Love, but Hurt (We meet again...
By HninAung913
661K 57.5K 4.8K
အကယ်၍ ကျွန်တော်တို့ နောက်တစ်ကြိမ်ပြန်ဆုံတွေ့ဖြစ်ကြရင်ကျွန်တော့်နားကနေ ထွက်မပြေးနိုင်တော့အောင် ခင်ဗျားကို တင်း... More
အပိုင်း ၁ ( ရှုပ်ထွေးသောအသိစိတ်များ)
အပိုင်း ၂
အပိုင်း ၃
အပိုင်း ၎
အပိုင်း ၅
အပိုင်း ၆
အပိုင်း ၇ *
အပိုင်း ၈
အပိုင်း ၉
အပိုင်း ၁၀
အပိုင်း ၁၁
အပိုင်း ၁၂
အပိုင်း ၁၃
အပိုင်း ၁၄
အပိုင်း ၁၅
အပိုင်း ၁၆*
အပိုင်း ၁၇
အပိုင်း ၁၈
အပိုင်း ၁၉
အပိုင်း ၂၀
အပိုင်း ၂၂
အပိုင်း ၂၃
အပိုင်း ၂၄
အပိုင်း ၂၅
အပိုင်း ၂၆
အပိုင်း ၂၇
အပိုင်း ၂၈
အပိုင်း ၂၉
အပိုင်း ၃၀
အပိုင်း ၃၁( Final part)
Extra Part (ဟနျးနီးမှနျး)(ဟန်းနီးမွန်း )
Extra Part II(ဝကျဝံသုံးကောငျ)(ဝက်ဝံသုံးကောင်)
Question and Answer
Will come to you soon
Announcement
Season 3
Extra Part III (နားလည်မှုတို့နှင့် တည်ဆောက်ထားသော ၁)
Extra Part III (နားလည်မှုတို့နှင့် တည်ဆောက်ထားသော ၂)
ChiBi Arts Of Season2
အပိုင်း ၂၁
12.6K 1.3K 180
By HninAung913
"ရှီးယန် မင်းဘာလို့ ငါတို့ကို.
အခုထိမလှုပ်ရှားခိုင်းသေးတာလည်း
ဟိုကောင်တွေက တကယ်ကို
တီးတိုးရေ ရွတ်မိသည်။
ရွှန်းလဲ့လာလေသည်။
ကြက်သေသေနေလေ၏။
အလေးပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်...... "
..............................
အထုတ်ကလေးကို မြှောက်ရင်း ပြောနေသည်။
ပုံစံက သူ၏ မျက်မှောင်ကို ကြုတ်စေသည်။
"အန်းလု....."
အိမ်ထဲတွင်မူ
ထိုင်ခုံပေါ်တွင် ကျကျနနထိုင်နေရင်း.လက်ထဲရှိ စီးကရက်ကို မီးညှိနေသည်။.
အန်းလုကို ကြည့်ကာ
လွန်ခဲ့သော ကိုးနှစ်ခန့်က မိမိတို့အိမ်လေးကိုလည်း.
ထိုလူကြီးက အန်းလုအနားသို်
"အ့....."
"ဟားဟား..... မင်းမသိတာကို.
"အန်းလု.........."
ထွက်ပေါ်လာလေသည်။
အချက်ပြလိုက်သည်။
ဆက်ချုပ်ထားမြဲ။.
"အန်းလု... အဆင်ပြေလား...."
"အင်း...."
အမြန်ဖုန်းဆက်လိုက်....."
နောက်ဘက်တွင် လဲကျသော သုအား
အော်လေသည်။
"Hello...ရဲစခန်းကလား....
"အန်းလု....သတိထား....."
"အ့........."
ထွေးထားလျက်ပင် ဘေးသို့ ကျသွားလေသည်။
ချီရှန်းကိုသာ လှုပ်နှိုးနေမိသည်။
သူ့ရှေ့မှာ သတ်စေချင်တာ ငါတို့သဘောကျလုပ်လို့မရဘူး နှစ်ယောက်လုံးကို အရင်ဖမ်းခေါ်လာခဲ့လိုက်..."
"ဟုတ်ကဲ့....."
.......................................
"အား........."
ချုပ်နှောင်ကာထားသည်။
အရင်ဆုံးရှာသည်။ မူးဝေနေမှုက ယခုအချိန်ထိ
ရှိနေဆဲပင်။
ကိုင်ကာထားသည်။
"နိုးလာပြီလား...."
အန်းလုကို ကိုင်လျက်ပင် အရှေ့သို့ထွက်လာသည်။
ထိုလူက သူ၏လက်ထဲတွင် ဓားမြှောင်တစ်ခုကို
ကိုင်ကာထားသည်။
"မင်း ဘာလုပ်မလို့လည်း....
လက်မောင်းနားအား ဓားဖြင့် ဖြတ်လိုက်သည်။
"အား......"
တုန်ယင်နေလေသည်။
"နှစ်ယောက်လုံးကို လွှတ်ပေးလိုက်...."
.................................
.....................................
မိထားသေးတယ်ပြောတယ်
အမြန်ပင် အပေါ်ကုတ်အင်္ကျီကို
"ငါ့နောက်ကလိုက်ခဲ့...."
"ဟုတ်ကဲ့...."
........................................
"ဒါမပြောပလောက်ပါဘူး....
ရှန်းရှန်း....သတိထား..."
နှစ်ဦးသားစကားပြောနေစဉ် ရုတ်တရက်ဆန်စွာသော တိုက်ခိုက်မှုက ချီရှန်း၏
မတ်တပ်ရပ်ကာ ရှေ့တွင် ကာလိုက်ပြန်သည်။
ထို ဓားချက်က အန်းလု၏
"အား........"
ပြုတ်ကျလေတော့သည်။
မေ့မြောသွားချေလေပြီ။
"သူ့ပါသတ်လိုက်တော့....."
ဝိုင်းလာကြသည်။
"အ့.........."
ကျလေတော့သည်။
နောက်ဘက်ရှိ သန်မာသော
ရောက်နေလေချေပြီ။
ထိုသူ၏ မျက်ခွတ်အား ထိုသံတုတ်ဖြင့်ပင်.ပိတ်လွှဲကာရိုက်ပစ်လိုက်သည်။
ခေါင်းဆောင် ဖြစ်သူက
ရှီးယန်အား မေးလေသည်။
"ဗျာ....."
"သူ့ကို အမြန်သယ်သွား...."
"ဟုတ်ကဲ့ပါ...."
"ပေကျင်းက ရဲတွေနဲ့ ဘာအရှုပ်အရှင်းမှ
မလုပ်နိုင်ဘူး...ဖြစ်လာတဲ့ ပြသနာ မင်းတို့ဘာသာရှင်း...."
ထွက်သွားတော့သည်။
.ငေးငိုင်နေမိကြသည်။
တယောက်က ဆိုလာသည်။
"သွားကြရအောင်..... နောက်မှ
ဘယ်လိုလုပ်မှာလည်း..."
ကြည့်လိုက်သည်။
ပြီးပါပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
.
.
.
.
.
.
.
.
.
.
.
.
.
.
.
👻စတာပါ👻
"ရှီးယန် မင်းဘာလို့ ငါတိူ့ကို.
အခုထိမလွုပ်ရှားခိုင်းသေးတာလည်း
ဟိုကောင်တွေက တကယ်ကို
စိတ်မရှည်ကြတော့ဘူးနော်....."
"ငါက စောင့်ဆိုစောင့်လိုက်ပေါ့
သားကောင်က ကိုယ့်လက်ခုပ်ထဲရှိနေတာပဲ...
ဘာကို အဒွန့်တတ်ချင်နေရတာလည်း..."
ရှီးယန်က ခပ်မာမာပြောလိုက်ရင်း
ဖုန်းကို ပိတ်ကာ စားပွဲပေါ်ပစ်တင်လိုက်သည်။
"ဘေးမှာ အကိုချီရှန်း ရှိနေရင်
ငါသူ့ကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး...
အဓိက က သူသိသွားလို့မဖြစ်တာပဲ......"
အပြင်ဘက်ကိုငေးကြည့်ရင်းပင်
တီးတိုးရေ ရွတ်မိသည်။
တရွေ့ရွေ့လျောက်လာသော ချီရှန်းအား သူမြင်မိသည်နှင့် ချက်ချင်းပင် မျက်ဝန်းတို့က
ရွွန်းလဲ့လာလေသည်။
အပေါက်ဝကို ချက်ချင်းသွားပြီး.
ချီရှန်းအား တံခါးဖွင့်ပေးလိုက်သည်။
ထိုအပြုအမူကြောင့် ချီရှန်းက
ကြက်သေသေနေလေ၏။
"ရှီးယန်...ကျွန်တော့်ကို ခွင့်တွေအများကြီးပေးလို့.ကျေးဇူးတင်ပါတယ် အလုပ်မထုတ်ဘူးဆိုရင်
ဒီထက်ပို ကြိုးစားပါ့မယ်...."
"အာ...ကျွန်တော်က အကိုချီရှန်းကို
.ဘာကိစ္စအလုပ်ထုတ်ရမှာလည်း
အကိုချီရှန်း ဘာအမှားမှမ မလုပ်ထားတဲ့ဟာကို..."
ချီရှန်းက ခေါင်းအသာငုံ့ကာ
အလေးပြုလိုက်သည်။
"ကျေးဇူးတင်ပါတယ်...... "
(ရှီးယန်က ထူးဆန်းနေတယ်....
သူက ဒီလို နူးနူးညံညံ့ ဆက်ဆံတတ်တဲ့
ယောက်ျားတယောက်မှမဟုတ်တာ...)
..............................
"အန်းလု...အတွက်ပဲပေါင်မုန့်....
သူ..ဒါကိုမြင်ရင် အတော်ဝမ်းသာသွားမှာ..."
ချီရှန်းက လက်ထဲတွင်ဆွဲလာသော
အထုတ်ကလေးကို မြေှာက်ရင်း ပြောနေသည်။
ခြံပေါက်ဝကိုရောက်တော့ မူမမှန်သော
ပုံစံက သူ၏ မျက်မေှာင်ကို ကြုတ်စေသည်။
ခြံဝင်းရှိ တချို့ပစ္စည်းများကပျက်စီးကာနေ၏။
"အန်းလု....."
ချီရှန်း အမြန်ရေရွတ်လိုက်ရင်း
အိမ်ထဲသို့ အတင်းပြေးဝင်လိုက်သည်။
အိမ်ထဲတွင်မူ
ဆယ်ယောက်ထက်မနည်းသော ဝတ်စုံအနက်ကိုယ်စီဖြင့် လူထွားကြီးများက
တစ်အိမ်လုံးကို ဖျက်စီးနေသည်။
အန်းလုကိုမူ လူတယောက်က
လက်နောက်ပြန်ချုပ်ထားလေ၏။
ခေါင်းဆောင်ဟုထင်ရသောသူက
ထိုင်ခုံပေါ်တွင် ကျကျနနထိုင်နေရင်း.လက်ထဲရှိ စီးကရက်ကို မီးညိှနေသည်။.
ထို စီးကရက်အား တချက်ဖွာလိုက်ရင်း
အန်းလုကို ကြည့်ကာ
"ကောင်လေး....ငါ့ကိုမှတ်မိတယ်မလား..."
အန်းလု၏ ကိုယ်က တုန်ယင်နေ၏။
လွန်ခဲ့သော ကိုးနှစ်ခန့်က မိမိတိူ့အိမ်လေးကိုလည်း.
ထိုနည်းအတူ လာရောက်ဖျက်စီးခဲ့ဖူးသည်။
ထိုမျက်နှာကြီးအား သူမသိစရာအကြောင်းမရှိ။
အန်းလုက တခွန်းမဟသောကြောင့်
ထိုလူကြီးကပင်ဆက်ပြောလေသည်။
"မင်းသိလား...ငါတို့ မင်းတို့သားမိကို
အတော်လေးရှာခဲ့ပါသေးတယ်
အတော်ပျောက်ချက်သားကောင်းတယ်နော်..."
ထိုလူကြီးက အန်းလုအနားသိူ်
ရောက်လာပြီး အန်းလု၏ ပါးနှစ်ဖက်အား.သူ၏ လက်တဖက်တည်းဖြငိ့ ဆွဲ ညစ်နေသည်။
"အ့....."
"ဘယ်မှာလည်း.....ငါ့ပိုက်ဆံတွေ...."
အန်းလုက ရုန်းထွက်လိုက်ရင်း
"ကျွန်တော်ဘယ်လိုလုပ်သိမှာလည်း...."
"ဟားဟား..... မင်းမသိတာကို.
ငါကယုံမယ်ထင်တယ်ပေါ့......အိမ်း......
ထားလိုက်ပါတော့... မင်းအစား ပိုက်ဆံဆပ်ပေးမဲ့သူရှိနေပြီဆိုတော့.....မင်းသိလား...
သူကလေ...သန်းတစ်ထောင်ရှိတဲ့ပိုက်ဆံတွေကို.ငါ့ကိုပေးမယ်တဲ့...အဲ့အတွက်လည်း
ငါပြန်လုပ်ရမှာက ရှင်းရှင်းလေး
မင်းကို သတ်ပြပေးရုံပဲ....ဟားဟားဟားဟား...
ဘယ်လောက်လွယ်လိုက်သလည်း...."
"အန်းလု.........."
ချီရှန်း၏ အသံက တံခါးဝမှနေ၍
ထွက်ပေါ်လာလေသည်။
.သူ၏အကြည့်က ထိုလူကြီးအား
အစိမ်းဝါးစားတော့လုမတတ်ပင်။
ချက်ချင်းပင် ပြေးလာလိုက်ပြီး
ထိုလူအား တိုက်ခိုက်လေတော့သည်။
ချီရှန်း၏ ကန်ချက်ကြောင့်ဘေးသို့.
လဲကျသွားသော ထိုလူကြီးက ချက်ချင်းကောက်ထပြီး
သူ၏ လူများကို တိုက်ခိုက်ရန်
အချက်ပြလိုက်သည်။
အန်းလုကို မူ ဘေးတွင်သာ
ဆက်ချုပ်ထားမြဲ။.
ချီရှန်းက ထိုလူများနှင့် အသေအကြေ
တိုက်ခိုက်နေသည်။ ဘုရင်တစ်ပါးအနေဖြင့်.စွမ်းရည်က မညံ့လှသော်လည်း အတွင်းအား.
မရှိတော့သည့်အတွက် ထင်သလောက်တော့ အားမသုံးနိုင်တော့ပေ။
သို့သော်လည်း အသာစီးရနေသေးသည်။
ဒီဘက်လွတ်သည်နှင့် အန်းလုဘက်သို့
ချက်ချင်းပြေးသွားပြီး အန်းလုကိုဖမ်းထားသည့်သူအား ပိတ်ကန်ထည့်လိုက်သည်။
ထိုသူ နောက်ဘက်သို့ လဲကျသွားသည်နှင့်
"အန်းလု... အဆင်ပြေလား...."
"အင်း...."
"ရော..ကိုယ့်ဖုန်းယူ...ရဲစခန်းကို
အမြန်ဖုန်းဆက်လိုက်....."
ချီရှန်းက အိတ်ကပ်ထဲကမှ ဖုန်းအား.အန်းလုလက်ထဲသို့ အမြန် ထည့်ပေးလိုက်သည်။
ပြီးနောက် ပြန်ထလာနေသော ထိုလူများအား
ဆက်တိုက်ခိုက်ရန် သွားလေသည်။
အန်းလုက အမြန်ပင် ဖုန်းကိုဖွင့်ကာ
ရဲစခန်းသို့ အကြောင်းကြားရန်ပြင်သည်။
လူဆိုးခေါင်းဆောင်ဖြစ်သူက
နောက်ဘက်တွင် လဲကျသော သုူအား
အော်လေသည်။
"သူ့ကိုတားလေ...သောက်ရုးရဲ့...."
"Hello...ရဲစခန်းကလား....
ဟုတ်...ကျွန်တော့အိမ်ကို လူမိုက်တွေလာရမ်းကားနေလို့ပါ...အမြန်လာခဲ့ပေး...."
"အန်းလု....သတိထား....."
ထိုသူက အမြန်ထလိုက်ပြီး
ဘေးတွင်ရှိနေသော သစ်သားခုံတစ်လုံးကို
ကောက်ကိုင်လိုက်ပြီး အန်းလုဆီဦးတည်လျက်
ရိုက်ချရန် ပြင်လိုက်သည်။
ထိုအရာကို တိုက်ခိုက်နေသော
ချီရှန်းက မြင်ပြီး အန်းလုဆီအမြန်ပြေးလာသည်။
လျင်မြန်စွာပင် အန်းလု၏ ခန္တာကိုယ်လေးကို
သိမ်းကာ အုပ်မိုးလိုက်ပြီး
ထို သစ်သားခုံ၏ ရိုက်ချက်အား ခံယူလိုက်သည်။
"အ့........."
ခေါင်းနောက်မှနေ၍ ကျောလည်လောက်အထိပင်
ထိုခုံ၏ ရိုက်ချက်က သက်ရောက်စေသည်။
ခုံသည်လည်း တစ်စစီကြေမွသွား၏။
ချီရှန်းသည်လည်း အန်းလုကို
ထွေးထားလျက်ပင် ဘေးသိူ့ ကျသွားလေသည်။
"ရှန်းရှန်း.....ရှန်းရှန်း......"
အန်းလုက ထိတ်လန့်ကာနေလေ၏။
တခြားသူများကိုပင် ဂရုမစိုက်နိုင်ပဲ
ချီရှန်းကိုသာ လွုပ်နွိုးနေမိသည်။
"ခေါင်းဆောင် မကြာခင်ရဲတွေရောက်လာမယ်ထင်တယ် ဘယ်လိုလုပ်ရမလည်း....."
"အမြန်နေရာရွေ့မယ်...ဟိုတယောက်က
သူ့ရေှ့မှာ သတ်စေချင်တာ ငါတို့သဘောကျလုပ်လို့မရဘူး နှစ်ယောက်လုံးကို အရင်ဖမ်းခေါ်လာခဲ့လိုက်..."
"ဟုတ်ကဲ့....."
အန်းလုက သူတို့သတိမထားမိခင်ပင်
ဖုန်းကို အမြန်ဖွတ်လိုက်သည်။
.......................................
"အား........."
"ရှန်းရှန်း....သတိရပြီလား...ရှန်းရှန်း
အဆင်ပြေရဲ့လား...တောင်းပန်ပါတယ် ကျွန်တော့ကြောင့်....."
လမ်းတလျောက်လုံး ပိတ်အိတ်အမဲဖြင့်.
စွပ်ကာခေါ်လာခြင်းကြောင့်
အန်းလုမည်သို့မျှ တည်နေရာအား မအော်နိုင်ချေ။
မေ့မြောနေသော ချီရှန်းနှင့် အန်းလုတို့အား
ဂိုဒေါင်တစ်ခုနှင့် တူသော နေရာတွင်
ချုပ်နေှာင်ကာထားသည်။
ချီရှန်းက နိုးလာပြီးနောက် အန်းလုကို.
အရင်ဆုံးရှာသည်။ မူးဝေနေမွုက ယခုအချိန်ထိ
ရှိနေဆဲပင်။
ထိုလူများက သံတုတ်များကို.
ကိုင်ကာထားသည်။
ခေါင်းဆောင်ဖြစ်သူက ထိုင်ကာကြည့်နေ၏။
ချီရှန်းကိုမူ အလည်တွင်ရှိသော တိုင်တွင်
ကြိုးဖြင့် လက်ပြန်ချည်ထားသည်။
အန်းလုကိုလည်း လက်ပြန်ကြိုးချည်ကာ
လူတယောက်က ချုပ်ထားပြန်သည်။
"နိုးလာပြီလား...."
ခေါင်းဆောင်ဖြစ်သူကဆိုသည်။.သူက လက်အမူအရာဖြင့်ပြလေတော့
အန်းလုကို ချုပ်ထားသော လူကြီးက
အန်းလုကို ကိုင်လ ျက်ပင် အရေှ့သိူ့ထွက်လာသည်။
ချီရှန်းက ထိုအပြုအမူကြောင့်
မျက်ဝန်းတို့ပြူးကျယ်လာလေ၏။
ထိုလူက သူ၏လက်ထဲတွင် ဓားမြေှာင်တစ်ခုကို
ကိုင်ကာထားသည်။
ချီရှန်းက နောက်ပြန်ကြိုးတုတ်ခံထားရသော
လက်များကို အတင်းရုန်းကန်နေရင်း
"မင်း ဘာလုပ်မလို့လည်း....
တစ်ခုခုလုပ်မယ်ဆို...ငါ့ကိုပဲလုပ်...ငါကိုလုပ်
သူ့ကို မထိနဲ့...သူ့ကိုထိဖို့မကြိုးစားနဲ့..."
ခေါင်းဆောင် ဖြစ်သူကရီလျက်ပင်
ထိုသူအား လက်ထောင်ပြလိုက်သည်။
ချက်ချင်းဆိုသလိုပင် ထိုသူကသဘောပေါက်ဟန်
ခေါင်းညိမ့်လိုက်ပြီး အန်းလု၏
လက်မောင်းနားအား ဓားဖြင့် ဖြတ်လို်က်သည်။
"အား......"
"မလုပ်နဲ့...မလုပ်နဲ့လို့.....ငါ့ကိုလုပ်...
မင်းတို့ ဖြစ်ချင်တာကိုပြောလိုက်...ပိုက်ဆံလား
ငါ့ကို အချိန်နည်းနည်းပေး ငါရှာပေးမယ်
မင်းတို့လိုချင်လောက်ငါပေးနိုင်တယ်....."
ခေါင်းဆောင်ဖြစ်သူက ရီလေသည်။
"ဟားဟားဟား တကယ်ကြီးလား...."
အန်းလုက သွေးထွက်သွားလေသော
သူ၏လက်မောင်းဒဏ်ရာကို ငေးကြည့်ကာ
တုန်ယင်နေလေသည်။
"နှစ်ယောက်လုံးကို လွွတ်ပေးလိုက်...."
.................................
"ဖုန်းရဲ့ တည်နေရာကို ရှာလို့ရပြီလား..."
"ရပြီ...မြို့ပြင်က မသုံးတော့တဲ့.ဂိုဒေါင်တစ်ခုနားမှာ"
အဆက်အသွယ်ရပြီးပြီးချင်း
ပြန်လည်ပြတ်တောက်သွားသောကြောင့်
ရဲများ ထိုဖုန်းကို သာ ခြေရ.ာခံနေရသည်။
နောက်ဆုံး တည်နေရာသိရသည်နှင့်
ရဲတပ်ဖွဲ့တစ်ခုလုံး အမြန်စီစဉ်ကာ ထွက်ခွာကြတော့သည်။
.....................................
"ဘာပြောလိုက်တယ်....အဲ့ကောင်တွေ
တကယ်ကိုရူးသွားကြပြီလား....."
"ဟုတ်တယ်...ငါပြောတယ်မလား
သူတို့မစောင့်နိုင်ကြတော့ဘူးလို့.....
ဒါလည်းကောင်းတယ်မလား..စောစောပြီးသွားတာပဲလေ နောက်ထပ်လူ တယောက်ကို တောင်
မိထားသေးတယ်ပြောတယ်
အတော်ခေါင်းမာတဲ့လူတဲ့....."
"လဲသေလိုက်...ကျက်သရေတုန်းတဲ့ သတ္တဝါတွေ
အခု ဘယ်မှာလည်း သူတို့တွေ..."
ရှီးယန်က ဖုန်းကို ပိတ်ချပစ်လိုက်သည်။
အမြန်ပင် အပေါ်ကုတ်အကျႌကို
ဝတ်လိုက်ပြီး အပြင်ဘက်သို့ထွက်လာလိုက်သည်။
အိမ်အပြင်၌ပင်စောင့်ကြပ်နေသော
ဘော်ဒီဂတ်များကို ခေါ်လိုက်ပြီး
"ငါ့နောက်ကလိုက်ခဲ့...."
"ဟုတ်ကဲ့...."
........................................
"ရှန်းရှန်း...ကျောက အဆင်ပြေရဲ့လား
ခေါင်းကရော...နာနေသေးလား..."
"ဟင့်အင်း...ကိုယ်အဆင်ပြေတယ်...
အန်းလုလက်က အဆင်ပြေရဲ့လား......"
"ဒါမပြောပလောက်ပါဘူး....
ရှန်းရှန်း....သတိထား..."
နှစ်ဦးသားစကားပြောနေစဉ် ရုတ်တရက်ဆန်စွာသော တိုက်ခိုက်မွုက ချီရှန်း၏
အနောက်ဘက်မှ ထွက်ပေါ်လာသည်။
အန်းလုက ချီရှန်းကို တွန်းဖယ်ပစ်လိုက်ပြီး
မတ်တပ်ရပ်ကာ ရေှ့တွင် ကာလိုက်ပြန်သည်။
ပထမတစ်ခု မြှားဒဏ်ရာကို
ဝန်ခံသကဲ့သို့ပင် ထပ်မံကာဓားဒဏ်ရာ။
ထို လူ ဦစတည်သောသူက ချီရှန်းဖြစ်သော်လည်း
ထို ဓားချက်က အန်းလု၏
ဝမ်းဗိုက်သို့ လာစိုက်လေသည်။
"အား........"
အန်းလုက ချီရှန်း၏ အပေါ်သို့
ပြုတ်ကျလေတော့သည်။
"အန်းလု....အန်းလု...မဖြစ်ဘူး...
ထပ်မဖြစ်ရဘူး...အဲ့အဖြစ်မျိုး...ထပ်ပြီး...
မလုပ်ပါနဲ့....ထပ်...ထပ်မဖြစ်ပါနဲ့..ကျေးဇူးပြုပြီး... "
အန်းလုက ချီရှန်း၏ ရင်ခွင်ထဲ၌ပင်
မေ့မြောသွားချေလေပြီ။
"သူ့ပါသတ်လိုက်တော့....."
အမိန့်ရသည်နှင့်တပြိုင်နက်
ထိုလူများက ချီရှန်းကို မကျေမနပ်ပင်
ဝိူင်းလာကြသည်။
အားလုံးနီးပါး က ချီရှန်းကြောင့် ဒဏ်ရာရခဲ့ကြသည့်အတွက် တယောက်မှ မကျေနပ်ကြပေ။
သံတုတ်ကိုင်ထားသောတယောက်က
ချီရှန်း၏ ခေါင်းအနောက်ဘက်အား
ထိုသံတုတ်ဖြင့် ရိုက်ချလိုက်သည်။
"အ့.........."
သွေးတစ်ချို့ ယိုစီးကာ လူသည်လည်း
.ကြမ်းပြင်နှင့် တစ်သားတည်း
ကျလေတော့သည်။
ထပ်မံ၍ ရိုက်ရန်ပြင်ကြစဉ်
ပြင်ပရှိ ကားသံကြောင့် ခေါင်းဆောင်က ခတ္တရပ်တန့်စေသည်။
"ခနလေး ဘယ်သူလည်းမသိဘူး...."
နောက်ဘက်ရှိ သန်မာသော
လူလေးယောက်ခြံရံထားသော ရှီးယန်က
အမြန်ပင် ဝင်ရောက်လာသည်။
ကြမ်းပြင်တွင် သွေးအလိမ်းလိမ်းဖြစ်နေသော
ချီရှန်းကို မြင်ပြီးနောက်
သူ၏ ဒေါသက ငယ်ထိပ်ထိပင်
ရောက်နေလေချေပြီ။
သူက သူနှင့် မနီးမဝေးတွင် ရှိနေသော
လူတယောက်၏ လက်ထဲရှိ သံတုတ်အား
ဆွဲယူလိုက်ပြီး ချီရှန်းအား ရိုက်လိုက်သော
ထိုသူ၏ မျက်ခွတ်အား ထိုသံတုတ်ဖြင့်ပင်.ပိတ်လွွဲကာရိုက်ပစ်လိုက်သည်။
ခေါင်းဆောင် ဖြစ်သူက
မယုံကြည်နိုင်စွာပင် ချက်ချင်းထ၍
ရှီးယန်အား မေးလေသည်။
"သခင်လေး...ဘာဖြစ်လို့လည်း...
ဒါက သခင်လေး သတ်ချင်နေတဲ့သူပဲလေ..."
ရှီးယန်က ထိုလူ၏ မျက်ခွက်အား
သံတုတ်ဖြင့် ချိန်လိုက်သည်။
"မင်း...သောက်ပိုက်ဆံတပြားမှမရဘူးမှတ်...
အဲ့တာ ငါ့လူကို ထိတဲ့အပြစ်ပဲ...
ပြီးတော့ သူတစ်ခုခုဖြစ်ခဲ့ရင်
မင်းလည်း လူ့လောကမှာ ဆက်မနေစေရဘူး..."
"ဗျာ....."
ရှီးယန်က သံတုတ်ကိုပစ်ချလိုက်ပြီး
သူ့နောက်ရှိ လူများအား အမိန့်ပေးလိုက်သည်။
"သူ့ကို အမြန်သယ်သွား...."
"ဟုတ်ကဲ့ပါ...."
လူနှစ်ယောက်က အမြန်ပင်
ချီရှန်းအား သယ်သွားတော့သည်။
အပြင်တွင်လည်း ရဲကားအသံများက
ဆူညံစွာထွက်ပေါ် လာလေသည်။
ရှီးယန်က ထိုသူတို့အားကျောခိုင်းထားလျက်ပင်
"ပေကျင်းက ရဲတွေနဲ့ ဘာအရွုပ်အရှင်းမှ
မလုပ်နိုင်ဘူး...ဖြစ်လာတဲ့ ပြသနာ မင်းတိူ့ဘာသာရှင်း...."
ရှီးယန်က နောက်ကိုပင်လှည့်မကြည့်တော့ပဲ
ထွက်သွားတော့သည်။
ခေါင်းဆောင်နှင့်တကွ ကျန်သူများက
.ငေးငိုင်နေမိကြသည်။
တယောက်က ဆိုလာသည်။
"ခေါင်းဆောင်...ကျွန်တော် တို့
အမြန်ထွက်မှ ဖြစ်ပါ့မယ်..."
"သွားကြရအောင်..... နောက်မှ
ချန်ဖန်းကို မေးရမှာပဲ..."
"ဟုတ်.... ဒါနဲ့...ဒီတစ်ကောင်ကို
ဘယ်လိူလုပ်မှာလည်း..."
ခေါင်းဆောင်ဖြစ်သူကလဲကျနေသော
အန်းလုကို ကြည့်လိုက်ရင်း
ဘေးတွင် အိုင်ကာနေသော သွေးကွက်ကိုပါ
ကြည့်လိုက်သည်။
"ထားလိုက်..... သေနေလောက်ပြီ....
ဒီလောက်ဆို အသက်ရှင်စရာအကြောင်းကိုမရှိတာ.."
ပြီးပါပြီ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
..
.
.
.
.
.
.
.
.
.
.
.
.
.
.
👻စတာပါ👻
Continue Reading
You'll Also Like
2.4M 165K 71
ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း.....ဖြစ်တည်လာတဲ့ တခုတည်းသောတောင်းဆုက မင်းပဲ...... အန်းလု ရင်ထဲမှာတောင်းဆုတစုံတရာမရှိခဲ့ပေမဲ့လည်း..... ဖြစ်တည်...
189K 13.9K 49
ဟိတ် ဟိုကောင်လေး အချိန်စေ့ပြီ အိမ်စာလာထပ်ချည်တော့..! - စောသိုက်ခေတ် မော်​ကြီးဆိုတဲ့အကောင် လမ်းမှာ ခွေးချီးတက်နင်းပြီး ချော...
1.6M 199K 74
Unicode ၁၉၄၀ခုနှစ်လောက်က ဇာတ်လမ်းတစ်ပုဒ်။ မိန်းမအဝတ်အစား၊ မျက်နှာချေမှုန့်၊ နှုတ်ခမ်းနီရဲရဲတို့ကို နှစ်ခြိုက်ခဲ့သော ယောကျ်ားပျိုတစ်ယောက်၏ အမည်ကား မြတ...
399K 10K 51
တစ်နေ့တစ်နေ့ခေါင်းထဲမှာကလဲ့စားချေမှုသာအပြည့်ရှိနေသော ခပ်အေးအေးနေတတ်သော မာဖီးယားနှင့်.... ဘာပဲလုပ်လုပ် တလွဲတွေလုပ်တတ်နေသော ကောင်မလေးတို့ နှစ်‌ယောက်ဟာ...