Penchant
De ShoonLaeYiNaing
142K 7.9K 703
Cover by _ nong_thelea ❤ မှိုင်းညှို့သွင် ရှင်း Mais
Penchant 💜
Intro
Ep _ 1
Ep _ 2
Ep _ 3
Ep _ 4
Ep _ 5
Ep _ 6
Ep _ 7
Ep _ 8
Ep _ 9
Ep _ 10
Ep _11
Ep _ 12
Ep _ 13
Ep _ 14
Ep_ 15
Ep _ 16
Ep _ 17
Ep _ 18
Ep _ 19
Ep _ 20 (Final )
1.
2.
3.
4.
5.
6.
7.
8.
9.
10.
11.
12.
13.
14.
15.
16.
17.
18.
20. Final
19.
1.4K 100 2
De ShoonLaeYiNaing
Penchant
Ep _ 19
"မင်းပြောတာ မြင်နေရရင်ကို လုံလောက်ပြီလို့လား ? တကယ်ကြီး ? "
"အင်း မတွေ့နိုင်တော့လို့ လွမ်းနေရမှာထက် စာရင် ကျွန်တော် ချစ်တဲ့သူ အနားမှာ ဘယ်လို အနေအထားနဲ့ ဖြစ်ဖြစ် ရှိနေပြီး အမြဲတမ်း ထိုင်ကြည့်နေမှာ "
"အင်းနော် အဲ့လိုဆိုရင် အနည်းဆုံးတော့ မြင်တွေ့ခွင့် ရနေမှာပဲ "
"အဲ့တာ ပြောတာ ကျွန်တော့် အသိ ကလေးမလေးဆိုလေ သူ ချစ်နေရတဲ့သူကို ခင်မင်ရင်းနှီး ခွင့်တောင် မရလိုက်ဘူး .... ခုကျ ဟိုက ဘွဲ့ရပြီး အလုပ်လုပ်နေပြီ လုံးဝ မတွေ့နိုင်တော့တာ ... သူငယ်ချင်း အဖြစ်တောင် မရင်းနှီးတော့ ဘယ်လိုမှ တွေ့လို့မရတော့ဘူး ဟိုက ကျောင်းလည်း လုံးဝ ခြေဦးတောင် မလှည့် "
"ကလေးမက ဘွဲ့မရသေးဘူးလား "
"အင်း သူက တစ်နှစ်ငယ်တယ်လေ ဘွဲ့ရပြီးလည်း ဟိုတစ်ယောက် လုပ်တဲ့ အလုပ် လိုက်လုပ်ဖို့ကလည်း လုံးဝ မလွယ်တော့ ... "
"ဒါဆို သူငယ်ချင်း အဖြစ် ရင်းနှီးခွင့်ရတဲ့ ကိုယ်က အရမ်း ကံကောင်းခဲ့တာပေါ့ "
"ဒါပေါ့ အယ်ရာရဲ့ "
"စကားများလို့ပြီးရင် အိပ်တော့ "
ထောပတ်သီးက မျက်နှာမဲ့သွားပြီး ကုတင်ပေါ်က ဆင်းသွားသည် ။ ခဏနေတော့ ခေါင်းအုံး တစ်လုံး ပိုက်ပြီး ပြန်ဝင်လာသည် ။
"ဒီညတော့ အယ်ရာနဲ့ တူတူ အိပ်ပါရစေ fan boy လေးကို fan service ပေးသင့်တယ်လေ "
"သဘော "
"ဟီး "
ခေါင်းအုံးတွေ ကုတင်ပေါ် ပစ်ချပြီး စာအုပ်စင်ကို သွားစပ်စုနေသည် ။
"မင်း ဒီနေ့ အိပ်ဦးမှာလား မှိုင်းရာ "
"ကိုရှင်း အဲ့တစ်ယောက်ကို တော်တော် ချစ်တာပဲလား "
"အင်း ကိုယ်ချစ်ခဲ့ဖူးတယ် မှိုင်း ...
ချစ်ခဲ့သလို နာကျင်ခဲ့ရတယ် ...
ခုလည်း သူတစ်ယောက်တည်းကို ကိုယ်က နှလုံးသားထဲမှာ မြှုပ်နှံထားတာ ...ပြီးတော့ ထာဝရ မြှုပ်နှံသွားမှာ ... ဒီတော့ ကိုယ့်မှာ ဒုတိယ အချစ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး မှိုင်း ! "
တိတ်ဆိတ်သွားသော အခန်းငယ်လေး ။
ကိုရှင်း က ဘာမှ ဆက်မပြောသလို ကျွန်တော်လည်း ဘာမှ ပြန်မပြောဖြစ် ။
စာအုပ်တွေပေါ် ရောက်နေသည့် ကျွန်တော့် လက်တွေကတော့ အနည်းငယ် တုန်ယင်နေသည် ။
* အစ်ကို .... ကျွန်တော် အစ်ကို့ကို ပျော်စေချင်တယ် အစ်ကို့ အနားမှာ အမြဲ ရှိနေပေးချင်တယ် အစ်ကို့ရဲ့ နာကျင်မှုတွေကို မြင်ရတာ ကျွန်တော်က ပိုပြီး စူးနင့်နေအောင် ရင်နာရတယ် *
မူးနေလို့ ထင်ပါရဲ့ လူက နေလို့ မကောင်းတော့ ။ ခေါင်းတွေ မူးပြီး  ရင်ဖက်တွေ အောင့်လာသည် ။ နှလုံး ရောဂါ ရှိလို့လား မသိ .... နှလုံးနေရာက နာလာသည် ။
"မူးနေတဲ့ ခံစားချက်ကြီးက မကောင်းလိုက်တာ နောက် ဘယ်တော့မှ မသောက်တော့ဘူး "
"ဘာဖြစ်လို့လဲ ခေါင်းကိုက်လို့လား "
"ရတယ် ဘာမှ မဖြစ်ဘူး "
စာအုပ်တွေ စပ်စုနေရင်း စင်ပေါ်မှာ တင်ထားသည့် လှေလှော်နေသော သစ်သား သော့ချိတ်လေး မြင်တော့ တအံ့တသြ ပြုံးမိသည် ... ဒါပေမယ့် ..။
"သစ်သား သော့ချိတ်က ဘာလို့ ၂ ခု ဖြစ်နေတာလဲ "
>>>>>>>>>>>
"အီးဟီး "
"အီးဟီးဟီးးး ဗြဲ "
ကျောင်းရှေ့က အအေးဆိုင် ရှေ့မှာ အားရပါးရ ထိုင်ငိုနေသော ကလေး တစ်ယောက်ကို မြင်လိုက်ရသဖြင့် အနားတိုးသွားတော့ ဘေးက သူငယ်ချင်းက လက်လှမ်းဆွဲသည် ။
"ကျောင်းနောက်ကျနေပြီ "
"နေပါဦး ကလေးလေးက ဘာလို့ ငိုနေတာလဲ မသိဘူး  ငါမေးကြည့်လိုက်ဦးမယ် "
"ရှင်းရာ မင်းကလေးလည်း မဟုတ်ဘူး မေးမနေနဲ့ ကျောင်းနောက်ကျနေပြီ ! "
ကလေးက နည်းနည်းလေးမှ အငိုရပ် မသွား ။ အားရပါရကို အသံပြဲကြီးနှင့် အော်ငိုနေသည် ။ မိဘတွေများ ပျောက်သွားလို့လား မသိ ။
"ခဏလေးပါ မေးကြည့်ရုံပါပဲ "
"ကျစ် ! အလုပ်ကို ရှုပ်တယ် "
ကလေးလေး အနားကို ဒူးထောက် ထိုင်လိုက်တော့ မျက်ရည်တွေနဲ့ မော့ကြည့်ပြီး မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်နေသည် ။
"ဘာလို့ ငိုနေတာလဲ ကလေးလေး ကိုကို့ကိုပြော ... မေမေ ပျောက်သွားလို့လား "
ပါးပြင်က မျက်ရည်စတွေကို လက်ဖမိုးနဲ့  သုတ်ပစ်လိုက်ပြီး ရယ်ပြလေသည် ။
"သား ထောပတ်သီး ဖျော်ရည် သောက်ချင်လို့ ငိုနေတာ "
"ဟင် ! "
ကလေးလေးက ခုလိုကျ မျက်နှာလေးက ပြုံးနေရော ။
"တစ်ယောက်တည်း ဒီမှာ ထိုင်ငိုနေတာလား မင်း မေမေရော "
"ဒေါ်လေးငယ်နဲ့ လာတာ သူက အလုပ်ရှိလို့ ကျောင်းထဲ ဝင်သွားတာ သားကို ပိုက်ဆံမပေးခဲ့ဘူး ဒီမှာ ခဏစောင့်တဲ့ "
"အဲ့ဒီတော့ "
"သား ဒီဆိုင်က ထောပတ်သီး ဖျော်ရည် သောက်ချင်တာ ပိုက်ဆံမပါလို့တဲ့ ဆိုင်ရှင် အဒေါ်ကြီးက မတိုက်ဘူး "
"မငိုနဲ့ ကိုကို ဝယ်တိုက်မယ် လာ "
"ဟုတ် ကိုကိုက အရမ်း သဘောကောင်းတာပဲ ဟီးဟီး "
ကလေးကို လက်ဆွဲပြီး ဆိုင်ထိုင်မည်  လုပ်တော့ လက်ပိုက်ကြည့်နေသော သူငယ်ချင်းက မျက်နှာမဲ့ပြသည် ။
"မင်းပဲ ဆက်ပြီး ကလေးထိန်းနေတော့ ငါတော့ လစ်ပြီ ရှင်း "
"ဟာ ဟေ့ကောင် သူသူ ! "
ကလေးက မျက်နှာငယ်လေးနဲ့ ကြည့်နေသည်မို့ လက်ဆွဲပြီး ဆိုင်ထဲ ဝင်ကာ ထောပတ်သီး ဖျော်ရည် တစ်ခွက် မှာလိုက်သည် ။
"ကိုကို့ အတွက် "
လက်ထဲ ထိုးထည့်ပေးလို့ ကြည့်လိုက်တော့ သစ်သား သော့ချိတ်လေး ... လူတစ်ယောက်  လှေလှော်နေသည့် ပုံစံ ။
ကလေးလေးက ဖျော်ရည်ရလို့ ဝမ်းသာအားရဖြင့် ခေါင်းငုံ့ပြီး သောက်နေသည် ။
"မင်းက အင်းလေးကလား "
"ဟုတ်ကဲ့ သားက အင်းလေးက လာလည်တာပါ "
"နာမည် ဘယ်လိုခေါ်လဲ "
"သား နာမည် မှိုင်းညှို့သွင် ပါ ခင်ဗျ "
မော့ကြည့်ပြီး ရယ်ပြနေသည့် ကလေးလေးက သိပ်ကို ချစ်ဖို့ကောင်းနေသည်မို့ ပါးနှစ်ဖက် ဆွဲလိုက်တော့လည်း ဆက်ပြီး ရယ်ပြနေသည် ။
"ကဲ ကိုကို သွားမယ် မင်းကြောင့် ကိုကို ကျောင်းနောက်ကျ သွားပြီ "
"တောင်းပန်ပါတယ် "
"ရပါတယ် ကလေးလေးရဲ့ တာ့တာ "
ကလေးလေးရဲ့ ဆံပင်လေးတွေ ဆွဲဖွပြီး ထွက်လာခဲ့သည် ။
>>>>>>>>>>>>
Continue lendo
Você também vai gostar
3.6M 361K 38
ခူးဆွတ်ဖို့မလောပါနဲ့ တစ်ချိန်မှာအလိုက်သင့်ကြွေကျပေးပါ့မယ် အဲအချိန်ကျရင်သာ တယုတယနဲ့ကောက်ယူပါ မောင်ရယ်
6.2K 470 10
တမ်းချင်းများသို့ .... ဦးတည်​ခြင်း ယုံကြည်​မှုနဲ့တည်​​ဆောက်​ထားတဲ့အချစ်​တစ်​ခုမှာ မျက်​၀န်းပြာမ​လေး​တွေကိုရင်​မခုန်​ပါနဲ့ဆိုတဲ့ သ၀န်တိုစာ​လေး​တော...
4.7M 529K 58
{Both Zg&Uni} အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့ အာမခံပါတယ် ..💚 Start - { 11,8,2020 } End - { 25,11,2020 } အသေမခွီးရတောင် တစ်ချက်တော့ပြုံးမိဖို့...
838K 66.6K 64