(zawgyi)
"အ့ ကြၽတ္... ကြၽတ္.. "
"အ အခ်စ္ ဟြန္းေလး သတိရလာၿပီလား"
စိုးရိမ္စိတ္အျပည့္ရွိေနတဲ့ မ်က္ဝန္းမဲမဲေတြ
ဆယ္ဟြန္း ေရာက္ေနတဲ့ အခန္းကို မ်က္လုံး
ေဝ့ၾကည့္မိေတာ့ ေဆး႐ုံ?
"အခ်စ္ အကိုႀကီး ေတာင္းပန္ပါတယ္ေနာ္
ကိုႀကီးေလ သတိလက္လႊတ္ျဖစ္သြားလို႔ပါ"
မ်က္ရည္အဝဲသားနဲ႕အတင္းေတာင္းပန္ေနတဲ့
အကိုႀကီးကို ဆယ္ဟြန္းတစ္ခုခုေျပာဖို႔
လုပ္ေပမဲ့ လည္ေခ်ာင္းေတြနာေန၏...
"ေရ.. ေရေပးပါ"
"ေရ! အိုေက ခ ခဏေနာ္
အကိုႀကီး ယူလာေပးမယ္ "
ေဘးနားကစားပြဲေပၚက ေရခြက္ယူကာ
ေရထည့္ၿပီး ဆယ္ဟြန္းကိုေသခ်ာထူေပး၏
"အ့.....
တစ္ကိုယ္လုံးနာေနတယ္ ဆယ္ဟြန္း
ငုတ္တုတ္ေလးျဖစ္သြားမွ ေရယူတိုက္တယ္
"အခ်စ္ ေနသာရဲလား ေျခေထာက္က
နာေနလားဟင္"
အကိုႀကီးေျပာမွ ဆယ္ဟြန္း ေစာင္ေအာက္က
ေျခေထာက္ကိုၾကည့္မိေတာ့ ႏွစ္ဖက္လုံး
ဒူးအထက္နားထိေက်ာက္ပတ္တီးအျပည့္
"ေျခေထာက္က?"
"ႏွစ္ဖက္လုံး က်ိဳးသြားတာ "
ေခါင္းငုံရင္း ခပ္တိုးတိုးေလး
ခ်န္းေယာလ္ေျပာလိုက္သည္
"အခ်စ္ အကိုႀကီးေတာင္းပန္ပါတယ္ေနာ္
အဲ့တြက္ အခ်စ္ႀကိဳက္တဲ့အျပစ္ေပးပါ
အကိုႀကီးခံယူမယ္ေလ "
ဆယ္ဟြန္း အကိုႀကီးပုံစံကိုၾကည့္ကာ
မ်က္ရည္ေတြက က်လာရ၏
ဘယ္ႏွရက္မအိပ္ထားေသးလဲမသိဘူး
မ်က္တြင္းကမဲလို႔ ႏႈတ္ခမ္းေမႊးေတြပင္
အနည္းငယ္ေပၚေန၏...
"ဟြန္းကို ဖက္ထားေပး"
"ဟမ္!"
"ဟြန္းကို ဖက္ထားေပးပါလို႔"
"ေအာ္ အင္း အင္း "
ထိုင္ေနတဲ့ ဆယ္ဟြန္းခုတင္ေပၚတက္လာကာ
ေပြ႕ဖက္လာ၏....
".အကိုႀကီးကို စိတ္ဆိုးတယ္မလား "
"ဟင့္ ဟင့္အင္း ဟြန္း အကိုႀကီးကို
လုံးဝစိတ္မဆိုးပါဘူး "
".အကိုႀကီးေၾကာင့္ ဒီလိုျဖစ္ရတာေလ"
"ဟင့္အင္း ဟြန္းငယ္ ဘာမွမျဖစ္လို႔
အကိုႀကီးစိတ္မညစ္နဲ႕ေနာ္ "
"အြန္း "
"သိပ္ခ်စ္တယ္ အကိုႀကီး"
စိတ္ခ်ပါ ဟြန္းေၾကာင့္ အကိုႀကီး
စိတ္မညစ္ေစရေတာ့ဘူး
ေနာက္ထပ္စိတ္မရႈပ္ေထြးေစရေတာ့ပါဘူး
အကိုႀကီး ထားသလိုေန ေစရာသြားပါမယ္
အဲ့ဒါေၾကာင့္.....
အဲ့ဒါေၾကာင့္....
အရင္တုန္းလို အျဖစ္မ်ိဳးေတြ ထပ္မျဖစ္ပါနဲ႕
ဟြန္းငယ္ သိပ္ေၾကာက္တယ္ အကိုႀကီး...
တသိမ့္သိမ့္တုန္ေအာင္ ရွိုက္ငိုေနတဲ့
အခ်စ္ကိုယ္လုံးေလးကို ခ်န္းေယာလ္
တင္းၾကပ္ေနေအာင္ ဖက္ထားလိုက္သည္...
"ဟင့္အင္း ေဆး႐ုံမွာ မေနခ်င္ဘူး
အကိုရွင္း အိမ္ပဲျပန္ရေအာင္"
"ေျခေထာက္ကို စိတ္ခ်ရတဲ့ထိေတာ့
ေနလိုက္ပါ ဟြန္းနီးရ "
"စိတ္မြန္းၾကပ္လို႔ပါ အိမ္မွာဆိုေတာ့
ေတာ္ေသးတယ္ အကိုႀကီးကိုလည္း
စိတ္မခ်လိဳ႕ "
".အကိုရွိေနတာပဲ ခ်န္းေယာလ္တြက္
စိတ္ခ်ပါ ဟြန္းနီး"
ဆယ္ဟြန္း ေခါင္းခါရမ္းလိုက္သည္
"ေအးပါ အဲ့ဆို ဆရာဝန္ႀကီးကို
ခြင့္ေတာင္းၾကည့္အုံးမယ္ "
အကိုရွင္းထြက္သြားမွ ဆယ္ဟြန္း
သက္ျပင္းယဲ့ယဲ့ခ်မိသည္
ဆယ္ဟြန္း ဒီမွာဆက္ရွိေနရင္
အကိုႀကီးက ညဘက္ေတြအိပ္မွာမဟုတ္ဘူး
အကိုႀကီးကို ဆယ္ဟြန္း အရင္ကထက္
ဂ႐ုစိုက္ဖို႔ အရမ္းလိုအပ္တယ္
ေျခေထာက္ေတြက်ိဳးေနေပမဲ့
အကိုႀကီး ေပ်ာ္႐ႊင္ေအာင္ လုပ္ေပးခ်င္တယ္
ဆရာဝန္ႀကီးရဲ႕ အထပ္ထပ္မွာၾကားမူနဲ႕
ဆယ္ဟြန္းေဆး႐ုံကဆင္းခဲ့ရသည္
အကိုႀကီးကိုေတာ့ သက္သာလို႔
ဆင္းရတယ္ဆိုၿပီး ညာထားရတယ္
"ေျဖး ေျဖး အခ်စ္ ....က်စ္
နာသြားၿပီလား "
ဝွီးခ်ဲေပၚကေန ကုတင္ေပၚအေ႐ြ႕ကို
အကိုႀကီးက ေပြ႕ခ်ီေျပာင္းေပးတာ..
"မနာပါဘူး အကိုႀကီးရဲ႕ "
ဆယ္ဟြန္းဆံပင္ေတြကို အသာ
ပြတ္သပ္ေနတဲ့ အကိုႀကီး
"ဘယ္ႏွရက္ေတာင္ မအိပ္ထားလို႔
မ်က္ႏွာေတြေခ်ာင္က်ေနလဲ အကိုႀကီးရဲ႕"
"ဟက္ အခ်စ္က ေဘးမွာမရွိေတာ့
အကိုႀကီး အိပ္မေပ်ာ္ဘူး "
"အခုျပန္လာၿပီမို႔ ဒီညစိတ္ခ်လက္ခ်
အိပ္ေတာ့ေနာ္ "
"ဘယ္ျဖစ္မလဲ အခ်စ္ ေျခေထာက္ကို
ထိမိမွာဆိုးလို႔ အကိုႀကီးအိပ္ယာခြဲအိပ္ရမယ္"
"အာ မအိပ္ရပါဘူး ဟြန္းနားမွာပဲ
အိပ္ေနာ္ ဟြန္းဘာမွမျဖစ္ဘူး သိလား"
"ဟုတ္ပါၿပီ သေဘာေတာ္အတိုင္းေနာ္"
အခ်စ္က မ်က္လုံးေလးေတြမွိတ္ခ်သည္ထိ
ရီျပေတာ့ ခ်န္းေယာလ္ နဖူးေလးကို
ခပ္ဖြဖြနမ္းရွိုက္လိုက္သည္....
"စားလို႔ေကာင္းရဲ႕လား "
"ဟုတ္ "
အကိုႀကီးကိုယ္တိုင္လုပ္ေပးထားတဲ့
ၾကက္သားဆန္ျပဳတ္...
ပူပူေလးမို႔ အကိုႀကီးက ေသခ်ာမႈတ္ၿပီးမွ
ဆယ္ဟြန္းကိုတိုက္တာ...
တကယ္ကိုအရသာရွိတာ...
"ဒါၿပီးရင္ အကိုႀကီး ကုမၸဏီသြားအုံး
မယ္ေနာ္ ခဏေလးတင္ပါ"
"သြားပါ အကိုႀကီးရဲ႕ ဟြန္း အိမ္မွာ
လိမ္လိမ္မာမာေနပါ့မယ္ေနာ္ "
က်ေတာ့္ကိစၥေတြေရာ ကုမၸဏီကိစၥေတြ
ေၾကာင့္ အကိုႀကီးပင္ပန္းေနေတာ့မွာပဲ
"ေစာေစာျပန္ခဲ့မယ္ ဘာစားခ်င္လဲ
အျပန္ဘာဝယ္ခဲ့ေပးရမလဲ"
"ဟင့္အင္း အကိုႀကီးသာ ျမန္ျမန္ျပန္ခဲ့"
"ဟုတ္ပါၿပီ လာ ေသာက္ပါအုံး "
ဆယ္ဟြန္းကို ဆန္ျပဳတ္တိုက္ၿပီးမွ
အကိုႀကီး ကုမၸဏီထြက္သြားေလသည္
ျပတင္းေပါက္ကေန အကိုႀကီးကား
ကိုၿခံေပါက္ထြက္တဲ့ထိ ဆယ္ဟြန္း
အဆုံးလိုက္ၾကည့္ေနတုန္း...
"ဟြန္းနီး "
ေခၚသံေၾကာင့္ လွည့္ၾကည့္မိေတာ့
အကိုရွင္းနဲ႕ သူ႕လက္ထဲကဗီဗီ
"ဟာ ဗီဗီ အားဂူး ကေလးေလး
မေတြ႕တာၾကာၿပီေရာ"
က်ေတာ့္အသံလည္းၾကားေရာေျပးဆင္းလာကာေပါင္ေပၚတက္ဖို႔လုပ္ေနတဲ့
ဗီဗီကို အကိုရွင္းျပန္ေကာက္ခ်ီရင္း
"မင္းအကိုေလး ေနမေကာင္းဘူး
ေအာက္မွာပဲေနေနာ္ ဗီဗီ"
အဲ့လိုေျပာေတာ့ နားလည္လို႔လားမသိ
ဆယ္ဟြန္းဝွီးခ်ဲေအာက္နားေလး ကုပ္ကုပ္
ေလးကပ္ေန၏....
"လိမၼာလိုက္တာ ကေလးက"
ဗီဗီကို ဆယ္ဟြန္းဂ႐ုမစိုက္မိတာ
ၾကာၿပီ ၾကားထဲကဆယ္ဟြန္းနဲ႕အကိုႀကီး
ျပသာနာေတြေၾကာင့္ ေမ့ေလ်ာ့ေနခဲ့တာ..
"ဟြန္းနီး ပ်င္းေနမွာဆိုးလို႔ အကိုေခၚ
လာေပးတာ "
"ဟုတ္ အကိုရွင္း...
"ဟြန္းနီး အကိုတစ္ခုေလာက္ေျပာလို႔
ရမလားဟင္?"
"ေျပာေလ အကို ဘာျဖစ္လို႔လဲ"
"အခုျဖစ္သြားတဲ့ကိစၥကိုၾကည့္ရင္
အကို ခ်န္းေယာလ္ကိုစိတ္ပူတယ္
သူဟြန္းနီးကို ရိုက္သာၿပီးတာ သူ႕ကိုယ္သူ
လုပ္ခဲ့မွန္းမသိဘူး.....
ဆယ္ဟြန္းမ်က္ဝန္းက မ်က္ရည္က
အိကနဲက်လာသည္..
"ဘယ္ ဘယ္လိုလုပ္ရမလဲဟင္ အကိုရွင္း"
"ေဆးကုေစခ်င္တယ္ ဒီထက္အေျခေန
မဆိုးခင္ ဥကၠဌႀကီးကိုလည္း အကိုေျပာ
ထားတယ္ ဒါမဲ့ ခ်န္းေယာလ္က ေသခ်ာေပါက္လက္ခံမွာမဟုတ္ဘူး "
"................."
"ဟြန္းနီး နားခ်ေပးပါ့လား "
"ေျဖးေျဖးျခင္းပဲ ေျပာရေအာင္ အကိုရွင္း
အခုေနဆို အကိုႀကီး စိတ္ရႈပ္ေနမွာ "
".အကိုရွင္းေျပာခ်င္တာလဲ အဲ့လိုပါပဲ
ေအးေအးေဆးေဆးမွနားခ်ေပးပါ "
"ဟုတ္ အကိုရွင္း "
"အဲ့ဆို အကိုေအာက္ထပ္ဆင္းေတာ့မယ္
တစ္ခုခုလုပ္ခ်င္ရင္ ဖုန္းဆက္လိုက္ေနာ္"
"ဟုတ္ "
အကိုရွင္းထြက္သြားေတာ့ ဆယ္ဟြန္း ျပတင္း
ေပါက္ေန အေဝးကိုေငးၾကည့္ကာ ငိုမိျပန္သည္....
အကိုႀကီးျပန္ေကာင္းလာမွာေနာ္ အကိုႀကီး
ထပ္ၿပီး သူ႕ကိုယ္သူေတာင္ မသိေတာ့တဲ့
လူတစ္ေယာက္ျဖစ္မွာမဟုတ္ပါဘူးေနာ္..
ဟုတ္တယ္ ေသခ်ာေဆးကုလိုက္ရင္
အကိုႀကီးျပန္ေကာင္းမွာပါ...
ဒါေတြအားလုံး ဆယ္ဟြန္းေၾကာင့္
ျဖစ္ရတာ အကိုႀကီးျဖစ္ေစခ်င္တာ
အားလုံးကို ဆန့္က်င့္ၿပီးလုပ္ခဲ့လို႔...
စကားသာနားေထာင္ခဲ့ရင္ အကိုႀကီး
အခုလိုျပန္ျဖစ္လာစရာအေၾကာင္းမရွ္ိဘူး
"ဟြန္း ေတာင္းပန္ပါတယ္ အကိုႀကီးရယ္ "
"ဗီဗီေရ အရမ္းမေျပးနဲ႕ေလ"
ဆယ္ဟြန္းနားေျပးလာလိုက္ တံခါးနား
ေျပးသြားလိုက္နဲ႕ ခုန္ေပါက္ေပ်ာ္႐ႊင္ေနတဲ့
ဗီဗီ....
"ထိခိုက္မိမယ္လို႔ ေဟ့ေကာင္ေလး "
ေျပာလို႔မရပဲ အရမ္းကိုေပ်ာ္႐ႊင္ေနတာ
ဆယ္ဟြန္းၿပဳံးလိုက္မိေသးတယ္..
ဗီဗီကစားတာၾကည့္ေနတုန္း တံခါးေခါက္သံ
နဲ႕အတူ အကိုႀကီးဝင္လာ၏
"အကိုႀကီး ျပန္လာၿပီ "
"အြန္း ေနလို႔ေကာင္းတယ္မလား အခ်စ္"
"ဟုတ္ "
"ေဆးေရာ ေသာက္ရဲ႕လား"
"ေသာက္ပါတယ္ အကိုႀကီး"
အကိုႀကီးက ဆယ္ဟြန္းနဲ႕ စကားေျပာရင္း
ဝွီးခ်ဲနားကိုအတင္းကပ္ေနတဲ့ ဗီဗီထံ အၾကည့္
ေရာက္သြားတယ္..
"ဗီဗီေရာက္ေနတာပဲ "
"ဟုတ္တယ္ ဟြန္းပ်င္းေနမွာဆိုးလို႔
အကိုရွင္းေခၚေပးထားတာ "
"ေအာ္....,
ေအာ္ တစ္လုံးထဲေျပာၿပီး ဗီဗီကိုၾကည့္
ေနတဲ့ အကိုႀကီးအၾကည့္က တစ္မ်ိဳးျဖစ္
ေနတာ ဆယ္ဟြန္းသတိထားမိတယ္..
ခုနေပ်ာ္႐ႊင္ခုန္ေပါက္ေနတဲ့ ဗီဗီက
အကိုႀကီးလည္းလာေရာ သိသိသာသာ
ၿငိမ္ကုပ္သြားတယ္
"ဘာျဖစ္လို႔လဲဟင္ အကိုႀကီး"
"ဘာ ဘာမွမျဖစ္ပါဘူး ဗီဗီဝလာသလားလို႔"
"မဟုတ္ဘူး အေမႊးေတြမညွပ္ရေသးတာ
အကိုရွင္းေမ့ေနတာထင္တယ္ "
"ဟုတ္လား ေအာ္ ပီဇာဝယ္လာတယ္
အကိုႀကီး ျပင္ခိုင္းထားတယ္ ခဏေနာ္
သြားယူအုံးမယ္ "
"ဟုတ္ အကိုႀကီး"
"မိုးလည္းခ်ဳပ္ေတာ့မွာဆိုေတာ့ ဒီေကာင္
ကိုေအာက္ထပ္တစ္ခါထဲပို႔ခဲ့လိုက္မယ္အခ်စ္"
"ဟုတ္ အကိုႀကီး"
"လာ ဗီဗီ"
ဗီဗီလည္ပင္းက ႀကိဳးကိုအကိုႀကီးက
ဆြဲယူေပမဲ့ ဗီဗီ အတင္းဝွီးခ်ဲနားကုပ္ကပ္
ေနသည္...
"ဗီဗီ သြားေလ မနက္မွျပန္တက္ခဲ့ "
အကိုႀကီးအားနဲ႕ဆြဲထားတာေတာင္
မသြားပဲ တုန္ေနတာ ေၾကာက္ေနသလို
ပုံစံမ်ိဳး...
"လာေလ ေဟ့ေကာင္ "
အကိုႀကီးေခၚေလ အတင္းကုပ္ကပ္ထားေလ
ဗီဗီႀကိဳးကိုဆြဲေနထားတဲ့ အကိုႀကီးလက္က
အေၾကာမ်ားပင္ေထာင္ေန၏..
မျဖစ္ေတာ့တာမို႔ ဆယ္ဟြန္း
ဝင္တားဖို႔လုပ္ရေတာ့သည္..
"အ အကိုႀကီး ထား ထားလိုက္ပါ
ခဏေနမွ ျပန္ခိုင္းလိုက္မယ္ သူမျပန္
ခ်င္ေသးလို႔ေနမယ္ "
အကိုႀကီးက ဗီဗီကို ခဏစိုက္ၾကည့္ကာ
ေခါင္းၿငိမ့္ျပၿပီး ထြက္သြားေလသည္..
အကိုႀကီးထြက္သြားမွ...
"ဗီဗီေလး ဘာျဖစ္ေနတာလဲ ဟင္?"
"ကေလးေလး ဘာကိုေၾကာက္ေနတာလဲ"
ဆယ္ဟြန္းက ငုံေမးေတာ့ တအိအိနဲ႕
ေျပာေတာ့ေျပာေနတယ္ ဒါမဲ့ဆယ္ဟြန္း
လည္းနားမလည္ဘူးေလ...တစ္ခုခုကို
တိုင္ေျပာေနသလို...
ေသခ်ာတစ္ခုက ဗီဗီအရမ္းေၾကာက္ေနတယ္
တစ္ကိုယ္လုံးတုန္ေနတာကို......
ဆယ္ဟြန္းစိတ္ထဲ မတင္မက်ေတာ့
ျဖစ္သြားရသည္...အကိုႀကီးျပန္တက္လာ
ေတာ့လည္း ဗီဗီက ကုတင္ေအာက္ထဲ
ဝင္သြားတာ ျပန္ကိုထြက္မလာဘူး...
အကိုရွင္းလာမွ အသာတၾကည္
လိုက္သြားေလသည္...
ဘာျဖစ္ေနတာပါလိမ့္...
TBC....
အကိုႀကီးက ေၾကာက္စရာႀကီးေနာ္ 😰
အရမ္းၾကာသြားတယ္မလား အဟီး
စိတ္မဆိုးၾကပါနဲ႕ ဒါနဲ႕ ကိုယ့္ေမြးေန႕မို႔ ေသးေသးေလးဆြီေပးထားတယ္ေနာ္ 😉
_____________________
(unicode)
"အ့ ကျွတ်... ကျွတ်.. "
"အ အချစ် ဟွန်းလေး သတိရလာပြီလား"
စိုးရိမ်စိတ်အပြည့်ရှိနေတဲ့ မျက်ဝန်းမဲမဲတွေ
ဆယ်ဟွန်း ရောက်နေတဲ့ အခန်းကို မျက်လုံး
ဝေ့ကြည့်မိတော့ ဆေးရုံ?
"အချစ် အကိုကြီး တောင်းပန်ပါတယ်နော်
ကိုကြီးလေ သတိလက်လွှတ်ဖြစ်သွားလို့ပါ"
မျက်ရည်အဝဲသားနဲ့အတင်းတောင်းပန်နေတဲ့
အကိုကြီးကို ဆယ်ဟွန်းတစ်ခုခုပြောဖို့
လုပ်ပေမဲ့ လည်ချောင်းတွေနာနေ၏...
"ရေ.. ရေပေးပါ"
"ရေ! အိုကေ ခ ခဏနော်
အကိုကြီး ယူလာပေးမယ် "
ဘေးနားကစားပွဲပေါ်က ရေခွက်ယူကာ
ရေထည့်ပြီး ဆယ်ဟွန်းကိုသေချာထူပေး၏
"အ့.....
တစ်ကိုယ်လုံးနာနေတယ် ဆယ်ဟွန်း
ငုတ်တုတ်လေးဖြစ်သွားမှ ရေယူတိုက်တယ်
"အချစ် နေသာရဲလား ခြေထောက်က
နာနေလားဟင်"
အကိုကြီးပြောမှ ဆယ်ဟွန်း စောင်အောက်က
ခြေထောက်ကိုကြည့်မိတော့ နှစ်ဖက်လုံး
ဒူးအထက်နားထိကျောက်ပတ်တီးအပြည့်
"ခြေထောက်က?"
"နှစ်ဖက်လုံး ကျိုးသွားတာ "
ခေါင်းငုံရင်း ခပ်တိုးတိုးလေး
ချန်းယောလ်ပြောလိုက်သည်
"အချစ် အကိုကြီးတောင်းပန်ပါတယ်နော်
အဲ့တွက် အချစ်ကြိုက်တဲ့အပြစ်ပေးပါ
အကိုကြီးခံယူမယ်လေ "
ဆယ်ဟွန်း အကိုကြီးပုံစံကိုကြည့်ကာ
မျက်ရည်တွေက ကျလာရ၏
ဘယ်နှရက်မအိပ်ထားသေးလဲမသိဘူး
မျက်တွင်းကမဲလို့ နှုတ်ခမ်းမွှေးတွေပင်
အနည်းငယ်ပေါ်နေ၏...
"ဟွန်းကို ဖက်ထားပေး"
"ဟမ်!"
"ဟွန်းကို ဖက်ထားပေးပါလို့"
"အော် အင်း အင်း "
ထိုင်နေတဲ့ ဆယ်ဟွန်းခုတင်ပေါ်တက်လာကာ
ပွေ့ဖက်လာ၏....
".အကိုကြီးကို စိတ်ဆိုးတယ်မလား "
"ဟင့် ဟင့်အင်း ဟွန်း အကိုကြီးကို
လုံးဝစိတ်မဆိုးပါဘူး "
".အကိုကြီးကြောင့် ဒီလိုဖြစ်ရတာလေ"
"ဟင့်အင်း ဟွန်းငယ် ဘာမှမဖြစ်လို့
အကိုကြီးစိတ်မညစ်နဲ့နော် "
"အွန်း "
"သိပ်ချစ်တယ် အကိုကြီး"
စိတ်ချပါ ဟွန်းကြောင့် အကိုကြီး
စိတ်မညစ်စေရတော့ဘူး
နောက်ထပ်စိတ်မရှုပ်ထွေးစေရတော့ပါဘူး
အကိုကြီး ထားသလိုနေ စေရာသွားပါမယ်
အဲ့ဒါကြောင့်.....
အဲ့ဒါကြောင့်....
အရင်တုန်းလို အဖြစ်မျိုးတွေ ထပ်မဖြစ်ပါနဲ့
ဟွန်းငယ် သိပ်ကြောက်တယ် အကိုကြီး...
တသိမ့်သိမ့်တုန်အောင် ရှိုက်ငိုနေတဲ့
အချစ်ကိုယ်လုံးလေးကို ချန်းယောလ်
တင်းကြပ်နေအောင် ဖက်ထားလိုက်သည်...
"ဟင့်အင်း ဆေးရုံမှာ မနေချင်ဘူး
အကိုရှင်း အိမ်ပဲပြန်ရအောင်"
"ခြေထောက်ကို စိတ်ချရတဲ့ထိတော့
နေလိုက်ပါ ဟွန်းနီးရ "
"စိတ်မွန်းကြပ်လို့ပါ အိမ်မှာဆိုတော့
တော်သေးတယ် အကိုကြီးကိုလည်း
စိတ်မချလို့ "
".အကိုရှိနေတာပဲ ချန်းယောလ်တွက်
စိတ်ချပါ ဟွန်းနီး"
ဆယ်ဟွန်း ခေါင်းခါရမ်းလိုက်သည်
"အေးပါ အဲ့ဆို ဆရာဝန်ကြီးကို
ခွင့်တောင်းကြည့်အုံးမယ် "
အကိုရှင်းထွက်သွားမှ ဆယ်ဟွန်း
သက်ပြင်းယဲ့ယဲ့ချမိသည်
ဆယ်ဟွန်း ဒီမှာဆက်ရှိနေရင်
အကိုကြီးက ညဘက်တွေအိပ်မှာမဟုတ်ဘူး
အကိုကြီးကို ဆယ်ဟွန်း အရင်ကထက်
ဂရုစိုက်ဖို့ အရမ်းလိုအပ်တယ်
ခြေထောက်တွေကျိုးနေပေမဲ့
အကိုကြီး ပျော်ရွှင်အောင် လုပ်ပေးချင်တယ်
ဆရာဝန်ကြီးရဲ့ အထပ်ထပ်မှာကြားမူနဲ့
ဆယ်ဟွန်းဆေးရုံကဆင်းခဲ့ရသည်
အကိုကြီးကိုတော့ သက်သာလို့
ဆင်းရတယ်ဆိုပြီး ညာထားရတယ်
"ဖြေး ဖြေး အချစ် ....ကျစ်
နာသွားပြီလား "
ဝှီးချဲပေါ်ကနေ ကုတင်ပေါ်အရွေ့ကို
အကိုကြီးက ပွေ့ချီပြောင်းပေးတာ..
"မနာပါဘူး အကိုကြီးရဲ့ "
ဆယ်ဟွန်းဆံပင်တွေကို အသာ
ပွတ်သပ်နေတဲ့ အကိုကြီး
"ဘယ်နှရက်တောင် မအိပ်ထားလို့
မျက်နှာတွေချောင်ကျနေလဲ အကိုကြီးရဲ့"
"ဟက် အချစ်က ဘေးမှာမရှိတော့
အကိုကြီး အိပ်မပျော်ဘူး "
"အခုပြန်လာပြီမို့ ဒီညစိတ်ချလက်ချ
အိပ်တော့နော် "
"ဘယ်ဖြစ်မလဲ အချစ် ခြေထောက်ကို
ထိမိမှာဆိုးလို့ အကိုကြီးအိပ်ယာခွဲအိပ်ရမယ်"
"အာ မအိပ်ရပါဘူး ဟွန်းနားမှာပဲ
အိပ်နော် ဟွန်းဘာမှမဖြစ်ဘူး သိလား"
"ဟုတ်ပါပြီ သဘောတော်အတိုင်းနော်"
အချစ်က မျက်လုံးလေးတွေမှိတ်ချသည်ထိ
ရီပြတော့ ချန်းယောလ် နဖူးလေးကို
ခပ်ဖွဖွနမ်းရှိုက်လိုက်သည်....
"စားလို့ကောင်းရဲ့လား "
"ဟုတ် "
အကိုကြီးကိုယ်တိုင်လုပ်ပေးထားတဲ့
ကြက်သားဆန်ပြုတ်...
ပူပူလေးမို့ အကိုကြီးက သေချာမှုတ်ပြီးမှ
ဆယ်ဟွန်းကိုတိုက်တာ...
တကယ်ကိုအရသာရှိတာ...
"ဒါပြီးရင် အကိုကြီး ကုမ္ပဏီသွားအုံး
မယ်နော် ခဏလေးတင်ပါ"
"သွားပါ အကိုကြီးရဲ့ ဟွန်း အိမ်မှာ
လိမ်လိမ်မာမာနေပါ့မယ်နော် "
ကျတော့်ကိစ္စတွေရော ကုမ္ပဏီကိစ္စတွေ
ကြောင့် အကိုကြီးပင်ပန်းနေတော့မှာပဲ
"စောစောပြန်ခဲ့မယ် ဘာစားချင်လဲ
အပြန်ဘာဝယ်ခဲ့ပေးရမလဲ"
"ဟင့်အင်း အကိုကြီးသာ မြန်မြန်ပြန်ခဲ့"
"ဟုတ်ပါပြီ လာ သောက်ပါအုံး "
ဆယ်ဟွန်းကို ဆန်ပြုတ်တိုက်ပြီးမှ
အကိုကြီး ကုမ္ပဏီထွက်သွားလေသည်
ပြတင်းပေါက်ကနေ အကိုကြီးကား
ကိုခြံပေါက်ထွက်တဲ့ထိ ဆယ်ဟွန်း
အဆုံးလိုက်ကြည့်နေတုန်း...
"ဟွန်းနီး "
ခေါ်သံကြောင့် လှည့်ကြည့်မိတော့
အကိုရှင်းနဲ့ သူ့လက်ထဲကဗီဗီ
"ဟာ ဗီဗီ အားဂူး ကလေးလေး
မတွေ့တာကြာပြီရော"
ကျတော့်အသံလည်းကြားရောပြေးဆင်းလာကာပေါင်ပေါ်တက်ဖို့လုပ်နေတဲ့
ဗီဗီကို အကိုရှင်းပြန်ကောက်ချီရင်း
"မင်းအကိုလေး နေမကောင်းဘူး
အောက်မှာပဲနေနော် ဗီဗီ"
အဲ့လိုပြောတော့ နားလည်လို့လားမသိ
ဆယ်ဟွန်းဝှီးချဲအောက်နားလေး ကုပ်ကုပ်
လေးကပ်နေ၏....
"လိမ္မာလိုက်တာ ကလေးက"
ဗီဗီကို ဆယ်ဟွန်းဂရုမစိုက်မိတာ
ကြာပြီ ကြားထဲကဆယ်ဟွန်းနဲ့အကိုကြီး
ပြသာနာတွေကြောင့် မေ့လျော့နေခဲ့တာ..
"ဟွန်းနီး ပျင်းနေမှာဆိုးလို့ အကိုခေါ်
လာပေးတာ "
"ဟုတ် အကိုရှင်း...
"ဟွန်းနီး အကိုတစ်ခုလောက်ပြောလို့
ရမလားဟင်?"
"ပြောလေ အကို ဘာဖြစ်လို့လဲ"
"အခုဖြစ်သွားတဲ့ကိစ္စကိုကြည့်ရင်
အကို ချန်းယောလ်ကိုစိတ်ပူတယ်
သူဟွန်းနီးကို ရိုက်သာပြီးတာ သူ့ကိုယ်သူ
လုပ်ခဲ့မှန်းမသိဘူး.....
ဆယ်ဟွန်းမျက်ဝန်းက မျက်ရည်က
အိကနဲကျလာသည်..
"ဘယ် ဘယ်လိုလုပ်ရမလဲဟင် အကိုရှင်း"
"ဆေးကုစေချင်တယ် ဒီထက်အခြေနေ
မဆိုးခင် ဥက္ကဌကြီးကိုလည်း အကိုပြော
ထားတယ် ဒါမဲ့ ချန်းယောလ်က သေချာပေါက်လက်ခံမှာမဟုတ်ဘူး "
"................."
"ဟွန်းနီး နားချပေးပါ့လား "
"ဖြေးဖြေးခြင်းပဲ ပြောရအောင် အကိုရှင်း
အခုနေဆို အကိုကြီး စိတ်ရှုပ်နေမှာ "
".အကိုရှင်းပြောချင်တာလဲ အဲ့လိုပါပဲ
အေးအေးဆေးဆေးမှနားချပေးပါ "
"ဟုတ် အကိုရှင်း "
"အဲ့ဆို အကိုအောက်ထပ်ဆင်းတော့မယ်
တစ်ခုခုလုပ်ချင်ရင် ဖုန်းဆက်လိုက်နော်"
"ဟုတ် "
အကိုရှင်းထွက်သွားတော့ ဆယ်ဟွန်း ပြတင်း
ပေါက်နေ အဝေးကိုငေးကြည့်ကာ ငိုမိပြန်သည်....
အကိုကြီးပြန်ကောင်းလာမှာနော် အကိုကြီး
ထပ်ပြီး သူ့ကိုယ်သူတောင် မသိတော့တဲ့
လူတစ်ယောက်ဖြစ်မှာမဟုတ်ပါဘူးနော်..
ဟုတ်တယ် သေချာဆေးကုလိုက်ရင်
အကိုကြီးပြန်ကောင်းမှာပါ...
ဒါတွေအားလုံး ဆယ်ဟွန်းကြောင့်
ဖြစ်ရတာ အကိုကြီးဖြစ်စေချင်တာ
အားလုံးကို ဆန့်ကျင့်ပြီးလုပ်ခဲ့လို့...
စကားသာနားထောင်ခဲ့ရင် အကိုကြီး
အခုလိုပြန်ဖြစ်လာစရာအကြောင်းမရှ်ိဘူး
"ဟွန်း တောင်းပန်ပါတယ် အကိုကြီးရယ် "
"ဗီဗီရေ အရမ်းမပြေးနဲ့လေ"
ဆယ်ဟွန်းနားပြေးလာလိုက် တံခါးနား
ပြေးသွားလိုက်နဲ့ ခုန်ပေါက်ပျော်ရွှင်နေတဲ့
ဗီဗီ....
"ထိခိုက်မိမယ်လို့ ဟေ့ကောင်လေး "
ပြောလို့မရပဲ အရမ်းကိုပျော်ရွှင်နေတာ
ဆယ်ဟွန်းပြုံးလိုက်မိသေးတယ်..
ဗီဗီကစားတာကြည့်နေတုန်း တံခါးခေါက်သံ
နဲ့အတူ အကိုကြီးဝင်လာ၏
"အကိုကြီး ပြန်လာပြီ "
"အွန်း နေလို့ကောင်းတယ်မလား အချစ်"
"ဟုတ် "
"ဆေးရော သောက်ရဲ့လား"
"သောက်ပါတယ် အကိုကြီး"
အကိုကြီးက ဆယ်ဟွန်းနဲ့ စကားပြောရင်း
ဝှီးချဲနားကိုအတင်းကပ်နေတဲ့ ဗီဗီထံ အကြည့်
ရောက်သွားတယ်..
"ဗီဗီရောက်နေတာပဲ "
"ဟုတ်တယ် ဟွန်းပျင်းနေမှာဆိုးလို့
အကိုရှင်းခေါ်ပေးထားတာ "
"အော်....,
အော် တစ်လုံးထဲပြောပြီး ဗီဗီကိုကြည့်
နေတဲ့ အကိုကြီးအကြည့်က တစ်မျိုးဖြစ်
နေတာ ဆယ်ဟွန်းသတိထားမိတယ်..
ခုနပျော်ရွှင်ခုန်ပေါက်နေတဲ့ ဗီဗီက
အကိုကြီးလည်းလာရော သိသိသာသာ
ငြိမ်ကုပ်သွားတယ်
"ဘာဖြစ်လို့လဲဟင် အကိုကြီး"
"ဘာ ဘာမှမဖြစ်ပါဘူး ဗီဗီဝလာသလားလို့"
"မဟုတ်ဘူး အမွှေးတွေမညှပ်ရသေးတာ
အကိုရှင်းမေ့နေတာထင်တယ် "
"ဟုတ်လား အော် ပီဇာဝယ်လာတယ်
အကိုကြီး ပြင်ခိုင်းထားတယ် ခဏနော်
သွားယူအုံးမယ် "
"ဟုတ် အကိုကြီး"
"မိုးလည်းချုပ်တော့မှာဆိုတော့ ဒီကောင်
ကိုအောက်ထပ်တစ်ခါထဲပို့ခဲ့လိုက်မယ်အချစ်"
"ဟုတ် အကိုကြီး"
"လာ ဗီဗီ"
ဗီဗီလည်ပင်းက ကြိုးကိုအကိုကြီးက
ဆွဲယူပေမဲ့ ဗီဗီ အတင်းဝှီးချဲနားကုပ်ကပ်
နေသည်...
"ဗီဗီ သွားလေ မနက်မှပြန်တက်ခဲ့ "
အကိုကြီးအားနဲ့ဆွဲထားတာတောင်
မသွားပဲ တုန်နေတာ ကြောက်နေသလို
ပုံစံမျိုး...
"လာလေ ဟေ့ကောင် "
အကိုကြီးခေါ်လေ အတင်းကုပ်ကပ်ထားလေ
ဗီဗီကြိုးကိုဆွဲနေထားတဲ့ အကိုကြီးလက်က
အကြောများပင်ထောင်နေ၏..
မဖြစ်တော့တာမို့ ဆယ်ဟွန်း
ဝင်တားဖို့လုပ်ရတော့သည်..
"အ အကိုကြီး ထား ထားလိုက်ပါ
ခဏနေမှ ပြန်ခိုင်းလိုက်မယ် သူမပြန်
ချင်သေးလို့နေမယ် "
အကိုကြီးက ဗီဗီကို ခဏစိုက်ကြည့်ကာ
ခေါင်းငြိမ့်ပြပြီး ထွက်သွားလေသည်..
အကိုကြီးထွက်သွားမှ...
"ဗီဗီလေး ဘာဖြစ်နေတာလဲ ဟင်?"
"ကလေးလေး ဘာကိုကြောက်နေတာလဲ"
ဆယ်ဟွန်းက ငုံမေးတော့ တအိအိနဲ့
ပြောတော့ပြောနေတယ် ဒါမဲ့ဆယ်ဟွန်း
လည်းနားမလည်ဘူးလေ...တစ်ခုခုကို
တိုင်ပြောနေသလို...
သေချာတစ်ခုက ဗီဗီအရမ်းကြောက်နေတယ်
တစ်ကိုယ်လုံးတုန်နေတာကို......
ဆယ်ဟွန်းစိတ်ထဲ မတင်မကျတော့
ဖြစ်သွားရသည်...အကိုကြီးပြန်တက်လာ
တော့လည်း ဗီဗီက ကုတင်အောက်ထဲ
ဝင်သွားတာ ပြန်ကိုထွက်မလာဘူး...
အကိုရှင်းလာမှ အသာတကြည်
လိုက်သွားလေသည်...
ဘာဖြစ်နေတာပါလိမ့်...
TBC....
အကိုကြီးက ကြောက်စရာကြီးနော် 😰
အရမ်းကြာသွားတယ်မလား အဟီး
စိတ်မဆိုးကြပါနဲ့ ဒါနဲ့ ကိုယ့်မွေးနေ့မို့ သေးသေးလေးဆွီပေးထားတယ်နော် 😉