အပိုင်း ၁၉

11.5K 1.3K 111
                                    

"...မေမေ......"

ဆေးရုံ ကုတင်ထက်မှနေ၍
အန်းလုသူ၏ မျက်ဝန်းများကို လက်ဖြင့်
အသာပွတ်ရင်းနိုးလာသည်။

အခန်းတွင်း၌ မည်သူမျှရှိမနေ။
ဘေးတွင် ချီရှန်းကပါ ရှိမနေ။

"မေမေ....."

အန်းလုချက်ချင်းပင် ကုတက်ပေါ်မှဆင်း၍
အပြင်ဘက် မိခင်ရှိရာအခန်းဘက်သို့
အမြန်လျောက်လာခဲ့လိုက်သည်။

ဖိနပ်ကလည်း သူ၏စီးနေကျဖိနပ်ပင်ဖြစ်ဖြစ်လို့နေချေပြီ။ ချီရှန်းက သူအိပ်နေစဉ် အိမ်သို့
သွားယူပေးထားခြင်းပင် ဖြစ်ချေလိမ့်မည်။

မိခင်ရှိရာ အခန်းနားရောက်လေတော့.
လူတစ်ချို့အုံနေလေသည်။
ချီရှန်းလည်းရှိသည်။ ဆရာဝန်များလည်းရှိသည်။

အန်းလု၏ ရင်ထဲတွင် ပူလောင်မှုက
တရစပ် လျောက်ပြေးနေကြသည်။
သူက နံရံလေးအား လက်ဖြင့် အသာကိုင်ထားရင်
ဆရာဝန်နှင့် အတူ အလုပ်ရှုပ်နေဟန်ရှိသော
ချီရှန်းအား မျက်ဝန်းနက်နက်တို့ဖြင့်ကြည့်ကာ
လှမ်းခေါ်လိုက်သည်။

"ရှန်းရှန်း....."

ချီရှန်းက သူ့ကိုတချက်လှည့်ကြည့်သည်။
ပြီးနောက် ဘေးရှိ ဆရာဝန်အား
စကားအချို့ပြောနေပြီးနောက် အန်းလုဆီသို့ရောက်လာသည်။

"အန်းလု....နိုးပြီလား....."

အန်းလုက နံရံရှိလက်တို့ကို
ချီရှန်း၏ ရင်ဘတ်ပေါ်တင်ကာ
အားကိုးတကြီးမေးလေသည်။

"ဘာဖြစ်လို့လည်း.... ဘာလို့...ဘာလို့
လူ အုံနေရတာလည်း မေမေ့ အခန်းရှေ့မှာ..."

"အန်းလု....စိတ်ကိုငြိမ်ငြိမ်ထား...."

ထိုစကားကြောင့် အန်းလု၏မျက်ဝန်းတို့က
မျက်ရည်များ စီးကျကာလာလေပြီ။
မဟုတ်ပါစေနဲ့ ဟူသော ဆန္ဒတို့ဖြင့်
ချီရှန်းကို ကျော်၍ မိခင်ရှိရာ အခန်းဘက်သို့ပြေးလေတော့သည်။

"ဖယ်ကြပါအုန်း.....ဖယ်ကြပါအုန်းဗျာ...
တောင်းပန်ပါတယ် ကျွန်တော့်က်ုကြည့်ခွင့်ပေးပါ
ကျွန်တော့ကို...ကျွန်တော့ကို...."

အုံကာကြည့်နေသော လူအုပ်ကြား
ကိုယ်ခန္တာ သေးသေးလေးတစ်ခုက တိုးဝှေ့နေလေသည်။ တုန်ယင်ကာနေသော ထိုကိုယ်ခန္တာလေးက
ထိတွေ့သူအဖို့ ဓာတ်လိုက်နေသယောင်ပင်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now