အပိုင်း ၆

19.8K 2K 98
                                    

"နေပါအုန်း...ထပ်ကြည့်ပါရစေအုန်း...."

အန်းလုက ချီရှန်း၏ လက်အား
အသေဆုပ်ကိုင်ထားသည်။
ကစားကွင်းမှ အိမ်ပြန်သည့်လမ်းတလျောက်
ဆယ်လှမ်းခန့်လှမ်းလိုက် ရပ်ကာ ချီရှန်းကို
သေချာကြည့်လိုက်ဖြင့်
အတော်အလုပ်ရှုပ်နေပုံရသည်။

ချီရှန်းက ခါးကိုကိုင်းပေးလိုက်ပြီး
သူ၏ မျက်နှာအား အန်းလုမျက်နှာဖြင့်
နီးကပ်စေလိုက်သည်။

အန်းလုက ချီရှန်းလက်ကို ဖြုတ်လိုက်ပြီး.
ချီရှန်း၏ ပါးနှစ်ဖက်ကို ထိကိုင်လိုက်သည်။

ပါးနှစ်ဖက်ကို ဆွဲညှစ်လိုက်ပြီး
သေချာကြည့်နေပြန်သည်။

(ငါအခုထိ မယုံနိုင်သေးဘူး...)

ချီရှန်း၏ နှုတ်ခမ်းသည် အန်းလုက
ပါးပြင်အား ညှစ်ထားသောကြောင့် အနည်းငယ်
ရှေ့သို့ထော်သလိုလေးထွက်နေသည်။

ချီရှန်းက အန်းလုစိတ်ကြိုက်ပြုလုပ်ရန်
သူ့ကိုယ်ခန္တာအား ပေးထားပုံရသည်။

"အန်းလု....အခုထိ မယုံနိုင်သေးဘူးလား..."

အန်းလုက သူ့လက်နှစ်ဖက်အား
ပြန်ရုတ်လိုက်ပြီး ချီရှန်း၏ လက်ကိုပြန်ကိုင်လိုက်ရင်း
ရှေ့သို့ဆက်လျောက်ပြန်သည်။

"အင်း....ကျွန်တော် အခုထိ
အိမ်မက်လို့ပဲထင်နေတုန်း....

တကယ်အိမ်မက်ကြီးဆိုရင်တောင်
တသက်လုံးနိုးမလာတော့ရင်ကောင်းမယ်...အ့.."

အန်းလုက သူ၏လက်မှနာကျင်မှုကြောင့်
အော်လိုက်သည်။
ချီရှန်းက သူ့ကိုကြည့်နေရင်း

"နာလား....."

"အား...နာတာပေါ့..လူကိုဆွဲဆိတ်ရလား..."

"ဒါဆို အိမ်မက်မဟုတ်လို့ပေါ့..."

အန်းလုက သူ့လက်ကလေးသူပွတ်ရင်း

"အင်း...ဟုတ်သား....."

ချီရှန်းက အန်းလုလက်ကိုပြန်ကိုင်လိုက်ကာ
ရှေ့မှဦးဆောင်ကာ ဆက်လျောက်လာသည်။

"မြန်မြန်ပြန်ရအောင် အတော်မိုးချုပ်နေပြီ"

"Ok...ok..."

အန်းလုကချီရှန်းဆွဲရာနောက်
အလိုက်သင့်ပင် လိုက်ပါသွားခဲ့သည်။
မျက်နှာကမူ ပြုံးစိစိနှင့်ပင်။

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now