အပိုင်း ၁၂

16.5K 1.7K 152
                                    

Zawgyi

"အဲ့ဒါနဲ့ပဲ...ဒါတွေအကုန်လုံးကို
သယ်လာခဲ့လိုက်တယ်ပေါ့..........."

"ဘယ်လိုလုပ်တတ်နိုင်မှာလည်း....
သူတို့တွေက ကျွန်တော့ကို ခြိမ်းခြောက်ကြတာ
နင် မယူသွားရင် ငါတို့အကြောင်း
ကောင်းကောင်းသိစေရမယ်ဆိုပြီး....."

ချီရှန်းက အန်းလုသယ်လာသော
အထုပ်များအား အခန်းထောင့်တစ်နေရာတွင်စုကာ
ထားလိုက်ပြီး အန်းလုရှိရာ ဆိုဖာနားသို့
ပြန်လာခဲ့လိုက်သည်။

ချီရှန်းကဆိုဖာပေါ်တွင် ထိုင်လိုက်ပြီး
သူ၏ ပေါင်အား အန်းလုကိုကြည့်၍ အသာပုတ်ပြလိုက်သည်။

"လာ.... ဒီကို....."

အန်းလုက ကြမ်းပြင်တွင် ထိုင်နေရာမှ
ချက်ချင်းပင် ထ၍ ချီရှန်း၏ ပေါင်ပေါ်တွင်
ပြောင်းထိုင်လိုက်သည်။

ချီရှန်းက အန်းလုက သေချာစွာအကဲခတ်နေသည်။
အန်းလု ချီရှန်း၏ လည်တိုင်အား
သူ၏ လက်နှစ်ဖက်ဖြင့် သိုင်းဖက်လိုက်ပြီးနောက်
နှုတ်ခမ်းအား အနမ်းပေးလိုက်သည်။

ချီရှန်း၏ ပုခုံးအား ခေါင်းတင်လျက်

"ရှန်းရှန်း........ "

"အင်း......."

"ကျွန်တော်နဲ့ အတူနေရတာ တကယ်ကော
အဆင်ပြေရဲ့လား...ရှန်းရှန်း ရဲ့ အရာအားလုံးကို
စွန့်လွှတ်ပြီး ဒီလို သာမာန်ပုံစံနဲ့
နေရတာကိုလေ..."

ချီရှန်းက လက်တဖက်က အန်းလုခါးကို
ကိုင်ထားရင်း တဖက်က အန်းလု၏ ကျောပြင်အား.
အသာပုတ်ပေးလိုက်သည်။

"ကိုယ့်ရဲ့ ပျော်ရွှင်ရာက မင်းလေ......ဒါပေမဲ့
အဆင်မပြေတာတစ်ခုတော့ ရှိတာပေါ့...."

"ဘာလည်း......"

အန်းလုက သိချင်စိတ်ဖြင့်
ခေါင်းပြန်ထောင်ကာ မေးလိုက်သည်။
ချီရှန်းက အန်းလု ပါးလေးအား ခပ်ဖွဖွ ဆွဲညှစ်ရင်း

"မင်းနဲ့ တွေ့ချိန်တွေ အရမ်းနည်းလို့လေ...
ဒီလို အလုပ်ကိုယ်စီ ကြီးကိုမကြိုက်ဘူး
ကိုယ့်ဘေးနားမှာပဲ တချိန်လုံး ထားချင်တာ
ဒီလို ညဘက်တွေအတူရှိရတာတောင်
အန်းလုအမေ ရှိတဲ့နေ့တွေဆို ဘာမှအခွင့်အရေး
မရတော့ဘူး...."

Love, but Hurt (We meet again) Season 2( Completed)Where stories live. Discover now