လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

By PhyuLayy1

1.1M 116K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၂ ( Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
အပိုင္း - ၄၀ Final ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)
Book Announcement
Author's Announcement
Extra (Final)

အပိုင္း - ၃၅ ( Zawgyi + Unicode )

20.4K 2.2K 91
By PhyuLayy1

#For Zawgyi

လင္းလင္းဟာ မ်က္ရည္ ေတြေတြက်ရင္းက

" တကယ္ေတာ့ လင္းက...လင္းက ဆက္ေနနဲ႔ခ်စ္ေနၾကတာပါ "

" ဟင္ ငါ့ညီ ဆက္ေနကို ေျပာတာလား "

" ဟုတ္တယ္ ၊ စင္ကာပူမွာ သူနဲ႔လင္းနဲ႔က တစ္ေက်ာင္းတည္း အတူတူတက္ရင္း ခ်စ္သူေတြျဖစ္ခဲ့ၾကတာ "

ဘယ္လိုမွ ထင္မထားမိတဲ့အေၾကာင္းအရာတစ္ခုမို႔ နားေထာင္ေနရင္းနဲ႔ သူေရာ ဗညားပါ တကယ့္ကို တအံ့တၾသ ျဖစ္ရသည္ ။

" ဒါဆို အမ ေက်ာမွာထိုးထားတဲ့ tattoo က ကိုဆက္ေစကို ရည္ရြယ္ၿပီး ထိုးထားတာမဟုတ္ဘူးေပါ့ "

" အမခ်စ္သူ ဆက္ေနရဲ႕နာမည္အစကို ထိုးထားမိတာပါ ဗညားရယ္ "

" ဒါဆို ဘြားဘြားသေဘာတူထားတဲ့ ငါနဲ႔ကိစၥကို နင္က ဘာလို႔ လက္ခံတယ္လို႔ ေျပာခဲ့တာလဲ လင္းလင္းရာ "

" အဲ့ဒါက ဒီလိုပါ ကိုဆက္ရယ္ ၊ လင္း အခု ျမန္မာျပည္ျပန္လာတာက ဆက္ေနနဲ႔ သေဘာထားခ်င္းမတိုက္ဆိုင္ဘဲ ညွိႏႈိင္းမရတဲ့ ျပႆနာတစ္ခ်ိဳ႕ေၾကာင့္ပါ ၊ လင္းက မိသားစုေတြရွိတဲ့ ဒီမွာပဲ အေျခခ်ခ်င္တယ္ ၊ သူကလည္း သူငယ္ငယ္ကတည္းကေနခဲ့တဲ့ ဟိုႏိုင္ငံမွာပဲ ေပ်ာ္ေနတယ္ ၊ ဒီကို ဘယ္လိုမွ ေခၚလို႔မရဘူး ၊ ၿပီးေတာ့ ကိုဆက္သိတဲ့အတိုင္းပဲ ၊ ကိုဆက္ညီက ေခါင္းသိပ္မာတာ ၊ ေနာက္ဆံုး ဘယ္လိုမွ နားခ်လို႔မရတဲ့ သူ႔ကို စိတ္ဆိုးဆိုးနဲ႔ လင္းက အတင္းျပန္ခ်လာေတာ့တာ "

" အဲ့ေတာ့ အခု နင္တို႔ရဲ႕အေျခအေနက ျပတ္သြားတာမ်ိဳးလား "

" မျပတ္ပါဘူး ၊ အဆက္အသြယ္ေတာ့ ပံုမွန္ရွိပါတယ္ "

" ဒါဆို ဘာကိစၥ ငါနဲ႔စီစဥ္တာကို လက္ခံခဲ့တာလဲ "

" ဘြားဘြားက လင္းကို မျဖစ္မေန အိမ္ေထာင္ခ်ေပးခ်င္ေနတာ ကိုဆက္ ၊ ကိုဆက္နဲ႔ကိစၥကို ျငင္းလိုက္ရင္လည္း ေနာက္တစ္ေယာက္နဲ႔ထပ္စီစဥ္မယ့္ပံုမ်ိဳးမို႔ ေလာေလာဆယ္ အဆင္ေျပေအာင္ ေခါင္းၿငိမ့္ထားလိုက္တဲ့သေဘာပါ ၊ ေအးေအးေဆးေဆး တစ္ရက္က် ကိုဆက္ကိုလည္း လင္းနဲ႔ဆက္ေနနဲ႔ ကိစၥကို ဖြင့္ေျပာအကူအညီေတာင္းၿပီး ဘြားဘြားကို အခ်ိန္ဆြဲထားခ်င္လို႔ ခုလို လုပ္မိတာပါ "

" နင္ ဆက္ေနနဲ႔ခ်စ္သူေတြပါလို႔ ဘြားဘြားကို ဖြင့္ေျပာျပလိုက္လည္း ရတာပဲမဟုတ္ဘူးလား "

" ဘြားဘြားက ဆက္ေနကို သိပ္သေဘာမက်ဘူးေလ ကိုဆက္ရယ္ ၊ ကိုဆက္ေမေမ ျမန္မာျပည္ျပန္လာတာကို ဆက္ေနက လိုက္မလာကတည္းက ဘြားဘြားက မၾကည္ေတာ့တာ ၊ ၿပီးေတာ့ ဆက္ေန ဂ်စ္ကန္ကန္ႏိုင္တာ ၊ ကိုဆက္ေလာက္ မလိမ္မာတာ အဲ့ဒါေတြကို အၿမဲေျပာေျပာေနေတာ့ လင္းလည္း ဖြင့္ေျပာဖို႔သတၱိမရွိခဲ့မိဘူး ၊ ေနာက္ၿပီး ဆက္ေနကိုယ္တိုင္က ဒီကို လိုက္မလာဘူးဘဲ တြင္တြင္ျငင္းေနေတာ့ လင္းတို႔အေျခအေနကလည္း လမ္းခြဲရမွာလိုလို ေရွ႕ဆက္ရမွာလိုလိုေတြနဲ႔ မေရမရာ ျဖစ္ေနျပန္ေတာ့ ဘြားဘြားကို ဘယ္လိုလုပ္ အသိေပးရဲပါ့မလဲ "

" ဒီလိုဆိုေတာ့လည္း နင့္အမွားေတာ့ မဟုတ္ပါဘူး လင္းလင္းရာ ၊ အေၾကာင္းအရာေတြကိုက ဒီလိုျဖစ္ဖို႔ ကံပါလာတယ္ပဲ ထားလိုက္ပါေတာ့ "

" ဒါေပမယ့္လည္း လင္းေၾကာင့္ ျပႆနာေတြက ခုလိုျဖစ္ကုန္ရတာပါ "

" ျဖစ္ၿပီးတာေတြက ျဖစ္ၿပီးကုန္ၿပီပဲ ၊ ဘယ္တတ္ႏိုင္ပါ့မလဲ ၊ အခု ငါတို႔လုပ္ရမွာက အသာ့ကို အျမန္ဆံုးေတြ႕ေအာင္ရွာဖို႔ပဲ "

" သတင္းစာထဲမွာ ေၾကာ္ျငာထည့္ၿပီးေခၚရင္ ေကာင္းမလားဟင္ ကိုဆက္ "

" အဲ့ဒါထက္ကို နင္ေရာ ငါေရာ ဒီကိစၥေတြအကုန္လံုးကို လူႀကီးေတြသိေအာင္ အရင္ဆံုး ဖြင့္ေျပာၾကဖို႔လိုလိမ့္မယ္ "

" လင္းကိစၥက ျဖစ္ႏိုင္ေပမယ့္ ကိုဆက္တို႔ကိစၥက လူႀကီးေတြ လက္ခံဖို႔လြယ္ပါ့မလား "

" လက္မခံလည္း ငါက ေနာက္ဆုတ္မွာမဟုတ္ဘူး လင္းလင္း ၊ ငါ ဒီအရြယ္ထိ ကိုယ့္ဆႏၵဆိုတာမ်ိဳးထက္ လူႀကီးမိဘေတြရဲ႕ဆႏၵေတြကိုပဲ ဦးစားေပးၿပီး ရွင္သန္လာခဲ့တာပါ ၊ ဒါေပမယ့္ ဒီတစ္ခါေတာ့ လူမိုက္ျဖစ္ခ်င္ ျဖစ္ပါေစေတာ့ ၊ အားလံုးက လက္မခံဘူးဆိုရင္ေတာင္ ငါ အသာ့ကိုပဲ ေသခ်ာေပါက္ ေရြးခ်ယ္သြားမွာ ၊ ဘယ္လိုပဲ အတိုက္အခံေတြ လုပ္ရပါေစ ၊ ငါ အသာ့တစ္မ်က္ႏွာထဲကိုပဲ ၾကည့္ၿပီး ေရွ႕ဆက္ေတာ့မွာ ၊ အသာ့ခမ်ာ ဘဝတစ္ေလ်ွာက္လံုး နာက်င္ခဲ့ရတာေတြ မ်ားလွပါၿပီဟာ ၊ သူေပ်ာ္ရႊင္လာေအာင္ ကိုယ္တိုင္ကိုယ္က် အစြမ္းကုန္ျဖည့္ဆည္းေပးရင္း သူနာက်င္ခဲ့ရသမ်ွေတြကို ေျဖေဖ်ာက္ေပးသြားခ်င္တယ္ "

" လူမႈအသိုင္းအဝိုင္းက လက္မခံႏိုင္တဲ့ သဘာဝနဲ႔ဆန္႔က်င္ေနတဲ့ ခ်စ္ျခင္းမ်ိဳးဆိုေပမယ့္ လင္းေမာင္ေလးကို ကိုဆက္က အခုလိုမ်ိဳး ခ်စ္ေပးတာ သိရေတာ့ လင္း တကယ္ကို ေက်နပ္မိပါတယ္ ၊ ဝမ္းလည္းသာတယ္ ၊ ေရွ႕ေလ်ွာက္ ပတ္ဝန္းက်င္ရိုက္ခတ္မႈဒဏ္ေတြ ႀကံဳလာခဲ့မယ္ဆိုရင္ေတာင္ သာသာက ကိုဆက္ရဲ႕ေမတၱာေတြေၾကာင့္ ဒီအေျခအေနဆိုးေတြကို အင္အားရွိရွိနဲ႔ အေကာင္းဆံုး ျဖတ္ေက်ာ္ႏိုင္လိမ့္မယ္လို႔လည္း လင္း ယံုၾကည္သြားၿပီ ၊ စိတ္ခ်ပါ ၊ ဘယ္သူေတြက ကန္႔ကြက္ ကန္႔ကြက္ လင္းကေတာ့ ကိုဆက္တို႔ဘက္မွာ အၿမဲရွိေနမွာပါ "

" ေအးပါ ၊ ေက်းဇူးတင္ပါတယ္ လင္းလင္းရာ ၊ ဒါနဲ႔ ဗညားကို အကို တစ္ခုေလာက္ေတာ့ အကူအညီေတာင္းခ်င္တယ္ "

" ဟုတ္ကဲ့ ေျပာပါ အကိုဆက္ေစ "

" ဒီၾကားထဲ အသာက ညီေလးဆီကို ဖုန္းဆက္လာခဲ့ရင္ သူအထင္လြဲသြားသလို မဟုတ္ေၾကာင္း ဒီအေျခအေနေတြကို ေသေသခ်ာခ်ာေလး ရွင္းျပေပးပါ ၊ ေနာက္ၿပီး လိုရမယ္ရ ဖုန္းေျပာထားသမ်ွေတြကိုလည္း recording ေလးပါ လုပ္ထားေပးပါဦး "

" ဟုတ္ကဲ့ စိတ္ခ်ပါ ၊ ထူးျခားတာနဲ႔ ကၽြန္ေတာ္ ကိုဆက္ေစကို ဆက္သြယ္လိုက္ပါ့မယ္ "

" ေက်းဇူးတင္တယ္ ငါ့ညီရာ ေနာ္ "

" ကၽြန္ေတာ္ကလည္း ကၽြန္ေတာ့္သူငယ္ခ်င္းအေပၚ ထားေပးတဲ့ ကိုဆက္ေစရဲ႕စိတ္ကို တကယ္ေက်းဇူးတင္မိပါတယ္ "

*********

" ဘာ မင္း ဘာေျပာလိုက္တယ္ သားႀကီး ၊ ေမေမ နားၾကားမ်ား မွားတာလား "

" ေမေမၾကားတာ မမွားပါဘူး ၊ ကၽြန္ေတာ္နဲ႔အသာ တကယ္ကို ခ်စ္ေနၾကတာပါ ေမေမ "

" ေမေမ လက္မခံႏိုင္ဘူး သား "

" ကၽြန္ေတာ္ ေမ်ွာ္လင့္ထားၿပီးသားပါ ေမေမ "

" ဒါဆို သားေျပာတဲ့သေဘာက ေမေမ ခြင့္မျပဳလည္း ေရွ႕ဆက္မယ္ေပါ့ အဲ့လိုလား "

" ပြင့္ပြင့္လင္းလင္း ေျပာရရင္ေတာ့ အဲ့ဒီသေဘာပါပဲ ေမေမ ၊ ျဖစ္ႏိုင္ရင္ေတာ့ ေမေမ ၾကည္ၾကည္ျဖဴျဖဴနဲ႕ ခြင့္ျပဳေပးတာကို လိုခ်င္တာေပါ့ ၊ ဒါေပမယ့္ ေမေမ ခြင့္မျပဳႏိုင္ဘူးဆိုရင္လည္း ကၽြန္ေတာ္ကေတာ့ အသာ့ကို စြန္႔လႊတ္မွာမဟုတ္ဘူး "

" မင္း ဘယ္လိုမ်ား ျဖစ္သြားရတာလဲ သားႀကီးရယ္ ၊ ေမေမ မင္းကို သားေယာက္်ားေလးတစ္ေယာက္အျဖစ္နဲ႔ ေမြးခဲ့တာပါ ၊ ခုေတာ့ မင္းက... "

" အခုလည္း ကၽြန္ေတာ္က ေယာက္်ားေလးပဲေလ ေမေမ ၊ မိန္းကေလးျဖစ္သြားတာမွ မဟုတ္တာ ၊ အသာနဲ႔မေတြ႕ခင္ကေရာ အခုထက္ထိေရာ ရုပ္ရွင္ၾကည့္ရင္ မင္းသမီးေတြကိုပဲ ႀကိဳက္တတ္ေနတုန္းပါပဲ ၊ ကၽြန္ေတာ္ ေယာက္်ားတစ္ေယာက္ကို ႀကိဳက္သြားတာမဟုတ္ပါဘူး ၊ အသာ့ကို ဒီတိုင္းေလးပဲ ခ်စ္မိသြားရံုပါ "

" ငယ္ငယ္ကတည္းက ထိန္းခဲ့ရတဲ့ ကေလးမို႔မ်ား သံေယာဇဥ္တြယ္ေနတာ မျဖစ္ႏိုင္ဘူးလား သားႀကီးရယ္ "

" သံေယာဇဥ္သက္သက္မဟုတ္ဘဲ အဲ့ဒီသံေယာဇဥ္ကို အေျခခံထားတဲ့ အခ်စ္ပါ ေမေမ ၊ ဒါကို မေသခ်ာရေလာက္ေအာင္ ဒီအခ်စ္က လြယ္လြယ္ကူကူျဖစ္လာတဲ့ အခ်စ္မဟုတ္ပါဘူး ၊ မျဖစ္သင့္မွန္းသိသိနဲ႔ ကိုယ့္စိတ္ကိုယ္ ခၽြန္းအုပ္ေနတဲ့ၾကားထဲကမွ မတားနိုင္မဆီးနိုင္ ခ်စ္ထားရတဲ့အခ်စ္ပါ ၊ ေမေမ့ကို ဒီလို စကားေတြေျပာေနရလို႔ မေလးစားရာ ေရာက္ခဲ့ရင္လည္း ကန္ေတာ့ပါတယ္ ေမေမ ၊ ခုလိုမွ မေျပာရင္လည္း ဒီကိစၥေတြက ၿပီးျပတ္မွာ မဟုတ္လို႔ပါ "

သူမေရွ႕မွာ ဒူးတုပ္ထိုင္လ်က္က ေျပာေနတဲ့ သားႀကီးကိုၾကည့္ၿပီး သူမကိုယ္တိုင္လည္း ရင္ထဲမွာ တကယ္ကို မခ်ိပါ ။ ဘယ္ေရာက္ေနမွန္းမသိတဲ့ အသာေလးအတြက္ ပူပန္ေသာကေတြေရာက္ေနတယ္ဆိုတာကို သားႀကီးရဲ႕ညွိဳးခ်ံဳးေနတဲ့ မ်က္ႏွာက သက္ေသခံေနသည္ ။

အသာေလးကို သူမကိုယ္တိုင္လည္း ခ်စ္ပါသည္ ။ သားအရင္းေလးလို သေဘာထားလို႔ေတာင္ အိမ္မွာအတူေခၚထားဖို႔ ဆံုးျဖတ္ခဲ့ေသးတာပဲ ။ ဒါေပမယ့္ သားမက္အေနနဲ႔ေတာ္ရမွာ ဆိုတာမ်ိဳးႀကီးကေတာ့ ဘယ္တုန္းကမွ ေတြးမထားဖူးတဲ့ကိစၥမို႔ လက္သင့္မခံႏိုင္ ။ ေျခာက္ေျခာက္ျခားျခား ျဖစ္ရလြန္းပါသည္ ။

ၿပီးေတာ့ သားတို႔ရဲ႕အေဖသာ ဒီကိစၥကို သိသြားခဲ့ရင္ သူမ အထိန္းအသိမ္းညံ့လို႔ဆိုတဲ့ စကားမ်ိဳးနဲ႔ စြပ္စြဲလာမွာကိုလည္း တကယ္ကို မခံႏိုင္ပါ ။

" မင္းအေဖကေတာ့ မင္း ဒီလိုျဖစ္တာ ေမေမညံ့လို႔ဆိုၿပီး ေျပာစရာ ရသြားေတာ့မွာ "

" ကၽြန္ေတာ္ကိုယ္တိုင္ ေဖေဖ့ဆီကို လွမ္းဆက္သြယ္ၿပီး ေသေသခ်ာခ်ာ ေျပာျပမွာပါ ေမေမ ၊ အဲ့ဒီအတြက္ စိတ္ခ်ပါ ၊ ေမေမ့ကို အျပစ္မတင္ေစရပါဘူး "

" ဘြားခင္တို႕ဘက္ကိုေရာ ေမေမ ဘယ္လို မ်က္ႏွာျပရမလဲ ဟင္ ဆက္ေစ ၊ ဒါဟာ ႏွစ္ေယာက္လံုးနဲ႔ဆိုင္တဲ့ ကိစၥဆိုေပမယ့္ အသာနဲ႔ယွဥ္ရင္ မင္းက အႀကီးေလ ၊ မင္းကိုပဲ ဝိုင္းၿပီး အျပစ္တင္ၾကမွာေပါ့ ၊ အဲ့ဒါကိုေရာ မင္းေတြးမိရဲ႕လား "

" ကၽြန္ေတာ္ သိပါတယ္ ေမေမ ၊ အသာနဲ႔လက္တြဲခ်င္ရင္ ဒီထက္ဆိုးတာေတြလည္း ျဖစ္လာႏိုင္တယ္ဆိုတာ ကၽြန္ေတာ္ ေတြးထားၿပီးသားမို႔ ဘယ္လို ထိုးႏွက္ခ်က္မ်ိဳးကိုမဆို ရင္ဆိုင္ဖို႔ ကၽြန္ေတာ့္ဘက္က အဆင္သင့္ ျပင္ဆင္ထားၿပီးသားပါ "

သားႀကီးကို ဘယ္လိုမွ တားလို႔ရေတာ့မွာမဟုတ္မွန္း သူမ သိလိုက္ပါသည္ ။ ငယ္ငယ္ကတည္းက သားႀကီးဟာ သားငယ္ဆက္ေနလို မဟုတ္ဘဲ အျပင္ပန္းၾကည့္ရင္ ေအးတယ္လို႔ ထင္ရေပမယ့္ တစ္ခုခုကို ဆံုးျဖတ္ၿပီးၿပီဆိုရင္ လြယ္လြယ္နဲ႔ လက္မေလ်ွာ့ဘဲ ရည္ရြယ္ခ်က္ကို မျဖစ္ျဖစ္ေအာင္ လုပ္တတ္တဲ့သူမ်ိဳး ။

သူမကိုယ္တိုင္က ဒီကိစၥကို သေဘာမတူႏိုင္ဘူးဆိုေပမယ့္လည္း ရုပ္ရွင္ေတြ ဝတၳဳေတြထဲက အေမေတြလို ေသြးတိုးျပ မူးလဲျပၿပီး ေရာဂါဗန္းျပလို႔ တားဆီးတာမ်ိဳးလည္း မလုပ္ခ်င္ ။ အေမတစ္ေယာက္အေနနဲ႔ ဒါဟာ အရြယ္ေရာက္ၿပီးသား သားတစ္ေယာက္ရဲ႕ ေရြးခ်ယ္ပိုင္ခြင့္လို႔ပဲ သတ္မွတ္ထားသည္ ။

ဒါေပမယ့္လည္း ကိုယ့္ေရွ႕မွာ ဒူးတုပ္ထိုင္ကာ ေခါင္းငံု႔ေနတဲ့သားျဖစ္သူကို ၾကည့္ရင္း မိခင္ျဖစ္တဲ့ သူမရင္ထဲမွာေတာ့ တကယ္ကို မခ်ိမဆန္႔ ။ ခက္ခဲတဲ့ဒီလမ္းကို ေလ်ွာက္ေတာ့မယ့္ သားဟာ ပတ္ဝန္းက်င္ရဲ႕ ထိုးႏွက္မႈေတြကို ခါးစည္းၿပီး ခံရေတာ့မွာပါလားဆိုတဲ့ အေတြးက ဒီအေမရင္ကို ပူေလာင္ေစသည္ေလ ။

ဒါေပမယ့္လည္း ဘယ္တတ္ႏိုင္ပါေတာ့မလဲ ။ ကိုယ့္သားက ခ်စ္မိၿပီကိုး ။ ကိုယ့္တုန္းကလည္း ကိုယ္ခ်စ္တဲ့သူကိုပဲ ေရြးခ်ယ္ခဲ့တာမို႔ သားေတြအလွည့္က်ရင္လည္း လြတ္လပ္ခြင့္အျပည့္အဝေပးမယ္လို႔ ေတြးထားခဲ့တာ ။ ဒီလို သဘာဝကို လြန္ဆန္တဲ့လမ္းကို ေရြးလိမ့္မယ္လို႔ေတာ့ ဘယ္ထင္ခဲ့ပါ့မလဲ ။ ဝဋ္ေႂကြးရယ္လို႔လည္း ကေလးေတြအေပၚမွာ မသံုးႏႈန္းရက္ေတာ့ပါ ။

ကိုယ္ လက္ခံသေဘာတူမေပးႏိုင္သည့္တိုင္ ဒီကေလးႏွစ္ေယာက္ရဲ႕ ေရွ႕ဆက္ရမယ့္ ဘဝေလးေတြ ေအးခ်မ္းပါေစလို႔ပဲ ဆုေတာင္းမိေတာ့ပါသည္ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

_______________________________
#For Unicode

လင်းလင်းဟာ မျက်ရည် တွေတွေကျရင်းက

" တကယ်တော့ လင်းက...လင်းက ဆက်နေနဲ့ချစ်နေကြတာပါ "

" ဟင် ငါ့ညီ ဆက်နေကို ပြောတာလား "

" ဟုတ်တယ် ၊ စင်ကာပူမှာ သူနဲ့လင်းနဲ့က တစ်ကျောင်းတည်း အတူတူတက်ရင်း ချစ်သူတွေဖြစ်ခဲ့ကြတာ "

ဘယ်လိုမှ ထင်မထားမိတဲ့အကြောင်းအရာတစ်ခုမို့ နားထောင်နေရင်းနဲ့ သူရော ဗညားပါ တကယ့်ကို တအံ့တသြ ဖြစ်ရသည် ။

" ဒါဆို အမ ကျောမှာထိုးထားတဲ့ tattoo က ကိုဆက်စေကို ရည်ရွယ်ပြီး ထိုးထားတာမဟုတ်ဘူးပေါ့ "

" အမချစ်သူ ဆက်နေရဲ့နာမည်အစကို ထိုးထားမိတာပါ ဗညားရယ် "

" ဒါဆို ဘွားဘွားသဘောတူထားတဲ့ ငါနဲ့ကိစ္စကို နင်က ဘာလို့ လက်ခံတယ်လို့ ပြောခဲ့တာလဲ လင်းလင်းရာ "

" အဲ့ဒါက ဒီလိုပါ ကိုဆက်ရယ် ၊ လင်း အခု မြန်မာပြည်ပြန်လာတာက ဆက်နေနဲ့ သဘောထားချင်းမတိုက်ဆိုင်ဘဲ ညှိနှိုင်းမရတဲ့ ပြဿနာတစ်ချို့ကြောင့်ပါ ၊ လင်းက မိသားစုတွေရှိတဲ့ ဒီမှာပဲ အခြေချချင်တယ် ၊ သူကလည်း သူငယ်ငယ်ကတည်းကနေခဲ့တဲ့ ဟိုနိုင်ငံမှာပဲ ပျော်နေတယ် ၊ ဒီကို ဘယ်လိုမှ ခေါ်လို့မရဘူး ၊ ပြီးတော့ ကိုဆက်သိတဲ့အတိုင်းပဲ ၊ ကိုဆက်ညီက ခေါင်းသိပ်မာတာ ၊ နောက်ဆုံး ဘယ်လိုမှ နားချလို့မရတဲ့ သူ့ကို စိတ်ဆိုးဆိုးနဲ့ လင်းက အတင်းပြန်ချလာတော့တာ "

" အဲ့တော့ အခု နင်တို့ရဲ့အခြေအနေက ပြတ်သွားတာမျိုးလား "

" မပြတ်ပါဘူး ၊ အဆက်အသွယ်တော့ ပုံမှန်ရှိပါတယ် "

" ဒါဆို ဘာကိစ္စ ငါနဲ့စီစဉ်တာကို လက်ခံခဲ့တာလဲ "

" ဘွားဘွားက လင်းကို မဖြစ်မနေ အိမ်ထောင်ချပေးချင်နေတာ ကိုဆက် ၊ ကိုဆက်နဲ့ကိစ္စကို ငြင်းလိုက်ရင်လည်း နောက်တစ်ယောက်နဲ့ထပ်စီစဉ်မယ့်ပုံမျိုးမို့ လောလောဆယ် အဆင်ပြေအောင် ခေါင်းငြိမ့်ထားလိုက်တဲ့သဘောပါ ၊ အေးအေးဆေးဆေး တစ်ရက်ကျ ကိုဆက်ကိုလည်း လင်းနဲ့ဆက်နေနဲ့ ကိစ္စကို ဖွင့်ပြောအကူအညီတောင်းပြီး ဘွားဘွားကို အချိန်ဆွဲထားချင်လို့ ခုလို လုပ်မိတာပါ "

" နင် ဆက်နေနဲ့ချစ်သူတွေပါလို့ ဘွားဘွားကို ဖွင့်ပြောပြလိုက်လည်း ရတာပဲမဟုတ်ဘူးလား "

" ဘွားဘွားက ဆက်နေကို သိပ်သဘောမကျဘူးလေ ကိုဆက်ရယ် ၊ ကိုဆက်မေမေ မြန်မာပြည်ပြန်လာတာကို ဆက်နေက လိုက်မလာကတည်းက ဘွားဘွားက မကြည်တော့တာ ၊ ပြီးတော့ ဆက်နေ ဂျစ်ကန်ကန်နိုင်တာ ၊ ကိုဆက်လောက် မလိမ်မာတာ အဲ့ဒါတွေကို အမြဲပြောပြောနေတော့ လင်းလည်း ဖွင့်ပြောဖို့သတ္တိမရှိခဲ့မိဘူး ၊ နောက်ပြီး ဆက်နေကိုယ်တိုင်က ဒီကို လိုက်မလာဘူးဘဲ တွင်တွင်ငြင်းနေတော့ လင်းတို့အခြေအနေကလည်း လမ်းခွဲရမှာလိုလို ရှေ့ဆက်ရမှာလိုလိုတွေနဲ့ မရေမရာ ဖြစ်နေပြန်တော့ ဘွားဘွားကို ဘယ်လိုလုပ် အသိပေးရဲပါ့မလဲ "

" ဒီလိုဆိုတော့လည်း နင့်အမှားတော့ မဟုတ်ပါဘူး လင်းလင်းရာ ၊ အကြောင်းအရာတွေကိုက ဒီလိုဖြစ်ဖို့ ကံပါလာတယ်ပဲ ထားလိုက်ပါတော့ "

" ဒါပေမယ့်လည်း လင်းကြောင့် ပြဿနာတွေက ခုလိုဖြစ်ကုန်ရတာပါ "

" ဖြစ်ပြီးတာတွေက ဖြစ်ပြီးကုန်ပြီပဲ ၊ ဘယ်တတ်နိုင်ပါ့မလဲ ၊ အခု ငါတို့လုပ်ရမှာက အသာ့ကို အမြန်ဆုံးတွေ့အောင်ရှာဖို့ပဲ "

" သတင်းစာထဲမှာ ကြော်ငြာထည့်ပြီးခေါ်ရင် ကောင်းမလားဟင် ကိုဆက် "

" အဲ့ဒါထက်ကို နင်ရော ငါရော ဒီကိစ္စတွေအကုန်လုံးကို လူကြီးတွေသိအောင် အရင်ဆုံး ဖွင့်ပြောကြဖို့လိုလိမ့်မယ် "

" လင်းကိစ္စက ဖြစ်နိုင်ပေမယ့် ကိုဆက်တို့ကိစ္စက လူကြီးတွေ လက်ခံဖို့လွယ်ပါ့မလား "

" လက်မခံလည်း ငါက နောက်ဆုတ်မှာမဟုတ်ဘူး လင်းလင်း ၊ ငါ ဒီအရွယ်ထိ ကိုယ့်ဆန္ဒဆိုတာမျိုးထက် လူကြီးမိဘတွေရဲ့ဆန္ဒတွေကိုပဲ ဦးစားပေးပြီး ရှင်သန်လာခဲ့တာပါ ၊ ဒါပေမယ့် ဒီတစ်ခါတော့ လူမိုက်ဖြစ်ချင် ဖြစ်ပါစေတော့ ၊ အားလုံးက လက်မခံဘူးဆိုရင်တောင် ငါ အသာ့ကိုပဲ သေချာပေါက် ရွေးချယ်သွားမှာ ၊ ဘယ်လိုပဲ အတိုက်အခံတွေ လုပ်ရပါစေ ၊ ငါ အသာ့တစ်မျက်နှာထဲကိုပဲ ကြည့်ပြီး ရှေ့ဆက်တော့မှာ ၊ အသာ့ခမျာ ဘဝတစ်လျှောက်လုံး နာကျင်ခဲ့ရတာတွေ များလှပါပြီဟာ ၊ သူပျော်ရွှင်လာအောင် ကိုယ်တိုင်ကိုယ်ကျ အစွမ်းကုန်ဖြည့်ဆည်းပေးရင်း သူနာကျင်ခဲ့ရသမျှတွေကို ဖြေဖျောက်ပေးသွားချင်တယ် "

" လူမှုအသိုင်းအဝိုင်းက လက်မခံနိုင်တဲ့ သဘာဝနဲ့ဆန့်ကျင်နေတဲ့ ချစ်ခြင်းမျိုးဆိုပေမယ့် လင်းမောင်လေးကို ကိုဆက်က အခုလိုမျိုး ချစ်ပေးတာ သိရတော့ လင်း တကယ်ကို ကျေနပ်မိပါတယ် ၊ ဝမ်းလည်းသာတယ် ၊ ရှေ့လျှောက် ပတ်ဝန်းကျင်ရိုက်ခတ်မှုဒဏ်တွေ ကြုံလာခဲ့မယ်ဆိုရင်တောင် သာသာက ကိုဆက်ရဲ့မေတ္တာတွေကြောင့် ဒီအခြေအနေဆိုးတွေကို အင်အားရှိရှိနဲ့ အကောင်းဆုံး ဖြတ်ကျော်နိုင်လိမ့်မယ်လို့လည်း လင်း ယုံကြည်သွားပြီ ၊ စိတ်ချပါ ၊ ဘယ်သူတွေက ကန့်ကွက် ကန့်ကွက် လင်းကတော့ ကိုဆက်တို့ဘက်မှာ အမြဲရှိနေမှာပါ "

" အေးပါ ၊ ကျေးဇူးတင်ပါတယ် လင်းလင်းရာ ၊ ဒါနဲ့ ဗညားကို အကို တစ်ခုလောက်တော့ အကူအညီတောင်းချင်တယ် "

" ဟုတ်ကဲ့ ပြောပါ အကိုဆက်စေ "

" ဒီကြားထဲ အသာက ညီလေးဆီကို ဖုန်းဆက်လာခဲ့ရင် သူအထင်လွဲသွားသလို မဟုတ်ကြောင်း ဒီအခြေအနေတွေကို သေသေချာချာလေး ရှင်းပြပေးပါ ၊ နောက်ပြီး လိုရမယ်ရ ဖုန်းပြောထားသမျှတွေကိုလည်း recording လေးပါ လုပ်ထားပေးပါဦး "

" ဟုတ်ကဲ့ စိတ်ချပါ ၊ ထူးခြားတာနဲ့ ကျွန်တော် ကိုဆက်စေကို ဆက်သွယ်လိုက်ပါ့မယ် "

" ကျေးဇူးတင်တယ် ငါ့ညီရာ နော် "

" ကျွန်တော်ကလည်း ကျွန်တော့်သူငယ်ချင်းအပေါ် ထားပေးတဲ့ ကိုဆက်စေရဲ့စိတ်ကို တကယ်ကျေးဇူးတင်မိပါတယ် "

*********

" ဘာ မင်း ဘာပြောလိုက်တယ် သားကြီး ၊ မေမေ နားကြားများ မှားတာလား "

" မေမေကြားတာ မမှားပါဘူး ၊ ကျွန်တော်နဲ့အသာ တကယ်ကို ချစ်နေကြတာပါ မေမေ "

" မေမေ လက်မခံနိုင်ဘူး သား "

" ကျွန်တော် မျှော်လင့်ထားပြီးသားပါ မေမေ "

" ဒါဆို သားပြောတဲ့သဘောက မေမေ ခွင့်မပြုလည်း ရှေ့ဆက်မယ်ပေါ့ အဲ့လိုလား "

" ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အဲ့ဒီသဘောပါပဲ မေမေ ၊ ဖြစ်နိုင်ရင်တော့ မေမေ ကြည်ကြည်ဖြူဖြူနဲ့ ခွင့်ပြုပေးတာကို လိုချင်တာပေါ့ ၊ ဒါပေမယ့် မေမေ ခွင့်မပြုနိုင်ဘူးဆိုရင်လည်း ကျွန်တော်ကတော့ အသာ့ကို စွန့်လွှတ်မှာမဟုတ်ဘူး "

" မင်း ဘယ်လိုများ ဖြစ်သွားရတာလဲ သားကြီးရယ် ၊ မေမေ မင်းကို သားယောက်ျားလေးတစ်ယောက်အဖြစ်နဲ့ မွေးခဲ့တာပါ ၊ ခုတော့ မင်းက... "

" အခုလည်း ကျွန်တော်က ယောက်ျားလေးပဲလေ မေမေ ၊ မိန်းကလေးဖြစ်သွားတာမှ မဟုတ်တာ ၊ အသာနဲ့မတွေ့ခင်ကရော အခုထက်ထိရော ရုပ်ရှင်ကြည့်ရင် မင်းသမီးတွေကိုပဲ ကြိုက်တတ်နေတုန်းပါပဲ ၊ ကျွန်တော် ယောက်ျားတစ်ယောက်ကို ကြိုက်သွားတာမဟုတ်ပါဘူး ၊ အသာ့ကို ဒီတိုင်းလေးပဲ ချစ်မိသွားရုံပါ "

" ငယ်ငယ်ကတည်းက ထိန်းခဲ့ရတဲ့ ကလေးမို့များ သံယောဇဉ်တွယ်နေတာ မဖြစ်နိုင်ဘူးလား သားကြီးရယ် "

" သံယောဇဉ်သက်သက်မဟုတ်ဘဲ အဲ့ဒီသံယောဇဉ်ကို အခြေခံထားတဲ့ အချစ်ပါ မေမေ ၊ ဒါကို မသေချာရလောက်အောင် ဒီအချစ်က လွယ်လွယ်ကူကူဖြစ်လာတဲ့ အချစ်မဟုတ်ပါဘူး ၊ မဖြစ်သင့်မှန်းသိသိနဲ့ ကိုယ့်စိတ်ကိုယ် ချွန်းအုပ်နေတဲ့ကြားထဲကမှ မတားနိုင်မဆီးနိုင် ချစ်ထားရတဲ့အချစ်ပါ ၊ မေမေ့ကို ဒီလို စကားတွေပြောနေရလို့ မလေးစားရာ ရောက်ခဲ့ရင်လည်း ကန်တော့ပါတယ် မေမေ ၊ ခုလိုမှ မပြောရင်လည်း ဒီကိစ္စတွေက ပြီးပြတ်မှာ မဟုတ်လို့ပါ "

သူမရှေ့မှာ ဒူးတုပ်ထိုင်လျက်က ပြောနေတဲ့ သားကြီးကိုကြည့်ပြီး သူမကိုယ်တိုင်လည်း ရင်ထဲမှာ တကယ်ကို မချိပါ ။ ဘယ်ရောက်နေမှန်းမသိတဲ့ အသာလေးအတွက် ပူပန်သောကတွေရောက်နေတယ်ဆိုတာကို သားကြီးရဲ့ညှိုးချုံးနေတဲ့ မျက်နှာက သက်သေခံနေသည် ။

အသာလေးကို သူမကိုယ်တိုင်လည်း ချစ်ပါသည် ။ သားအရင်းလေးလို သဘောထားလို့တောင် အိမ်မှာအတူခေါ်ထားဖို့ ဆုံးဖြတ်ခဲ့သေးတာပဲ ။ ဒါပေမယ့် သားမက်အနေနဲ့တော်ရမှာ ဆိုတာမျိုးကြီးကတော့ ဘယ်တုန်းကမှ တွေးမထားဖူးတဲ့ကိစ္စမို့ လက်သင့်မခံနိုင် ။ ခြောက်ခြောက်ခြားခြား ဖြစ်ရလွန်းပါသည် ။

ပြီးတော့ သားတို့ရဲ့အဖေသာ ဒီကိစ္စကို သိသွားခဲ့ရင် သူမ အထိန်းအသိမ်းညံ့လို့ဆိုတဲ့ စကားမျိုးနဲ့ စွပ်စွဲလာမှာကိုလည်း တကယ်ကို မခံနိုင်ပါ ။

" မင်းအဖေကတော့ မင်း ဒီလိုဖြစ်တာ မေမေညံ့လို့ဆိုပြီး ပြောစရာ ရသွားတော့မှာ "

" ကျွန်တော်ကိုယ်တိုင် ဖေဖေ့ဆီကို လှမ်းဆက်သွယ်ပြီး သေသေချာချာ ပြောပြမှာပါ မေမေ ၊ အဲ့ဒီအတွက် စိတ်ချပါ ၊ မေမေ့ကို အပြစ်မတင်စေရပါဘူး "

" ဘွားခင်တို့ဘက်ကိုရော မေမေ ဘယ်လို မျက်နှာပြရမလဲ ဟင် ဆက်စေ ၊ ဒါဟာ နှစ်ယောက်လုံးနဲ့ဆိုင်တဲ့ ကိစ္စဆိုပေမယ့် အသာနဲ့ယှဉ်ရင် မင်းက အကြီးလေ ၊ မင်းကိုပဲ ဝိုင်းပြီး အပြစ်တင်ကြမှာပေါ့ ၊ အဲ့ဒါကိုရော မင်းတွေးမိရဲ့လား "

" ကျွန်တော် သိပါတယ် မေမေ ၊ အသာနဲ့လက်တွဲချင်ရင် ဒီထက်ဆိုးတာတွေလည်း ဖြစ်လာနိုင်တယ်ဆိုတာ ကျွန်တော် တွေးထားပြီးသားမို့ ဘယ်လို ထိုးနှက်ချက်မျိုးကိုမဆို ရင်ဆိုင်ဖို့ ကျွန်တော့်ဘက်က အဆင်သင့် ပြင်ဆင်ထားပြီးသားပါ "

သားကြီးကို ဘယ်လိုမှ တားလို့ရတော့မှာမဟုတ်မှန်း သူမ သိလိုက်ပါသည် ။ ငယ်ငယ်ကတည်းက သားကြီးဟာ သားငယ်ဆက်နေလို မဟုတ်ဘဲ အပြင်ပန်းကြည့်ရင် အေးတယ်လို့ ထင်ရပေမယ့် တစ်ခုခုကို ဆုံးဖြတ်ပြီးပြီဆိုရင် လွယ်လွယ်နဲ့ လက်မလျှော့ဘဲ ရည်ရွယ်ချက်ကို မဖြစ်ဖြစ်အောင် လုပ်တတ်တဲ့သူမျိုး ။

သူမကိုယ်တိုင်က ဒီကိစ္စကို သဘောမတူနိုင်ဘူးဆိုပေမယ့်လည်း ရုပ်ရှင်တွေ ဝတ္ထုတွေထဲက အမေတွေလို သွေးတိုးပြ မူးလဲပြပြီး ရောဂါဗန်းပြလို့ တားဆီးတာမျိုးလည်း မလုပ်ချင် ။ အမေတစ်ယောက်အနေနဲ့ ဒါဟာ အရွယ်ရောက်ပြီးသား သားတစ်ယောက်ရဲ့ ရွေးချယ်ပိုင်ခွင့်လို့ပဲ သတ်မှတ်ထားသည် ။

ဒါပေမယ့်လည်း ကိုယ့်ရှေ့မှာ ဒူးတုပ်ထိုင်ကာ ခေါင်းငုံ့နေတဲ့သားဖြစ်သူကို ကြည့်ရင်း မိခင်ဖြစ်တဲ့ သူမရင်ထဲမှာတော့ တကယ်ကို မချိမဆန့် ။ ခက်ခဲတဲ့ဒီလမ်းကို လျှောက်တော့မယ့် သားဟာ ပတ်ဝန်းကျင်ရဲ့ ထိုးနှက်မှုတွေကို ခါးစည်းပြီး ခံရတော့မှာပါလားဆိုတဲ့ အတွေးက ဒီအမေရင်ကို ပူလောင်စေသည်လေ ။

ဒါပေမယ့်လည်း ဘယ်တတ်နိုင်ပါတော့မလဲ ။ ကိုယ့်သားက ချစ်မိပြီကိုး ။ ကိုယ့်တုန်းကလည်း ကိုယ်ချစ်တဲ့သူကိုပဲ ရွေးချယ်ခဲ့တာမို့ သားတွေအလှည့်ကျရင်လည်း လွတ်လပ်ခွင့်အပြည့်အဝပေးမယ်လို့ တွေးထားခဲ့တာ ။ ဒီလို သဘာဝကို လွန်ဆန်တဲ့လမ်းကို ရွေးလိမ့်မယ်လို့တော့ ဘယ်ထင်ခဲ့ပါ့မလဲ ။ ဝဋ်ကြွေးရယ်လို့လည်း ကလေးတွေအပေါ်မှာ မသုံးနှုန်းရက်တော့ပါ ။

ကိုယ် လက်ခံသဘောတူမပေးနိုင်သည့်တိုင် ဒီကလေးနှစ်ယောက်ရဲ့ ရှေ့ဆက်ရမယ့် ဘဝလေးတွေ အေးချမ်းပါစေလို့ပဲ ဆုတောင်းမိတော့ပါသည် ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

Continue Reading

You'll Also Like

712K 7.5K 98
ထိုနေ့ည က မှားသွားတယ့် အမှားတစ်ခုက ကျွန်မဘဝ တစ်ခုလုံးနဲ့ ပတ်သက်မိသွားလိမ့်မယ်လို့ မထင်ခဲ့မိဘူး....... ပြီးတော့ ပတ်သတ်မိသွားတယ့်သူက ဘာလို့ သူဖြစ်န...
999K 35.8K 42
🚨 ဒီ Fic မှာ Adult Scences တွေပါဝင်တာကြောင့် မကြိုက်တဲ့လူများရှောင်ဖို့ ကြိုတင်အသိပေးပါတယ်နော် 🚨 🚨 ဒီ Fic မွာ Adult Scences ေတြပါဝင္တာေၾကာင့္ မႀက...
400K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...
194K 4.7K 71
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်