13.

1.1K 86 2
                                    

Penchant
Ep _ 13

"ရတယ် ကိုရှင်း ပြန်ဖို့ နောက်ကျနေလိမ့်မယ် "

"ကိုယ်က ကိုယ့်ကားနဲ့ ပြန်မှာပဲ အေးဆေးပေါ့ "

ဆေးဆိုင် ရောက်သွားတော့ ဘာဆေးတွေမှန်း မသိ ဝယ်လိုက်ပြီး ကိုရှင်းကိုတိုင် ဆေးထည့်ပေးသည် ။

ကျွန်တော်ကတော့ ဘာမှ နားမလည်သည်မို့ ကိုရှင်းရဲ့ ပူပန်နေသည့် မျက်နှာလေးသာ တစ်ချိန်လုံး ထိုင်ကြည့်နေလိုက်သည် ။
ဒဏ်ရာတောင် ဘယ်ချိန်က ရေဆေးလိုက်သည် မသိ ။

"ပြီးပြီ အရမ်း နာနေလား "

လက်လေး နည်းနည်း ပွန်းပဲ့ရုံကို ခွဲစိတ်ထားရသည့် အတိုင်း စိုးရိမ်ပြနေတာ ဘာသဘောပါလိမ့် ။

"ကိုရှင်းရာ နည်းနည်းပါးပါး ပွန်းသွားရုံကို မနာပါဘူး "

"အင်း "

ပြုံးစိစိဖြင့် ပြောရင်း စိုက်ကြည့်နေသည့် ထောပတ်သီးကြောင့် လက်တွေပါ တုန်လာသည် ။

"ပြန်မယ် "

"ဟုတ်ကဲ့ ခင်မျ "

>>>>>>>>>>>>

"မှိုင်းညှို့သွင် ! သေနေပြီ ထင်တာ ဘယ်အချိန်ရှိနေပြီလဲ "

"လန့်လိုက်တာ ငရဲရာ ဖြည်းဖြည်း ပြောပါ "

အဆောင် ရောက်သည့်နှင့် အော်ခံလိုက်ရသဖြင့် ပျော်နေသည့် စိတ်လေးတောင် ကြက်ပျောက် ငှက်ပျောက် ။ တစ်နေ့တစ်ခြား အမေကြီးနှင့် တူလာသည့် ရဲရင့် ။

"မနက်ဖြန် assignment တင်ရမယ် လဒရဲ့ တခြားသူတွေ စာအကုန် ပေးပြီးပြီ မင်းပဲ ကျန်တာ ဘယ်အချိန် သွားပြီး print ထုတ်ရမလဲ ပြော ! "

"ရုတ်တရက်ကြီး ဘာ assignment လဲ ငရဲရာ "

"မက်ဆေ့ပို့ထားတယ်လေ "

ဖုန်းကို ဖွင့်ကြည့်လိုက်တော့မှ missed call ပေါင်းက မရေမတွက်နိုင် ။

"ဆောရီး မမြင်လိုက်လို့ "

နာရီ ကြည့်လိုက်တော့ ၇ နာရီ ။

"မနက်မှ စာရိုက်နေရင် မှီမှာ မဟုတ်ဘူး ဆိုင်က ၉ နာရီလောက်မှ ဖွင့်မှာ "

"ဘယ်ချိန်ပေးရမှာလဲ "

"၉ နာရီ အတန်းချိန်ရှိတယ် "

Penchant Where stories live. Discover now