တီ....တီ......
ကျောင်းအပေါက်ဝနားရောက်တော့
အန်းလုကရှေ့မှ ဦးဆောင်၍
ကျောင်းအတွင်းနားသို့ဝင်မည်အလုပ်
နောက်မှ ကားဟွန်းတီးသည့်အသံကြောင့်အန်းလုရော ချီရှန်းပါ
လှည့်ကြည့်လိုက်မိသည်။"အာ...လွမ့်သောက်...."
ထိုသူက သူ၏ကားအား
ခနရပ်လိုက်ပြီး ကားပြတင်းပေါက်မှ
ခေါင်းအသာထွက်၍ အန်းလုအားနှုတ်ဆက်နေသည်။ချီရှန်းက ထိုသူအား
သေချာစွာ စူးစိုက်ကြည့်နေသည်။"အန်းလု....ခနနော်....
ငါကား သွားထိုးလိုက်အုန်းမယ်
ကစားကွင်းမှာ ငါ့ကိုစောင့်နေ
ဟိုကောင်တွေလည်း အဲ့မှာလို့ပြောတယ်...""Ok...ok..."
ထိုသူက ခေါင်းအားပြန်ထည့်လိုက်ပြီး
ကားကိုဆက်မောင်းသွားတော့သည်။
သူ၏ ပုံစံမှာ ချီရှန်းအားရှိသည်ဟုပင်မထင်သည့်ပုံစံချီရှန်းကထိုသူအား
အဆက်မပြတ်ကြည့်နေရင်းပင်
အန်းလုအားမေးလိုက်သည်။"အန်းလု....အဲ့ဒီသေတ္တာထဲကကောင်က
ဘယ်သူလည်း.....""အမ်......."
(အော်....သူကားကိုပြောတာဖြစ်မယ်
အမလေး...ငါနှယ့်နော်....)အန်းလုက ပြုံးလျက်
"ကျွန်တော့သူငယ်ချင်း ပြီးတော့...
အဲ့တာ သေတ္တာ မဟုတ်ဘူး အဲ့တာ ကားလေ
စီးလို့ရတဲ့ကား ကျွန်တော်တို့စီးလာတဲ့.ဟာမျိုးကိုမှ အသေးစား...ဘယ်လိုပြောရမလည်းဆိုတော့... အာ..""ရပြီ....ကိုယ်သဘောပေါက်သွားပြီ....ကိုယ်သိပြီ..."
"............."
(အော်....သူပဲပေါက်သွားရပြန်ပြီ...)
......... ................................
"ဟေ့ကောင်......ဒီနေ့အခြေအနေလေး... ".
အန်းလုက ရှေ့မှဦးဆောင်လျက်ပင်
ကစားကွင်းသို ရောက်လာသည်။
ချီရှန်းကထပ်ကြပ်မကွာလိုက်လျက်။လွမ့်သောက်က အန်းလုပုခုံးအား
ရုတ်တရက် ကောက်ဖတ်လိုက်ရင်း
ပြောလေသည်။ကျန်သူငယ်ချင်းနှစ်ဦးက အနားယူရန်
ထားထားသော ခုံတန်းတွင်ထိုင်လျက်။
YOU ARE READING
Love, but Hurt (We meet again) Season 2( Completed)
Romanceအကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်းတင်းကျပ်ကျပ်ဖက်တွယ်ထားမိလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တ...