7.

1.2K 101 0
                                    

Penchant
Ep - 7

"ကိုယ်ချစ်ရသူနဲ့ ထာဝရ ဝေးတာထက် ကံဆိုးတာ ဘာရှိသေးလို့လဲ ? "

အယ်ရာ ပြောလိုက်သည့် စကားကြောင့် တစ်ညလုံး အိပ်မပျော် ။ အချစ် ဆိုသည့် စကားလုံး ၂ လုံးတည်းက လူတစ်ယောက်ကို အတော်လေး ဒုက္ခ ပေးနိုင်တာပါလား ။

ကိုရှင်းက ယောက်ျားလေး .... ကျွန်တော်ကလည်း ယောက်ျားလေး ။

ယောက်ျားလေး နှစ်ယောက်ကြားမှာ ချစ်ခြင်းတရားဆိုတာ ရှိနိုင်ပါ့မလား ?

"မှိုင်း မအိပ်သေးဘူးလား "

"ဟမ် အေး "

"ငါတောင် တစ်ရေးနိုးလာပြီ "

"ငါလည်း အိပ်တော့မယ် "

"ပြီးရော မနက် စောစောထရမှာနော် "

"အေးပါ "

ဘယ်အရာကိုမှ တွေးတောချင်စိတ် မရှိတော့ ။ စိတ်ရှုပ်စရာတွေ မေ့ပစ်ပြီး အိပ်ပျော်အောင် အိပ်လိုက်သည် ။

အိပ်မက်ထဲမှာ Penchant ကို ရောက်နေပြန်သည် ။

>>>>>>>>>>>>

ငရဲ တစ်ယောက် အတန်းထဲတွင် သုန်မှုန်နေသော မျက်နှာဖြင့် ထိုင်နေသည် ။

"ဟေ့ကောင် ငရဲ ဘာဖြစ်နေတာလဲ "

"စိတ်ရှုပ်လို့ "

"ဘာလဲ ကျူတို ဖြေရမှာမို့လို့လား "

"တော်စမ်းပါ မှိုင်းရာ စာကို ခေါင်းထဲကို မထည့်တာ "

ဒီလို စာကြိုးစားချင်စိတ် ရှိသည့် သူငယ်ချင်းမျိုးကို ပိုင်ဆိုင်ထားတော့ နည်းနည်းတောင် မာန်တက်ချင်လာပြီ ။

"ဒါနဲ့ ဒီနေ့ ဘယ်သွားမှာလဲ "

"မသွားတော့ဘူး "

"ဘာလို့လဲ မင်းပဲ ကောင်မလေးနဲ့ date မလို့ဆို "

"ပြတ်သွားပြီ "

မြန်လိုက်လေခြင်း ။ ရည်းစားဖြစ်တာကို မြန်လှပြီ ထင်နေတာ ပြတ်တာပါ မြန်နေတာကိုး ။

"ဘာလို့ ပြတ်သွားတာလဲ "

"တကယ် မချစ်လို့ပေါ့ဟာ မင်းကလည်း "

"ပြီးတာပဲ ဒါဆို ကျုတိုပြီးရင် ငါပြန်နှင့်မယ် "

ငရဲ မျက်နှာက မဲ့ရွဲ့သွားပြန်သည် ။

"ကန်တင်း မလိုက်တော့ဘူးပေါ့ "

"အေး သွားစရာရှိလို့ "

"ဟို အအေးဆိုင်လား ? ဘာလို့ အားတိုင်း အဲ့ဆိုင် သွားနေတာလဲ "

မဖြေပဲ ပြုံးစိစိလုပ်နေသော မှိုင်းရဲ့ ကျောပြင်ကို ဘုန်းကနဲ ရိုက်ချလိုက်သည် ။ ဒါတောင် ဒင်းက အပြုံးမပျက် ။

>>>>>>>>>>>>>>

ဆိုင်အပြင်ရှိ မှန်ပေါ်တွင် ကပ်ထားသော အဝါရောင် စာရွက်တစ်ရွက် ။

"အချိန်ပိုင်း ဝန်ထမ်း အလိုရှိသည် "

ဖတ်ကြည့်လိုက်ပြီး အနည်းငယ် အံ့သြသွားတာမို့ ဆိုင်ထဲကို ကြည့်လိုက်တော့ ထင်သည့် အတိုင်း စားပွဲထိုးလေး မရှိတော့ ။

"ကိုရှင်း ... "

အစ်ကို ကိုယ်တိုင် Apron ဝတ်ပြီး စားပွဲထိုး လုပ်နေလေသည် ။ မှာလိုက်သည့် အစားအသောက်တွေကို သူကိုယ်တိုင် ပြင်ဆင်နေပြီး ငွေရှင်းသည့် နေရာမှာလည်း သူတစ်ယောက်သာ ရှိလေသည် ။

ကျွန်တော် အထဲဝင်လိုက်ပြီး ကောင်တာသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည် ။ တစ်လှမ်း လှမ်းလိုက်တိုင်း ရင်ခုန်သံတွေ ပိုမြန်လာသည် ။ အစ်ကို့ အနား ရောက်လေလေ ပိုပြီး ရင်တုန်လေလေ ။

"ဘာမှာမလို့လဲ ခင်ဗျ "

အသံကအစ ဆွဲဆောင်မှုရှိနေသည်ကို ငြင်းမရ ။ ဒီလောက်ထိ အနီးကပ် မမြင်ဘူးခဲ့တော့ ကြောင်ပြီး ငေးကြည့်နေမိသည် ။

"ဘာမှာမလို့လဲ ကောင်လေး ? ထောပတ်သီး ဖျော်ရည်လား "

ဒီကောင်လေးကို သတိထားမိ နေခဲ့တာ ကြာပြီ ... ဆိုင်ကို လာအားပေးသည့် အမြဲတမ်း ဖောက်သည် ဖြစ်သည် ။ ပြီးတော့ သူက  စားပွဲထိုးလေးနှင့်လည်း တရင်းတနှီး ခင်မင်နေသည်လေ ။

"ဗျာ ! "

ကျွန်တော့်ကို မှတ်မိနေသည်လား ?

နည်းနည်းတော့ ကြိတ်ပြီး ကျေနပ် သွားသည် ။ သို့ပေမယ့် အင်းလေးမှာ တွေ့ခဲ့သည်ကိုတော့ မှတ်မိဟန်မရ ။ အင်းလေ ... အတော်လည်း ကြာနေပြီကိုး ။

"ဟို ... အအေး မှာမလို့ မဟုတ်ဘူး ခင်ဗျ "

"ဟင် ? "

"ကျွန်တော် အလုပ် လျှောက်ချင်လို့ပါ အစ်ကို "

>>>>>>>>>>>>>

နောက်ဆုံးတော့ တွေ့သွားကြပြီ 😁😁😁

Penchant Where stories live. Discover now