အပိုင်း ၂၆

13.2K 1.3K 133
                                    

နှစ်နာရီခန့်ကြာပြီးနောက်.....

"ဝါး.....တကယ်ကိုလှလိုက်တာ....
ဟတ်ချိုး....."

"ရော့......"

ချီရှန်းက ရေချိုးခန်းထဲမှ တဘတ်တစ်ထည်အား
အန်းလု၏ ခေါင်းပေါ်သို့ပစ်တင်ပေးလိုက်သည်။
အန်းလုက ချီရှန်းပေးသော
တဘတ်ဖြင့် သူ၏ခေါင်းအားသုတ်နေရင်း
ကျယ်လွန်းလှသော အိမ်ခန်းကြီးအား
တအံ့တသြကြည့်နေမိသည်။

"ဟတ်ချိုး..... ဟတ်ချိုး....."

အဆက်မပြတ်နှာချေနေသောကြောင့်
နှာခေါင်းထိပ်လေးက နီရဲကာလာလေသည်။
ပျင်းရိပျင်းတွဲပုံစံဖြင့် သုတ်နေသော
အန်းလု၏ ပုံစံအား ချီရှန်းက ကြည့်ရင်း
အားမရဖြစ်လျက် လက်များက မသိလိုက်စွာ
အန်းလု၏ ခေါင်းသို့ ရောက်မိသွားသည်။

တဘတ်ကို ကိုင်ကာသေချာသုတ်ပေးလိုက်ပြီးနောက်တွင်မှ
အာရုံစိုက်နေသည့် ဆံနွယ်တွေအောက်က
သူအားပြုံးလျက်ကြည့်နေသည့်မျက်နှာတစ်ခု

ရုတ်တရက်လန့်သွားပြီးနောက်
သူ၏ လက်များကိုပြန်ရုတ်လိုက်သည်။

"မင်း လုပ်နေတာ အသုံးမကျသလို
ခံစားရလို့....."

အန်းလုက ပြုံးစိစိဖြင့်ပင်
ရေသုတ်လျက် ချီရှန်းအားကြည့်နေသည်။

မည်မျှပင်သူ့အား မသိဘူးဟု
လိမ်နေပါစေ သူ၏ မသိစိတ်က မိမိအား
လုံးဝဥပေက္ခာပြုနိုင်မည်မဟုတ်ပေ။

ရတယ် အဆင်ပြေတယ်။
ခင်ဗျားက ကျွန်တော်ချစ်ရတဲ့သူဖြစ်နေတဲ့အတွက်
ဒီအချစ်ကို အစကနေပြန်ကြိုးစားရမယ်ဆိုလည်း
ကျွန်တော့အတွက်အဆင်ပြေတာပဲ။

ချီရှန်းက တဖက်သို့လှည့်ထွက်သွားလိုက်သည်။
အန်းလုက အမြန်ပင် ပြေး၍
နောက်ဘက်မှနေ၍ ချီရှန်း၏နောက်ကျောကို
ဖက်တွယ်လိုက်သည်။

"ကျွန်တော် တကယ်ကြီးကို
လွမ်းနေခဲ့တာပါ....ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့
အတူရင်ဆိုင်ကြမယ်လေ...ကျွန်တော့ကို
ရှန်းရှန်းရဲ့ အခက်အခဲတွေကို ပြောပြလို့ရပါတယ်..."

ချီရှန်းက အတော်ကြာသည်အထိ
ငြိမ်သက်နေပြီးမှ သက်ပြင်းရှည်တစ်ချကိုချလိုက်ပြီး
အန်းလု၏ လက်နှစ်ဖက်ကို ဖြုတ်ကာ
အန်းလုဘက်သို့လှည့်လာလိုက်သည်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now