20. Final

4.2K 143 17
                                    

Penchant
Ep _ 20

"အဲ့တာတုန်းက သွားတက်နဲ့ ကိုကိုက ကိုရှင်းလား "

"အင်း "

"အာ ကျွန်တော်တို့က ဟိုးအရင်ကတည်းက သိနေကြပြန်ပြီ "

"မမှတ်မိဘဲနဲ့များ "

"ကိုရှင်းနဲ့ တော်တော် ရေစက်ဆုံတာပဲ "

ကိုရှင်းက ရယ်ပြီး ခေါင်းရမ်းနေသည် ။ ခုလို ဆိုတော့လည်း တကယ်ကို အဲ့တုန်းက ကိုကို ရယ်ပြသည့် အပြုံးကြီးမှန်း သေချာသွားတော့သည် ။

"ကိုယ် မင်းလွယ်အိတ်က သော့ချိတ် မြင်ကတည်းက အကုန် မှတ်မိခဲ့တာ "

"ဒါများ ပြောတောင် မပြောဘူး "

"အဲ့တုန်းက မင်းက ကလေးလေး ဆိုတော့ မေ့သွားလောက်ပြီ ထင်လို့ "

"ကိုရှင်းမှ မသိတာ ကျွန်တော် သောက်ဖူးသမျှ ထောပတ်သီး ဖျော်ရည် တွေထဲမှာလေ အဲ့တုန်းက ကိုကို ဝယ်တိုက်တဲ့ ဖျော်ရည်က အကောင်းဆုံးပဲ "

"အဲ့တုန်းက ကိုကိုက ကိုယ်ပဲလေ "

"အဲ့တာကြောင့် ရေစက်ဆုံတယ် ပြောနေတာပေါ့ ကိုရှင်းရဲ့ "

"အိပ်တော့ စကားများ မနေနဲ့ "

"ဟုတ် "

>>>>>>>>>>>

"ဘာကိစ္စလဲ "

"မှိုင်း ကို လာခေါ်တာ "

"အိပ်နေတယ် "

"နှိုးပေးပါလား ကျောင်းသင်္ကြန် ရှိလို့ "

ထိုလူကြီး မျက်နှာထားကြီးက တည်တင်းနေသည် ။ နည်းနည်းလေးမှ မပြုံးသည့် အပြင် စိတ်တိုနေပုံရသည် ။

"မနေ့က မွေးနေ့ဆိုပြီး ခေါ်တာ မင်းလား "

"ဗျာ ဟုတ်တယ်လေ ဘာလို့လဲ "

"ကလေးတစ်ယောက်ကို အဲ့လောက်ထိ အများကြီး တိုက်စရာလား "

"ဗျာ "

ကလေး ? ကလေးတဲ့လား ? What the .... !!!!

နေပါဦး ဟိုအကောင်က သူ့ဘာသာ ယုတ်မာပြီး သောက်တာလေ ! ဘယ်သူက အတင်းတိုက်လို့လဲ ?

ငါ အခု မတရား စွပ်စွဲခံနေရသလိုပဲ ။

"ဒီမှာ ဦးလေး ! မှိုင်း က မိန်းမတောင် ယူလို့ရနေပြီဗျ ပြီးတော့ သူ့ဘာသာ သောက်တာ ဘယ်သူမှ အတင်း မတိုက်ဘူး "

Penchant Where stories live. Discover now