကြသည်။
ချီရှန်းက ၂လအကြာမှာဆေးရုံဆင်းပြီး
ရေှာင်ရှင်းကိုပါ သူနဲ့အတူ လိုက်ခဲ့ရန်ခေါ်သည်။
ရေှာင်ရှင်းကလည်း ပိုကောင်းသော
အလူပ်ကမ်းလှမ်းမွုဖြစ်သည့်အပြင်
တကိုယ်တည်းသမားဖြစ်သောကြောင့်
လက်ခံခဲ့သည်။
ဘာရယ်ကြောင့်မှန်းမသိ သူ၏စိတ်ကိုက
ထိုသူဘေးနားတွင် စောင့်ရေှာက်ပေးချင်မိသည့်
ခံစားချက်ကြောင့်ပင်။
ရေှာင်ရှင်းက ကုမ္မဏီ၏ တံခါးကြီးအား
ဖွင့်ကာ အန်းလုဆီသိူ့လာရန်ပြင်လိုက်သည်။
သို့သော်လည်း သူ၏ခြေလှမ်းတို့က
ရပ်တန့်ကုန်လေသည်။
သူမြင်နေရသည့် မလှမ်းမကမ်းတွင်
ရှီးယန်က အန်းလုဘေးတွင်ထိုင်လျက် အန်းလုနှင့်
ရီမောကာစကား ပြောနေသည်။
အန်းလုကို လွန်ခဲ့သောခြောက်လခန့်ကတည်းက
ချီရှန်း၏ စေခိုင်းမွုကြောင့် တစ်လတစ်ခါ
သွားကြည့်ခဲ့သူပင်။
ကုန်စုံဆိုင်အဒေါ်ကြီးအား လုံလောက်သည့်
ငွေပမာဏပေး၍ လစာ အပြင်အခြား
မုန့်ဖိုးများကိုပါ စီစဉ်ပေးထားခဲ့သူပင်။
"သူဘာတွေကြံနေတာလည်း...."
ရေှာင်ရှင်းက ခပ်တိုးတိုးရေရွတ်လိုက်သည်။
...........................
"အကိုရှီးယန်ကို ကျွန်တော်ဒီမှာ
တွေ့ရလိမ့်မယ်လိူ့ ကတယ်မထင်ထားဘူး..."
"ဟုတ်တယ်..အကိုက အစထဲက
ရှန်ဟိုင်းမှာနေတာလေ ပေကျင်းက ဒီအတိုင်း
မိဘတွေရဲ့မွေးရပ်မြေမလို့ အပျော်နေတဲ့သဘောမျိုး
ဒါနဲ့.. အန်းလုက ရှန်ဟိူင်းကို
ဘယ်လိုဖြစ်ပြီးရောက်လာတာလည်း...
ဒီမှာတယောက်ယောက်နဲ့ တွေ့စရာရှိလို့လား..."
"ဟုတ်တယ်...ကျွန်တော့ရှန်းရှန်းလေ....
သူလွန်ခဲ့တဲ့ သုံးနှစ်ကပျောက်သွားခဲ့တာ
ကျွန်တော်တို့ အရမ်းကြောက်ဖို့ကောင်းတဲ့
ကိစ္စကြီးတစ်ခုကြုံခဲ့ရတယ်...သူရုတ်တရက်ပျောက်သွားခဲ့တာ....အခုကျွန်တော်သူ့ကိုပြန်တွေ့ပြီ"
"အကိုချီရှန်း လား...ဘာတွေဖြစ်ခဲ့ကြတာလည်း
ပြီးတော့ သူက ဒီမှာရှိနေတာလား...
တကယ်လား....."
"ဟုတ်တယ်...ဒါရိုက်တာဆိုလားပဲ
သူကျွန်တော့ကို မမှတ်မိဘူးဖြစ်နေတာ...."
"အမ်...အကိုချီရှန်းက အန်းလုကို
ဒီလောက်ချစ်တာ...မမှတ်မိစရာမှ မလိုတာ...
မဟူတ်ဘူးလား..."
"ဟုတ်တယ်...ဒါပေမဲ့ သူတစ်ခုခုဖြစ်ခဲ့တယ်ထင်တယ်.... ကျွန်တော့ကိုမေ့သွားရင်တောင်..
ကျွန်တော်သူ့ဘေးမှာနေပေးလိုက်ရင်
သူ ခနလေးနဲ့ ပြန်မှတ်မိလာမှာ ကျွန်တော်သိနေတယ်...."
အန်းလုက ရှီးယန်၏လက်နှစ်ဖက်အား
ဆုပ်ကိုင်ကာ အားကိုးတကြီးဆိုသည်။
"ဒါ့ကြောင့် အကိုရှီးယန် ကျွန်တော့ကို
အဲ့အထဲဝင်လို့ရအောင် ကူညီပေးပါလား...
အကိုက ဒီ ကုမ္မဏီ က ဝန်ထမ်းထင်တယ်.အကို ထွက်လာတာကို တွေ့လိုက်တယ်...ဟုတ်တယ်မလား..
ကျွန်တော့ကို ကူညီပေးပါနော်........
ရှန်းရှန်းက လည်း တချိန်က အကို့ရဲ့
အလုပ်သမားပဲလေ..."
ရှီးယန်ကအန်းလုအားကြည့်နေသည်။
အတန်ြုကာမှ သူကပြုံးလျက်...
"ဒါဆို...အကိုကူညီပေးမယ်....
သူ့မှတ်ဉာဏ်တွေပြန်ရလာအောင်....
ဟုတ်ပြီလား....ဒါနဲ့အန်းလု သူသာတကယ်အကိုချီရှန်းဆို ဘာလိူ့ ဒီနေရာမှာ ဒါရိုက်တာကြီး ဖြစ်နေရတာလည်း တစ်ခုခုမှားနေတယ်လို့မထင်ဘူးလား
သူကအကိုချီရှန်းနဲ့ ရုပ်တူရုံပဲဆိုရင်ရော...."
"မဟုတ်ဘူး...ကျွန်တော်တို့က.
စိတ်ချင်းဆက်နွယ်ထားသလိုပဲ ကျွန်တော်ခံစားရတယ် သူက ကျွန်တော့ရဲ့ ရှန်းရှန်းဆိုတာကို
ဒီအတောအတွင်း ဘာကဘယ်လိုဖြစ်သွားလည်းမသိပေမဲ့ သူကျွန်တေယ့ကိုပြန်မှတ်မိအောင်လုပ်ရမယ်......."
"ကောင်းပြီ...ဒါဆိုမနက်ဖြန်....
ဒီနေရာမှာပဲတွေ့ကြမယ်...အကိုလုံခြုံရေးကို
ပြောထားလိုက်မယ်..."
"ကျေးဇူးပါ အကိုရှီးယန်....."
ရှီးယန်က အန်းလုကို နွုတ်ဆက်ပြီး
ကားပေါ်သို့ တတ်ကာ ထွက်သွားတော့သည်။
အန်းလုကထိုနေရာလေးတွင်သာ
ကျန်နေခဲ့ပြီး တွေးကာပျော်နေပုံရသည်။
ရှီးယန်က ကားမှန်မှကြည့်ရင်း မဲ့ပြုံးပြုံးလိုက်သည်။
"သူ့ကို မနက်ဖြန် လီချီရှန်းရဲ့
အတွင်းရေးမွူး လုပ်ခိုင်းလိုက်....အကိုချီရှန်း
ဘယ်လောက်ထိခံနိုင်ရည်ရှိမလည်း
ငါကြည့်ချင်မိတယ်.......
ဒါမှမဟုတ် တစ်ခုခုစိတ်ဝင်စားစရာလေးပေါ့
သူငါ့ကိုလိမ်တာဟုတ်မဟူတ်...."
................................
*ဒေါက်...ဒေါက်...*
"ဒါရိုက်တာကြီး...ကျွန်မ အတွင်းရေးမွူး ဖေးပါ..."
ချီရှန်းက အထဲမှနေ၍ ပြောလေသည်။
"အင်း...ဘာကိစ္စရှိလို့လည်း...."
"အတွင်းရေးမွူး အသစ်ရောက်တာပါ....
CEO လွွတ်လိုက်တာပါ......"
"ပြီးရော....သင်စရာရှိတာသာသင်လိုက်...."
အတွင်းရေးမွူး အမကြီးက
အန်းလုဘက်ပြန်လှည့်လိုက်ပြီး
"ဒါရိုက်တာကြီး က..နည်းနည်းစိတ်ဆက်တယ်
မထင်ရင်မထင်သလို ထဖောက်တတ်တာမို့
ဂရုစိုက်ပါ...တစ်ပတ်အတွင်း လုပ်စရာတွေကို
လွွဲပေးခဲ့ပါ့မယ်....ဟူး...နောက်ဆုံးတော့
ကျွန်မ ဝဋ်ကျွတ်ပြီပေါ့...ပိုကောင်းတာက
ရာထူးတိုးတာပဲ...အမလေး...ကောင်းလိုက်တဲ့
ကျွန်မရဲ့ CEO...နတ်သားလေး..."
အန်းလုက ထိုအမပျော်နေသည်ကိုကြည့်ကာ
သူပါ လိုက်ပြုံးနေမိသည်။
အထဲရှိ ချီရှန်းက သူ့ကိုမခေါ်သေးသော်လည်း
သူက အလွန်သွားချင်နေလေပြီ။
တခဏနေတော့...အတွင်းရေးမွူး အမက
သူ့အား လုပ်ငန်းပိုင်းနှင့်ပတ်သက်သည်များကို
သင်ပြပေးနေသည်။
အန်းလုက တက္ကသိုလ်မတတ်ခဲ့ရသဖြင့်
သိပ်တော့ တွင်တွင်ကျယ်ကျယ်မသိချေ။
သို့သော်လည်း ထိုအမကစိတ်ရှည်စွာရှက်းပြပေးသည်။
"အတွင်းရေးမွူး ဖေး...ကော်ဖီယူလာခဲ့ပေးပါ..."
ဖုန်းမှတစ်ဆင့်ပြောလာသောစကားကြောင့်
အန်းလုဝမ်းသာသွားသည်။
"ကျွန်တော်သွားလိုက်မယ်....."
"ကောင်းတယ်...သူက black coffeeကို
သကြားတစ်ဇွန်းပဲထည့်တာ...."
"အော...ကျွန်တော်သိပြီ...."
(ရှန်းရှန်းက ကော်ဖီတွေတောင်
သောက်တတ်နေပြီပဲ...)
ခက်သွပ်သွပ် ပင် ကော်ဖီဖျော်ကာ
အထဲသို့သွားပို့နေသော အန်းလုကိုသူမကြည့်၍
ပြုံးမိသည်။
"သွပ်သွပ်လက်လက်လေးဆိုတော့
အဆင်တော့ပြေလောက်မှာပါ........"
...................................
"ဒါရိုက်တာကြီး...ကော်ဖီရပါပြီ...."
စားပွဲပေါ်တွင် တင်လိုက်သော
လက်တစ်စုံနှင့် အသံကြောင့် ချီရှန်းစာတစ်ချို့
ရေးနေရင်းပင် ရပ်တန့်ကာ မော့ကြည့်လိုက်သည်။
ရင်ထဲတွင်တော့ ဗလောင်ဆူသွားသည်။
မျက်နှာက အမူအရာမဲ့လျက်။
အန်းလုက ချီရှန်းကိုပြုံးကာပြသည်။
ချီရှန်းက အန်းလုကို ကြည့်လိူက်ပြီးနောက်
သူ၏ လုပ်လက်စအလုပ်ကို ဆက်လုပ်ကာ
"ဘာလည်း...အပေါက်ဝမှာနေှာက်ယှက်တာ
အားမရလို့ အလုပ်ပါဝင်ပြီးနေှာက်ယှက်တာလား
ငါ့ကို အဲ့လောက်တောင်ကြိုက်နေတာလား..."
ချီရှန်းက စကားကိုပြောပြီးနောက်
ကော်ဖီခွက်အား ယူကာတစ်ငုံခန့်သောက်လိုက်သည်။
ထိူ့နောက်ချက်ချင်းပင် ထိုကော်ဖီခွက်အား
ကြမ်းပြင်ပေါ်သိူ့ပစ်ချလိုက်သည်။
*ခွမ်း....*
"ချိုလိုက်တာ...ငါအချိုမကြိုက်ဘူးဆိုတာ
အတွင်းရေးမွူး ဖေးက ပြောမထားဘူးလား...ဟမ်.."
"ရှန်း....ရှန်း...."
အန်းလု၏အသံသေးသေးလေးက
ချီရှန်း ၏ ဒေါသသံပြီးသည့်နောက်တွင်
ကပ်ပါလာသည်။
ချီရှန်းက သူ၏အလုပ်ကိုဆက်လုပ်လိုက်ပြီး
"ထွက်သွားတော့....."
အန်းလု တကယ်ပင် လန့်သွားခဲ့သည်။
ချီရှန်းက ဘယ်သောအခါကမှသူ့အား ဤကဲ့သို့
အော်ခြင်းမရှိခဲ့ဖူးချေ။
အန်းလု ဆွန့်ဆူတ်တွန့်ဆုတ်နှင့်ပင်
တံခါးအပြင်ဘက်သို့ထွက်လာလိုက်တော့သည်။
ချီရှန်းက အန်းလုထွက်သွားပြီးနောက်
သူ၏လက်ထဲရှိဘောပင်ကို ကျစ်ကျစ်ပါအောင်
ဆုပ်ကိုင်ကာချိုးပစ်လိုက်သည်။
(ငါအမြန် ရှာတွေ့မှဖြစ်တော့မယ်...အဲ့လူတွေကို
ရှာတွေ့ရင် မင်းဘဝကို တစ်စစီပြန်လုပ်ပစ်မယ်
ရင်းရှီးယန်...... )
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~