လမင်းမျှော်သူ ( လမင္းေမွ်ာ္သူ...

By PhyuLayy1

1.1M 115K 7.9K

#For Zawgyi ဤဇာတ္လမ္းသည္ စာေရးသူ၏ စိတ္ကူးယဥ္သက္သက္မွ်သာ ျဖစ္ပါေသာေၾကာင့္ တစ္စံုတရာ တိုက္ဆိုင္မႈရွိပါက နားလည္... More

Intro (Zawgyi + Unicode)
အပိုင္း - ၁ (Zawgyi + Unicode)
အပိုင္း - ၂ (Zawgyi + Unicode)
အပိုင္း - ၃ (Zawgyi + Unicode)
အပိုင္း - ၄ (Zawgyi + Unicode)
အပိုင္း - ၅ (Zawgyi + Unicode)
အပိုင္း - ၆ (Zawgyi + Unicode)
အပိုင္း - ၇ (Zawgyi + Unicode)
အပိုင္း - ၈ (Zawgyi + Unicode)
အပိုင္း - ၉ (Zawgyi + Unicode)
အပိုင္း - ၁၀ (Zawgyi + Unicode)
အပိုင္း - ၁၁ (Zawgyi + Unicode)
အပိုင္း - ၁၂ (Zawgyi + Unicode)
အပိုင္း - ၁၃ (Zawgyi + Unicode)
အပိုင္း - ၁၄ (Zawgyi + Unicode)
အပိုင္း - ၁၅ (Zawgyi + Unicode)
အပိုင္း - ၁၆ (Zawgyi + Unicode)
အပိုင္း - ၁၇ (Zawgyi + Unicode)
အပိုင္း - ၁၈ (Zawgyi + Unicode)
အပိုင္း - ၁၉ ( Zawgyi + Unicode )
အပိုင္း - ၂၀ ( Zawgyi + Unicode )
အပိုင္း - ၂၁ ( Zawgyi + Unicode )
အပိုင္း - ၂၂ ( Zawgyi + Unicode )
အပိုင္း - ၂၃ ( Zawgyi + Unicode )
အပိုင္း - ၂၄ ( Zawgyi + Unicode )
အပိုင္း - ၂၅ ( Zawgyi + Unicode )
အပိုင္း - ၂၆ ( Zawgyi + Unicode )
အပိုင္း - ၂၇ ( Zawgyi + Unicode )
အပိုင္း - ၂၈ ( Zawgyi + Unicode )
အပိုင္း - ၂၉ ( Zawgyi + Unicode )
အပိုင္း - ၃၀ ( Zawgyi + Unicode )
အပိုင္း - ၃၁ (Zawgyi + Unicode )
အပိုင္း - ၃၃ ( Zawgyi + Unicode )
အပိုင္း - ၃၄ ( Zawgyi + Unicode )
အပိုင္း - ၃၅ ( Zawgyi + Unicode )
အပိုင္း - ၃၆ ( Zawgyi + Unicode )
အပိုင္း - ၃၇ ( Zawgyi + Unicode )
အပိုင္း - ၃၈ ( Zawgyi + Unicode )
အပိုင္း - ၃၉ ( Zawgyi + Unicode )
အပိုင္း - ၄၀ Final ( Zawgyi + Unicode )
ေက်းဇူးတင္လႊာ ( ကျေးဇူးတင်လွှာ )
Extra - 1 ( Zawgyi + Unicode )
ေၾကာ္ျငာ (ကြော်ငြာ)
Extra - 2 (Married Life)
Extra - 3 (Married life)
Extra (Final)

အပိုင္း - ၃၂ ( Zawgyi + Unicode )

19.1K 2.3K 204
By PhyuLayy1

#For Zawgyi

သူ႔ဘက္က ေတြေဝတြန္႔ဆုတ္ေနျခင္းအေပၚမွာ အကိုက အားမရဘူးဆိုတာ သူလည္း သိပါသည္ ။ အကိုက သူ႔အား သတၱိနည္းလိုက္တာဟုလည္း စြပ္စြဲေကာင္း စြပ္စြဲခ်င္ပါလိမ့္မည္ ။ သူ သတၱိမရွိတာ မွန္ပါသည္ ။ ဒါေပမယ့္ သူ႔ကိုယ္သူအတြက္ သတၱိမရွိတာ မဟုတ္ဘဲ အကို႔အတြက္ သတၱိမရွိတာပါ ဆိုတာကိုေတာ့ အကိုက သိႏိုင္မယ္မထင္ပါ ။

ဟုတ္တယ္ ။ တကယ္က သူ အကို႔အတြက္ သတၱိမရွိတာပါ ။

သူတို႔ ၂ ေယာက္ရဲ႕ ပတ္သက္မႈကို ဖြင့္ေျပာလိုက္တဲ့အခါ မိသားစုမွာ အႏွိမ္ခံရၿပီးသား..ပတ္ဝန္းက်င္မွာ သိမ္ႏုပ္ေနၿပီးသား သူက ဘာမွ ထူးျခားၿပီး ဆံုးရႈံးသြားတာမ်ိဳး မရွိႏိုင္ေပမယ့္ အကို႔အေနအထားကက်ေတာ့ သူ႔လိုမဟုတ္ဘူးေလ ။

အကို႔ရဲ႕ ေအာင္ျမင္ထားၿပီးသားဘဝ ၊ ပတ္ဝန္းက်င္ အသိုင္းအဝိုင္းတစ္ခုလံုးက ေလးစားစံထားခံထားရတဲ့ ဘဝကေန ပတ္ဝန္းက်င္တစ္ခုလံုးက လက္ညွိဳးဝိုင္းထိုးၿပီး လူတကာ တံေတြးခြက္မွာ ပက္လက္ေျမာရမယ့္အျဖစ္မ်ိဳးကို သူ႔ေၾကာင့္ေတာ့ျဖင့္ မေရာက္ေစခ်င္ပါ ။

သူ႕ဘဝကို အမ်ားႀကီး ျမွင့္တင္ေပးဖို႔ ႀကိဳးစားခဲ့တဲ့ အကို႔ကို သူ႔လက္နဲ႔ ဘယ္လိုလုပ္ၿပီး နိမ့္က်တဲ့ အေျခအေနတစ္ခုေရာက္ေအာင္ ဆြဲခ်ရက္ပါ့မလဲ ။

သူဟာ တကယ္ေတာ့ အကိုနဲ႔ မထိုက္တန္ပါဘူးေလ ။

ျဖစ္လာသမ်ွ အရာအားလံုးဟာ မိုးေပၚက လမင္းႀကီးကို မတန္မရာ ေလာဘတက္မိတဲ့ သူ႔လိုေကာင္ရဲ႕ အမွားေတြပါပဲ ။

အကို႔ဘဝကို သူသာ ဝင္မရႈပ္ခဲ့ရင္ ဆိုတဲ့အေတြးကလည္း တစ္ေန႔တစ္ျခား သူ႔အား ပိုပိုၿပီး ႏွိပ္စက္လာေလသည္ ။ အကို႔အား ပိုင္ဆိုင္လိုစိတ္က တစ္ဖက္ ၊ မပိုင္ဆိုင္ရက္သည့္ စိတ္က တစ္ဖက္ႏွင့္ ထိုစိတ္ႏွစ္ခု အၿပိဳင္အဆိုင္လြန္ဆြဲကာ ဆံုးျဖတ္ခ်က္တို႔က မျပတ္မသား ေဝေဝဝါးဝါး ။

အကိုကေတာ့ သူ႔အား ဘာတစ္ခုမွ ထပ္ၿပီး ဖိအားေပးမလာရွာပါ ။ သူ႔ဆံုးျဖတ္ခ်က္ကိုသာ အတည္ျပဳရန္ေစာင့္ေနပံုရသည္ ။

တစ္ရက္မွာေတာ့ သူ႔စိတ္ေတြကို ျပတ္သားသြားေစရန္ တြန္းအားတစ္ခု ျဖစ္လာေစေသာ အေၾကာင္းအရာတစ္ရပ္က ျဖစ္ေပၚလာခဲ့ေလသည္ ။

အဲ့ဒါကေတာ့....

သူ အခန္းထဲမွာ စာအုပ္ဖတ္ေနစဥ္ အခန္းတံခါးေခါက္သံ ၾကားလိုက္ရၿပီး

" သာသာ ေရ...မမ ခဏဝင္လာခ်င္လို႔ "

" ဟုတ္ မမ ဝင္ခဲ့ေလ ၊ တံခါးေလာ့ခ္ခ်မထားဘူး "

လွည့္ၾကည့္လိုက္ေတာ့ မမက အဝတ္အစားအျပည့္အစံု ဝတ္မထားဘဲ ေရခ်ိဳးခန္းသံုးတဘက္ႀကီးကိုသာ ပတ္ထားတဲ့ပံုစံေၾကာင့္

" ဟင္ မမ ဘာျဖစ္လို႔လဲ "

" မမရဲ႕ dryer ပ်က္သြားလို႔ သာသာ့ဆီက လာငွါးတာ "

" ဟုတ္ ဟုတ္...ယူသြား မမ ၊ ဟိုမွာ ခ်ိတ္ထားတယ္ "

" ဒါဆို မမ ယူသြားၿပီေနာ္ "

ထိုသို႔လွမ္းေျပာၿပီး သူ႔အား ေက်ာေပးကာ အခန္းတံခါးဝဆီ ေလ်ွာက္သြားတဲ့ မမရဲ႕ ညာဘက္ပခံုးေအာက္နား ေက်ာျပင္အစပ္က ပန္းစာလံုးႏွင့္ပံုေဖာ္ထားေသာ Tattoo တစ္ခုကို ျမင္လိုက္တဲ့ တစ္ခဏမွာ လူက ေခ်ာက္ထဲထိုးက်သြားသလို ခံစားမႈမ်ိဳးႏွင့္ မင္သက္သြားမိေလသည္ ။

မမေက်ာျပင္လွလွေလးေပၚမွာ ေသရာပါေအာင္ ပန္းစာလံုးေတြနဲ႔ ကဗ်ည္းတင္ထားတဲ့ အမည္နာမတစ္ခုက Satt တဲ့လား ။

ေသခ်ာပါတယ္ ။ သူ႔အျမင္ မမွားႏိုင္ပါ ။

ဒါဆို....ဒါဆို မမက ဘြားဘြားသေဘာတူတယ္ဆိုရံုနဲ႔ လြယ္လြယ္လက္ခံလိုက္တာမ်ိဳးမဟုတ္ဘဲ မမကိုယ္တိုင္ကိုက အကို႔ကို ခ်စ္ေနခဲ့တာေပါ့ ။

ေလာကဓံက သူ႔အား အၿငိဳးတႀကီး ရက္စက္ေလၿပီ ။ ကိုယ့္ခ်စ္သူကို ကိုယ့္အမအရင္းႏွင့္ ၿပိဳင္ၿပီး ခ်စ္ေနရသည့္ အျဖစ္ႀကီးက တစ္ဆိတ္ေတာ့ ဆိုးဝါးလြန္းမေနဘူးလား ။

သူ ဘာဆက္လုပ္ရေတာ့မလဲ ။ သူ ဘယ္လိုဆံုးျဖတ္ရင္ အရာရာအတြက္ အေကာင္းဆံုးျဖစ္ႏိုင္မလဲ ။

တကယ္ကိုပဲ လမ္းေတြ ေပ်ာက္ရပါတယ္ ။

*********

ဒီရက္ပိုင္း သူ႔စိတ္ေတြဟာ ထြက္ေပါက္မရွိတဲ့ အခန္းထဲ ပိတ္ေလွာင္ခံထားရသလိုမ်ိဳး မြန္းၾကပ္ေမွာင္မိုက္လ်က္ရွိသည္ ။

အိပ္မက္၏အလြန္ ဆိုတဲ့ သူ႔စာအုပ္ေလး စတင္ျဖန္႔ခ်ိတဲ့ ေန႔လိုမ်ိဳးမွာေတာင္ သူ႕စိတ္ေတြဟာ ၾကည္လင္ေပ်ာ္ရႊင္မႈကို မခံစားရေတာ့ပါ ။ အကိုကေတာ့ ထိုေန႔က စာအုပ္တိုက္အထိ လိုက္လာေပးၿပီး ဦးေမာင္ႏွင့္သူ႔ကို ေန႔လည္စာေကၽြးကာ တစ္ေန႔လံုးလည္း သူႏွင့္အတူ ရွိေနေပးခဲ့ပါသည္ ။

အကိုက သူ႔အနားမွာ သူ႔ကို အရိပ္တၾကည့္ၾကည့္နဲ႔ ရွိေနေပမယ့္လည္း သူ႔စိတ္ထဲမွာေတာ့ အကိုႏွင့္ ေဝးေဝးလာသလို ခံစားေနရ၏ ။

တကယ္ေတာ့ အကိုနဲ႔ပတ္သက္ၿပီး ဘယ္လိုဆံုးျဖတ္သင့္တယ္ဆိုတာကို သူ အေျဖထုတ္ၿပီးပါၿပီ ။ ထိုအေျဖအတိုင္း အေကာင္အထည္ေဖာ္ လုပ္ေဆာင္ဖို႔ကိုပဲ ေတြေဝတြန္႔ဆုတ္ေနမိတာပါ ။

အကို႔နားကေန သူထြက္သြားေပးလိုက္တာနဲ႔ အရာအားလံုးဟာ အဆင္ေျပသြားလိမ့္မည္ ။ သူတစ္ေယာက္က လြဲ၍ေပါ့ေလ ။

အကိုကလည္း အစပိုင္းမွာေတာ့ အဆင္မေျပသလို ျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အခ်ိန္အနည္းငယ္ၾကာလို႔ ေနသားက်သြားတဲ့အခါ အခုထက္ ပိုၿပီး ေကာင္းမြန္တဲ့ ဘဝေလးမွာ ေပ်ာ္ဝင္သြားႏိုင္လိမ့္မယ္ထင္ပါတယ္ ။

သူတစ္ေယာက္ စိတ္ခ်မ္းသာၿပီး မိသားစုေတြအကုန္လံုး စိတ္ဆင္းရဲရမွာမ်ိဳးထက္စာရင္ က်န္တဲ့သူေတြ ေပ်ာ္ရႊင္ဖို႔ သူပဲ စိတ္ဆင္းရဲခံလိုက္တာက ပိုၿပီး ျဖစ္သင့္တယ္မဟုတ္လား ။

သူခ်စ္တဲ့သူေတြအတြက္ဆိုရင္ သူ႕ဆႏၵေတြကိုပဲ ၿမိဳသိပ္ရ ၿမိဳသိပ္ရ အိပ္မက္ေတြကိုပဲ ဖ်က္စီးရ ဖ်က္စီးရ သူ ေနာင္တမရွိဘဲ လုပ္ရဲပါသည္ေလ ။

အထူးသျဖင့္ေတာ့ မမနဲ႔လက္တြဲလိုက္မယ့္ အကို႔ဘဝေလးဟာ သူနဲ႔ထက္စာရင္ အစစအရာရာ သာလြန္ၿပီး အဆင္ေျပသြားမွာဆိုတဲ့ အခ်က္ေၾကာင့္ သူ ဒီဆံုးျဖတ္ခ်က္ကိုခ်ဖို႔ ျပင္ဆင္ခဲ့တာျဖစ္သည္ ။

သူ႔အတၱေတြ ေလာဘေတြကို ေရွ႕တန္းတင္ၿပီး အကို႔အား နိမ့္က်တဲ့ အေျခအေနတစ္ခုထဲကို ဆြဲေခၚမပစ္ရက္ပါ ။

သူနဲ႔စေတြ႕စဥ္ကတည္းက သူလက္လွမ္းမမီတဲ့ ဟိုးအျမင့္တစ္ေနရာက အကို႔ကို ေနာင္ေသာအခါမ်ားစြာမွာလည္း ထိုအျမင့္တစ္ေနရာမွာသာ ရွိေနေစခ်င္ပါသည္ေလ ။

သူနဲ႔အတူ နိမ့္က်ေနမယ့္အကို႔ပံုရိပ္ထက္ အျမင့္တစ္ေနရာမွာ ဝံ႔ႂကြားေတာက္ပေနမယ့္ အကို႔ပံုရိပ္ကိုသာ သူ႔ရင္ထဲက အမွန္တကယ္ အလိုရွိပါသည္ ။ အကိုနဲ႔ေဝးေနရရင္ေတာင္ အကိုမျမင္ႏိုင္တဲ့ တစ္ေနရာကေန အကို႔အား ေမာ့ေငးရင္း သူ ေက်နပ္ေရာင့္ရဲႏိုင္ပါလိမ့္မည္ ။

မမသာဆိုရင္ သူ မဖန္တီးေပးႏိုင္တဲ့ မိသားစုဘဝမ်ိဳးကိုလည္း အကို႔အတြက္ ဖန္တီးေပးႏိုင္မည္ေလ ။ လူမႈဝန္းက်င္အသိုင္းအဝိုင္းမွာလည္း အကို႔အတြက္ ပြဲလယ္တင့္တဲ့ ဇနီးအျဖစ္ မမကသာ ျဖစ္တည္ေပးႏိုင္မွာ ။

စသျဖင့္ အဘက္ဘက္က ေတြးေလေလ သူဟာ အကို႔အတြက္ မသင့္ေတာ္ဘူးဆိုတဲ့ အေနအထားက ပိုၿပီး ထင္ရွားလာေလေလ ျဖစ္လာသည္ ။ ဒါဟာ ဝမ္းနည္းစရာေကာင္းေပမယ့္ ျငင္းလို႔မရတဲ့ အမွန္တရားတစ္ခု ျဖစ္တာမို႔ သူ လက္မခံခ်င္လည္း လက္ခံရမွာပဲ ျဖစ္သည္ ။

သူနဲ႔လက္တြဲလိုက္လို႔ အကို႔အတြက္ အက်ိဳးျဖစ္ထြန္းေစမယ့္အရာမ်ိဳး ဘာတစ္ခုမွ မရွိပါ ။

သူဟာ အကို႔အတြက္ေတာ့ လူပိုသက္သက္သာ ။

တကယ္ဆိုရင္ ထင္းထင္သာဆိုတဲ့ သူဟာ မိသားစုထဲမွာေတာင္ ေမြးဖြားမလာသင့္တဲ့ ေကာင္မ်ိဳးပါပဲ ။

**********

ဒီေန႔တစ္ေန႔လံုး သူ႔ကို အခ်ိန္ေပးပါဆိုၿပီး အကို႔ကို ေတာင္းဆိုထားတာေၾကာင့္ မနက္ေစာေစာကတည္းက အကိုက သူ႔အား အိမ္တိုင္ရာေရာက္ လာေခၚေပးခဲ့သည္ ။

ကားေမာင္းထြက္လာရင္း သူ႔အား လွည့္ၾကည့္လာကာ အကိုက စိုးရိမ္မကင္းသလို အသြင္ျဖင့္

" ကေလးေလး ေနေရာေကာင္းရဲ႕လား ၊ မ်က္ႏွာက ညွိဳးေနသလိုပဲ "

" ေကာင္းပါတယ္ အကို ၊ အိပ္ရာေစာထလိုက္လို႔ျဖစ္မယ္ "

" အေစာႀကီး ကိုယ့္ကို ေခၚထားတာဆိုေတာ့ ကေလးရဲ႕အစီအစဥ္ေတြ ေျပာပါဦး ၊ ပထမဆံုး ဘယ္သြားၾကမလဲ "

" ေရႊတိဂံုဘုရားတက္မယ္ အကို "

" အိုေခ အိုေခ ၊ ဒါဆို အခု ဘုရားကို ေမာင္းမယ္ေနာ္ "

" ဟုတ္ "

ဘုရားေရာက္ေတာ့ မနက္ေစာေစာမို႔ လူရွင္းေနပံုရသည္ ။ ဘုရားရိပ္ တရားရိပ္မို႔ထင္ပါသည္ ။ ရင္ထဲက အလ်ွံၿငီးၿငီးအပူေတြေတာင္ အနည္းငယ္မ်ွ ၿငိမ္းေအးသြားသေယာင္ ။

ဘုရားရွိခိုးေတာ့လည္း အရင္လို အကိုနဲ႔အၿမဲအတူတကြ မခြဲမခြာေနရပါေစရယ္လို႔ ဆုမေတာင္းမိေတာ့ေပ ။ ကိုယ္တိုင္ကပဲ ခြဲခြာရန္လမ္းကို ေရြးခ်ယ္ခဲ့ၿပီးၿပီမို႔ ျပည့္လာမွာမဟုတ္ေတာ့တဲ့ ဆုေတာင္းမ်ိဳးေတြနဲ႔လည္း ဘုရားရွင္ကို အပူမကပ္ခ်င္ေတာ့ပါ ။

ေစတီေတာ္ႀကီးကို ေမာ့ေငးေနတဲ့ အကို႔ကို သူက တစ္ဖန္ျပန္ေငးေနမိေတာ့

" ကိုယ့္ကို ဘာေတြ ဒီေလာက္ ေငးၾကည့္ေနတာလဲ ကေလးေလးရဲ႕ ၊ မသိရင္ ေနာက္ေန႔ေတြ မေတြ႕ေတာ့မယ့္အတိုင္းပဲ "

တကယ္ကို ေနာက္ေန႔ေတြလည္း မေတြ႕ေတာ့မွာမို႔ တစ္သက္စာအတြက္ အခု တစ္ခဏမွာ ဝ,ေအာင္ ေငးပါရေစ အကို ။ ဒီပံုရိပ္ေတြကို ရင္ထဲမွာ အၿမဲတမ္းအတြက္ ရည္ရြယ္သိမ္းဆည္းရင္း အထီးက်န္ဘဝကို ေရွ႕ဆက္ႏိုင္ဖို႔ အားေမြးရဦးမယ္ေလ ။

" ကၽြန္ေတာ့္ခ်စ္သူက ေခ်ာလို႔ ေငးၾကည့္ေနမိတာေပါ့ "

" ဒီကေလးေလးကေတာ့ကြာ... "

အကိုက သူ႔ေခါင္းကို လက္ႏွင့္ဖိအုပ္ကာ ဆံပင္ေတြကိုပါ ဆြဲဖြရင္း ဟက္ဟက္ပက္ပက္ရယ္ေနေတာ့သည္ ။

ဒီအၿပံဳးေတြကို ျမင္ေတာ့ ေဝးၾကရမယ့္ ဘဝႀကီးကို ပိုေၾကာက္လာတယ္ အကိုရယ္..... ။

ကၽြန္ေတာ္ အကိုနဲ႔ေဝးတဲ့ဒဏ္ကို ခံႏိုင္ရည္ရွိပါ့မလားေနာ္ ။ မတတ္ႏိုင္ဘူးေလ ။ ျဖစ္ခ်င္တာထက္ ျဖစ္သင့္တာကို ဦးစားေပးရမယ့္ ဘဝေတြဆိုေတာ့လည္း...... ။

အရာအားလံုးကို လႊတ္ခ်ကာ စြန္႔လႊတ္လိုက္ေတာ့မယ္လို႔ ဆံုးျဖတ္ၿပီးသည့္ေနာက္မွာေတာင္မွ အကို႔အား တြယ္ကပ္လိုသည့္ ေလာဘလက္က်န္ေလးႏွင့္ ဒီေန႔တစ္ရက္ကို မရမက ရယူမိရေသးသည္ ။

ဒီတစ္ရက္ကိုေတာ့ အကို႔ခ်စ္သူအျဖစ္ႏွင့္ ခ်စ္သူေတြၾကားမွာ လုပ္ေလ့လုပ္ထရွိသည္မ်ားကို အကိုႏွင့္အတူ လုပ္ဖူးသြားခ်င္သည္ ။

" ကဲ ဘုရားကျပန္ရင္ ကိုယ့္ကေလး ဘယ္သြားခ်င္ေသးလဲ "

" တစ္ခုခုသြားစားမယ္ ၊ ၿပီးရင္ ရုပ္ရွင္ၾကည့္ခ်င္တယ္ အကို "

" ဟုတ္ပါၿပီဗ်ာ ၊ လူႀကီးမင္းေလးသေဘာအတိုင္းပါ "

အရာရာကို သူ႕သေဘာအတိုင္း အလိုလိုက္ ျဖည့္ဆည္းေပးတဲ့အကိုက ဘယ္ေလာက္မ်ား ခ်စ္ဖို႕ေကာင္းလိုက္သလဲေနာ္ ။ ခြဲခြာဖို႔ဆိုတဲ့ အေတြးႀကီးသာ မရွိဘူးဆိုရင္ ဒီလိုအေျခအေနဟာ သိပ္ကို ေပ်ာ္စရာေကာင္းေနမွာပဲ ။

အခုေတာ့ သူ႔မွာ အပူရုပ္ကို ဟန္လုပ္ဖံုးဖိၿပီး အျဖစ္အပ်က္ အေသးစိတ္တိုင္းကို အကိုနဲ႔တစ္သက္စာ အမွတ္တရေတြအျဖစ္ ရင္ထဲမွာ ႀကိတ္ကာသိမ္းဆည္းရင္း အကိုမရိပ္မိေစဖို႔ အၿပံဳးေတြကို အသက္ပါေအာင္ ႀကိဳးစားဟန္ေဆာင္ေနရသည္က ငရဲတစ္ခုလို.... ။

ရုပ္ရွင္ၾကည့္ၾကေတာ့လည္း သူက ရုပ္ရွင္ကို စိတ္ဝင္စားလို႔ လာၾကည့္တာမဟုတ္ဘဲ အကိုနဲ႔တူတူ ရုပ္ရွင္ၾကည့္တယ္ဆိုတဲ့ feeling ကိုသာ ရယူလိုတဲ့သူမို႔ ရုပ္ရွင္ပိတ္ကားကို မၾကည့္ဘဲ အကို႔မ်က္ႏွာကိုသာ အေမွာင္အားကိုးနဲ႔ တိတ္တဆိတ္ေငးေမာေနမိသည္ ။

အခု အခ်ိန္ေတြဟာ အကို႔အား ေငးေမာခြင့္ရွိေနသည့္ ေနာက္ဆံုးအခ်ိန္ေတြပါလားဆိုတဲ့ အေတြးကလည္း သူ႔ရင္ကို ဓါးထက္ထက္နဲ႔ လႊာခ်ေနသည့္ႏွယ္ ။

ဒီလို နာက်င္မႈမ်ိဳးကို ဘဝအဆက္ဆက္ ဘယ္ေသာအခါမွ ထပ္မႀကံဳခ်င္ေတာ့ၿပီ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

________________________________
#For Unicode

သူ့ဘက်က တွေဝေတွန့်ဆုတ်နေခြင်းအပေါ်မှာ အကိုက အားမရဘူးဆိုတာ သူလည်း သိပါသည် ။ အကိုက သူ့အား သတ္တိနည်းလိုက်တာဟုလည်း စွပ်စွဲကောင်း စွပ်စွဲချင်ပါလိမ့်မည် ။ သူ သတ္တိမရှိတာ မှန်ပါသည် ။ ဒါပေမယ့် သူ့ကိုယ်သူအတွက် သတ္တိမရှိတာ မဟုတ်ဘဲ အကို့အတွက် သတ္တိမရှိတာပါ ဆိုတာကိုတော့ အကိုက သိနိုင်မယ်မထင်ပါ ။

ဟုတ်တယ် ။ တကယ်က သူ အကို့အတွက် သတ္တိမရှိတာပါ ။

သူတို့ ၂ ယောက်ရဲ့ ပတ်သက်မှုကို ဖွင့်ပြောလိုက်တဲ့အခါ မိသားစုမှာ အနှိမ်ခံရပြီးသား..ပတ်ဝန်းကျင်မှာ သိမ်နုပ်နေပြီးသား သူက ဘာမှ ထူးခြားပြီး ဆုံးရှုံးသွားတာမျိုး မရှိနိုင်ပေမယ့် အကို့အနေအထားကကျတော့ သူ့လိုမဟုတ်ဘူးလေ ။

အကို့ရဲ့ အောင်မြင်ထားပြီးသားဘဝ ၊ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတစ်ခုလုံးက လေးစားစံထားခံထားရတဲ့ ဘဝကနေ ပတ်ဝန်းကျင်တစ်ခုလုံးက လက်ညှိုးဝိုင်းထိုးပြီး လူတကာ တံတွေးခွက်မှာ ပက်လက်မြောရမယ့်အဖြစ်မျိုးကို သူ့ကြောင့်တော့ဖြင့် မရောက်စေချင်ပါ ။

သူ့ဘဝကို အများကြီး မြှင့်တင်ပေးဖို့ ကြိုးစားခဲ့တဲ့ အကို့ကို သူ့လက်နဲ့ ဘယ်လိုလုပ်ပြီး နိမ့်ကျတဲ့ အခြေအနေတစ်ခုရောက်အောင် ဆွဲချရက်ပါ့မလဲ ။

သူဟာ တကယ်တော့ အကိုနဲ့ မထိုက်တန်ပါဘူးလေ ။

ဖြစ်လာသမျှ အရာအားလုံးဟာ မိုးပေါ်က လမင်းကြီးကို မတန်မရာ လောဘတက်မိတဲ့ သူ့လိုကောင်ရဲ့ အမှားတွေပါပဲ ။

အကို့ဘဝကို သူသာ ဝင်မရှုပ်ခဲ့ရင် ဆိုတဲ့အတွေးကလည်း တစ်နေ့တစ်ခြား သူ့အား ပိုပိုပြီး နှိပ်စက်လာလေသည် ။ အကို့အား ပိုင်ဆိုင်လိုစိတ်က တစ်ဖက် ၊ မပိုင်ဆိုင်ရက်သည့် စိတ်က တစ်ဖက်နှင့် ထိုစိတ်နှစ်ခု အပြိုင်အဆိုင်လွန်ဆွဲကာ ဆုံးဖြတ်ချက်တို့က မပြတ်မသား ဝေဝေဝါးဝါး ။

အကိုကတော့ သူ့အား ဘာတစ်ခုမှ ထပ်ပြီး ဖိအားပေးမလာရှာပါ ။ သူ့ဆုံးဖြတ်ချက်ကိုသာ အတည်ပြုရန်စောင့်နေပုံရသည် ။

တစ်ရက်မှာတော့ သူ့စိတ်တွေကို ပြတ်သားသွားစေရန် တွန်းအားတစ်ခု ဖြစ်လာစေသော အကြောင်းအရာတစ်ရပ်က ဖြစ်ပေါ်လာခဲ့လေသည် ။

အဲ့ဒါကတော့....

သူ အခန်းထဲမှာ စာအုပ်ဖတ်နေစဉ် အခန်းတံခါးခေါက်သံ ကြားလိုက်ရပြီး

" သာသာ ရေ...မမ ခဏဝင်လာချင်လို့ "

" ဟုတ် မမ ဝင်ခဲ့လေ ၊ တံခါးလော့ခ်ချမထားဘူး "

လှည့်ကြည့်လိုက်တော့ မမက အဝတ်အစားအပြည့်အစုံ ဝတ်မထားဘဲ ရေချိုးခန်းသုံးတဘက်ကြီးကိုသာ ပတ်ထားတဲ့ပုံစံကြောင့်

" ဟင် မမ ဘာဖြစ်လို့လဲ "

" မမရဲ့ dryer ပျက်သွားလို့ သာသာ့ဆီက လာငှါးတာ "

" ဟုတ် ဟုတ်...ယူသွား မမ ၊ ဟိုမှာ ချိတ်ထားတယ် "

" ဒါဆို မမ ယူသွားပြီနော် "

ထိုသို့လှမ်းပြောပြီး သူ့အား ကျောပေးကာ အခန်းတံခါးဝဆီ လျှောက်သွားတဲ့ မမရဲ့ ညာဘက်ပခုံးအောက်နား ကျောပြင်အစပ်က ပန်းစာလုံးနှင့်ပုံဖော်ထားသော Tattoo တစ်ခုကို မြင်လိုက်တဲ့ တစ်ခဏမှာ လူက ချောက်ထဲထိုးကျသွားသလို ခံစားမှုမျိုးနှင့် မင်သက်သွားမိလေသည် ။

မမကျောပြင်လှလှလေးပေါ်မှာ သေရာပါအောင် ပန်းစာလုံးတွေနဲ့ ကဗျည်းတင်ထားတဲ့ အမည်နာမတစ်ခုက Satt တဲ့လား ။

သေချာပါတယ် ။ သူ့အမြင် မမှားနိုင်ပါ ။

ဒါဆို....ဒါဆို မမက ဘွားဘွားသဘောတူတယ်ဆိုရုံနဲ့ လွယ်လွယ်လက်ခံလိုက်တာမျိုးမဟုတ်ဘဲ မမကိုယ်တိုင်ကိုက အကို့ကို ချစ်နေခဲ့တာပေါ့ ။

လောကဓံက သူ့အား အငြိုးတကြီး ရက်စက်လေပြီ ။ ကိုယ့်ချစ်သူကို ကိုယ့်အမအရင်းနှင့် ပြိုင်ပြီး ချစ်နေရသည့် အဖြစ်ကြီးက တစ်ဆိတ်တော့ ဆိုးဝါးလွန်းမနေဘူးလား ။

သူ ဘာဆက်လုပ်ရတော့မလဲ ။ သူ ဘယ်လိုဆုံးဖြတ်ရင် အရာရာအတွက် အကောင်းဆုံးဖြစ်နိုင်မလဲ ။

တကယ်ကိုပဲ လမ်းတွေ ပျောက်ရပါတယ် ။

*********

ဒီရက်ပိုင်း သူ့စိတ်တွေဟာ ထွက်ပေါက်မရှိတဲ့ အခန်းထဲ ပိတ်လှောင်ခံထားရသလိုမျိုး မွန်းကြပ်မှောင်မိုက်လျက်ရှိသည် ။

အိပ်မက်၏အလွန် ဆိုတဲ့ သူ့စာအုပ်လေး စတင်ဖြန့်ချိတဲ့ နေ့လိုမျိုးမှာတောင် သူ့စိတ်တွေဟာ ကြည်လင်ပျော်ရွှင်မှုကို မခံစားရတော့ပါ ။ အကိုကတော့ ထိုနေ့က စာအုပ်တိုက်အထိ လိုက်လာပေးပြီး ဦးမောင်နှင့်သူ့ကို နေ့လည်စာကျွေးကာ တစ်နေ့လုံးလည်း သူနှင့်အတူ ရှိနေပေးခဲ့ပါသည် ။

အကိုက သူ့အနားမှာ သူ့ကို အရိပ်တကြည့်ကြည့်နဲ့ ရှိနေပေမယ့်လည်း သူ့စိတ်ထဲမှာတော့ အကိုနှင့် ဝေးဝေးလာသလို ခံစားနေရ၏ ။

တကယ်တော့ အကိုနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်သင့်တယ်ဆိုတာကို သူ အဖြေထုတ်ပြီးပါပြီ ။ ထိုအဖြေအတိုင်း အကောင်အထည်ဖော် လုပ်ဆောင်ဖို့ကိုပဲ တွေဝေတွန့်ဆုတ်နေမိတာပါ ။

အကို့နားကနေ သူထွက်သွားပေးလိုက်တာနဲ့ အရာအားလုံးဟာ အဆင်ပြေသွားလိမ့်မည် ။ သူတစ်ယောက်က လွဲ၍ပေါ့လေ ။

အကိုကလည်း အစပိုင်းမှာတော့ အဆင်မပြေသလို ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အချိန်အနည်းငယ်ကြာလို့ နေသားကျသွားတဲ့အခါ အခုထက် ပိုပြီး ကောင်းမွန်တဲ့ ဘဝလေးမှာ ပျော်ဝင်သွားနိုင်လိမ့်မယ်ထင်ပါတယ် ။

သူတစ်ယောက် စိတ်ချမ်းသာပြီး မိသားစုတွေအကုန်လုံး စိတ်ဆင်းရဲရမှာမျိုးထက်စာရင် ကျန်တဲ့သူတွေ ပျော်ရွှင်ဖို့ သူပဲ စိတ်ဆင်းရဲခံလိုက်တာက ပိုပြီး ဖြစ်သင့်တယ်မဟုတ်လား ။

သူချစ်တဲ့သူတွေအတွက်ဆိုရင် သူ့ဆန္ဒတွေကိုပဲ မြိုသိပ်ရ မြိုသိပ်ရ အိပ်မက်တွေကိုပဲ ဖျက်စီးရ ဖျက်စီးရ သူ နောင်တမရှိဘဲ လုပ်ရဲပါသည်လေ ။

အထူးသဖြင့်တော့ မမနဲ့လက်တွဲလိုက်မယ့် အကို့ဘဝလေးဟာ သူနဲ့ထက်စာရင် အစစအရာရာ သာလွန်ပြီး အဆင်ပြေသွားမှာဆိုတဲ့ အချက်ကြောင့် သူ ဒီဆုံးဖြတ်ချက်ကိုချဖို့ ပြင်ဆင်ခဲ့တာဖြစ်သည် ။

သူ့အတ္တတွေ လောဘတွေကို ရှေ့တန်းတင်ပြီး အကို့အား နိမ့်ကျတဲ့ အခြေအနေတစ်ခုထဲကို ဆွဲခေါ်မပစ်ရက်ပါ ။

သူနဲ့စတွေ့စဉ်ကတည်းက သူလက်လှမ်းမမီတဲ့ ဟိုးအမြင့်တစ်နေရာက အကို့ကို နောင်သောအခါများစွာမှာလည်း ထိုအမြင့်တစ်နေရာမှာသာ ရှိနေစေချင်ပါသည်လေ ။

သူနဲ့အတူ နိမ့်ကျနေမယ့်အကို့ပုံရိပ်ထက် အမြင့်တစ်နေရာမှာ ဝံ့ကြွားတောက်ပနေမယ့် အကို့ပုံရိပ်ကိုသာ သူ့ရင်ထဲက အမှန်တကယ် အလိုရှိပါသည် ။ အကိုနဲ့ဝေးနေရရင်တောင် အကိုမမြင်နိုင်တဲ့ တစ်နေရာကနေ အကို့အား မော့ငေးရင်း သူ ကျေနပ်ရောင့်ရဲနိုင်ပါလိမ့်မည် ။

မမသာဆိုရင် သူ မဖန်တီးပေးနိုင်တဲ့ မိသားစုဘဝမျိုးကိုလည်း အကို့အတွက် ဖန်တီးပေးနိုင်မည်လေ ။ လူမှုဝန်းကျင်အသိုင်းအဝိုင်းမှာလည်း အကို့အတွက် ပွဲလယ်တင့်တဲ့ ဇနီးအဖြစ် မမကသာ ဖြစ်တည်ပေးနိုင်မှာ ။

စသဖြင့် အဘက်ဘက်က တွေးလေလေ သူဟာ အကို့အတွက် မသင့်တော်ဘူးဆိုတဲ့ အနေအထားက ပိုပြီး ထင်ရှားလာလေလေ ဖြစ်လာသည် ။ ဒါဟာ ဝမ်းနည်းစရာကောင်းပေမယ့် ငြင်းလို့မရတဲ့ အမှန်တရားတစ်ခု ဖြစ်တာမို့ သူ လက်မခံချင်လည်း လက်ခံရမှာပဲ ဖြစ်သည် ။

သူနဲ့လက်တွဲလိုက်လို့ အကို့အတွက် အကျိုးဖြစ်ထွန်းစေမယ့်အရာမျိုး ဘာတစ်ခုမှ မရှိပါ ။

သူဟာ အကို့အတွက်တော့ လူပိုသက်သက်သာ ။

တကယ်ဆိုရင် ထင်းထင်သာဆိုတဲ့ သူဟာ မိသားစုထဲမှာတောင် မွေးဖွားမလာသင့်တဲ့ ကောင်မျိုးပါပဲ ။

**********

ဒီနေ့တစ်နေ့လုံး သူ့ကို အချိန်ပေးပါဆိုပြီး အကို့ကို တောင်းဆိုထားတာကြောင့် မနက်စောစောကတည်းက အကိုက သူ့အား အိမ်တိုင်ရာရောက် လာခေါ်ပေးခဲ့သည် ။

ကားမောင်းထွက်လာရင်း သူ့အား လှည့်ကြည့်လာကာ အကိုက စိုးရိမ်မကင်းသလို အသွင်ဖြင့်

" ကလေးလေး နေရောကောင်းရဲ့လား ၊ မျက်နှာက ညှိုးနေသလိုပဲ "

" ကောင်းပါတယ် အကို ၊ အိပ်ရာစောထလိုက်လို့ဖြစ်မယ် "

" အစောကြီး ကိုယ့်ကို ခေါ်ထားတာဆိုတော့ ကလေးရဲ့အစီအစဉ်တွေ ပြောပါဦး ၊ ပထမဆုံး ဘယ်သွားကြမလဲ "

" ရွှေတိဂုံဘုရားတက်မယ် အကို "

" အိုခေ အိုခေ ၊ ဒါဆို အခု ဘုရားကို မောင်းမယ်နော် "

" ဟုတ် "

ဘုရားရောက်တော့ မနက်စောစောမို့ လူရှင်းနေပုံရသည် ။ ဘုရားရိပ် တရားရိပ်မို့ထင်ပါသည် ။ ရင်ထဲက အလျှံငြီးငြီးအပူတွေတောင် အနည်းငယ်မျှ ငြိမ်းအေးသွားသယောင် ။

ဘုရားရှိခိုးတော့လည်း အရင်လို အကိုနဲ့အမြဲအတူတကွ မခွဲမခွာနေရပါစေရယ်လို့ ဆုမတောင်းမိတော့ပေ ။ ကိုယ်တိုင်ကပဲ ခွဲခွာရန်လမ်းကို ရွေးချယ်ခဲ့ပြီးပြီမို့ ပြည့်လာမှာမဟုတ်တော့တဲ့ ဆုတောင်းမျိုးတွေနဲ့လည်း ဘုရားရှင်ကို အပူမကပ်ချင်တော့ပါ ။

စေတီတော်ကြီးကို မော့ငေးနေတဲ့ အကို့ကို သူက တစ်ဖန်ပြန်ငေးနေမိတော့

" ကိုယ့်ကို ဘာတွေ ဒီလောက် ငေးကြည့်နေတာလဲ ကလေးလေးရဲ့ ၊ မသိရင် နောက်နေ့တွေ မတွေ့တော့မယ့်အတိုင်းပဲ "

တကယ်ကို နောက်နေ့တွေလည်း မတွေ့တော့မှာမို့ တစ်သက်စာအတွက် အခု တစ်ခဏမှာ ဝ,အောင် ငေးပါရစေ အကို ။ ဒီပုံရိပ်တွေကို ရင်ထဲမှာ အမြဲတမ်းအတွက် ရည်ရွယ်သိမ်းဆည်းရင်း အထီးကျန်ဘဝကို ရှေ့ဆက်နိုင်ဖို့ အားမွေးရဦးမယ်လေ ။

" ကျွန်တော့်ချစ်သူက ချောလို့ ငေးကြည့်နေမိတာပေါ့ "

" ဒီကလေးလေးကတော့ကွာ... "

အကိုက သူ့ခေါင်းကို လက်နှင့်ဖိအုပ်ကာ ဆံပင်တွေကိုပါ ဆွဲဖွရင်း ဟက်ဟက်ပက်ပက်ရယ်နေတော့သည် ။

ဒီအပြုံးတွေကို မြင်တော့ ဝေးကြရမယ့် ဘဝကြီးကို ပိုကြောက်လာတယ် အကိုရယ်..... ။

ကျွန်တော် အကိုနဲ့ဝေးတဲ့ဒဏ်ကို ခံနိုင်ရည်ရှိပါ့မလားနော် ။ မတတ်နိုင်ဘူးလေ ။ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို ဦးစားပေးရမယ့် ဘဝတွေဆိုတော့လည်း...... ။

အရာအားလုံးကို လွှတ်ချကာ စွန့်လွှတ်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီးသည့်နောက်မှာတောင်မှ အကို့အား တွယ်ကပ်လိုသည့် လောဘလက်ကျန်လေးနှင့် ဒီနေ့တစ်ရက်ကို မရမက ရယူမိရသေးသည် ။

ဒီတစ်ရက်ကိုတော့ အကို့ချစ်သူအဖြစ်နှင့် ချစ်သူတွေကြားမှာ လုပ်လေ့လုပ်ထရှိသည်များကို အကိုနှင့်အတူ လုပ်ဖူးသွားချင်သည် ။

" ကဲ ဘုရားကပြန်ရင် ကိုယ့်ကလေး ဘယ်သွားချင်သေးလဲ "

" တစ်ခုခုသွားစားမယ် ၊ ပြီးရင် ရုပ်ရှင်ကြည့်ချင်တယ် အကို "

" ဟုတ်ပါပြီဗျာ ၊ လူကြီးမင်းလေးသဘောအတိုင်းပါ "

အရာရာကို သူ့သဘောအတိုင်း အလိုလိုက် ဖြည့်ဆည်းပေးတဲ့အကိုက ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်သလဲနော် ။ ခွဲခွာဖို့ဆိုတဲ့ အတွေးကြီးသာ မရှိဘူးဆိုရင် ဒီလိုအခြေအနေဟာ သိပ်ကို ပျော်စရာကောင်းနေမှာပဲ ။

အခုတော့ သူ့မှာ အပူရုပ်ကို ဟန်လုပ်ဖုံးဖိပြီး အဖြစ်အပျက် အသေးစိတ်တိုင်းကို အကိုနဲ့တစ်သက်စာ အမှတ်တရတွေအဖြစ် ရင်ထဲမှာ ကြိတ်ကာသိမ်းဆည်းရင်း အကိုမရိပ်မိစေဖို့ အပြုံးတွေကို အသက်ပါအောင် ကြိုးစားဟန်ဆောင်နေရသည်က ငရဲတစ်ခုလို.... ။

ရုပ်ရှင်ကြည့်ကြတော့လည်း သူက ရုပ်ရှင်ကို စိတ်ဝင်စားလို့ လာကြည့်တာမဟုတ်ဘဲ အကိုနဲ့တူတူ ရုပ်ရှင်ကြည့်တယ်ဆိုတဲ့ feeling ကိုသာ ရယူလိုတဲ့သူမို့ ရုပ်ရှင်ပိတ်ကားကို မကြည့်ဘဲ အကို့မျက်နှာကိုသာ အမှောင်အားကိုးနဲ့ တိတ်တဆိတ်ငေးမောနေမိသည် ။

အခု အချိန်တွေဟာ အကို့အား ငေးမောခွင့်ရှိနေသည့် နောက်ဆုံးအချိန်တွေပါလားဆိုတဲ့ အတွေးကလည်း သူ့ရင်ကို ဓါးထက်ထက်နဲ့ လွှာချနေသည့်နှယ် ။

ဒီလို နာကျင်မှုမျိုးကို ဘဝအဆက်ဆက် ဘယ်သောအခါမှ ထပ်မကြုံချင်တော့ပြီ ။

• • • • • • • • • • • • • • • • • • • • • • • • • • • •

Continue Reading

You'll Also Like

37.7K 2.3K 29
မင္းကအင္းေရျပင္ႀကီးဆိုရင္ ကိုယ္ကမင္းနဲ႔ အၿမဲတမ္းမ်က္ႏွာခ်င္းဆိုင္ပဲရွိေနမယ့္ ေကာင္းကင္ျပာျကီးေပါ့ မင်းကအင်းရေပြင်ကြီးဆိုရင် ကိုယ်ကမင်းနဲ့ အမြဲတမ်းမျ...
662K 62.7K 68
Story Name - Signs Of The Fate (ကံၾကမၼာခ်ည္တဲ့ျကိုး) Own Creation Written by choyee6 Fic cover by - Wang Qiu I own the photo , please do not use Sta...
634K 60.3K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
245K 23.7K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...